← Chapters

အခန်း (၄၉၃)

Vol. 40 Ch. 493

အခန်း (၄၉၃)

Vol. 40 Ch. 493

နှစ်ဝက်အကြာတွင် စန်းယွမ်နယ်မြေ၌ တစ်စုံတရာ ဖြစ်ပွားခဲ့လေသည်။

အဖြူ၊အနက် လျှို့ဝှက်နယ်မြေက သတ်မှတ်ချိန်မတိုင်မီ ဖွင့်လှစ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားပေ။

ထိုမျှမကဘဲ အဖြူ၊အနက် လျှို့ဝှက်နယ်မြေတွင် လူသားမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်စုအကြားရှိ ပဋိပက္ခသည် လွန်စွာကြီးမားခဲ့ပြီး လူသားမျိုးနွယ် စစ်သည်တော်များစွာက တစ္ဆေမျိုးနွယ်စုများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လေသည်။

ထိုဖြစ်ရပ်က လူသားမျိုးနွယ်စုများရှိ လူပေါင်းများစွာကို တိုက်ရိုက်ပင် ဒေါသထွက်စေခဲ့သည်။

လူသားမျိုးနွယ်စုမှ ပြန်လည်တိုက်ခိုက်လာသည်နှင့် တစ္ဆေမျိုးနွယ်စုသည်လည်း တစ္ဆေအများအပြားကို စုဆောင်းခဲ့ပြီး ပြန်လည်တိုက်ခိုက်ခဲ့သည်။

သေးငယ်သော ပဋိပက္ခတစ်ခုအဖြစ် စတင်ခဲ့ရာမှ လူသားအင်အားစုများနှင့် တစ္ဆေမျိုးနွယ်စုများအကြား အသေးစား တိုက်ပွဲတစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။

လူသားမျိုးနွယ်စု အတွင်း၌ပင် အမျိုးမျိုးသော သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုသတင်းသည် ထျန်းဟိုင်မြို့တော်ထိပင် ပျံ့နှံ့သွားခဲ့သည်။

စန်းယွမ်နယ်မြေ၏ အရှင်သခင်အနေဖြင့် ယွဲ့ဟန်ကျွင်းသည် ထိုသို့သော ကိစ္စရပ်များကို ဖျန်ဖြေရန်နှင့် ညှိနှိုင်းရန် တာဝန်ရှိပေသည်။ သို့သော် ယွဲ့ဟန်ကျွင်းသည် ထျန်းဟိုင်မြို့တော်မှ ထွက်ခွာရန် မဝံ့ရဲသေးသောကြောင့် ဖျန်ဖြေရန်အတွက် သူ၏လူများကိုသာ စေလွှတ်ခဲ့သည်။ သို့ရာတွင် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က စန်းယွမ်နယ်မြေအရှင်သည် လီချန်ချင်းထံမှ ကိုးကြိမ်ဆက်တိုက် အသတ်ခံရပြီးကတည်းက စန်းယွမ်နယ်မြေအရှင်အဖြစ် ကျော်ကြားခဲ့သော ယွဲ့ဟန်ကျွင်း၏ ဂုဏ်သတင်း ကျဆင်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထို့အပြင် ယွဲ့ဟန်ကျွင်းသည် ဤနှစ်များအတွင်း ထျန်းဟိုင်မြို့တော်မှ ထွက်ခွာရန် မဝံ့မရဲဖြစ်နေလေသည်။ မည်သူမျှ သူ့ကို မယုံကြည်ကြသောကြောင့် တစ်ချိန်က နောက်ဆုံးပြောခဲ့သည့် ထျန်းဟိုင်မြို့တော်၏ ဂုဏ်သိက္ခာသည်လည်း သမိုင်းတစ်လျှောက် အနိမ့်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။

မည်သူကမှလည်း မျက်နှာသာမပေးကြတော့ပေ။

ထိုကဲ့သို့ အခြေအနေမျိုး ကြုံလာရသည့်အခါ လီချန်ချင်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ဝင်ရောက်ပြီး ပြေလည်အောင် ကူညီဖျန်‌ဖြေပေးရန် တောင်းဆိုခဲ့သည်။ အကြောင်းမှာ ပြဿနာများ ပိုမိုရှုပ်ထွေးလာပါက သူတို့သည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်ပေသည်။

လီချန်ချင်း မမျှော်လင့်ထားသည်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ လူများက အင်အားစု အများအပြားအကြား စေ့စပ်ဖျန်ဖြေပေးပြီးနောက်တွင်ပင် အခြားအင်အားစုများက ဆုံးရှုံးမှုများစွာ ထပ်မံ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

တစ္ဆေမျိုးနွယ်စုသည် အင်အားစုနှစ်စုကိုပင် သုတ်သင်ရှင်းလင်းခဲ့သည်။

ကြားနေလူတစ်ယောက်ပင် ထိုကဲ့သို့သော မောက်မာရိုင်းစိုင်းမှုကြောင့် ဒေါသထွက်ကာ စစ်ပွဲကြီးတစ်ခုကို စတင်ခဲ့သည်။

လူသားမျိုးနွယ်သည် ဒေသကြီးသုံးခုရှိ တစ္ဆေများအားလုံးကို ဝန်းရံပြီး နှိမ်နင်းလာခဲ့ရာ ထျန်းဟိုင်မြို့တော်ရှိ သရဲ၊တစ္ဆေများပင် ဘေးအန္တရာယ်ကို ခံစားခဲ့ရသည်။

လူသားမျိုးနွယ်စုအတွင်း နှစ်ပေါင်းများစွာ ကျင်လည်နေပြီး အကျွမ်းတဝင်ရှိလှသော သရဲ၊တစ္ဆေအချို့ပင်လျှင် ဝန်းရံ ဖိနှိပ်မှု၏ ပစ်မှတ်များ ဖြစ်လာခဲ့ကြသည်။

တစ်ယောက်ယောက်ကို မတော်တဆ လွှတ်ပေးလိုက်ခြင်းထက် လူမှားသတ်လိုက်ခြင်းက ပိုအဆင်ပြေပေလိမ့်မည်။

ဤသည်မှာ တစ္ဆေမျိုးနွယ်စုအတွက်သာမက လူသားမျိုးစုအတွက်ပါ ဆိုလိုခြင်းဖြစ်သည်။ တိမ်ကန္တာရနယ်မြေရှိ လူသားမျိုးနွယ်စုသည်လည်း အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

တစ်လအတွင်း၌ပင် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည့် လူသားမျိုးနွယ်စုနှင့် တစ္ဆေမျိုးနွယ်များကြား ချိန်ခွင်လျှာသည် လုံးဝပြိုကျသွားခဲ့သည်။

ထိုအချိန်တွင် လူသားမျိုးနွယ်စုများစွာသည် အမှားအယွင်း တစ်စုံတရာ ရှိနိုင်သည်ကို သိရှိခဲ့ရသော်လည်း ၎င်းတို့ကို သတ်ဖြတ်ရန် ရောက်လာနေပြီဖြစ်သည်။ ထို့ကြောင့်ပင် ထိုသူတို့နှင့်အတူ အမှန်တရားကို ကြိုးစားရှာဖွေရင်း ထိုသူတို့၏လက်ချက်ဖြင့် အသတ်ခံရရန် ထိုင်စောင့်မနေနိုင်ပေ။

စန်းယွမ်နယ်မြေတစ်ခုလုံးသည် အချိန်ခဏတာမျှ ပေါက်ကွဲတော့မည့် ယမ်းအိုးကဲ့သို့ အခြေအနေဖြစ်နေသည်။

ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ လီချန်ချင်းသည် ထိုကိစ္စက ဖျန်ဖြေရေးသက်သက်သာ မဟုတ်တော့ဘဲ ထိုကိစ္စ၏ လေးလေးနက်နက်ရှိသည့် အခြေအနေကိုပါ ခံစားမိလေသည်။

လူသားမျိုးနွယ်စုနှင့် တစ္ဆေမျိုးနွယ်စုတို့အကြား စစ်ပွဲတစ်ခု ဖြစ်ပွားလာလိမ့်မည်ဟု ထင်မြင်ရသည်။

သို့သော်လည်း လီချန်ချင်းက ဤစစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးခံစားခွင့်ရှိသူမှာ ထာဝရရှင်သန်ခြင်းဂိုဏ်း ဖြစ်နေမည်ကို သံသယရှိခဲ့သည်။

သို့သော်လည်း အခြေအနေများက ထိုကဲ့သို့ ဖြစ်နေပြီး နားခိုရန်နေရာပင် မရှိတော့ပေ။

ကွမ်ကျူး နှင့် အခြားသူများပင်လျှင် လီချန်ချင်းနှင့် ဆွေးနွေးရန် ချန်ထင်မြို့သို့ ရောက်ရှိလာကြသည်။

“တစ္ဆေမျိုးနွယ်စုက သောင်းနဲ့ချီတဲ့ ငါတို့ လူသားမျိုးနွယ်စုတွေကို သတ်ဖြတ်ခဲ့တာ… ပြီးတော့ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်ကို စောင့်ကြည့်‌နေတဲ့ လူတွေကိုလည်း သူတို့က ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်….”

ကွမ်ကျူးက အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။  

အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်ကို စောင့်ကြည့်သူနှစ်ဦးတွင် တစ်ဦးက ၎င်းတို့၏ ကွမ်လန်နန်းတော်၏ အကြီးအကဲဖြစ်ပြီး ကျန်တစ်ဦးမှာ ကျူးရွှမ်းမိသားစုမှ အကြီးအကဲဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် မိသားစု၏ အဓိကမဏ္ဍိုင်များဖြစ်ကြပြီး အဆင့်မြင့်ဆရာသခင်အဆင့်သို့ ရောက်ရှိ‌နေကြသူများသည်။

သို့သော်လည်း နောက်ဆုံးတွင် သူတို့သည် တစ္ဆေမျိုးနွယ်စု၏ လက်ချက်ဖြင့် တိမ်ကန္တာရနယ်မြေတွင် သေဆုံးသွားခဲ့ရသည်။

“ဒါတောင်မကသေးဘူး…. တစ္ဆေမြို့တော်မှာရှိတဲ့ လူသားတွေအားလုံးလည်း ညတွင်းချင်း အသတ်ခံလိုက်ရတယ်….”

အခြားတစ်ယောက်က ပြောလာခဲ့သည်။

“တစ္ဆေမြို့တော်...”

လီချန်ချင်းသည် တိမ်ကန္တာရနယ်မြေတွင် လူသားမျိုးနွယ်စုအတွက် ရိုးသားသည့်နယ်မြေဟု လူသိများသော ဤနေရာကို သဘာဝကျကျပင် သိလေသည်။ သို့သော် နောက်ပိုင်းတွင် တစ္ဆေမြို့တော်အရှင် ရှုကျီအန်းသည် ထာဝရရှင်သန်ခြင်း ဂိုဏ်းဝင်တစ်ဦး ဖြစ်လာကြောင်းကို လီဟမ်ရှန်းထံမှ သူကြားသိခဲ့ရသည်။

“တိမ်ကန္တာရနယ်မြေမှာ လှုပ်ရှားမှုတစ်ချို့ရှိတယ်…. ကံကြမ္မာကြယ်နန်းတော် ဒါမှမဟုတ် ယင်တန်မျှော်စင်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းအမျိုးမျိုး နဲ့ တစ္ဆေနန်းတော်ရဲ့ မြို့အရှင်တွေပဲဖြစ်ဖြစ် အားလုံးက စည်းစည်းလုံးလုံးနဲ့ကို ငါတို့ရဲ့ ဒေသကြီးသုံးခုကို တိုက်ခိုက်ချင်နေကြတာ…”

ကျူးရွှမ်းမင်က ပြောလိုက်သည်။

“တိမ်ကန္တာရနယ်မြေက နယ်မြေကြီးသုံးခုကို တိုက်ရဲတာလား?”

လီချန်ချင်းက အနည်းငယ် အံ့သြသွားခဲ့သည်။

“တိမ်ကန္တာရနယ်မြေမှာ မြေကမ္ဘာအင်မော်တယ် တချို့ပဲ ရှိတော့တာ…. တကယ်လို့ နယ်မြေကြီးသုံးခုမှာသာ ငါတို့နဲ့တိုက်ရင် ကြက်ဥနဲ့ ကျောက်ခဲကို ပေါက်နေသလိုမျိုး ဖြစ်မနေဘူးလား…”

“အတိတ်သမိုင်းမှာတော့ ဒီလိုစစ်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တာပဲ…”

“ယေဘုယျအားဖြင့် ပြောရရင်ကွာ ငါတို့လို လူဟောင်းတွေက ဒီလိုစစ်ပွဲတွေမှာ ပါဝင်ခွင့်မရှိဘူး….”

“မြေကမ္ဘာအင်မော်တယ်တွေကိုလည်း ဒီစစ်ပွဲမှာ ပါဝင်ခွင့်မပြုဘူး….”

လောရှောင်ချွမ်က လီချန်ချင်းကို ရှင်းပြလိုက်‌ပြီးနောက် သူသည် ရုတ်တရက် နားလည်သွားခဲ့သည်။

သာမန်လူများအတွက်မူ မြေကမ္ဘာအင်မော်တယ်များသည် အစစ်အမှန် အင်မော်တယ်များနှင့် ကွာခြားမှုမရှိပေ။

လူသားမျိုးနွယ်စုတွင် တစ္ဆေမျိုးနွယ်စုထက် မြေကမ္ဘာအင်မော်တယ် အများအပြားရှိသော်လည်း ထိုအဆင့်ရှိ မြေကမ္ဘာအင်မော်တယ်ကို သတ်နိုင်ရန် အလွန်ခက်ခဲလှသည်။

အစွန်းတစ်ဖက်သို့ တွန်းပို့လိုက်သည်နှင့် တပြိုင်နက် မြေကမ္ဘာအင်မော်တယ်သည် ရူးသွပ်သွားပြီး အရူးတစ်ယောက်ကဲ့သို့ပင် မြင်မြင်ရာ တွေ့သမျှ သတ်ဖြတ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် မဟာသိုင်းဂိုဏ်းအဆင့်ရှိသူပင် သူ့ကို မတားဆီးနိုင်တော့ချေ။ သာမန်လူများအတွက်မူ ပိုဆိုးပေလိမ့်မည်။

ထိုအရာက တစ်ဖက်သတ် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုတစ်ခုပင်။

ထို့ကြောင့် စွမ်းအားကြီးသော မြေကမ္ဘာအင်မော်တယ်များ အားလုံးကိုသာ စစ်ပွဲ၌ ပါဝင်ခွင့်ပေးလိုက်ပါက နောက်ဆုံးရလဒ်သည် လူသားမျိုးနွယ်စုနှင့် တစ္ဆေမျိုးနွယ်များကြားတွင် လူမည်မျှသေဆုံးမည်ကို မည်သူမျှ မသိနိုင်ပေ။

လူတိုင်းက သေဆုံးပျောက်ကွယ် သွားနိုင်သည်လည်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ဤကဲ့သို့သော စစ်ပွဲများတွင် မြေကမ္ဘာအင်မော်တယ်များ မပါဝင်ရန် စည်းမျဉ်း၊စည်းကမ်းတစ်ခု ချမှတ်ထားသည်။

အမှန်တကယ်ပင် လူသားမျိုးနွယ်စုရော တစ္ဆေမျိုးနွယ်စုပါ စွန့်စွန့်စားစား ပြုလုပ်ရဲရန် မတတ်နိုင်ကြပေ။

“တိုက်ပွဲဖြစ်လာတာကို မရှောင်ရှားနိုင်ပေမယ့်လည်း အရေးမကြီးရင် မတိုက်ခိုက်ကြဖို့ မျှော်လင့်တယ်...”

လီချန်ချင်းက သက်ပြင်းချလိုက်သည်။

“လေး တင်ပြီးပြီဆိုတော့ နောက်ပြန်မလှည့်နိုင်တော့တာက သနားစရာပဲ….”

ကွမ်ကျူးက ဆက်ပြောလိုက်သည်။

“အဲ့ဒါက ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါးစာချထားတဲ့ ထောင်ချောက်တစ်ခုဖြစ်နိုင်မှန်း ငါတို့သိတယ်... ဒါပေမယ့်လည်း ခုန်ဆင်းဖို့ကလွဲလို့ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး.... ထာဝရရှင်သန်ခြင်းဂိုဏ်းက လူသားမျိုးနွယ်စုနဲ့ တစ္ဆေမျိုးနွယ်စုကြားက ဒေါသကို နှိုးဆွထားပြီးသား... ပြီးတော့ အဲဒါကို တားဆီးဖို့လည်း နည်းလမ်းမရှိဘူး....”

“ဒါဆိုလည်း တိုက်ကြတာပေါ့...”

လီချန်ချင်းသည် သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး

“ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက စစ်ပွဲကာလအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးမယ်.... ကျုပ်တို့လူမျိုးစု မဟုတ်တဲ့သူတွေကတော့ မတူညီတဲ့ နှလုံးသား၊ စိတ်ဆန္ဒတွေ ရှိနေမှာပဲ... ကျုပ်တို့ကသာ နောက်ဆုံးအချိန်ထိ ဒီသရဲ၊တစ္ဆေတွေကို လုံးဝ ခြောက်လှန့်နိုင်ခဲ့ရင် ပိုကောင်းတယ်... နောက်ပြီးတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျုပ်ကိုယ်တိုင် အချိန်အခါမရွေး စောင့်ကြည့်နေမယ်... သူတို့သာ တစ်ခုခုထူးခြားတဲ့ လှုပ်ရှားမှုတွေရှိလာရင် ကျုပ် မင်းတို့ကို အကြောင်းကြားလိုက်မယ်....”

လူသားများနှင့် သရဲ၊တစ္ဆေများကြား စစ်ပွဲကြီးတစ်ခု စတင်နေပြီဖြစ်သည်။

ဤစစ်ပွဲသည် လူသားမျိုးနွယ်စုနှင့် တစ္ဆေမျိုးနွယ်စုတို့၏ အနေအထားနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုလုနီးပါး ဖြစ်နေသည်။ တစ္ဆေမျိုးနွယ်စုသည် နှစ်ပေါင်းများစွာ နိမ့်ကျနေခဲ့ပြီးဖြစ်သော်လည်း သူတို့ထဲတွင် သန်မာသူများလည်း ရှိလေသည်။

လူသားမျိုးနွယ်စု၏ အင်အားစု အများအပြားသည်လည်း စည်းလုံးညီညွတ်စွာ မဟာမိတ်ဖွဲ့ခဲ့ကြသည်။

အင်အားစုအသီးသီးမှ ဆရာသခင်ကြီးများသည် ၎င်းတို့၏ မျိုးဆက်သစ် တပည့်ငယ်များနှင့်အတူ တစ္ဆေမျိုးနွယ်စုနှင့် တိုက်ပွဲကို သွားကြပေလိမ့်မည်။

မြောက်ပိုင်းအေးခဲနိုင်ငံ၏ နယ်စပ်မှစတင်ပြီး နယ်မြေကြီးသုံးခုကို ဖြတ်ကျော်ကာ တစ္ဆေမျိုးနွယ်စုကို တိုက်ခိုက်ရန်အတွက် ဖြန့်ကျက်သွားလေသည်။

ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှ ဆရာသခင်များစွာကိုလည်း စေလွှတ်ခဲ့ပြီး လီဟမ်ရှန်းနှင့် လုရှီရန်တို့သည်လည်း သဘာဝအတိုင်း ထိုလူများအထဲမှ အပါအဝင်ဖြစ်သည်။

လီဟမ်ရှန်းသည် မထွက်ခွာမီအချိန်တွင် အိမ်သို့ပြန်ခဲ့သည်။ လီချန်ချင်းက စကားအများကြီး မပြောသော်လည်း လီဟမ်ရှန်းကို ဂရုစိုက်ရန် ပြောဆိုခဲ့လေသည်။ လီဟမ်ရှန်း အန္တရာယ်ဖြစ်မည်ကို သူစိုးရိမ်မနေပေ။ လီဟမ်ရှန်း၏ လက်ရှိခွန်အား၊ သူ၏လက်ဝယ်ရှိ အင်မော်တယ်အရှင်သခင်လှံ၊ ယခင်က လီချန်ချင်းပေးခဲ့သည့် ပန်းချီရတနာအချို့နှင့် ယင်နှင့်ယန်နယ်ပယ် တို့သည် သူ၏ဘေးတွင် ရှိနေခဲ့သည်။

စွမ်းအားကြီးလှသည့် မဟာသိုင်းဂိုဏ်းအဆင့်ရှိ ဆရာသခင်ပင်လျှင် သူ့ကို သတ်ဖြတ်ချင်စိတ် ပြင်းပြနေပါက လီဟမ်ရှန်းသည် သူ့ကိုယ်သူ အပြည့်အဝ ကာကွယ်နိုင်လေသည်။

ထို့အပြင် အကြီးမားဆုံးသော ကုန်သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုအချိန်တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည်လည်း ၎င်း၏ အခန်းကဏ္ဍကို ပြသခဲ့သည်။

ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ထောက်ပံ့မှုများတွင် သဘာဝအတိုင်း ပြဿနာမရှိပေ။ တစ်ချိန်တည်းမှာပင် ဤစစ်ပွဲကို ပံ့ပိုးရန်အတွက် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှလည်း ကုန်စည်အများအပြား၏ စျေးနှုန်းများကို လျှော့ချပေးခဲ့ပြီး အမြတ်အစွန်းအနည်းငယ်သာရှိသော ချဉ်းကပ်မှုသို့ ပြောင်းလဲခဲ့သော်လည်း လည်ပတ်မှု မြန်ဆန်ခဲ့လေသည်။ သို့သော်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည် ငွေအမြောက်အမြား ရနေသေးဆဲပင်။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ လူများပင်လျှင် ၎င်းကိုကိုင်တွယ်ရန် အလွန်အမင်း အလုပ်များနေကြလေသည်။ ထို့ကြောင့် လီရှုပင်လျှင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းဆောင်တာများကို တာဝန်ယူရန် အခြားတစ်နေရာသို့ သွားရောက်မည်ဟု တောင်းဆိုခဲ့သည်။

လီရှုသည် ငယ်စဉ်ကတည်းကပင် သူ၏အနားမှ တစ်ဖဝါးမှ ခွာခဲ့သူမဟုတ်သောကြောင့် လီချန်ချင်းသည် အစပိုင်းတွင် အနည်းငယ်စိုးရိမ်နေခဲ့ရသည်။

ယခုအချိန်၌ သူသည် တခြားတစ်နေရာသို့ သွားရောက်နေခြင်းကြောင့် လီချန်ချင်း၏ စိုးရိမ်မှုမှာ ပုံမှန်သာဖြစ်သည်။

နောက်ပိုင်းတွင် ဖေး ကို လီရှု နောက်သို့လိုက်ရန် စေလွှတ်ခဲ့သည်။

တစ်နှစ်ကြာသော်.....

လူသားမျိုးနွယ်စုနှင့် တစ္ဆေမျိုးနွယ်စုတို့သည် တိုက်ပွဲပေါင်း ကြီးကြီး၊သေးသေး ရာနှင့်ချီ၍ ဆင်နွှဲခဲ့ကြသည်။ တစ္ဆေမျိုးနွယ်စု၏ တိုက်ပွဲစွမ်းအားသည် လူသားမျိုးနွယ်စု၏ စိတ်ကူးစိတ်သန်းထက်ပင် များစွာ ကျော်လွန်သွားခဲ့သည်။ တစ္ဆေမျိုးနွယ်စုသည် စည်းဖောက်ကာ မြို့အများအပြားကိုပင် ဖျက်စီးခဲ့လေသည်။ လူသားမျိုးနွယ်စုသည် တစ္ဆေစစ်တပ်နှင့် ရင်ဆိုင်ရန် အခက်အခဲအချို့ရှိခဲ့ပြီး ၎င်းတို့၏ ခံစစ်စည်းကိုသာ ဆုတ်ခွာလာနိုင်ခဲ့သည်။

တစ္ဆေမျိုးနွယ်စု၏ အမျိုးမျိုးသော မျိုးနွယ်စုများသည်လည်း စည်းလုံးလာကြပြီး ဘီလူးမျိုးနွယ်စုသည်လည်း တိမ်ကန္တာရနယ်မြေကို ကိုယ်စားပြုကာ ထိုစစ်ပွဲတွင် ပါဝင်လာခဲ့သည်။

ဧရာမ ဘီလူးကြီးများသည် တိုက်ပွဲတွင် အဓိကအင်အားစု ဖြစ်လာခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များက အလွန်တရာ သန်မာလှသည့်အတွက် အဆင့်တူညီသော လူသားစစ်သည်များကို အနိုင်ယူနိုင်ခဲ့လေသည်။

ဘီလူးများ၏ လက်ချက်ကြောင့် အတော်များများ ထိခိုက်ခဲ့ရသည်။

ပို၍ အရေးကြီးသည်မှာ တစ္ဆေမျိုးနွယ်စုများထဲတွင် တစ္ဆေခြယ်လှယ်ရေးမျိုးနွယ်စု ဟု ခေါ်ဆိုကြသည့် အုပ်စုတစ်စုရှိသည်။ လူသားမျိုးနွယ်စုကို ဆုံးရှုံးနစ်နာစေနိုင်သည့် စိတ်ဝိညာဉ်သားရဲများကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်ကြလေသည်။

လင်းရှတောင်ကြားလမ်းတွင်…….

ဤနေရာကို တစ်နှစ်ကျော်မျှ စောင့်ကြပ်ထားပြီး အဆင့်မြင့်ဆရာသခင်အဆင့်ရှိ ဆရာသခင်တစ်ဦးနှင့် မူလအဆင့် ပြီးပြည့်စုံသောအဆင့်ရှိ ဆရာသခင်လေးဦးတို့နှင့်အတူ ကြီးကြီး၊သေးသေး တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

ထိုအထဲတွင် လီဟမ်ရှန်းသည်လည်း ဤနေရာတွင် တာဝန်ယူထားလေသည်။

လီဟမ်ရှန်း၏ တိုက်ခိုက်နိုင်စွမ်းသည် ထိုအထဲမှ ဆရာသခင်တစ်ဦးနှင့်ပင် ယှဉ်နိုင်လေသည်။ ထို့အပြင် လွန်ခဲ့သည့် တစ်နှစ် သို့မဟုတ် ထို့ထက်ပင် လီဟမ်ရှန်းသည် တစ္ဆေအနည်းငယ်ကို သတ်ပစ်ခဲ့ဖူးသည်။ တစ္ဆေများသည် လီဟမ်ရှန်းကို ၎င်းတို့သတ်ပစ်ရမည့် စာရင်းတွင် ထည့်သွင်းထားပြီးဖြစ်သည်။

တစ္ဆေများအကြားတွင် လီဟမ်ရှန်း၏ ဦးခေါင်းအတွက် ဆုလာဘ် ပေးမည့်သူများလည်း ရှိခဲ့သည်။

သို့သော်လည်း ထိုတာဝန်ကို မည်သူမျှ မလုပ်ဆောင်ရဲကြသေးပေ။

လီဟမ်ရှန်းက အလွန်တရာ သန်မာလှသောကြောင့် မဟုတ်ပေ။ သို့သော် လီဟမ်ရှန်းတွင် ထိတ်လန့်၊အံ့ဩဖွယ်ကောင်းသည့် ဖခင်နှစ်ယောက်ရှိသည်ကို သူတို့လည်းသိကြပေသည်။

‌တစ်ယောက်က စန်းယွမ်နယ်မြေ၏ အရှင်သခင်ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ လီချန်ချင်းပင်။

သူတို့ကို စော်ကားဖို့ရာ မတတ်နိုင်ကြပေ။

ယနေ့တွင် လူသစ်များကို လင်းရှတောင်ကြားလမ်းသို့ စေလွှတ်ခဲ့သည်။

“အစ်ကိုကြီး! သွားကြည့်ပါဦး.... အခု အသစ်ရောက်လာတဲ့ အဖွဲ့တွေက တော်တော်အဆင်ပြေတယ်.... သူတို့ထဲမှာ အရမ်းတော်တဲ့ တစ်ယောက်လည်း တွေ့ထားတယ်....”

ထိုအချိန်တွင် တပည့်တစ်ဦးက ရောက်ရှိလာပြီး လီဟမ်ရှန်းအား ပြောလိုက်သည်။

လီဟမ်ရှန်းသည် ခေါင်းညိတ်ပြလိုက်ပြီး ခန်းမထဲသို့ ၀င်သွားခဲ့သည်။

လစဉ်လတိုင်း လူသားမျိုးနွယ်စု၏ တပ်ဖွဲ့ဝင်အသစ်များကို စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ သို့သော်လည်း ခြွင်းချက်မရှိ ၎င်းတို့အားလုံးသည် ပြန်လည်မွေးဖွားခြင်းအဆင့် သို့မဟုတ် အထက်တွင်သာ ရှိနေကြသည်။

လီဟမ်ရှန်း ဝင်လာပြီးသည်နှင့် သူ၏မျက်လုံးများက ကောင်မလေးကို စိုက်ကြည့်လိုက်သည်။

သူမသည် အနီရောင်ကို ၀တ်ဆင်ထားပြီး စူးရှထက်မြက်သော အကြည့်များနှင့် သူမ၏ပတ်ဝန်းကျင်ရှိ လူများထက် ပိုမိုထင်ရှားပေါ်လွင်စေပြီး ဂုဏ်ယူရသည့် ဓားဝိညာဉ်တစ်ခု ရှိလေသည်။

သူမသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း သူမ၏ ဓားစိတ်ဆန္ဒသည် မူလအဆင့်ရှိသူကို ဓားတစ်ချောင်းတည်းဖြင့်ပင် သတ်ပစ်နိုင်သည်ဟု လူအများအား ခံစားမိစေသည်။

“မင်းနာမည် သိခွင့်ရှိမလား!”

လီဟမ်ရှန်းသည် ကောင်မလေးကို ကြည့်ကာ မေးလိုက်သည်။

လီဟမ်ရှန်းက သူမကို မေးနေသည်ကို မြင်သောအခါ မိန်းကလေးက

“စီနီယာ! ကျွန်မနာမည် လီလုအာလို့ ခေါ်ပါတယ်….”

All Chapters