← Chapters

ကမ္ဘာဦးမျိုးနွယ်များ ပေါ်ထွက်လာခြင်း

Vol. 87 Ch. 1305

ကမ္ဘာဦးမျိုးနွယ်များ ပေါ်ထွက်လာခြင်း

Vol. 87 Ch. 1305

အမုန်းနှင့်အဆူရာ၏ ကြောက်စရာကောင်းသော မိစ္ဆာချီများဖြင့် လွှမ်းခြုံထားပြီး ယန်ပေးချန်သည် အင်မော်တယ်ဓား ရှိရာသို့ တစ်ဖန်ပြေးဝင်လာ၏။

ဖောင်း.. ဖောင်း.. ဖောင်း..

အမုန်းသုတ္တန်နှင့် အဆူရာသုတ္တန်၏ ကြောက်စရာကောင်းသော မိစ္ဆာနည်းစနစ်နှစ်ခုသည် သူတို့၏ အကန့်အသတ်ထိ လှည့်ပတ်လာခဲ့ပြီဖြစ်၏။ ယန်ပေးချန်သည် သိပ်သည်းပြင်းထန်သော ဆိုးယုတ်အော်ရာတစ်ခုနှင့်အတူ သွေးပင်လယ်ထဲမှာ လျှောက်လှမ်းလာနေသည်နှင့် တူနေ၏။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် ယန်ပေးချန်၏ တိုက်ခိုက်မှုများကို လုံးဝ မခုခံနိုင်တော့ပေ။

အမုန်းမိစ္ဆာသုတ္တန်ကို ကိုင်ဆွဲထားရင်း ရှေးဟောင်းမိစ္ဆာဧကရာဇ်နှင့် ဆင်တူသော အဆူရာသည် ပြန်လည်မွေးဖွားလာပြီး ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များက တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်၏။

ရင်သပ်ရှုမော ဓားစိတ်ဆန္ဒနှင့် အသက်မဲ့ဓားစိတ်ဆန္ဒသည် အမုန်းမိစ္ဆာဆေဘာ၏ ထက်ရှမှုကို လုံးဝ ခုခံနိုင်ခြင်း မရှိတော့ပေ။

တစ်ခဏအတွင်းမှာပင်.. ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ် အယောက် ၃၀ကျော်တွင် ၁၀ယောက်ကျော်ကျော်သာလျှင် ကျန်ရှိတော့၏။

ဒါ့အပြင်.. ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ချင်းစီသည် ထိတ်လန့်တကြား အမူအရာများ ရှိနေပြီး အဆက်မပြတ် နောက်သို့ဆုတ်နေကြ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားပြီး ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည်ပေါက်လာစေနိုင်သော်လည်း သူတို့သည် အမုန်းမိစ္ဆာဆေဘာနှင့် ရင်ဆိုင်ရာမှာ ဒဏ်ရာအပြင်းအထန် ရရှိရုံမျှသာမကပေ။

သူတို့အားလုံးက သေရပေလိမ့်မည်။

စွမ်းအားကြီးပုဂ္ဂိုလ်များအနေဖြင့် သူတို့သည် ဤအဆင့်ထိ ရောက်ရှိဖို့အတွက် နှစ်တစ်သောင်းနှင့်အထက် ကျင့်ကြံထားခဲ့ကြပြီဖြစ်၏။ မည်သူကမှ ဤနေရာမှာ သေဆုံးမသွားချင်ကြပေ။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် ယန်ပေးချန်ကို ဆက်လက်၍ မတိုက်ခိုက်ရဲတော့ဘဲ လှည့်ထွက်ပြေးကုန်ကြပြီဖြစ်၏။

အင်မော်တယ်ဓားသည် လူအုပ်ကြားထဲမှာ မတ်တတ်ရပ်၍ ထိတ်လန့်တကြား ဖြစ်လာပြီး သူ့ဘေးတွင်ရှိသော ပြင်ပမျိုးနွယ်မှ မျက်နှာများကို အသနားခံ တောင်းပန်သည့်အနေဖြင့် ကြည့်လိုက်၏။

ထိုပြင်ပမျိုးနွယ်များသည် ကမ္ဘာဦးမျိုးနွယ် ၆ စုမှ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော်လည်း သူတို့သည် သူတို့၏ ရုပ်ရည်သွင်ပြင်ကို​ ပြောင်းလဲထားပြီး သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များကို ဖုံးကွယ်ထားကြ၏။

ထိုအခိုက်အတန့်တွင်.. ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် သုန်မှုန်သော အမူအရာများ ရှိလာပြီး ပြိုင်တူ ထရပ်လိုက်ကြ၏။

“ငါတော့ ဆက်ပြီးကြည့်မနေနိုင်တော့ဘူး.. ငါ လှုပ်ရှားမှု ပြုလုပ်ပြီး သူ့ကို သတ်ရမယ်”

နတ်ဘုရားဟန်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အမှန်ပဲ.. သူ့ကို ဆက်ပြီးတော့ ကြီးထွားခွင့်ပေးထားမယ်ဆိုရင် သူက ငါတို့ ကမ္ဘာဦးမျိုးနွယ်တွေအတွက် မမျှော်မှန်းနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာလိမ့်မယ်”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်ကလည်း ခေါင်းညိတ်လိုက်၏။

“တာအိုရောင်းရင်းတို့.. ကျုပ်ကို ကူညီပေးမယ့်အတွက် ကျေးဇူးတင်ပါတယ်… ကျုပ်အသက်ကို ကယ်တင်ပေးတဲ့ ခင်ဗျားတို့ရဲ့ ကျေးဇူးကို ကျုပ်က သေချာပေါက် မှတ်ထားပါ့မယ်”

အင်မော်တယ်ဓားက ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် ယန်ပေးချန်ကို ကိုင်တွယ်ပေးတော့မည်ဟု တွေးမိသွားပြီး ကျေနပ်နှစ်ခြိုက်သွား၏။

ထိုစကားကို ကြားသောအခါ ရွှေကျီးကန်း တတိယမင်းသားသည် အထင်အမြင်သေးသော အမူအရာတစ်ခုနှင့်အတူ ခြောက်ကပ်စွာ ရယ်မောလိုက်၏။

ပွင့်လင်းစွာ ပြောရလျှင်.. ကမ္ဘာဦးမျိုးနွယ် ၆စုထဲတွင် မည်သူကမှ လူသားကျင့်ကြံသူများကို​ အလေးအနက်ထားခြင်း မရှိကြပေ။

အင်မော်တယ်ဓားသည် ကျင့်ကြံရေးလောကမှာ နာမည်ကြီးကျော်ကြားသော်လည်း ရွှေကျီးကန်း တတိယမင်းသားနှင့် အခြားသူများ၏ မျက်လုံးထဲတွင် သူက ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။ သူ၏ သေခြင်း ရှင်ခြင်းကို ဘယ်သူက အရေးလုပ်နေပါ့မလဲ။

“မင်းနာမည်ကို ထပ်ပြီးပြောစမ်းပါဦး”

ရွှေကျီးကန်း တတိယမင်းသားသည် သူ၏လက်ကို ဆန့်ထုတ်ပြီး အင်မော်တယ်ဓား၏ ပါးပြင်ကို ခပ်ဆတ်ဆတ် ပုတ်လိုက်၏။

“မင်းက ငါတို့ကို တန်းတူရည်တူ ခေါ်ဆိုဖို့ အဆင့်မမီဘူး.. မင်းရဲ့ သေခြင်းရှင်ခြင်းက ငါတို့နဲ့ ဘာမှ မပတ်သက်ဘူး.. ဟီးဟီး”

အင်မော်တယ်ဓားသည် တစ်ခါတုန်းက ဓားဂိုဏ်း၏ မည်ကမတ္တတပည့် ဖြစ်ခဲ့ဖူး၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာရရှိထားသည် ဆိုလျှင်တောင် သူက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။

သို့သော် ယခုအခါ သူသည် ရွှေကျီးကန်း တတိယမင်းသား၏ ပါးရိုက်ခြင်းကို ခံလိုက်ရပြီဖြစ်၏။

အင်မော်တယ်ဓား၏ မျက်နှာပေါ်ရှိ အပြုံးက အေးစက်တောင့်တင်းသွား၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ဤကဲ့သို့သော အရှက်ခွဲခံရမှုကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။

အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူက ချက်ချင်းပင် ပြန်လည်တိုက်ခိုက်မိပေလိမ့်မည်။

သို့သော်လည်း.. သူ့ရှေ့မှ လူသည် ရွှေကျီးကန်း တတိယမင်းသား ဖြစ်နေ၏။

ရွှေကျီးကန်း တတိယမင်းသား၏ ဘေးတွင် အခြားသော ကမ္ဘာဦးမျိုးနွယ်များမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း ရှိနေကြ၏။ သူက မကျေနပ်မှု တစ်စုံတစ်ရာကို ထုတ်ဖော်ပြသမိလျှင် ယန်ပေးချန် ရောက်မလာခင်မှာပင်.. ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ရွှေကျီးကန်း တတိယမင်းသားသည် သူ့ကို လျစ်လျူရှုပြီး ကမ္ဘာဦးမျိုးနွယ်မှ အခြားသော ပညာရှင်များနှင့်အတူ ဆူဇီမိုထံသို့ ထွက်ခွာသွားကြ၏။

အင်မော်တယ်ဓားသည် လုံးဝ လှုပ်ရှားခြင်း မရှိဘဲ သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထား၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူ၏မျက်နှာက နီမြန်းလာ၏။

ကမ္ဘာဦးမျိုးနွယ် ၆စုက ထွက်ခွာသွားပြီးတာတောင် သူက ဘာမှ မပြောပေ။ တစ်ဖက်လူက သူ၏ ဂုဏ်သိက္ခာကို နင်းချေဖျက်ဆီးသွားသည်ကို သူက ခွင့်ပြုနေရ၏။

အင်မော်တယ်ဓားသည် အံကိုတင်းတင်းကြိတ်ပြီး မလှမ်းမကမ်းတွင် ပြေးဝင်လာနေသော ယန်ပေးချန်ကို တိတ်တဆိတ် ကြည့်လိုက်၏။

သူသည် ယန်ပေးချန်ကို လုံးဝ မယှဉ်နိုင်ကြောင်း သိရှိသွားပြီဖြစ်၏။

သူ့နေရာမှာ ယန်ပေးချန်သာဆိုလျှင် အဲဒါက ကမ္ဘာဦးမျိုးနွယ် ၆စု ဆိုလျှင်တောင် ထိုသူက သူ၏ဆေဘာကို သေချာပေါက် ကိုင်မြှောက်ပေလိမ့်မည်။ သို့သော်လည်း သူကတော့ မကျေနပ်မှု အနည်းငယ်ကိုပင် ထုတ်ဖော်မပြရဲခဲ့ပေ။

တိုက်ပွဲမြေ၏ အခြားတစ်ဖက်တွင်…

ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပြိုင်ဘက်ကင်းနေပြီး တားဆီး၍ မရနိုင်တော့ပေ။ မည်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ကမှ သူ့ကို မတားဆီးနိုင်တော့ပေ။

စောစောက ညဝိညာဉ်ကို သတ်ဖြတ်မည်ဟု ထုတ်ဖော်ကြေညာခဲ့သော အဆိပ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး အ​လောတကြီး နောက်သို့ ခုန်ဆုတ်လိုက်၏။

“မင်းက ဘယ်ကိုပြေးချင်သေးတာလဲ”

ဆူဇီမိုက အော်ငေါက်လိုက်၏။

သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် သူ၏ ကျာပွတ်ကို လွှဲယမ်းပြီး အဆိပ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်ကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် ရိုက်နှက်ကာ ထိုသူကို နေရာမှာပင် သေဆုံးသွားစေ၏။

ဆက်တိုက်သတ်ဖြတ်ပြီးနောက်.. ဆူဇီမိုသည် ယခုအခါ ညဝိညာဉ်နှင့် အရမ်းကို နီးကပ်လာခဲ့ပြီဖြစ်၏။

သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး မိုးကြိုးကျာပွတ်နှင့် ရစ်ပတ်ကာ ညဝိညာဉ်ကို ဆွဲယူချင်လေသည်။

ရုတ်တရက်ဆိုသလို…

သွေးရောင်နွယ်ပင်တစ်ပင်က ပေါ်ထွက်လာပြီး အလွန်တရာ မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုနှင့်အတူ မိုးကြိုးကျာပွတ်ကို ပစ်ရိုက်လိုက်၏။

မိုးကြိုးစွမ်းအားနှင့် သမာဓိတာအိုမီးက ချက်ချင်းပင် ပေါက်ကွဲထွက်လာ၏။

သွေးနီရောင်နွယ်ပင်သည် တွန့်လိမ်သွားပြီး ၎င်း၏ အပေါ်ယံမျက်နှာပြင်က မည်းတူးသွား၏။ သို့သော်လည်း ၎င်း၏ အခြေခံအုတ်မြစ်ကတော့ ပျက်စီးထိခိုက်သွားခြင်း မရှိပေ။

သို့သော်လည်း မိုးကြိုးကျာပွတ်၏ စွမ်းအားကတော့ လုံးဝ ပျက်ပြယ်သွားပြီဖြစ်၏။

ဆူဇီမိုက ထပ်မံ၍ စဉ်းစားမနေဘဲ ၉၉ပေ မြင့်မားသော သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ရှေ့သို့ တက်လှမ်းစေကာ သူ၏လက်များကို လွှဲယမ်း၍ ဖန်တီးခြင်းကြာခုံနှင့်အတူ ပစ်ပေါက်ချလိုက်၏။

တစ်ချိန်တည်းမှာပင်… ကောင်းကင်ဘုံမိစ္ဆာတံစဉ်ကလည်း ဆင်းသက်လာ၏။

“အချိန်ကိုက်ပဲ”

ပုံရိပ်တစ်ခုက ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏ အစစ်အမှန်ပုံစံအဖြစ်သို့ အသွင်ပြောင်းလဲသွား၏။ သူ၏ ရွှေရောင်ဆံပင်များက ကခုန်နေပြီး သူ၏ အစိမ်းရောင်မျက်လုံးများက နက်ရှိုင်း၍ ရွှေရောင်သွေးချီဖြင့် ပြည့်နှက်နေ၏။

ဝေါ…

ဆူနာမီအသံက ထိုသူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။

ဆူနာမီသွေး..

ထိုသူသည် မည်သည့် ဓမ္မလက်နက်ကိုမှ အသုံးပြုခြင်း မရှိဘဲ ဖန်တီးခြင်းကြာခုံကို လက်ဗလာဖြင့် ပစ်ထိုးလိုက်၏။

ထိုသည်ကို မြင်သောအခါ လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်များပင်လျှင် ဆူဇီမို၏ ဓမ္မဝိသေသ၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဘုန်း…

ဖန်တီးခြင်းကြာခုံနှင့် ထိုသူ၏ လက်သီးတို့ ထိတွေ့ရိုက်ခတ်သောအခါ ကျယ်လောင်သော မြည်ဟိန်းသံက ထွက်ပေါ်လာ၏။

ထိုပုံရိပ်သည် နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်ရသော်လည်း သူ၏လက်သီးက အကောင်းအတိုင်းဖြစ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာက နောက်သို့ ပြန်ကန်ထွက်လာ၏။

ရွှေရောင်ဆံပင်နှင့်လူသည် သူ၏လက်ကို ခါပြီး သွားဖြဲလိုက်၏။

“အဲဒါက နည်းနည်းတော့ နာသားပဲ”

သူသည် ဖန်တီးခြင်းကြာခုံကို လက်ဗလာဖြင့် လက်ခံပြီးနောက်.. နာကျင်မှု အနည်းငယ်မျှကိုသာ ခံစားခဲ့ရ၏။

အခြားတစ်ဖက်မှာတော့.. ကောင်းကင်ဘုံမိစ္ဆာတံစဉ်ကို အေးစက်စက် အလင်းတန်းတစ်ခုက ပိတ်ဆို့ထားပြီး မီးပွားများက လွင့်စင်ထွက်လာ၏။

မြင့်မားသော ပုံရိပ်တစ်ခုသည် အစိမ်းရောင်မျက်နှာတစ်ခုနှင့်အတူ လေထဲမှာ မတ်တတ်ရပ်ပြီး အလွန်တရာ ကြောက်စရာကောင်းသော သွားစွယ်များကို ထုတ်ဖော်ပြသနေ၏။ သူ၏ကျောဘက်မှ နက်မှောင်နေသော အသားပြားတောင်ပံတစ်စုံက ပေါ်ထွက်လာပြီး သူက အေးစက်စက်အလင်းဖြင့် တောက်ပနေသော လခြမ်းကွေး ဆေဘာနှစ်လက်ကို ကိုင်ဆွဲထား၏။

ကမ္ဘာဦးမျိုးနွယ်များက နောက်ဆုံးမှာတော့ ပေါ်ထွက်လာခဲ့လေပြီ။

ဆူဇီမိုသည် နောက်ပိုင်းတိုက်ခိုက်လိုက်သော မျိုးနွယ်စုနှစ်စုနှင့် အလွန်တရာ ရင်းနှီးမှုရှိလေသည်။

ရွှေရောင်ဆံပင်နှင့် အစိမ်းရောင်မျက်လုံးသက်ရှိက နတ်ဘုရားမျိုးနွယ် ဖြစ်၏။

အစိမ်းရောင်မျက်နှာနှင့်အတူ သွားစွယ်များနှင့် တောင်ပံများကို ပိုင်ဆိုင်ထားသူက ယက္ခမျိုးနွယ် ဖြစ်၏။

သူ၏ မိုးကြိုးကျာပွတ်ကို ပိတ်ဆို့တားဆီးထားသည့်အရာမှာ မရေမတွက်နိုင်သော သွေးရောင်နွယ်ပင်များ ရစ်ပတ်ထားသည့် အလွန်တရာ မကောင်းဆိုးဝါးဆန်သော သစ်ပင်တစ်ပင်ဖြစ်၏။

နွယ်ပင်တစ်ပင်ချင်းစီသည် ထူထဲသော သွေးပြန်ကြောတစ်ခုကဲ့သို့ ဖြစ်၏။ နွယ်ပင်များ၏ ထိပ်ဆုံးတွင် နှာခေါင်းနှင့် မျက်လုံးတို့ မပါရှိသော လူသားမျက်နှာတစ်ခု ရှိနေ၏။ အဲဒီမှာ ကြီးမားသည့် ပါးစပ်ပေါက်တစ်ခုသာ ရှိပြီး အရာရာတိုင်းကို ကြိတ်ချေနိုင်သည့်အလား.. ထက်ရှသော သွားစွယ်များက အေးစက်တောက်ပ၍ တစ်ခုနှင့်တစ်ခု ယှက်လိမ်နေကြ၏။

ဆူဇီမိုသည် ကြမ်းကြုတ်ခက်ထန်သော ဤသက်ရှိကို အရင်က မတွေ့မြင်ဖူးခဲ့သော်လည်း အဲဒါသည် နောက်ထပ် ကမ္ဘာဦးမျိုးနွယ် သွေးနွယ်ပင်မျိုးနွယ် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။

ဒဏ္ဍာရီအရဆို.. သွေးနွယ်ပင်မျိုးနွယ်က သက်ရှိအားလုံး၏ သွေးများကို ဝါးမျိုခြင်းဖြင့် ရှင်သန်နေထိုင်ကြခြင်းဖြစ်၏။

သူတို့သည် အခြားသော ကမ္ဘာဦးမျိုးနွယ်များမှ မျိုးဆက်သွေးများကိုပင် ငြင်းပယ်ခြင်း မရှိကြပေ။

သွေးနွယ်ပင်မျိုးနွယ်၏ နယ်မြေထဲသို့ ဝင်ရောက်သွားသော မည်သည့်သက်ရှိမဆို အရိုးပင်မကျန်ဘဲ အပိုင်းပိုင်း ဆုတ်ဖြဲကာ ဝါးမျိုခြင်း ခံရပေလိမ့်မည်။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို ဝိုးတဝါး အမှတ်ရသွား၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက အလွန်တရာ အန္တရာယ်များသော အခြေအနေတစ်ခုမှာ ရောက်ရှိနေပြီး သူ့ကိုယ်သူပင် အနိုင်နိုင်ကာကွယ်နေရ၏။ သူက ညဝိညာဉ်ကို မကယ်တင်နိုင်တော့ဘဲ စိတ်ထဲမှာ တင်းကျပ်လာခဲ့၏။ သူသည် ထိုအကြောင်းကို သေချာဂရုတစိုက် စဉ်းစားကြည့်နေဖို့ အာရုံမရှိတော့ဘဲ ထိုအတွေးက ပေါ်ထွက်လာသည့် ခဏမှာပင် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားခဲ့၏။

All Chapters