← Chapters

ငါက မင်းအရှေ့မှာ ရပ်နေတယ်

Vol. 76 Ch. 1184

ငါက မင်းအရှေ့မှာ ရပ်နေတယ်

Vol. 76 Ch. 1184

“ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲက ဓားပြတိုက်ခံရတယ် ”

“ ပစ္စည်းတွေအများကြီး ဆုံးရှုံးသွားတယ်လို့ ပြောတယ်… အဲ့ဒီထဲက တစ်ခုက တားမြစ်ဧရိယာထဲမှာ သိမ်းဆည်းထားတဲ့ ကျောက်စာအုပ်တစ်အုပ်ပဲ… အဲ့ဒီစာအုပ်က ပုံမှန်နေ့တွေမှာဆိုရင် သာမန်ပါပဲ… ဒါပေမဲ့ မုန်တိုင်းထန်တဲ့ ညတွေဆိုရင် ဝေဝေဝါးဝါး ပုံရိပ်တစ်ခုက စာအုပ်ထဲမှာ ထွက်ပေါ်လာတတ်တယ် ”

“ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းက အဲ့ဒီစာအုပ်ကို အချိန်အတော်ကြာအောင် လေ့လာခဲ့တယ်… နောက်ပိုင်းမှာ အဲ့ဒါက မှတ်တမ်းကျောက်တုံးတစ်ခုဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်… စာအုပ်ထဲက ဝေဝေဝါးဝါး ပုံရိပ်က ရှေးခေတ်ကာလက အမြူတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ပဲ… အဲ့ဒါက ရှေးဟောင်းအမွေအနှစ်ဆိုပေမဲ့ တန်ဖိုးနည်းနည်းပဲ ရှိတယ် ”

“ အဲ့ဒီကျောက်တုံးကိုပဲ ဆုံးရှုံးသွားတာ မဟုတ်ဘူး… တခြားတန်ဖိုးကြီးပစ္စည်းတွေလည်း အခိုးခံလိုက်ရတယ်…‌ ပြောကြတာတော့ တားမြစ်ဧရိယာထဲမှာရှိတဲ့ သစ်ပင်တွေ၊ အုတ်ခဲတွေနဲ့ အဆောက်အဦးသုံးဆယ်ရာခိုင်နှုန်းကိုတောင် ခိုးသွားတယ်တဲ့… တချို့နေရာတွေဆိုရင် မြေကြီးအောက် သုံးပေအနက်ထိတောင် တူးဖော်ခံထားရတယ်… အဲ့ဒါက ကျိုင်းကောင်တွေ လယ်ကွင်းထဲ ကျူးကျော်ဝင်လာသလိုပဲတဲ့… ”

“ ပိုပြီးအံ့ဩဖို့ကောင်းတဲ့အရာ ရှိသေးတယ်… အဝတ်အစားတွေလည်း အခိုးခံလိုက်ရတယ်တဲ့ ”

“ အဲ့ဒီသူခိုးက ဘာဖြစ်လို့ အဝတ်အစားတွေကို ခိုးသွားတာလဲ ”

ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲက ကြီးမားသည်ဟု မဆိုနိုင်သော်လည်း ၎င်း၏ ဇစ်မြစ်သည် လူသားမျိုးနွယ်၏ အထူးဂိုဏ်းဆယ်ဂိုဏ်းထဲမှ တစ်ခုမဟုတ်ပါလော။ သို့ဖြစ်၍ ထုံးစံအားဖြင့် ၎င်း၏ လှုပ်ရှားမှုတိုင်းသည် အာရုံစိုက်ခံရလိမ့်မည်။ အထူးသဖြင့် သူခိုးခိုးခံရသည့်ကိစ္စမျိုး ဖြစ်သည်။

ထို့ပြင် အခိုးခိုးလိုက်ရသည့် ပစ္စည်းများသည် ထူးခြားဆန်းကြယ်သည်။

ထို့ကြောင့် သူခိုးခိုးခံရသည့် သတင်းက ပျံ့နှံ့သွားသည့်အခါ လူများစွာသည် ထိုအကြောင်းကို သိရှိသွားကြပြီး အံ့ဩသွားကြသည်။

အဆက်အသွယ်ရှိသော လူတချို့သည် လျှို့ဝှက်သတင်းအချက်အလက်တချို့ကို ရှာတွေ့သွားကြသည်။ ထိုသတင်းအချက်အလက်က ဆီပူထဲသို့ ရေလောင်းချလိုက်သည့်အလား ပေါက်ကွဲမှုတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေသည်။

“ သူခိုးတွေထဲက တစ်ယောက်က မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာကို ကျွမ်းကျင်အဆင့်ထိ တတ်မြောက်ထားတယ် ”

“ ဒါ့အပြင် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲရဲ့ အဆိုအရဆို အဲ့ဒီလူရဲ့ ဝိညာဉ်ချည်မျှင်အရေအတွက်က တစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့ သိန်းဂဏန်းကို ရောက်ရှိနေပြီတဲ့… အဲ့ဒါက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဘိုးဘေးနှစ်ယောက်ထက် ကျော်လွန်တယ် ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာကို ငါလေ့လာကြည့်ဖူးတယ်… အဲ့ဒီအတတ်ပညာရဲ့ တိုးတတ်မှုနှုန်းက လိပ်လိုပဲ အရမ်းနှေးကွေးတယ်… တကယ်လို့ တစ်ယောက်ယောက်က ဝိညာဉ်ချည်မျှင်တစ်သိန်းကျော်ကို ကျင့်ကြံချင်တယ်ဆိုရင်… သူတို့ရဲ့ ဝိညာဉ်က အဲ့ဒီအတွက် ထောက်ပံ့ပေးနိုင်မလားဆိုတဲ့ အချက်ကို ခဏဘေးဖယ်ထားမယ်ဆိုရင်တောင် အချိန်ချည်းပဲဆို နှစ်တစ်သောင်းလောက် ကြာမြင့်လိမ့်မယ် ”

“ မယုံကြည်နိုင်စရာပဲ ”

ထိုသတင်းသည် မြန်ဆန်စွာ ပျံ့နှံ့သွားပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက နန်းမြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အခါ ထုံးစံအားဖြင့် အင်ပါယာအကယ်ဒမီထဲသို့လည်း ရောက်ရှိသွားသည်။

နေ့လယ်ခင်းအချိန်တွင် အရေအတွက်များပြားသော ကျောင်းတော်သားများသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အရှေ့မှာ စုဝေးရောက်ရှိနေကြသည်။ သူတို့အားလုံးသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ကို မယုံကြည်နိုင်စွာ ကြည့်နေကြပြီး သူတို့ဘာသာ တီးတိုးဆွေးနွေးနေကြသည်။

အဘယ့်ကြောင့်ဆိုသော် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ ကိုယ်စားလှယ်က အဖြူရောင်မျှော်စင်ထဲသို့ ဝင်ရောက်သွားပြီး ယခုထိ ပြန်ထွက်မလာသေးသောကြောင့် ဖြစ်သည်။

ဆယ့်ငါးမိနစ်ကြာပြီး‌နောက် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ ကိုယ်စားလှယ်သည် တင်းမာသော အမူအရာဖြင့် အဖြူရောင်မျှော်စင်ထဲမှ ထွက်လျှောက်လာပြီး မြန်ဆန်စွာ ထွက်ခွာသွားသည်။

သူ၏ အနောက်တွင် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးနှင့် တပည့်သုံးယောက်က ထွက်ပေါ်လာကြသည်။

သူတို့က အင်ပါယာအကယ်ဒမီ၏ မျက်နှာဖုံးကို ဝတ်ဆင်ထားကြသော်လည်း ဤအခိုက်အတန့်မှာ သူတို့၏ စိတ်ခံစားချက်များက အလွန်ပြင်းထန်နေကြောင်း မည်သူမဆို သတိပြုနိုင်လိမ့်မည်။ သူတို့လေးယောက်၏ မျက်လုံးထဲမှ ထိတ်လန့်မှုသည် ယခုထိ သူတို့က ထိုကိစ္စကို မယုံကြည်နိုင်ဖြစ်နေသေးကြောင်း ဖော်ပြနေသည်။

သူတို့၏ လက်ရှိအခြေအနေသည် ထိတ်လန့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ရူးသွပ်ခြင်း အစရှိသဖြင့် စိတ်ခံစားချက်မျိုးစုံ ရောပြွန်နေသည်။

ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ အဖြစ်အပျက်ကို သူတို့ကြားမိကြသည်။ သို့သော်လည်း သူတို့က ထိုကိစ္စကို အာရုံမထားခဲ့ကြပေ။ မူကွဲအင်မော်တယ်ကျောင်းတော်မှ ဆန်းကြယ်ဆရာသခင်အကြောင်းကို သူတို့ကြားလိုက်ရသည့်အခါမှသာ ထိတ်လန့်သွားကြခြင်း ဖြစ်သည်။

ထို့နောက် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ ကိုယ်စားလှယ်သည် သူတို့ကို လာရောက်တွေ့ဆုံပြီး အဖြစ်အပျက်ကို အသေးစိတ် ပြောပြခဲ့ကာ မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာအား ကျင့်ကြံဖူးသူများအကြောင်းကို စစ်ဆေးမေးမြန်းခဲ့သည်။ ထိုအခါမှ သူတို့က အကြောင်းစုံကို သိရှိသွားကြခြင်း ဖြစ်သည်။

သူတို့၏ နှလုံးသားထဲမှ ဆူပူအုံကြွမှုသည် သူတို့တောင့်ခံနိုင်သော အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်သည်။

ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ စစ်ဆေးမှုသည် မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။ ဤနှစ်များတွင် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံသူများသည် တပည့်ရင်းလေးယောက်တည်းသာ ရှိကြသည်။ သို့သော်လည်း အမှန်မှာ မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်သည် အပြင်လောကမှာ ပျံ့နှံ့နေပြီးသား ဖြစ်သည်။

မည်သို့ဖြစ်ပါစေ အင်ပါယာအကယ်ဒမီကို တည်ထောင်ခြင်းသည် ဂိုဏ်းအဖွဲ့အစည်း၏ တားမြစ်ချက်များကို လျစ်လျူရှု၍ လူတိုင်း ပညာသင်ကြားနိုင်စေရန် ရည်ရွယ်သည်။ ထို့ကြောင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာများကို တပည့်ရင်းများသာ သင်ကြားနိုင်သည်ဟု သတ်မှတ်ထားသော်လည်း တကယ့်လက်တွေ့မှာ ထိုစည်းမျဉ်းသည် အရေးမပါပေ။

သို့ဖြစ်၍ ရှေးခေတ်ကာလကတည်းက လူများစွာသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာများကို သိရှိထားကြသည်။ ထို့ကြောင့် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ စုံစမ်းစစ်ဆေးမှုက ကောက်ရိုးပုံထဲ၌ အပ်ပျောက်ရှာရသကဲ့သို့ အလွန်ခက်ခဲလှပေသည်။

ထို့ကြောင့် အပေါ်ယံစဉ်းစားကြည့်မည်ဆိုလျှင် ထိုဆန်းကြယ်ဆရာသခင်က ကျောင်းအုပ်ကြီးဖြစ်ရန် အတော်လေး ရာခိုင်နှုန်းများသည်။ သို့သော်လည်း ထိုဆန်းကြယ်ဆရာသခင်က မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ နှစ်ထောင်ပေါင်းများစွာ ပုန်းအောင်းကျင့်ကြံနေသည့် ဘိုးဘေးတစ်ယောက်ဖြစ်နိုင်သည်ဟူသော အယူအဆက ပိုပြီးဖြစ်နိုင်ခြေများသည်။

လူတိုင်းမှာ ကိုယ်စီအတွေးများ ရှိကြသည်။ အပြင်လူများက မခန့်မှန်းနိုင်လေရာ မူကွဲအင်မော်တယ်ကျောင်းတော်မှ လေးယောက်ကိုတော့ ပြောနေရန် မလိုပေ။

ဤအခိုက်အတန့်မှာ မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် အဖြူရောင်မျှော်စင်၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေရင်း သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ တည်ငြိမ်စွာ ဖြတ်သန်းသွားသည်။

သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်က အခုလိုမျိုး ကျောင်းတော်သားတွေ ဝိုင်းရံခံထားရပြီး အာရုံစိုက်မခံရတာ နှစ်တွေ ဘယ်လောက်တောင်မှ ကြာသွားပြီလဲ… ”

သူ၏ နှလုံးက ပရမ်းပတာ လှုပ်ခတ်နေစဉ် မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာကို ကျွမ်းကျင်အဆင့်ထိ တတ်မြောက်ထားသော ထိုဆန်းကြယ်ဆရာသခင်ကို လွန်စွာ သူဂုဏ်ယူပြီး ကျေးဇူးတင်မိသည်။ သို့ဖြစ်၍ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲက ငါတို့ကျောင်းတော်ရဲ့ ပုန်းကွယ်နေတဲ့ အဲ့ဒီစီနီယာကို ဘယ်လို ရန်ပြုလိုက်လဲဆိုတာ ဒီအဖိုးကြီး မသိဘူး… ဒါကြောင့် စီနီယာက အပြင်ထွက်လာပြီးတော့ သူတို့ကို အပြစ်သေးလေးတစ်ခု ပေးလိုက်တာပါ… ဒါပေမဲ့ ငါ့မူကွဲအင်မော်တယ်ကျောင်းတော်က ဒီကိစ္စအတွက် တာဝန်ယူတယ် ”

“ ရှေးခေတ်ကာလကတည်းက လူအများကြီးက ငါတို့ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်ပညာကို သင်ယူခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးခဲ့ကြတယ်… ဒါ့ကြောင့် လူသားမျိုးနွယ်ထဲမှာ ငါတို့ကျောင်းတော်ရဲ့ အတတ်ပညာကို တတ်ကျွမ်းထားကြတဲ့လူတွေက အများကြီးပါပဲ ”

“ အစကတော့ ဒီအကြောင်းကို ငါက ထုတ်ဖော်မပြောချင်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ ငါတို့ကျောင်းတော်က သိုသိုသိပ်သိပ်နေထိုင်ပြီး လောကီကိစ္စရပ်တွေမှာ မပါဝင်ခဲ့ဘူး… အပြင်လူတွေရဲ့ အမြင်မှာ ငါတို့ကျောင်းတော်က သာမန်ကျောင်းတော်တစ်ခုဖြစ်တယ်လို့ ထင်မြင်အောင် ငါစီစဉ်ခဲ့တယ်… ဒါပေမဲ့ ဒီနေ့မှာ ငါတို့ကျောင်းတော်ရဲ့ စီနီယာတစ်ဦးက လှုပ်ရှားလိုက်ပြီဆိုမှတော့ အဲ့ဒီအကြောင်းကို ငါဆက်ပြီး မဖုံးကွယ်ထားတော့ဘူး ”

“ ဟုတ်တယ်… အဲ့ဒီလူက ငါတို့ကျောင်းတော်ရဲ့ ပညာရှင်ကျင့်ကြံသူတွေထဲက တစ်ယောက်ပါ ”

မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူ၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ကျောင်းတော်သားများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဆူပူအုံကြွမှုကြားမှာ ကျောင်းအုပ်ကြီးသည် လက်နောက်ပစ်လိုက်ပြီး သူ၏ အနောက်မှ အဖြူရောင်မျှော်စင်ဆီသို့ ခေါင်းမြင့်မြင့်မော့၍ လျှောက်သွားသည်။

တပည့်သုံးယောက်သည်လည်း သူ့အနောက်မှ စိတ်လှုပ်ရှားစွာ လိုက်ပါသွားကြသည်။

သူတို့လေးယောက်က မျှော်စင်ထဲသို့ ဝင်ရောက်သွားကြပြီး ဂိတ်တံခါးကို ပိတ်လိုက်သည့်အခါ တပည့်သုံးယောက်သည် သူတို့၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို မဖိနှိပ်နိုင်ကြတော့ပေ။ သူတို့အားလုံးက ကျောင်းအုပ်ကြီးကို ကြည့်လိုက်ကြသည်။

“ ဆရာ… ဘာဖြစ်တာလဲ ”

“ ဆရာ… ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်မှာ တကယ်ပဲ ပညာရှင်ကျင့်ကြံသူတွေ အများကြီး ရှိတာလား ”

“ ဝိညာဉ်ချည်မျှင်တစ်သိန်းကျော်… ဘယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

တပည့်သုံး‌ယောက်သည် တုန်ယင်သော အသံဖြင့် ပြောကြသည်။

ကျောင်းအုပ်ကြီးသည် ခေါင်းမော့လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ရိုင်းလိုက်တာ ”

အကယ်၍ အတိတ်မှာသာဆိုလျှင် ထိုတပည့်သုံးယောက်က သေချာပေါက် ပြန်ပြောကြလိမ့်မည်။ မည်သို့ဖြစ်ပါစေ ကျောင်းအုပ်ကြီးသည် သူတို့ကို ဘာမှပြန်မလုပ်နိုင်ပေ။ ကျောင်းအုပ်ကြီးက သူတို့အား ကျောင်းထုတ်ပစ်ရန်ပင် မျှော်လင့်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း ယနေ့မှာ ထိုသုံးယောက်သည် အတော်လေး ရိုသေကျိုးနွံနေကြသည်။ တစ်ယောက်သည် အရှေ့တတ်လာပြီး ကျောင်းအုပ်ကြီး၏ ပခုံးကို နှိပ်ပေးလိုက်သည်။ တခြားတစ်ယောက်သည် သူ့ကို ယပ်ခတ်ပေးလိုက်ပြီး နောက်ဆုံးတစ်ယောက်သည် ကျောင်းအုပ်ကြီးကိုယ်စား ကျောက်စိမ်းပြားများကို စီရီပေးရန် လုပ်ဆောင်လိုက်သည်။ သူတို့သည် ကျောင်းအုပ်ကြီးကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

ကျောင်းအုပ်ကြီးသည် သက်တောင့်သက်သာရှိမှုကို ခံစားမိသွားသည်။ ထိုသို့ဇိမ်ခံမှုမျိုး သူမခံစားခဲ့ရသည်မှာ နှစ်ပေါင်းအတော်ကြာသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောသည်။

“ ကောင်းပြီလေ… မင်းတို့သုံးကောင်က အတိတ်မှာ အမှားတွေလုပ်ခဲ့ကြပေမဲ့ အားလုံးက အသေးအမွှားတွေချည်းပါပဲ… မင်းတို့က စမ်းသပ်မှုကို အောင်မြင်သွားပြီလို့ သတ်မှတ်နိုင်တယ်… ဒီလိုဆိုမှတော့ မင်းတို့သိအောင် ကိစ္စတချို့ကို ငါပြောပြရမယ့်အချိန် ကျရောက်လာပြီပဲ ”

ဤသည်ကို တပည့်သုံးယောက် ကြားသောအခါ သူတို့က ချက်ချင်း နားဆွင့်လိုက်ကြသည်။ သူတို့၏ စိတ်ခံစားချက်များက ချက်ချင်း ပေါ်လျှိုးထွက်လာကြသည်။

ကျောင်းအုပ်ကြီးသည် သူ့တပည့်သုံးယောက်ကို ကြည့်လိုက်သည်။ သူက ပိုပြီးသက်တောင့်သက်သာရှိလာပြီး ဖြည်းဖြည်းချင်း ကြွားဝါပြောသည်။

“ ဒီအဖိုးကြီးက အဲ့ဒီစီနီယာရဲ့ သရုပ်ကို သိတာပေါ့… အပြင်ဘက်မှာ စောစောက ငါပြောခဲ့တာက အမှန်တွေချည်းပဲ ”

“ ငါတို့ကျောင်းတော်က အတိတ်မှာ အရမ်းနာမည်ကျော်ကြားခဲ့တယ်… အဲ့ဒါက အဆုံးမသတ်နိုင်တဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပြီး ငါတို့ရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်… ဒါကြောင့် ငါတို့ဘိုးဘေးက အနာဂတ်တပည့်တွေကို သိုသိုသိပ်သိပ်နေထိုင်ဖို့ လျှို့ဝှက်ညွှန်ကြားခဲ့ပြီး အပြင်လောကမှာ သာမန်လူတစ်ယောက်ရဲ့ သရုပ်နဲ့ နေထိုင်စေခဲ့တယ် ”

“ ဒါကြောင့် သူတို့က ငါတို့ကျောင်းတော် ဆုတ်ယုတ်သွားတာကို ခွင့်ပြုခဲ့ကြတယ် ”

“ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်က အလင်းထဲကနေ အမှောင်ထဲကို ဝင်ရောက်သွားခဲ့ရုံပဲ… ဝိညာဉ်ချည်မျှင်တစ်သိန်းကို ကျင့်ကြံနိုင်တဲ့လူတွေက ငါတို့ကျောင်းတော်ထဲမှာ အများကြီးပဲ ရှိတယ်… တကယ်တော့ ဝိညာဉ်ချည်မျှင်တစ်သန်းထိ ကျင့်ကြံနိုင်ခဲ့တဲ့ ပညာရှင်တစ်ယောက်တောင် ရှိတယ် ”

“ ဒီကိစ္စက ငါတို့ကျောင်းတော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ… မင်းတို့ အပြင်လူတွေကို လျှောက်ပြောလို့ မဖြစ်ဘူး… ကဲ အခု အဲ့ဒီစာအုပ်တွေကို သူ့နေရာတကျ မြန်မြန် သွားစီကြစမ်း ”

ကျောင်းအုပ်ကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

တပည့်သုံးယောက်သည် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မြန်ဆန်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ယင်းကို မယုံကြည်နိုင်သေးသော်လည်း သူတို့၏ သဘောထားသည် လုံးဝပြောင်းလဲသွားသည်။ သူတို့က ကျောင်းအုပ်ကြီးခိုင်းသည့်အတိုင်း အမြန်လုပ်ဆောင်လိုက်ကြသည်။

ထိုသို့ဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်နှင့် ပတ်သက်သော မုန်တိုင်းက အင်ပါယာအကယ်ဒမီထဲမှာ ပိုပြီးပြင်းထန်လာပြီး မူကွဲအင်မော်တယ်ကျောင်းတော်အပေါ် အသိအမှတ်ပြုသူများက ပိုပြီးများပြားလာကြသည်။

အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး တစ်ရက်ကုန်ဆုံးသွားသည်။

နောက်နေ့နံနက်တွင်…

ရွှီချင်းသည် လျှို့ဝှက်အခန်းထဲမှာ မျက်လုံးပြန်ဖွင့်လိုက်သည်။

တစ်နေ့လုံး သူက နီလာနတ်သမီး၏ အသွေးအသားများကို မူကွဲအင်မော်တယ်အတတ်ပညာဖြင့် စုပ်ယူရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။ ဤအတောအတွင်း သူက အကြိမ်ကြိမ် ကျရှုံးခဲ့သော်လည်း အဆုံးမှာတော့ အောင်မြင်မှုအနည်းငယ် ရရှိသွားခဲ့သည်။

“ ဒီပြောင်းလဲမှုက နည်းနည်း နည်းနေတယ်… ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဝိညာဉ်ချည်မျှင်ငါးသိန်းနီးပါးရှိကြောင်း သူအာရုံခံမိသည်။

သူက ဝိညာဉ်ချည်မျှင်တစ်သိန်းခွဲအတွက် နီလာနတ်သမီး၏ အသွေးအသားတုံး(၅၀)ကျော်ကို စုပ်ယူခဲ့ရသည်။

အမှန်မှာ နီလာနတ်သမီး၏ အသွေးအသားတစ်တုံးသည် သူ့အား ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို အသုံးပြုနိုင်အောင် စွမ်းအင်ထောက်ပံ့ပေးနိုင်သည်။ သို့ဖြစ်၍ ဤပြောင်းလဲမှုက အလုံအလောက် မမြင့်မားကြောင်း ရွှီချင်း သိသည်။

ကံကောင်းစွာဖြင့် နီလာနတ်သမီး၏ အသွေးအသားတုံးသည် စုပ်ယူခံလိုက်ရပြီးနောက် မပျောက်ကွယ်သွားခဲ့ပေ။ ယင်းတို့က ကျုံ့သွားရုံသာဖြစ်ပြီး နတ်ဘုရားအရင်းအမြစ်က ယင်းတို့၏ အတွင်းပိုင်းထဲမှာ ဆက်ပြီး ရှိနေဆဲပင်။ သို့သော်လည်း နတ်ဘုရားအရင်းအမြစ်က အသွေးအသားတုံးနှင့် တစ်သားတည်း ပေါင်းစပ်သွားသဖြင့် ယင်းတို့ကို မသန့်စင်နိုင်တော့ပေ။

“ တန်ပါတယ် ”

စူးရှသော အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူက ယင်းနှင့် ပိုပြီးရင်းနှီးကျွမ်းဝင်လာသောကြောင့် ဝိညာဉ်ချည်မျှင်များကို အသုံးပြု၍ ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို အခုချက်ချင်း ဖွဲ့စည်းနိုင်ပေသည်။ သူက နီလာနတ်သမီး၏ အသွေးအသားကို စွမ်းအင်ထောက်ပံ့မှုအဖြစ် နောက်ထပ် မလိုအပ်တော့ပေ။

“ နီလာနတ်သမီးရဲ့ အသွေးအသားတွေက ရာပေါင်းများစွာ ကျန်ရှိနေသေးတယ်… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ပိုပြီးအဆင့်မြင့်တဲ့ အတတ်ပညာကို ငါလိုအပ်တယ်… ဒါမှ ဝိညာဉ်ချည်မျှင်အများကြီးကို ငါသန့်စင်နိုင်လိမ့်မယ် ”

“ ဘာပဲပြောပြော တတိယနတ်ဘုရားအသွင်သဏ္ဍာန်အတွက်… နတ်ဘုရားအရင်းအမြစ် ဝိညာဉ်ချည်မျှင်တစ်သန်းလောက် လိုအပ်လိမ့်မယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက မတ်တတ်ရပ်လိုက်ပြီး နံနက်ခင်း နေရောင်ခြည်အောက်မှာ စံအိမ်အပြင်သို့ ထွက်သွားသည်။ သူက အင်ပါယာအကယ်ဒမီဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ခေါင်းဆောင်သည်တော့ ပြန်ရောက်မလာသေးပေ။

ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူက အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးကို ဖြတ်ကျော်သွားသည်။ သူက အထဲသို့ ခြေချလိုက်သည့်အခါ တည်နေရာပြောင်းရွှေ့ခြင်းခံလိုက်ရသည့်အလား အင်ပါယာအကယ်ဒမီ၏ ကြုံရာကျပန်းနေရာမှာ ပြန်ထွက်ပေါ်လာသည်။ သူ၏ အဝတ်အစားသည်လည်း ပြောင်းလဲသွားပြီး မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခု ထွက်ပေါ်လာသည်။

ဤနေရာတွင် လူအများကြီးရှိပြီး ခါတိုင်းနေ့များထက် ပိုပြီးသက်ဝင်လှုပ်ရှားနေသည်။

ရွှီချင်းသည် သူ၏ လက်ရှိတည်နေရာကို အတည်ပြုလိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်ဆီသို့ လျှောက်သွားသည်။ လမ်းတစ်လျှောက်တွင် ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများက သူ၏ နားထဲသို့ မပျံ့လွင့်လာဘဲ မနေပေ။ သူတို့ပြောနေကြသည့် မူကွဲအင်မော်တယ်ကျောင်းတော်မှ ဆန်းကြယ်ဆရာသခင်အကြောင်းကို ရွှီချင်းကြားသော်လည်း သူက မတုန်မလှုပ်ရှိနေဆဲပင်။

အချိန်အတော်ကြာပြီး‌နောက် သူက လူအုပ်ကြီးကို ဖြတ်ကျော်သွားသည့်အခါ မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ကို မြင်သွားသည်။ ထိုနေရာသည် ယခင်နှင့် လုံးဝခြားနားသွားသည်။ ကျောင်းတော်သားဒါဇင်ခန့်သည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာကို ယဉ်ကျေးစွာ မေးမြန်းနေကြသည်။

ကျောင်းအုပ်ကြီးသည် အထဲမှာ ထိုင်နေသည်။ သူ၏ ပုံစံသည် ဂုဏ်သိက္ခာကြီးမြတ်ပုံပေါ်သည်။

တပည့်သုံးယောက်သည် ခေါင်းမြင့်မြင့်မော့ထားကြပြီး မေးခွန်းများကို ပြန်လည်ဖြေကြားနေကြသည်။

ရွှီချင်း၏ ရောက်ရှိလာမှုကို သတိထားမိသောအခါ ကျောင်းအုပ်ကြီးသည် မထူးမခြားနားပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ တပည့်သုံးယောက်သည် ရွှီချင်းကို ချက်ချင်း ဆွဲခေါ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က လေသံတိုးတိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ မင်းဘာလို့ မနေ့က ရောက်မလာတာလဲ… ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကိစ္စကြီးကို မင်းကြားပြီးပြီမဟုတ်လား ”

“ ငါမင်းကို ပြောပြမယ်… တကယ်တော့ ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်က တစ်ချိန်လုံး အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့တာ… ငါတို့က တကယ်တော့ အရမ်းသန်မာကြတယ်… ဝိညာဉ်ချည်မျှင်တစ်သိန်းကျော်ကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အဲ့ဒီစီနီယာက ငါတို့ကျောင်းတော်က ဘိုးဘေးတစ်ယောက်ပဲ ”

ထိုတပည့်က စကားထပ်ပြောတော့မည့်အချိန် ကျောင်းအုပ်ကြီးက ချောင်းဟန့်လိုက်သည်။

“ တစ်ယောက်ယောက် ရောက်လာပြီ… ရွှမ်လဲ့ဇီ… မင်းသွားပြီး သူတို့ကို ကြိုဆိုလိုက်ပါ ”

ရွှီချင်းသည် ကျောင်းအုပ်ကြီးထံသို့ လက်သီးဆုပ်လိုက်သည်။ စကားပြောနေသော တပည့်သည် ချက်ချင်း နှုတ်ဆိတ်သွားပြီး နောက်ဆုံးစကားကို ပြောသည်။

“ မင်းက မကြာသေးခင်ကမှ ဝင်ရောက်လာတာကြောင့် ကိစ္စတချို့ကို မသိသေးဘူး… ဘာပဲဖြစ်ဖြစ် ကောင်းကောင်း ကျင့်ကြံပါ… တကယ်တော့ ငါတို့က အရမ်းသန်မာကြတာ ”

ရွှီချင်းသည် မျက်တောင်ခတ်လိုက်သည်။ ထိုသို့ဖြစ်လာလိမ့်မည်ဟု အစောကြီးကတည်းက သူခန့်မှန်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်ပြီး တသွင်သွင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဤနေရာသို့ လျှောက်လာနေကြသော တပည့်ခုနစ်ယောက် ရှစ်ယောက်ဆီသို့ ကြည့်လိုက်သည်။

ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အားလုံးပဲ… ဘာကိစ္စရှိလို့ မင်းတို့ ရောက်လာကြတာပါလဲ… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာကို သိချင်တယ်ဆိုရင်တော့ ငါက မင်းတို့ကို ဖြေကြားပေးနိုင်ပါတယ် ”

ရွှီချင်း၏ အမြင်တွင် အင်ပါယာအကယ်ဒမီ၏ စည်းမျဉ်းများကြောင့် ထိုတပည့်ခုနစ်ယောက် ရှစ်ယောက်သည် အတူတူသာ ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုထဲမှ တစ်ယောက်သည် သတိကြီးစွာထားပြီး စူးစမ်းလေ့လာနေသည်။ တခြားလူများက ရွှီချင်းကို မေးမြန်းနေကြစဉ် သူ၏ အကြည့်က လူတိုင်းထံသို့ မြန်ဆန်စွာ ဖြတ်သန်းသွားသည်။ ထိုထဲမှာ ရွှီချင်းလည်း ပါဝင်သည်။

နောက်ဆုံးမှာတော့ သူက ကျောင်းအုပ်ကြီးကို အကြိမ်ရေအနည်းငယ် စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

‘ အပြင်လူတွေကတော့ အဲ့ဒီပညာရှင်ကျင့်ကြံသူက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ နှစ်တစ်ထောင်ကျော် အသက်ရှင်ခဲ့တဲ့ ဘိုးဘေးတစ်ယောက်ဖြစ်မယ်လို့ ထင်နေကြတယ်… ဒါပေမဲ့ အဲ့ဒီနေ့က သူနဲ့ငါ တိုက်ခိုက်ခဲ့ချိန်မှာ သူ့ရဲ့ သက်တမ်းက အဲ့လောက်မအိုသေးတာကို ရှင်းရှင်းလင်းလင်း ငါအာရုံခံမိခဲ့တယ်… သူက စကားအများကြီး မပြောတာကြောင့် အနေအေးတဲ့လူ ဖြစ်ရမယ်… အဲ့ဒီအားဂိုက ကျောင်းအုပ်ကြီးများ ဖြစ်နေမလား ’

ထိုသို့စဉ်းစားမိသောအခါ ကျောင်းတော်သားက ရွှီချင်းကို သာမန်ကာလျှံကာ မေးမြန်းလိုက်သည်။

“ ကျောင်းတော်သား… ငါက မူကွဲအင်မော်တယ်ကျောင်းတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိပြီး မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို ပိုပြီးသိချင်ပါတယ်… ဥပမာ ငါတို့ကျောင်းအုပ်ကြီးက အနေအေးတဲ့လူ ဟုတ်တယ်မလား… သူက အသက်သိပ်မကြီးသေးဘူးမလား… ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ထိုကျောင်းတော်သားကို ကြည်လိုက်သည်။ သတိထားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

All Chapters