← Chapters

ဓမ္မဝိသေသများပေါင်းစည်းခြင်း

Vol. 87 Ch. 1302

ဓမ္မဝိသေသများပေါင်းစည်းခြင်း

Vol. 87 Ch. 1302

“ဂါး...”

ရုတ်တရက် မြင့်မားသော အနက်ရောင်ပုံရိပ်ဆယ်ခုကျော်သည် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လာကြ၏။ သူတို့သည် ညှီစို့စို့ရနံ့များနှင့်ပြည့်နှက်နေပြီး သားမွေးရှည်များနှင့်အတူ ကြောက်စရာကောင်းသော အမူအရာများကို ထုတ်ဖော်ပြသနေကြ၏။

ထိုပုံရိပ်များသည် လူသားပုံစံမှာရှိသော်လည်း သူတို့ကို လူသားများဟု မခေါ်ဆိုနိုင်တော့ပေ။

အတိအကျဆိုရလျှင် သူတို့သည် တိုက်ပွဲဝင်အလောင်းဆယ်လောင်းကျော်ဖြစ်လေသည်။

မိစ္ဆာဒိဋ္ဌိ ၅ဝါဒီထဲမှတစ်ခုဖြစ်သော အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းက တိုက်ခိုက်လာလေပြီ။

အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၃ယောက်သည် တိုက်ပွဲနယ်မြေအပြင်ဘက်မှာ မတ်တတ်ရပ်ပြီး ကြောက်စရာကောင်းသော တိုက်ပွဲဝင်အလောင်းဆယ်လောင်းကျော်ကို ထိန်းချုပ်ကာ ဆူဇီမို၏ အန္တိမဓမ္မဝိသေသ ၃ခုဆီသို့ ပြေးဝင်သွားစေ၏။ ထိုတိုက်ပွဲဝင်အလောင်းများသည် သာမန်အလောင်းများမဟုတ်ပေ။ သူတို့သည် ကျဆုံးသွားသော ပေါင်းစည်းခန္ဓာများ၏ ရုပ်ကလာပ်များကနေ သန့်စင်ထားခြင်းဖြစ်ပြီး သူတို့၏ အသားများနှင့် အရိုးများက မနှိုင်းယှဥ်သာအောင် သန်မာနေ၏။

အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ လျှို့ဝှက်အတတ်နှင့်ပေါင်းစပ်လိုက်သောအခါ ထိုတိုက်ပွဲဝင်အလောင်းများကို လက်နက်များဖြင့် ထိုးဖောက်၍ မရနိုင်တော့ပေ။ သူတို့သည် ဓမ္မပညာရပ်များကို မထုတ်ဖော်နိုင်သော်လည်း တိုက်ပွဲဝင်အလောင်းတစ်လောင်းချင်းစီသည် သိပ်သည်းပြင်းထန်သော အဆိပ်ဓာတ်ကို သယ်ဆောင်ထားပြီး ဆိုးယုတ်ညစ်ညမ်းသော ချီများဖြင့် ပြည့်နှက်နေကြ၏။

အလောင်းတစ်လောင်းပေါ်ရှိ ဆံပင်မွေးတစ်မွေးသည် ဓမ္မဝိသေသတာအိုအရှင်များကို သေသည့်တိုင်အောင် အဆိပ်သင့်စေနိုင်၏။

ကြောက်စရာအကောင်းဆုံးအချက်မှာ တိုက်ပွဲဝင်အလောင်းများသည် မည်သည့်နာကျင်မှုနှင့် ကြောက်ရွံ့မှုကိုမှ မခံစားရခြင်းဖြစ်၏။

ဆူဇီမို၏ အန္တိမဓမ္မဝိသေသများနှင့် ရင်ဆိုင်ရချိန်မှာ အခြားသော ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် စိုးရိမ်ပူပန်နေဆဲ ဖြစ်ပြီး သူတို့၏ ဓမ္မပညာရပ်များနှင့် လက်နက်များဖြင့်သာ ထိန်းချုပ်တိုက်ခိုက်နေကြ၏။

တိုက်ပွဲဝင်အလောင်းများကတော့ အကြောက်အလန့်ကင်းမဲ့စွာဖြင့် ရှေ့သို့ပြေးတက်သွားကြ၏။ သူတို့သည် အန္တိမဓမ္မဝိသေသ၏ တွန်းလှန်ရိုက်ထုတ်ခြင်းကို ခံလိုက်ရသော်လည်း သူတို့သည် မည်သည့်နာကျင်မှုကိုမှ မခံစားရဘဲ ရှေ့သို့ ထပ်ဖန်တလဲလဲတိုးဝင်ကာ အန္တိမဓမ္မဝိသေသများနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။

ထိုတိုက်ပွဲဝင်အလောင်းများသည် ပြာအဖြစ်လောင်ကျွမ်းမသွားသရွေ့ သေဆုံးသွားလိမ့်မည် မဟုတ်ပေ။

သူတို့က တကယ်ကို အင်မော်တယ်ဆန်နေ၏။

အန္တိမဓမ္မဝိသေသများ၏ ခန္ဓာကိုယ်များသည် ဆိုးယုတ်ညစ်ညမ်းသော သွေးချီအမြောက်အမြားဖြင့် စွန်းထင်းခြင်းခံလာရပြီး သူတို့၏ရောင်ဝါကလည်း သိသိသာသာမှိန်ကျလာ၏။

များစွာသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ထိတွေ့ရိုက်ခတ်မှုအောက်တွင် အန္တိမဓမ္မဝိသေသများ၏ စွမ်းအားက လျင်မြန်စွာလျော့ကျလာနေ၏။

“ဟားဟားဟားဟား...”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ရလဒ်ကဆုံးဖြတ်ပြီးသားဖြစ်လာပြီကို တွေ့မြင်သောအခါ သူသည် မနေနိုင်ဘဲ ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းရဲ့ အန္တိမဓမ္မဝိသေသ ၃ခုက ဘယ်လောက်ကြာကြာခံနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့... တာအိုရောင်းရင်းတို့...ဒီကောင်လေးမှာ ဘာနည်းလမ်းမှမကျန်တော့ဘူး ဒီနေ့က အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ရမဲ့နေ့ပဲ”

ကောင်းကင်စင်ရော်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း အော်ဟစ်ပြောဆိုလိုက်၏။

များစွာသော စွမ်းအားကြီးပုဂ္ဂိုလ်များသည် သံပြိုင်တုံ့ပြန်၍ သူတို့၏ စိတ်အားမာန်များတက်ကြွလာကာ ပိုမိုပြင်းထန်ကြမ်းကြုတ်စွာဖြင့် တိုက်ခိုက်လာကြ၏။

“အား... အထီးကျန်သိုင်းသခင်က နောက်ဆုံးမှာတော့ ရှုံးနိမ့်တော့မှာပဲ”

“အန္တိမဓမ္မဝိသေသ ၃ခု... အဲ့လိုမျိုး သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်း ပြန်ဝင်စားမွန်းစတားတောင်မှ ဖိနှိမ်ခံရတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူးပဲ”

ကျင့်ကြံသူများက စိတ်ခံစားချက်များစွာဖြင့် ညည်းတွားရေရွတ်လိုက်ကြ၏။

အဆုံးစွန်မီးနှင့် ခရမ်းရောင်မီးတောက်ကြား တိုက်ပွဲ၏ ရလဒ်ကလည်း အဆုံးအဖြတ်ထွက်မလာသေးပေ။

အဆုံးစွန်မီးသည် သူ၏ ပြိုင်ဘက်ကင်း မီးထိန်းချုပ်ယဥ်ပါးခြင်းနည်းစနစ်ဖြင့် အခြေအနေကို ထိန်းချုပ်နိုင်နေသော်လည်း ခရမ်းရောင်မီးတောက်၏ ဓမ္မစွမ်းအားများက သိပ်သည်းပြင်းထန်ပြီး အဆုံးစွန်မီးအနေဖြင့် အချိန်တိုအတွင်း သူ့ကို အပြတ်သတ်ဖိနှိမ်ဖို့က ခက်ခဲနေ၏။

ဆူဇီမိုက သေရေးရှင်ရေးဖြစ်လာသည်ကိုမြင်သောအခါ သူက ပို၍ စိတ်သောကများလာ၏။

“မိုးပျံမြွေနဂါးမီးတောက်နတ်ဘုရား”

အဆုံးစွန်မီးသည် ဟိန်းဟောက်၍ သူ၏စိတ်ဝိညာဥ်အသိစိတ်ကိုစုဖွဲ့လိုက်၏။

မီးတောက်များဖြင့်လောင်ကျွမ်းနေသော မိုးပျံမြွေနဂါးတစ်ကောင်သည် သူ၏ နှာရောင်ကနေ ထိုးထွက်လာပြီး ခရမ်းရောင်မီးတောက်ရှိရာသို့ ပြေးဝင်သွား၏။

သူသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို အသက်သွင်းလိုက်ပြီဖြစ်သည့်အတွက် သူက ဘယ်လောက်တောင်စိုးရိမ်ပူပန်နေသလဲ သိသာ၏။

“ဟမ်...”

ခရမ်းရောင်မီးတောက်၏ အမူအရာကပြောင်းလဲသွား၏။

မိုးပျံမြွေနဂါးမီးတောက်နတ်ဘုရားသည် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်မှ လာသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖြစ်ပြီး သာမန် အမြုတေစိတ်ဝိညာဥ် လျှိုဝှက်အတတ်များက အဲ့ဒါကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

“ခုတ်ပိုင်းစမ်း”

ရုတ်တရက် ခရမ်းရောင်မီးတောက်၏ နှာရောင်ကနေ သွေးရောင်းအလင်းတန်းတစ်ခုက တောက်ပလာ၏။

သွေးနီရောင်ဆေဘာတစ်လက်သည် အလွန်တရာ ဆိုးယုတ်သောအော်ရာနှင့်အတူ လေထုကိုဆုတ်ဖြဲ၍ ဝင်ရောက်လာသော မိုးပျံမြွေနဂါးကို ခုတ်ပိုင်းချလိုက်၏။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်နှစ်ခုက တိတ်တဆိတ်ထိတွေ့ရိုက်ခတ်လိုက်ကြ၏။ သို့သော်လည်း အလွန်တရာကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ် အတက်အကျတစ်ခုက ဖြာထွက်လာခဲ့၏။

အဆုံးစွန်မီး၏မျက်နှာပေါ်တွင် တုန်လှုပ်မှုအရိပ်အ​ယောင်တစ်ခုပေါ်ထွက်လာပြီး သူက တစ်စုံတစ်ရာကိုအမှတ်ရသွားသည့်အလား အံ့အားတသင့်ရေရွတ်လိုက်၏။

“အဲ့ဒါက... မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်ပဲ... မင်းက အဲ့ဒါကိုတကယ်ပဲ သင်ယူထားတာလား”

သွေးရောင်ဆေဘာသည် မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်ကနေ လာသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖြစ်ပြီး အဆုံးစွန်မီးက ချက်ချင်းပင်မှတ်မိသွား၏။

ခရမ်းရောင်မီးတောက်၏ ဒဏ်ရာများသည် အပြည့်အဝပြန်လည်ကောင်းမွန်လာရုံသာမက သူ၏ကျင့်ကြံမှုအဆင့်ကပါ နှစ်အနည်းငယ်အတွင်း ဘာ့ကြောင့်ကြီးမားစွာ တိုးတက်လာရသည်ကို အဆုံးစွန်မီးက ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။

အရာရာတိုင်း၏ဇာစ်မြစ်သည် မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်မှ လာခြင်းဖြစ်၏။

ဤမိစ္ဆာနည်းစနစ်က အရမ်းကိုကြောက်စရာကောင်း၏။

တစ်ချိန်တုန်းက တာအိုအရှင်သွေးမိစ္ဆာ ပေါ်ထွက်ခဲ့စဥ်က သူသည် ဓမ္မဝိသေသအဆင့်မှာသာရှိခဲ့သော်လည်း ကျင့်ကြံရေးလောကအပေါ် သူပေးခဲ့သည့် ထိတွေ့ရိုက်ခတ်မှုနှင့် အကြောက်တရားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မဟာယာန-မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် မယှဥ်နိုင်သော တစ်စုံတစ်ရာဖြစ်၏။

“ဟီးဟီး...”

ခရမ်းရောင်မီးတောက်က ငြင်းဆန်ခြင်းမရှိဘဲ သွားဖြဲပြလိုက်၏။

“ငါဘာသာငါဆို အဲ့ဒီအခွင့်အလမ်းကိုရှာတွေ့နိုင်မှာမဟုတ်ဘူး... မင်းကြောင့် ငါက အဲ့ဒီအခွင့်အလမ်းကိုရရှိလာခဲ့တာပဲ”

“စုပ်ယူစမ်း”

ခရမ်းရောင်မီးတောက်သည် မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်ကို လှည့်ပတ်ပြီး သူ၏မျက်လုံးများက သွေးနီရောင်အလင်းဖြင့် တောက်ပလာကာ တိုက်ပွဲနယ်မြေတွင် ပြန့်ကျဲနေသော မျိုးဆက်သွေးများစွာကို စုပ်ယူဖို့ပြင်ဆင်လိုက်၏။

အဆုံးစွန်မီးက ရင်တစ်ချက်ထိတ်သွား၏။

သူသည် တစ်ခါတုန်းက ဆူဇီမို၏ဘေးမှာနေခဲ့ရပြီး မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်၏ စွမ်းအားကိုကောင်းကောင်းသိရှိထား၏။

ခရမ်းရောင်မီးတောက်ကို တိုက်ပွဲမြေရှိ မျိုးဆက်သွေးများအား စုပ်ယူခွင့်ပေးလိုက်မည်ဆိုလျှင် သူ၏စွမ်းအားသည် အချိန်တိုအတွင်း ပြန်လည်ပြည့်ဝလာပြီး သူကအချိန်တိုအတွင်း အဆင့်ချိုးဖြတ်တက်လှမ်းနိုင်ဖို့ပင် အခွင့်များလေသည်။

ယခုအချိန်၌ တိုက်ပွဲနယ်မြေတွင် ပြန့်ကျဲကျဆင်းနေသော သွေးအများစုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များထံမှ လာခြင်းဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ သွေးတစ်စက်တွင် သိပ်သည်းပြင်းထန်သော စွမ်းအင်များပါဝင်နေ၏။

ထိုစဥ်မှာပင် အစက အဆူရာနှင့်တိုက်ခိုက်နေသော ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ထိုအချင်းအရာကို သတိထားမိသွားပြီး သူ၏အပြုံးကိုရုပ်သိမ်းလိုက်၏။ သူက သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်နှင့်အတူ ခရမ်းရောင်မီးတောက်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။

ရုတ်တရက်ဆိုသလို...

ခရမ်းရောင်မီးတောက်၏ အမူအရာက ပြောင်းလဲသွား၏။

သူသည် မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်ကို လှည့်ပတ်ပြီး မျိုးဆက်သွေးများကို ထုတ်ယူတော့မည့် ဆဲဆဲမှာပင် အဲ့ဒါကို စွမ်းအားတစ်မျိုးကနေ အတင်းအကျပ် ဖြတ်တောက်သွားသည်ဟု သူက ခံစားရ၏။

သူသည် တိုက်ပွဲနယ်မြေရှိ မျိုးဆက်သွေးများကို ဆက်လက်၍အာရုံမခံနိုင်တော့ပေ။ အဲ့ဒီမှာ စွမ်းအင်အကာအရံအလွှာတစ်မျိုးရှိနေသည့်အလားပင်။

အဆုံးစွန်မီးသည် ခရမ်းရောင်မီးတောက်ဘာဖြစ်သွားသည်ကို မသိရှိသော်လည်း အဲ့ဒါက အခွင့်အလမ်းတစ်ခုဆိုတာ သူက နားလည်သွားပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်၏။

“သမာဓိတာအိုမီး...”

အဆုံးစွန်မီးသည် သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်မှ အသန်မာဆုံး ဓမ္မပညာရပ်ကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။

အမြုတေ ၊ ချီနှင့် စိတ်ဝိညာဥ်တို့ကို သမာဓိအဖြစ်အသုံးပြုပြီး အဆုံးစွန်မီးသည် ခရမ်းရောင်မီးတောက်၏ ဦးခေါင်းပေါ်သို့ သွေးနီရောင်တာအိုမီးတစ်ခုကို စုဖွဲ့ကာ ဆင်းသက်လာစေ၏။

“အား...”

ခရမ်းရောင်မီးတောက်သည် အော်ဟစ်၍ သူ၏ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများကို အလောတကြီးလှည့်ပတ်ပြီး မကောင်းဆိုးဝါးဆန်၍ အေးစက်နေသော ငရဲမီးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။

သို့သော်လည်း သာမန်ငရဲမီး၏ စွမ်းအားသည် သမာဓိတာအိုမီးကို ဘယ်လိုမှယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

မီးတောက်နှစ်ခုက ထိတွေ့ရိုက်ခတ်လိုက်သည့်ခဏမှာပင် အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။

ခရမ်းရောင်မီးတောက်၏ အဝတ်အစားများက စတင်၍ လောင်ကျွမ်းသွားလေသည်။

သိပ်မကြာခင် သူ၏ ဆံပင်မွေးများနှင့် အရေပြားများပေါ်တွင် မီးတောက်များက ပေါ်ထွက်လာ၏။

ထိုသည်ကိုမြင်သောအခါ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က တဖြည်းဖြည်းဖျော့တော့သွား၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တွေဝေရှုပ်ထွေးမှုတစ်စွန်းတစ်နှင့်အတူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အခြားတစ်ဘက်မှာတော့...

တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိသော အဆိပ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်သည် အခြေအနေကို ပို၍ရှင်းလင်းစွာ တွေ့မြင်လိုက်ရပြီး ထုတ်ဖော်ကြေညာလိုက်၏။

“အားလုံးပဲ... အဆုံးစွန်မီးက နိုင်တော့မယ် ခင်ဗျားတို့တွေက အဲ့ဒီကောင်လေးကို အခုချက်ချင်းမသတ်ဖြတ်နိုင်သေးဘူးဆိုရင် အဆုံးစွန်မီးရောက်လာတဲ့အခါ ကိစ္စတွေက ပိုခက်ကုန်တော့မယ်”

“ငါက အဲ့ဒီတောကောင်ကို အရင်ဆုံးအဆိပ်ခတ်သတ်လိုက်မယ်ဆိုရင် ဘယ်လိုလဲ”

အဆိပ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်က မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်၏။

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ဆူဇီမိုက ထိုသည်ကိုမြင်သောအခါ ဟိန်းဟောက်လိုက်၏။

လက်ရှိအ​ခြေအနေသည် ပို၍ပို၍ အန္တရာယ်များလာနေပြီဖြစ်၏။

ကမ္ဘာဦးမျိုးနွယ် ၆စု မှ ပညာရှင်များသည် ယခုအချိန်ထိ ပေါ်ထွက်မလာသေးဘဲ အခြေအနေက ဆက်လက်ကြန့်ကြာလေလေ သူ့အတွက် ပိုမိုဆိုးရွားလာပေတော့မည်။

သူသည် ညဝိညာဥ်ကို တတ်နိုင်သမျှ မြန်မြန်ကယ်တင်ရပေမည်။

သို့သော်လည်း သူသည် အန္တိမဓမ္မဝိသေသ ၃ခု မျှနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များစွာ၏ ခုခံစစ်ကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

“ငါဘာလို့မလုပ်ရဲရမှာလဲ... မင်းက တာအိုအရှင်တစ်ယောက်ပဲ.. မင်းက ကိုယ့်ကိုယ်တောင်မကာကွယ်နိုင်တာ ငါ့ကိုဘယ်ခြိမ်းခြောက်ရဲတာလဲ”

အဆိပ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်က ညဝိညာဥ်ရှိရာသို့ လျှောက်လှမ်းသွားရင်း လှောင်ပြောင်ရယ်မောလိုက်၏။

“မင်းတို့ မိစ္ဆာဒိဋ္ဌိတွေက ငါ့ကိုဘယ်လိုတောင်လာပြီး ရန်စရဲတာလဲ”

“မင်းတို့အားလုံးကို... ဒီနေ့ဒီနေရာမှာ ငါမြှုပ်နှံပေးမယ်... မင်းတို့တွေထဲ ဘယ်သူမှအသက်ရှင်လျက် ပြန်သွားဖို့စိတ်မကူးနဲ့”

ဆူဇီမို၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး ဖြည်းဖြည်းချင်း ပြောဆိုလိုက်၏။

“ဓမ္မဝိသေသများပေါင်းစည်းခြင်း...”

ရွှစ်...

အန္တိမဓမ္မဝိသေသ ၃ခုသည် ရုတ်တရက်မီးတောက်များဖြင့် တောက်လောင်လာ၏။

မိုးကြိုးဓမ္မခန္ဓာက သွေးနီရောင်မီးတောက်များဖြင့်တောက်လောင်လာ၏။

ရူလိုင်းဓမ္မခန္ဓာက ရွှေရောင်မီးတောက်များဖြင့် တောက်လောင်လာ၏။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက အနက်ရောင်မီးတောက်များဖြင့် တောက်လောင်လာ၏။

အန္တိမဓမ္မဝိသေသ ၃ခုပေါ်ရှိ ဆိုးယုတ်ညစ်ညမ်းမှုများသည် လျင်မြန်စွာလောင်ကျွမ်းသွားပြီး သူတို့၏ ဓမ္မစွမ်းအားများက မနှိုင်းယှဥ်သာအောင် ပြန်လည်သန့်စင်လာ၏။

သူတို့သုံးယောက်သည် တစ်ပြိုင်နက်တည်းလှုပ်ရှားလိုက်ပြီး မီးတောက်များ၏ စွမ်းအားနှင့်အတူ လျင်မြန်စွာအတူတကွပေါင်းစည်းလိုက်ကြ၏။ သူတို့က ပျောက်ကွယ်သွားပြီး မီးညွန့်မီးလျှံများ တဖွားဖွားလွင့်ပျံ၍ ဒေါသတကြီးလောင်ကျွမ်းနေသော ဧရာမမီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။

All Chapters