← Chapters

မုန်တိုင်းစတင်ခြင်း

Vol. 76 Ch. 1176

မုန်တိုင်းစတင်ခြင်း

Vol. 76 Ch. 1176

‘ စီနီယာအကိုကြီးက ဘဝပေါင်းများစွာ ရှင်သန်ဖူးပြီး အကြိမ်ပေါင်းများစွာ ပြန်မွေးဖွားလာခဲ့တယ်… သူက လျှို့ဝှက်ဆန်းကြယ်ပြီး ရှိန်လောက်စရာကောင်းတယ် ’

‘ ဒုတိယစီနီယာအမကျတော့ မီးတောက်ဖီးနစ်ရဲ့ အချစ်ကို ရရှိခဲ့တယ် ’

‘ တတိယစီနီယာအကိုက တစ္ဆေအင်ပါယာနဲ့ ဆက်စပ်နေတယ်… သူက သူတော်စင်ကုန်းမြေက လာတာ ဖြစ်နိုင်တယ် ’

‘ ဒါဆိုရင် ငါ့ထူးခြားချက်က ဘာလဲ ’

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ကျီးကန်းနှင့် သူ့ကြားမှ ဆက်ဆံရေးကလွဲ၍ သူက တခြားလူများနှင့် ဘာမှမခြားနားကြောင်း ခံစားမိသည်။

အတိတ်တွင် နီလာနတ်သမီးနှင့် တိုက်ပွဲအတွင်းမှာ ခရမ်းသလင်းကျောက်ထဲ၌ သူမြင်တွေ့ခဲ့ရသော မြင်ကွင်းက အတုယောင်လော အစစ်အမှန်လော သူသေချာမသိပေ။

ထိုမြင်ကွင်းထဲတွင် သူက သေဆုံးသွားခဲ့သည်။ ယင်းက သူတွေ့ကြုံဖူးသော အရာနှင့် ကွဲပြားခြားနားနေသည်။

“ တကယ်ပဲ ငါတစ်ကြိမ် သေဖူးတာလား ”

လရောင်အောက်တွင် ရွှီချင်းက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ အသံသည် ညအမှောင်ထဲသို့ ဝင်ရောက်သွားပြီး ညကောင်းကင်အောက်မှာ လှိုင်းတချို့ကို ဖြစ်ပေါ်စေသည်။

တိမ်တိုက်များက ယင်းကို အာရုံခံမိသလား အာရုံမခံမိသလား မသိရသော်လည်း ယင်းတို့က လေနှင့်အတူ ရွေ့လျားသွားပြီး ညကောင်းကင်ယံတွင် ပျံ့နှံ့သွားသည်။ ကောင်းကင်သည် တဖြည်းဖြည်း ပိုမည်းမှောင်လာသည်။ ထို့နောက် မိုးခြိမ်းသံသည် တဂျိန်းဂျိန်း ပဲ့တင်ထပ်လာသည်။ ရံဖန်ရံခါ လျှပ်စီးသည် ကောင်းကင်ယံတွင် ပြိုးပြိုးပြက်ပြက် လင်းလက်သွားသည်။

မကြာမီ မိုးခြိမ်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဂျိန်းခနဲ မြည်သံသည် နန်းမြို့တော်အတွင်းမှာ ပေါက်ကွဲထွက်သွားသည်။ ယနေ့ညတွင် မိုးသည် သည်းကြီးမည်းကြီး ရွာသွန်းနေသည်။ အာရုဏ်ဦးရောက်ရှိလာသည့် အချိန်မှာပင် ကောင်းကင်သည် မည်းမှောင်နေဆဲပင်။ ယင်းက နန်းမြို့တော်ထဲမှ လူများကို လေးလံထိုင်းမှိုင်းသော စိတ်ခံစားမှု ပေးသည်။

နေ့လယ်ခင်းတွင် မိုးသည် ထပ်မံရွာသွန်းလာသည်။

ယနေ့တွင် ရွှီချင်းသည် အင်ပါယာအကယ်ဒမီဆီသို့ မသွားရောက်ခဲ့ပေ။ သူက အကယ်ဒမီထဲမှ ကျောင်းတော်အားလုံးနီပါးဆီသို့ သွားရောက်ခဲ့ပြီးပြီ ဖြစ်သည်။ ယခု သူလုပ်ရမည်မှာ ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် ဖြစ်သည်။

ထို့ပြင် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေးသည်။ ယနေ့ သူ့မှာ ချိန်းဆိုမှုတစ်ခု ရှိသည်။

သူ့ကို ဖိတ်ကြားခဲ့သူသည် တတိယမင်းသမီးဖြစ်သည်။

အကယ်၍ တခြားတစ်ယောက်သာဆိုလျှင် ရွှီချင်းက ငြင်းပယ်လိမ့်မည်။ သို့သော်လည်း တတိယမင်းသမီးသည် နန်းမြို့တော်သို့ လာသည့် ခရီးတစ်လျှောက်တွင် သူ၏ ကြင်နာမှုကို ဖော်ပြခဲ့သည်။ ထို့ကြောင့် ရွှီချင်းက သူ့ကို မငြင်းပယ်နိုင်ခြင်း ဖြစ်သည်။ သူ၏ အကျင့်စရိုက်သည် ထိုသို့ဖြစ်သည်။

သို့ဖြစ်၍ ယနေ့ မိုးသည်းထန်နေသည့်တိုင် သူက သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ညနေခင်းအချိန် ရွှီချင်းသည် သူ၏ လက်ထဲမှာ ဆီစက္ကူထီးကို ကိုင်ဆောင်လျက် စံအိမ်အပြင်သို့ လျှောက်သွားသည်။

ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားဖြင့် အပေါ်မှ ကျဆင်းလာသော မိုးရေစက်များကို တားဆီးရန် အကာအကွယ်အလွှာတစ်ခု ဖန်တီးနိုင်ကြသည်။ သို့သော်လည်း သူက သေမျိုးကြားထဲမှာ ရှိနေသောကြောင့် မလိုအပ်ဘဲ သီးခြားခွဲထွက်နေရန် ဆန္ဒမရှိပေ။

ဤသည်မှာ စိတ်ကျင့်စဉ်တစ်ခုဖြစ်ပြီး အင်ပါယာအကယ်ဒမီ၏ စိတ်စွမ်းအားကျောင်းတော်ထံမှ ရွှီချင်း သိရှိလာခဲ့သောအရာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက နန်းမြို့တော်ထဲမှ လမ်းပေါ်တွင် အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်နေသည်။ သူက ဘေးပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားနေကြသော လူများကို ကြည့်ရှုနေရင်း အတွေးကျောင်းတော်များအကြောင်းကို စဉ်းစားနေသည်။ လမ်းတစ်လျှောက်တွင် သူက ထိုအတိုင်း ဆောင်ရွက်ခဲ့သည်။

မိုးရေစက်များသည် ထီးပေါ်သို့ ကျဆင်းလာပြီး တပေါက်ပေါက် မြည်သံကို ထွက်ပေါ်စေသည်။ ထို့နောက် မိုးရေစီးကြောင်းများသည် ထီးရွက်ပေါ်မှာ ဖြစ်ပေါ်လာကြပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။ လေတိုက်ခတ်မှုသည် မိုးရေစီးကြောင်းများကို လမ်းကြောင်းတိမ်းစောင်းသွားစေပြီး ပြတ်တောင်းပြတ်တောင်း ကျဆင်းသွားစေသည်။

အဆုံးမှာတော့ ၎င်းတို့က မိုးရေစက်များသို့ ပြန်ပြောင်းလဲသွားကြပြီး ၎င်းတို့၏ အပေါင်းအဖော်များနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။

“ မိုးရေစက်က မိုးရေစက်ဖြစ်သလို မိုးရေစက်က မိုးရေစက်မဟုတ်ဘူး… ဒါပေမဲ့ မိုးရေစက်က မိုးရေစက်ဖြစ်နေတုန်းပဲ ”

ရွှီချင်းသည် ကောင်းကင်ကို ကြည့်လိုက်သည်။ သူ့ဆရာ၏ နောက်ခံကြောင့် ဖြစ်ပေါ်လာသော သူ၏ နှလုံးသားထဲမှ လှိုင်းဂယက်များသည် စီနီယာအကိုကြီး၏ စကားကြောင့် တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။

“ ဒီလောကရဲ့ အလှတရားက မသိခြင်းပေါ်မှာ တည်ရှိတယ် ”

“ တကယ်ပဲ ငါတစ်ခါသေဖူးလားဆိုတာက အရေးမကြီးဘူး… အရေးကြီးတာက အခု ငါအသက်ရှင်နေတုန်းပဲ ”

“ တကယ်လို့ ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ ငါနေနိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းလိမ့်မယ် ”

ရွှီချင်းသည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ဤသည်မှာ ငယ်စဉ်အခါက ဆင်းရဲသားရပ်ကွက်မှာ သူနေထိုင်ခဲ့စဉ်တုန်းက အမြဲလိုချင်တောင့်တခဲ့သော သူ၏ အိမ်မက်ဖြစ်သည်။ ယင်းက တစ်ခါမှ မပြောင်းလဲသွားခဲ့ပေ။

အသက်ရှင်သန်ခြင်း…

အသက်ရှင်သန်မှသာလျှင် သူက လိုက်ကာကို မြှောက်တင်နိုင်ပြီး အမှန်တရားကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့နိုင်လိမ့်မည်။ သို့မှသာ သူက သူ့ဆရာ၊ စီနီယာအကိုကြီးနှင့် သူ့မိတ်ဆွေများနှင့်အတူ ဤလောကကြီးထဲမှာ ခရီးထွက်နိုင်လိမ့်မည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဝေးသို့ တဖြည်းဖြည်း လျှောက်သွားသည်။ ကောင်းကင်က တဖြည်းဖြည်း မှောင်ရီလာသည့်အခါ သူက နန်းမြို့တော်၏ အနောက်တောင်ပိုင်းဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် ဖီးနစ်နန်းဆောင်တစ်ခု ရှိသည်။

ယင်းက အင်မော်တယ်တားမြစ်နယ်မြေထဲမှ ဖီးနစ်နန်းဆောင်နှင့် ဆင်တူသောကြောင့် ရွှီချင်း၏ စိတ်ကို ခဏတာ ဆွဲဆောင်သွားသည်။

ဤသည်မှာ တတိယမင်းသမီး၏ နန်းတော်အပြင်ဘက်မှ စံအိမ်ဖြစ်သည်။

ယနေ့ သူတစ်ယောက်တည်း ဖိတ်ကြားခံထားရခြင်း မဟုတ်ပေ။ နန်းမြို့တော်ဒေသကြီးထဲမှ ထူးချွန်ထက်မြက်သော လူတချို့သည်လည်း ဖိတ်ကြားခံထားရကြသည်။ ထို့ပြင် ထိုထဲမှာ တတိယမင်းသမီး၏ မိတ်ဆွေများလည်း ပါဝင်ကြသည်။

တတိယမင်းသမီးက သူ၏ ကောင်းမွန်သော ဆန္ဒကို ဖော်ပြလိုခြင်းဖြစ်ကြောင်း ရွှီချင်း နားလည်သည်။ သူက သူ့ကို လူအများအပြားနှင့် မိတ်ဆက်ပေးလိုခြင်း ဖြစ်သည်။

ရွှီချင်းသည် လူမူဆက်ဆံရေးတွင် အနည်းငယ် အားနည်းသော်လည်း တတိယမင်းသမီး၏ ကြင်နာမှုကို လက်ခံရန် ရွေးချယ်ခဲ့သည်။ သူက တတိယမင်းသမီး၏ စံအိမ်ထဲသို့ ခြေချလိုက်သည့်အခိုက် လွန်စွာ ကျယ်လောင်သော မိုးခြိမ်းသံသည် ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။

မိုးခြိမ်းသံသည် အလွန်ကျယ်လောင်သောကြောင့် ကမ္ဘာမြေသည်ပင် တုန်လှုပ်သွားသည်။ ဤသည်မှာ ဧရာမနတ်ဘုရားတစ်ပါးက ကောင်းကင်ပေါ်မှာ ဒေါသတကြီး ဟိန်းဟောက်နေသည့်အလားပင်။ မရေမတွက်နိုင်သော မိုးရေစက်များသည် ထိုမိုးခြိမ်းသံအောက်မှာ ပေါက်ကွဲထွက်သွားကြပြီး မြူခိုးအဖြစ်သို့ ပြောင်းလဲသွားသည်။

သက်ရှိအားလုံး၏ အတွေးများသည် ရုတ်တရက် ထွက်ပေါ်လာသော ထိုးမိုးခြိမ်းသံဖြင့် သက်ရောက်ခံလိုက်ရသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး မည်းမှောင်နေသော ကောင်းကင်ကို ကြည့်လိုက်သည်။

ပုံမှန်အားဖြင့် မိုးခြိမ်းသံသည် သူ့အား မထိတ်လန့်စေနိုင်ပေ။ သို့သော်လည်း စိတ်မသက်မသာဖြစ်သော ခံစားမှုသည် ဤအခိုက်အတန့်မှာ သူ၏ နှလုံးသားထဲ၌ ထွက်ပေါ်လာသည်။

ယင်းက ကောင်းကင်ဘုံတာအို၏ သတိပေးမှု ဖြစ်သည်။

တစ်ခုသိထားရမည်မှာ သူလုပ်ကြံသတ်ဖြတ်ခံရချိန်မှာပင် ကောင်းကင်ဘုံတာအိုသည် သူ့ကို သတိမပေးခဲ့ပေ။ သို့သော်လည်း ယခု ကောင်းကင်ဘုံတာအို၏ သတိပေးမှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

“ ကိစ္စကြီးတစ်ခု ဖြစ်ပွားတော့မယ်… ”

ရွှီချင်းသည် စိတ်ထဲမှာ ကိစ္စတချို့ကို စဉ်းစားပြီးနောက် တတိယမင်းသမီး၏ စံအိမ်ထဲသို့ လျှောက်သွားသည်။

တစ်ချိန်တည်းမှာ နန်းမြို့တော်၏ မြောက်ဘက်ပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မျှော်စင်အစုအဝေးတစ်ခု ရှိသည်။ ထိုမျှော်စင်များသည် ကြက်ခြေခတ်အစီအရင်တစ်ခုပုံစံ ရှိနေကြခြင်း ဖြစ်သည်။

အပြင်ဘက်မှ မျှော်စင်များသည် အရှည်ဆုံးဖြစ်ပြီး အတွင်းဘက်မှ မျှော်စင်များသည် အတိုဆုံးဖြစ်သည်။ ဤနေရာတွင် အစောင့်အကြပ် အလွန်ထူထဲသည်။ နေရာတိုင်းမှာ ကင်းလှည့်စစ်ဆေးနေကြသော အစောင့်အကြပ်များ ရှိကြသည်။ ဤနေရာမှာ အံ့ဖွယ်ကောင်းသော စည်းချအစီအရင်များလည်း ရှိသည်။ ထိုအချက်များက ဤနေရာကို နန်းမြို့တော်ထဲမှာ စောင့်ကြည့်ခံရဆုံး တည်နေရာဖြစ်လာစေသည်။

ဤနေရာသည် အထက်ရွှမ်နန်းတော်ငါးခုထဲမှ ဖန်တီးခြင်းနန်းတော်ဖြစ်သည်။ ဖန်တီးခြင်းနန်းတော်သည် အင်မော်တယ်အတတ်ပညာများနှင့် နတ်ဘုရားများအား စူးစမ်းလေ့လာခြင်းကို အဓိကအာရုံစိုက်သော အဖွဲ့အစည်းဖြစ်သည်။ ၎င်းက အာရုဏ်ဦးနေမင်းကို ဖန်တီးထုတ်လုပ်ခဲ့သော နေရာလည်း ဖြစ်သည်။

လူသားမျိုးနွယ်အတွက် ဤနန်းတော်သည် အလွန်အရေးကြီးသည်။ သို့ဖြစ်၍ ဖန်တီးခြင်းနန်းတော်၏ အဆင့်မြင့်အရာရှိများအပြင် လူသားဧကရာဇ်သည် သူ၏ နဝမသားတော်ကို ဖန်တီးခြင်းနန်းတော်ထဲမှာ ရာထူးတစ်ခု ခန့်အပ်ပေးခဲ့သည်။

နဝမသားတော်သည် ဖန်တီးခြင်းနန်းတော်ထဲမှာ နေရာတစ်နေရာ ရရှိသွားပြီးနောက် ထီးနန်းအရိုက်အရာဆက်ခံမှုအတွက် တိုက်ပွဲမှာ မပါဝင်တော့ကြောင်း ကျမ်းကျိန်ခဲ့သည်။ သူက မည်သည့်ဘက်မှာမှ မရပ်တည်ခဲ့ပေ။

ထို့ကြောင့် သူက ရှေးဘုရင်ဂြိုလ်ပေါ်မှ ဆင်ခြင်နားလည်မှုတွင် မပါဝင်ခဲ့ခြင်း ဖြစ်သည်။

သူ့အတွက်တော့ အင်မော်တယ်အတတ်ပညာများနှင့် နတ်ဘုရားများကို စူးစမ်းလေ့လာခြင်းသည် အကြီးမားဆုံး ရည်မှန်းချက်ဖြစ်သည်။ သူက လူသားဧကရာဇ်ကိုလည်း စိတ်မပျက်စေခဲ့ပေ။ သူက အာရုဏ်ဦးနေမင်းကို ဖန်တီးရာတွင် အကျိုးဆောင်ပေးခဲ့သည်။

ပုံမှန်အားဖြင့် လူသားဧကရာဇ်၏ ဆင့်ခေါ်ခြင်းမခံရလျှင် နဝမသားတော်သည် ဖန်တီးခြင်းနန်းတော်ထဲမှ အပြင်ထွက်လေ့ မရှိပေ။ သို့သော်လည်း ယနေ့မှာ မိုးခြိမ်းသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေစဉ် သူက ဒယိမ်းဒယိုင်ဖြင့် အတွင်းဘက်မျှော်စင်ထဲမှ ထွက်လာသည်။

သူ၏ အမူအရာမှာ ထိတ်လန့်ခြင်းနှင့် ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ မိုးရေက သူ၏ တစ်ကိုယ်လုံးကို ရွှဲစိုသွားနေစဉ် သူ၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်နေသည်။ ထို့နောက် သူက နှလုံးကွဲကြေသော အသံဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားအောင် အသံကုန် အော်ပြောလိုက်သည်။

“ လူသားဧကရာဇ်ရဲ့ နဝမသားတော်ဖြစ်ပြီး ဖန်တီးခြင်းနန်းတော်ရဲ့ ဌာနခေါင်းဆောင်ဖြစ်တဲ့ ငါက အမိန့်ထုတ်ပြန်လိုက်တယ်… အခုချက်ချင်း ဖန်တီးခြင်းနန်းတော်တစ်ခုလုံးကို တံခါးပိတ်စေ… ဘယ်သူမှ နန်းတော်ထဲကနေ ထွက်သွားခွင့်မပြုဘူး… အမိန့်မနာခံတဲ့လူကို ချက်ချင်း ကွပ်မျက်စေ ”

သူ၏ အသံက ပဲ့တင်ထပ်သွားသည်။ မိုးခြိမ်းသံနှင့်အတူ နန်းမြို့တော်ထဲမှ စည်းချအစီအရင်သည် ချိပ်တံဆိပ်စည်းတစ်ခုသို့ ပြောင်းလဲသွားပြီး ဤနေရာပေါ်သို့ ဆင်းသက်လာသည်။ ရုတ်တရက် ထိုအပြောင်းအလဲက ဖန်းတီးခြင်းနန်းတော်ထဲမှ ကျင့်ကြံသူများကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေသည်။

သို့သော်လည်း နဝမင်းသားသည် ထိုကိစ္စကို အရေးမထားပေ။ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူက ဤနေရာကို စောင့်ကြပ်ပေးနေရင်း လူသားဧကရာဇ် ရောက်ရှိလာမည်ကို စောင့်ဆိုင်းသည်။

တစ်ချိန်တည်းမှာ ဖန်တီးခြင်းနန်းတော်၏ အဆင့်မြင့်အရာရှိများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့အားလုံး၏ မျက်နှာသည် ဖြူဖျော့နေပြီး ချောက်ချားမှုဖြင့် ပြည့်နှက်နေကြသည်။ သူတို့က မိုးရေထဲမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

တစ်ချိန်တည်းမှာ တတိယမင်းသမီး၏ ဖီးနစ်နန်းဆောင်ထဲတွင် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းကို ဆက်လက် ကျင်းပနေကြသည်။ တတိယမင်းသမီးသည် ထိပ်ဆုံးမှ ခုံပေါ်မှာ ထိုင်နေပြီး ရွှီချင်းကို သူ့ဘေးမှာ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ တခြားလူများသည်တော့ ဘေးတစ်ဖက်စီမှာ စီတန်းထိုင်နေကြသည်။

အရေအတွက်အားဖြင့် ဒါဇင်ခန့် ရှိကြသည်။ သူတို့သည် ယောင်္ကျားမိန်းမများ ဖြစ်ကြသည်။ သူတို့အားလုံးသည် နန်းမြို့တော်မှ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များ၏ မျိုးဆက်များဖြစ်သလို ကောင်းကင်အရွေးချယ်ခံများ ဖြစ်ကြသည်။ မုန့်ယွင်ပိုင်လည်း သူတို့ထဲမှာ ပါရှိပြီး တခြားလူများနှင့် ဝမ်းသာပျော်ရွှင်စွာ စကားပြောနေသည်။

သူတို့တစ်ယောက်စီက တတိယမင်းသမီး၏ ဖိတ်ကြားမှုကို ခံခဲ့ရသောကြောင့် အခြေခံအားဖြင့် ဤပွဲအခမ်းအနားမှာ မပျော်ရွှင်ဖွယ်အခြေအနေကို ဖန်တီးရန် စိတ်မရှိကြပေ။ သူတို့အများစုသည် ရွှီချင်းအပေါ် ကြင်နာစွာ ဆက်ဆံကြပြီး ရိုသေလေးစားကြသည်။

မည်သို့ဖြစ်ပါစေ ရွှီချင်းက သူတို့နှင့် မျိုးဆက်တစ်ဆက်တည်းဖြစ်သော်လည်း သူ၏ သရုပ်သည် ထူးခြားသည်။ အထူးသဖြင့် တစ်ဖက်လူက ဧကရာဇ်ဓားကို ရရှိခဲ့ပြီးနောက် ဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်းက လူမူဆက်ဆံရေးတွင် အားနည်းသော်လည်း သူတို့နှင့် လွယ်ကူစွာ ပြောဆိုဆက်ဆံနိုင်ခဲ့သည်။

သုံးကြိမ်မြောက် ဝိုင်းဖွဲ့သောက်ပြီးသောအခါ ဤနေရာမှ လေထုသည် ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ သူတို့၏ စကားဝိုင်းသည် တတိယမင်းသမီး၏ လမ်းညွှန်မှုအောက်မှာ အင်ပါယာအကယ်ဒမီဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းသွားသည်။

“ အားလုံးပဲ ကြားပြီးကြပြီလား… အင်ပါယာအကယ်ဒမီရဲ့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တယ်… ဒီလဝက်အတွင်းမှာ သူတို့က တပည့်ရင်းစမ်းသပ်မှုကို ကျင်းပမယ်တဲ့… ဒီတစ်ကြိမ်မှာ သူတို့က တပည့်ရင်းတစ်ရာကို ရွေးချယ်မယ်လို့ ငါကြားထားတယ် ”

“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်အကြောင်းကို ပြောမယ်ဆိုရင် ငါတို့တွေ ကျောင်းအုပ်ကြီးကို ချန်မထားသင့်ဘူး… ဒါပေမဲ့ ကံမကောင်းစွာဘဲ သူ့ရဲ့ သရုပ်က လျှို့ဝှက်ဆန်းကြယ်တယ်… သူက တစ်ခါမှ ရုပ်လုံးထုတ်မပြဖူးဘူး… ဒါပေမဲ့ သူ့ခန္ဓာကိုယ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက နတ်ဘုရားပေါင်းစပ်ခြင်းကို ပြီးမြောက်သွားပြီလို့ လူတချို့က ပြောကြတယ်… သူက အဲ့ဒါကို ဖုံးကွယ်ဖို့အတွက် ဓမ္မရတနာတစ်ခုကို အမြဲမှီခိုနေရတယ်ဆိုပဲ ”

“ သူ့ရဲ့ တိုက်ပွဲစွမ်းအားကလည်း အရမ်းအံ့ဩဖို့ကောင်းတယ်… သူက ဗလာနတ္ထိပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖိနှိပ်ဖို့ လက်တစ်ဖက်ပဲ မြှောက်ခဲ့ရတယ်လို့ ငါကြားမိတယ် ”

“ အဲ့လို ကောင်းကင်အရွေးချယ်ခံက သိုသိုသိပ်သိပ် နေထိုင်တယ်လား… အနာဂတ်မှာ သူက ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ် ”

လူတိုင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြသည်။ ဤအတောအတွင်း သူတို့က တခြားကျောင်းတော်များကိုလည်း ဆွေးနွေးကြသည်။ ဥပမာ ဝိညာဉ်ထုဆစ်ခြင်းကျောင်းတော်၊ အသင်္ချေအတတ်ပညာကျောင်းတော်၊ စိတ်စွမ်းအားကျောင်းတော်နှင့် ရတနာကျောင်းတော်တို့ ဖြစ်ကြသည်။ သူတို့က ထိုကျောင်းတော်များ၏ ကျောင်းအုပ်ကြီးများအကြောင်းကို ပြောသည့်အခါတိုင်း လူတိုင်းက မနာလိုမှုနှင့်အတူ ချီးမွမ်းကြသည်။

တစ်ချိန်တည်းမှာ သူတို့က ထိုကျောင်းအုပ်ကြီးများ၏ အစစ်အမှန်သရုပ်ကို ခန့်မှန်းကြသည်။ သို့သော်လည်း ထိုအရာအားလုံးက ခန့်မှန်းမှုများသာ ဖြစ်ကြသည်။ ကျောင်းအုပ်ကြီးတစ်ယောက်က မင်းသားတစ်ပါးဖြစ်လိမ့်မည်ဟူသော ခန့်မှန်းမှုတစ်ခုပင် ရှိသည်။

ရှင်းလင်းစွာပင် အတွေးကျောင်းတော်များ၏ နာမည်ကျော်ကြားမှုသည် အင်ပါယာအကယ်ဒမီအတွင်းမှာသာ ကန့်သတ်မထားပေ။ ယင်းက ပြင်ပလောကအထိ သက်ရောက်မှုရှိပြီး လူတိုင်း၏ စိတ်ဝင်စားမှုကို အနည်းနှင့်အများ ရရှိထားကြသည်။

“ အခု အင်ပါယာအကယ်ဒမီရဲ့ အဓိကမူဝါဒက နတ်ဘုရားပေါင်းစပ်ခြင်းဖြစ်လာတာ စိတ်မကောင်းစရာပဲ… တခြားကျောင်းတော်တွေအားလုံးက နောက်ကျကျန်နေခဲ့ကြပြီ… ဒီတော့ ကျောင်းတော်တွေကြားက ပြိုင်ဆိုင်မှုက အရင်ကလောက် မပြင်းထန်တော့ဘူး… အင်ပါယာအကယ်ဒမီထဲက စာအုပ်တွေကို ငါဖတ်ပြီးပြီ… အင်ပါယာအကယ်ဒမီကို စတင်တည်ထောင်ကတည်းက ကျောင်းတော်တွေကြားမှာ အဓိကယှဉ်ပြိုင်မှုလေးခု ရှိခဲ့တယ်တဲ့… အဲ့လိုယှဉ်ပြိုင်တိုင်း နန်းမြို့တော်တစ်ခုလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတယ် ”

လူတချို့သည် သက်ပြင်းချလိုက်ကြပြီး လူတချို့သည် ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ စကားဝိုင်းသည် ပိုပြီးကျယ်ပြန့်လာသည်။ မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို ပြောကြသော လူတချို့ပင် ရှိသည်။

“ အဲ့ဒီကျောင်းတော်တွေထက်စာရင် ငါက မူကွဲအင်မော်တယ်ကျောင်းတော်ကို ပိုပြီးစိတ်ဝင်စားတယ်… ဒါပေမဲ့ အခုတော့ အဲ့ဒီကျောင်းတော်က ဆုတ်ယုတ်သွားပြီး ဘာလွှမ်းမိုးမှုမှ မရှိတော့ဘူး ”

“ ဘာဖြစ်လို့လဲဆိုတော့ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်ပညာက အရမ်းခက်ခဲပြီး လိုအပ်ချက် အရမ်းမြင့်မားလို့လေ… အဲ့ဒါက အဓိကပြဿနာတောင် မဟုတ်သေးဘူး… အရေးကြီးဆုံးက အဲ့ဒီကျင့်ကြံခြင်းအတတ်ပညာကို တကယ်အောင်မြင်သွားတဲ့လူ တစ်ယောက်မှ မရှိသေးတာပဲ ”

မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို ပြောသည့်လူငယ်က မူနန်းဖြစ်သည်။

သူ၏ မျက်နှာသည် ကျက်သရေရှိပြီး သူ၏ အပြုံးသည် သိမ်မွေ့ညင်သာသည်။ အစောနက ရွှီချင်းရောက်လာစဉ် တတိယမင်းသမီးသည် သူ့ကို ထိုလူဖြင့် မိတ်ဆက်ပေးခဲ့သည်။ တစ်ဖက်လူသည် လူသားမျိုးနွယ်၏ လီထူဂိုဏ်းမှ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ လေသံထဲတွင် စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေပြီး ဆက်လက် ပြောသည်။

“ အဲ့ဒီကျင့်ကြံခြင်းအတတ်ပညာမှာ အောင်မြင်မှုတချို့ ရရှိခဲ့ကြတဲ့ ဘိုးဘေးနှစ်ယောက် ရှိခဲ့တယ်… တစ်ယောက်က သေတဲ့အထိ အရိုက်ခံခဲ့ရပြီး တခြားတစ်ယောက်က အသွင်ပြောင်းပြီးတဲ့နောက် မူလပုံစံကို ပြန်မပြောင်းနိုင်တော့ဘူး… သူက ယုံကြည်ကိုးကွယ်ခံရတယ်လို့ ထင်မှတ်ရပေမဲ့ တကယ်တမ်းတော့ သူက အစမ်းသပ်ခံတစ်ယောက်နဲ့ ဘာမှမခြားနားဘူး… အချိန်ကာလရဲ့ တိုက်စားမှုကြောင့် လူအနည်းငယ်ပဲ သူ့ကို မြင်ဖူးကြတယ်… ဘာအထောက်အထားမှ ကျန်မနေခဲ့ဘူး ”

“ ဒါပေမဲ့ ချန်းတောက်ဇီရဲ့ ဝိညာဉ်ရက်လုပ်ခြင်းအခြေအနေကို မှတ်တမ်းတင်ထားတဲ့ဟာက ငါတို့ဂိုဏ်းမှာ ရှိတယ် ”

ထိုသို့ပြောပြီးနောက် သူက ရွှီချင်းကို မရည်ရွယ်ဘဲ လှမ်းကြည့်လိုက်သည်။

ရွှီချင်းက သူ့ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်စွာ ပြောသည်။

“ တာအိုရောင်းရင်းမူနန်း… အဲ့ဒီမှတ်တမ်းကို ငါကြည့်လို့ရမလား ”

ဤသည်ကို မူနန်းကြားသောအခါ သူက ဝမ်းသာစွာ ပြုံးလိုက်သည်။

“ အဲ့ဒါက ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပါ… တကယ်လို့ တခြားလူဆိုရင် အဲ့ဒါကို ငါထုတ်ပြမှာမဟုတ်ဘူး… ဒါပေမဲ့ အရှင်သခင်ရွှီက ကြည့်ချင်တယ်ဆိုရင်တော့ ငါက ဝမ်းပန်းတသာ ပြပေးရမှာပေါ့ ”

မူနန်းသည် စကားပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းဆီသို့ သိမ်မွေ့ညင်သာစွာ ကမ်းပေးလိုက်သည်။

ရွှီချင်းသည် ကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်ပြီး သူ၏ စိတ်အာရုံကို ပို့လွှတ်လိုက်သည်။ မြင်ကွင်းတစ်ခုသည် သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းထဲတွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ရှိသည်။ သူက လက်တစ်ဖက်ကို ဝှေယမ်းလိုက်သည့်အခါ ဒြပ်နှောအများအပြားသည် သူ၏ နောက်ကျောမှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ချက်ချင်း ပြောင်းလဲသွားသည်။ သူက လူသားပုံသဏ္ဍာန်မှ ရက်စက်ကြမ်းကြတ်သော နတ်ဘုရားသက်ရှိတစ်ကောင်သို့ အသွင်ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ရွှီချင်း၏ အမူအရာသည် ပုံမှန်အတိုင်း ရှိနေသေးသော်လည်း သူ၏ နှလုံးသားထဲမှာ လှိုင်းတချို့ ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် ယင်းက သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်နှင့် အလွန်ဆင်တူသောကြောင့် ဖြစ်သည်။

ရွှီချင်း၏ နှလုံးသားက လှိုင်းထနေစဉ် ခေါင်းလောင်းမြည်သံသည် နန်းမြို့တော်ထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ယင်းက အလွန်လေးလံပြီး အစောနက မိုးခြိမ်းသံထက်ပင် ပိုပြီးကျယ်လောင်သည်။ ထို့ပြင် ခေါင်းလောင်းသည် ကိုးကြိမ်မြည်သွားသည်။

စံအိမ်ထဲမှ လူတိုင်းသည် အစတွင် မင်သက်သွားကြသည်။ ထို့နောက် သူတို့အားလုံး၏ အမူအရာက တစ်ပြိုင်နက် ပြောင်းလဲသွားကြသည်။ လူတချို့သည် ချက်ချင်း မတ်တတ်ထရပ်လိုက်ကြသည်။

“ တော်ဝင်ခေါင်းလောင်းက ကိုးကြိမ်မြည်သွားတယ်… ဘာဖြစ်တာလဲ ”

ရွှီချင်း၏ အမူအရာသည် တည်ကြည်သွားသည်။ ကောင်းကင်ဘုံတာအို၏ သတိပေးမှုသည် ဤအခိုက်အတန့်မှာ ပိုပြီးပြင်းထန်လာသည်။ တစ်ချိန်တည်းမှာ တတိယမင်းသမီး၏ ခန်းမအပြင်ဘက်တွင် ထိတ်လန့်ဖွယ်ကောင်းသော လေခွင်းသံများက ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ရွှေရောင်သံချပ်ကာဝတ်နန်းစောင့်တပ်ဖွဲ့သည် အပြင်ဘက်မှ ပြေးဝင်လာကြပြီး ပွဲအခမ်းအနားထဲမှာ ထွက်ပေါ်လာကြသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပွဲအခမ်းအနားထဲမှာ ချက်ချင်း ပျံ့နှံ့သွားသည်။ လူတိုင်းက ဇဝေဇဝါဖြစ်နေကြစဉ် အရှေ့ဆုံးမှ ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ၏ အေးတိအေးစက် အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်လာသည်။ သူက ဦးညွတ်လိုက်ပြီး ခါးပြန်မတ်လိုက်ကာ အေးတိအေးစက် ပြောသည်။

“ ဧကရာဇ်က အရှင်သခင်ရွှီကို နန်းတော်ဆီ ချက်ချင်း အခစားဝင်ရောက်ဖို့ မိန့်ကြားလိုက်ပါတယ် ”

All Chapters