← Chapters

အန္တိမဓမ္မဝိသေသ

Vol. 87 Ch. 1301

အန္တိမဓမ္မဝိသေသ

Vol. 87 Ch. 1301

“မင်းတို့တွေက ငါ့ရဲ့တိုက်ခိုက်ရည်ခွန်အားကို သိချင်တယ်ဆိုမှတော့ ငါက မင်းတို့ကို ပြပေးရတာပေါ့”

ဝင်ရောက်လာသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမို၏မျက်လုံးကဝင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်မှ ဝုန်းခနဲမြည်သံက ပေါက်ကွဲထွက်ပေါ်ကာ ပုံရိပ်ယောင်သုံးခုသည် ကောင်းကင်ထက်သို့ထိုးတက်သွား၏။

“အထီးကျန်သိုင်းသခင်က ​ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ ၃ခုကို တကယ်ပဲ ကျင့်ကြံထားတာပဲ... ကောလာဟလတွေက မှားမနေဘူးပဲ”

“သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားဆိုတဲ့အတိုင်းပါပဲလား.... ရှေးဟောင်းခေတ်က ဧကရာဇ်တွေတောင် သူတို့ ဓမ္မဝိသေသအဆင့်မှာ ရှိနေစဥ်တုန်းက သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး”

“သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံကိုဖီဆန်တယ်ဆိုရင်တောင် အလကားဖြစ်သွားပြီပဲ... အထီးကျန်သိုင်းသခင်က အဲ့ဒီ တဗူးမျိုးနွယ်ကိုကယ်တင်ချင်တယ်ဆိုရင် သူက သေချာပေါက်သေရလိမ့်မယ်... သူ့ရဲ့ ကျင့်ကြံရေးလမ်းကြောင်းကလည်း ဒီနေရာမှာ အဆုံးသတ်ရသွားလိမ့်မယ်”

လူအုပ်ကြီးက အသည်းအသန်ဆွေးနွေးလိုက်ကြ၏။

သို့သော်လည်း ထိုဆွေးနွေးသံများသည် သိပ်မကြာခင် တိုးတိတ်သွားကြ၏။ နောက်ဆုံးမှာတော့ သိပ်သည်းများပြသော လူအုပ်ကြီးသည် သေလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ကျင့်ကြံသူများသည် အဆက်မပြတ်မြင့်တက်လာသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုကိုကြည့်ရင်း သူတို့၏မျက်လုံးများသည် အဆုံးမဲ့သော တုန်လှုပ်မှုဖြင့် ပြည့်နှက်လာကြ၏။

ပေ၈၀... ၈၇ပေ... ၈၉ပေ...

အဲ့ဒါနဲ့ ရပ်တန့်မသွားသေးပေ။

ပေ၉၀...

အန္တိမဓမ္မဝိသေသ...

ဒါ့ပြင် အဲ့ဒါက ၃ ခုတောင်ဖြစ်၏။

ပုံမှန်အားဖြင့်ဆိုလျှင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းထားပြီး ဖြစ်ပြီး သူတို့၏ အော်ရာများက စွမ်းအားကြီးမားလေသည်။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုက ပေပေါင်းများစွာမြင့်မားပြီး မားမားမတ်မတ်ရပ်တည်နိုင်သည်ဆိုလျှင်တောင် အဲ့ဒါသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို အော်ရာခြင်းယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အန္တိမဓမ္မဝိသေသတစ်ခုကတော့ ကွဲပြားခြားနားလေသည်။

အန္တိမဓမ္မဝိသေသတစ်ခုသည် ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစည်းထားနိုင်ခဲ့ပြီဖြစ်၏။ ၎င်းသည် မိုးပေါ်ကနေ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်ပြီး အရာရာတိုင်းကို ခြိမ်းခြောက်နိုင်သော ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ အန္တိမဓမ္မဝိသေသတစ်ခုသည် ကျင့်ကြံရေးလောကမှာ ကြီးမားစွာ ဂယက်ရိုက်သွားစေဖို့လုံလောက်၏။

အန္တိမဓမ္မဝိသေသ ၃ခု၏ စိတ်ပိုင်းနှင့် အမြင်ပိုင်း ထိတွေ့ရိုက်ခတ်မှုသည် လက်ရှိကျင့်ကြံသူများအတွက် မမျှော်မှန်းနိုင်အောင်ပင်။

အဲ့ဒါသည် လက်ရှိ ဓမ္မဝိသေသတာအိုအရှင်များသာလျှင်မဟုတ်ဘဲ ရှေ့သို့ပြေးဝင်လာသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

တစ်စုံတစ်ယောက်အနေဖြင့် အန္တိမဓမ္မဝိသေသ ၃ခုကို တစ်ယောက်တည်းဖြင့် ကျင့်ကြံရန် ဘယ်လောက်တောင်သန်မာနေဖို့ လိုလိုက်မလဲ...။

ထိုသူသည် အန္တိမဓမ္မဝိသေသ ၃ခုကို သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းနိုင်ခဲ့မည်ဆိုလျှင် သူက ဘယ်လောက်တောင်သန်မာလာလိုက်မလဲ။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် အဲ့ဒါကို စဥ်းစားမကြည့်နိုင်ကြပေ။

အဲ့ဒါထက် သူတို့သည် အဲ့ဒါကို စဥ်းစားမကြည့်ရဲကြပေ။

အစကတော့... ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် ရွှင်မြူးအားရစွာဖြင့် ပြပွဲကို စောင့်ကြည့်နေကြခြင်းသာဖြစ်၏။

“ဟမ်...”

အန္တိမဓမ္မဝိသေသ ၃ခု ဆင်းသက်လာသည့်ခဏမှာပင် ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များ၏ အမူအရာများကလည်း ပြောင်းလဲသွားကြပြီဖြစ်၏။

ရွှေကျီးကန်းတတိယမင်းသားက သူ၏မျက်လုံးကို မှေးကျဥ်းပြီး တလက်လက်ထနေသော အကြည့်နှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“စိတ်ဝင်စားစရာပဲ ... အန္တိမဓမ္မဝိသေသ ၃ခုကိုတောင် ကျင့်ကြံထားနိုင်တယ်ဆိုတော့...”

“လူသားမျိုးနွယ်ရဲ့ အဲ့ဒီပြန်ဝင်စားမွန်းစတားက တကယ်ကြောက်ဖို့ကောင်းတာပဲ... သူသာ ကြီးထွားလာမယ်ဆိုရင် သူက လူသားဧကရာဇ်ထက်တောင် နိမ့်ကျချင်မှ နိမ့်ကျလိမ့်မယ်”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

ယက္ခဖုန်ထျန်သည် အရေးမလုပ်ဟန်ဖြင့် သူ၏နှုတ်ခမ်းကို သပ်လိုက်၏။

“လူသားကျင့်ကြံသူတွေက ပုရွက်ဆိတ်တွေလို ဒီလောက်ပေါများနေတာ သူတို့မှာ ပြန်ဝင်စားမွန်းစတား တစ်ယောက်နှစ်ယောက် မွေးဖွားပေါ်ထွက်လာတယ်ဆိုတာ သာမန်ပါပဲ”

သူက ထိုသို့ပြောလိုက်လျှင်တောင် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် ဆက်လက်၍ ပြုံးမနေနိုင်ကြတော့ပေ။ သူတို့၏ အေဆေးသက်သာသော အမူအရာများသည် ပျောက်ကွယ်သွားကြပြီဖြစ်၏။

သူတို့သည် အဲ့ဒါကို ဝန်မခံလိုသော်လည်း သူသာ သူတို့နှင့် အဆင့်တူချင်းမှာရှိနေလျှင် သူတို့သည် အထီးကျန်သိုင်းသခင်ကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်တော့မည်ဟု သူတို့၏ စိတ်နှလုံးထဲမှာ သိရှိနေကြ၏။

အဲ့ဒါသည် ကမ္ဘာဦးမျိုးနွယ် ၆စုအတွက် သေချာပေါက် ကောင်းသည့်လက္ခဏာတစ်ခုမဟုတ်ပေ။

သူတို့သည် သန်မာစွာဖြင့် မွေးဖွားလာကြပြီး မြင့်မြတ်သော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားကြ၏။ အဆင့်တူချင်းမှာဆိုလျှင် သူတို့သည် မျိုးနွယ်စု တစ်သောင်းကို ဖယ်ရှားရှင်းလင်းပြီး အရာရာတိုင်းကို ဖိနှိမ်နိုင်ကြ၏။ သူတို့သည် ထာဝရလူသားဧကရာဇ် ၊ မိစ္ဆာဧကရာဇ်အမုန်းနှင့် အခြားသောဧကရာဇ်များကို ရှုံးနိမ့်ခဲ့ရသည့် ရှေးဟောင်းခေတ်စစ်ပွဲမှလွဲလျှင် သူတို့သည် အချိန်အများစုတွင် အဆင့်တူချင်းမှာရှိသော ရန်သူများနှင့် ရင်ဆိုင်ရာမှာ ခြိမ်းခြောက်ခံရမှုကို ဘယ်တုန်းကမှ မခံစားခဲ့ကြရပေ။

သို့သော်လည်း သူတို့သည် အထီးကျန်သိုင်းသခင်ထံမှ ခြိမ်းခြောက်မှုတစ်ခုကို ခံစားလာရ၏။ တကယ်တော့... ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် ခိုင်မာစွာ ရပ်တည်နေကြဆဲ ဖြစ်၏။

ဘာပဲပြောပြော သူတို့ဘက်တွင် စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ရှိနေကြပြီး တာအိုအရှင်အထီးကျန်သိုင်းသခင်ထက် အဆင့်ကြီးတစ်ဆင့် ပိုမိုမြင့်မားလေသည်။

လူသားမျိုးနွယ်သည် သူတို့အချင်းချင်း တိုက်ခိုက်လို့ ပြီးခါနီးအချိန်သို့ရောက်ရှိသည်နှင့် သူတို့ထဲမှ မည်သည့်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်မဆို ကိစ္စများကို အလွယ်တကူဝင်ရောက်ထိန်းချုပ်နိုင်လေသည်။

တိုက်ပွဲနယ်မြေတွင်...

မိုးကြိုးဓမ္မခန္ဓာသည် လျှပ်စီးပင်လယ်ထဲမှာ မတ်တတ်ရပ်နေသည့်အလား သူ၏ဦးခေါင်းထက်တွင် တိမ်ညိုတိမ်မည်းများက စုဝေးလာကြ၏။ သူ၏ ခန္ဓာကိုယ်သည် ပြိုးပြိုးပြက်ပြက် လျှပ်စီးကြောင်းများဖြင့် ရစ်ခွေနေပြီး လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိနေ၏။ သူသည် မိုးကြိုးလျှပ်စီး ကုဋေကုဋာနှင့်ပြုလုပ်ထားသော ကျာပွတ်တစ်ခုကို ကိုင်ဆွဲကာ သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ လောကကိုအထက်စီးကနေ ငုံကြည့်နေ၏။

ရူလိုင်းဓမ္မခန္ဓာသည် ခံ့ညားထည်ဝါသော အမူအရာတစ်ခုနှင့်အတူ ရွှေရောင်ကြာခုံတစ်ခုပေါ်မှာ တင်ပျဥ်ခွေထိုင်နေ၏။ ၎င်းသည် နတ်ဘုရားဆန်ဆန် ဗုဒ္ဓအလင်းတစ်ခုနှင့်အတူ တောက်ပနေပြီး သူ၏ဦးခေါင်းကိုငုံကာ ကျယ်လောင်သော ဂါထာမန္တန်ရွတ်ဖတ်သံများကို ထွက်ပေါ်လာစေ၏။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို မိစ္ဆာချီများက လွှမ်းခြုံထားပြီး သူ၏မျက်လုံးများက ပိန်းပိတ်အောင်နက်မှောင်နေ၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းပြီး သေခြင်းအော်ရာဖြင့် လွှမ်းခြုံထားသော ကောင်းကင်ဘုံမိစ္ဆာတံစဥ်ကို ကိုင်ဆွဲထား၏။ ၎င်းသည် ငရဲကနေလျှောက်လှမ်းထွက်လာသော သေခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး သက်ရှိအားလုံး၏ အသက်များကို ရိတ်သိမ်းယူနိုင်လေသည်။

“သတ်...”

ဆူဇီမိုက အော်ဟစ်လိုက်၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုသည် သူ့ကိုအလယ်မှာထား၍ ကာကွယ်ပေးပြီး ခပ်လှမ်းလှမ်းရှိ ချုပ်နှောင်ခံထားရသော ညဝိညာဥ်ဆီသို့ တစ်ပြိုင်နက်တည်းပြေးဝင်သွားကြ၏။

“ဖောင်း...”

မိုးကြိုးကျာပွတ်သည် ကခုန်၍ လေထုကိုဆုတ်ဖြဲပြီး ကြောင်အ,မှင်တက်နေသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ကို ပစ်ရိုက်လိုက်၏။

ပေါင်းစည်းခန္ဓာ ပုဂ္ဂိုလ်၏ခန္ဓာကိုယ်သည် အစိပ်စိပ်အမွှာမွှာကွဲထွက်သွားပြီး သွေးမြူများက ပေါက်ကွဲထွက်ပေါ်လာ၏။

ဝှစ်...

အမြုတေစိတ်ဝိညာဥ်တစ်ခုသည် ကြောက်လန့်တကြားနှင့် တိုက်ပွဲနယ်မြေကနေ ထွက်ပြေးလွတ်မြောက်လာခဲ့၏။

အန္တိမဓမ္မဝိသေသတစ်ခု၏ စွမ်းအားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်လေသည်။

ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် ဒေါသူပုန်ထသွားပြီး မခံချိမခံသာ အမူအရာတစ်ခုရှိလာကြသော်လည်း သူက ဘာမှမလုပ်နိုင်တော့ပေ။

ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် အသက်ဓာတ်ကြွယ်ဝပြီး ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည်ပေါက်စေနိုင်၏။

သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်က ချေမွဖျက်ဆီးခံရလျှင် အဲ့ဒါကို ပြန်လည်ကုသနိုင်တော့မည် မဟုတ်ပေ။

သွေးကနေ ပြန်လည်မွေးဖွားခြင်းသည် မဟာယနအဆင့် ကျင့်ကြံသူများသာလျှင် ပိုင်ဆိုင်နိုင်သော စွမ်းအားတစ်မျိုးဖြစ်ပြီး အဲ့ဒါက နတ်ဘုရားစွမ်းအားပုံစံတစ်ခုဖြစ်၏။

ဗြီး...

တိုက်ပွဲနယ်မြေမှ သွေးများက ပန်းထွက်လာ၏။

ကြီးမားသော ဦးခေါင်းတစ်လုံးသည် ကောင်းကင်ဘုံမိစ္ဆာတံစဥ်ဖြင့် လှီးဖြတ်ခြင်းခံလိုက်ရပြီးသူ၏ အမြုတေစိတ်ဝိညာဥ်သည် မိစ္ဆာချီဖြင့် တိုက်စားခြင်းခံရကာ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ နေရာမှာပင်​သေဆုံးသွား၏။

စောစောက ထွက်ပြေးလွတ်မြောက်လာခဲ့သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် ထိုသည်ကိုမြင်သောအခါ သူက စိတ်သက်သာရာရသွား၏။ အနည်းဆုံးတော့ ထိုစွမ်းအားကြီးပုဂ္ဂိုလ်နှင့်ယှဥ်လျှင် သူက အသက်ရှင်နေနိုင်သေး၏။

ဘုန်း...

ရူလိုင်းဓမ္မခန္ဓာသည် သူ၏လက်ဖဝါးနှင့်အတူ ဓမ္မချိပ်စည်းများကို လှုပ်ရှားပြီး ကြီးမားသည့်အရိပ်တစ်ခုကို ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပေါ်သို့ လွှမ်းခြုံစေကာ ထိုသူကို ဖိနှိမ်ချလိုက်၏။

မဟာမြင်းမိုရ်တောင်ချိပ်စည်း

ထိုပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က ဘာစကားမှမ​ပြောနိုင်ခင်မှာပင် သူသည် ရူလိုင်းဓမ္မခန္ဓာကနေ ထုတ်ဖော်လိုက်သော မဟာမြင်းမိုရ်တောင်ချိပ်စည်း၏ ကြိတ်ချေခြင်းကိုခံလိုက်ရ၏။

အန္တိမဓမ္မဝိသေသ ၃ခုဆင်းသက်လာပြီး သူတို့၏ နတ်ဘုရားဆန်ဆန် စွမ်းအားများကိုထုတ်ဖော်ပြီးနောက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ဆက်တိုက်သတ်ဖြတ်ခံလိုက်ရ၏။

“အားလုံးပဲ... မကြောက်ကြနဲ့ ဘာပဲပြောပြော အန္တိမဓမ္မဝိသေသဆိုတာလည်း ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတစ်ခုပဲ... အဲ့ဒါက ဘယ်လိုပဲသန်မာသန်မာ အကန့်အသတ်တစ်ခုတော့ရှိတာပဲ”

ကောင်းကင်စင်ရော်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

သူ၏သတိပေးခြင်းမရှိလျှင်တောင် အခြားသော စွမ်းအားကြီးပုဂ္ဂိုလ်များက တည်ငြိမ်လာကြပြီဖြစ်၏။

ပေါင်းစည်းခန္ဓာအဆင့်ထိ ကျင့်ကြံထားနိုင်သောသူများသည် အတွေအကြုံကြွယ်ဝပြီး တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ဖူးလေသည်။ သူတို့ မတွေ့မြင်ဖူးသောအရာ ဘာရှိပါ့မလဲ။

ဆူဇီမို၏ အန္တိမဓမ္မဝိသေသ ၃ခုပေါ်ထွက်လာခြင်းက သူတို့ကို ယာယီအားဖြင့် မှင်တက်စေပြီး စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို သေကြေပျက်စီးစေခဲ့သည်ဆိုလျှင် ကျန်ရှိနေသော စွမ်းအားကြီးပုဂ္ဂိုလ်များက တစ်ခဏအတွင်းမှာပင် ပြန်လည်သတိဝင်လာကြ၏။

သူတို့သည် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသာဆိုလျှင် သူတို့သည် အန္တိမဓမ္မဝိသေသတစ်ခု၏ သတ်ဖြတ်ခြင်းစွမ်းအားကို တကယ်ပင် ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။ သို့သော်လည်း လက်ရှိပေါင်းစည်းခန္ဓာပုဂ္ဂိုလ်များသည် ထိပ်သီးဂိုဏ်းကြီးများမှ လာခြင်းဖြစ်ပြီး နယ်မြေတစ်ခုကိုအုပ်စိုးနိုင်သော ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။

ဘန်း.... ဘန်း... ဘန်း...

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များစွာက လေထုကိုဆုတ်ဖြဲ၍ ဆင်းသက်လာကြ၏။

မရေမတွက်နိုင်သော ဓမ္မအတတ်များသည် ရွာသွန်းကျဆင်းလာပြီး အန္တိမဓမ္မဝိသေသ ၃ခု ရှိရာသို့တိုးဝင်လာကြ၏။

အန္တိမဓမ္မဝိသေသ ၃ခုသည် သိပ်မကြာခင် ရပ်တန့်သွားကြ၏။

သူတို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အတောမသတ်တိုက်ခိုက်မှုများတွင် ထိန်းချူပ်ခြင်းခံလိုက်ရပြီး ရှေ့သို့တက်မတက်နိုင်ကြတော့ပေ။

သို့သော်လည်း အန္တိမဓမ္မဝိသေသ ၃ခု၏ ကာကွယ်မှုနဲ့အတူ စွမ်းအကြီးပုဂ္ဂိုလ်များအနေဖြင့် ဆူဇီမိုကို ထိခိုက်ဒဏ်ရာရရှိအောင်လုပ်ဖို့ကလည်း အင်မတန်ခက်ခဲလေသည်။

အန္တိမဓမ္မဝိသေသ ၃ခုသည် မိုးကြိုးကျာပွတ်ကို လွှဲယမ်းခြင်း ၊ ဗုဒ္ဓကျောင်းတော်များမှ ဓမ္မချိပ်စည်းများကို ထုတ်ဖော်ခြင်းနှင့် ကောင်းကင်ဘုံမိစ္ဆာတံစဥ်ဖြင့် လှီးဖြတ်ခြင်းတို့ကို အဆက်မပြတ်ပြုလုပ်နေကြ၏။ သူတို့သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာနှင့် ရင်ဆိုင်တိုက်ခိုက်နေကြ၏။

All Chapters