ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ကို ဖိနှိမ်ခြင်း
Vol. 87 Ch. 1295
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများသည် ဓမ္မဝိသေသ တာအိုအရှင်များ၏ အသန်မာဆုံး နည်းလမ်းများ ဖြစ်ကြ၏။
၈၈ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အထင်ကရဖြစ်ပြီး ယခင် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်မှာဆိုလျှင် အဲဒါက သေချာပေါက် ထိပ်ဆုံးမှာ ရပ်တည်နိုင်လေသည်။
သို့သော် ယခုအခါ သက်တံဖန်သားခန္ဓာသည် ဆူဇီမိုထံမှာ ဓမ္မပညာရပ်တစ်ခုဖြင့် ကြေမွပျက်စီးသွားခဲ့လေပြီ။
ထိုဓမ္မပညာရပ်၏ အစွမ်းကို လျစ်လျူရှုထားမည်ဆိုလျှင်တောင် ထိုတိုက်ခိုက်မှုကနေ ထွက်ပေါ်လာသော ဓမ္မစွမ်းအားများက အရမ်းကို ကြောက်စရာကောင်း၏။ ၈၈ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုပင်လျှင် အဲဒါကို မခုခံနိုင်ပေ။
တာအိုအရှင် ဖုန်းချန်၏ မျက်နှာမှ သွေးရောင်က ဆုတ်ယုတ်သွားပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်ကာ လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။
သူ၏ မာန်မာနများ အားလုံးက ဆူဇီမို၏ ထိုးချက်အောက်မှာ လုံးဝ ပျောက်ဆုံးသွားခဲ့လေပြီ။
“မဟုတ်သေးဘူး.. အထီးကျန်သိုင်းသခင်က အလယ်အလတ် ဓမ္မဝိသေသအဆင့်မှာ မဟုတ်တော့ဘူး”
ဆူဇီမိုက တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူ၏ ကျင့်ကြံမှုအဆင့်ကို သူက ဖုံးကွယ်မထားနိုင်တော့ပေ။
“ပကတိဓမ္မဝိသေသအဆင့်ပဲ”
“ဒါ.. ဒါက.. အထီးကျန်သိုင်းသခင်က လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကမှ ဓမ္မဝိသေသအဆင့်ကို တက်လှမ်းလာခဲ့တာလေ.. သူက အခု ပကတိဓမ္မဝိသေသအဆင့်ကို ရောက်နေပြီလား”
“သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားဆိုတဲ့အတိုင်းပါပဲလား… သူ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက အရမ်းကို ကြောက်ဖို့ကောင်းနေပြီ”
တုန်လှုပ်မှုနှင့် အံ့အားတသင့် ရေရွတ်သံများက လူအုပ်ကြီးထဲကနေ ဆက်တိုက်ထွက်ပေါ်လာကြ၏။
ဆူဇီမို၏ ပကတိဓမ္မဝိသေသအဆင့်၏ ဓမ္မစွမ်းအားများသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများဖြင့် မီးဆေးပြီးနောက်.. မနှိုင်းယှဉ်သာအောင် ကျယ်ပြောလာပြီး ဓမ္မဝိသေသအဆင့်ကို ကျော်လွန်သွားပြီဖြစ်၏။ သူတို့က လက်ရှိမည်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှင့်မဆို ယှဉ်နိုင်လေသည်။
“မင်းတို့အားလုံး ထွက်သွားကြစမ်း”
ဆူဇီမို၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဖြစ်လာပြီး တာအိုအရှင် မိုးကြိုးငါးစင်းနှင့် အခြားသော ဓမ္မဝိသေသ တာအိုအရှင်များကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
တကယ်တော့ ထိုဓမ္မဝိသေသ တာအိုအရှင်များသည် ဆူဇီမို၏ ထိုးနှက်ချက်မှာ ကြောင်အ,မှင်တက်နေပြီး မဆင်မခြင် မပြုမူရဲကြတော့ပေ။
သို့သော်လည်း သူတို့အားလုံးသည် ဘာပဲပြောပြော ကျင့်ကြံရေးလောကရှိ ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများ ဖြစ်ကြ၏။ မည်သူကမှ လူတိုင်း၏ ရှေ့မှောက်မှာ ဆူပူအော်ငေါက်ခံရမည်ဆိုလျှင် အလျှော့ပေးကြလိမ့်မည် မဟုတ်ပေ။
“အထီးကျန်သိုင်းသခင်.. မင်းက အရမ်းတွေ မောက်မာမနေဘူးလား”
တာအိုအရှင် မိုးကြိုးငါးစင်းက အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။
“အခု ဒီမှာ ထိပ်သီးဂိုဏ်းကြီးတွေ အားလုံးက သူတို့ရဲ့ ပြိုင်စံရှားတွေနဲ့ စုစည်းနေကြတာ.. မင်းက ဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ်.. မင်းက သန်မာတယ်ဆိုတော့ရော ဘာဖြစ်လဲ”
“ငါက မင်းတို့တွေကို ငါ့ရဲ့ခွန်အားနဲ့ ဖိနှိမ်နိုင်တယ်လို့ ဆိုလိုတာပဲ”
ဆူဇီမိုက ညဝိညာဉ်ကို အာရုံစိုက်ကြည့်ပြီး ထိုဓမ္မဝိသေသ တာအိုအရှင်များနှင့် အချိန်ဖြုန်းမနေချင်တော့ပေ။ သူက ဘာစကားမှ ထပ်မပြောတော့ဘဲ အင်မော်တယ်ထောင်ချောက်ချိပ်စည်းကို ဆင့်ခေါ်ကာ ၎င်းကို တာအိုအရှင် မိုးကြိုးငါးစင်းဆီသို့ ပစ်ထုတ်လိုက်၏။
“ရတယ်လေ”
တာအိုအရှင် မိုးကြိုးငါးစင်းက အကြောက်အလန့်ကင်းမဲ့ပြီး အော်ငေါက်လိုက်၏။
“အထီးကျန်သိုင်းသခင်.. မင်းက ဘယ်လောက်ထိ မောက်မာနေနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
ဘုန်း..
ရုတ်တရက်.. ဧရာမ ပုံရိပ်တစ်ခုသည် တာအိုအရှင် မိုးကြိုးငါးစင်း၏ ခန္ဓာကိုယ်ကနေ ပေါ်ထွက်လာပြီး ပေ ၈၀အထိ ချက်ချင်းပင် မြင့်တက်သွား၏။ ဒါ့အပြင် ၎င်းက ရပ်တန့်မည့် လက္ခဏာ မပြသေးပေ။
တစ်ခဏအတွင်းမှာပင်.. လေနှင့်မိုးကြိုးများ ဝန်းရံထားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုသည် လေထဲကနေ ဆင်းသက်လာပြီး အဲဒါသည် စောစောက သက်တံဖန်သားခန္ဓာကိုယ်ထက်ပင် ပို၍ မြင့်မားလေသည်။
၈၉ပေ…
လွန်ခဲ့သည့် နှစ်တစ်ထောင်က ဤမိုးကြိုးလေပြေဓမ္မခန္ဓာသည် ၈၄ပေမျှသာ ရှိခဲ့၏။ ယခု တာအိုအရှင် မိုးကြိုးငါးစင်းသည် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ၈၉ပေ အမြင့်ထိ စုဖွဲ့ထားနိုင်ခဲ့လေပြီ။
“အထီးကျန်သိုင်းသခင်… ကစဉ့်ကလျားအမြုတေဂိုဏ်းက ပြန်ဝင်စား မွန်းစတားနှစ်ယောက်ကို သတ်ဖြတ်တဲ့အတွင် မင်းအသက်နဲ့ ပြန်ပေးဆပ်လိုက်တော့”
အခြားတစ်ဖက်တွင်.. ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်တစ်ယောက်သည် ရှေ့သို့ ထွက်ရပ်လာပြီး သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
ဘုန်း…
ပုံရိပ်ယောင်တစ်ခုက လေထဲသို့ မြင့်တက်လာ၏။
ခဏအတွင်းမှာပင်.. ၎င်းသည် ၈၄ပေ အမြင့်ထိ ရောက်ရှိသွား၏။
ကစဉ့်ကလျားအမြုတေချီခန္ဓာ…
“အထီးကျန်သိုင်းသခင်… မင်းမှာ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ တစ်ခုထက်မကဘူးလို့ ငါကြားထားတယ်.. ဒီနေ့ အဲဒါကို ငါကိုယ်တိုင် ကြည့်ချင်သေးတယ်”
ကောင်းကင်စင်ရော်ဂိုဏ်းမှ တာအိုအရှင်တစ်ယောက်သည် ရှေ့သို့ ထွက်ရပ်လာပြီး သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထုတ်ဖော်လိုက်၏။
၈၅ပေ မြင့်မားသော ကောင်းကင်စင်ရော်ခန္ဓာ…
ဘန်း.. ဘန်း.. ဘန်း..
ပုံရိပ်ယောင်မိစ္ဆာဓမ္မခန္ဓာ..
၁၈မီတာ သတ္တုခန္ဓာ..
ရင်သပ်ရှုမောဓားခန္ဓာ...
တစ်ခဏအတွင်းမှာပင်.. ဓမ္မဝိသေသ ၁၀ယောက်ကျော်သည် ပေါ်ထွက်လာပြီး ဆူဇီမိုကို ဝန်းရံပိတ်ဆို့လိုက်ကြ၏။ လေထဲတွင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော အော်ရာများကို ထုတ်ပေးနေကြ၏။
“သူတို့က အထီးကျန်သိုင်းသခင်ကို ကိုင်တွယ်ဖို့အတွက် ပူးပေါင်းတိုက်ခိုက်ကြတော့မှာပဲ”
“အဲဒီ ဓမ္မဝိသေသ တာအိုအရှင်တွေက ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးမှာ သေချာပေါက် ရပ်တည်မယ့်သူတွေပဲ.. ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက ဒီလိုပုံစံအဖြစ် ပြောင်းလဲသွားတယ်ဆိုတော့…”
ရုတ်တရက်.. အင်မော်တယ်ဓားသည် ထိုသည်ကို မြင်သောအခါ အောင့်သက်သက်ဖြင့် ရယ်မောလိုက်၏။
“အကြီးအကဲ အင်မော်တယ်ဓား.. ဘာများဖြစ်လို့လဲ”
အင်မော်တယ်ဓား၏ နောက်ဘက်ရှိ ဓမ္မဝိသေသ တာအိုအရှင် ဂိုဏ်းသားတစ်ယောက်က တိုးတိတ်စွာ မေးလိုက်၏။
အင်မော်တယ်ဓားက သူ၏ခေါင်းကို ညင်သာစွာ ခါပြီး လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခုနှင့်အတူ သူ၏နှုတ်ခမ်းကို ကွေးညွှတ်လိုက်၏။
“အဲဒီ ဓမ္မဝိသေသ တာအိုအရှင်တွေက အထီးကျန်သိုင်းသခင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားကို ကောင်းကောင်းသိထားသည့်သူများ ဤမှာရှိမည်ဆိုလျှင် အင်မော်တယ်ဓားက ထိုသူများထဲမှာ တစ်ယောက်ဖြစ်၏။
အကြောင်းမှာ သူသည် ဝါးသစ်တောထဲ၌ ဆူဇီမိုလက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့သောကြောင့်ပင်။
“အဲဒါဆိုလည်း ခင်ဗျားက အဲဒီ တာအိုအရှင်တွေကို ဘာလို့မတားတာလဲ”
ထိုဂိုဏ်းသားက ထပ်မံ၍ မေးလိုက်၏။
အင်မော်တယ်ဓားက မည်သည့်စကားမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေ၏။
ထိုစဉ်မှာပင်.. ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ့ကို လှမ်းကြည့်လာပြီး သူတို့နှစ်ယောက်သည် အလိုအလျောက် နားလည်မှုတစ်ခုနှင့်အတူ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူတို့က အဲဒါကို တားဆီးကြလိမ့်မည် မဟုတ်ပေ။
အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသ တာအိုအရှင်များနှင့် ပို၍ ပြင်းထန်ကြမ်းကြုတ်စွာ တိုက်ခိုက်လေလေ… သူနှင့် ထိပ်သီးဂိုဏ်းကြီးများအကြား ရန်ငြိုးရန်စက ပိုမိုကြီးထွားလာလေလေ.. ဖြစ်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် အထီးကျန်သိုင်းသခင်သည် တစ်လောကလုံး၏ရန်သူ ဖြစ်လာပေလိမ့်မည်။ သူက သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတားဖြစ်စေ.. သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့သည်ဖြစ်စေ.. ကိစ္စမရှိတော့ပေ။ အရာရာတိုင်းက ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။
တိုက်ပွဲနယ်မြေတွင်…
အင်မော်တယ်ထောင်ချောက်ချိပ်စည်း ဆင်းသက်လာသည့်ခဏမှာပင် ၎င်းကို ၈၉ပေ မြင့်မားသော မိုးကြိုးလေပြေဓမ္မခန္ဓာက ဖျက်ဆီးပစ်လိုက်၏။
ဤမိုးကြိုးလေပြေဓမ္မခန္ဓာသည် အန္တိမဓမ္မဝိသေသတစ်ခု ဖြစ်လာဖို့ အရမ်းကို နီးစပ်နေပြီး ၎င်း၏ ဓမ္မဝိသေသစွမ်းအားများက အထွတ်အထိပ်ထိ သန့်စင်နေ၏။
တာမင်းဓမ္မချိပ်စည်းများကြားတွင် အင်မော်တယ်ထောင်ချောက်ချိပ်စည်း၏ စွမ်းအားက သာမန်သာဖြစ်၏။ ထို့ကြောင့်ပင်လျှင် ၎င်းသည် တာအိုအရှင် မိုးကြိုးငါးစင်း၏ မိုးကြိုးလေပြေဓမ္မခန္ဓာကို မယှဉ်နိုင်ခဲ့ခြင်းဖြစ်၏။
“ဟားဟားဟားဟား”
တာအိုအရှင် မိုးကြိုးငါးစင်းက သူ၏ခေါင်းကို မော့၍ ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်မှာ ရှိတာ ဒါအကုန်ပဲလား”
“ဒါအကုန်တဲ့လား..”
ဆူဇီမိုက လှောင်ရယ်လိုက်၏။ သူ့လက်ထဲရှိ ဓမ္မချိပ်စည်းသည် ပြောင်းလဲသွားပြီး သူ၏လက်ချောင်းများကို ကွေးညွတ်လိုက်၏။ သူသည် လှည်းဘီးတစ်ခုကို ဆင့်ခေါ်နေသည့်အလား.. ထူးဆန်းသော ဓမ္မချိပ်စည်းတစ်ခုက စုဖွဲ့လာပြီး မိုးကြိုးလေပြေဓမ္မခန္ဓာဆီသို့ ဖိချေကျဆင်းလာခဲ့၏။
တာမင်းဓမ္မချိပ်စည်းများကြားတွင် ကြမ်းကြုတ်ခက်ထန်ဆုံးနှင့် စွမ်းအားအကြီးဆုံး ဓမ္မချိပ်စည်းနှစ်ခုရှိပြီး သူတို့ထဲမှ တစ်ခုက မဟာဝရဇိန်လှည်းဘီးချိပ်စည်းဖြစ်၏။
ဘုန်း..
အဲဒီမှာ ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာခဲ့၏။
မနှိုင်းယှဉ်သာအောင် ကြီးမားသော ရွှေရောင်လှည်းဘီးတစ်ခုသည် လေထဲမှာ ပေါ်ထွက်လာပြီး တုန်လှုပ်ချောက်ချားစရာကောင်းသော အော်ရာတစ်ခုနှင့်အတူ အဆက်မပြတ် ဖိချေကျဆင်းလာခဲ့၏။
ရွှေရောင်လှည်းဘီး၏ အောက်ဘက်ရှိ လေဟာနယ်က တုန်ခါ၍ တွန့်လိမ်သွားခဲ့၏။
ဧရာမ ရွှေရောင်လှည်းဘီးကို တားဆီးနိုင်သည့်အရာ ဘာမှမရှိတော့သည့်အလားပင်။
၈၉ပေ မြင့်မားသော မိုးကြိုးလေပြေ ဓမ္မခန္ဓာကိုယ်ပင် မရပေ။
ဘုန်း..
တစ်ခဏအတွင်းမှာပင်.. မဟာဝရဇိန်လှည်းဘီးချိပ်စည်းသည် မိုးကြိုးလေပြေဓမ္မခန္ဓာကို ပစ်တိုက်ချလိုက်၏။
ဖျောက်.. ဖျောက်.. ဖျောက်..
မိုးကြိုးလေပြေဓမ္မခန္ဓာမှ အသံဗလံများ ထွက်ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်ကာ အဆက်မပြတ် ဖြန့်ကြက်သွား၏။ ချက်ချင်းပင် အဲဒါက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
၎င်း၏ ဓမ္မစွမ်းအားများကလည်း လျင်မြန်စွာ လျော့ကျလာ၏။
အိုး….
လူအုပ်ကြီးက တုန်လှုပ်သွားရ၏။
၈၉ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည်လည်း ဆူဇီမိုထံမှ ဓမ္မချိပ်စည်းတစ်ခုဖြင့် ကြေမွပျက်စီးသွားရဆဲဖြစ်၏။
တာအိုအရှင် မိုးကြိုးငါးစင်းသည် တုန်လှုပ်သွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။
တစ်ချိန်တည်းမှာပင်.. ပေ ၈၀ကျော် မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများသည် ဆူဇီမိုကို တစ်ပြိုင်နက်တည်း ဝန်းရံလာပြီး ရှေ့သို့လှမ်းဝင်လာကြ၏။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှား၍ ကြောက်စရာကောင်းသော ဓမ္မပညာရပ်များကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
အတောမသတ်သော ဓမ္မစွမ်းအားများသည် ဆူဇီမိုထံသို့ တလိပ်လိပ်တိုးဝင်လာကြ၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများ၏ ဓမ္မစွမ်းအားများပင်လျှင် ဆူဇီမို၏ အတင်းအကျပ် ဆွဲယူခြင်းကို ခံရ၏။
ဆူဇီမို၏ လက်နှစ်ဖက်ကြားတွင် ဓမ္မစွမ်းအားများက ဆူပွက်လုနီးပါးဖြစ်လာ၏။
“မဟာမြင်းမိုရ်တောင် ချိပ်စည်း”
“သဲမုန်တိုင်း”
“အဝီစိ”
“စွမ်းအားကြီးကောင်းကင်ဘုံနဂါးအထွတ်အထိပ်”
“ပင်လယ်သင်္ချိုင်းလျှို့ဝှက်အတတ်”
“ကမ္ဘာဖျက်မိစ္ဆာလက်သီး”
“….”
ချက်ချင်းပင် ဆူဇီမိုသည် ကြောက်စရာကောင်းသော ထိပ်တန်းအဆင့် ဓမ္မအတတ် ၁၀ခုကျော်ကို ထုတ်ဖော်ပြီး ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများနှင့် ထိတွေ့ရိုက်ခတ်စေ၏။
ဘုန်း…
လေဟာနယ်က ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်ဟု ထင်ရ၏။
ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသော အလင်းစက်ကွင်းများက အပူလှိုင်းတစ်ခုနှင့်အတူ ရုတ်တရက် ဖြန့်ကြက်သွား၏။ မနှိုင်းယှဉ်သာအောင် လွှမ်းမိုးခြယ်လှယ်နိုင်သော တုန်ခါလှိုင်းတစ်ခုသည် လေပွေမုန်တိုင်းတစ်ခုကဲ့သို့ အဘက်ဘက်သို့ ဖြန့်ကြက်သွားလေသည်။
ကျင့်ကြံသူများက နောက်သို့ ဆုတ်လိုက်ကြရ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် တုန်လှုပ်သွားပြီး နောက်သို့ဆုတ်ကာ ရှောင်တိမ်းလိုက်ကြရ၏။
အဲဒါက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ရဲ့ စွမ်းအားရော ဟုတ်ရဲ့လား..။
သိပ်မကြာခင်.. ဖုန်များက စဲသွား၏။
လေထဲတွင် အစိမ်းရောင်ဝတ် ပုံရိပ်တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ၏အကြည့်က တောက်လောင်ပြင်းပြနေ၏။ သူ့ထံမှ အနှိုင်းမဲ့ ဧကရာဇ်တစ်ပါးကဲ့သို့ စွမ်းအားကြီးမားသော အော်ရာတစ်ခုက ဖြာထွက်နေလေသည်။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၁၀ခုကျော်က ကြေမွပျက်စီးသွားခဲ့လေပြီ။
ချက်ချင်းပင်.. ကောင်းကင်နှင့်မြေကြီး တောင်ကြားတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
တာအိုအရှင် အထီးကျန်သိုင်းသခင်သည် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားများ အားလုံးကို တစ်ယောက်တည်းဖြင့် ဖိနှိမ်လိုက်ပြီဖြစ်ကြောင်း လူတိုင်းက နားလည်လိုက်ကြ၏။