← Chapters

အန္တိမအဆင့်၏ အထွတ်အထိပ်

Vol. 87 Ch. 1303

အန္တိမအဆင့်၏ အထွတ်အထိပ်

Vol. 87 Ch. 1303

“ဓမ္မဝိသေသတွေပေါင်းစည်းခြင်းလား... အဲ့ဒါက ဘာကြီးလဲ”

“အထီးကျန်သိုင်းသခင်ရဲ့ အန္တိမဓမ္မဝိသေသ ၃ခုက ဘယ်မှာလဲ... သူတို့က ဘယ်ရောက်သွားတာလဲ”

များစွာသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တုန်လှုပ်စွာဖြင့် ​မျက်လုံးပြူးမျက်ဆံပြူးဖြစ်လာကြ၏။

ဆူဇီမို၏ အန္တိမဓမ္မဝိသေသ ၃ခုသည် လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး နေရာတွင် ဧရာမမီးလုံးတစ်လုံးသာလျှင် ကျန်ရစ်ခဲ့၏။

ထို့နောက်ချက်ချင်းပင် အားလုံး၏အကြည့်အောက်မှာပင် ဧရာမမီးလုံးက ဖြည်းဖြည်းချင်းဆန့်ထွက်လာပြီး ရပ်တန့်၍မရနို​င်သောအော်ရာတစ်ခုနှင့်အတူ ရပ်တန့်၍မရနိုင်သော ပုံရိပ်တစ်ခုက လျင်မြန်စွာမြင့်တက်လာ၏။

မိုးကောင်းကပင်လျှင် သူ၏ သိပ်သည်းပြင်းထန်သော အော်ရာကို ဖိနှိမ်နိုင်ခြင်း မရှိတော့ပေ။

သူ၏ ကြီးမားသည့်ခန္ဓာကိုယ်ကို ကမ္ဘာမြေကပင်လျှင် ခံနိုင်ရည်မရှိတော့ပေ။

အဲ့ဒါသည် မီးတောက်များကြားကနေ နိုးထလာသော အင်မော်တယ်ဘုရင်တစ်ပါး သို့မဟုတ် မီးတောက်များကနေ မွေးဖွားပေါ်ထွက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။ လောကတွင် ၎င်းသည် အန္တိမအထွတ်အထိပ်ကို ပိုင်စိုးပြီး ၎င်း၏ စွမ်းအားက သိပ်သည်းပြင်းထန်ကာ ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဘေးပတ်ဝန်းကျင်ရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ထိုအော်ရာကြောင့် ခေါင်းနပန်းကြီးလာကြ၏။

“အဲ့ဒါ ဘာကြီးလဲ...”

အစက စောင့်ကြည့်နေကြသော ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များ၏ အမူအရာများပင်လျှင် ရုတ်ချည်းပြောင်းလဲသွားကြ၏။

ရွှေကျီးကန်းတတိယမင်းသားကလည်း တုန်လှုပ်သွားပြီး ခါးကိုဆန့်ကာ အံ့အားတသင့်ရေရွတ်လိုက်၏။

အခြားသော ပညာရှင်များသည်လည်း သူတို့မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုနှင့်အတူ ထိုပုံရိပ်ကို မမှိတ်မသုန်စိုက်ကြည့်ကာ သူတို့၏ အမူအရာများက သုန်မှုန်တည်တံ့လာကြ၏။

ပညာရှင်အချို့သည် သူတို့၏မျက်လုံးများထဲမှ ကြောက်ရွံ့မှုတစ်စွန်းတစ်စကိုပင် ထုတ်ဖော်ပြသလာကြပြီဖြစ်၏။

ထိုပုံရိပ်က လျင်မြန်စွာ မြင့်တက်ကြီးထွားလာပြီး တစ်ခဏအတွင်းမှာပင် ပေ၉၀သို့ရောက်ရှိသွား၏။

“ငါသိပြီ...”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် သူ၏မျက်လုံးကိုမှေးကျဥ်းပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တာအိုအရှင်အထီးကျန်သိုင်းသခင်က သူ့ရဲ့ အန္တိမဓမ္မဝိသေသ ၃ခုကို ပေါင်းစည်းလိုက်တယ်ဆိုတာ သူက အသစ်စက်စက် ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတစ်ခုကို ဖန်တီးပြီး အဆုံးစွန်အဆင့်ရဲ့ ချုပ်နှောင်မှုကနေ ​ဖောက်ထွက်ချင်လို့ပဲ”

“အဆုံးစွန်အဆင့်ကနေ ဖောက်ထွက်မတဲ့လား”

ကမ္ဘာဦးမျိုးနွယ် ၆စု မှ အခြားသောပညာရှင်များက တုန်လှုပ်ချောက်ချားသွားကြ၏။

“အဲ့ဒါက မဖြစ်နိုင်ဘူးလေ”

နတ်ဘုရားဟန်လင်းသည် သူ၏ခေါင်းကိုခါယမ်းလိုက်၏။

“၉ဆိုတာက အဆုံးစွန်နံပါတ်ပဲ... ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတွေက ပေ၉၀မှာဆိုရင် အန္တိမအဆင့်ကိုရောက်သွားပြီ... သမိုင်းတစ်လျှောက်မှာ ဘယ်သူကမှ ပေ၉၀ထက်ကျော်လွန်တဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသကို မစုဖွဲ့နိုင်ခဲ့ဘူး”

၉သည် အဆုံးစွန်နံပါတ်ဖြစ်ပြီး စကြာဝဠာ၏ ကိုင်လှုပ်၍မရနိုင်သော တာအိုတစ်ခုလည်းဖြစ်၏။

အဲ့ဒါသည် မည်သူမှ မဖောက်ဖျက်နိုင်သည် ကောင်းကင်ဘုံ၏ စည်းမျဥ်းစည်းကမ်းလည်းဖြစ်လေသည်။

အခြေတည်အဆင့်၌ လူတစ်ယောက်သည် မရီးဒါန် ၉ခုကို ဖွင့်လှစ်ခြင်းဖြင့် အန္တိမအခြေတည်အဆင့်ကိုရောက်ရှိနိုင်၏။ အဲ့ဒါက အကန့်အသတ်ဖြစ်လေသည်။

ထိုကဲ့သို့သော မဟာတာအိုအချုပ်အနှောင်ကနေ ဖောက်ထွက်ဖို့ကြိုးစားခြင်းသည် ကောင်းကင်ဘုံကို ဖီဆန်ခြင်းနှင့်တူလေသည်။

“ပြောစရာမလိုတော့ဘူး”

သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အန္တိမဓမ္မဝိသေသ၃ခုကို ပေါင်းစည်းနိုင်တယ်ဆိုတာ အရမ်းကိုစွမ်းအားကြီးမားလွန်းတယ်... အဲ့ဒါက အန္တိမအဆင့်ကို ကျော်လွန်သွားဖို့ဆိုတာ တကယ်ပဲ ဖြစ်နိုင်လောက်တယ်”

“ဘုန်း....”

သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်ပြောလိုက်သည့်ခဏမှာပင် ပေ၉၀မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် တစ်ဖန်မြင့်တက်လာပြီး ၉၁ပေအမြင့်ထိ ရောက်ရှိသွား၏။

“ဖြောက်... ဖြောက်... ဖြောက်”

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသထံမှ တဖြောက်ဖြောက် မြည်သံများက ထွက်ပေါ်လာ၏။

၎င်းသည် မဟာတာအိုအချုပ်အနှောင်တချို့ကနေ ဖောက်ထွက်နေသည့်အလား ၎င်း၏အော်ရာက ပို၍ပေါက်ကွဲအားပြင်းထန်လာ၏။

“ဒါက...”

လူအုပ်ကြီးက တုန်လှုပ်သွားရ၏။

သူတို့သည် မကြုံစဖူး အံ့မခန်းမြင်ကွင်းတစ်ခုကို တွေ့မြင်နေရ၏။

ဒီဘက်မျိုးဆက်တွင် ကျင့်ကြံသူတစ်ယောက်သည် ပေ၉၀ထက်ကျော်လွန်သော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုကို စုဖွဲ့နိုင်ဖို့အတွက် မဟာတာအိုအချုပ်အနှောင်ကို ချိုးဖောက်နေလေသည်။

ဘုန်း....

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏ ခန္ဓာကိုယ်ထဲမှ နောက်ထပ်ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။

တစ်ခဏအတွင်းမှာပင် ၎င်းက နောက်ထပ်တစ်ပေ မြင့်တက်သွား၏။

၉၂ပေ...

ဘုန်း...

၉၃ပေ...

ဘုန်း....

၉၄ပေ..

တစ်ပေမြင့်တက်လာတိုင်း ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကနေ ထုတ်ဖော်ထားသော အော်ရာကလည်း တိုးမြင့်လာခဲ့လေသည်။

မရေမတွက်နိုင်သော အကြည့်များ၏အောက်မှာပင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ၉၉ပေထိ မြင့်တက်ပြီးမှသာ ရပ်တန့်သွား၏။

၉၉ပေ...

အဆုံးစွန်အဆင့်၏ အန္တိမ...

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး မီးတောက်များကြားမှာ မားမားမတ်မတ်ရပ်တည်နေ၏။

၎င်းက ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့်အတူ မိုးကြိုးကြာပွတ် ၊ ကောင်းကင်ဘုံမိစ္ဆာတံစဥ်နှင့် ဖန်တီးခြင်းကြာခုံတို့ကို ကိုင်ဆွဲကာ ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်မည့် မိစ္ဆာနတ်ဆိုးတစ်ပါးကဲ့သို့ဖြစ်နေ၏။

ကောင်းကင်နှင့်မြေကြီးတောင်ကြားတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ရ၏။

ကမ္ဘာဦးမျိုးနွယ် ၆စု မှ ပညာရှင်များအပါအဝင် ကျင့်ကြံသူများအားလုံးသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏အော်ရာမှာ ကြောင်အ,မှင်တက်နေပုံရပြီး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဆူဇီမိုသည် တည်ငြိမ်သောအမူအရာနှင့်ပင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ကြည့်လိုက်၏။

ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း သူ၏ကျင့်ကြံမှုက တိုးတက်လာသည့်အပြင် သူ၏အကြီးမားဆုံး ရရှိအောင်မြင်မှုမှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုကိုပေါင်းစည်းနိုင်မည့်ဖြစ်နိုင်ခြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏။

ပေ၉၀မြင့်မားသော အန္တိမသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏ အကန့်အသတ်မဟုတ်နိုင်သေးကြောင်း သူက တစ်ခါတုန်းက တွေးထားမိခဲ့၏။

ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဖူးခြင်းသည် အဲ့ဒါက မဖြစ်နိုင်ဘူးဟု အဓိပ္ပါယ်မရပေ။ သို့သော်လည်း လူတစ်ယောက်သည် အဆုံးစွန်အဆင့် သို့မဟုတ် အန္တိမအဆင့်ကို ကျော်လွန်ချင်သည်ဆိုလျှင် သိပ်သည်းပြင်းထန်သော ခွန်အားကိုပိုင်ဆိုင်ထားရပေမည်။

သူ၏ ပါရမီအရည်အချင်းနှင့် ကျင့်ကြံမှုနှင့်ပင်လျှင် သူသည် အခွင့်အလမ်းနှင့် အတွေ့အကြုံများစွာကိုလက်ခံရရှိပြီးနောက် အန္တိမဓမ္မဝိသေသ ၃ခုကိုသာလျှင် စုဖွဲ့နိုင်ခဲ့၏။

မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းမှ ကိုယ်တော်တာမင်းမှာလည်း ထို့အတူပင်။ ကိုယ်တော်တာမင်း၏ တိုက်ခိုက်ရည်ခွန်အားသည် ကောင်းကင်ဘုံကို ဖီဆန်ပြီး သူသည် ဆူဇီမိုတွေ့မြင်ဖူးသမျှထဲ အသန်မာဆုံးပြိုင်ဘက်ဖြစ်ခဲ့၏။

ဒါ့ပြင် သူသည် အန္တိမဓမ္မဝိသေသ ၄ခုနှင့်အတူ ဆူဇီမိုထက်ပင် ပိုမိုသန်မာလေသည်။

သို့သော်လည်း သူဖြစ်စေ... ကိုယ်တော်တာမင်းဖြစ်စေ... မည်သူကမှ ပေ၉၀ထက်ကျော်လွန်သော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို မစုဖွဲ့နိုင်ခဲ့ကြပေ။

အဲ့ဒါကြောင့် ပုံမှန်ကျင့်ကြံမှုလမ်းစဥ်တစ်ခုသည် အန္တိမအဆင့်၏ အချုပ်အနှောင်ကနေ ဖောက်ထွက်နိုင်လိမ့်မည်မဟုတ်ကြောင်း ဆူဇီမိုက ခန့်မှန်းမိခဲ့၏။ သူက ထိုအချုပ်အနှောင်ကနေ ဖောက်ထွက်နိုင်မည်ဆိုလျှင် သူက နောက်ထပ်လမ်းကြောင်းတစ်ခုကို ရွေးချယ်ရပေလိမ့်မည်။

ထိုဖြစ်နိုင်ချေမှာ သူ၏ ဓမ္မဝိသေသများကို ပေါင်းစည်းခြင်းဖြစ်၏။ သို့သော်လည်း ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုဟူသော မတူညီသော တာအိုသုံးခုမှ လာခြင်းဖြစ်၏။ သူ့အနေဖြင့် ထိုဓမ္မဝိသေသ ၃ခုကို ပေါင်းစည်းနိုင်ဖို့က အရမ်းကိုခက်ခဲ၏။

သူသည် သဟဇာတဖြစ်မည့် သို့မဟုတ် အံဝင်ခွင်ကျဖြစ်မည့် အခြေအနေတစ်ခုကိုရှာဖွေရပေမည်။

အဲ့ဒါထက် သူသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုကြားမှ ဆုံချက်တစ်ခုကို ရှာဖွေရပေမည်။

ထိုဆုံချက်က မီးဖြစ်၏။

ဆူဇီမိုသည် သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်ကို ကျင့်ကြံထားပြီး အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ တာအိုမီးသုံးခုကိုလည်း ကျင့်ကြံထား၏။

တာအိုမီးသုံးခုကို ကြားခံတစ်ခုအဖြစ်အသုံးပြုပြီး သူသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုကို လောင်ကျွမ်းစေကာ မီးတောက်များမှ တစ်ဆင့် ဓမ္မဝိသေသ အသစ်တစ်ခုကို မွေးဖွားပေါ်ထွက်လာစေ၏။

အဲ့ဒါသည် လက်ရှိ ၉၉ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသဖြစ်လေသည်။

“ပုပ်သိုးနေတဲ့ အလောင်းကောင်တွေနဲ့ မင်းက ငါ့ကိုဘယ်လိုတောင်ရန်စရဲတာလဲ”

ဆူဇီမိုသည် မလှမ်းမကမ်းရှိ တိုက်ပွဲဝင်အလောင်းများကိုကြည့်ပြီး အော်ငေါက်လိုက်၏။

“သူတို့ကို လောင်ကျွမ်းလိုက်စမ်း”

ဦးခေါင်းသုံးလုံးသည် သူတို့၏ပါးစပ်များကို တစ်ပြိုင်နက်တည်း ​ဖွင့်ဟပြီး ချစ်ချစ်တောက်ပူပြင်းသော မီးတောက်လုံးသုံးလုံးကို တိုက်ပွဲဝင်အလောင်းများဆီသို့ ထွေးထုတ်လိုက်၏။

ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အန္တိမဓမ္မဝိသေသ ၃ခု နှင့်ပေါင်းစည်းထားရုံသာမက ၎င်းသည် တာအိုမီးသုံးခုနှင့်လည်း ပေါင်းစည်းထားခြင်းဖြစ်၏။ သာမန်ကာလျှံကာ ထွေးထုတ်လိုက်သော ထိုမီးတောက်က သမာဓိတာအိုမီးဖြစ်လေသည်။

ဆူဇီမို၏နှာရောင်က တောက်ပသွားပြီး နောက်ထပ်စိတ်ဝိညာဥ်မီးတစ်ခုက ရုန်းကန်ထွက်ပေါ်ကာ သမာဓိတာအိုမီးထဲသို့ ဝင်ရောက်သွား၏။ စတုရတီတာအိုမီးက လောကသို့ ဆင်းသက်လာပြီး တိုက်ပွဲဝင်အလောင်းများကို ချက်ချင်းပင် လွှမ်းခြုံသွား၏။

သည့်ယခင်က တိုက်ပွဲဝင်အလောင်းများသည် ဆူဇီမို၏ အန္တိမဓမ္မဝိသေသများကြောင့် ချုံးချုံးကျပြီး စကာပေါက်ဖြစ်နေခဲ့သည်ဆိုလျှင်တောင် သူတို့တွင် တိုက်ခိုက်ရည်ခွန်အား ကျန်ရှိနေပြီး ပင်ပမ်းနွမ်းနယ်ခြင်း သို့မဟုတ် နာကျင်ခြင်းမရှိဘဲ ရှေ့သို့ အဆက်အပြတ်တိုးဝင်လာကြ၏။

ထိုတိုက်ပွဲဝင်အလောင်းများသည် အသိဉာဏ်မရှိသည့်အတွက် ဗုဒ္ဓဝါဒပင်လျှင် သူတို့ကို သန့်စင်ပေးနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း စတုရတီတာအိုမီး၏ လွှမ်းခြုံခြင်းခံရသောအခါ သူတို့သည် ကြီးမားပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည့်အလား တိုက်ပွဲဝင်အလောင်းများသည် ရုန်းကန်၍ အော်ဟစ်လာကြ၏။

တိုက်ပွဲဝင်အလောင်းများသည် လက်နက်များ ၊ ရေနှင့်မီးတို့ကို လုံးဝမမှုပေ။

အဆုံးစွန်မီး၏ သမာဓိတာအိုမီးကပင်လျှင် ထိုတိုက်ပွဲဝင်အလောင်းများကို လောင်ကျွမ်းပြာကျစေနိုင်ခြင်းမရှိပေ။

သို့သော်လည်း ဆူဇီမို၏ စတုရတီတာအိုမီးကတော့ ကွဲပြားခြားနားလေသည်။

တိုက်ပွဲဝင်အလောင်းများထံမှ သွေးပြည်များက အဆက်မပြတ်စီးကျလာ၏။ သို့သော်လည်း သူတို့က စီးထွက်လာသည့်ခဏမှာပင် စတုရတီတာအိုမီး၏ ပြာအဖြစ်လောင်ကျွမ်းခြင်းကို ခံလိုက်ရ၏။

တိုက်ပွဲဝင်အလောင်းများက မည်သို့ပင် ကြိုးစားရုန်းကန်ပါစေ သူတို့ခန္ဓာကိုယ်ပေါ်ရှိ တာအိုမီးတောက်များက ငြိမ်းသေသွားခြင်းမရှိပေ။

အသက်ဆယ်ရှိုက်စာအတွင်း တိုက်ပွဲဝင်အလောင်းများသည် ပြာအဖြစ်လောင်ကျွမ်းသွားပြီး လောကကနေ အပြီးတိုင်ပျောက်ကွယ်သွားကြ၏။

တိုက်ပွဲဝင်အလောင်းများကို ထိန်းချုပ်နေကြသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။

သူတို့၏ တစ်သက်တာကြိုးစားအားထုတ်မှုများအားလုံးကို ထိုတိုက်ပွဲဝင်အလောင်းများပေါ်မှာ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်၏။ ယခု ဆူဇီမိုက သူတို့ကိုပြာအဖြစ် လောင်ကျွမ်းစေလိုက်သောအခါ သူတို့၏ နှစ်တစ်သောင်းကြာကျင့်ကြံခြင်းက ဖျက်ဆီးခံလိုက်ရသည်နှင့် တူညီလေသည်။

ထိုရိုက်ချက်က အရမ်းကိုကြီးမား၏။

အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် တိုက်ပွဲဝင်အလောင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို သိသိသာသာလျော့ကျသွားစေခြင်းနှင့်တူညီ၏။ အဲ့ဒါက သူတို့ကို သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအဖြစ် လျှောကျသွားစေခြင်းနှင့် မခြားနားပေ။

ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် သူ့လက်ထဲရှိ မိုးကြိုးကျာပွတ်ကို ရှေ့သို့ရက်ရက်စက်စက်လွှဲယမ်းချလိုက်၏။

ကျာပွတ်သည် လေဟာနယ်ကို ဖြတ်ကျော်လာသည်ဟုထင်ရပြီး အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်ပေါ်သို့ ကျဆင်းလာ၏။

ဖြောင်း...

ကျာပွတ်တွင် ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအားပါဝင်ရုံသာမက အဲ့ဒီမှာ စတုရတီတာအိုမီး၏ စွမ်းအားကလည်းပါဝင်၏။

ချက်ချင်းပင် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များက စုတ်ပြတ်သတ်သွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက လေထဲတွင် ပြာအဖြစ်လောင်ကျွမ်းခံလိုက်ကြရ၏။

All Chapters