← Chapters

မူကွဲအင်မော်တယ်ကျောင်းတော်က နာမည်ကျော်ကြားတော့မယ်

Vol. 76 Ch. 1183

မူကွဲအင်မော်တယ်ကျောင်းတော်က နာမည်ကျော်ကြားတော့မယ်

Vol. 76 Ch. 1183

အားညိုပြောသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးသည် ဤအခိုက်အတန့်မှာ အမောတကော အသက်ရှူနေရသည်။ သူ၏ မျက်လုံးထဲမှာ ရွှီချင်းက မွန်းစတားတစ်ကောင်နှင့် မခြားပေ။

သူနှင့်အတူ ဝင်သွားခဲ့သော ချန်းတချင်းကို ရောင်းစားရန် သူ့မှာ အမှန်တကယ် အစီအစဉ်ရှိခဲ့သည်။ သူက ချန်းတချင်းကို သူ့ကိုယ်စား တရားခံဖြစ်စေပြီး ပြဿနာအားလုံးကို ရှောင်ရှားချင်သည်။ ထို့ပြင် သူက သူနှင့်ပတ်သက်သော သဲလွန်စအားလုံးကို ဖျောက်ဖျက်ပစ်ခဲ့သဖြင့် ချန်းတချင်းက မည်သို့ရှင်းပြပါစေ သူ့နောက်ကို ခြေရာခံလိုက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယခု သူ၏ နှလုံးသားထဲမှာ ကြီးမားသော လှိုင်းလုံးများ ထွက်ပေါ်နေသည်။

မူကွဲအင်မော်တယ်ကျောင်းတော်ကို သူသိသည်။

အမှန်မှာ သူ၏ နောက်ခံနှင့် အင်ပါယာအကယ်ဒမီ၏ ကျောင်းတော်သားဟူသော သရုပ်ကြောင့် အကယ်ဒမီထဲမှ ကျောင်းတော်အားလုံးနှင့် သူရင်းနှီးကျွမ်းဝင်သည်။

သူက အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်အသီးသီးဖြင့် ရင်းနှီးကျွမ်းဝင်ရုံသာမက အထူးဂိုဏ်းတော်များအကြောင်းကိုလည်း သာမန်လူများထက် ပိုပြီးနားလည်ထားသည်။

သို့သော်လည်း သူက ထိုကဲ့သို့ အသေးစိတ် နားလည်ထားသောကြောင့် ဤအခိုက်အတန့်မှာ အလွန်ထိတ်လန့်သွားခြင်း ဖြစ်သည်။

‘ ဝိညာဉ်ချည်မျှင်တစ်သိန်းကျော်… အတိတ်မှာ လီရွှမ်ဖုန်းရော ချန်းတောက်ဇီရော မရရှိခဲ့ကြဘူး ’

‘ လီရွှမ်ဖုန်းက ဝိညာဉ်ချည်မျှင်ငါးသောင်းကို သန့်စင်နိုင်ခဲ့တယ်လို့ ပြောတယ်… ချန်းတောက်ဇီက သူ့ထက် ပိုများတယ်… ဒါပေမဲ့ သူလည်း ဝိညာဉ်ချည်မျှင်ခုနစ်သောင်းလောက်ပဲ ရရှိခဲ့တယ် ’

‘ တကယ်လို့… သူတို့က မသေသေးဘဲ အခုထိ အသက်ရှင်နေသေးတယ်ဆိုရင်တော့ ဖြစ်နိုင်လောက်တယ်… ’

‘ ဒါပေမဲ့ အဲ့ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ… လီရွှမ်ဖုန်းက လွန်ခဲ့တဲ့ နှစ်ရှစ်ထောင်က လူပဲ… တကယ်လို့ သူက ဝိညာဉ်စုစည်းခြင်းအဆင့်ကို မရောက်သွားသရွေ့ ကောင်းကင်ဘုံတာအိုရဲ့ စည်းမျဉ်းအောက်မှာ အဲ့လောက်ထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး… သူက ချန်းတောက်ဇီများလား… ကောလဟာလအရတော့ အတိတ်မှာ ချန်းတောက်ဇီက နတ်ဘုရားသက်ရှိအသွင် ပြောင်းလဲပြီးနောက် လူအသွင် ပြန်မပြောင်းနိုင်တော့ဘူးလို့ ပြောကြတယ်… သူက အစမ်းသပ်ခံဖြစ်လာတယ်ဆိုတာ သတင်းအမှားများလား ’

အမျိုးသမီး၏ စိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ ယနေ့ ကိစ္စသည် သူ၏ နားလည်မှုကို ကပြောင်းကပြန်ဖြစ်စေခဲ့သည်။ ဝိညာဉ်ချည်မျှင်တစ်သိန်းကျော်သည် အလွန်ကြောက်စရာကောင်းသည်။

အမှန်မှာ ထိုသို့ကြောက်လန့်သွားမှုကြောင့် သူ၏ သာမန်မျက်နှာပေါ်တွင် သူ၏ စိတ်ခံစားချက်များနှင့် အသံပေါ်မူတည်ပြီး လှိုင်းအတွန့်များ ထွက်ပေါ်လာကြသည်။ ရှင်းလင်းစွာပင် သူက ရုပ်ဖျက်ထားခြင်း ဖြစ်သည်။

သူက ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပြီး သူ၏ သံသယကို အတည်ပြုရန် သဲလွန်စများကို ရှာဖွေလိုက်သည်။

ရွှီချင်းသည် တစ်ဖက်လူကို တည်ငြိမ်စွာ ပြန်စိုက်ကြည့်လိုက်သည်။

တစ်ဖက်လူ၏ ထိတ်လန့်မှုကို သူက ဂရုမစိုက်ပေ။ ထို့ပြင် သူတို့က အခွင့်အခါကြုံ၍ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ တစ်ဖက်လူ၏ မေးခွန်းကို သူက ပြန်ဖြေနေစရာ မလိုပေ။

ထို့ကြောင့် ရွှီချင်းသည် အကြည့်ရွှေ့ပြောင်းလိုက်ပြီး ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းကို ကြည့်လိုက်သည်။ သို့သော်လည်း သူက နတ်ဘုရားအသိစိတ်အမျှင်တန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အမျိုးသမီးပေါ်သို့ ပစ်မှတ်ထားလိုက်သည်။ အကယ်၍ တစ်ဖက်လူမှာ မကောင်းသော ရည်ရွယ်ချက်ရှိမည်ဆိုလျှင် သူက ချက်ချင်း တိုက်ခိုက်လိမ့်မည်။

တစ်ချိန်တည်းမှာ သူက အစောနက သူထုတ်သုံးခဲ့သော မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာကို ပြန်လည်သုံးသပ်လိုက်သည်။

ဤသည်မှာ ဝိညာဉ်ချည်မျှင်ရက်လုပ်ခြင်းအတတ်ကို တိုက်ပွဲထဲမှာ ပထမဆုံးအကြိမ် သူအသုံးပြုဖူးခြင်း ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် အနည်းငယ် မလုံလောက်သေးသော်လည်း ပြောင်းလဲသွားသော သူ၏ အရှိန်အဝါက သူ့အား ကြီးမားသော အကျိုးကျေးဇူးကို ပေးသည်။

ထို့ပြင် ယင်းက ပထမနတ်ဘုရားအသွင်သဏ္ဍာန်ထက် ပိုမိုများပြားသော အပြောင်းအလဲများကို ထုတ်ဖော်နိုင်ပြီး ပိုပြီးမြန်ဆန်သည်။

အရေးကြီးဆုံးမှာ သူက မူလအပေါ်ယံအကန့်အသတ်ကို ချိုးဖြတ်ပစ်နိုင်သည်။ သူ့မှာ ဝိညာဉ်ချည်မျှင်အလုံအလောက်ရှိသရွေ့ သူက ယင်းကို ဆက်ပြီး အဆင့်မြှင့်တင်နိုင်သည်။

‘ မူလအပေါ်ယံအကန့်အသတ်က ရက်လုပ်တဲ့ ဝိညာဉ်ချည်မျှင်အရေအတွက်ပေါ်မှာ မူတည်တယ်… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဝိညာဉ်ချည်မျှင်နဲ့ဆိုရင် ငါ့ရဲ့ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို ရက်လုပ်ဖို့ ဝိညာဉ်ချည်မျှင်တစ်သန်းလောက် လိုအပ်လိမ့်မယ် ’

‘ ဒါပေမဲ့ ငါ့ဝိညာဉ်ချည်မျှင်တွေက နတ်ဘုရားအရင်းအမြစ်တွေကနေ ဖြစ်ပေါ်လာတာပဲ… အဲ့ဒါကြောင့် နှစ်သိန်းလောက်နဲ့ လုံလောက်တယ် ’

‘ ဒါပေမဲ့ ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်က ပထမနတ်ဘုရားအသွင်သဏ္ဍာန်ထက် ပိုပြီးအစွမ်းထက်ပြီး ပိုပြီးရှုပ်ထွေးတယ်… ဒါကြောင့် အဲ့ဒါကို ရက်လုပ်ဖို့ဆိုရင် ဝိညာဉ်ချည်မျှင်ငါးသိန်းလောက် လိုအပ်မယ်လို့ ငါထင်တယ် ’

‘ အဲ့ဒါကြောင့် ငါက ပုံမှန်နည်းလမ်းအတိုင်း ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို အသုံးပြုမယ်ဆိုရင် နီလာနတ်သမီးရဲ့ အသွေးအသားကို စွမ်းအင်ထောက်ပံ့မှုအတွက် လိုအပ်တာပဲ ’

မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာကို အသုံးပြုပြီးနောက် ရွှီချင်းသည် သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်အကြောင်း ပိုပြီးကောင်းမွန်စွာ နားလည်လာသည်။

‘ ငါ့ရဲ့ ဝိညာဉ်ချည်မျှင်တွေက အရမ်းနည်းသေးတာပဲ… ’

‘ ဒီည စံအိမ်ကို ငါပြန်ရောက်တဲ့အခါ နီလာနတ်သမီးရဲ့ အသွေးအသားတွေကို ဝိညာဉ်ချည်မျှင်တွေအဖြစ် သန့်စင်နိုင်မလားဆိုတာ ကြိုးစားကြည့်ရမယ် ’

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

ဆန့်ကျင်ဘက်အရပ်မှ အမျိုးသမီးသည်တော့ ရွှီချင်းက အတော်လေး ရှိန်လောက်ဖွယ်ကောင်းသည်ဟု သူ၏ မသိစိတ်မှ ခံစားမိသွားသည်။ ရွှီချင်းက မည်သည့်စကားမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသောကြောင့် သူက မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ပိုမိုများပြားသော အတွေးများနှင့် ခန့်မှန်းမှုများသာ သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

ထိုခန့်မှန်းမှုများက ရွှီချင်းကို သူ၏ စိတ်ထဲမှာ ပိုပြီးလျှို့ဝှက်ဆန်းကြယ်သွားစေသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး တစ်နာရီ ကုန်လွန်သွားသည်။

မှောင်ရီနေသော ကောင်းကင်ယံကို ကြည့်နေရင်း မကြာခင် အာရုဏ်ဦးအချိန် ကျရောက်လာတော့မည်ကို အာရုံခံမိသွားသောအခါ ရွှီချင်းသည် ဖြည်းညင်းစွာ မျက်မှောင်ကြုတ်သွားသည်။

ခေါင်းဆောင်အပေါ် သူ၏ နားလည်မှုအရ တစ်ဖက်လူသည် ပုံမှန်အားဖြင့် နှေးကွေးသူ မဟုတ်ပေ။ သူက အလုပ်လုပ်သည့်အခါမှာဖြစ်စေ သို့မဟုတ် ဆုံးဖြတ်ချက်ချသည့်အခါမှာဖြစ်စေ မြန်မြန်သွက်သွက် လုပ်ဆောင်တတ်သူ ဖြစ်သည်။ ယင်းက သူ၏ အကျင့်စရိုက်နှင့် ပိုပြီးသဟဇာတဖြစ်သည်။

သို့သော်လည်း ယခု အချိန်အတော်ကြာနေပြီ ဖြစ်သည်။

“ နင့်မိတ်ဆွေက တစ်ခုခုဖြစ်နေပြီထင်တယ်… ”

အာရုဏ်တတ်တော့မည်ကို မြင်သောအခါ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက တစ်ခဏ တုံ့ဆိုင်းပြီးနောက် ပြောသည်။

သို့သော်လည်း သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းတည်ရှိရာ ထွန်းလင်းတောက်ပသော တောင်ကုန်းသည် ရုတ်တရက် အရောင်တောက်ပလာသည်။ တစ်ချိန်တည်းမှာ ပုံရိပ်တစ်ခုက အထဲမှ ပြေးထွက်လာသည်။

ထိုသူသည် ခေါင်းဆောင်ဖြစ်သည်။

သူ၏ ပုံစံသည် စုတ်စုတ်ပြတ်ပြတ်ဖြစ်နေပြီး အတော်လေး ဖရိုဖရဲဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာ ရှိသည်။ သွေးသည် ထိုဒဏ်ရာအပေါက်များထဲမှ ဒလဟော စီးကျနေသည်။ သို့သော်လည်း သူ၏ အမူအရာသည်တော့ အတော်လေး စိတ်ဓာတ်တတ်ကြွနေပုံပေါ်သည်။

သူက ထွက်ပေါ်လာပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းသည် ခေါင်းဆောင်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ ထို့ကြောင့် သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ ဝိညာဉ်ချည်မျှင်သုံးသိန်းတစ်သောင်းသည် အပြင်ဘက်သို့ ပျံသန်းထွက်လာကြပြီး အရွယ်အစားကြီးမားသော ဘူမိကလေးငယ်တစ်ကောင်ကို ဖွဲ့စည်းလိုက်သည်။

သူက အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။

ထိုဧရာမပိုးဟပ်သည် ၎င်း၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားအားလှိုင်းအတတ်အကျများက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားနေစဉ် ၎င်းဆီမှာ ကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်အနှစ်သာရကို ပိုင်ဆိုင်ထားသည်။ ဧရာမပိုးဟပ်သည် ကောင်းကင်ပေါ်သို့ မျက်နှာမူလိုက်ပြီး အသံမဲ့သော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ၎င်းထံမှ ဖိအားသည် ခေါင်းဆောင်၏ အနောက်မှ ထွန်းလင်းတောက်ပသော တောင်ကုန်းပေါ်သို့ ကျရောက်သွားသည်။

နောက်အခိုက်အတန့်မှာ အားလှိုင်းအတတ်အကျ အများအပြားသည် ထွန်းလင်းတောက်ပသော တောင်ကုန်းထံမှ ပျံ့နှံ့ထွက်လာကြသည်။ ပုံရိပ်ဒါဇင်ကျော်သည် တောင်ကုန်းထဲမှ တစ်ဟုန်ထိုး ပျံသန်းထွက်လာကြသည်။ ၎င်းတို့အားလုံးသည် အကြီးအကျယ် ဒေါသထွက်နေကြပြီး ပြင်းထန်သော လူသတ်ငွေ့ကို ထုတ်လွှတ်နေကြသည်။

သို့သော်လည်း သူတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ဘူမိကလေးငယ်က အချိန်ကိုက် ဆင်းသက်လာသည်။

ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည့် အရာမှာ ရွှီချင်းသည် သူ၏ အတွေးတစ်ချက်ဖြင့် ဝိညာဉ်ချည်မျှင်များကို ပိုမိုများပြားစွာ ထုတ်လွှတ်လိုက်ပြီး ယင်မိစ္ဆာဟုခေါ်ဆိုသော နတ်ဘုရားသက်ရှိတစ်ကောင်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ယင်မိစ္ဆာဟူသည် ဝမ်ကူးကုန်းမြေ၏ အနောက်ဘက်ပိုင်းတွင် ထွက်ပေါ်လာတတ်သော နတ်ဘုရားသက်ရှိတစ်ကောင်ဖြစ်သည်။ ၎င်းက ပင့်ကူနှင့် အသွင်ဆင်တူသော်လည်း လုံးဝိုင်းခြင်းမရှိပေ။ ယင်းအစား ကင်းခြေများကဲ့သို့ ရှည်လျားသည်။

အတိုင်းအတာတစ်ခုထိဆိုရသော် ၎င်းက ပင့်ကူနှင့် ကင်းခြေများကို ပေါင်းစပ်ထားသော သားရိုင်းတစ်ကောင် ဖြစ်သည်။

ယင်မိစ္ဆာထွက်ပေါ်လာပြီးနောက် ၎င်းက ပါးစပ်ဟလိုက်ပြီး အနက်ရောင်ချည်မျှင်များကို ထွေးထုတ်လိုက်သည်။ အနက်ရောင်ချည်မျှင်များသည် မရေမတွက်နိုင်အောင် များပြားလှသည်။ ယင်းတို့က ထွက်ပေါ်လာပြီးနောက် ပိုက်ကွန်တစ်ခုပမာ အတူတကွ ယှက်ထွေသွားကြပြီး ထွန်းလင်းတောက်ပသော တောင်ကုန်းကို တိုက်ရိုက် လွှမ်းခြုံသွားသည်။

ချည်မျှင်ပိုက်ကွန်သည် အနောက်မှ လိုက်ဖမ်းနေကြသော ပုံရိပ်ဒါဇင်ကျော်ကို တားဆီးလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် လုံးဝ တုံ့ဆိုင်းမနေပေ။ သူက တည်နေရာပြောင်းရွှေ့ခြင်းတုံကင်ကို တိုက်ရိုက် ချေမွဖျက်ဆီးလိုက်လေရာ သူ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။

ရွှီချင်း၏ ဟန့်တားပေးမှုကြောင့် ခေါင်းဆောင်သည်လည်း တည်နေရာပြောင်းရွှေခြင်းတုံကင်ကို အသုံးပြုရန် အချိန်ရရှိသွားသည်။ သို့ဖြစ်၍ သူ၏ ပုံရိပ်သည် မည်သည့်သဲလွန်စမှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် သူတို့သည် မည်သည့်စကားမှ မပြောခဲ့ကြချေ။ အကြည့်တစ်ချက်ကိုသာ ပို့လွှတ်ခဲ့သည်။

အမျိုးသမီးသည်တော့ သူ့ဆီမှာ ခေါင်းဆောင်နှင့် ရွှီချင်းကဲ့သို့ စိတ်ချင်းဆက်သွယ်မှုမျိုး မရှိသော်လည်း ညအမှောင်ထဲမှာ အမြန်ထွက်ပြေးသွားပြီး ပုန်းကွယ်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ပုန်းကွယ်သွားသော သူ၏ ပုံရိပ်သည် ရုတ်တရက် အပြာရောင်အလင်း တောက်ပလာသည်။ ညအမှောင်ထဲမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အပြာရောင်အလင်းသည် လွန်စွာ မျက်စိဖမ်းစားနိုင်ပေသည်။

အမြန်ထွက်ပြေးနေသော အမျိုးသမီး၏ အမူအရာသည် ပျက်ယွင်းသွားသည်။ ထိုသို့လုပ်ဆောင်ခဲ့သူက ချန်းတချင်းနှင့် အားဂိုထဲမှ တစ်ယောက်ယောက်ဖြစ်ကြောင်း သူစဉ်းစားနေစရာ မလိုအပ်ပေ။ ထိုနှစ်ယောက်ထဲတွင် ချန်းတချင်းဖြစ်ရန် ပိုပြီးရာခိုင်နှုန်းများသည်။

“ သေစမ်း ”

အမျိုးသမီးသည် ထပ်မံပုန်းအောင်းလိုက်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က အပြာရောင်အလင်း တောက်ပနေဆဲပင်။ အမျိုးသမီးသည် စိုးရိမ်ကြောင့်ကြလာသည်။ ထို့ကြောင့် သူက လျှို့ဝှက်အတတ်ပညာတစ်ခုကို ထုတ်သုံးလိုက်ပြီး သွေးတစ်ပွက် အန်လိုက်ကာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အပြာရောင်အလင်းကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာ ထွန်းလင်းတောက်ပသော တောင်ကုန်းသည် လှုပ်ခါလာသည်။ ပညာရှင်ကျင့်ကြံသူများ၏ စုပေါင်းတိုက်ခိုက်မှုအောက်မှာ ချိပ်တံဆိပ်သည် တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။ ဝိညာဉ်ချည်မျှင်များက တစ်ခုပြီးတစ်ခု လွင့်ပြယ်သွားသည့်အခါ ခေါင်းဖြူအဖိုးအိုတစ်ယောက်သည် တောင်ကုန်းထဲမှ ထွက်လာသည်။

ထိုအဖိုးအိုသည် ကြယ်တာရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာက ဖြူဖျော့နေသည်။ သူ၏ မျက်လုံးထဲမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။ သူက အပြင်သို့ ထွက်လျှောက်လာပြီးနောက် ဟာလာဟင်းလင်းဖြစ်နေသော ဘေးပတ်ပတ်လည်မှ တောင်တန်းများကို ကြည့်လိုက်သည်။ ထို့နောက် သူက အပြာရောင်အလင်း ပျောက်ကွယ်သွားခဲ့သော နေရာကို ကြည့်လိုက်သည်။ သူ၏ အသံသည် သတ်ဖြတ်ချင်သော စိတ်ဆန္ဒနှင့်အတူ ပဲ့တင်ထပ်သွားသည်။

“ ဘေးပတ်ဝန်းကျင်ကို သေချာစစ်ဆေးပြီး သဲလွန်စအားလုံးကို ရှာကြစမ်း… အထူးသဖြင့် အပြာရောင်အလင်း ပျောက်ကွယ်သွားတဲ့ တည်နေရာပဲ… ပြီးတော့ ဒီကိစ္စကို အဓိကဂိုဏ်းတော်ဆီ အကြောင်းကြားရမယ်… ငါတို့ အဲ့ဒီသူခိုးကို မတွေ့တွေ့အောင် ရှာရမယ် ”

အဖိုးအို၏ အနောက်မှ ဒါဇင်ခန့်လူများ၏ အမူအရာသည် တည်ကြည်သွားကြသည်။ သူတို့က ခေါင်းညိတ်လိုက်ပြီး စတင်ရှာဖွေလိုက်ကြသည်။ လူအများစုသည် အပြာရောင်အလင်း ပျောက်ကွယ်သွားခဲ့သော တည်နေရာဆီသို့ ပြေးသွားကြသည်။

ခေါင်းဖြူအဖိုးအိုသည်တော့ ပေါက်ကွဲထွက်တော့မည့် သူ၏ ဒေါသကို ဖိနှိပ်လိုက်ပြီး တောင်ထိပ်ကို ကြည့်လိုက်သည်။ သူက ဤနေရာမှ မန္တန်အကြွင်းအကျန်များကို စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ဤမန္တန်၏ အငွေ့အသက်ကို ယခင်က တစ်နေရာရာမှာ သူမြင်ဖူးသည်ကို မသဲမကွဲ ခံစားမိသည်။

ထို့ကြောင့် သူက ညာလက်ကို မြှောက်လိုက်ပြီး အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။ ထိုအခါ ရွှီချင်း၏ ဝိညာဉ်ချည်မျှင်ဖြင့် ထိတွေ့ခဲ့သော ကျောက်တုံးအပိုင်းအစတစ်ခုက သူ၏ လက်ထဲသို့ ပျံသန်းလာသည်။ သူက ကျောက်တုံးကို သူ၏ မျက်နှာအရှေ့မှာ ထားလိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။ အဆုံးမှာတော့ မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး သူက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

ထိုအရာက မည်သည့်အရာဖြစ်ကြောင်း သူနားလည်သွားသည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်က ဝိညာဉ်ချည်မျှင်လား ”

မူကွဲအင်မော်တယ်ကျောင်းတော်သည် အတိတ်မှာ အင်ပါယာအကယ်ဒမီ၏ နံပါတ်တစ်ကျောင်းတော်ဖြစ်ခဲ့သည်။ ယခု ထိုကျောင်းတော်က ဆုတ်ယုတ်သွားပြီဖြစ်သော်လည်း အတော်လေး နာမည်ကျော်ကြားနေဆဲပင်။ ရှေးခေတ်အချိန်ကတည်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာများကို လေ့လာဖူးသူအများအပြား ရှိခဲ့သည်။

သို့ဖြစ်၍ နန်းမြို့တော်ထဲမှ ပညာရှင်ကျင့်ကြံသူများထဲတွင် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာများကို မသိသူသည် အတော်လေး ရှားပါးသည်။ သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်တွင် ထူးချွန်သော ပညာရှင်ကျင့်ကြံသူတစ်ဦး ထွက်ပေါ်ခဲ့ဖူးသည်မှာ နှစ်ပေါင်းမြောက်များစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ကျင့်ကြံသူများ၏ အရေအတွက်က တဖြည်းဖြည်း နည်းပါးလာသည်။ ထို့ကြောင့် အဖိုးအိုက မူကွဲအင်မော်တယ်ကျောင်းတော်ကို ချက်ချင်း မစဉ်းစားမိခြင်း ဖြစ်သည်။

မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို စဉ်းစားမိသွားပြီးနောက် အဖိုးအိုသည် ဘူမိကလေးငယ်နှင့် ယင်မိစ္ဆာကို အလိုအလျောက် သတိရသွားသည်။ ထိုနတ်ဘုရားသက်ရှိနှစ်ကောင်မှ ထုတ်လွှတ်သော ဖိအားကိုလည်း သူသတိရသွားသည်။

ယင်းက သူ၏ နှလုံးကို ပရမ်းပတာ လှုပ်ခါသွားစေသည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်ကို ကျွမ်းကျင်တဲ့ အဆင့်ထိ တတ်မြောက်ထားတယ် ”

အဖိုးအိုသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အဝေးကို ကြည့်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး အဓိကဂိုဏ်းတော်ဆီသို့ ချက်ချင်း အသံပို့လွှတ်လိုက်ကာ မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို မေးမြန်းလိုက်သည်။

သတင်းအချက်အလက်ကို ရရှိသွားပြီးနောက် သူက ပိုပြီးဖတ်ရှုမိလေ ပိုပြီးအံ့ဩလာလေ ဖြစ်သည်။ သူက အစောနက နတ်ဘုရားသက်ရှိနှစ်ကောင်ကို ပြန်စဉ်းစားလိုက်ပြီး သတင်းအချက်အလက်များနှင့် ချိန်ကိုက်ကြည့်လိုက်သည့်အခါ သူ၏ အသိစိတ်သည် ဝုန်းခနဲ လှုပ်ခတ်သွားသည်။

“ ဝိညာဉ်ချည်မျှင်ငါးသောင်းက ကနဦးကျွမ်းကျင်အဆင့်… ”

“ ဝိညာဉ်ချည်မျှင်တစ်သိန်းက အထွတ်အထိပ်ကျွမ်းကျင်အဆင့်…”

“ ဒါပေမဲ့ ငါခံစားမိတဲ့ အားလှိုင်းအတတ်အကျတွေအရဆိုရင် စောစောက ထွက်ပေါ်လာတဲ့ နတ်ဘုရားသက်ရှိတွေက ဝိညာဉ်ချည်မျှင်တစ်သိန်းမကဘူး… အဲ့ဒါတွေကို ဝိညာဉ်ချည်မျှင်သိန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာပဲ ”

“ ဒီကိစ္စက… ”

အဖိုးအိုသည် အရှေ့သို့ ပြေးထွက်သွားပြီး အဓိကဂိုဏ်းတော်ဆီသို့ ဦးတည်သွားသည်။

အဝေးမှ မိုးကုပ်စက်ဝိုင်းထဲတွင် နေလုံးက မြှောက်တတ်လာသည့်အခါ ကောင်းကင်ပေါ်မှ အမှောင်ထုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လင်းထိန်လာသည်။

ရွှီချင်းသည် နင်ယန်၏ စံအိမ်ဆီသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်၏ အရိပ်အယောင်ကိုတော့ သူမမြင်ပေ။

ရွှီချင်းသည် ယင်းကို ကျင့်သားရနေပြီဖြစ်သောကြောင့် ဂရုမစိုက်ပေ။ မည်သို့ဖြစ်ပါစေ ခေါင်းဆောင်က တည်နေရာပြောင်းရွှေ့သွားခဲ့သောကြောင့် သေဆုံးလိမ့်မည် မဟုတ်ချေ။

ခေါင်းဆောင်က ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲမှ မည်သည့်အရာကို ခိုးယူသွားခဲ့ကြောင်းကိုတော့ ရွှီချင်းက သိချင်စိတ်မရှိပေ။ ဤအခိုက်အတန့်မှာ သူ၏ စိတ်အာရုံသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာပေါ်မှာသာ ရှိနေသည်။

“ ဒီည ငါလုပ်ခဲ့တာမှန်သမျှက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်ပညာနဲ့ ဆောင်ရွက်ခဲ့တာတွေချည်းပဲ… ဒါကြောင့် ငါ့ရဲ့ သရုပ်မှန် ပေါ်ပေါက်ဖို့က ဖြစ်နိုင်ခြေ နည်းနည်းပဲ ရှိတယ် ”

“ ဒါဆို အခု ငါအာရုံစိုက်ရမှာက နီလာနတ်သမီးရဲ့ အသွေးအသားတွေကို ဝိညာဉ်ချည်မျှင်အဖြစ် သန့်စင်နိုင်မလားဆိုတာ ကြိုးစားကြည့်ဖို့ပဲ ”

ရွှီချင်းသည် လျှို့ဝှက်အခန်းထဲသို့ လျှောက်သွားပြီး ဘေးပတ်ဝန်းကျင်ကို ချိပ်တံဆိပ်စည်းခတ်လိုက်ကာ သူ၏ အရှိန်အဝါကို သီးခြားခွဲထုတ်လိုက်သည်။ ထို့နောက် သူက ရှေးဟောင်းနေလုံးကို သူ၏ ဦးခေါင်းပေါ်သို့ မြှောက်တင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။ သို့မှသာ သူက အခန်းထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက နီလာနတ်သမီး၏ အသွေးအသားတစ်တုံးကို ထုတ်ယူလိုက်သည့်အခါ စူးရှသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထိုအသွေးအသားတုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားက ထွက်ပေါ်လာသည်။

ရွှီချင်းသည် ကျင့်ကြံခြင်းမှာ အာရုံစိုက်လိုက်ပြီး စတင်သန့်စင်လိုက်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

နောက်နေ့နံနက်တွင် နှင်းပွင့်ချပ်များက နန်းမြို့တော်၏ မြေပြင်ပေါ်သို့ ဆက်လက် ကျဆင်းနေဆဲပင်။ အရာအားလုံးသည် ပုံမှန်နေ့ရက်များအတိုင်း ငြိမ်သက်နေဟန်ထင်ရသော်လည်း ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲကို စုံစမ်းစစ်ဆေးလိုက်သည့်အခါ သူခိုးခိုးခံရသော ကိစ္စသည် နန်းမြို့တော်ထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။

ဤသည်မှာ မကြာမီ အင်ပါယာအကယ်ဒမီထဲမှာ မုန်တိုင်းတစ်ခု အစပျိုးလာတော့မည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။

All Chapters