← Chapters

ပြင်းထန်သော တိုက်ပွဲအသိ၊ နေလေးစင်း

Vol. 16 Ch. 228

ပြင်းထန်သော တိုက်ပွဲအသိ၊ နေလေးစင်း

Vol. 16 Ch. 228

ကျန်းချန်ရှန်း မှစတင်လိုက်သော သိုင်းဧကရာဇ် ခေါင်းစဉ်ကြောင့် ​ခြံဝင်းအတွင်း သက်ဝင်လှုပ်ရှားလာသည်။ လူတိုင်းက အတိတ်က သိုင်းဧကရာဇ်များ၏ ဒဏ္ဍာရီကို မေးကြသည်။

ကျီဝူကျွင်း သည် လူတိုင်းနှင့် ရင်းနှီးပြီးသားဖြစ်ပြီး လူတတ်ကြီးလုပ်မနေခဲ့ချေ။ သူမသည် ယခင်က သိုင်းဧကရာဇ် များ၏ ဒဏ္ဍာရီများအကြောင်း သူမသိသမျှကို ပြောပြခဲ့သည်။

သိုင်းဧကရာဇ်တိုင်းသည် ခေတ်တစ်ခုကို လွှမ်းမိုးထားသည်။ သူတို့၏ ဇာတ်လမ်းများက ရိုးရှင်းသည်ဆိုလျှင်တောင် လူများအား စိတ်ကူးယဥ်မှုများ ပေးစွမ်းနိုင်သည်။

သိုင်းဧကရာဇ် ချိုးထန် သည် အလွန်အစွမ်းထက်ကြောင်း ကျမ်းချန်ရှန်း သိပြီးနောက် စိတ်သက်သာရာရသွားသည်။

အမှတ်တစ်သန်း သုံးစွဲခြင်းက အရှုံးမရှိခဲ့။

ကျီဝူကျွင်း စကားပြောသည့်အခါ သူ့တွင် သိချင်စိတ်များ ပြည့်နှက်နေသည်။

တာအိုဘိုးဘေး သည် သိုင်းဧကရာဇ်ချိုးထန် အကြောင်း အကြောင်းပြချက်မရှိဘဲ မေးရန် မဖြစ်နိုင်ပေ။

စုံစမ်းမေးမြန်းရခြင်း၏ အကြောင်းရင်းမှာ သူနှင့် သက်ဆိုင်သည့် အရာတစ်ခု ရရှိထားသောကြောင့် ဖြစ်နိုင်သည်။

ထိုအချိန်တုန်းကာ တာအိုဘိုးဘေးသည် သစ်ပင်အောက်တွင် ရှိနေသည်မှာ သိသာလှသည်။ သိုင်းဧကရာဇ်ချိုးထန် ၏အမွေကို မည်သို့ရယူခဲ့သနည်း။

ဒါက စိတ်ကူးကြည့်လို့တောင် မရတဲ့အရာပဲ။ ဒါက အင်မော်တယ်တစ်ယောက်ရဲ့ နည်းလမ်းတွေပဲ ဖြစ်ရမယ်။

တစ်လအကြာ ညဉ့်နက်အချိန်

ကျန်းချန်ရှန်း က မူလင်းလော့အား အိပ်မက်တစ်ခု ပေးလိုက်သည် ။ အိပ်မက်က မူမိသားစု၏ သင်္ဘောကြီးတစ်စင်းပေါ်တွင် ဖြစ်သည်။ သူတို့မှလွဲ၍ တတိယလူ မရှိ။

မူလင်းလော့ သည် ကျန်းချန်ရှန်းကို တွေ့ရသည့်အတွက် လွန်စွာပျော်ရွှင်နေသည်။ သူမလက်ထဲတွင် ကောင်းကင်ဘုံဓားကိုကိုင်ထားပြီး အမွေမှရရှိသော အရာများအကြောင်း စိတ်လှုပ်ရှားစွာပြောပြနေသည်။

သူမ၏ ခွန်အားသည် အဆပေါင်းများစွာ တိုးလာပြီး တိုက်ပွဲစွမ်းအားမှာလည်း ပိုကောင်းလာခဲ့သည်။ ၎င်းမှာ ရန်သူကို အနိုင်ယူပြီး ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားသည့် ကောင်းကင်ဘုံပိတ်လှောင်ခြင်း၏ တိုက်ခိုက်မှုစွမ်းအား ဖြစ်သည်။

ဤအခြေအနေက သူမအား အာရုံစူးစိုက်နိုင်စေရုံသာမက သိုင်းပညာဝိညာဉ်စွမ်းအင်ကို ပိုမိုချောမွေ့စွာ ထိန်းချုပ်နိုင်စေသည်။

ကျန်ချန်ရှန်း သည် ထိုစကားကိုကြားပြီးနောက်တွင် သူမ၏တိုက်ပွဲစွမ်းအား မည်မျှပြင်းထန်သည်ကို သိရှိရန် သူမအား လက်ရည်စမ်းလိုက်သည်။

မူလင်းလော့ သည် ရွှေကိုယ်ထည်အဆင့် တွင်ရှိနေဆဲဖြစ်သော်လည်း အမွေမရရှိမီတွင် သူမသည် စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။ ယခု သူမ မည်မျှ အစွမ်းထက်မည်ကို သူ သိချင်မိသည်။

တိုက်ပွဲစတင်ပြီး သူတို့နှစ်ဦး ကောင်းကင်ဘုံသို့ ပျံသန်းလိုက်ကြသည်။ မူလင်းလော့ သည် နတ်ဘုရားကိုးပါး နည်းစနစ်ကို အသက်သွင်းလိုက်သောအခါ သူမ၏ ကိုယ်ရောင်ကိုယ်ဝါက လျှံထွက်လာသည်။ သူမသည် ကောင်းကင်ပိတ်လှောင်ခြင်း တိုက်ပွဲစွမ်းအားက်ု အသုံးချလိုက်သောအခါ သူမ၏အရှိန်အဝါမှာ ပိုကြီးလာသည်။ ဤအရှိန်ဝါမှာ ဓားနတ်ဘုရားက ကျန်းချန်ရှန်း ကိုစိန်ခေါ်သောအခါ အသုံးပြုခဲ့သော ကောင်းကင်နှင့်မြေကြီး ဓားတိုက်ခိုက်စွမ်းအားထက် မလျော့ပေ။

တစ်နည်းဆိုရသော် ရွှေကိုယ်ထည်အဆင့်တွင်ရှိနေသည့် မူလင်းလော့ သည် စကြာဝဠာအဆင့်တွင် မယုံကြည်နိုင်သောတည်ရှိမှုတစ်ခုနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။

မူလင်းလော့ သည် ကျန်းချန်ရှန်း မှ သူမအား သင်ကြားပေးခဲ့သည့် ထိုက်ချင်ဓားနည်းစနစ် ကိုပြသကာ သူမ၏ဓားဖြင့် ပြေးလာသည်။

ကျန်းချန်ရှန်း က သူ့ခြေလက်နှင့်သာ တိုက်ခိုက်သည်။ တိုက်ပွဲသည် ကမ္ဘာကြီးကို တုန်လှုပ်စေပြီး သမုဒ္ဒရာကို လှိုင်းထန်စေသည်။

တစ်နာရီကြာပြီးနောက် မူလင်းလော့ ရပ်တန့်သွားသည်။ သူမသည် ကောင်းကင်ပိတ်လှောင် တိုက်ခိုက်ရေးစွမ်းအားကို ရုတ်သိမ်းလိုက်သည်။ သူမသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီး ခေါင်းတစ်ခုလုံး ချွေးပြိုက်ပြိုက် ကျနေသည်။

ကျန်းချန်ရှန်းက က “ဘယ်လောက်တောင်မှ ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်ရေးစွမ်းအားလဲ။ အထင်ကြီးစရာကောင်းပါပေတယ်။ ကောင်းကင်ဂူတစ် အဆင့်က အဆင့်မြင့်ပညာရှင်ကိုတောင် မင်းတိုက်ခိုက်နိုင်နေပြီ”

သူမသည် ကောင်းကင်ဂူတစ်အဆင့်မှ ကျွမ်းကျင်သူကို အနိုင်ယူနိုင်မည် မဟုတ်သော်လည်း သူမ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုပါက မူလင်းလော့ ကို သတ်ရန် တစ်ဘက်လူအတွက် ခက်ခဲမည်ဖြစ်သည်။

ယခုမူ မူလင်းလော့ သည် လင်းဟောက်ထျန်း ကို နောက်ဆုံးတွင် အမှီလိုက်လာနိုင်ပြီဖြစ်သည်။

ကျန်းချန်ရှန်း သည် မူလက သိုင်းဧကရာဇ်ချိုးထျန် ၏ အမွေဆက်ခံသည့် ကျင့်ကြံသည့်နည်းစနစ်ကို လင်းဟောက်ထျန်အား ပေးလိုသည်။ လင်းဟောက်ထျန်း ၏ အမွေဆက်ခံသော ကျင့်ကြံနည်းစနစ်ကိုလည်း မူလင်းလော့အား အား ပေးခဲ့သည်။ ၎င်းတို့၏ ကျင့်ကြံနည်းစနစ်များသည် တူညီသော်လည်း မူလင်းလော့ သည် လင်းဟောက်ထျန်း၏ သွေးမျိုးဆက်ကို သူမ၏ တိုက်ပွဲအား ထိုးထွင်းသိမြင်နိုင်မှုကို အားကိုးကာ ယှဉ်ပြိုင်နိုင်ပေမည်။ သို့သော် သိုင်းဧကရာဇ်ချိုးထျန် ၏ အမွေဆက်ခံမှုသည် ကျင့်ကြံနည်းစနစ် လုံးဝမရှိသည် ဖြစ်ရာ သိုင်းဧကရာဇ်ချိုးထန် ၏ တိုက်ပွဲထိုးထွင်းသိမြင်နိုင်စွမ်းကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။

"အစ်ကို ချန်ရှန်း၊ ဘယ်လိုလဲ။ လင်းဟောက်ထျန်း နဲ့ နှိုင်းယှဉ်လို့ ရမလား။ မဟာကျင်းဒေသ မှာရှိတဲ့ ရွှေကိုယ်ထည်အဆင့်မှာ ညီမထက်သာလွန်တဲ့သူ ရှိသေးလား။”

မူလင်းလော့က က အမောတကော မေးသည်။ နဖူးပေါ်က ချွေးများကို သုတ်လိုက်ကာ မျက်လုံးများတွင် မျှော်လင့်ချက်များနှင့် ပြည့်နေသည်။

ကျန်းချန်ရှန်း က "မင်း လင်းဟောက်ထျန်း နဲ့ ယှဉ်နိုင်မလားဆိုတာ ပြောဖို့ခက်ပေမယ့် မဟာကျင်းဒေသမှာ မင်းကို ဘယ်သူမှ ယှဉ်လို့မရဘူး"

ရန်ကျိုးတောင်မှ မယှဥ်နိုင်ဘူး။

ရန်ကျိူး သည် တိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့သော်လည်း ထိုအချိန်က သူသည် ကုန်းမြေ၏ နံပါတ်တစ် ပါရမီရှင် တစ်ဦးသာ ဖြစ်သည်။ ထို့အပြင် သူသည် တိုက်ကြီးအတွင်း၌သာ ကန့်သတ်ထားသည်။ ထို့အပြင် လင်းဟောက်ထျန်း နှင့် မူလင်းလော့ တို့သည် ပါရမီရှင်အဆင့် ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုများအရ သူတို့သည် ရန်ကျိုး ထက် မညံ့နိုင်ပေ။

ထိုအရာကိုကြားသောအခါ မူလင်းလော့ က မပျော်​ေပ။ ထိုအစား သူမ မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းချန်ရှန်း က သူ့အား နှစ်သိမ့်လိုက်သည်။ "လင်းဟောက်ထျန်းက တစ်ယောက်တည်း လျှောက်လှမ်းနေရတာ။ သူရင်ဆိုင်နေရတဲ့ အကျပ်အတည်းက မင်းနဲ့ မတူဘူး။ မင်းမှာ မင်းမိသားစုတစ်ခုလုံးက အဖော်ပြုပေးနေတာ။ သူသာ မင်းကို မကျော်နိုင်ရင် သူ့ဒုက္ခတွေက အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။ မင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ပဲ လိုတာပါ။ သိုင်းပညာလမ်းစဥ်က အရှည်ကြီးပဲ။ အနိုင်ရသူကပဲ နောက်ဆုံးမှာ ရယ်မောရမှာ”

“အဲဒီတုန်းက ငါ့ထက် ပိုအရည်အချင်းရှိတဲ့ ပါရမီရှင် ဘယ်နှယောက်တောင်မှ ရှိခဲ့သလဲ။ သူတို့သေသွားပေမဲ့ ငါ အသက်ရှင်ခဲ့တယ်။ တစ်ခုခုကို ကြည့်တဲ့အခါ ပစ္စုပ္ပန်ကို အကဲဖြတ်ရုံနဲ့ မရဘူး။”

သူ့စကားများက အဓိပ္ပါယ်မဲ့သော်လည်း ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်၏ အတွေ့အကြုံနှင့် ကိုက်ညီနေသည်။

မူလင်းလော့ က အဓိပ္ပါယ်ရှိသည်ဟုခံစားရကာ ခေါင်းညိတ်သည်။ "အစ်ကိုမှန်ပါတယ်။ လောလောဆယ် ကျွန်မ သူ့လောက်မမြန်ရင်တောင် အနည်းဆုံးတော့ မှန်မှန်လျှောက်လှမ်းသွားပြီး.သေခြင်းရှင်ခြင်း အကျပ်အတည်းတွေ အများကြီးကို ရှောင်လွှဲနိုင်မှာပဲ”

သူမသည် ထိုအကြောင်းကို မတွေးတော့ဘဲ ကျန်းချန်ရှန်း ဓားနည်းစနစ်အကြောင်း စတင်တိုင်ပင်သည်။

မူလက ဓားရေးစွမ်းရည်သည် သူမလေ့ကျင့်သင်ကြားခဲ့သော သူမ၏ကျွမ်းကျင်မှုတစ်ခုသာဖြစ်ပြီး ၎င်းသည် သူမအထူးပြုသော နယ်ပယ်မဟုတ်ပေ။ သို့သော် ယခု ကောင်းကင်ပိတ်လှောင်ဓားကို ရထားသောကြောင့် သူမ ဓားသမားဖြစ်လာနိုင်သည်ဟု ခံစားမိသည်။

ကျန်းချန်ရှန်းမှာလည်း အမြင်တူသည်။ ကောင်းကင်ပိတ်လှောင် တိုက်ပွဲအသိသည် အသုံးပြုသူအတွက် တိုက်ခိုက်ရန် သ်ုင်းပညာ၏ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပေးနိုင်သည်။

၎င်းသည် ဓားသမားတစ်ဦး၏ ဓားအသိနှင့် အလွန်ဆင်တူသည်၊ ဓားနတ်ဘုရားသည် ဓားသန်းပေါင်းများစွာကို ဆင့်ခေါ်သကဲ့သို့ပင်။ ထိုအရာက မည်မျှ ကြီးကျယ်ခမ်းနားပြီး စွမ်းအားကြီးမားသနည်း။

တိုက်ပွဲအသိသည် သတ်မှတ်ထားသော ကန့်သတ်ချက်သို့ရောက်ရှိသွားသော ဓားအသိကို ထုတ်ဖော်ခြင်းဖြစ်သည်ဟု ထင်မှတ်မိသည်။

ကျန်းချန်ရှန်း သည် သူမ၏ ဓားရေးပညာကို စတင်လမ်းညွှန်သည်။ သူ လေ့ကျင့်လေ့မရှိသော်ငြားလည်း ဓားနတ်ဘုရားက ဓားရေးလေ့ကျင့်သည်ကို မကြာခဏတွေ့ရသည့်အတွက် အတွေ့အကြုံများ ရှိသည်။

အိပ်မက်အလည်အပတ်ခရီးမှာ မနက်မှပြီးဆုံးသွားသည်။

အောက်တိုဘာလ… ဧကရာဇ်သည် နောက်ဆုံးတွင် ထိုင်မနေနိုင်တော့ဘဲ အနောက်ဘက်ရှိ တိုက်ကြီးတစ်ခုဆီသို့ ချဉ်းကပ်ကာ ပင်လယ်၏ နယ်မြေကို အနောက်ဘက်သို့ ဆက်လက်ချဲ့ထွင်ခဲ့သည်။

လူထုနှင့်သိုင်းပညာ တာအို ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ တော်ဝင်စာမေးပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသော ပညာရှင်အားလုံးသည် ဆုလာဒ်အနေဖြင့် တော်ဝင်တရားရုံးမှာ ချမြှင့်သော လူထုနှင့်သိုင်းပညာ တာအိုကျင့်ကြံရေး နည်းစနစ်ကို ရယူနိုင်သည်။

တခြားနည်းလမ်းလည်းရှိပေသေးသည်။

ထိုအရာမှာ သူတော်စင်ချီ ကို သူတို့၏ ဆရာအဖြစ် အသိအမှတ်ပြုရန်ဖြစ်သည်။

လူထုနှင့်သိုင်းပညာတာအိုအား စတင်တည်ထောင်ချိန်မှစ၍ တာအိုဘိုးဘေးဂိုဏ်း၏ တပည့်အရေအတွက်သည် အလွန်များပြားလာသည်။ စကြဝဠာအဆင့်မှ သူများပင်လျှင် ထိုသူအား ၎င်းတို့၏သခင်အဖြစ် အသိအမှတ်ပြုရန် လာရောက်ခဲ့ကြသောကြောင့် တာအိုဘိုးဘေးဂိုဏ်း ၏ အခြေခံအုတ်မြစ်သည် အလွန်တိုးပွားလာခဲ့သည်။ ယခုအခါ ၎င်းသည် သာမာန်ပညာရှင်များ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်သော အရာ မဟုတ်တော့ပေ။

နဂါးသွေးကြောများ ပျက်ဆီးကာ တာအိုဘိုးဘေး၏ ပင်လယ်ကို ကိုင်မြှောက်ခြင်း စွမ်းဆောင်မှုနောက်တွင် နဂါးသွေးကြော တိုက်ကြီးတစ်ခုလုံးက မဟာကျင်းဒေသ ကို လေးစားလာကြသည်။ မဟာချီဒေသအပါအဝင် တိုက်ကြီးရှိ မင်းဆက်တိုင်းသည် ဂုဏ်ပြုရန် လာရောက်ကြသည်။ ယခုအချိန်တွင် မဟာကျင်းနိုင်ငံ ပြည်သူများ၏ လူနေမှုအဆင့်အတန်းမှာ မြင့်တက်လာသည်။ နယ်စပ်အနီးရှိ ပြည်နယ်များ၏ လူနေမှုအဆင့်အတန်းများပင် မြင့်တက်လာခဲ့သည်။

နှစ်ကုန်….

နဂါးစံအိမ် သည် ၎င်းတို့၏ နယ်မြေကို အနောက်ပင်လယ်သို့ လုံးလုံးလျားလျား ရွှေ့ပြောင်းခဲ့ပြီး အဓိက အဖွဲ့ဝင်များသည် မြို့တော်တွင် နေထိုင်သည်။

နှစ်များတစ်လျှောက်၊ နဂါးအိမ်တော် သည် မဟာကျင်းဒေသ တွင် အင်အားအကြီးမားဆုံးဖြစ်လာခဲ့သည်။ ၎င်းတို့သည် မဟာကျင်းဒေသ အတွက် အဆုံးစွန်သော နည်းစနစ်များနှင့် အရင်းအမြစ်များစွာကိုလည်း ပံ့ပိုးပေးခဲ့သည်။ စစ်သူကြီးနေရာယူကာ မဟာကျင်းဒေသအတွက် အတွက် တိုက်ပွဲဝင်ပေးသော ပညာရှင်များလည်း များစွာရှိသည်။

စံအိမ်သခင် ကျိုးထျန်းကျစ် ပြန်ရောက်လာသောအခါ မဟာကျင်းဒေသ တွင် ဒုတိယအဆင်မြင့်ဆုံး ပညာရှင်၏ အသားတင်အမှတ်မှာ ၄ သန်းအထိ တိုးလာခဲ့သည်။ သူရောက်သည်နှင့် နဂါးဖြူကို တွေ့ချင်သော်လည်း ကျန်းချန်ရှန်းထံမှ ငြင်းပယ်ခံလိုက်ရသည်။

သူသဘောအတိုင်း နဂါးနတ်ဘုရားကို မည်သို့တွေ့ဆုံနိုင်မည်နည်း။

ကျိုးထန်းကျစ် စိတ်ပျက်သွားသော်လည်း ဒေါသမထွက်ပေ။ ဒေါသမထွက်ရဲခြင်း ဖြစ်သည်။

ထို့နောက်တွင် သူသည် ချင်းအာဆီသို့ သွားရောက်လည်ပတ်ပြီး ရှားပါးရတနာများစွာဖြင့် လုံချီ ဘုရားကျောင်းကို လက်ဆောင်ပေးခဲ့ပြီး ဂိုဏ်းနှစ်ခုပိုမိုနီးကပ်လာစေရန် လုပ်ဆောင်ခဲ့သည်။

ကျန်းချန်ရှန်း သည် ဤအသေးအဖွဲကိစ္စများကို ဂရုမစိုက်ပေ။ ရေလွှမ်းမြစ်နဂါးသူတော်စင် သည် သူ့နှလုံးသားအပေါ်တွင် မြုပ်ဝင်နေသည့် ကျောက်တုံးတစ်တုံးဖြစ်နေဆဲဖြစ်ပြီး ကျင့်ကြံရန်အချိန်ယူခဲ့သည်။

ယခုဆိုလျှင် ထိုက်ဟယ် ခေတ်၏ 7 နှစ်မြောက်ဖြစ်သည်။ ဇွန်လနောက်ပိုင်းတွင် ကောင်းကင်နှင့်မြေကြီးအကြား အပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာသည်။

ယနေ့… .

"အယ်? ဘာကြောင့် ကောင်းကင်မှာ နေတစ်စင်းရှိနေတာလဲ”

ရဲရွှင်း က မော့ကြည့်ပြီး အံ့သြစွာ မေးလိုက်သည်။ လုံချီ တောင်သည် မြူခိုးများဖြင့် ဝန်းရံထားသော်လည်း နေရောင်ခြည်ကို လုံးလုံးလျားလျား မတားဆီးနိုင်ပေ။ မျှော်ကြည့်သောအခါတွင် ကောင်းကင်၌ မြင့်မားစွာတွဲလောင်းကျနေသော နေလုံးကြီးနှစ်ခု၊ အကြီးတစ်ခု အသေးတစ်ခုကို မြင်နိုင်သည်။

ကျီဝူကျွင်း သည် မျက်လုံးများကို မှိတ်ထားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းချန်ရှန်းက တွက်ချက်လိုက်သည်။

"ကောင်းကင်မှာ နေက ဘယ်လောက် အစွမ်းထက်လဲ"

[အမှတ် 10,000,000 လိုအပ်ပါတယ် ဆက်လုပ်လိုပါသလား။]

မလုပ်ဘူး!!

ကောင်းကင်ဂူ အဆင့်၉

ကျန်းချန်ရှန်း သည် ကောင်းကင်ကျီးကန်းကလန် ကို ချက်ချင်းပင် တွေးလိုက်မိသည်။ တရုတ်ဒဏ္ဍာရီတွင် နေကို ရွှေကျီးကန်းဖြင့် ဖွဲ့စည်းသည်။ ဤတွင်၊ ကောင်းကင်ကျီးကန်း သည် ရွှေကျီးကန်း နှင့် အတော်လေးဆင်တူသည်၊ ကောင်းကင်ကျီးကန်းသည် နေအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

သူသည် မော့ကြည့်ကာ အကန့်အသတ်မဲ့ မျက်လုံးများဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ကြည့်လိုက်သည်။

အမှန်ပင် ကောင်းကင်ကျီးကန်း သည် အလွန်ကြီးမားသည်။

ထိုအချိန်တွင်၊ ကောင်းကင်ကျီးကန်း သည် သမုဒ္ဒရာနှင့် အလွန်ဝေးသည်။ ကျန်းချန်ရှန်း က ၎င်းသည် ကမ္ဘာနှင့် လကြား အကွာအဝေးထက် အနည်းဆုံး မိုင်ငါးသန်းကွာဝေးသည်ဟု တွက်ချက်မိသည်။ ကောင်းကင်တွင် ချိတ်ကာ သူ့အပူကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

၎င်း၏ အမြင့်ပေတွင်၊ အထက်ကောင်းကင်သည် အလွန်မှိန်နေသော်လည်း တကယ့်နေမင်းကြီးသည် ပို၍မြင့်မား၍ တိုင်းတာနိုင်သော ကိန်းဂဏာန်းမရှိပေ။

ကျန်းချန်ရှန်း သည် သူ၏ အကန့်အသတ်မဲ့ ကောင်းကင်နှင့် မြေကြီး မျက်လုံးများသည် တကယ့်နေရောင်ထဲသို့ ဖောက်မသွားနိုင်သည်ကို သဘောပေါက်လိုက်သည်။ ကောင်းကင်ကြီးသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းအချို့ကြောင့် အထီးကျန်နေပြီး ပြင်ပကမ္ဘာသို့ လှည့်ထွက်သွားခြင်းမှ တားဆီးထားသည်။

ရုတ်တရက် ကောင်းကင်ယံတွင် နောက်ထပ် ကောင်းကင်ကျီးကန်းတစ်ကောင် ပျံသန်းနေသည်ကို တွေ့လိုက်ရသည် ။ ကောင်းကင်ကျီးကန်းနှစ်ကောင် ဆုံတွေ့ပြီး ဘေးချင်းကပ်လျက် မျှောနေကာ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ တောက်လောင်နေသည်။

ကောင်းကင်ကျီးကန်း ၏ လက်စားချေမှု ရောက်ရှိလာပြီ။

ထို့အပြင် ၎င်းသည် သမုဒ္ဒရာအတွင်းရှိ လူသားများကို ပစ်မှတ်ထားသည်။

ကျန်းချန်ရှန်း သည် လှုပ်ရှားရန်အလျင်မလိုပေ။ ဤဘေးဆိုးကြီးသည် မဟာကျင်းဒေသကို ရည်ရွယ်ရုံသာမကပင်။ ပင်လယ်ပြင်မှ စွမ်းအားရှင်များက လှုပ်ရှားမည်ဟု ယုံကြည်သည်။

သူသည် ကောင်းကင်ကျီးကန်းကလန် ကိုကြောက်ဆဲဖြစ်ပြီး ရွေးချယ်စရာမရှိသည့် အခြေအနေမဟုတ်ပါက အပြင်းအထန်တိုက်ခိုက်မည် မဟုတ်ပေ။

"နောက်တစ်ခု၊ နေသုံးလုံး!"

ပိုင်ချီ က အချက်ပေးသံဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ လေသံမှာ ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်။ နေ အရေအတွက် တိုးလာရခြင်း၏ အဓိပ္ပါယ်ကိုလည်း သူမ သိသည်။

ဤကဲ့သို့အခြေအနေမျိုး သမိုင်းတွင် တစ်ခါမှ မကြုံဖူးသော်လည်း ကြုံလာသည့်အခါတိုင်း ကောင်းကင်နဲ့ မြေကြီးအကြား ကပ်ဘေးဆိုက်လိမ့်မည်။ လူဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ်၊ အားလုံး ဒုက္ခရောက်ပေလိမ့်မည်။ အဆုံးမရှိသောသမုဒ္ဒရာကဲ့သို့ပင်။ လူသားများအပြင် မရေမတွက်နိုင်သော နတ်ဆိုးတိရစ္ဆာန်များလည်း ရှိသေးသည်။ သူတို့သည် ကောင်းကင်ကျီးကန်းကလန် ၏ ဖျက်ဆီးမှုကို ခံရမည်ဖြစ်သည်။

“ကောင်းကင်ကျီးကန်းကလန် က ရူးသွပ်သွားပြီ။ ရွှမ်းငှက်က ကောင်းကင်ကျီးကန် ကိုစားခဲ့တာ သူတို့ သိသွားတဲ့ပုံပဲ။ ဒီကောင်တွေက အရမ်းသံသယများပြီးတော့ နတ်ဆိုးတွေကြားထဲမှာ ကြီးစိုးချယ်လှယ်နေကြတာ”

ကျီဝူကျွင်း က မျက်နှာမကောင်းစွာနှင့် ပြောလိုက်သည်။ သူမထပြီး သူ့အခန်းဆီသို့ လျှောက်သွားသည်။ ကျန်းချန်ရှန်းက “ မိန်းကလေးကျီ၊ အလျင်စလိုမလုပ်ပါနဲ့၊ မင်းက သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။"

ကျီဝူကျွင်း သည် အမြဲတမ်း စိတ်မြန်သည်။ နတ်ဆိုးကောင်က မည်မျှပင် သန်မာနေပါစေ၊ သူမသည် အပြေးအလွှား သွားရောက်မည်ဖြစ်သည်။ ဤအရာက သူမသည် လူသားမျိုးနွယ်အပေါ် ဂရုစိုက်ကြောင်းကိုလည်း ပြသနေသည်။

ထိုအရာကိုကြားသောအခါ ကျီဝူကျွင်းက ရပ်တန့်သွားသည်။ သူမသည် ကျန်းချန်ရှန်း စကားကို နားထောင်လိုစိတ်ရှိသေးသည်။

“တာအိုဘိုးဘေး၊ ရှင်လှုပ်ရှားမှာလား”

ကျီဝူကျွင်း က မျှော်လင့်တကြီး မေးလိုက်သည်။ သူမ ခဏ ခေတ္တရပ်လိုက်ပြီး “ဒီလို အပူတွေကို လွှတ်လိုက်မယ်ဆိုရင်၊ သဘာဝဘေးအန္တရာယ်တွေ အဆက်မပြတ် ဖြစ်ပေါ်ပြီးတော့ မရေမတွက်နိုင်တဲ့ ပြည်သူတွေ မီးလောင်ကျွမ်းပြီး သေကြလိမ့်မယ်။ ဒါက နဂါးသွေးတိုက်ကြီးကို သေချာပေါက် ထိခိုက်စေမှာပဲ”

ကျန်းချန်ရှန်း က “ငါက ဒါမျိုးဖြစ်ခွင့်မပေးပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ပြန်တုံ့ပြန်နိုင်တဲ့ လူသားတွေထဲမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး။”

လူသားမျိုးနွယ်၏ အခြားသော စွမ်းအားရှင်များ၏ ခွန်အားကိုလည်း သူမြင်ချင်သည်။ နဂါးသွေးကြော တိုက်ကြီး တစ်ခုတည်းကို ထိခိုက်မည် မဟုတ်ပေ ။ ဆန့်ကျင်ဘက်အားဖြင့် နဂါးသွေးကြော တိုက်ကြီး သည် ဝေးကွာပြီး ပထမဆုံးထိခိုက်မည်မဟုတ်ပေ။

ကျီဝူကျွင်း သည် အသက်ပြင်းပြင်းရှူကာ ပြန်ထိုင်လိုက်သော်လည်း စိတ်မသက်မသာဖြစ်ပြီး ငြိမ်သက်စွာ မလေ့ကျင့်နိုင်တော့ပေ။

ပိုင်ချီ က ရဲရွှင်း ကိုကြည့်ပြီး "မင်းဘာလို့မသွားတာလဲ"

ရဲရွှင်း က ဟစ်အော်လိုက်သည်။ "ငါက ရိုင်းချင်ရိုင်းမယ်။ ငါ လူမိုက်တော့ မဟုတ်ဘူး"

"မင်းဘယ်​သူ့ကို​အော်​​နေတာလဲ"

ပိုင်ချီ၏ဒေါသကို ရင်ဆိုင်နေရကာ ရဲရွှင်းတိ က သူ့အပေါ် အေးစက်သော အကြည့်များကို ခံစားမိချိန်တွင် ပြန်ပြောလိုက်သည်။ သူ အလွန်ကြောက်သွားတာ အလျင်စလိုတောင်းပန်လိုက်သည်။

ကျန်းချန်ရှန်း သည် သူတို့၏ ဟာသများကို လျစ်လျူရှုပြီး ကောင်းကင်ကို စိုက်ကြည့်နေသည်။

မကြာမီ စတုတ္ထနေမင်းကြီး ပေါ်လာသည်။

ကြည့်လိုက်ပါက နေလေးလုံးထက် ပိုသည်။

ကျန်းချန်ရှန်းက က သူ့နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။ နေကိုပစ်သော ဟိုရီ၏ ဒဏ္ဍာရီကို ပြန်လည်လုပ်စရာမလိုတော့ဟု သူမျှော်လင့်ခဲ့သည်။ ၎င်းသည် အမှတ်အမြောက်အများကို ရစေနိုင်သော်လည်း မခန့်မှန်းနိုင်သော ပြဿနာများကိုလည်းယူလာသည်။

ပြဿများထဲတွင် ပါဝင်ရမည်ကို သူ ကြောက်သော်လည်း ပြဿနာကိုတော့ သူမကြောက်ပေ။ အ​ခြေအ​နေက ​မ​​ဖြစ်မနေဆိုပါက ​ ​သူလှုပ်ရှားမည် ဖြစ်သည်။ အနည်းဆုံးတော့ သူ ထွက်ပြေးသွားလိမ့်မည်!

အင်မော်တယ် ကျင့်ကြံသူများသည် အသက်ပိုရှည်ရန်သာ အလိုရှိကြသည်။၊ သို့သော် ခွန်အားရှိလာသည်နှင့် နှလုံးသားဖြင့် လုပ်ဆောင်သင့်သည်။

All Chapters