← Chapters

မိစ္ဆာဆေဘာ၏သခင်

Vol. 86 Ch. 1282

မိစ္ဆာဆေဘာ၏သခင်

Vol. 86 Ch. 1282

“အစ်ကိုယန်”

ဆူဇီမိုက တုန်လှုပ်သွားရ၏။ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးသည် အလွန်တရာ အဖိုးတန်ပြီး သူသည် အဲ့ဒါကို ရရှိဖို့အတွက် သေလုမတတ်ဖြစ်ခဲ့ရ၏။ ကြောက်စရာကောင်းသည့် တိုက်ဆိုင်မှုတစ်ခုကြောင့်သာမဟုတ်လျှင် သူသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ အလောင်းတစ်လောင်းဖြစ်နေခဲ့ပေလိမ့်မည်။

သို့သော်လည်း သူက ထိုဆေးလုံးကို ဒီတိုင်းပင် ချေမွဖျက်ဆီးပစ်လိုက်၏။

“အစ်ကိုယန်... ဘာလို့လဲဗျာ အာ့...”

ဆူဇီမိုက သက်ပြင်းချလိုက်၏။

တကယ်တော့... ယန်ပေးချန်၏ လက်ရှိအခြေအနေအရ ထိုကဲ့သို့သော တစ်စုံတစ်ရာပြုလုပ်လာသည်ကို သူကနားလည်လက်ခံ၍ရလေသည်။

ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးသည် ဖျက်ဆီးခံလိုက်ရရင်တောင် သူသည် အဲ့ဒါကို ရှာဖွေဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကို စဥ်းစားနိုင်လေသည်။ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသည် ကျယ်ပြောပြီး မရေမတွက်နိုင်သော ရှေးဟောင်းအပျက်အစီးနယ်မြေများနှင့်အတူ အကန့်အသတ်မဲ့လှ၏။ သူသည် နောက်ထပ်ဆေးလုံးတစ်လုံးကို သေချာပေါက်ရှာနိုင်ပေလိမ့်မည်။

“ဖျန်ရန်က သေသွားခဲ့ပြီ... ဒီဆေးလုံးက ငါ့အတွက် ဘာအဓိပ္ပါယ်ရှိတော့မှာလဲ”

ယန်ပေးချန်သည် ချင်ဖျန်ရန်၏မျက်နှာကို ငေးငိုင်စွာဖြင့်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၏။

ထိုစကားကိုကြားသောအခါ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။

ယန်ပေးချန်သည် ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ဖျက်ဆီးလိုက်ရခြင်းမှာ သူက သေဖို့အတွက် ဆုံးဖြတ်ထားခဲ့ပြီဖြစ်သောကြောင့်ပင်။

“အစ်ကိုယန်... ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ ခင်ဗျားက ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်... တာအိုရောင်းရင်းချင်က သေသွားခဲ့ပြီဆိုရင်​တောင် သူမက ခင်ဗျားကို အခုလိုပုံစံ ဖြစ်စေချင်မှာမဟုတ်ဘူး”

ဆူဇီမိုသည် စိုးရိမ်ပူပန်စွာဖြင့် ညင်သာစွာနှစ်သိမ့်ပေးလိုက်၏။

“ဟုတ်တာပေါ့...”

ယန်ပေးချန်က ပြောလိုက်၏။

“ဖျန်ရန်က သူမထွက်မသွားခင် ငါ့ကို အဆင်ပြေပြေ နေစေချင်ခဲ့တာပဲ... ဒါပေမယ့် ငါ..ငါ.. ဘယ်လိုလုပ် နေနိုင်ပါ့မလဲ... ဖျန်ရန်မရှိဘဲ ငါတစ်ယောက်တည်း ဘယ်လိုလုပ်ရှင်သန်နိုင်ပါ့မလဲ”

ရုတ်တရက် သူ၏အမူအရာက အလွန်တရာနာကျင်လာပြီး သူ၏လက်သီးနှစ်ဖက်ဖြင့် မြေပြင်ကို တဘုန်းဘုန်းထုရိုက်ကာ ရွှံ့ခဲများကို ဖွာလန်ကျဲသွားစေ၏။

“အဲ့ဒါကို ငါမုန်းတယ်”

“အဲ့ဒါကို... ငါအရမ်း.. မုန်းတယ်”

ယန်ပေးချန်သည် သူ၏ ခေါင်းကိုမော့၍ နာကျင်စွာအော်ဟစ်လိုက်၏။ သူ၏မျက်လုံးများက သွေးနီရောင်သန်းလာပြီး သူက ချောက်ချားစရာကောင်းသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။

ရုတ်တရက် ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲကနေ အလွန်တရာအားနည်းကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။ ၎င်းသည် ရင်းနှီးဖူးသော စွမ်းအားဖြစ်ပြီး ဆူဇီမိုကို ရင်တလှပ်လှပ်ဖြစ်သွားစေ၏။

ထို့နောက်ချက်ချင်းပင် ဆူဇီမို၏ ခြေထောက်အောက်ရှိမြေပြင်က တုန်ခါလာခဲ့၏။

အလွန်တရာကြောက်စရာကောင်းသော တစ်စုံတစ်ရာသည် နိုးထလာပြီး မြေပြင်အောက်ကနေ တိုးထွက်ချင်လာသည့်အလားပင်။

“ဟမ်...”

ဆူဇီမို၏ အမူအရာကပြောင်းလဲသွား၏။

ရုတ်တရက် သူသည် ရှေးဟောင်းမိစ္ဆာပစ္စည်းတစ်ခုကို တွေးမိသွား၏။

ဘုန်း...

ထိုစဥ်မှာပင် မလှမ်းမကမ်းရှိ မြေပြင်က ရုတ်တရက်အက်ကွဲသွားပြီး အနက်ရောင်အရိပ်တစ်ခုက မြေကြီးထဲကနေ တိုးထွက်လာ၏။ ၎င်းသည် လောကကို ဝါးမျိုပစ်ချင်သည့်အလား တရုန်းရုန်းထကြွနေသော မိစ္ဆာချီများကို ဖြာထုတ်ပေးနေ၏။

​ဆူဇီမိုသည် အာရုံစိုက်၍ ကြည့်လိုက်၏။

အမုန်းမိစ္တာဆေဘာ...

ထိုရှေးဟောင်းမိစ္ဆာဆေဘာသည် ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအဆင့်ထိ သူတွေ့မြင်ဖူးသမျှထဲ ကြောက်စရာအကောင်းဆုံးလက်နက်ဖြစ်လေသည်။

ဤရှေးဟောင်းမိစ္တာဆေဘာသည် ဤကဲ့သို့သော အသိစိတ်တစ်ခုကိုပိုင်ဆိုင်ထားပြီး ယန်ပေးချန်၏ ခန္ဓာကိုယ်တွင်းရှိ သိပ်သည်းပြင်းထန်သော အမုန်းတရားများကို ခံစားမိနိုင်သည်ဆိုတော့...။

ချွင်...ချွင်

အမုန်းမိစ္ဆာဆေဘာ၏ဓားသွားသည် အဆက်မပြတ် တုန်ခါနေ၏။

ဆူဇီမိုသည် ထိုရှေး​ဟောင်းမိစ္ဆာဆေဘာထံမှ ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုတို့ ထွက်ပေါ်လာသည်ကို ခံစားမိနိုင်၏။

ဝှစ်...

အမုန်းမိစ္ဆာဆေဘာသည် အေးစက်စက်အလင်းဖြင့်တောက်ပနေသော အနက်ရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ ၎င်းသည် သိပ်သည်းပြင်းထန်သော မိစ္ဆာချီကိုသယ်ဆောင်ထားပြီး ယန်ပေးချန်ဆီသို့ထိုးစိုက်လာ၏။

“သတိထား...”

ဆူဇီမိုသည် ဟိန်းဟောက်၍ ရုတ်တရက် တိုက်ခိုက်လိုက်၏။ သူသည် ဖန်တီးခြင်းကြာခုံဆင့်ခေါ်ထုတ်ပြီး အမုန်းမိစ္ဆာဆေဘာကို ပစ်ရိုက်လိုက်၏။

ဘုန်း...

အစိမ်းရောင်အလင်းနှင့် နက်မှောင်နေသော မိစ္ဆာအလင်းက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

ထိုလက်နက်နှစ်ခု ထိတွေ့ရိုက်ခတ်ခြင်းကနေ စွမ်းအားရောင်ခြည်စက်ဝန်းများက ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ ရူးသွပ်စွာဖြန့်ကြက်သွား၏။

ထိုစွမ်းအားနှင့် ထိခတ်မိချိန်တွင် ဆူဇီမိုသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ နောက်သို့လွင့်စင်ကာ ဖန်တီးခြင်းကြာခုံက သူ့ဘေးသို့လွင့်စင်ကျသွား၏။

ဆူဇီမိုက တုန်လှုပ်သွားရ၏။

တာအိုအရှင်အမုန်း အသုံးပြုခဲ့စဥ်ကပင် ဤရှေးဟောင်းမိစ္ဆာဆေဘာသည် ဤမျှအထိ ကြောက်စရာကောင်းသောစွမ်းအားကို မပိုင်ဆိုင်ခဲ့ပေ။

ပေအတော်အတန်လွင့်စင်သွား​ပြီးနောက် ဆူဇီမိုသည် သူ့ခန္ဓာကိုယ်မှ နာကျင်မှုကိုလျစ်လျူရှုကာ အလောတကြီးလူးလဲထလိုက်၏။ သူက ယန်ပေးချန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ချက်ချင်းပင် သူ၏ အမူအရာက ပြောင်းလဲသွားရ၏။

အမုန်းမိစ္ဆာဆေဘာသည် ယန်ပေးချန်၏ရင်ဘတ်ကိုထိုးစိုက်၍ ချက်ချင်းပင် ဝင်ရောက်သွားပြီဖြစ်၏။

“ဖောက်....”

၎င်းသည် ယန်ပေးချန်းရင်ဘတ်ကို ထိုးဖောက်ပြီး သူ၏နောက်ကျောကနေ သွေးသံရဲရဲဓားသွားက ပြူထွက်လာ၏။

“အစ်ကိုယန်...”

ဆူဇီမိုသည် အော်ဟစ်၍ ရှေ့သို့တက်လှမ်းချင်လေသည်။

သူသည် အင်မော်တယ်ဓား ၊ တိမ်လွှာမိုးစက်တို့နှင့် တိုက်ခိုက်ပြီးနောက် သူ၏အမြုတေစိတ်ဝိညာဥ်စွမ်းအားက ကုန်ခန်းလုနီးပါးဖြစ်နေခဲ့၏။ သို့သော်လည်း သူ့အသက်ကို စွန့်စားရမည်ဆိုလျှင်တောင်သူက ယန်ပေးချန်ကို တစ်စုံတစ်ရာအဖြစ်မခံနိုင်ပေ။

“မလာခဲ့နဲ့”

ထိုစဥ်မှာပင် ယန်ပေးချန်ကာအော်ပြောလိုက်၏။

ဆူဇီမိုသည် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။

ယန်ပေးချန်သည် နာကျင်နေသော အမူအရာတစ်ခုရှိပြီး သူ၏သွင်ပြင်က ရှုံ့တွနေ၏။ သူ၏ခန္ဓာကိုယ်က နာကျင်မှုဖြင့် တဆတ်ဆတ်တုန်ယင်နေသော်လည်း သူက အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။

“နောက်တစ်ခေါက်လောက်.... အဲ့ဒီနာကျင်မှုက မလုံလောက်သေးဘူး”

“ဖောက်....”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အမုန်းမိစ္ဆာဆေဘာသည် သူ့ကိုယ်သူဆွဲနုတ်ပြီး ယန်ပေးချန်၏ရင်ဘတ်ကို နောက်တစ်ဖန်ထိုးစိုက်လိုက်၏။

“ကောင်းလိုက်တာကွာ... နောက်တစ်ခေါက်လောက်”

ယန်ပေးချန်က ဟိန်းဟောက်ပြောဆိုလိုက်၏။

“ဖောက်...”

နောက်ထပ်ထိုးချက်တစ်ချက်...

ထိုထိုးချက်သည် ယန်ပေးချန်၏ ဝမ်းဗိုက်ကို စုတ်ပြဲသွားစေ၏။

“ကောင်းတယ်ကွာ... ကောင်းလိုက်တာ ကောင်းတယ်ဟေ့”

ယန်ပေးချန်သည် ရူးသွပ်သွားသည့်အလား ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

“နောက်တစ်ခေါက်လောက် လုပ်စမ်းပါဦး”

အမုန်းမိစ္တာဆေဘာတစ်ချက်ထိုးစိုက်လိုက်တိုင်း ယန်ပေးချန်၏ ခန္ဓာကိုယ်သည် နာကျင်မှုဖြင့် တုန်ခါသွား၏။ သို့သော်လည်း သူ၏မျက်လုံးများက တစ်စုံတစ်ရာကို ဖွင့်ထုတ်လိုက်ရသည့်အလား စိတ်သက်သာရာရလာခဲ့၏။

ဆူဇီမိုသည် အရာရာတိုင်းကို ငေးငိုင်စွာဖြင့် စောင့်ကြည့်နေမိ၏။

ယန်ပေးချန်သည် သူ့ကိုဘာ့ကြောင့် ရှေ့မတက်လာခိုင်းသလဲ နောက်ဆုံးမှာ သူနားလည်သွား၏။

အကြောင်းမှာ ယန်ပေးချန်သည် သူ့ကိုယ်သူညှင်းပန်းနှိပ်စက်ဖို့အတွက် ဤနည်းလမ်းကို အသုံးပြုနေခြင်းဖြစ်လေသည်။

အဲဒါသည် သူ့နှလုံးသားထဲရှိ နာကျင်မှုကို ဖြေရှင်းဖို့အတွက်ဖြစ်လေသည်။

ထိုနည်းလမ်းကသာလျှင် သူ့နှလုံးသားထဲရှိ နာကျင်မှုကို ဖြေဖျောက်ပေးနိုင်ပေလိမ့်မည်။

ဖောက်... ဖောက်... ဖောက်

တစ်ခဏအတွင်းမှာပင် ယန်ပေးချန်သည် အချက်ပေါင်းများစွာ ထိုးစိုက်ခံလိုက်ရပြီဖြစ်၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲဒဏ်ရာများက တုန်လှုပ်စရာကောင်းစွာဖြင့် ပေါ်ထွက်လာပြီး သူ၏ ရင်ဘတ်က အမုန်းမိစ္တာဆေဘာဖြင့် ယိုယွင်းပျက်စီးလုနီးပါးဖြစ်လာ၏။

ဆူဇီမိုသည် အဲ့ဒါကိုတားဆီးဖို့အတွက် ရှေ့သို့ဆက်မတက်သည်မှာ နောက်ထပ် အကြောင်းအရင်းတစ်ခုရှိ၏။

အကြောင်းမှာ အချက်ပေါင်းများစွာ ထိုးစိုက်ခံရပြီးနောက် ယန်ပေးချန်၏ နှလုံးသည် ကြေမွပျက်စီးသွားပြီး သူက သွေးချီအမြောက်အမြားကို ဆုံးရှုံးထားရပြီဖြစ်သော်လည်း ဆူဇီမိုသည် တုန်လှုပ်စရာကောင်းစွာဖြင့် တွေ့ရှိလိုက်ရသည်မှာ....။

သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားသည် လျော့ကျသွားရမည့်အစား ပိုမို၍ သိပ်သည်းစုဖွဲ့လာခဲ့၏။

သူ၏ သွေးချီစွမ်းအားက လျင်မြန်စွာ မြင့်တက်လာနေ၏။

အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက တဖြည်းဖြည်းချင်းနိုးထလာပြီး မွေးဖွားပေါ်ထွက်လာကာ ယန်ပေးချန်၏ ခန္ဓာကိုယ်တွင်းမှာ ကြီးထွားလာ၏။

ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲရှိ နက်မှောင်နေသော မိစ္ဆာချီများသည် သူ၏ ခန္ဓာကိုယ်ကို ဆင့်ကဲ ပြောင်းလဲစေရင်း ပို၍ကြွယ်ဝလာကာ ပို၍ကြောက်စရာကောင်းလာ၏။

ယန်ပေးချန်၏ မျက်လုံးထဲရှိ သွေးပြန်ကြောများသည် အနက်ရောင်သို့ ပြောင်းသွားခဲ့လေပြီ။

သူ၏ မျက်လုံးများသည် ဧရာမအနက်ရောင်တွင်းပေါက်နှစ်ခုကဲ့သို့ နက်မှောင်လာပြီး ၎င်းတွင်းရှိ အမုန်းတရားများက အရာရာတိုင်းကို ဝါးမျိုနိုင်သည်ဟု ထင်ရ၏။

ဆူဇီမိုသည် ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာခဲ့၏။

ယန်ပေးချန်၏ ဒဏ်ရာများသည် တရုန်းရုန်းထကြွနေသော မိစ္ဆာချီ၏ လွှမ်းခြုံမှုအောက်တွင် မျက်စိဖြင့်မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေသည်ကို သူက ရှင်းလင်းစွာ မြင်နေရ၏။

နောက်ဆုံးမှာတော့ အမုန်းမိစ္တာဆေဘာက ရပ်တန့်သွား၏။ ၎င်းသည် ယန်ပေးချန်၏ ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေ၏။

မိစ္ဆာဆေဘာ၏ ကိုယ်ထည်သည် ယန်ပေးချန်၏ သွေးများစွာဖြင့် စွန်းထင်းနေခဲ့၏။ ထိုအခိုက်အတန့်တွင် ဖြာထွက်နေသော ၎င်း၏အော်ရာက ယန်ပေးချန်နှင့်အတူ ပေါင်းစည်းသွားခဲ့လေပြီ။

အမုန်းမိစ္ဆာဆေဘာသည် သွေးကနေတစ်ဆင့် သူ၏သခင်ကို အသိအမှတ်ပြုပေးပြီးသွားခဲ့လေပြီ။

ယန်ပေးချန်၏ အသိစိတ်သည် သူ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားသည်ဟုထင်ရ၏။

သူသည် အမုန်းမိစ္ဆာဆေဘာ၏ လက်ကိုင်ကို သူ၏လက်နှစ်ဖြင့်ဆုပ်ကိုင်လိုက်၏။ ဆေဘာထံမှ တရုန်းရုန်းထကြွနေသော မိစ္ဆာချီများက ဖြန့်ကြက်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်သွား၏။

မိစ္ဆာချီသည် လေထဲတွင် နက်မှောင်၍ မကောင်းဆိုးဝါးဆန်ကာ အေးစက်နေသော စာလုံးများကို ဖြစ်ပေါ်လာစေ၏။

ထိုစာလုံးတစ်လုံးချင်းစီသည် သိပ်သည်းပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။

အမုန်းတရားသည် အကန့်အသတ်မဲ့ပြီး ကောင်းကင်နှင့်မြေကြီးထိတိုင်အောင် ဖြန့်ကြက်သွား၏။

ထိုစာလုံးများသည် နောက်ဆုံးမှာတော့ ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်သွားလေသည်။

ထိုသည်ကိုကြည့်ရင်း ဆူဇီမိုသည် နောက်ဆုံးမှာတစ်စုံတစ်ရာကို နားလည်သွား၏။

သူသည် ထိုစဥ်တုန်းက တာအိုအရှင်အမုန်း၏ သိုလှောင်အိတ်ထဲမှာ ဘာ့ကြောင့် အမုန်းသုတ္တန်ကို ရှာမတွေ့နိုင်ခဲ့သလဲ သိရှိသွား၏။

အကြောင်းမှာ အမုန်းသုတ္တန်ကို တာအိုအရှင်အမုန်းက ဖျက်ဆီးခဲ့သောကြောင့်မဟုတ်ဘဲ ၎င်းသည် အမုန်းမိစ္ဆာဆေဘာထဲမှာ ရှိနေခဲ့သောကြောင့်ပင်။

လူတစ်ယောက်သည် အမုန်းမိစ္တာဆေဘာ၏ အသိအမှတ်ပြုမှုကို ရရှိပြီးမှသာလျှင် ရှေးဟောင်းခေတ်က နံပါတ်တစ် ဤမိစ္ဆာသုတ္တန်ကို ကျင့်ကြံဖို့အဆင့်မီပေလိမ့်မည်။

All Chapters