← Chapters

အခန်း (၄၉၆)

Vol. 40 Ch. 496

အခန်း (၄၉၆)

Vol. 40 Ch. 496

လင်းချင်းကျီသည် လီဟမ်ရှန်း၏ စကားကို မယုံကြည်ခဲ့ပေ။

“စန်းယွမ်စည်းတံဆိပ်တုံး နဲ့ မူလနယ်မြေပုလဲ ပေါင်းစပ်မှုက အင်မော်တယ် ဖြစ်မလာနိုင်ဘူးဆိုရင် ကျန်းထျန်းယွမ်က သူ့သမီးကိုတောင် မညှာမတာနဲ့ ကျန်းချင်းရိုရဲ့ မူလနယ်မြေပုလဲကို ထုတ်ယူဖို့ ကြိုးစားခဲ့မှာမဟုတ်ဘူး…. အခုက ဘေးကျပ်နံကျပ် အခြေအနေကို ရောက်နေပြီ…. ဒါက စန်းယွမ်‌နယ်‌မြေကို ကယ်တင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ…. မင်း မူလနယ်မြေပုလဲ ဘယ်မှာလဲဆိုတာ ငါ့ကို အမှန်အတိုင်း ပြောပြနိုင်မယ်လို့ မျှော်လင့်တယ်….”

လင်းချင်းကျီက သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“မပြောတတ်ဘူးလေ…..”

လီဟမ်ရှန်းက ခေါင်းခါလိုက်လေသည်။ သူတကယ်ပင် မသိပေ။

မူလနယ်မြေပုလဲ မည်သည့်နေရာတွင်ရှိသည်ကို လီရွှမ်းရှီတစ်ယောက်သာ သိနိုင်ပေသည်။

လီဟမ်ရှန်းက စကားမပြောတော့သည်ကို မြင်လိုက်ရသောအခါ လင်းချင်းကျီသည်လည်း အခြေအနေများက သိပ်မလွယ်ကူလှကြောင်း ခံစားလိုက်ရသည်။

“ငါ့သားက သူမသိဘူးလို့ ပြောထားပြီးသားကို ဘာလို့ မထွက်သွားသေးတာလဲ….”

လီချန်ချင်းက နံဘေးတွင်ထိုင်နေရင်း တည်ငြိမ်စွာ မေးလိုက်သည်။

လင်းချင်းကျီက လီချန်ချင်းကို ရုတ်တရက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မကြာခင်တုန်းက ပန်းချီအင်မော်တယ်လီရဲ့ ကျင့်ကြံခြင်းက ဟန်ပြရုံသက်သက်ပဲဆိုပြီး ပြင်ပလောကမှာ ကောလဟာလတွေ ထွက်ပေါ်နေတာလေ… အဲ့ဒီကောလာဟလတွေက တကယ်ကို ရယ်စရာကောင်းလွန်းတယ်…. ထျန်းဟိုင်မြို့တော်မှာ ပန်းချီအင်မော်တယ်လီရှိတုန်းက သူရဲ့စွမ်းအားကို လူတိုင်းမြင်ခဲ့တာပဲ မဟုတ်လား…. ဘာကြောင့်များ ဒီလို ကောလာဟလတွေ ထွက်လာတာလဲ မသိဘူး….”

“မင်းငါနဲ့ ယှဉ်တိုက်ချင်လို့လား?”

လီချန်ချင်းသည် လင်းချင်းကျီကို အေးအေးဆေးဆေး ကြည့်လိုက်သည်။

“မဟုတ်ဘူး! မဟုတ်ဘူး… ကျွန်တော်က ပန်းချီအင်မော်တယ်လီကို တိုက်ဖို့ အဲ့ဒီလောက် မသန်မာသေးပါဘူး….”

ထိုစကားကို ပြောပြီးနောက် လင်းချင်းကျီသည် အနည်းငယ်ပြုံးလျက် လက်ဟန်ပြုကာ အရိုအသေပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။

လင်းချင်းကျီ ထွက်သွားပြီးနောက်မှသာ လီဟမ်ရှန်းသည် သက်ပြင်းတစ်ချက် ချလိုက်သည်။

‘လင်းချင်းကျီက လီချန်ချင်းရဲ့ အင်အားကို တကယ်စမ်းသပ်ဖို့ စိတ်ပိုင်းဖြတ်ထားရင်ရော။’

“မဆိုးပါဘူး….”

လီချန်ချင်းသည်လည်း ထိုအခိုက်အတန့်တွင် အသက်ပြင်းပြင်းရှုလိုက်ပြီး ပြုံးလျှက် ပြောလိုက်သည်။

“လင်းချင်းကျီကသာ ငါ့မှာ တကယ်ခွန်အားမရှိမှန်း သိသွားရင် ငါတို့သားအဖနှစ်ယောက်တော့ ဒုက္ခရောက်တော့မှာပဲ…”

“ရှူး….တိုး တိုး‌…”

လီဟမ်ရှန်းသည် လီချန်ချင်း၏ အသံကိုထိန်းထားရန် အလျှင်အမြန် အချက်ပြလိုက်သည်။

‘လင်းချင်းကျီ ဝေးဝေးမသွားသေးရင်ရော ဘယ်လိုလုပ်မလဲ။’

“စိတ်မပူပါနဲ့! အဆင်ပြေပါတယ်….”

လီချန်ချင်းသည် မတိုင်မီက သူတို့ပြောနေကြသည့် အကြောင်းအရာကို တိုက်ရိုက် ပြောလိုက်သည်။

“မင်းကြီးပြင်းလာပြီပဲ… မင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တယ်… ရှေ့ဆက်ရမယ့် အနာဂတ်ကလည်း မင်းကိုယ်တိုင် လျှောက်လှမ်းရမှာ…. လောလောဆယ်တော့ အဖေ မင်းကို မကူညီနိုင်သေးဘူး…”

“ဖေဖေ! ကျွန်တော် ပိုဂရုစိုက်ပါ့မယ်…..”

လီဟမ်ရှန်းကလည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အစစ၊ အရာရာ သတိထား….”

လီချန်ချင်းက စိုးရိမ်စွာဖြင့် သတိပေးလိုက်သေးသည်။

လီဟမ်ရှန်း ထွက်ခွာသွားပြီးနောက်တွင် လီချန်ချင်းက အနည်းငယ် မူးဝေလာပြီး တစ်ရေးတမော အိပ်ရန် အိမ်ထဲသို့ဝင်လာခဲ့သည်။

သူသည် အိပ်ရာမှ နိုးလာပြီးနောက်တွင်လည်း တစ်စုံတရာ မှားယွင်းနေသည်ကို သတိမထားမိပေ။

သို့သော် သူ၏ အိပ်မက်ထဲတွင်တော့ လင်းချင်းကျီ၏ ပုံရိပ်က လျှပ်တပြက် ပေါ်လာခဲ့လေသည်။

“သူက ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်အိပ်မက်ငြို့သိုင်းကိုတောင် မခုခံနိုင်ခဲ့ဘူး…. ဘာကိုမှ သတိမထားမိတာ.. ဒီလီချန်ချင်းရဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်းက တကယ်ကို ဘာမှမဟုတ်လောက်ဘူး….”

သတင်းရရှိပြီးနောက်တွင် လင်းချင်းကျီသည် ထျန်းဟိုင်မြို့တော်သို့ အလျှင်အမြန် ပြန်လာခဲ့လေသည်။

ယွဲ့ဟန်ကျွင်းကို ထိုသတင်းပြောပြရန် သူမစောင့်နိုင်တော့ပေ။

“မင်းရဲ့ စိတ်ဝိဉာဉ် အိပ်မက်ငြို့သိုင်းကိုတောင် မခုခံနိုင်ဘူးလား?”

ယွဲ့ဟန်ကျွင်းက မျက်မှောင်တင်းတင်း ကြုတ်လိုက်လေသည်။ နှစ်‌ပေါင်းကြာလာသည်နှင့်အမျှ လီချန်ချင်းသည် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်တော့ပေ။ ထိုအရာက ယွဲ့ဟန်ကျွင်းကို လီချန်ချင်း၏ ကျင့်ကြံခြင်းအဆင့်ကို သံသယဝင်လာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လီချန်ချင်း၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်တစ်ခုသာ ရှိနေသောကြောင့်ပင်။

မဟာလွတ်မြောက်ခြင်း အဆင့်သို့ အမှန်တကယ် ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။

ထိုအချိန်က သူသည် မဟာလွတ်မြောက်ခြင်းအဆင့်သို့ ဝင်ရောက်ရန် နည်းလမ်းအချို့ကို အသုံးပြုခဲ့ဖွယ်ရှိသည်။

စိတ်ဝိညာဉ်တစ်ခုသာ ရှိနေသည့်လူကို မဟာလွတ်မြောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်စေမည့် ရတနာတစ်ခု တည်ရှိနေခြင်းကပင် မယုံနိုင်စရာပင် ကောင်းနေပြီဖြစ်သည်။ ဒုတိယရတနာတစ်ခု တည်ရှိနေရန်မှာ မဖြစ်နိုင်‌ချေ။

“လီချန်ချင်း!”

ယွဲ့ဟန်ကျွင်းသည် ယခုအခိုက်အတန့်တွင် သူအလိမ်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။

“သူက ငါ့ကို ထျန်းဟိုင်မြို့တော်မှာ အနှစ်ငါးဆယ်လောက် ထောင်ချောက်ဆင်ပြီး ပိတ်ထားချင်‌တာ… ပြီးတော့လည်း ဟိုကောင် လီဟမ်ရှန်းကို ဒီနှစ်ငါးဆယ်အတွင်း ရူးရူးမူးမူ လေ့ကျင့်ခွင့် ပေးလိုက်သေးတယ်… ဒါမှလည်း အနာဂတ်မှာ သူငါ့ကို ရင်ဆိုင်နိုင်မှာလေ!”

“ဒီနှစ်ငါးဆယ်အတွင်း လီဟမ်ရှန်းက ပါရမီရှင်တစ်ယောက် ဖြစ်လာတယ်ဆိုရင်တောင် သူ ခင်ဗျားနဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး.. ဟုတ်တယ်မလား…”

လင်းချင်းကျီက ပြုံးပြုံးလေး ပြောလိုက်သည်။

“လီချန်ချင်းက လူထူးလူဆန်း တစ်ယောက်နော်… သူ့မှာ ဘာလှည့်ကွက်တွေ ရှိဦးမလဲဆိုတာ ပြောဖို့ခက်တယ်… အရင်က သူ့ကို လျှော့တွက်ထားမိလို့ သူ့ထောင်ချောက်ထဲ ငါကျသွားတာ… လီဟမ်ရှန်းအတွက် သူစီစဉ်ထားတဲ့ လှည့်ကွက်တွေကို ဘယ်သူသိမလဲလေ… ဒါပေမယ့် ငါတို့ လီချန်ချင်းကိစ္စအတွက် အချိန်ယူရမယ်…. အလျင်စလို မလုပ်လိုက်နဲ့….”

ယွဲ့ဟန်ကျွင်းက ခဏတာမျှ စဉ်းစားပြီး ပြောလိုက်သည်။

ယွဲ့ဟန်ကျွင်းသည် အလိုလိုပင် လီချန်ချင်းကို ကြောက်ရွံ့သွားခဲ့သည်။

သူ့ကို မျက်စိတစ်မှိတ်အတွင်း ကိုးကြိမ်တိုင်တိုင် သတ်ပစ်ခဲ့ပုံကို တွေးမိလေသည်။ ထို့အပြင် ယွဲ့ဟန်ကျွင်းသည် ထိုအချိန်က သူခံစားခဲ့ရသည့် သေခြင်းတရား၏ ကြောက်ရွံ့စရာကောင်းမှုကို မှတ်မိနေပါသေးသည်။

သို့သော် ယခုအချိန်တွင် ယွဲ့ဟန်ကျွင်းက သူ၏စိတ်ထဲ၌ အစီအစဉ်ချထားပြီးပြီ ဖြစ်သည်။

လီချန်ချင်းသည် သူ့တွင် အရန်အစီအစဉ်တချို့ ထားရှိရန် စိတ်ပိုင်းဖြတ်ထားလေသည်။ လီဟမ်ရှန်းက စစ်မြေပြင်သို့ သွားခဲ့လေသည်။

တိမ်ကန္တာရနယ်မြေတွင် တိုက်ခိုက်ရန် လူသားမျိုးနွယ်စု စစ်တပ်နောက်သို့ လိုက်ပါသွားခဲ့သည်။ လူသားမျိုးနွယ်စုသည် တိမ်ကန္တာရနယ်မြေသို့ ဝင်ရောက်သောအခါ မည်သည့်အားသာချက်မှ မရရှိခဲ့ပေ။ ထို့ကြောင့် တိုက်ပွဲသည် အစဉ်အမြဲ ခက်ခဲနေခဲ့သည်။

လီလုအာသည်လည်း လီဟမ်ရှန်းနှင့် တိမ်ကန္တာရနယ်မြေသို့ လိုက်သွားခဲ့သည်။

လင်းရှတောင်ကြားလမ်းတွင် ရှိနေစဉ်ကတည်းက လီလုအာသည် လီဟမ်ရှန်းနောက်သို့ လိုက်ပါခဲ့သည်။

နှစ်ဝက်ကျော်မျှ ကြာမြင့်ပြီးနောက် လီလုအာသည် လီဟမ်ရှန်း၏ အကူအညီဖြင့် မူလအဆင့်သို့ တရားဝင် ရောက်ရှိလာခဲ့သည်။

တစ်ချိန်တည်းတွင်ပင် လီဟမ်ရှန်းသည်လည်း စစ်မြေပြင်တွင် အရူးအမူးတိုက်ခိုက်လာပြီးနောက် သူသည် “နိယာမ” ၏ အသုံးပြုပုံကို အမှန်တကယ်ပင် နားလည်သဘောပေါက်ခဲ့ပြီး မူလအဆင့် မဟာပြီးပြည့်စုံခြင်းအဆင့်သို့ အစစ်အမှန် ရောက်ရှိသွားခဲ့သည်။

အဆင့်မြင့်ဆရာသခင် အဆင့်သို့ပင် တက်လှမ်းလာခဲ့သည်။

ရှမူဟိုင်ကို သတ်ခဲ့သည့်လူက တစ္ဆေမျိုးနွယ်စု၏ မဟာသိုင်းဂိုဏ်းအဆင့် ဆရာသခင်ဖြစ်သည်။ လီဟမ်ရှန်းသည် ထိုလူကို လက်စားချေရန်အတွက်သာ တိမ်ကန္တာရနယ်မြေသို့ ရောက်လာခဲ့သော်လည်း ထိုသူနှင့်မတွေ့ရသေးပေ။

၎င်းက လီဟမ်ရှန်းကို အနည်းငယ် စိတ်ထိခိုက်စေခဲ့သည်။

သို့သော်လည်း လီဟမ်ရှန်းသည် စစ်မြေပြင်ရှိ လူသားမျိုးနွယ်စုအတွင်း၌ ပို၍ ပို၍ပင် ဂုဏ်သိက္ခာ ကြီးမားလာခဲ့သည်။ အဆင့်မြင့် ဆရာသခင်များစွာ၏ ပံ့ပိုးမှုဖြင့် လီဟမ်ရှန်းသည် လူသားမျိုးနွယ်စု၏ ထိပ်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။

၎င်းတို့အနက် တောင်ဘက်လွင်ပြင်ဒေသမှ ဆုမိသားစုသည် လီဟမ်ရှန်းအတွက် အဓိက ကူညီပံ့ပိုးပေးသူ ဖြစ်လာခဲ့သည်။

တောင်ဘက်လွင်ပြင်‌ဒေသမှ ဆုမိသားစုသည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှ တစ်စုံတစ်ဦးကို အမှန်တကယ်ပင် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။

အနည်းငယ် မယုံနိုင်စရာပင် ကောင်းလှသည်။

ယခုအချိန်တွင် ဆုရှန်းချီသည် ဆုမိသားစုတွင် အာဏာကိုထိန်းချုပ်ထားပြီး ဆုမိသားစုအတွင်း သြဇာလွှမ်းမိုးထားသည်။ ဆုရှန်းချီ၏ ပံ့ပိုးမှုဖြင့် ဆုမိသားစုသည် လီဟမ်ရှန်း၏ ကျောထောက်နောက်ခံ ဖြစ်လာခဲ့သည်။

လီချန်ချင်းသည် အမျိုးမျိုးသော ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရသော်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် သူ့ကို စောင့်ကြပ်ပေးနေသော ဆရာသခင်များစွာရှိသည်။ သူသည် မည်သည့်အရာမှ လှုပ်ရှားမှုပြုလုပ်ရန် မလိုအပ်ပေ။ ထို့ကြောင့်ပင် မည်သည့်ကိစ္စတစ်ခုမျှ မဖြစ်ပွားခဲ့သလိုမျိုး အမြဲပြုမူနေခဲ့သည်။

သို့သော်လည်း လီချန်ချင်းနောက်သို့ အမြဲလိုက်နေသော မူချင်းကောမှာတော့ အနည်းငယ် စိုးရိမ်နေခဲ့သည်။

မူချင်းကောသည် လီချန်ချင်းနောက်သို့ နှစ်ပေါင်းများစွာအထိ အကြွင်းမဲ့နှလုံးသားဖြင့် လိုက်ပါခဲ့သည်။ လီချန်ချင်း၏ လေ့ကျင့်မှုအောက်တွင်ပင် မူချင်းကောသည် မူလအဆင့် မဟာပြီးပြည့်စုံခြင်း အဆင့်ထဲသို့ ဝင်ရောက်လာခဲ့သည်။

အဆင့်မြင့်ဆရာသခင် အဆင့်သို့ပင် ရောက်ရှိလာခဲ့သည်။

နှစ်‌ပေါင်းကြာလာသည်နှင့်အမျှ မူဟန်ရှန်းနှင့် ပတ်သက်သည့် သတင်းအစအနလေးပင် မရရှိခဲ့ပေ။ မူချင်း‌ကောသည် မူဟန်ရှန်းကို သူမ၏ ဖခင်တစ်ယောက်အနေဖြင့် အလွန်တရာ စိတ်ပျက်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။

ထိုကဲ့သို့ဖြင့် နှစ်နှစ်ခန့်မျှ ကြာမြင့်သွားလေသည်။

နှစ်နှစ်တာအချိန်ကာလသည် လူသားများနှင့် တစ္ဆေမျိုးနွယ်စုများအတွက် ခေတ္တခဏ အခိုက်အတန့်ဟု ထင်မြင်ရပြီး စစ်ပွဲသည်လည်း ပြင်းပြင်းထန်ထန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ယခုအချိန်ပင်လျှင် တက်လှမ်းခြင်းအဆင့်ရှိ စစ်သည်တော် အများအပြားက စစ်မြေပြင်သို့ သွားရမည်။

လူသားမျိုးနွယ်စု၏ လက်ရှိအခြေအနေသည် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ တိမ်ကန္တာရနယ်မြေ၏ လေးပုံတစ်ပုံခန့်ကို လူသားမျိုးနွယ်စုက သိမ်းပိုက်ထားခဲ့သည်။

ယခုအခါ လူသားမျိုးနွယ်စု မဟာမိတ်အဖွဲ့သည် တစ္ဆေမျိုးနွယ်စုများကို မတိုက်ခိုက်ဘူးဆိုလျှင်လည်း လုံးဝဥဿုံ နောက်ဆုတ်မည့် အခြေအနေရှိသည်။ သို့မဟုတ် တိုက်ခိုက်ပြီဆိုလျှင်လည်း တစ္ဆေမျိုးနွယ်စုကို လုံးလုံးလျားလျား သုတ်သင်ပစ်မည်ဖြစ်သည်။

တိမ်ကန္တာရနယ်မြေကို လူသားမျိုးနွယ်စုမှ လုံးဝဥဿုံ ထိန်းချုပ်ခွင့်ပေးရမည်။ သို့မှသာ နောင်လာ၊နောက်သားများအတွက် ပြဿနာအများအပြားမှ ထိန်းသိမ်းရန် အဆင်ပြေပေလိမ့်မည်။

All Chapters