← Chapters

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ သေဆုံးခြင်း

Vol. 86 Ch. 1287

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ သေဆုံးခြင်း

Vol. 86 Ch. 1287

ကျင့်ကြံရေးလောကသည် ဤအချိန်အတောအတွင်း အတိအကျတည်ငြိမ်အေးချမ်းနေခဲ့သည်တော့ မဟုတ်ပေ။

အလယ်ပိုင်းတိုက်တွင် ဆင်းသက်လာခဲ့သော မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းအပြင် တာအိုအရှင်တိမ်လွှာမိုးစက်နှင့် ဓားဂိုဏ်း၏ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သေဆုံးမှုသည် အတော်လေးဂယက်ရိုက်သွားစေ၏။

အင်မော်တယ်ဓားသည် ဓားဂိုဏ်းသို့ပြန်ရောက်လာပြီးနောက် တာအိုအရှင်တိမ်လွှာမိုးစက်သည် အထီးကျန်သိုင်းသခင်၏ လက်ချက်ဖြင့်သေဆုံးခဲ့ရကြောင်း သူက သတင်းလွှင့်ပေးခဲ့၏။

တိမ်လွှာမိုးစက်ဂိုဏ်းနှင့် အထီးကျန်သိုင်းသခင်ကြား ရန်ငြိုးရန်စတချို့ကို စိုက်ပျိုးပေးနိုင်မည်ဆိုလျှင် အဲ့ဒါက သူ့အတွက်အကျိုးရှိလေသည်။

ဤသတင်းသည် ကျင့်ကြံရေးလောကမှာ အတော်လေးလှုပ်ခတ်သွားစေ၏။

နောက်ထပ်မည်ကာမတ္တတပည့်တစ်ယောက်က အထီးကျန်သိုင်းသခင်၏ လက်ထဲမှာသေဆုံးခဲ့ရလေပြီ။

သိပ်မကြာခင် တာအိုအရှင်အထီးကျန်သိုင်းသခင်နှင့်ပတ်သက်သည့် များစွာသောသတင်များက ပျံ့နှံ့လာခဲ့၏။

အထီးကျန်သိုင်းသခင်သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုကိုကျင့်ကြံထားသည်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။

ဆူဇီမိုသည် ထိုသတင်းများကို စိတ်ထဲမှ ထည့်မှတ်မထားပေ။ ဆန်းကြယ်​တောင်ထွတ်သို့ ပြန်ရောက်လာပြီးနောက် သူသည် အချိန်အတော်ကြား တံခါးပိတ်ကျင့်ကြံဖို့အတွက် ဝင်ရောက်လိုက်၏။

ကျင့်ကြံခြင်းသည် အဆုံးမဲ့ပြီး တစ်ခဏအတွင်းမှာပင် ၉၇ နှစ်က ကုန်ဆုံးသွား၏။

ဆန်းကြယ်တောင်ထွတ်ရှိ လိုဏ်ဂူခန်းဝါများထဲမှတစ်ခုတွင် ကျယ်လောင်သောအသံက ထွက်ပေါ်လာခဲ့၏။

ကြောက်စရာကောင်းသော အော်ရာတစ်ခုသည် ပေါက်ကွဲထွက်ပေါ်လာပြီး ဆန်းကြယ်တောင်ထွတ်တစ်ခုလုံးသည် အဆက်မပြတ်တုန်ခါ၍ ကျောက်တုံးကျောက်ခဲများက လိမ့်ဆင်းလာ၏။ တံခါးပိတ်ကျင့်ကြံနေသော ကျင့်ကြံသူများပင်လျှင် ထိတ်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာ၏။

“အဲ့ဒါသခင်လေးပဲ”

လေထဲမှာမတ်တတ်ရပ်ရင်း နန်းကြည်က လိုဏ်ဂူခန်းဝါကို လှမ်းကြည့်လိုက်၏။

ဆန်းကြယ်တောင်ထွတ်၏ အထက်ကောင်းကင်မှာ လူများစွာဖြင့် ပြည့်နှက်သွား၏။ အဲ့ဒီမှာ အခြေတည်အဆင့်ကနေ ဓမ္မဝိသေသအဆင့်ထိရှိကြလေသည်။

“အကြီးအကဲ အထီးကျန်သိုင်းသခင်က နောက်တစ်ခါထပ်ပြီး အဆင့်ချိုးဖျက်တက်လှမ်းသွားပြန်ပြီလား”

“အဲ့ဒါက ဘယ်နှနှစ်ကြာသေးလို့လဲ... အကြီးအကဲ အထီးကျန်သိုင်းသခင်ရဲ့ ပါရမီက အရမ်းကိုကြောက်ဖို့ကောင်းတာပဲ... ငါဆို နောက်ပိုင်းဓမ္မဝိသေသအဆင့်မှာ တစ်ဆို့နေခဲ့တာ နှစ်တစ်ထောင်ကြာသွားခဲ့ပြီ... အခုချိန်ထိ လုံးဝတိုးတက်မလာခဲ့ဘူး”

“မင်းက အကြီးအကဲ အထီးကျန်သိုင်းသခင်နဲ့ ဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ”

ဆန်းကြယ်တောင်ထွတ်တွင် ဆူဇီမိုကို အင်မော်တယ်ကြိုးကြာအိုကြီးက အကြီးအကဲတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ပြီဖြစ်၏။

ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်လာသော ကျင့်ကြံသူအများစုသည် တာအိုအရှင်အထီးကျန်သိုင်းသခင်၏ ဒဏ္ဍာရီများစွာကို ကြားခဲ့ရသောကြောင့်ဖြစ်၏။ ဒါ့ပြင် ဆူဇီမိုသည် သိုင်းသုတ္တန်တစ်ဝက်ကို လောကတစ်ခုလုံးဆီသို့ ဖြန့်ဝေပေးခဲ့၏။

သိုင်းတာအိုကို ကျင့်ကြံသော လူတိုင်းအတွက် ဆူဇီမိုသည် သူတို့ကြည်ညိုလေးစားရဆုံးပုဂ္ဂိုလ်ဖြစ်၏။

စိတ်ဝိညာဥ်ရင်းမြစ်မရှိသော မော်တယ်များဖြစ်သည့်သူတို့ကို အထီးကျန်သိုင်းသခင်က ကံကြမ္မာ၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့၏။ သူတို့သည် မိစ္ဆာသားရဲများ၏ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကျင့်ကြံသူများ၏ နင်းချေခြင်းကို ဆက်လက်၍ မခံစားရတော့ပေ။

တုန်ခါမှုသည် မစဲခင်အချိန်ထိ အချိန်အတော်ကြာခဲ့၏။

နောက်ခဏ၌ လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝတွင် ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

အစိမ်းရောင်းဝတ်ရုံနှင့် အနက်ရောင်ဆံပင်...

အဲ့ဒါက တာအိုအရှင် အထီးကျန်သိုင်းသခင် ဆူဇီမို ဖြစ်၏။

“ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်ဗျာ”

လေထဲတွင် ဆန်းကြယ်တောင်ထွတ်ကျင့်ကြံသူများစွာသည် ဂုဏ်ပြုသည့်အနေဖြင့် သူတို့၏လက်သီးများကိုယှက်၍ ဦးညွှတ်လိုက်ကြ၏။

ဆူဇီမိုက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။

“သခင်လေး... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက မကြာခင်စတော့မယ်... ရှင်က ပကတိဓမ္မဝိသေသအဆင့်ကို ရောက်ရှိလာပြီဆိုတော့ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ ရှင်က သေချာပေါက်နံပါတ်တစ်ဖြစ်တော့မှာပဲ”

နန်းကြည်က ပြောလိုက်၏။

သူမသည်လည်း နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး အလွန်တရာမြန်ဆန်စွာကျင့်ကြံနိုင်ခဲ့၏။ ယခုဆို သူမသည် နောင်ပိုင်းဓမ္မဝိသေသအဆင့်သို့ရောက်ရှိနေပြီး ပကတိဓမ္မဝိသေသအဆင့်သို့ တက်လှမ်းဖို့ ခြေလှမ်းဝက်မျှသာလိုတော့၏။

“ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲလား”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

ရုတ်တရက် သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အနောက်ဘက်အရပ်သို့ လှမ်းမျှော်ကြည့်ရင်း သူ၏ အမူအရာက ပြောင်းလဲသွား၏။

သူသည် သူ၏ပါးစပ်ကိုအနည်းငယ်ဖွင့်ဟ၍ သူ၏မျက်လုံးထဲတွင် နာကျင်မှုနှင့် နှမြောတမ်းတမှု အရိပ်အယောင်တချို့ပေါ်ထွက်လာ၏။

“ဘာများဖြစ်လို့လဲ... သခင်လေး”

ဆူဇီမို၏ ပြောင်းလဲသွားသော အမူအရာကို သတိထားမိပြီး နန်းကြည်က ညင်သာစွာ မေးလိုက်၏။

“အား...”

ဆူဇီမိုက သက်ပြင်းချလိုက်၏။

“ငါက... နဂါးသင်္ချိုင်းတောင်ကြားကို သွားရဦးမယ်”

သူ့စကားမဆုံးသေးခင်မှာပင် သူသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆန်းကြယ်တောင်ထွတ်အထက်ကနေ ပျောက်ကွယ်သွားပြီဖြစ်၏။

နဂါးသင်္ချိုင်းတောင်ကြားအောက်​ခြေတွင်...

ဆူဇီမိုသည် ဆင်းသက်၍ ဘုရားကျောင်းအိုရှေ့သို့ ရောက်ရှိလာပြီး ချုံးချုံးကျနေသော ဘုရားကျောင်းအိုတံခါးကို တွန်းဖွင့်လိုက်၏။

ကိုယ်တော်ယွမ်ပေသည် ခန်းမ၏အရှေ့ဘက်ကို မျက်နှာမူပြီး တင်ပျဥ်ခွေထိုင်ကာ ဝင်ရောက်လာသော ဆူဇီမိုကို ချစ်ခင်မြတ်နိုးသော အပြုံးတစ်ခုနှင့်အတူ ကြည့်နေ၏။

“မင်းရောက်လာပြီပေါ့”

“ဆရာ...”

ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး ကိုယ်တော်ယွမ်ပေရှေ့မှာ ဒူးထောက်ချလိုက်၏။

“ကလေး... အဲ့လိုဖြစ်နေစရာမလိုဘူးကွဲ့”

ကိုယ်တော်ယွမ်ပေသည် သူ၏ပိန်လှီသောလက်ဖဝါးဖြင့် ဆူဇီမို၏ နဖူးကို ပွတ်သပ်ပြီး ညင်သာစွာ​ပြောလိုက်၏။

“လူတိုင်း သေကြရမှာပဲ... ငါက နှစ်တစ်သိန်းတောင် ရှင်သန်နေထိုင်လာခဲ့ပြီးပြီ ကိစ္စတွေအများကြီးကိုလည်း တွေ့မြင်ခဲ့ တွေ့ကြုံခံစားခဲ့ပြီးပြီ... အဲ့ဒါက လုံလောက်နေပါပြီ”

ကိုယ်တော်ယွမ်ပေသည် သူ့ဘဝသက်တမ်း၏ အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်၏။

“ဆရာ... ဒီမှာကြည့်ပါဦး မင်းဝမ်ဆုတောင်းပုတီးက ပြီးပြည့်စုံသွားပြီ”

ဆူဇီမိုသည် ပြီးပြည့်စုံသေည မင်းဝမ်ဆုတောင်းပုတီးကို အလောတကြီးဖြုတ်ယူပြီး ကိုယ်တော်ယွမ်ပေရှေ့မှာ ချပေးလိုက်၏။

“အဲ့ဒါကောင်းတာပေါ့”

ကိုယ်တော်ယွမ်ပေက စိတ်ကျေနပ်နှစ်ခြိုက်သော အမူအရာတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်၏။

ကိုယ်တော်ယွမ်ပေ၏ မျက်လုံးထဲတွင် နောင်တ ၊ နှမြောတွန့်တိုမှု သို့မဟုတ် လွမ်းဆွေးတမ်းတမှုတို့မရှိပေ။ သူတို့က ရေပြင်ကဲ့သို့တည်ငြိမ်နေ၏။

“မင်းက... ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ ၃ခုကို ကျင့်ကြံထားတယ်လို့ ငါကြားမိတယ်... သူတို့က ဘယ်လောက်သန်မာကြလဲ... မင်းက အန္တိမဓမ္မဝိသေသတစ်ခုကို ကျင့်ကြံပြီးပြီလား”

“မင်းမှာ အချိန်ရတယ်ဆိုရင်... တောင်ပိုင်းဒေသက ဒီပင်္ကရာကျောင်းတော်ကိုသွားပြီး မင်းကျန်ကိုလည်း သွားတွေ့လိုက်ဦး... သူဘာတွေလုပ်နေမလဲ ငါသိချင်လိုက်တာ”

ကိုယ်တော်ယွမ်ပေသည် ညိုးငယ်ထိုင်းမှိုင်းခြင်းလုံးဝမရှိဘဲ ပေါ့ပေါ့ပါးပါးကိစ္စများကို ဆူဇီမိုနှင့်ပြောဆိုနေ၏။

တဖြည်းဖြည်းနှင့် သူက ငြိမ်သက်သွား၏။

ကမ္ဘာမြေက လှုပ်ခါခြင်းရှိမလာသလို မည်သည့်လောကဖြစ်စဥ်မှလည်း ပေါ်ထွက်မလာခဲ့ပေ။

ကိုယ်တော်ယွမ်ပေက အေးအေးချမ်းချမ်းနှင့်ပင် ကွယ်လွန်သွားခဲ့ပြီဖြစ်၏။

သူ၏ မျက်နှာပေါ်တွင် ချစ်ခင်မြတ်နိုး၍ နွေးထွေးသောအပြုံးတစ်ခုကျန်ရှိနေဆဲပင်။

သို့သော်လည်း သူ၏ ဉာဏ်ပညာရှိသော မျက်လုံးများကတော့ ထပ်မံ၍ ပွင့်မလာတော့ပေ။

တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့သော ဤမျိုးနွယ်စုခေါင်းဆောင်သည် ဘဝသက်တမ်းနှစ်တစ်သိန်းကို ပိုင်ဆိုင်ခဲ့သော်လည်း သူသည် အချိန်သဲမြစ်၏ တိုက်စားမှုကနေ မလွတ်မြောက်နိုင်ကာ ဤနေရာမှာ ဘဝကူးပြောင်းသွားရဆဲ ဖြစ်၏။

ရွှစ်...

နောက်ဖေးခြံဝန်းထဲမှ ချိန်းကြိုးသံက ထွက်ပေါ်လာ၏။

မြင့်မား၍ စွမ်းအားကြီးမားသော ပုံရိပ်တစ်ခုသည် တောက်လောင်နေသော သွေးနီရောင်ဆံပင်နှင့်အတူ လျှောက်လှမ်းလာ၏။

မွေးနီတစ္ဆေသည် ကိုယ်တော်ယွမ်ပေ ကွယ်လွန်သွားပြီးမှသာ ပေါ်ထွက်လာခဲ့၏။

အဲ့ဒါသည် မွေးနီတစ္ဆေက ကိုယ်တော်ယွမ်ပေအပေါ် မကျေနပ်မှုတစ်စုံတစ်ရာရှိနေသောကြောင့် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် မွေးနီတစ္ဆေသည် ကိုယ်တော်ယွမ်ပေနှင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခုရှိလေသည်။

မွေးနီတစ္ဆေသည် ကိုယ်တော်ယွမ်ပေ ဘဝကူးပြောင်းသွားခြင်းကို ကိုယ်တိုင်မကြည့်ရက်သောကြောင့်သာဟု ဆူဇီမိုက နားလည်လိုက်၏။

“အခု... ဘုန်းကြီးအိုကြီးလည်းမရှိတော့ဘူးဆိုတော့ ငါက ထွက်ခွာဖို့ အချိန်ကျပြီပဲ”

မွေးနီတစ္ဆေက မည်သည့်အပိုစကားမှပြောမနေဘဲ ဝမ်းနည်းမှုတစ်စွန်းတစ်စနှင့်အတူ သက်ပြင်းချလိုက်၏။

တကယ်တော့... သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများသည် ကြေမွသွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူသည် မဟာချွမ်ကပ်ဘေး၏ နောက်ကွယ်က လက်သည်တရားခံလည်း မဟုတ်ပေ။ သူသည် လွန်ခဲ့သည့် အချိန်အတန်ကြာကတည်းက ထွက်သွားနိုင်၏။ သို့သော်လည်း သူသည် ကိုယ်တော်ယွမ်ပေ ကွယ်လွန်သည့်အချိန်ထိ ဤနေရာမှာရှိနေဖို့ ရွေးချယ်ခဲ့၏။

“သူ့ကို... ဒီနေရာမှာပဲ မြှုပ်နှံလိုက်ကြတာပေါ့”

မွေးနီတစ္ဆေက ပြောလိုက်၏။

ဆူဇီမိုသည် ခေါင်းညိတ်၍ ကိုယ်တော်ယွမ်ပေ၏ ရုပ်အလောင်းကို ခန်းမ၏ နောက်ဘ​က်ရှိ သုသာန်ရှိရာသို့ သယ်ဆောင်သွားလေသည်။

သူသည် ဘုရားကျောင်းအိုထဲရှိ ရှေးဟောင်းကျမ်းစာအုပ်များအားလုံးကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်ပြီး ဆန်းကြယ်တောင်ထွတ်သို့ ပြန်ယူသွားဖို့ ပြင်ဆင်လိုက်၏။

နဂါးသင်္ချိုင်းတောင်ကြား၏ အထက်ကောင်းကင်တွင်...

“ခင်ဗျားက နဂါးမျိုးနွယ်ကိုပြန်သွားမှာလား”

ဆူဇီမိုက မေးလိုက်၏။

မွေးနီတစ္ဆေက ခေါင်းညိတ်ပြ၏။

“ငါ့ရဲ့ကာကွယ်မှုမရှိတော့ဘူးဆိုတော့.. မင်းအခုကစပြီး ဂရုစိုက်ရမယ်... မဆင်မခြင်လျှောက်မလုပ်နဲ့”

“ကဲ... သွားဖို့အချိန်တန်ပြီပဲ”

မွေးနီတစ္ဆေက လက်ကာပြ၍ လှည့်ထွက်လိုက်၏။

ရုတ်တရက်ဆိုသလို...

သူသည် မျက်မှောင်အနည်းငယ်ကြုတ်၍ တွေးတွေးဆဆ အမူအရာတစ်ခုနှင့်အတူ မလှမ်းမကမ်းလေဟာနယ်ဆီသို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။

“ဘာများဖြစ်လို့လဲ”

ဆူဇီမိုက အလိုလိုမေးလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး... ငါစောစောက တစ်ခုခုကို ခံစားမိလိုက်လို့”

မွေးနီတစ္ဆေက သူ၏ခေါင်းကိုခါ၍ တီးတိုးရေရွတ်လိုက်၏။

“ငါက နဂါးသင်္ချိုင်းတောင်ကြအောက်​ခြေမှာ နှစ်တွေအကြာကြီး နေလာခဲ့ရတော့ အပြင်လောကနဲ့ သိပ်အသားမကျသေးဘူးထင်တယ်”

ထိုသို့ပြောရင်း သူက လှည့်ထွက်သွားပြီး သိပ်မကြာခင် နဂါးသင်္ချိုင်းတောင်ကြားထက်ကနေ ပျောက်ကွယ်သွား၏။

ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအထက်မှာ အတန်ကြာသည့်အထိ မတ်တတ်ရပ်နေပြီးနောက် လေးတွဲ့စွာသက်ပြင်းချ၍ လှည့်ထွက်သွား၏။

သူထွက်သွားပြီးလို့မကြာမီ...

နဂါးသင်္ချိုင်းတောင်ကြားမှ မလှမ်းမကမ်းလေဟာနယ်သည် တွန့်လိမ်သွားပြီး ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

မွေးနီတစ္ဆေပြောသည်မှာ မှန်လေသည်။ အဲ့ဒီမှာ တစ်စုံတစ်ယောက် တကယ်ပင်ရှိနေခဲ့၏။

သို့သော်လည်း ထိုလူသည် မွေးနီတစ္ဆေ၏ ထောက်လှမ်းမှုကနေပင် ရှောင်ထွက်နိုင်ခဲ့၏။

ထိုလူသည် အဖြူရောင်ဝတ်ရုံပွကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင်ဆံပင်များက သူ၏ မျက်နှာကိုဖုံးအုပ်ထားကာ မျက်လုံတစ်လုံးကိုသာ ဖော်ထား၏။ သူသည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ နဂါးသင်္ချိုင်းတောင်ကြားကို ကြည့်နေ၏။

အတန်ကြာအောင် မတ်တတ်ရပ်နေပြီးနောက် ထိုပုံရိပ်သည် နဂါးသင်္ချိုင်းတောင်ကြားရှိရာဘက်သို့ အလေးအနက်ဦးညွှတ်ကာ လှည့်ထွက်သွားလေတော့သည်။

All Chapters