← Chapters

ကြီးမားသော တိုက်ပွဲ

Vol. 87 Ch. 1298

ကြီးမားသော တိုက်ပွဲ

Vol. 87 Ch. 1298

“ဟာ...”

နေရာတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

ယန်ပေးချန်က တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။ အဲ့ဒါထက် အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့်ဖြစ်သော လက်ရှိမျိုးဆက်မှ အဆူရာသည် ယန်ပေးချန်ထံမှ ခုတ်ချက်တစ်ချက်ကိုပင် ခုခံနိုင်လိမ့်မည်မဟုတ်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

“ဘယ်လောက်တောင်ရက်စက်လိုက်သလဲ... အဆူရာတစ်ယောက်က သတ်ဖြတ်ခြင်းကနေ ဖြစ်လာတယ်ဆိုတာ အဲ့ဒီအဓိပ္ပါယ်နဲ့တူတယ်”

“အဆူရာတွေရူးသွပ်သွားပြီဆိုရင် သူတို့က ဂိုဏ်သားအချင်းချင်းတောင်မှ သတ်ဖြတ်နိုင်တယ်... သူက တကယ်ကို အကြောက်အလန့်ကင်းမဲ့ပြီးတော့ သွေးအေးရက်စက်တာပဲ”

များစွာသော ကျင့်ကြံသူများသည် စိုးရိမ်ထိတ်လန့်သော အမူအရာများနှင့် တိတ်တဆိတ်ဆွေးနွေးလိုက်ကြ၏။

“ယန်ပေးချန်... မင်းဒါဘာလုပ်တာလဲ”

အဆူရာဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က ဒေါသထွက်သွားပြီး ယခုတင်လဲကျသွားသော ဂိုဏ်းသားကို လက်ညိုးထိုးကာ အော်ဟစ်ပြောဆိုလိုက်၏။

“မင်းသူ့ကိုသတ်လိုက်တာကို ငါလျစ်လျူရှုပေးလို့ရသေးတယ်... အဆူရာအတွက် တိုက်ခိုက်မှုဆိုတာ အမြဲတမ်းသတ်ဖြတ်မှုနဲ့ပဲ ဒါပေမယ်လို့... မင်းကို ဒီနေ့ကိစ္စမှာ ​ပါဝင်ပတ်သက်ခွင့်မပေးနိုင်ဘူး”

“မင်းက ကျင့်ကြံရေးလောကတစ်ခုလုံးနဲ့ ဆန့်ကျင်ချင်လို့လား”

“အဲ့တော့ရော..”

ယန်ပေးချန်က မှင်သေသေဖြင့်ပြန်ပြောလိုက်၏။

“မင်း...”

အဆူရာဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က ပြောစရာစကားမဲ့သွား၏။

ဆူဇီမိုတစ်ယောက်သာလျှင် ယန်ပေးချန်၏ စိတ်ခံစားချက်များကို နာလည်နိုင်ပေလိမ့်မည်။

ချင်ဖျန်ရန်သည် သေဆုံးသွားခဲ့ပြီး အမုန်းမိစ္တာဆေဘာက ယန်ပေးချန်ကို သူ၏ သခင်အဖြစ် အသိအမှတ်ပြုခဲ့၏။

သူသည် အမုန်းသုတ္တန်ကို ရရှိခဲ့ပြီး မိစ္ဆာဧကရာဇ်အမုန်း၏ အမွေအနှစ်တစ်ခုလုံးကို ဆက်ခံရရှိထား၏။

သူသည် မမြင်ချင်အောင်ဆောင်သည့် ကောင်းကင်ဘုံနှင့် နှလုံးသားကင်းမဲ့သည့် ကမ္ဘာမြေကို မုန်းတီးလေသည်။ သူသည် သူ့ကို ထွက်ခွာခွင့်မပေးခဲ့သည့်အတွက် ကျင့်ကြံရေးလောကတစ်ခုလုံးကို မုန်းတီးလေသည်။ သူက ကျင့်ကြံရေးလောကတစ်ခုလုံးနှင့် ရန်သူဖြစ်လာမည်ဆိုလျှင်တောင် ဘာဖြစ်သလဲ။ ဤကမ္ဘာတွင် မည်သည့်အကြောက်အလန့်နှင့် ငဲ့ကွက်ထိန်ချန်မှုတို့မရှိသော လူတစ်ယောက်ရှိမည်ဆိုလျှင် အဲ့ဒါက အဆူရာယန်ပေးချန်ဖြစ်ပေလိမ့်မည်။

ယန်ပေးချန်သည် အင်မော်တယ်ဓားကိုကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အင်မော်တယ်ဓား... ငါက ဒီအချိန်ကို​ရောက်ဖို့အကြာကြီးစောင့်နေခဲ့ရတာ... မင်းက နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ”

ဤနှစ်များအတွင်း ယန်ပေးချန်သည် အခွင့်အလမ်းတစ်ရပ်ကို စောင့်စားနေခဲ့၏။

သူသည် အမုန်းသုတ္တန်ကို အမွေဆက်ခံရရှိထားသော်လည်း သူ၏ ဆင်ခြင်တုံတရားကိုတော့ မဆုံးရှုံးသေးပေ။

သူသည် ဓားဂိုဏ်းသို့ အတင်းဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် သူက ချင်ဖျန်ရန်အတွက် လက်စားမချေနိုင်ရုံသာမက သူပါလျှင် သေဆုံးရပေလိမ့်မည်။ ယန်ပေးချန်သည် ဤနေ့ကိုရောက်ရှိဖို့အတွက် နှစ်တစ်ရာနီးပါး စောင့်စားခဲ့ရ၏။

သူသည် ဤအခွင့်အရေးကို သေချာပေါက် လက်လွှတ်လိမ့်မည်မဟုတ်ပေ။

အဲ့ဒါက ဆူဇီမိုတွေးထားသကဲ့သို့ပင် သူ၏လမ်းမှာပိတ်ရပ်လာသည့် မည်သူကိုမဆို သူက သတ်ဖြတ်ရဲလေသည်။

“အဆူရာ... မင်းက ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းသွားတယ်ဆိုရင်တောင် မင်းအနေနဲ့ ငါ့ကိုသတ်ဖို့က မဖြစ်နိုင်ဘူး”

စောစောက ယန်ပေးချန်တိုက်ခိုက်လိုက်သည့်ခဏမှာပင် ယန်ပေးချန်က ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အင်မော်တယ်ဓားက ခံစားမိလိုက်၏။

သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်လိုက်တော့ ဤနေရာမှာ ထိပ်သီးဂိုဏ်းကြီးများစွာက စုစည်းနေကြ၏။ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် ကောင်းကင်စင်ရော်ဂိုဏ်းကဲ့သို့ အင်မော်တယ်ဂိုဏ်းများကို အသာထား ဓားဂိုဏ်းတစ်ဂိုဏ်းတည်းကပင် ဤတစ်ခေါက်မှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော်ကို စေလွှတ်ပေးခဲ့၏။

ယန်ပေးချန်သည် အစောပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာသာရှိနေသေး၏။ သူက သန်မာသည်ဆိုလျှင်တောင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဘယ်လောက်များများကို အနိုင်ယူနိုင်မှာလဲ။ ဒါ့ပြင် သူ့ကို ကမ္ဘာဦးမျိုးနွယ် ၆ စုမှ ပညာရှင်များက ဝန်းရံထားကြပြီဖြစ်၏။

ယန်ပေးချန်၏အကြည့်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ထံသို့ ရွေ့လျားသွား၏။

“ငါတို့ရဲ့ တည်နေရာကို ဗေဒင်တွက်ပြီး အင်မော်တယ်ဓားကို ပြောခဲ့တဲ့သူက မင်းပဲဖြစ်ရမယ်”

ယန်ပေးချန်က အရူးမဟုတ်ပေ။

ချင်ဖျန်ရန်နှင့် သူ၏တည်နေရာက မည်သို့မည်ပုံပေါက်ကြားသွားခဲ့သည်ကို သူက အချိန်အတန်ကြာကတည်းက စဥ်းစားတွေးတောနေခဲ့၏။

ထိုကိစ္စ၏ နောက်ကွယ်မှာ ပညာရှင်တစ်ယောက် ရှိနေရပေမည်။ ယခုအချိန်တွင် သူက အင်မော်တယ်ဓားကို ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် အတူတွဲ၍ မြင်လိုက်ရသည့်အခါ ခန့်မှန်းချက်တစ်ခုကို ပြုလုပ်လိုက်နိုင်ပြီဖြစ်၏။

“ငါဆိုတော့ရော ဘာဖြစ်လဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏မျက်နှာပေါ်မှာ အပြုံးတစ်ခုက ရှိနေဆဲပင်။

“ချင်ဖျန်ရန်သေဆုံးမှုနဲ့ ပတ်သက်ဆက်နွယ်တဲ့ ဘယ်သူ့ကိုမဆို ငါကခွင့်မလွှတ်ဘူးလို့ ကျိန်ဆိုခဲ့ပြီးပြီ”

ယန်ပေးချန်က ပြောလိုက်၏။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်... အင်မော်တယ်ဓားပြီးရင် မင်းအလှည့်ရောက်လာမယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ယန်ပေးချန်၏ပုံရိပ်က ဖျပ်ခနဲ လှုပ်ရှားသွားပြီး နေရာကနေပျောက်ကွယ်ကာ တရုန်းရုန်းထကြွနေသော နက်မှောင်သည့် မိစ္ဆာချီများအဖြစ် ပြောင်းလဲသွားပြီး ဓားဂိုဏ်းရှိရာဘက်သို့ တိုးဝင်သွားလေသည်။

“စီနီယာအစ်ကိုတို့... သူ့ကိုတားပေးကြပါဦး”

အင်မော်တယ်ဓားက တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်၏။

သူသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်ဒဏ်ရာရရှိထားပြီး ယန်ပေးချန်ကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။ သူက ဓားဂိုဏ်းမှ အခြားသော စွမ်းအားကြီးပုဂ္ဂိုလ်များကိုသာ အကူအညီတောင်းနိုင်လေသည်။

“ဘာမှမပူနဲ့... ဂျူနီယာညီလေး သူက အစောပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာရှိနေတဲ့ မိစ္ဆာတစ်ကောင်ပဲ ဘာမှကြောက်နေစရာမလိုဘူး”

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က လှောင်ရယ်၍ သူ၏ဓားနှင့်အတူ လေထဲသို့ ခုန်တက်ကာ အောက်ဘက်မှ တိုးဝင်လာသော မိစ္ဆာချီလုံးကို ရက်ရက်စက်စက်ခုတ်ပိုင်းချလိုက်၏။

ချွမ်း...

ဓားအလင်းတန်းက ပြိုးပြိုးပြက်ပြက် လင်းလက်သွားပြီး လောကတစ်ခုလုံးကို နှစ်ပိုင်းလှီးဖြတ်ချင်သည့်အလား အလွန်တရာထက်ရှသော အနားစောင်းတစ်ခုကို သယ်ဆောင်လာ၏။

လက်ရှိဓမ္မဝိသေသတာအိုအရှင်များသည် ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်မည်သို့မည်ပုံ တိုက်ခိုက်လိုက်သည်ကို လိုက်မီအောင် ကြည့်နိုင်ခြင်းမရှိပေ။ သူတို့သည် ခပ်လှမ်းလှမ်းကနေ တစ်ချက်ကြည့်ရုံမျှနှင့် သူတို့၏ မျက်လုံးများက ကျိန်းစပ်သွားသည်ကိုသာ ခံစားလိုက်ရ၏။

ထိုခုတ်ချက်၏စွမ်းအားက အရမ်းကိုကြောက်စရာကောင်း၏။

ရွှစ်....

အောက်ဘက်ရှိမိစ္ဆာချီများက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်ရှားခြင်းမရှိဘဲ ဓားအလင်းတန်းကို တိုက်ရိုက်ဝါးမျိုလိုက်၏။

“ဟမ်....”

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်၏ အမူအရာပြောင်းလဲသွား၏။

သူ၏ ဓားသည် ပင်လယ်ထဲသို့ကျဆင်းသွားသော ကျောက်တုံးတစ်တုံးအလား မိစ္ဆာချီလုံး၏ ဝါးမျိုခြင်းကိုခံလိုက်ရ၏။

မိစ္ဆာချီလုံးက ပို၍ပင်ကြောက်စရာကောင်းလာပြီး လျင်မြန်စွာ လွင့်မျော၍ ဓားဂိုဏ်း၏ ပေါင်းစည်းခန္ဓာရှိရာသို့ တိုးဝင်လိုက်၏။

“ရင်သပ်ရှုမောဓားတာအို...”

ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ကဟိန်းဟောက်၍ သူ့လက်ထဲရှိဓားကို ဝေ့ယမ်းလိုက်၏။ ချက်ချင်းပင် ဓားအလင်းတန်းများက ရင်သပ်ရှုမောဖွယ်ရာ ပုံစံဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး ဝင်ရောက်လာသော မိစ္ဆာချီကိုထိုးဖောက်လိုက်၏။

မိစ္ဆာချီက ခဏမျှသာရပ်တန့်၍ အပေါ်သို့ဆက်လက်ဖြန့်ကြက်သွား၏။ အားလုံး၏အကြည့်အောက်မှာပင် ၎င်းက ဧရာမအနက်ရောင်တွင်းပေါက်တစ််ခုအဖြစ် ပွင့်ဟသွားပြီး ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ကို အထဲသို့ဆွဲယူသွင်းလိုက်၏။

“အား...”

မိစ္ဆာချီများထဲမှ ချောက်ချားဖွယ်ရာ အသံနက်ကြီးက ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် မိစ္ဆာချီများကြားမှ အလောင်းတစ်လောင်းက ပြုတ်ကျလာ၏။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်၏ မျက်လုံးများသည် ပြူးကျယ်၍ သူ၏ပါးနှစ်ဖက်က အနက်ရောင်မိစ္ဆာချီမျှင်များဖြင့် ပြည့်နှက်နေ၏။ သူ၏အကြည့်က သူမသေခင် ​ကြီးမားစွာတုန်လှုပ်ခဲ့ရသည့်အလား အဆုံးမဲ့သော အကြောက်တရားဖြင့် ပြည့်နှက်နေ၏။

သူက မကျေမချမ်းဖြင့် သေဆုံးခဲ့ရလေသည်။

“အမုန်းသုတ္တန်လား...”

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အာရုံစိုက်၍ ကြည့်ရှုလိုက်ပြီး မိစ္ဆာချီလုံး၏ ဇာစ်မြစ်ကို သိရှိသွားကာ အနည်းငယ်အံအားသင့်သွား၏။

ထိုအသံကိုကြားလိုက်သည့်အခါ လက်ရှိကျင့်ကြံသူများ၏ အမူအရာများကလည်း ပြောင်းလဲသွားကြ၏။

မိစ္ဆာဧကရာဇ်အမုန်းသည် ကျင့်ကြံရေးလောကမှာ အလွန်တရာ နာမည်ကြီးကျော်ကြားခဲ့၏။

ဧကရာဇ်များကြားတွင် မိစ္ဆာဧကရာဇ်အမုန်း၏ ဘွဲ့အမည်သည့် လူသားဧကရာဇ်ထက်မနိမ့်ကျပေ။

“ခင်ဗျားတို့အားလုံး ပူးပေါင်းပြီးတိုက်ကြ... ဘာမှ တစ်ယောက်ချင်းတိုက်နေစရာမလိုဘူး”

အင်မော်တယ်ဓားက အလောတကြီးသတိပေးလိုက်၏။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာက လျင်မြန်စွာတုံ့ပြန်၍ တိုက်ခိုက်လိုက်ကြ၏။

ဝှစ်... ဝှစ်... ဝှစ်

ချက်ချင်းပင် လောကတစ်ခုလုံးကို အလွန်တရာထက်ရှသော ဓားချီစီးကြောင်းများက လွှမ်းခြုံသွားပြီး လေဟာနယ်က အပိုင်းပိုင်းလှီးဖြတ်ခံလိုက်ရသည်ဟု ထင်လိုက်ရ၏။

ဓားတာအိုက သတ်ဖြတ်စွမ်းအားအမြင့်ဆုံးဖြစ်၏။

တစ်ချိန်တည်းမှာပင် ဓားဂိုဏ်းသည် ဓားကျင့်ကြံသူများအားလုံး၏ အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်လေသည်။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ် အယောက်၃၀ ထုတ်ဖော်လိုက်သော သတ်ဖြတ်စွမ်းအားသည် အလွန်တရာ သိပ်သည်းပြင်းထန်ပြီး လက်ရှိကျင့်ကြံသူများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေ၏။

ဓမ္မဝိသေသတာအိုအရှင်များစွာသည် ဓားချီများ သူတို့အပေါ် သက်ရောက်လာမည်ကိုစိုးရိမ်၍ လျင်မြန်စွာ နောက်ဆုတ်လိုက်ကြ၏။

“ကန့်သတ်မဲ့အမုန်း”

ရုတ်တရက် ခြောက်ကပ်အက်ကွဲသော အသံတစ်သံက မိစ္ဆာချီများကြားမှ ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် နက်မှောင်နေသော ဆေဘာတစ်လက်က ပေါ်ထွက်လာလေသည်။ ၎င်းကို မိစ္ဆာချီများက လွှမ်းခြုံထားပြီး ကန့်သတ်မဲ့အမုန်းတရားတစ်ခုကို ဖြာထုတ်ပေးနေ၏။

၎င်းသည် အကန့်အသတ်မဲ့၍ တစ်လောကလုံးကို မုန်းတီးလေသည်။

ချွင်... ချွင်... ချွင်.. ချွင်...

အမုန်းမိစ္တာဆေဘာသည် ဓားများစွာဖြင့် ထိတွေ့ရိုက်ခတ်ပြီး သတ္တုချင်းထိခတ်သံများကို အဆက်မပြတ်ထွက်ပေါ်စေကာ မီးပွားများက တဖြန်းဖြန်းထွက်ပေါ်လာ၏။

အားလုံး၏ ရှေ့မှောက်မှာပင် ဓား၃၀ ကျော်သည် အမုန်းမိစ္တာဆေဘာ၏ တွန်းလှန်ခြင်းကို ခံလိုက်ရ၏။

ဓားတစ်လက်ချင်းစီသည် ခပ်​ဖျော့ဖျော့အနက်ရောင်မြူခိုးတစ်လွှာဖြင့် စွန်းထင်းခံလိုက်ရပြီး သူတို့၏အလင်းရောင်က သိသိသာသာ မှိန်ကျသွား၏။ သူတို့၏ခွန်အားက ကြီးမားစွာလျော့ကျသွားပြီး သူတို့၏ ထက်ရှမှုကပင် ပျောက်ဆုံးလာ၏။

“ဘာလဲဟ”

“အဆူရာရဲ့ တိုက်ခိုက်ရည်ခွန်အားက အဲ့ဒီအဆင့်တောင်ရောက်နေပြီလား... ဓားဂိုဏ်းက စွမ်းအားကြီးပုဂ္ဂိုလ်အယောက်၃၀ ကျော်တောင် သူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူး”

“ယန်ပေးချန်က အဆူရာသုတ္တန်ကိုပိုင်ဆိုင်ထားပြီး အခုဆိုရင် အမုန်းသုတ္တန်ကိုလည်း အမွေဆက်ခံရရှိထားပြီ... သူက အရင်တုန်းက မိစ္ဆာဧကရာဇ်အမုန်းထက်တောင် ပိုပြီးတော့ သန်မာလာလောက်တယ်”

ဓားဂိုဏ်းက ဝရုန်းသုန်းကားဖြစ်ကုန်လေသည်။

ထိုစဥ်မှာပင် ဆူဇီမိုကလည်း သူ၏လှုပ်ရှားမှုကိုပြုလုပ်ပြီး ညဝိညာဥ်ရှိရာသို့ ပြေးဝင်သွားပြီဖြစ်၏။

“သူ့ကိုတား...”

“အထီးကျန်သိုင်းသခင်... ငါမင်းကိုတစ်ချိန်လုံးစောင့်ကြည့်နေတာကွ သေလိုက်တော့”

ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ​ကောင်းကင်စင်ရော်ဂိုဏ်း ၊ မိုးကြိုးလေပြေနန်းတော်နှင့် အခြားသော အင်မော်တယ်ဂိုဏ်းများအပြင် ဗုဒ္ဓကျောင်းတော်များနှင့် မိစ္ဆာဂိုဏ်းများမှ စွမ်းအားကြီးပုဂ္ဂိုလ်များက ဆူဇီမိုကို ဖိနှိမ်ဖို့အတွက် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

“ဇီမို... ငါမင်းကိုကူပေးမယ်”

နောက်ဆုံးအခိုက်အတန့်တွင် အဆုံးစွန်မီးက ရှေ့သို့ထွက်လာဆဲ ဖြစ်၏။

သူသည် အချက်အလက်များစွာကို ထည့်တွက်စဥ်းစားနေရသော်လည်း မည်သို့ပင်ဆိုစေ... ဆူဇီမိုက သူ၏အသက်ကို ကယ်တင်ပေးခဲ့ဖူး၏။

ဆူဇီမိုကြောင့်သာမဟုတ်လျှင် အဆုံးစွန်မီးက သေဆုံးသွားခဲ့သည်မှာ ကြာနေလောက်လေပြီ။

ဒါ့ပြင် အဆုံးစွန်မီးသည် ဆူဇီမိုတစ်ယောက်တည်းတိုက်ခိုက်နေသည်ကို စောင့်ကြည့်မနေနိုင်ပေ။

“အဆုံးစွန်မီး...ငါကမင်းရဲ့ ပြိုင်ဘက်ပဲ”

ရုတ်တရက် မကောင်းဆိုးဝါးဆန်၍ အေးစက်စက်အသံတစ်သံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် အဆုံးစွန်မီး၏ရှေ့မှောက်မှာ ပုံရိပ်တစ်ခုက ထွက်ပေါ်လာ၏။

All Chapters