← Chapters

အခန်း (၄၉၈)

Vol. 40 Ch. 498

အခန်း (၄၉၈)

Vol. 40 Ch. 498

(မူရင်းစာရေးသူ၏ အမှာ- စစတုန်းကတော့ ဇာတ်သိမ်းကို နောက်ထပ်လဝက်လောက်အထိ သေချာလေး အသေးစိတ်နဲ့ လှလှပပလေး အဆုံးသတ်ပေးမလို့ပါပဲ။ ဒါပေမယ့် စာရေးသူရဲ့ ကျန်းမာရေးအခြေအနေက ဆိုးရွားနေတာကို ခေါင်းမာပြီး စာရေးနေတာကြောင့် ကုသပေးနေတဲ့ ဒေါက်တာက စာရေးတာကို အတင်းအကြပ်ရပ်နားခိုင်းခဲ့ပါတယ်။

သွေးစစ်ပြီး ရလာတဲ့ ရလဒ်တွေက စာရေးသူအတွက် မကောင်းနေပါဘူး။ ကုသပေးနေတဲ့ ဒေါက်တာက ရောဂါက အရမ်းကို အရေးကြီးကြောင်းကို ပြောပြတဲ့အပြင် သူမကုနိုင်ဘူးလို့ပါ တခါတည်းဝန်ခံခဲ့ပါတယ်။ ဒါကြောင့် စာရေးသူဟာ ပေကျင်းကိုသွားပြီး ဆေးရုံတက်ရဖို့ လိုနေတယ်။ လေယာဉ်လက်မှတ်ကို ဒီနေ့ဝယ်ပြီးပြီ။ သဘက်ခါကျမှပဲ အထူးကုနဲ့တွေ့ပြီး ဆက်လက်ကုသရမှာပေါ့။ ရောဂါအခြေအနေကြောင့် စာကို ဘယ်တော့ပြန်ရေးနိုင်မလဲ၊ ဘယ်တော့မှ ပြန်လာနိုင်မလဲဆိုတာကို မသိပါဘူး။ ဒါကြောင့်မို့လို့ ဇာတ်သိမ်းကို ကံကောင်းသွားတာက စာအုပ်က ပြီးခါနီးဖြစ်နေလို့ပေါ့။

ဇာတ်လမ်းအသွားအလာ၊ အနေအထားကိုလည်း ပရိသတ်တွေ တော်တော်များများ နားလည်နေပါပြီ။ စာရေးသူရဲ့ ခန္ဓာကိုယ်က မခံနိုင်တာမို့လို့ အဆုံးသတ်က အမြန်သိမ်းလိုက်ရတယ်။ ပြန်လာဖို့ အချိန်ဘယ်လောက်ကြာမလဲမသိပေမယ့် စာရေးသူက ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။ အချိန်အကြာကြီး အားပေးနေလို့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်…

စာရေးသူ - လီပေ့လျန်း)

လီချန်ချင်းသည် တစ်နေ့ထက်တစ်နေ့ သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများက ပိုမိုသိသာလာသည်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မရေမတွက်နိုင်သည့် ပုရွက်ဆိတ်များ ကိုက်ခံနေရသည့်ပုံ ပေါ်နေသည်။

လီချန်ချင်းသည် နာကျင်မှုကြောင့် တုန်လှုပ်နေခဲ့သည်။

သူ၏အရေပြားများပင် ယားယံနေပြီး လီချန်ချင်းက သူ၏လက်များကို သွေးထွက်သည်အထိပင် ကုတ်ခြစ်နေမိသည်။

မူချင်းကောက လီချန်ချင်း ဤကဲ့သို့ ဖြစ်နေသည့်ပုံကို မြင်ရသောအခါ သည်းမခံနိုင်တော့ပေ။

သို့သော် သူမတွင် အင်းဆက်တစ်ထောင် အဆိပ်ဆေးမှုန့်ကို နှိမ်နင်းရန်အတွက်လည်း နည်းလမ်းမရှိခဲ့ပေ။

လီချန်ချင်း၏ အခြေအနေသည် ယန်မိသားစု၏ အာရုံကိုပင် ဆွဲဆောင်ခဲ့သည်။ လီချန်ချင်းကို မြင်လိုက်ရသောအခါ ယန်ပါးထောင်က အလွန်အမင်း ကြောက်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။

ယန်မိသားစုအတွင်းရှိ ယွဲ့ဟန်ကျွင်းမှ စီစဉ်ပေးထားသော သူလျှိုသည် လီချန်ချင်း၏ အခြေအနေကို ပြန်လည်တင်ပြခဲ့သည်။

“သူက အင်းဆက်တစ်ထောင် အဆိပ်ဆေးမှုန့်ကိုတောင် မခံနိုင်ဘူး.... ဒီ လီချန်ချင်းက တကယ့်ကို စက္ကူကျား တစ်ကောင်သာသာပဲ....”

ယွဲ့ဟန်ကျွင်းက ပြုံးလိုက်သည်။

‘စက္ကူကျားတစ်ကောင်ပဲဆိုရင် ယွဲ့ဟန်ကျွင်းက ဘာကိုကြောက်နေရမှာလဲ။’

ယန်ပါးထောင်သည် ရွှယ်ချမ်းပိုင်ကို အကြောင်းကြားရန်မှတပါး ရွေးချယ်စရာမရှိတော့ဘဲ ရွှယ်ချမ်းပိုင်ကသာ ဖြေရှင်းချက်တစ်ခု ယူဆောင်လာနိုင်မည်ဟု မျှော်လင့်ထားလေသည်။

ရွှယ်ချမ်းပိုင်သည် ယန်မိသားစုထံသို့ ရောက်ရှိလာပြီးနောက် လီချန်ချင်း၏ အသွင်အပြင်ကို မြင်လိုက်သောအခါ သူသည်လည်း ထိတ်လန့်သွားခဲ့လေသည်။ ထိုအချိန်တွင် လီချန်ချင်း၏ ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်အထက်ရှိ ကုတ်ခြစ်ရာများမှလည်း သွေးများပင် ထွက်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်၌ ကြည့်ကောင်းသည့်နေရာ မရှိသလောက်ပင် ဖြစ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် လီချန်ချင်းသည် နာနာကျင်ကျင်ဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေလေသည်။ ကြည့်ရသည်မှာ သူသည် သေသည်ထက် ပိုဆိုးသောဘဝတွင် နေထိုင်နေရပုံပေါ်သည်။

ထိုအရာကို မြင်လိုက်ရသည့်အချိန် ရွှယ်ချမ်းပိုင်သည် အရှေ့သို့တိုးလာပြီး လီချန်ချင်းကို သတိလစ်သွားစေရန် သူ၏လက်ဖြင့် တစ်ချက်ရိုက်လိုက်သည်။

၎င်းက လီချန်ချင်းကို သူ့ကိုယ်သူ သတ်သေခြင်းမှ တားဆီးခဲ့ခြင်းဖြစ်သည်။

“အင်းဆက်တစ်ထောင် အဆိပ်ဆေးမှုန့်...”

ရွှယ်ချမ်းပိုင်က မူချင်းကောကိုကြည့်လျှက် မျက်မှောင်တင်းတင်း ကြုတ်လိုက်ပြီး မေးလိုက်သည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ?”

မူချင်းကောက ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှပြန်မပြောခဲ့ပေ။ သို့သော် လီချန်ချင်းကို ဟုန်းယွမ်မီးတောင်အောက်ရှိ ဆေးဖက်ဝင်စိမ့်စမ်းတွင်သာ ရေစိမ်ထားနိုင်ခဲ့လျှင် ယခုအချိန် လီချန်ချင်း ခံစားနေရသည့် ဝေဒနာများမှ အဆင်ပြေသွားနိုင်လိမ့်မည်ဟု ရွှယ်ချမ်းပိုင်ကို ပြောခဲ့လေသည်။

ထိုသို့ကြားသည့်အခါ ရွှယ်ချမ်းပိုင်က ဘာမှထပ်မပြောဘဲ နှင်းလင်းယုန်ကို ချက်ချင်းခေါ်လိုက်ပြီး လီချန်ချင်းကို တွဲခေါ်လိုက်ကာ ဟုန်းယွမ်မီးတောင်ရှိရာဆီသို့ ပျံသန်းသွားခဲ့လေသည်။

ဟုန်းယွမ်မီးတောင်သည် အနီးအနားတွင် ရှိနေသည်မဟုတ်ဘဲ အနောက်ပိုင်းခြောက်သွေ့ဒေသ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဖြစ်သည်။

ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို ဟုန်းယွမ်မီးတောင်သို့ ခေါ်ဆောင်လာသောအခါ တစ်စုံတစ်ယောက်က ထိုနေရာတွင် ခြုံခိုတိုက်ခိုက်ရန် ကြိုတင် စောင့်ဆိုင်းနေပြီးဖြစ်သည်။

ယွဲ့ဟန်ကျွင်းနှင့် မျက်နှာမဲ့ပန်းချီသူတော်စင်တို့က ရောက်ရှိနေပြီ ဖြစ်သည်။

ထိုသူတို့တင်မကပဲ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ကာကွယ်သူ တမန်တော်လေးပါးပင် ရောက်ရှိလာခဲ့သည်။

သို့သော် သူတို့၏ ရည်ရွယ်ချက်များက မတူညီကြပေ။ ယွဲ့ဟန်ကျွင်းသည် လီချန်ချင်းအတွက် ရောက်ရှိလာခြင်းဖြစ်ပြီး ကာကွယ်သူတမန်‌တော်လေးပါးမှာ ရွှယ်ချမ်းပိုင်၏ သော့အတွက် ရောက်ရှိလာကြခြင်းဖြစ်သည်။

စစ်ပွဲကြီးစတင်ရန် အဆင်သင့်ဖြစ်နေလေပြီ။

ရွှယ်ချမ်းပိုင်သည် အလွန်တရာ စွမ်းအားကြီးလှသော်လည်း ဆရာသခင်များစွာနှင့် ရင်ဆိုင်ရသည့်အချိန် အားနည်းချက်များရှိခဲ့သည်။ ထိုအရာမှာ လီချန်ချင်းကို လုံးဝဥဿုံ ဂရုမစိုက်နိုင်ခြင်းပင်။

မျက်နှာမဲ့ပန်းချီသူတော်စင်က ထိုအခွင့်အရေးကိုယူကာ သတိလစ်နေသော လီချန်ချင်းကို တစ်ဖက်သို့ဆွဲထုတ်ခဲ့သည်။ လီချန်ချင်း၏ အသွင်အပြင်ကို မြင်လိုက်ရသည့်အခါ ယွဲ့ဟန်ကျွင်းသည် လီချန်ချင်းနှင့် ပေါင်းစပ်ရန် သူ၏ စိတ်ဝိညာဉ်သုံးပါးနှင့် ရတနာခြောက်ပါးကို ထုတ်လွှတ်ရန်ပင် မစောင့်နိုင်တော့ပေ။ သူသည် လီချန်ချင်း၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးစိတ်ဝိဉာဥ်ကို သူနှင့်အတူတကွ ပေါင်းစည်းရန် ဆန္ဒရှိခဲ့လေသည်။

All Chapters