← Chapters

အဆူရာမွေးဖွားပေါ်ထွက်လာခြင်း

Vol. 86 Ch. 1283

အဆူရာမွေးဖွားပေါ်ထွက်လာခြင်း

Vol. 86 Ch. 1283

အမုန်းမိစ္ဆာဆေဘာသည် ရှေး​ဟောင်းမိစ္ဆာဧကရာဇ်အမုန်း၏ လက်နက်ဖြစ်ခဲ့၏။

ရှေးဟောင်းမိစ္ဆာဆေဘာတွင် တာအိုအရှင်အမုန်းပင်လျှင် မဖော်ထုတ်နိုင်ခဲ့သော အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုရှိနေ၏။

သို့သော် ယခုအခါထိုစွမ်းအားက နောက်ဆုံးမှာ သူ့ဘာသာသူ ကိုယ်ထင်ပြလာခဲ့လေပြီ။ ထိုစွမ်းအားသည် ယန်ပေးချန်၏ သွေးချီနှင့်ခန္ဓာကိုယ်ကို ပြောင်းလဲမှုများ ဆောင်ကြဥ်းပေးလာရုံသာမက.. အတောမသတ်သော မိစ္ဆာချီသည် ယန်ပေးချန်၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ပတ်လည်မှာ ရစ်ခွေလိုက်ကြ၏။

သူ့အမြုတေစိတ်ဝိညာဥ်ပေါ်ရှိဒဏ်ရာများက လျင်မြန်စွာဖြင့် သက်သာပျောက်ကင်းလာနေ၏။ ဆူဇီမိုသည် ယန်ပေးချန်၏ ပြောင်းလဲမှုများကို ခံစားမိသောအခါ စိတ်ခံစားချက်များ ရောထွေးလာ၏။

အမုန်းမိစ္တာဆေဘာက ယန်ပေးချန်ကို ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် သူက ကျေနပ်နှစ်ခြိုက်ရ၏။ အနည်းဆုံးတော့ ထိုသူ၏ အသက်က အန္တရာယ်မရှိတော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဒဏ်ရာများကိုလည်း ဖြေရှင်းနိုင်သွားပေလိမ့်မည်။

သူ စိုးရိမ်ပူပန်သည်မှာ မိစ္ဆာဧကရာဇ်အမုန်း၏ အမွေအနှစ်ကိုဆက်ခံရရှိပြီးနောက် ယန်ပေးချန်က ဘာဆက်ဖြစ်လာမလဲ မည်သူကမှမသိရှိသောကြောင့်ဖြစ်၏။

နှစ်နာရီခန့်ကြာသွားခဲ့၏။

ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဥ်က သက်သာပျောက်ကင်းသွားခဲ့လေပြီ။ ထိုအမြန်နှုန်းသည် ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးထက်ပင် ပို၍မြန်ဆန်လေသည်။

အမုန်းမိစ္ဆာဆေဘာတွင် ပါဝင်သော စွမ်းအားသည် ရှေးဟောင်းမိစ္ဆာဧကရာဇ်ထံမှ လာခြင်းဖြစ်၏။

သူ၏ အမြုတေစိတ်ဝိညာဥ် သက်သာပျောက်ကင်းသွားခြင်းနှင့်အတူ ယန်ပေးချန်၏ အော်ရာက သိပ်သည်းပြင်းထန်သော ထိုစွမ်းအား၏ ထောက်ပံ့မှုအောက်မှာ လျင်မြန်စွာမြင့်တက်လာ၏။

တစ်နာရီမကြာခင်မှာပင် ဘုန်းခနဲမြည်သံတစ်သံက ပေါ်ထွက်လာခဲ့၏။ ယန်ပေးချန်သည် ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ကျင့်ကြံမှုအဆင့်က နောက်ထပ်တစ်ဆင့်သို့ မြင့်တက်သွား၏။ သူသည် လွန်ခဲသည့်နှစ်၂၀က ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိခဲ့၏။ သူ၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်းဓမ္မဝိသေသအဆင့်မှာသာ အမြဲတမ်းရှိနေခဲ့၏။

တစ်နာရီမကြာခင်မှာပင် သူသည် အလယ်အလတ်ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိသွးခဲ့လေပြီ။

သို့သော်လည်း ထိုအဆင့်ချိုးဖျက်မှုက ပြီးဆုံးမသွားသေးပေ။

နှစ်နာရီကြာပြီးနောက်....

ယန်ပေးချန်သည် နောက်တစ်ဖန်အဆင့်ချိုးဖျက်တက်လှမ်းသွား၏။

နောက်ပိုင်းအဆင့် ဓမ္မဝိသေသ....

တာအိုအရှင်အမုန်းသည် ဤရှေးဟောင်းမိစ္တာဆေဘာကို ရရှိခဲ့စဥ်က သူသည် အမုန်းသုတ္တန်ကို အမွေရရှိခဲ့ခြင်းမျှသာဖြစ်ပြီး ဤမိစ္ဆာဆေဘာ၏ စွမ်းအားကို အမွေရရှိခဲ့ခြင်းမရှိပေ။

အကြောင်းမှာ တာအိုအရှင်အမုန်းသည် အမုန်းမိစ္တာဆေဘာ၏ အသိအမှတ်ပြုခြင်းကို အမှန်တကယ်မရရှိခဲ့သောကြောင့်ဖြစ်၏။

သို့သော်လည်း ယန်ပေးချန်ကတော့ ခြားနားလေသည်။

ယန်ပေးချန်သည် အမုန်းမိစ္တာဆေဘာကို ပြီးပြည့်စုံစွာ အမွေဆက်ခံရရှိသွားလေပြီ။

အမုန်းမိစ္ဆာဆေဘာသည် သူ့ကို ၎င်း၏သခင်အဖြစ် စိတ်လိုလက်ရ သဘောတူလက်ခံဖို့အတွက် သူ့ဘာသာသူ ပေါ်ထွက်လာခဲ့၏။

ညဘက်သို့ရောက်ရှိသောအခါ....

ယန်ပေးချန်သည် နောက်တစ်ခါအဆင့်ချိုးဖျက်တက်လှမ်းသွား၏။

ပကတိဓမ္မဝိသေသအဆင့်...

အစောပိုင်းဓမ္မဝိသေသအဆင့်ကနေ ပကတိဓမ္မဝိသေသအဆင့်ထိ အဲ့ဒါသည် တစ်ရက်သာလျှင် ကြာမြင့်ခဲ့၏။

အဲ့ဒါသည် သမိုင်းတစ်လျှောက်မှာပင် မည်သူမှမရရှိခဲ့သော အမြန်နှုန်းဖြစ်၏။

ထိုကဲ့သို့သော အခွင့်အလမ်းတစ်ခုက မကြုံစဖူးတကယ့်ကို အံ့မခန်းဖြစ်၏။

သို့သော်လည်း ဆူဇီမိုသည် စိတ်ထဲကနေ ညင်သာစွာသက်ပြင်းချလိုက်၏။ သူ၏ မျက်လုံးထဲတွင် အားကျမှုအရိပ်အယောင် လုံးဝမရှိပေ။ ထိုအစား နက်ရှိုင်းသော သနားသည့် အကြည့်တစ်ခုသာလျှင်ရှိ၏။

အခြားသူများအတွက်တော့ ထိုကဲ့သို့သော အခွင့်အလမ်းတစ်ခုသည် သူတို့အိမ်မက်မက်ရုံသာတတ်နိုင်သော တစ်စုံတစ်ရာဖြစ်၏။

သို့သော်လည်း ယန်ပေးချန်သာ ကြိုတင်ရွေးချယ်မှု ပြုလုပ်ရမည်ဆိုလျှင် သူသည် ဤကဲ့သို့သော အခွင့်အလမ်းတစ်ခုကို ရရှိဖို့ထက် သူ၏ အမြုတေစိတ်ဝိညာဥ်က ဘယ်တော့မှပြန်ကောင်းမလာဖို့ကိုသာ ရွေးချယ်ပေလိမ့်မည်။

အကြောင်းမှာ အမုန်းမိစ္တာဆေဘာက သူ့ကို ၎င်း၏သခင်အဖြစ် အသိအမှတ်ပြုဖို့အတွက် သူ၏ သိပ်သည်းပြင်းထန်သော အမုန်းတရားများ ထွက်ပေါ်လာခဲ့သည်မှာ သူ၏ဇနီး သေဆုံးမှုကြောင့်ဖြစ်လေသည်။

ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဒဏ်ရာများက လုံးဝပျောက်ကင်းသွားခဲ့လေပြီ ။

သို့သော်လည်း... သူ့နှလုံးသားထဲရှိ ဒဏ်ရာများကတော့ ဘယ်တော့မှ ပျောက်ကင်းတော့မည် မဟုတ်ပေ။

ပကတိဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီးနောက် ယန်ပေးချန်၏ အော်ရာက တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

နောက်ဆုံးမှာတော့ အဆင့်ကြီးတစ်ဆင့်ချင်းစီတိုင်းမှာ အလွန်တရာ သိသာခြားနားသော အဟန့်အတားတစ်ခုစီ ရှိနေ၏။

အမုန်းမိစ္တာဆေဘာသည် တစ်ရက်တည်းဖြင့် ယန်ပေးချန်ကို ပကတိဓမ္မဝိသေသအဆင့်သို့ ချိုးဖျက်တက်လှမ်းစေခြင်းဖြင့် ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားခဲ့လေပြီ။

တစ်ခဏအတွင်းမှာပင် တစ်ညတာက ကုန်ဆုံးသွားခဲ့၏။

ယန်ပေးချန်သည် အမုန်းမိစ္တာဆေဘာကို သူ၏လက်နှစ်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူ၏ မျက်လုံးများသည် မည်သည့်အဖြူရောင်မျှမရှိဘဲ ပိန်းပိတ်အောင်နက်မှောင်နေပြီး သူ၏ မီးခိုးရောင်ဆံပင်များက ညင်သာစွာ ယိမ်းနွဲ့နေ၏။

တစ်နေ့လုံးတစ်ညလုံး ကြာသည်အထိ ဆူဇီမိုသည် ခြေတစ်လှမ်းမှမခွာဘဲ ဘေးကနေသာ မတ်တတ်ရပ်နေ၏။

တကယ်ဆို... သူသည် ကျင့်ကြံခြင်းနှင့် သူ့ကိုယ်သူအားဖြည့်ခြင်းပင် မပြုလုပ်ခဲ့ပေ။ သူသည် ဆေးလုံးအချို့ကိုသာ ဒီတိုင်းစားသုံးပြီး ယန်ပေးချန် တစ်ခုခုဖြစ်မှာကို စိုးရိမ်နေသည့်အတွက် ဘေးကနေ စောင့်ကြည့်နေခဲ့၏။

နေကမြင့်တက်လာ၏။

နွေးထွေးသောအလင်းရောင်က ယန်ပေးချန်၏မျက်နှာပေါ်သို့ ကျရောက်လာခဲ့၏။

ရုတ်တရက်ဆိုသလို ယန်ပေးချန်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မိစ္ဆာမျက်လုံးများထဲရှိ အနက်ရောင်က တဖြည်းဖြည်း ဖျော့တော့သွားကာ သူ၏ မျက်တွင်းအိမ်ထဲတွင် အဖြူရောင်များ ပြန်ပေါ်လာရင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာ၏။

“အစ်ကိုယန်”

ဆူဇီမိုက ညင်သာစွာခေါ်ကြည့်လိုက်၏။

“ငါ... အဆင်ပြေပါတယ်”

ယန်ပေးချန်က တည်ငြိမ်သောအမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်၏။

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

အစကတော့... ယန်ပေးချန်သည် အမုန်းမိစ္တာဆေဘာ၏ အမွေအနှစ်ကို လက်ခံရရှိပြီးနောက် ခန္ဓာကိုယ်ပူးကပ်သိမ်းပိုက်ခံရခြင်းနှင့် ဆင်တူသော ပကတိခြားနားသော လူတစ်ယောက်ဖြစ်လာမှာကို သူက စိုးရိမ်ပူပန်နေခဲ့၏။

သို့သော်... ယခုအခါ ယန်ပေးချန်သည် သူ့ကိုမှတ်မိနေဆဲ ဖြစ်ပုံရ၏။

ယန်ပေးချန်သည် အရင်ကနှင့် အတော်လေး သိသာစွာခြားနားသွားသည်ကို ဆူဇီမိုက ဝိုးတဝါးခံစားမိနိုင်၏။

အနည်းဆုံးတော့ သူသည် မနေ့တုန်းကလို သေဖို့အတွက် စိတ်ပိုင်းဖြတ်ထားခြင်းမျိုး မရှိတော့ပေ။

“အမုန်းပြောတာမှန်တယ်”

ရုတ်တရက်ယန်ပေးချန်က ပြောလိုက်၏။

“ငါ့အနေနဲ့... ဖျန်ရန်နဲ့အတူ တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို ရရှိဖို့ကမဖြစ်နိုင်ဘူး... ငါက အဆူရာပဲ ငါ့လက်က အကန့်အသတ်မဲ့တဲ့ သွေးတွေနဲ့ စွန်းထင်းခဲ့​ပြီးပြီ... ငါက ကျင့်ကြံရေးလောကကနေ ဘယ်လိုမှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။

တာအိုအရှင်အမုန်း၏ နောက်ဆုံးစကားလုံးများသည် ရှေ့ဖြစ်ဟောကိန်းတစ်ခုကဲ့သို့ ဖြစ်လာလေသည်။

(“ငါ... အမုန်း ဒီနေ့မင်းကိုရှာနိုင်မယ်ဆိုရင် အခြားတစ်ယောက်ယောက်ကလည်း မနက်ဖြန်မှာ မင်းကို လာရှာမှာပဲ... မင်းက ကျင့်ကြံရေးလောကကနေ ထွက်ခွာပြီး တည်ငြိမ်အေးချမ်းတဲ့ဘဝမှာနေချင်တယ်ဆိုရင်တော့ အိပ်မက်သာ မက်နေလိုက်”)

ထိုစကားများက အမှန်တကယ် ဖြစ်လာခဲ့၏။

အင်မော်တယ်ဓားက အမှန်တကယ်ပင် ရောက်ရှိလာခဲ့လေသည်။

“ငါက... တော်တော်နုံအခဲ့တာပဲ”

ယန်ပေးချန်၏ အမူအရာက သူ့ကိုယ်သူလှောင်ပြောင်သရော်လိုသည့်ပုံဖြင့် ရယ်မောလိုက်၏။

“ငါက... လောကီရေးရာတွေကနေ ထွက်ခွာပြီး ပဋိပက္ခတွေနဲ့ သတ်ဖြတ်ခြင်းတွေကို ရှောင်လွှဲနိုင်မယ်လို့ တကယ်ပဲထင်နေခဲ့တာ”

“ဖျန်ရန်​သေသွားခဲ့ရတာ ငါ့ရဲ့အမှားပဲ”

“ငါက... သတ်ဖြတ်ခြင်းနဲ့ ငါ့ရဲ့တာအိုကို ရရှိထားတဲ့ အဆူရာပဲ.. ငါက အဲ့ဒီလမ်းကို ရွေးချယ်ပြီးပြီဆိုမှတော့ နောက်ပြန်လှည့်စရာအကြောင်းမရှိတော့ဘူး... ဖျန်ရန်ကို သတ်ခဲ့တဲ့သူက ငါပဲ”

“ငါက သူမနဲ့အတူ အချစ်နွံထဲမှာ မကျဆင်းခဲ့သင့်ဘူး”

ယန်ပေးချန်သည် ထိုစကားများကို တည်ငြိမ်စွာပြောနေ၏။ သို့သော်လည်း ထိုစကားလုံးတစ်လုံးချင်းစီသည် ထက်ရှသော ဆူးတစ်ချောင်းကဲ့သို့ ယန်ပေးချန်၏ ရင်ဘတ်ကို ထပ်တလဲလဲ တူးဆွနေကြောင်း ဆူဇီမိုက သိထား၏။

ယန်ပေးချန်သည် ချင်ဖျန်ရန်၏ အေးစက်နေသောအလောင်းပို ပွေ့ပိုက်ပြီး ဖြည်းဖြည်းချင်းထရပ်လိုက်၏။

သူသည် အမုန်းမိစ္တာဆေဘာ ပေါ်ထွက်လာရာနေရာရှိ အက်ကွဲကြောင်းဆီသို့ ရောက်ရှိလာခဲ့၏။

“ဖျန်ရန်... ဘာမှမပူနဲ့ ဒီတစ်ခေါက် မင်းကို နာကျင်စေခဲ့တဲ့သူတွေထဲ ဘယ်တစ်ယောက်ကိုမှ ငါခွင့်လွှတ်မပေးနိုင်ဘူး... ငါသူတို့ကို ဆယ်ဆ ၊ အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်”

“ငါ... အဲ့ဒီဓားဂိုဏ်းကို သွေးမြစ်စီးစေမယ်”

ယန်ပေးချန်၏လေသံသည် အေးစက်၍မကောင်းဆိုးဝါးဆန်သော အဆုံးမဲ့သတ်ဖြတ်လိုစိတ်နှင့် ပြည့်နှက်နေ​ပြီး ကြားရသူတိုင်းကို ချောက်ချားသွားစေ၏။

ဆူဇီမိုက သိလိုက်လေသည်။

အဆူရာက ပြန်လည်ရောက်ရှိလာပြီဖြစ်၏။ အတိအကျဆိုရလျှင် စစ်မှန်သောအဆူရာက ယခုမှ ဤလောကသို့ ဆင်းသက်လာခါစဖြစ်၏။

လက်ရှိအဆူရာသည် ယခင် မည်ကာမတ္တတပည့် ယန်ပေးချန်ထက် အဆများစွာသန်မာလေသည်

ယခုယန်ပေးချန်တွင် မည်သည့်အားနည်းချက်မှ မရှိတော့ပေ။

သူ့တွင် နှောင်ဖွဲ့တွယ်တာမှုတစ်စုံတစ်ရာ သို့မဟုတ် စိတ်ခံစားချက်များ ဆက်လက်မရှိတော့ပေ။

ပို၍ကြောက်စရာကောင်းသည့်အရာမှာ ယန်ပေးချန်သည် မိစ္ဆာဧကရာဇ်အမုန်း၏ အမွေအနှစ်ကို ဆက်ခံရရှိထား၏။

အဆူရာတာအိုနှင့် အမုန်းတာအို...

အမုန်းသုတ္တန်ကို ကျင့်ကြံထားပြီး အမုန်းမိစ္တာဆေဘာကို ကိုင်ဆွဲထားသော အဆူရာသည် ဘယ်အဆင့်ထိ တက်လှမ်းရောက်ရရှိသွားမလဲ မည်သူကမှ မသိရှိကြပေ။ ဆူဇီမိုပင်လျှင် တွေးတောကြည့်နိုင်ခြင်း မရှိတော့ပေ။

သူသည် ရှေးဟောင်းမိစ္ဆာဧကရာဇ်အမုန်းထက်ပင် ပို၍ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်လာနိုင်၏။

ယန်ပေးချန်သည် ချင်ဖျန်ရန်ကို နှမြောတမ်းတစွာဖြင့် နက်ရှိုင်းစွာစိုက်ကြည့်နေ၏။ အဲ့ဒီနောက် သူက သူ၏စိတ်ကို ပိုင်းဖြတ်ပြီး သူ၏လက်နှစ်ကို လွှတ်ပေးလိုက်၏။

ချင်ဖျန်ရန်၏ အလောင်းသည် အက်ကွဲကြောင်းကြားရှိ နက်မှောင်နေသော ချောက်ထဲသို့ ပြုတ်ကျသွားပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

“ဒီနေ့ကစပြီး... အဆူရာတစ်ယောက်ပဲရှိတော့မယ်... ယန်ပေးချန်ဆိုတာ ဒီလောကမှမရှိတော့ဘူး”

ယန်ပေးချန်သည် ထိုစကားကိုပြောပြီး သူ၏အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

ဘန်း....ဘုန်း...ဘုန်း

သူ၏ သိပ်သည်းပြင်းထန်သော ဓမ္မစွမ်းအားများအောက်တွင် မြေပြင်ပေါ်ရှိအက်ကွဲကြောင်းက တဖြည်းဖြည်းချင်းစေ့လာပြီး တစ်ခဏတွင်းမှာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

ယခင် ယန်ပေးချန်သည် ချင်ဖျန်ရန်နှင့်အတူ ဤချောက်နက်ထဲမှာ မြှုပ်နှံခံလိုက်ရသည့်အလားပင်။

“ဇီမို... ငါသွားတော့မယ်”

အဆူရာက မတ်တတ်ထရပ်လိုက်၏။

“အစ်ကိုယန်... ခင်ဗျားဘယ်ကိုသွားမှာလဲ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီ အလောတကြီးပြောလိုက်၏။

ယန်ပေးချန်သည် ဆင်ခြင်တုံတရားပျောက်ဆုံးပြီး ဓားဂိုဏ်းဆီသို့ စိတ်လိုက်မာန်ပါသွားရောက်သတ်ဖြတ်မှာကို သူကစိုးရိမ်နေ၏။

အဆူရာသည် မိစ္ဆာဧကရာဇ်အမုန်း၏ အမွေအနှစ်ကို ဆက်ခံရရှိထားသည်မှာ မှန်သော်လည်း နောက်ဆုံး ဤနေ့ဤအချိန်ထိ သူသည် ​ဓမ္မဝိသေသအဆင့်မှာသာရှိနေသေး၏။

သူက ဓားဂိုဏ်းသို့ သွားရောက်သတ်ဖြတ်မည်ဆိုလျှင် ဓားဂိုဏ်းရှိ ပညာရှင်များစွာ၏ ဖိနှိမ်ခြင်းကို ခံရပေလိမ့်မည်။

“မပူပါနဲ့... ငါက စိတ်လိုက်မာန်ပါလျှောက်မလုပ်ပါဘူး”

အဆူရာသည် လှည့်ကြည့်ခြင်းမရှိဘဲ ထိုစကားကိုပြောပြီး သူ၏ပုံရိပ်က လျင်မြန်စွာပျောက်ကွယ်သွား၏။

All Chapters