ငါက ခြေလှမ်းဝက် အင်မော်တယ်မဖြစ်နိုင်ပေမဲ့ မူကွဲအင်မော်တယ်ဖြစ်လာမယ်
Vol. 76 Ch. 1174
ပိုင်ရှောင်ကျိုး…
ပိုင်ရှောင်ကျိုးသည် ကျစ်လွီဆဲ့တိုင်းပြည်မှ ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲဖြစ်သည်။
အတိတ်တွင် ကျစ်လွီဆဲ့တိုင်းပြည် ဖျက်ဆီးခံလိုက်ရစဉ်က သူက ဒေသငယ်တစ်ခုလုံးမှာရှိသော သက်ရှိများကို နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်ရန်အတွက် ယဇ်ပူဇော်ခဲ့သည်။ ယင်းက သူ့ကို ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ပြန်မမွေးဖွားခင်အချိန်မှာ အသက်ပြန်ရှင်လာစေခဲ့ပြီး ဆက်လက် အမှုထမ်းနိုင်ရန် ခွင့်ပြုပေးခဲ့သည်။
နောက်ပိုင်းတွင် သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အရှေ့မှာ ဝါးမျိုခံလိုက်ရသည်။ သို့သော်လည်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ရောက်ရှိလာခဲ့ပြီး ပိုင်ရှောင်ကျိုး၏ အချိန်ကို ရှေးဟောင်းဝိညာဉ်အင်ပါယာထံမှ ယူဆောင်သွားခဲ့သည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ပရောဟိတ်ဆရာဖြစ်လာမှတော့ ပိုင်ရှောင်ကျိုးက အသက်ပြန်ရှင်လာပြီး နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်လာခြင်းသည် မဖြစ်နိုင်သောကိစ္စ မဟုတ်ပေ။
ထိုဆက်စပ်မှုက ရူးကြောင်ပြီး သူ၏ ခန့်မှန်းမှုက အမှန်ဟုတ်မဟုတ်ကိုတော့ ရွှီချင်းက မသေချာသော်လည်း…
နတ်ဘုရားပေါင်းစပ်ခြင်းအတတ်သည် သူ့အား ရှန့်ယွင်သားအဖကို ပြန်အမှတ်ရစေသည်။
တိကျသော အမှန်တရားသည်တော့ ရွှီချင်းက အင်ပါယာအကယ်ဒမီကို ယခုမှ ရောက်ရှိဖူးပြီး သူ့မှာ တခြားသတင်းအချက်အလက် မရှိသေးသောကြောင့် ပိုပြီးနက်ရှိုင်းသော ဆုံးဖြတ်ချက်ချရန် မလွယ်ကူပေ။ ထို့ကြောင့် ရွှီချင်းသည် တည်ငြိမ်စွာ အနောက်လှည့်လိုက်ပြီး လူအုပ်ကြားထဲသို့ လျှောက်သွားသည်။
တူညီသော ကျောင်းဝတ်စုံ၊ မျက်နှာဖုံးနှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါ ပြောင်းလဲမှုကြောင့် ရွှီချင်းသည် လူအုပ်ကြီးထဲမှာ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် ခြေလှမ်းရပ်တန့်လိုက်ပြီး အပြင်ဘက်မှ လူအုပ်ကြီးထံသို့ ကြည့်လိုက်သည်။ စဉ်းစားချင့်ချိန်သော အကြည့်က သူ့မျက်လုံး၏ အနက်ပိုင်းထဲမှာ ထွက်ပေါ်လာသည်။
အစောနက တခြားလူများနှင့် ကွဲထွက်နေသော အကြည့်ကို သူအာရုံခံမိခဲ့သည်။ သို့သော်လည်း အရာအားလုံးကို သီးခြားခွဲထွက်စေသော အင်ပါယာအကယ်ဒမီမှ အထူးတည်ဆောက်ပုံကြောင့် တစ်ဖက်လူကို သူအာရုံမခံနိုင်ခဲ့ပေ။
သို့ဖြစ်၍ တစ်ခဏကြာ စဉ်းစားပြီးနောက် သူက ထိုကိစ္စကို သူ၏ နှလုံးသားထဲမှာ သိမ်းဆည်းထားလိုက်သည်။ သူက အဖြူရောင်မျှော်စင်၏ အပေါ်ထပ်သို့ တတ်သွားသည်။
ရွှီချင်းသည်တော့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဖြူရောင်မျှော်စင်မှ ပြန်ထွက်လာပြီးနောက် အင်ပါယာအကယ်ဒမီကို ဆက်လက် လေ့လာကြည့်သည်။ ဤသည်မှာ သူ၏ အကျင့်ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို လေ့လာကြည့်နေစဉ် မတူညီသော အဖြူရောင်မျှော်စင်များထဲသို့ ဝင်ရောက်သွားခဲ့ပြီး မျှော်စင်ထဲမှ အသိပညာဗဟုသုတများကို လေ့လာသည်။
သူက ဤနေရာမှ ဖွဲ့စည်းပုံကို ပိုပြီးလေ့လာမိလေ အင်ပါယာအကယ်ဒမီအပေါ် ပိုပြီးလေးစားလာလေ ဖြစ်သည်။
ဤနေရာမှ အသိပညာဗဟုသုတများသည် အလွန်များပြားသောကြောင့် အပြင်လူများက ရရှိရန် သို့မဟုတ် ခိုးယူရန် အလွန်ခက်ခဲသည်။
သို့သော်လည်း ဤနေရာတွင် ဂိုဏ်း၏ ဖွဲ့စည်းပုံမျိုးမရှိပေ။ မည်သည့်အသိပညာကိုမဆို အလွယ်တကူ လေ့လာနိုင်သည်။ အမှန်မှာ ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်ထဲမှ တချို့ဂိုဏ်းများ၏ လျှို့ဝှက်အတတ်ပညာများကို အသင်္ချေအတတ်ပညာကျောင်းတော်တွင် ရှာတွေ့ခဲ့သည်။
ထို့ပြင် တားမြစ်ဓမ္မရတနာများကို စူးစမ်းလေ့လာသော ကျောင်းတော်တစ်ခုလည်း ရှိသည်။ ထိုကျောင်းတော်သည် နတ်ဘုရားစွမ်းအင်များမှတဆင့် ဓမ္မရတနာများကို ဖန်တီးသန့်စင်သော အတတ်ပညာကို အထူးပြုလေ့လာသည်။
ထိုလုပ်ငန်းစဉ်သည် ခက်ခဲသော်လည်း သူတို့၏ အတွေးအမြင်များသည် တီထွင်ဆန်းသစ်သည်။
“ ဓမ္မရတနာတွေက ဒြပ်နှောတွေရဲ့ ကျူးကျော်ဝင်ရောက်ခံရပြီးတဲ့နောက် ထူးခြားတဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာကြတယ်… အဲ့လိုဖြစ်တာက အရမ်းရှားပါးပြီး အများကြီး မရှိဘူး… ဒါပေမဲ့ ငါတို့ကျောင်းတော်ရဲ့ သုတေသနပြုလုပ်မှုအရ အဲ့ဒီလုပ်ငန်းစဉ်ကို လူသားတွေလည်း တုပဖန်တီးနိုင်တယ်ဆိုတာ ရှာတွေ့ခဲ့ကြတယ် ”
ရွှီချင်း၏ စိတ်ဝင်စားမှုသည် မြင့်တတ်သွားသည်။ သူက ယင်းကို တစ်ချက်ကြည့်ပြီးနောက် နက်နဲစွာ တွေးတောလိုက်သည်။
ရွှီချင်းက တခြားအသိပညာဗဟုသုတများကို ဆက်လက် လေ့လာနေစဉ် အချိန်သည် နွေးကွေးစွာ ကုန်ဆုံးသွားသည်။ မကြာမီ ညအချိန်သို့ ကျရောက်လာသည်။
အင်ပါယာအကယ်ဒမီထဲတွင် လူတချို့ရှိနေသေးသော်လည်း နေ့အချိန်ကထက် အများကြီး လျော့နည်းသွားကြောင်း ထင်ရှားသည်။ ယနေ့ ရွှီချင်းသည် အတွေးကျောင်းတော်များစွာကို သွားရောက်လည်ပတ်ခဲ့ပြီး စိတ်ကျေနပ်မှုရခဲ့သည်။
ယနေ့ သူက အကျိုးကျေးဇူး အများကြီး ရရှိခဲ့သည်ဟု ခံစားမိသည်။ သူ၏ အသိအမြင်သည် အများကြီး တိုးမြှင့်သွားသည်။
“ ဒီနေရာက နေရာကောင်းပဲ ”
ရွှီချင်းသည် မထွက်သွားခင် အင်ပါယာအကယ်ဒမီထဲမှ မရေမတွက်နိုင်သော ကျောင်းတော်များကို ကြည့်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နောက်ရက်များတွင် သူက ဤနေရာသို့ အလည်အပတ်လာမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် လဝက်ဟူသော အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။
ထိုလဝက်အတွင်းတွင် ရွှီချင်းသည် ပညာဆည်းပူးလေ့လာခြင်းမှာ အပြည့်အဝ စိတ်နှစ်ထားသည်။ နေ့တိုင်း သူက ညဘက် ကျင့်ကြံရန် စံအိမ်ဆီသို့ ပြန်ရောက်လာသည်မှလွဲ၍ သူ၏ အချိန်အားလုံးနှင့် စွမ်းအင်အားလုံးကို အင်ပါယာအကယ်ဒမီမှာ သုံးစွဲခဲ့သည်။
အတွေးကျောင်းတော်ထောင်သောင်းချီထဲတွင် သူက တစ်ထောင်ကျော်ကို သွားရောက်လည်ပတ်ခဲ့ပြီးပြီ ဖြစ်သည်။
သူက ပင်လယ်ထဲသို့ ပြုတ်ကျသွားသော ရေမြှုပ်တစ်ခုပမာ အသိပညာဗဟုသုတအားလုံးကို စဉ်ဆက်မပြတ် စုပ်ယူနေသည်။
သူက အသိပညာကို ဆည်းပူးလေ့လာနေစဉ် သူ၏ စိတ်သဘောထားနှင့် ကျင့်ကြံခြင်းအတတ်ပညာများအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် အခြေခံအားဖြင့် သိသာစွာ ပြောင်းလဲသွားသည်။ လူသားမျိုးနွယ်၏ မတူညီသော အသိပညာဗဟုသုတများပေါ် အခြေခံ၍ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်နှင့်ပတ်သက်ပြီး အတွေးအမြင်သစ်များ ရရှိလာသည်။
ဤသည်မှာ ဖုန်းဟိုင်ဒေသငယ်တွင် မရရှိနိုင်သော သတင်းအချက်အလက်များ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ပြောပြလျှင်ပင် ကိုယ်တိုင်စဉ်းစားချင့်ချိန်ခြင်း၊ ရှာဖွေခြင်းနှင့် နှိုင်းယှဉ်သုံးသပ်ခြင်းမရှိလျှင် ယင်းတို့က သူ၏ စိတ်နှင့် ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားရန် ခက်ခဲလိမ့်ပေမည်။
အရေးကြီးဆုံးမှာ သူက ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက်ပိုင်း လူသားမျိုးနွယ်ထဲမှာ ဖွင့်ဖြိုးတိုးတတ်ခဲ့သော ကျင့်ကြံခြင်းအတတ်ပညာအားလုံး၏ အနှစ်သာရကို စုစည်းနားလည်ရန် လိုအပ်သည်။
ထို့ကြောင့် လူ့ဘီလူးများ၏ ပခုံးပေါ်မှာ မတ်တတ်ရပ်မှသာလျှင် အဝေးမှ လမ်းကြောင်းကို မြင်နိုင်ပြီး အတွေးနယ်ချဲ့နိုင်လိမ့်မည်ဟု ရှေးလူကြီးများက ပြောခဲ့ကြခြင်း မဟုတ်ပါလော။
“ ကြည့်ရတာ အတွေးကျောင်းတော်အများစုရဲ့ အဓိက ရည်ရွယ်ချက်က အဆင့်ချိုးဖြတ်ဖို့ လမ်းစဉ်တစ်ခုကို စူးစမ်းရှာဖွေနေကြတဲ့ပုံပဲ ”
ဤအခိုက်အတန့်မှာ ရွှီချင်းသည် အသင်္ချေအတတ်ပညာကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲမှာ ရှိနေသည်။ သူက လက်ထဲတွင် ရှေးဟောင်းကျင့်ကြံခြင်းအတတ်ပညာများကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားသည်။ သူ၏ မျက်လုံးထဲတွင် စဉ်းစားချင့်ချိန်သော အကြည့် ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာ အသံတစ်သံသည် သူ၏ အနောက်မှ ပျံ့လွင့်လာသည်။
“ ရွှမ်လဲ့ဇီ… ငါတို့ ထပ်တွေ့ကြပြန်ပြီ ”
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ့ဆီသို့ လျှောက်လှမ်းလာနေသော ကျောင်းတော်သားတစ်ယောက်ကို ကြည့်လိုက်သည်။
ဤနေရာသည် အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း မကြာခဏ တွေ့ဆုံဖူးသူများကြားတွင် တစ်ယောက်နှင့်တစ်ယောက် မှတ်သားနိုင်ရန် အမှတ်အသားတချို့ကို ခွင့်ပြုပေးထားသည်။ ထိုသို့ဖြင့် အသိအမှတ်ပြုခံရသော သရုပ်အသစ်များက အင်ပါယာအကယ်ဒမီထဲမှာ ဖြစ်ပေါ်လာလိမ့်မည်။
သူဆီသို့ လျှောက်လာနေသူသည် ထိုသို့လူမျိုး ဖြစ်သည်။
“ စီနီယာအကိုချန်းယွင် ”
ရွှီချင်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ထိုလူသည် အသင်္ချေအတတ်ပညာကျောင်းတော်ထဲမှာ ပထမဆုံး သူသိကျွမ်းခဲ့သော မိတ်ဆွေဖြစ်သည်။ ဤလဝက်အတွင်းမှာ သူက ဤနေရာသို့ ကြိမ်ဖန်များစွာ ရောက်လာခဲ့သည်။ နောက်ပိုင်းတွင် သူတို့နှစ်ယောက်က စကားပြောဖြစ်ခဲ့ကြသည်။ ထိုသို့ဖြင့် အစပိုင်းတွင် အပြန်အလှန် ခေါင်းညိတ်ပြသည့် အခြေအနေမှ ယခုကဲ့သို့ ရင်းနှီးသိကျွမ်းသော အခြေအနေသို့ တိုးတတ်သွားခဲ့သည်။ တစ်ဖက်လူက အင်ပါယာအကယ်ဒမီတစ်ခုလုံးတွင် သူနှင့် စကားအများဆုံး ပြောဖူးသူဟုပင် သတ်မှတ်နိုင်သည်။
သူတို့နှစ်ယောက်က သူတို့၏ နာမည်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ သို့သော်လည်း ထိုနာမည်က အင်ပါယာအကယ်ဒမီထဲမှာ လျှို့ဝှက်နာမည်တစ်ခုသာဖြစ်ကြောင်း သူတို့သိထားကြသည်။
“ မင်းက ရှေးဟောင်းကျင့်ကြံခြင်းအတတ်ပညာတွေကို လေ့လာနေတာလား ”
ချန်းယွင်သည် ရွှီချင်းဆီသို့ လျှောက်လာပြီးနောက် ရွှီချင်း၏ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်ကာ ပြုံးလိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
“ ကျောင်းတော်အများစုက အဆင့်ချိုးဖြတ်ဖို့နဲ့ ပြောင်းလဲမှုတွေကို စူးစမ်းလေ့လာနေတာလို့ ငါတွေးမိတယ် ”
“ မင်းရဲ့ စကားက တကယ့်ချက်ကောင်းကို ထိမှန်တာပဲ… တကယ်လည်း အဲ့ဒီအတိုင်းပဲ… လူသားဧကရာဇ်က တခြားလူတွေရဲ့ အမြင်ကို ဆန့်ကျင်ပြီး အင်ပါယာအကယ်ဒမီကို တည်ထောင်ခဲ့တာက အဲ့ဒီရည်ရွယ်ချက်ကြောင့်ပဲ ”
ချန်းယွင်သည် သူ့အရှေ့မှ ရွှမ်လဲ့ဇီဟုအမည်ရသော လူငယ်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက ကျောင်းတော်သားအသစ်ဖြစ်ကြောင်း အစောကြီးကတည်းက သူသတိထားမိသည်။
ကျောင်းတော်သားအသစ်သည် နေ့တိုင်း ထွက်ပေါ်မလာနိုင်သော်လည်း လတိုင်းတွင် ဆယ်ယောက်ကျော်ခန့် ဝင်ရောက်လာလေ့ ရှိသည်။ သူတို့၏ သရုပ်ကိုတော့ စုံစမ်းစစ်ဆေးရန် မလိုအပ်ပေ။
“ ငါတို့လူသားမျိုးနွယ်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က တကယ်ပဲ ဖျက်ဆီးခံထားရတယ်… နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် မျိုးနွယ်စုအားလုံးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ဖြတ်တောက်ခံလိုက်ရတယ်လို့တောင် ပြောကြတယ် ”
ချန်းယွင်၏ အသံထဲမှာ စိတ်ခံစားချက် တစ်စွန်းတစ်စ ပါရှိသည်။
“ ဖျက်ဆီးခံလိုက်ရတာက အုပ်ချုပ်သူအဆင့်ကို တတ်ရောက်နိုင်မယ့်နည်းလမ်းပဲ ”
“ ကောင်းကင်ဘုံတာအိုက နတ်ဘုရားမျက်နှာပျက်ကြီးကြောင့် သက်ရောက်ခံလိုက်ရပြီး ဒီလောကကြီးထဲမှာ ဒြပ်နှောတွေ ဖြစ်ပေါ်လာတယ်… သေမျိုးတွေအတွက်တော့ ဒြပ်နှောတွေက သေဆုံးနိုင်တဲ့ အဆိပ်တွေ ဖြစ်တယ်… အဆင့်နိမ့်ကျင့်ကြံသူတွေကျတော့ အဲ့ဒါက သေတာထက် ပိုဆိုးဝါးတဲ့ ကံကြမ္မာပဲ… အဆင့်မြင့်ကျင့်ကြံသူတွေကျတော့ အဲ့ဒါက လမ်းစဉ်ဖြတ်တောက်ခံလိုက်ရခြင်း ဖြစ်တယ် ”
“ တကယ်လို့ မင်းက ရှေးဟောင်းသွေးမျိုးစက်တစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဒါမှမဟုတ် အတင်းအဓ္ဓမ အင်အားသုံးပြီး အဆင့်ချိုးဖြတ်မယ်ဆိုရင် ဝိညာဉ်စုစည်းခြင်းအဆင့်ကနေ အုပ်ချုပ်သူအဆင့်ကို တတ်ရောက်နိုင်လိမ့်မယ် ”
“ ဒါပေမဲ့ ကန့်သတ်ချက်တစ်ခုရှိတယ် ”
“ မင်းက မဟာဧကရာဇ်အဆင့်ကို ရောက်ရှိနိုင်မှာမဟုတ်ဘူး ”
“ ဒီအတွက်ကြောင့် ဂိုဏ်းတော်အသီးသီးက နောက်ပိုင်းမျိုးဆက်တွေရဲ့ ပညာရှိတွေက သူတို့ရဲ့ အသိပညာတွေကို လက်ရှိအခြေအနေနဲ့ ပေါင်းစပ်ပြီး အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်နိုင်မယ့် လမ်းစဉ်အသစ်တစ်ခုကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်… လူတချို့ဆိုရင် မဟာဧကရာဇ်အဆင့်ကို တတ်လှမ်းနိုင်မယ့် သီအိုရီတွေကို ထုတ်ဖော်ဖို့တောင် ကြိုးစားခဲ့ကြတယ် ”
“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က အဲ့ဒါကို ကိုယ်စားပြုတယ်… အဲ့ဒီကျောင်းတော်ရဲ့ မူဝါဒက လူအများအပြားကို မျှော်လင့်ချက်ပေးခဲ့တယ်… ဒါကြောင့်လည်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က နှစ်အနည်းငယ်အတွင်းမှာ တည်ဆောက်ခဲ့တယ်ဆိုပေမဲ့ လက်ရှိမှာ အင်ပါယာအကယ်ဒမီရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်လာတာပေါ့ ”
“ ဒါပေမဲ့ သူတို့ရဲ့ အမြင်ကို ငါသဘောမတူဘူး ”
ချန်းယွင်သည် ခေါင်းခါလိုက်သည်။
“ အတိတ်တုန်းက ရှေးဟောင်းလမ်းစဉ်က ဘာလဲ ”
ရွှီချင်းက မေးသည်။ အသင်္ချေအတတ်ပညာကျောင်းတော်မှ စာအုပ်များထဲတွင် ထိုအကြောင်းကို သူရှာမတွေ့ပေ။
“ နွေဦးအင်မော်တယ် ”
ချန်းယွင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ တစ်ခဏကြ တွေးတောပြီးနောက် သူက ဆက်လက် ပြောသည်။
“ အသင်္ချေအတတ်ပညာကျောင်းတော်ထဲမှာ ရှေးဟောင်းလမ်းစဉ်ကို မထောက်ခံဘူး… ဒီတော့ တကယ်လို့ မင်းက အဲ့ဒါကို နားလည်ချင်တယ်ဆိုရင် မူကွဲအင်မော်တယ်ကျောင်းတော်ဆီ သွားပါ… အဲ့ဒီကျောင်းတော်က စစတည်ထောင်ခဲ့ချိန်တုန်းက အင်ပါယာအကယ်ဒမီရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်ခဲ့တယ်… ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့ မူဝါဒက ယုတ္တိမရှိတာကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့တယ် ”
ဤသည်ကို ကြားသောအခါ ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက လက်သီးဆုပ်လိုက်ပြီး ချန်းယွင်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူက မူကွဲအင်မော်တယ်ကျောင်းတော်ကို ရှာဖွေရန် ထွက်သွားသည်။
ရွှီချင်းက အသင်္ချေအတတ်ပညာကျောင်းတော်မှ ထွက်ခွာသွားပြီးနောက် ချန်းယွင်နှင့် ရင်းနှီးကျွမ်းဝင်သော ကျောင်းတော်သားတစ်ယောက်သည် စူးစမ်းလိုသော အမူအရာဖြင့် အရှေ့သို့ ထွက်လျှောက်လာသည်။ သူက ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း လေသံတိုးတိုးဖြင့် ပြောသည်။
“ စီနီယာအကိုချန်းယွင်… ဒီရွှမ်လဲ့ဇီရဲ့ နောက်ခံက ဘာမို့လို့လဲ… မင်းက သူ့ကို ခါတိုင်းထက် ပိုပြီးစကားပြောနေတယ်လို့ ငါထင်တယ် ”
ရယ်မောသံသည် ချန်းယွင်၏ မျက်နှာဖုံးအောက်မှ ပျံ့လွင့်လာသည်။ သူက ဘေးမှ ကျောင်းတော်သား၏ ပခုံးကို ပုတ်လိုက်သည်။
“ ဒီအတောအတွင်း အင်ပါယာအကယ်ဒမီကို ဝင်ရောက်လာတဲ့ ကျောင်းသားသစ်တွေထဲမှာ အကောင်ကြီးကြီးတစ်ကောင် ပါလာတယ်… ရွှမ်လဲ့ဇီက သူဟုတ်လား မဟုတ်ဘူးလားဆိုတာ ငါမသိပေမဲ့ လူတွေနဲ့ ရင်းနှီးကျွမ်းဝင်တာက အကျိုးမယုတ်ပါဘူး ”
ချန်းယွင်၏ ဘေးမှ ကျောင်းတော်သားသည် နက်နဲစွာ တွေးတောလိုက်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်းသည် မူကွဲအင်မော်တယ်ကျောင်းတော်ကို ရှာဖွေနေရင်း ချန်းယွင်၏ စကားများကို ပြန်စဉ်းစားနေသည်။ တစ်ဖက်လူက အဘယ့်ကြောင့် သူ့အား ကိစ္စအများကြီးကို ပြောပြရသလဲဟူသော မေးခွန်းအတွက်တော့ ချန်းယွင်က သူ့အား တတိယအကြိမ်မြောက် အရင်လာနှုတ်ဆက်ပြီးနောက် အဖြေကို သူခန့်မှန်းမိခဲ့သည်။
မည်သို့ဖြစ်ပါစေ သူက အင်ပါယာအကယ်ဒမီမှာ တတ်ရောက်ရန် အရည်အချင်းပြည့်မီပြီးသားဖြစ်ကြောင်း နန်းမြို့တော်ထဲမှ လူတိုင်းက သိရှိထားကြသည်။ ထို့ကြောင့် ဤအတောအတွင်း သူက အင်ပါယာအကယ်ဒမီသို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း မည်သူမဆို စဉ်းစားနိုင်ပေသည်။
“ သူ့ကြည့်ရတာ တွေးခေါ်တတ်ပြီး ဉာဏ်အမြော်အမြင်ရှိမယ့်ပုံပဲ… သူ့ရဲ့ အဆင့်အတန်းက သေချာပေါက် မြင့်မားရမယ် ”
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး အဝေးမှ အသင်္ချေအတတ်ပညာကျောင်းတော်၏ အဖြူရောင်မျှော်စင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက လူအုပ်ကြားထဲသို့ လျှောက်သွားသည်။ နှစ်နာရီကြာပြီးသည့်နောက် သူက အင်ပါယာအကယ်ဒမီ၏ အရှေ့ဘက်ပိုင်းမှာ အဖြူရောင်မျှော်စင်တစ်ခုကို မြင်သွားသည်။
အပြင်ဘက်မှ ကြည့်လျှင် ထိုမျှော်စင်သည် တခြားအဖြူရောင်မျှော်စင်များနှင့် မခြားနားပေ။ သို့သော်လည်း မျှော်စင်၏ ဘေးပတ်ဝန်းကျင်က ဟာလာဟင်းလင်းဖြစ်နေလေရာ လူသူကင်းမဲ့သော လွင်တီးခေါင်မြေနှင့် ဆင်တူသည်။ ဤနေရာသည် တခြားနေရာများနှင့် နှိုင်းယှဉ်လျှင် သက်ဝင်လှုပ်ရှားမှုမရှိပေ။ အဖြူရောင်မျှော်စင်သည်ပင် ယိုယွင်းပျက်စီးနေပုံပေါ်သည်။
ရွှီချင်း၏ အကြည့်ထဲမှာ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။ ဤကျောင်းတော်သည် လွန်ခဲ့သော လဝက်အတွင်း သူမြင်ခဲ့ဖူးသမျှ ကျောင်းတော်များထဲတွင် အစုတ်ပြတ်ဆုံး ကျောင်းတော်အဖြစ် သတ်မှတ်နိုင်သည်။ သူက အဖြူရောင်မျှော်စင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ကျောင်းတော်သားသုံးယောက်က ပျင်းရိစွာ ထိုင်နေကြကြောင်း မြင်သွားသည်။
သူတို့က ရွှီချင်းကို တစ်ချက်ပင် မကြည့်ကြချေ။
မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲတွင် ကျောက်စိမ်းပြားများစွာရှိသော်လည်း ယင်းတို့က နေရာအနှံ့မှာ ပြန့်ကျဲနေကြသည်။ တချို့သည် အခန်းထောင့်မှာ စုပုံရှိနေကြသည်။
ကျောင်းအုပ်ကြီးပင် ဤနေရာမှာ ရှိသည်။
တစ်ခုသိထားရမည်မှာ ကျောင်းအုပ်ကြီးများကို အခွင့်အခါကြုံကြိုက်မှသာလျှင် မြင်တွေ့ခွင့်ရနိုင်သည်။ ပုံမှန်အားဖြင့် သူတို့ကို မြင်တွေ့ခဲသည်။ သူတို့က မျှော်စင်၏ ထိပ်ဆုံးမှာသာ အမြဲနေထိုင်ကြလေ့ ရှိသည်။ သို့သော်လည်း ဤကျောင်းတော်တွင်…
ကျောင်းအုပ်ကြီးသည် ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းပြားအပုံတစ်ခု၏ အရှေ့မှာ ဆောင့်ကြောင့်ထိုင်လျက် တစ်စုံတစ်ခုကို လှန်လှောရှာဖွေနေသည်။ သူက မည်သည့်အရာကို ရှာဖွေနေကြောင်း မည်သူမှ မသိပေ။
ရွှီချင်းသည် တိတ်ဆိတ်စွာ လမ်းလျှောက်နေရင်း သူ၏ ဘေးပတ်ပတ်လည်ကို စစ်ဆေးကြည့်ရှုနေသည်။ သူက မမေးဘဲ မနေနိုင်ပေ။
“ ရှေးဟောင်းလမ်းစဉ်ရဲ့ နွေဦးအင်မော်တယ်နဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတာတွေ ဒီမှာ ရှိပါသလား ”
“ အဲ့ဒါကို ကြည့်တော့ရော ဘာအသုံးဝင်မှာလဲ… မြန်မြန်ထွက်သွားစမ်း… တခြားတစ်ယောက် ငါတို့အနားမှာရှိနေတာကို မကြိုက်ဘူး ”
စိတ်မရှည်သော အသံသည် ပျင်းရိနေသော ကျောင်းသားတော်သုံးယောက်၏ အလယ်မှ ထွက်ပေါ်လာသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်ကို ဖြတ်သန်းသွားစဉ် တစ်စုံတစ်ခု ရှာဖွေနေသော ကျောင်းအုပ်ကြီးက ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်သည်။
“ နွေဦးအင်မော်တယ်နဲ့ ပတ်သက်တဲ့ မိတ်ဆက်က ဒီနေရာမှာ မရှိဘူး… နောက်ပိုင်းမျိုးဆက်တွေရဲ့ အတွေးအမြင်တချို့ပဲ ရှိတယ်… တကယ်လို့ မင်းကြည့်ချင်ရင်တော့ ယူကြည့်နိုင်တယ်… ဒါပေမဲ့ ဒီကနေ မြန်မြန်ထွက်သွားပါ… ဒီအဖိုးကြီးလည်းပဲ အနားမှာ သူစိမ်းတစ်ယောက်ရှိနေတာကို သဘောမကျဘူး ”
ရွှီချင်းက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ သူက မည်သည့်စကားမှ မပြောဘဲ ကျောက်စိမ်းပြားထဲမှ အကြောင်းအရာကို အာရုံစိုက်လိုက်သည်။
ထိုကျောက်စိမ်းပြားထဲမှာ နွေဦးအင်မော်တယ်၏ မိတ်ဆက်အကြောင်း မပါရှိပေ။ နွေဦးအင်မော်တယ်အပေါ် နောက်ပိုင်းမျိုးဆက်များ၏ အတွေးအမြင်များသာ ပါရှိပြီး ယင်းတို့က အလွန်ရိုးရှင်းသည်။ ဤကျောက်စိမ်းပြားထဲတွင် အကြောင်းအရာတစ်ခုတည်းကိုသာ ရှင်းလင်းစွာ ဖော်ပြထားသည်။
“ နွေဦးအင်မော်တယ်ရဲ့ အတွေးက အင်မော်တယ်ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တယ် ”
“ ဒါဟာ သီအိုရီတစ်ခုပဲ… အင်မော်တယ်လမ်းစဉ်က ဖြတ်တောက်ခံထားရပြီး အရှေ့ကို ဆက်မတတ်နိုင်တော့ဘူး… အုပ်ချုပ်သူအဆင့်ပြီးရင် ခြေလှမ်းဝက်အင်မော်တယ်တွေ ရှိလာတော့မှာ မဟုတ်ဘူး… ဒါပေမဲ့ အသင်္ချေနည်းလမ်းတွေထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ”
“ ငါ့မှာ အကြံတစ်ခုရှိတယ်… အဲ့ဒါက ဝိညာဉ်ကို ချည်မျှင်တွေအဖြစ် သန့်စင်ဖို့ပဲ… ပြီးသွားရင် အသိစိတ်ပင်လယ်ထဲမှာ ချည်မျှင်တွေနဲ့ နတ်ဘုရားခန္ဓာကိုယ်တစ်ခုကို ရက်လုပ်မယ်… အဲ့ဒါကို ဝိညာဉ်နဲ့ ထိန်းချုပ်ပြီး အတွေးတွေကို အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်မယ်… နတ်ဘုရားခန္ဓာကိုယ်က ဒြပ်ထည်ဖြစ်တည်လာတဲ့အခါ တူညီတဲ့ ဇစ်မြစ်ကနေ ဆင်းသက်လာတဲ့ နတ်ဘုရားအစွမ်းကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”
“ အသိစိတ်နဲ့ စိတ်ဝိညာဉ်ရဲ့ တည်ရှိမှုက အဲ့ဒါကို အာဟာရဖြည့်ပေးနိုင်ပြီး အင်မော်တယ်လမ်းစဉ်ဆီ ပြန်သွားနိုင်ဖို့ ဦးဆောင်ပေးလိမ့်မယ် ”
“ တကယ်လို့ ငါ့အကြံသာ အောင်မြင်မယ်ဆိုရင် ငါက ခြေလှမ်းဝက်အင်မော်တယ် မဖြစ်ရင်တောင် မူကွဲအင်မော်တယ်ဖြစ်လာလိမ့်မယ် ”