တာအို သုံးမျိုး
Vol. 87 Ch. 1294
“တာအိုအရှင် အထီးကျန်သိုင်းသခင်”
အင်မော်တယ်ဓားသည် အငြိုးအတေးကြီးမားသောအကြည့်နှင့်အတူ အံကိုတင်းတင်းကြိတ်လိုက်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်ဒဏ်ရာသည် ယခုအချိန်ထိ ပြန်ကောင်းမလာသေးပေ။
ဤနှစ်များအတွင်း သူသည် ဤကဲ့သို့သောအခြေအနေထိ လျှောကျသွားရသည်မှာ အထီးကျန်သိုင်းသခင်ကြောင့်ဟု ဆိုရပေမည်။
သားရဲတစ်ထောင်တောင်ကြားမှာတုန်းက သူပိုင်ဆိုင်သင့်သည့် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို လုယူသွားသူမှာလည်း အထီးကျန်သိုင်သခင်ပင်ဖြစ်လေသည်။
သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ရရှိခဲ့မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ဆပွားများစွာတိုးလာမည်ဖြစ်ပြီး နောက်ပိုင်းတွင် အဆုံးစွန်မီးကို ရှုံးနိမ့်ခဲ့လိမ့်မည်မဟုတ်ပေ။ သူသည် အဆူရာ၏ အမဲလိုက်ခြင်းကိုခံရပြီး အရှက်တကွဲထွက်ပြေးရကာ သူ၏ဂုဏ်သတင်းက နင်းချေဖျက်ဆီးခံရခဲ့လိမ့်မည် မဟုတ်ပေ။
သူသည် အထီးကျန်သိုင်းသခင်ကို ရှုံးနိမ့်ပြီး ဤကဲ့သို့သော အခြေအနေနှင့် အဆုံးသတ်သွားရလိမ့်မည် မဟုတ်ပေ။
သူ၏ အမြုတေစိတ်ဝိညာဥ် ဒဏ်ရာရရှိသွားခြင်းနှင့်အတူ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားပြီး သူ့အထွတ်အထိပ်ခွန်အား၏ တစ်ဝက်ကိုပင် မထုတ်ဖော်နိုင်တော့ပေ။
အင်မော်တယ်ဓားသည် ဆူဇီမိုပေါ်ထွက်လာသည်ကိုမြင်သောအခါ သူ၏လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်မိ၏။
ဤနှစ်များအတွင်း သူထိခိုက်ခံစားခဲ့ရသော အရှက်ကွဲမှုများအားလုံးသည် ယနေ့အဆုံးသတ်သွားတော့မည်ဖြစ်ကြောင်း သူက သိထား၏။ သူသည် ဆူဇီမိုနှင့် ကိစ္စများကို စာရင်းရှင်းရပေတော့မည်။
သူသာလျှင် ထိုကဲ့သို့အတွေးရှိသည် မဟုတ်ပေ။
“အထီးကျန်သိုင်းသခင်... မင်းက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် ဘယ်လိုတောင်လာပြီး တိုက်ခိုက်ရဲတာလဲ”
ဖန်သားနန်းတော်မှ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက််သည် ဖြည်းဖြည်းချင်းထရပ်ပြီး စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ ခန္ဓာကိုယ်က ဖန်သားအလင်းရောင်ဖြင့် ရောင်ပြန်ဟပ်နေသည်ဟု ထင်ရပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းနဲ့ ဖန်သားနန်းတော်ကြားက ရန်ငြိုးရန်စကို စာရင်းရှင်းရတော့မဲ့အချိန်ပဲ”
“မင်းက ဘယ်သူလဲ”
ဆူဇီမိုက သူ့ကိုလှည့်ပင်မကြည့်လဲ သာမန်ကာလျှံကာမေးလိုက်၏။
“တာအိုအရှင်ဖုန်းချန်...”
ဖန်သားနန်းတော်၏ ဓမ္မဝိသေသတာအိုအရှင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“တာအိုအရှင်ဖုန်းချန်... သူ့ရဲ့ သက်တံဖန်သားခန္ဓာက အမြင့်၈၈ပေအထိ ရောက်နေပြီလို့ ငါကြားမိတယ်... သူက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးဆယ်နေရာထဲ ဝင်ရောက်ဖို့အခွင့်များတယ်”
“၈၈ပေလား... အဲ့ဒါက အထီးကျန်သိုင်းသခင်ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသထက် တစ်ပေတောင်ပိုမြင့်နေတာပဲ”
“အဲ့လိုမှမဟုတ်ရင်... တာအိုအရှင်ဖုန်းချန်က အဲ့လောက်ထိ ယုံကြည်မှုရှိနေလိမ့်မယ်လို့ မင်းထင်လို့လား”
ကိုယ်တော်ယွမ်ပေ သေဆုံးသွားခြင်းသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။
ဆူဇီမိုက ပေါ်ထွက်မလာဘူးဆိုလျှင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အပြီး၌ ဖန်သားနန်းတော်က သူ့ကိုလိုက်လံရှာဖွေပေလိမ့်မည်။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် မည်ကာမတ္တတပည့်များစွာကို သတ်ဖြတ်ခဲ့ပြီး အဲ့ဒါက ထိပ်သီးဂိုဏ်းကြီးများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် တူလေသည်။
သူတို့၏ ကြီးမားစွာ အရှက်ခွဲခံရမှုနှင့် နက်ရှိုင်းသော အမုန်းတရားများကို ယာယီအားဖြင့် ခဝါချထားသည်မှာ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ ပုဂ္ဂိုလ်ကြောင့်ဖြစ်၏။ သို့သော်လည်း မည်သည့်ထိပ်သီးဂိုဏ်းကြီးကမှ ထိုကိစ္စကို မေ့ပျောက်ထားခြင်း မရှိပေ။
“အထီးကျန်သိုင်းသခင်... မင်းက မိုးကြိုးလေပြေနန်းတော်ရဲ့ အမွေအနှစ်ဓမ္မပညာရပ်တစ်ခုကို ယူသွားခဲ့တယ်လို့ ငါကြားထားတယ် မင်းဘယ်လိုတောင်ရဲတင်းနေတာလဲ”
တကယ်ပင်... တာအိုအရှင်ဖုန်ချန်း ပြောအပြီး၌ မိုးကြိုးလေပြေနန်းတော်မှ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သည် ရှေ့သို့ထွက်ရပ်လာပြီး ကြမ်းကြုတ်ခက်ထန်သောအသံနှင့်အတူ အော်ငေါက်လိုက်၏။
“မိုးကြိုးလေပြေနန်းတော်က အားနည်းတယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”
“မင်းကရော... ဘယ်သူလဲ”
ဆူဇီမိုက မှင်သေသေဖြင့်မေးလိုက်၏။
“ငါက တာအိုအရှင်မိုးကြိုးငါးစင်းပဲ”
မိုးကြိုးလေပြေနန်းတော်မှ တာအိုအရှင်က ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။
“တာအိုအရှင်မိုးကြိုးငါးစင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပဲ... သူက အရင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ နံပါတ်-၅ ဝင်ပြီးတော့ သူ့ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက ၈၄ပေမြင့်မားတယ်လို့ ပြောကြတယ်... အခု ဒီနှစ်တွေထဲမှာ အဲ့ဒါက ဘယ်လောက်ထိကြီးထွားလာမလဲ ငါသိချင်မိတယ်”
“သူက အထီးကျန်သိုင်းသခင်ကို စိန်ခေါ်ရဲတယ်ဆိုမှတော့ သေချာပေါက် ယုံကြည်မှုရှိလို့ပေါ့”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဘာစကားမှမပြောဘဲ ဘေးကနေ ပြုံး၍စောင့်ကြည့်နေ၏။
သူက တိုက်ခိုက်ဖို့အတွက် အလောတကြီးရှိမနေပေ။
အထီးကျန်သိုင်းသခင် ပေါ်ထွက်လာသည်နှင့်အမျှ သူက သေချာပေါက် သေရပေလိမ့်မည်။
“အဲ့ဒါက သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားလို့ ပြောပြောနေတဲ့ တာအိုအရှင်အထီးကျန်သိုင်းသခင်လား”
ရွှေကျီးကန်းတတိယမင်းသားသည် အထင်သေးစွာဖြင့် သူ၏နှုတ်ခမ်းကို စုဝိုင်းလိုက်၏။
“သူ့ကြည့်ရတာ ဘာမှလည်းမဟုတ်ပါဘူး... ငါ့ဆီက လှုပ်ရှားကွက်တစ်ကွက်ကိုတောင် ခံနိုင်မဲ့ပုံမပေါ်ဘူး”
“အသင်္ချေနယ်မြေမြို့တော်မှာတုန်းက သေဆုံးသွားတဲ့ ငါ့ရဲ့ကလန်သားတွေအတွက် လက်စားချေရမဲ့အချိန်ပဲ”
ယက္ခဖုန်ထျန်သည် သူ၏လည်ပင်းကိုလှုပ်ခါပြီး တဖြောက်ဖြောက်မြည်သံများကို ထွက်ပေါ်လာစေ၏။
“သိပ်လည်းစိတ်တိုမနေနဲ့ “
နတ်ဘုရားဟန်လင်းက ညင်သာစွာ ပြုံးလိုက်၏။
“အရင်ဆုံး စောင့်ကြည့်ရသေးတာပေါ့... သူတို့လူသားတွေအချင်းချင်း ပြန်တိုက်ခိုက်ကြပါစေဦး”
ခေါင်းမြီးခြုံဝတ်ရုံအောက်တွင် ဝူရှဲ့သည် တစ္ဆေသရဲဆန်ဆန် အကြည့်ကို ထုတ်ဖော်ပြီး တီးတိုးရေရွတ်လိုက်၏။
သူက ထိုမျက်နှာနှင့် အရမ်းကိုရင်းနှီးမှုရှိလေသည်။
နဂါးအရိုးတောင်ကြားမှာတုန်းက နဂါးမျိုးနွယ်၏ သခင်လေးသည် ထိုကဲ့သို့သောမျက်နှာပေါက်ပင်ဖြစ်၏။
တကယ်တော့ နဂါးမျိုးနွယ်မှသခင်လေးသည် ပို၍ပင် ပေါက်ကွဲအားပြင်းထန်ပြီး သူ၏သွေးချီက ကြောက်စရာကောင်းလေသည်။
ဒါ့အပြင် သူ့ဦးခေါင်းထက်ရှိ ဆံပင်များက သွေးနီရောင်ဖြစ်၏။ သို့သော်လည်း ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ အော်ရာကတော့ ပို၍ ထိန်းထိန်းသိမ်းသိမ်းရှိလေသည်။
သူတို့နှစ်ယောက်က တူညီသောလူတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ပေ။ သို့သော်လည်း သူတို့နှစ်ယောက်သည် ဆက်စပ်မှုမရှိဘူးဟု ဝူရှဲ့က လက်မခံနိုင်ပေ။
“စိတ်ဝင်စားစရာပဲ... မင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေလည်း ကြည့်ရသေးတာပေါ့”
ဝူရှဲ့က စိတ်ထဲကနေ ရေရွတ်၍ ဘာဆက်ဖြစ်မည်ကို စောင့်ကြည့်နေ၏။
“ဇီမိုက အခြေအနေသိပ်ကောင်းတဲ့ပုံမပေါ်ဘူး”
ရှန်ကွမ်ကျီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“ဘာမှပူမနေနဲ့...”
အဆုံးစွန်မီးက ပြောလိုက်၏။
“အဲ့ဒီ ဓမ္မဝိသေသပြိုင်စံရှားတွေက ဇီမို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”
ရှန်ကွမ်ကျီက ပြောလေသည်။
“ဒါပေမယ့်လို့... အဲ့ဒီဓမ္မဝိသေသပြိုင်စံရှားတွေမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ နောက်ခံရှိထားတယ်... သူတို့က ရှုံးနိမ့်သွားမယ်ဆိုရင် အဲ့ဒီလူတွေက ဒီတိုင်းရပ်ကြည့်နေကြမှာ မဟုတ်ဘူး”
“ဟွင်း....”
အဆုံးစွန်မီးက ပြောလိုက်၏။
“ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်က ဇီမိုကို တိုက်ခိုက်ရဲမယ်ဆိုရင် သူတို့က ငါနဲ့အရင်တွေ့ရလိမ့်မယ်”
“မျိုးနွယ်စုခေါင်းဆောင် ယွမ်ပေက ကွယ်လွန်သွားခဲ့ပြီဆိုပေမယ့်... ဇီမို့မှာ ငါ အဆုံးစွန်မီးရှိနေသေးတယ်... ဇီမို့ကို ဘယ်သူအနိုင်ကျင့်ရဲမလဲ ကြည့်ရသေးတာပေါ့”
လေထဲတွင်...
ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး သူ၏အကြည့်က ဓားဂိုဏ်း ၊ ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ကစဉ့်ကလျားအမြုတေဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများပေါ်သို့ ကျရောက်သွား၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ငါ... အထီးကျန်သိုင်းသခင်နဲ့ စာရင်းရှင်းချင်တဲ့ ဘယ်သူမဆို တစ်ခါတည်း ရှေ့ထွက်လာခဲ့ကြ”
“အထီးကျန်သိုင်းသခင်... မင်းက မည်ကာမတ္တတပည့်များစွာကို သတ်ဖြတ်ခဲ့တယ်... ဘယ်သူကမှ မင်းကို မထိန်းချုပ်နိုင်ဘူးလို့ တကယ်ပဲထင်နေတာလား”
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်တစ်ယောက်က ရှေ့သို့ထွက်လာပြီး အော်ပြောလိုက်၏။
“ငါ...”
“သောက်ပိုတွေ ပြောမနေနဲ့”
ဆူဇီမိုက လက်ကာပြလိုက်၏။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်က စကားဆုံးအောင်မပြောရသေးခင်မှာပင် ဆူဇီမို၏ ဖြတ်အော်ခြင်းကို ခံလိုက်ရ၏။
“မင်းတို့ရဲ့... တာအိုဘွဲ့တွေ ငါစိတ်မဝင်စားဘူး”
ဆူဇီမိုက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ငါဒီနေ့ ဒီကိုရောက်လာတာ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာအတွက် မင်းတို့နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘူး”
“မင်းတို့တွေက ငါ့ကိုရန်လာမစဖို့ သတိပေးလိုက်မယ်”
သူသည် ထိုကျင့်ကြံသူများကို တကယ်ပဲ စေတနာကောင်းဖြင့် သတိပေးနေခြင်းဖြစ်၏။
“ဘယ်လောက်တောင်မောက်မာလိုက်သလဲ”
“တော်တော်စောင်းကြွနေတာပဲ”
သိပ်မကြာခင် ကောင်းကင်စင်ရော်ဂိုဏ်း ၊ ဓားဂိုဏ်း ၊ ပုံရိပ်ယောင်မိစ္ဆာကျင့်ထုံးဂိုဏ်း ၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် တိမ်လွှာမိုးစက်ဂိုဏ်းမှ ဓမ္မဝိသေသပြိုင်စံရှားများသည် ရှေ့သို့ထွက်ရပ်လာပြီး ရန်လိုသော အမူအရာများ ၊ သတ်ဖြတ်လိုစိတ်တို့နှင့်အတူ ဆူဇိမိုကို စိုက်ကြည့်နေကြ၏။
“အော်မီထောဖော်”
စိန်ကျောင်းတော်မှ ကိုယ်တော်တစ်ပါးသည် ရှေ့သို့ထွက်လာပြီး သူ၏လက်ဝါးနှစ်ဖက်ကို ယှက်ဖြာလိုက်၏။
“ဒကာအထီးကျန်သိုင်းသခင်.... စိန်းကျောင်းတော်က ကိုယ်တော်မဟူရာရွှေ သေဆုံးသွားရတာက ခင်ဗျားကြောင့်ပဲ ဟုတ်တယ်မလား”
ကိုယ်တော်မဟူရာရွှေသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဆူဇီမိုနှင့် ဘာမှမဆိုင်ပေ။
“စိန်ကျောင်းတော်ကတောင်မှ ဝင်ပါလာပြီပေါ့လေ”
ဆူဇီမိုကသူ့ကို တစ်ချက်ဝေ့ကြည့်လိုက်၏။
“ဟားဟားဟားဟား...”
ရွှေကျီးကန်းတတိယမင်းသားရယ်မောလိုက်ပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်၏။
“စိတ်ဝင်စားစရာပဲ... တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းသားပဲ ကျင့်ကြံသူတစ်ယောက်က အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုက ကျင့်ကြံသူတွေကို တကယ်ပဲ ဆွဲဆောင်နိုင်တာပဲ”
ဆူဇီမိုက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်၏။
ရွှေကျီးကန်းတတိယမင်းသားသည် လူသားသွင်ပြင်မှာရှိနေသော်လည်း ဤလူသည် ချစ်ချစ်တောက်ပူလောင်သော သွေးချီနှင့်အတူ အလွန်တရာကြောက်စရာကောင်းကြောင်း သူက ခံစားမိနိုင်၏။ သူက သေချာပေါက် ပြင်ပမျိုးနွယ်မှဖြစ်လေသည်။
သူသည် ကမ္ဘာဦးမျိုးနွယ် ၉စု မှဖြစ်ဖို့များလေသည်။
သူ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ သူသည် လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဝန်းရံပိတ်ဆို့ခြင်းခံရလျှင်တောင် ဖောက်ထွက်နိုင်လေသည်။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၉စု မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကတော့ သူ့အပေါ် တကယ်ပဲ ခြိမ်းခြောင်နိုင်စွမ်းရှိလေသည်။
သူသည် ညဝိညာဥ်ကို ကယ်တင်ဖို့နေနေသာ သူတောင် ဤနေရာနေ အသက်ရှင်လျက်ထွက်သွားနိုင်ချင်မှ ထွက်သွားနိုင်ပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်... မင်းက ဒီကိုဘာအတွက်ရောက်လာသလဲ ငါဂရုမစိုက်ဘူး မင်းက ဒီကိုရောက်လာပြီဆိုမှတော့ ဖန်သားနန်းတော်က ကျရှုံးသွားတဲ့ ကျင့်ကြံသူတွေအတွက် မင်းအသက်နဲ့ပြန်ပြီးပေးဆပ်လိုက်တော့”
တာအိုအရှင်ဖုန်ချန်းသည် ဟိန်းဟောက်၍ ဆူဇီမိုနှင့် အချိန်းဖြုန်းမနေလိုတော့ပေ။ သူက ရှေ့သို့ခုန်တက်ပြီး သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
ပုံရိပ်ယောင်တစ်ခုသည် တာအိုအရှင်ဖုန်ချန်း၏ ဦးခေါင်းထက်ကနေ လေထဲသို့ မြောက်တက်လာ၏။ တစ်ခဏတွင်းမှာပင် ၎င်းသည် ၈၈ပေအထိ မြင့်တက်သွားပြီး ခိုင်ခိုင်မာမာရက်တည်လိုက်၏။
၎င်း၏.ခန္ဓာကိုယ်သည် ဖန်သားအလင်းရောင်ဖြင့် တောက်ပနေ၏။
ဘုန်း...
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ရုတ်တရက်တိုက်ခိုက်၍ ဆူဇီမိုကို ပစ်ထိုးချလိုက်၏။
“ထွက်သွားစမ်း...”
ဆူဇီမို၏ စိတ်အာရုံသည် ဓမ္မဝိသေသပြိုင်စံရှားများအပေါ်မှာ လုံးဝရှိမနေဘဲ သူက လူအုပ်ကြားထဲမှာ ကမ္ဘာဦးမျိုးနွယ် ၉စု၏ အရိပ်အယောင်ကို ဆက်လက်ရှာဖွေနေ၏။
သူက လှည့်ပင်မကြည့်ဘဲ ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်း ဓမ္မပညာရပ်ဖြစ်သော သက္ကတအလင်းလက်သီးကို ထုတ်ဖော်လိုက်၏။
ဓမ္မစွမ်းအားများက ကျယ်ပြောပြီး ပင်လယ်တစ်ခုကဲ့သို့ တလိပ်လိပ်တက်လာ၏။
တာအိုအရှင်ဖုန်ချန်း၏ ၈၈ပေမြင့်သော သက်တံဖန်သားခန္ဓာသည် ထိုထိုးချက်၏ စွမ်းအားနှင့်ရင်ဆိုင်ရချိန်မှာ သိမ်ငယ်သွားသည်ဟုထင်ရ၏။
၎င်း၏အော်ရာကလည်း လုံးဝပျောက်ဆုံးသွားခဲ့လေသည်။
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံက ထွက်ပေါ်လာ၏။
အားလုံး၏အကြည့်အောက်မှာပင် သက်တံဖန်သားခန္ဓာသည် ဆူဇီမို၏ ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွား၏။ လူအုပ်ကြီးက ကြောင်အ,မှင်တက်ကုန်ကြ၏။