သတ်ဖြတ်လိုစိတ်
Vol. 87 Ch. 1292
အလယ်ပိုင်းတိုက်ရှိ ကောင်းကင်နှင့်မြေကြီးတောင်ကြားတွင်...
ကောင်းကင်နှင့်မြေကြီး ဟူသော အမည်သည် ထိုတောင်ကြား၏ အဓိပ္ပါယ်ကို တစ်မူထူးခြားစေ၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ကို နှစ်တစ်ထောင်မှာတစ်ခါ ဤတောင်ကြားတွင် ကျင်းပပေလိမ့်မည်။
ဤတောင်ကြားသည် အလွန်တရာကျယ်ပြန့်၍ ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထား၏။
အချိန်တန်သောအခါ ထျန်ဟွမ်ကုန်းမြေတိုက်၏ နေရာတစ်ဝန်းရှိ ဓမ္မဝိသေသ ပြိုင်စံရှားများသည် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာ-၇၂ နေရာအတွက် တိုက်ခိုက်ရန် ဤနေရာသို့ ရောက်ရှိလာပေလိမ့်မည်။
ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ပေါ်ရှိ နာမည်ဂုဏ်သတင်းသည် ဂုဏ်သိက္ခာအတွက်သာလျှင်မဟုတ်ဘဲ အဲ့ဒါက ကြီးမားသည့် ဆုလာဘ်များအတွက်လည်းဖြစ်၏။
အမြုတေစိတ်နယ်မြေအဆင့်သတ်မှတ်ချက်နှင့်ဆင်တူစွာ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ကိုလည်း ပဟေဠိနန်းတော်ကပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမည်ဖြစ်၏။
ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲနီးကပ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးတောင်ကြား အနီးတစ်ဝိုက်တွင် ကျင့်ကြံသူများ ပို၍စုဝေးလာပြီး အဲ့ဒါက သက်ဝင်လှုပ်ရှားလာခဲ့၏။
“နှင်းပုံတောင်ကြားရဲ့... နတ်မိမယ်လောရွှယ်က ရှေးဟောင်းအမွေအနှစ်တစ်ခုကို လက်ခံရရှိပြီး ရေခဲစိတ်ဝိညာဥ် ဓမ္မခန္ဓာကို စုဖွဲ့ထားတယ်လို့ ငါကြားမိတယ်... သူမက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးဆယ်နေရာထဲဝင်ဖို့ အခွင့်များတယ်”
“ပဟေဠိနန်းတော်က ဖန်းယွဲ့ကလည်း နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဒသ-ရာမခန္ဓာကို စုဖွဲ့ပြီးတဲ့နောက် သူကလည်း အားမနည်းဘူး” (ဒသ = တစ်ဆယ် သို့မဟုတ် ၁၀)
“ငါကြားတာတော့... စင်ကြယ်အပျိုစင်ဂိုဏ်းရဲ့ နတ်ဆိုးမက တာအိုအမွေအနှစ်ကုန်းမြေမှာ ရှေးဟောင်းအမွေအနှစ်တစ်ခုကို လက်ခံရရှိပြီးတော့ ဆန်းကြယ်အပျိုစင်ဓမ္မခန္ဓာတစ်ခုကို စုဖွဲ့နိုင်ခဲ့တယ်... သူမက ပကတိဓမ္မဝိသေသအဆင့်ကို မရောက်ရှိသေးပေမယ်လို့ သူမရဲ့ တိုက်ခိုက်ရည်ခွန်အားက အရမ်းကိုကြောက်စရာကောင်းနေပြီ”
“ငါ့အထင်တော့... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာနဲ့ ပတ်သက်ပြီး သံသယရှိစရာမလိုဘူး... တာအိုအရှင်အထီးကျန်သိုင်းသခင်က ၈၇ပေ မြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ ၃ခုကို စုဖွဲ့ထားတယ်လို့ ငါကြားမိတယ်။ သူက ဒီတစ်ခေါက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ သေချာပေါက် နံပါတ်တစ်ပဲ”
“ဒါပေါ့... တစ်ယောက်ယောက်က တာအိုအရှင်အထီးကျန်သိုင်းသခင်ကို ယှဥ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး”
ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်က မစတင်ခင်မှာပင် များစွာသော ကျင့်ကြံသူများက ဆွေးနွေးပြောဆိုလာကြပြီဖြစ်၏။
“ဒါနဲ့... ကမ္ဘာဦးတဗူးဆိုတာ ဘာလဲ မင်းတို့သိကြလား”
“ငါသေချာတော့မသိဘူး... အဲ့ဒါက ကမ္ဘာဦးမျိုးနွယ် ၉စုနဲ့ ယှဥ်နိုင်လောက်တဲ့ ကမ္ဘာဦးခေတ်က အရမ်းကိုကြောက်စရာကောင်းတဲ့ သတ္တဝါတစ်မျိုးဖြစ်မယ်ထင်တယ်”
“အံ့ဩစရာပါပဲလား”
“ငါကြားတာတော့... အဲ့ဒီတဗူးကို အရှင်ဖမ်းဖို့အတွက် အတော်လေးကြိုးစားအားထုတ်ခဲ့ရတယ်ပြောတယ်”
“ကြည့်စမ်း... ဓားဂိုဏ်းက ကျင့်ကြံသူတွေက ဒီမှာရောက်နေကြပြီ”
ကျင့်ကြံသူအချို့သည် တစ်နေရာကို လက်ညိုးထိုးပြီး အံအားတသင့်ရေရွတ်လိုက်ကြ၏။
“ဓားဂိုဏ်းက ဒီတစ်ခေါက်... တကယ်ပဲ အစောကြီးရောက်နေတာပဲ”
အချိန်ကြာလာသည်နှင့်အမျှ အမျိုးမျိုးသော ဂိုဏ်းကြီးများ ၊ အဖွဲ့အစည်းများနှင့် ထိပ်သီးဂိုဏ်းကြီးများသည် ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြ၏။
ဤတစ်ကြိမ်တွင်တော့ ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူဆယ်ယောက်ကျော်သည် အင်မော်တယ်ကြိုးကြာအိုကြီး၏ ဦးဆောင်မှုဖြင့် အလယ်ပိုင်းတိုက်သို့ ရောက်ရှိလာကြ၏။
ဆန်းကြယ်တောင်ထွတ်တွင် နန်းကြည်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ နေရာတစ်နေရာ ရရှိဖို့အတွက် အခွင့်အများဆုံးဖြစ်၏။
“သခင်လေးက ထွက်သွားတာကြာလှပြီ... သူကဘာလို့ ဒီကိုမရောက်သေးတာပါလိမ့်”
နန်းကြည်က ကောင်းကင်နှင့်မြေကြီးတောင်ကြားသို့ ရောက်ရှိသည့်ခဏမှာပင် သူမသည် နေရာအနှံ့လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဆူဇီမိုကို မတွေ့မြင်ရပေ။
“သူက ကိစ္စတစ်ခုခုရှိလို့ ကြန့်ကြာနေတာနေမှာပေါ့... သိပ်လည်းစိုးရိမ်မနေနဲ့”
အင်မော်တယ်ကြိုးကြာအိုကြီးက ပြုံးလိုက်၏။
သိပ်မကြာမီ တစ်သီးပုဂ္ဂလ ၄အုပ်စုမှ ကျင့်ကြံသူများက ရောက်ရှိလာကြ၏။
ဒီတစ်ခေါက်... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် ထိပ်သီးဂိုဏ်းကြီးများသည် သူတို့၏ဂိုဏ်းသားများကို ဦးဆောင်ဖို့အတွက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို စေလွှတ်ကြမည်ဖြစ်၏။
အဲ့ဒါသည် တစ်သီးပုဂ္ဂလ ၄အုပ်စုအတွက်လည်း ထို့အတူပင်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၄ယောက်က ရှေ့ဆုံးကနေ ဦးဆောင်လာကြ၏။
ထင်ရှားပေါ်လွင်ဆုံးမှာ အသွန်းတစ်ရာဂိုဏ်းမှ သွေးနီရောင်ဝတ်စုံကို ဝင်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်၏။ သူသည် ခံ့ညားထည်ဝါသော သွင်ပြင်ရှိပြီး သူ၏မျက်လုံးများက မီးတောက်များဖြင့် တောက်လောင်နေသည့်အလား ဝင်းလက်တောက်ပနေ၏။
ဤစွမ်းအားကြီးပုဂ္ဂိုလ်သည် အစောပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာသာ ရှိနေသေးသော်လည်း သူ၏အော်ရာက လက်ရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အများစုကို လွှမ်းမိုးနိုင်လေသည်။
အဲ့ဒါက ပြန်လည်မွေးဖွားလာသော အဆုံးစွန်မီးဖြစ်၏။
ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ရှန်ကွမ်ကျီသည် အဆုံးစွန်မီး၏ဘေးမှာ မတ်တတ်ရပ်နေပြီး သူတို့နှစ်ယောက်က အလွန်တရာရင်းနှီးသည့်ပုံပေါက်နေ၏။
သူမ၏ နောက်တွင် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ မည်ကာမတ္တတပည့်ဖြစ်သော နတ်မိမယ်ကြိုးကြာတစ်ထောင်ရှိနေ၏။
နတ်မိမယ်ကြိုးကြာတစ်ထောင်သည် ဆန်းကြယ်တောင်ထွတ်ကနေ ထွက်ခွာလာခဲ့သော လမ့်ရိုပင်ဖြစ်လေသည်။
ယန်ဆေးဂိုဏ်းမှ ရှောင်းနင်နှင့် ကျိချန်းရှန်ကလည်း ရောက်ရှိလာကြ၏။
အုတ်ဂူဂိုဏ်းမှ ဖက်တီးလေးကလည်း လူအုပ်ကြီးထဲတွင် ပါဝင်လေသည်။
သူတို့အားလုံးသည် ဆန်းကြယ်တောင်ထွတ်ရှိရာဘက်သို့ပြေးသွားပြီး အင်မော်တယ်ကြိုးကြာအိုကြီးနှင့် သွားရောက်တွေ့ဆုံကြ၏။
“နန်းကြည်... ငါ့အစ်ကိုက ဒီကိုမလာဘူးလား”
ရှောင်းနင်က ညင်သာစွာ မေးလိုက်၏။
နန်းကြည်ကပြန်ဖြေလေသည်။
“ကျွန်မလည်းမပြောတတ်ဘူး... သူက ထွက်သွားတာတော့ ကြာလှပြီ... ဒါပေမယ့်လို့ အခုထိဒီကိုရောက်လာတာ မတွေ့သေးဘူး”
ရှောင်းနင်က စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုနှင့်အတူ ပြန်လည်ခေါင်းညိတ်ပြလိုက်၏။
“အဲ့ဒီကမ္ဘာဦးတဗူးဆိုတာ ဘာလဲနင်သိလား... အဲ့ဒါကို တစ်ယောက်ယောက် အရင်တုန်းက မြင်ဖူးကြလား”
“ကျွန်မလည်းမပြောတတ်ဘူး... ပဟေဠိနန်းတော်က အဲ့ဒါကို ကောင်းကောင်းသိုဝှက်ထားတာပဲ... ကမ္ဘာဦးတဗူးက ဘာနဲ့တူလဲ ဘယ်သူမှမတွေ့ဖူးကြသေးဘူး”
နန်းကြည်က ခေါင်းခါပြလိုက်၏။
ရှောင်းနင်သည် သက်ပြင်းချ၍ သူမ၏စိတ်ထဲသို့ ညဝိညာဥ်၏ပုံရိပ်က ဖျတ်ခနဲ ဝင်ရောက်လာ၏။
အချိန်ကြာလာသည်နှင့်အမျှ အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း ၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ ကျောင်းက ရောက်ရှိလာကြ၏။
မိစ္ဆာဒိဋ္ဌိ ၅ဝါဒီမှ အရိုက်အရာဆက်ခံသူများကလည်း ရောက်ရှိလာကြပြီဖြစ်၏။
ရှေးတော်ဝင်မိသားစု ၃စု နှင့် ကျွန်းနှစ်ကျွန်းမှ အဖွဲ့ဝင်များကတော့ ပေါ်ထွက်မလာကြသေးပေ။
“ဘာလို့လဲ... ရှင်ဘာတွေစဥ်းစားနေတာလဲ”
အဆုံးစွန်မီးက တစ်စုံတစ်ရာကို အလေးအနက်ထားစဥ်းစားနေသည့်အလား မျက်မှောင်ကြုတ်ထားသည်ကိုမြင်သောအခါ ရှန်ကွမ်ကျီက ညင်သာစွာ မေးလိုက်၏။
“တစ်ခုခုတော့လွဲနေတယ်”
အဆုံးစွန်မီးက မျက်မှောင်ကြုတ်၍ ဓားဂိုဏ်း ၊ မိုးကြိုးလေပြည်နန်းတော်နှင့် အခြားသောထိပ်သီးဂိုဏ်းကြီးများရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။
“ဒီတစ်ခေါက်... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် အဲ့ဒီထိပ်သီးဂိုဏ်းကြီးတွေစေလွှတ်လိုက်တဲ့ အင်အားအစုအဖွဲ့က နဲနဲတော့ လွန်ကဲနေတယ်”
ပုံမှန်အားဖြင့်ဆိုလျှင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ဓမ္မဝိသေသတာအိုအရှင်များက အဓိကဇာတ်ဆောင်များဖြစ်ကြ၏။
ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် သူတို့၏ သက်ဆိုင်ရာ အသင်းအဖွဲ့များကို ဦးဆောင်ဖို့အတွက် အလွန်ဆုံး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက် သို့မဟုတ် နှစ်ယောက်ကိုသာ စေလွှတ်ကြမည်ဖြစ်၏။ အဲ့ဒါက လုံလောက်လေသည်။
သို့သော်လည်း ဤတစ်ခေါက်တွင် ဓားဂိုဏ်းတစ်ခုတည်းမှပင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အယောက်၃၀ ကျော် ရောက်ရှိလာကြ၏။
အဲ့ဒါသည် မိုးကြိုးလေပြည်နန်းတော် ၊ ဖန်သားနန်းတော် ၊ ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ကစဉ့်ကလျားအမြုတေဂိုဏ်းတို့မှာလည်း ထို့အတူပင်။
“ဟုတ်သားပဲ... နည်းနည်းတော့ ထူးဆန်းနေတယ်”
ရှန်ကွမ်ကျီက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်၏။
အဆုံးစွန်မီးက တောက်လောင်နေသော အကြည့်နှင့်အတူ ဓားဂိုဏ်းအဖွဲ့ကို တစ်ချက်ဝေ့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နောက်ပြီးတော့... အဲ့ဒီဂိုဏ်းကြီးတွေက စေလွှတ်လိုက်တဲ့ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တချို့က အဲ့ဒီဂိုဏ်းကလူတွေ မဟုတ်လောက်ဘူးဆိုတာ နင်သတိထားမိလား”
“ရှင်က... ဘာကိုပြောချင်တာလဲ”
ရှန်ကွမ်ကျီက တွေဝေရှုပ်ထွေးသွား၏။
အဆုံးစွန်မီးက ဆက်လက်ပြောဆိုလိုက်၏။
“သူတို့ထဲက တချို့က လူသားတွေဟုတ်ပုံမရဘူး”
“လူသားမဟုတ်ဘူးလား”
ရှန်ကွမ်ကျီသည် ရင်တစ်ချက်ထိတ်သွားပြီး မိစ္ဆာသားရဲများသည် ဤနေရာသို့ စိမ့်ဝင်ထိုးဖောက်လာသည်ဟု အလိုလိုတွေးမိသွား၏။
သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်တော့ ထိုမိစ္ဆာသားရဲများသည် လက်ရှိပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များထံကနေ ပုန်းကွယ်နိုင်လောက်အောင် စွမ်းအားမကြီးမားနိုင်ကြပေ။ သူတို့က မိစ္ဆာသားရဲများမဟုတ်ဘူးဆိုရင် ဖြစ်နိုင်တာက....။
“ရှင်က ကမ္ဘာဦးမျိုးနွယ် ၉စုကိုပြောချင်တာလား”
ရှန်ကွမ်ကျီက တိုးတိတ်စွာမေးလိုက်၏။
“အဲ့လိုဖြစ်မယ်ထင်တယ်”
အဆုံးစွန်မီးက တည်တံ့သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ကမ္ဘာဦးမျိုးနွယ် ၉စုက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ခြေချမလာခဲ့တာ နှစ်ပေါင်းများစွာကြာနေခဲ့ပြီ... သူတို့က ဒီတစ်ခေါက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ ပေါ်ထွက်လာတယ်ဆိုတော့... ဘာလုပ်ဖို့ကြိုးစားနေတာလဲ “
ရှန်ကွမ်ကျီက မေးလိုက်၏။
“ငါလည်း...အခုချိန်ထိတော့ သေချာမသိသေးဘူး... စောင့်ကြည့်ရတာပေါ့”
အဆုံးစွန်မီးက ပြောလိုက်၏။
ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲသည် ယခုအချိန်ထိ မစတင်ရသေးပေ။ ၎င်းသည် အပေါ်ယံမှာ တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း ဆူနာမီတစ်ခု စတင်လာတော့မည့်အလား တည်ငြိမ်နေသော ရေပြင်အောက်တွင် သတ်ဖြတ်လိုစိတ်များ စီးဆင်းလာနေသည်ကို အဆုံးစွန်မီးက ခံစားမိနိုင်၏။
ရုတ်တရက် သူက မေးလိုက်၏။
“ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်က စတင်တော့မယ်... ဇီမိုက ဘာလို့အခုထိ မရောက်လာသေးတာလဲ”
“ကျွန်မလည်းသူ့ကို မမြင်မိဘူး”
ရှန်ကွမ်ကျီက သူမ၏ခေါင်းကိုခါပြလိုက်၏။
တစ်ဘက်မှာတော့...
ကောင်းကင်ဘုံလျှို့ဝှက်ချက် ၊ အင်မော်တယ်ဓားနှင့် အခြားသူများသည် စုဝေးနေကြပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် အသံများကို တိတ်တဆိတ်ထုတ်လွှင့်ပို့လွှတ်နေကြ၏။
“တာအိုအရှင်အထီးကျန်သိုင်းသခင်က အခုအချိန်ထိ ပေါ်မလာသေးဘူး... ကျုပ်တို့ ဘာလုပ်ရမလဲ”
အင်မော်တယ်ဓားက ပြောလိုက်၏။
“သူက အန္တရာယ်ရှိတယ်ဆိုတာ နားလည်သွားပြီး ရောက်မလာတော့တာများလား”
“ဘယ်လိုမှမဖြစ်နိုင်ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခပ်ဖျော့ဖျော့အပြုံးတစ်ခုနှင့်အတူ ပြောဆို၍ သူ့လေသံက ယုံကြည်မှုရှိနေ၏။
ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က အခုချိန်ထိ ပေါ်ထွက်မလာသေးဘူးဆိုတာ သူက အခုထိ အဲ့ဒီတောကောင်ကို မမြင်ရသေးလို့ပဲ... ဟင်းဟင်း.. အထီးကျန်သိုင်းသခင်က တော်တော်သတိကြီးတာပဲ”
“သူက ထွက်မလာသေးဘူးဆိုမှတော့... ငါက သူ့ကို ဖိအားပေးလိုက်ရတာပေါ့”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ထိုသို့ပြောပြီး ဖျတ်ခနဲဆို လေထဲသို့ရောက်ရှိသွား၏။
“အားလုံးပဲ... ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏လက်နှစ်ဖက်ဖြင့် သူ့ရှေ့ရှိလေထုကိုဖိပြလိုက်၏။ သူ၏အသံက မတိုးလွန်းမကျယ်လွန်းသော်လည်း ထိုအသံသည် ကောင်းကင်နှင့်မြေကြီး တောင်ကြားတစ်ဝန်းပျံ့နှံ့သွားပြီး များစွာသောအကြည့်များကို ဆွဲဆောင်မိသွား၏။
“ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက စတင်တော့မယ်... အားလုံးပဲ အဲ့ဒါမတိုင်ခင် ကျေးဇူးပြုပြီး စိတ်ကိုလျှော့ထားကြပါ”
သူက ဂရုမထားဟန်ဖြင့် ဆက်လက်ပြောဆိုလိုက်၏။
“ကမ္ဘာဦးခေတ်တုန်းက ခက်ထန်ကြမ်းကြုတ်ပြီး သွေးဆာရက်စက်တဲ့.. ကောင်းကင်ဘုံနဲ့ အများလူထုရဲ့ အမျက်ဒေါသကို ခံယူခဲ့တဲ့ တဗူးသက်ရှိတစ်မျိုးရှိခဲ့တယ်... ဒီဘက်မျိုးဆက်မှာ အဲ့ဒီတဗူးရဲ့ မျိုးဆက်သွေးက နိုးထလာခဲ့တယ်ဆိုတာကို ကျုပ်တို့ကြားသိခဲ့ရတဲ့အတွက် ကျုပ်တို့က အတူပူးပေါင်းပြီးတော့ သူ့ကို အရှင်ဖမ်းဆီးထားတယ်”.
“ဒီနေ့မှာတော့... ကျင့်ကြံသူအားလုံးရဲ့ ရှေ့မှောက်မှာပဲ ကျုပ်တို့က အဲ့ဒီတောကောင်ကိုသတ်ဖြတ်ပြီးတော့ သူ့ရဲ့သွေးကို သောက်သုံးကြမယ်”