ကောင်းကင်ကျီးကန်းကို တစ်ယောက်တည်း တိုက်ခိုက်ခြင်း
Vol. 16 Ch. 229
ဒုတိယနေထွက်ပြီး တစ်ရက်ခွဲမပြည့်မီတွင် ကောင်းကင်၌ နေကိုးလုံးပေါ်လာသည်။ မူလနေနှင့်တွဲလျက်၊ ကောင်းကင်၌ နေဆယ်လုံးရှိသည်။
ကမ္ဘာကြီး ပူလာပြီး လုံချီ တောင်၏ မြူခိုးများပင်လျှင် အပူဒဏ်ကြောင့် ပါးလွှာသွားသည်။
ကံကောင်းထောက်မစွာ၊ မဟာကျင်းဒေသ သည် ကံကောင်းခြင်း၏အကာအကွယ်ကိုရရှိထားသောကြောင့် လူအများသည် သိပ်အဆင်မပြေ မဖြစ်ကြပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံခြင်းစွမ်းအားပင်လျှင် တိုးတာသော အပူကို ခံနိုင်မည်မဟုတ်ပေ။
ကောင်းကင်တွင် ရှိနေသော နေဆယ်စင်းသည် အံ့မခန်း မြင်ကွင်းဖြစ်သည်။
တစ်ကမ္ဘာလုံးက သံသယစိတ့နှင့် တုန်လှုပ်နေကြသည်။ သမိုင်းကို ဥပမာပြုပါက ဤကဲ့သို့ နိမိတ်လက္ခဏာသည် ဘေးဆိုးကျရောက်တော့မည်ဟု ဆိုလိုခြင်းဖြစ်ပေမည်။ ခဏတာမျှ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
အကြောက်ဆုံးအရာက ဖြစ်ပျက်လာသည်။
အကြီးဆုံးနေက အနောက်ဘက်တွင် စတင်ဝင်ရောက်လာသော်လည်း နေကိုးလုံးသည် မလှုပ်မယှက်ဖြစ်နေသည်။
ဤနှုန်းဖြင့် နေ့နှင့်ည ကွာခြားမှု မရှိနိုင်တော့ပေ။
ဤအရာသည် ကောင်းသော ကိစ္စတော့ မဟုတ်ပေ။
မြို့တော်တစ်ခုလုံးက ထိုကိစ္စကို ဆွေးနွေးနေကြသည်။ ကျန်းချဲ ပင်လျှင် ထိတ်လန့်သွားပြီး ကျန်းချန်ရှန်းဆီ သို့ သွားရောက်လည်ပတ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ကျန်းချန်ရှန်း စကားမပြောမီ ကျန်းကျန့် က သူ့ကို အမှန်အတိုင်းပြောသည်။ ကျန်းချဲ က "တာအိုဘိုးဘေး၊ စောစောစီးစီး လှုပ်ရှားလိုက်လို့မရဘူး။ ခဏစောင့်ပါ။ မဟာကျင်းဒေသက ပေါ်လွင်လို့မရဘူး”
သူ့စကားက တစ်ကိုယ်ကောင်းဆန်သော်လည်း ထိုအရာနှင့် ပတ်သက်၍ သူတို့ဘာမှ မတတ်နိုင်ပေ။ ကျန်းချန်ရှန်း သည် လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် အစပြုလိုက်သည်နှင့်တစ်ပြိုင်နက် မဟာကျင်းဒေသ သည် နတ်ဆိုးများဘက်တွင် ဆူးငြောင့်တစ်ခု ဖြစ်လာလိမ့်မည်။
ကျီဝူကျွင်း လည်း ဤသဘောတရားကို နားလည်သည်။ ထို့ကြောင့် သူမသည် ကျန်းချန်ရှန်း ကို အကူအညီတောင်းရန် မဝံ့ရဲပေ။ ထို့အပြင် ကျန်းချန်ရှန်း က လှုပ်ရှားခဲ့ပြီးသား ဖြစ်သည်။ သူသည် ကမ္ဘာ့ဖျက်ဆီးရေးသစ်ပင်ကို ဖမ်းဆီးခဲ့သူ ဖြစ်သည်။ ရွှမ်းငှက်နှင့် ပတ်သက်၍ ကျန်းချန်ရှန်း နှင့် ပတ်သက်နေသည်ဟု သူမ ခံစားရသည်။
ကမ္ဘာပေါ်တွင် တာအို ဘိုးဘေးတစ်ဦးတည်းသာ သာလွန်နေမည်လား
ကျီဝူကျွင်း မယုံကြည်ပေ။
ကျန်းချဲ မနေနိုင်တော့ပေ။ အမှန်တရားကို သိပြီးနောက် အလျင်အမြန် ထွက်ခွာသွားသည်။ ဒီကိစ္စကို ရှင်းရမယ်။ မဟုတ်ရင် မဟာကျင်းဒေသ က လူတွေက ဧကရာဇ်ဟာ အရည်အချင်းမရှိသလို ကောင်းကင်က သူ့ကို သည်းမခံနိုင်တော့ဘူးလို့ ထင်ကြလိမ့်မယ်။
ဒါက ခြောက်လှန့်တာမဟုတ်ဘူး။ ပြည်သူတွေအများစုက မဟာကျင်းဒေသကို မျက်စိပဲ ကျနေကြတာ ။ ကမ္ဘာကြီးက ဘယ်လောက်ကြီးတယ်ဆိုတာ မသိကြဘူး။
တစ်ဘက်တွင်။
နတ်ဆိုးမင်း၏အလောင်းကို စုပ်ယူနေသော လင်းဟောက်ထျန်း သည် မော့ကြည့်လိုက်သည်။ နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး “ဘာလို့ နေတွေ ဒီလောက်များနေတာလဲ။ ဘာတွေဖြစ်နေတာလဲ? ကမ္ဘာကြီး ပျောက်ကွယ်တော့မယ်လို့တော့ မပြောကြနဲ့နော်…” သူ အနည်းငယ် စိတ်ရှုပ်သွားသည်။
သူသည် မဟာကျင်းဒေသ ကို ခြေချရုံသာရှိသေးသည်။ သိုင်းပညာ၏ အထွတ်အထိပ်သို့ တက်လှမ်းရုံသာရှိသေးသည်။ သူ ဒီအတိုင်းမသေချင်ပေ။
ကောင်းကင်မိုးကြိုး သိမ်းငှက် သည် နိမ့်ပါးသော အော်ဟစ်သံကို ထုတ်လွှတ်ခဲ့ပြီး မသက်မသာဖြစ်နေသည်။ လင်းဟောက်ထျန်းမှာ နှစ်သိမ့်ပေးရုံမှတပါး ရွေးချယ်စရာမရှိပေ။
"မင်းသေရမယ်ဆိုရင်တောင် အနားမှာငါရှိမှာလေ။ မင်းဘာကိုကြောက်နေတာလဲ!"
ပင်လယ်ပြင်ထက်တွင် မြူမှုန်များ ပြည့်နေသည်။ သင်္ဘောများ ရှေ့သို့ ရွေ့လျားနေသည်။ ကောင်းကင်းရှိ နေမင်းဆယ်စင်းကို ကြည့်ကာ ကုန်းပတ်ပေါ်ရှိ သိုင်းသမား ဆယ်ယောက် ချွေးများကို သုတ်ေနကြသည်။
“နေတွေအများကြီးပဲ ဒါဟာ အန္တရာယ်အကြီးကြီး ကျတော့မဲ့လက္ခဏာပဲ”
“အရမ်းပူတယ်။ ပင်လယ်တွေတောင် ပူလာပြီ။” “အရှေ့ဘက်ကို ကြည့်လိုက်၊ ပင်လယ်ထဲက ခုန်ပေါက်နေတဲ့ ငါးတွေ အများကြီးပဲ။”
"ဘာတွေဖြစ်နေတာလဲ ဘာလို့ နေတွေ ဒီလောက်များနေတာလဲ"
“ငါကြားဖူးတာတော့ ဟိုးရှေးရှေးတုန်းက ကောင်းကင်မှာ နေတွေအများကြီး နှစ်အတော်ကြာကြာ ရှိနေခဲ့လို့ သက်ရှိတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် လောင်ကျွမ်းပြီး သေသွားတယ်တဲ့”
"မင်း တကယ်ပြောနေတာလား။ အဲဒီလောက်ကြာမှာတဲ့လား”
မူမိသားစု၏ သိုင်းသမားတို့သည် အချင်းချင်း ဆွေးနွေးကြပြီး အများစုမှာ စိတ်မသက်မသာဖြစ်နေကြသည်။
မူရွှမ်ကန်း က မူလင်းလော့ ကိုရှာကာ “အင်မော်တယ်နတ်ဘုရားကို ဒီအကြောင်းမေးရမလား။"
မူလင်းလော့ က ခေါင်းခါပြီး “ဒါတွေက နေတွေပါ။ အဘိုး၊ အင်မော်တယ်နတ်ဘုရားအရှင်ကို အပိုနေကိုးလုံးကို ပစ်ချစေချင်နေတာလား။ ကျွန်မတို့ရဲ့ အဓိက ဦးစားပေးကတော့ ဒီပင်လယ်ပြင်ကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့ပါပဲ။”
“ဒါပေါ့”
မူရွှမ်ကန်း က ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိပြီး အခန်းထဲက ချက်ချင်းထွက်သွားသည်။
မူလင်းလော့ သည် ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်များကို မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။
ရွှေရောင် ကျောက်စိမ်းရွက်တစ်ရွက်ကို ကောက်ယူပြီး သက်ပြင်းချလိုက်သည်။
အကယ်၍ ၎င်းသည် နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့ပါက၊ သူမသည် ၎င်းကိုသတ်ရန် ရွှေရောင် ကျောက်စိမ်းရွက်ကို အသုံးပြုနိုင်သည်။ သို့သော် နေမင်းကြီးသည် မြင့်မားကာ ဝေးလွန်းလှသည်။ သူမ ဘယ်လိုသတ်နိုင်မှာလဲ။
သူ့အမြင်အရ နေက ငြိမ်းဖို့ မဖြစ်နိုင်ပေ။ သူမတင်မကဘဲ လူအများစုကလည်း တူညီသော အတွေးများရှိကြသည်။
နောက်တစ်ရက်ကြာသောအခါ အပူချိန် တက်လာပြန်သည်။
မူလနေမင်းကြီးသည် ကောင်းကင်သို့ တစ်ဖန်ပြန်တက်လာပြီး နေကိုးလုံးနှင့် ဆုံစည်းသည်။ နေကိုးလုံး၏ဘေးတွင် အလင်းအစက်လေးများ ပေါ်လာသည်။ ကျန်းချန်ရှန်း ၏ မျက်လုံးများသည် ထူးခြားနေသဖြင့် ထိုအစက်ငယ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုအလင်းအစက်ငယ်များသည် သေးငယ်သော ကောင်းကင်ကျီးကန်းကလေး များဖြစ်သည်။
သူ တွက်ချက်မှုလိုက်သည်။ ကောင်းကင်ကျီးကန်း အဖွဲ့၏ စုစုပေါင်းအင်အားသည် အမှတ်သန်း 80 ကျော်ရှိပြီး ကောင်းကင်ကျီးကန်းကလန် ထက်ဝက်ကျော်ကို ပေးပို့ခြင်းနှင့် ညီမျှသည်။ စီစဥ်ထားမှုသည် ကြောက်မက်ဖွယ်ကောင်းပြီး ပေါင်းစည်းထားသော အပူချိန်သည် အလွန်ပူပြင်းသည်။
ကျန်းချန်ရှန်း က မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ တွေးလိုက်သည်။ "အခုထိဘယ်သူမှ မလှုပ်ရှားသေးဘူးလား။ ဒီကမ္ဘာကြီးမှာ လူသားတွေက ဒီလောက်တောင် သတ္တိနည်းတာလား"
သူကားပြေးရန် အဆင်သင့်ဖြစ်နေပြီ။ သူသည် ကောင်းကင်ရှိ ကောင်းကင်ကျီးကန်း အားလုံးကို ပထမဦးစွာ သတ်ပြီးနောက် မဟာကျင်းဒေသ ၏ လူများကို တာအိုကမ္ဘာဆီသို့ သို့ ထွက်မပြေးမီ ပို့ဆောင်မည်ဖြစ်သည်။ ဤလုပ်ရပ်သည် ကမ္ဘာပေါ်ရှိ လူသားများအတွက် နောက်ဆုံးမျှော်လင့်ချက် ကျန်ရစ်စေခြင်းဟု ယူဆနိုင်သည်။
မတ်တပ်ထရပ်ပြီး သူ့ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။ ကျီဝူကျွင်း က စိတ်လှုပ်ရှားစွာနှင့် " တာအိုဘိုးဘေး၊ ရှင်လှုပ်ရှားတော့မှာလား "
တခြားသူများက သူ့ကို တယောက်ပြီး တယောက် ကြည့်နေကြသည်။
ကျန်းချန်ရှန်း က “မဟုတ်ဘူး၊ ငါက ကြွက်သားတွေနဲ့ အရိုးတွေကို ဆန့်လိုက်တာ၊ အကယ်၍ ကောင်းကင်ကျီးကန်းကလန် လာတယ်ဆိုရင်၊ ငါ မင်းကို ခေါ်သွားနိုင်တယ်။"
ထိုစကားကို ပြောသောအခါ လူတိုင်း အံ့ဩသွားကြသည်။
ပိုင်ချီက က ပထမဦးစွာ အသိဝင်လာသည်။ “မာစတာက သိပ်သဘောကောင်းတာပဲ။ ကျွန်တော့်ကိုလည်း အတူခေါ်သွားပါ။ မာစတာသွားတဲ့နေရာတိုင်းလိုက်ပြီး အလုပ်အကျွေးပြုပါမယ်”
ရဲရွှင်း က "တာအို ဘိုးဘေး၊ ခင်ဗျားတောင်မှ ကောင်းကင်ကျီးကန်းကလန်ကို ရင်မဆိုင်နိုင်တာလား”
ကျန်းချန်ရှန်း က “ဘယ်ဟုတ်မလဲ။ ငါက ပြဿနာကို ကြောက်တာ”
လူတိုင်း တိတ်ဆိတ်သွားသည်။
ကောင်းကင်ရှိ ကောင်းကင်ကျီးကန်းများကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ ၎င်းက အဆုံးမဲ့ပြဿနာများ ယူဆောင်လာနိုင်သည်။
ကျီဝူကျွင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ရှေ့ထွက်လာကာ တာအိုဘိုးဘေးနှင့် ဖိအားများကို မျှဝေရန် ဆန္ဒရှိနေပါက၊ ထိုသို့ဖြစ်မည်လား။
အင်မော်တယ်များပင်လျှင် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ဖိအားများစွာအောက်တွင် ရှိနေမည်ဖြစ်သည်။
သူမသည် မြင့်မြတ်သောမင်းဆက်၏ စစ်မြေပြင်သို့ ရောက်ဖူးပြီး နတ်ဆိုးများ မည်မျှကြောက်စရာကောင်းသည်ကို ကောင်းကောင်းသိသည်။
သို့သော် ထိုလူသား စွမ်းအားရှင်များ၏ အတွေးအမြင်ကိုလည်း သူမ သတိပြုမိသည်။ ကောင်းကင်ကျီးကန်းကလန် က သူတို့ရဲ့ဒေါသကို ဖွင့်ထုတ်နိုင်သရွေ့ ကောင်းသည်ဟု တွေးပြီး ဦးဆောင်ချင်သူ တစ်ယောက်မှ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်သောမင်းဆက်သည် ပျက်သုဉ်းသွားခဲ့ပြီဖြစ်သောကြောင့် လူသားမျိုးနွယ်သည် ကာလအတန်ကြာ ပုန်းအောင်းနေရမည်ဖြစ်သည်။
လူသားမျိုးနွယ်၏ လက်ရှိအင်အားဖြင့် နတ်ဆိုးမျိုးနွယ်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
“တာအိုဘိုးဘေး၊ မဟာကျင်းဒေသ နဲ့ ဧကရာဇ်မင်းတို့ကော ဘယ်လိုလဲ။" ကျန်းကျန့်သည် မနေနိုင်ဘဲ မေးလိုက်သည်။
ကျန်းချန်ရှန်း က "စိတ်ရှည်ရှည်စောင့်ပါဦး"
ထိုစကားများ ပြောပြီးသောအခါ သူသည် လူစုလူဝေးကို ဂရုမစိုက်တော့ဘဲ သူ၏ကြွက်သားများနှင့် အရိုးများကို ဆန့်ထုတ်ရန်သာ အာရုံစိုက်ခဲ့သည်။
နေခွင်းလေး ကို ရရှိပြီးကတည်းက ၎င်း၏ စွမ်းအားကို အပြည့်အဝ သူ မထုတ်နိုင်သေးပေ။ ထို့ကြောင့် သူသည် ဤရတနာကို အလွဲသုံးစားလုပ်မိသည်ဟု ခံစားရသည်။
တာ့ယီကမ္ဘာခွင်းမြား နှင့်အတူဆိုပါက ကောင်းကင်ကျီးကန်းကလန် သည် ဘယ်တော့မှ ပြန်မလာသင့်တော့။
ဒါကိုတွေးပြီး ကျန်းချန်ရှန်း က ထိုအရာကို စောင့်မျှော်နေသေးသည်။
ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လှည့်ကြည့်လိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
လူသားတွေက ဒီလောက် သူရဲဘောမကြောင်ပါဘူး။ သူရဲကောင်းတွေအများကြီး ရှိပါသေးတယ်
သူသည် ကောင်းကင်နှင့်မြေကြီး၏ အကန့်အသတ်မဲ့မျက်လုံးများဖြင့် ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်ရုံနှင့် လူတစ်ဦး ကောင်းကင်သို့ အရှိန်ပြင်းပြင်းဖြင့် တက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် တိမ်လွှာများကို ဖြတ်ကျော်ကာ ကောင်းကင်ကျီးကန်းများ ဆီသို့ ဦးတည်သွားခဲ့သည်။
ဘယ်လောက်တောင်မှ မြန်လိုက်သလဲ !
ကျန်းချန်ရှနိး သည် တစ်ဖက်လူ၏ အင်အားကို တိတ်တဆိတ် တွက်ချက်နေသည်။ [အမှတ် 13,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
အမှတ် ၁၃ သန်း။
ကောင်းကင်ဂူ အဆင့်ကိုး
သူထွက်လာရဲတာ အံ့ဩစရာမရှိဘူးပဲ။ ကမ္ဘာပေါ်ရှိ ကောင်းကင်ဂူ အဆင့်၈ အဆင့်ကိုးများသည် နည်းပါးလွန်းလှသည်။ သန်မာသော စွမ်းအားရှင်များမှာ ဒုက္ခဖြစ်စေမည်ကို ကြောက်ကြတာကြောင့် သည်းခံနေဖို့သာ ရွေးချယ်ကြသည်။ အထူးသဖြင့် မြင့်မြတ်သော မင်းဆက်ကျဆုံးခြင်းမှ လွတ်မြောက်လာသော သိုင်းပညာရှင်များ။
သူတို့သည် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပြီး ထွက်မလာရဲကြပေ။
“နတ်ဆိုးသားရဲတွေ၊ ငါတို့လူသားမျိုးနွယ်ထဲမှာ ဘယ်သူမှမရှိဘူးလို့ တကယ်ထင်နေတာလား။
ခရမ်းရောင်ဝတ်ထားသော အမျိုးသားသည် လေထဲသို့ လျင်မြန်စွာ ထလာသည်။ သူ့မျက်လုံးများသည် လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပြီး ချောမောသော မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းနေသည်။
သူ့နာမည်က ကွမ်းထုံယို ဖြစ်ပြီး နှစ်ငါးရာကြာ သိုင်းပညာကို လေ့ကျင့်နေခဲ့သည်။ သူသည် မြင့်မြတ်သော မင်းဆက်မှ မဟုတ်သော်လည်း ပင်လယ်ပြင်တွင် သွားလာရင်း ထိုက်တန်သော ပြိုင်ဘက်ကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ထို့ကြောင့် သူသည် အလွန်မာနကြီးသည်။
ဘေးဆိုးကြီးတစ်ခု ကျရောက်နေပြီ မည်သူမျှ ရှေ့ကို မတိုးဝံ့ပေ။ ထိုအခြေအနေမျိုးတွင်၊ သူ ကွမ်းထုံယို သည် ရှေ့သို့ တိုးသွားပေမည်။
မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ယောက်တည်းနေပြီး ကမ္ဘာကို လှည့်ပတ်နေခဲ့သည်။ နတ်ဆိုးများ၏ လက်တုံ့ပြန်မှုကို သူ မကြောက်ချေ။
အမြင့်ကို ပျံသန်းလာသည်နှင့်အမျှ ကောင်းကင်ပြာသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အမှောင်ထုက အစားထိုးလာသည်။
နေကိုးလုံးကို ပတ်လည်တွင် မီးတောက်များနှင့် မြင် ရသည် ။ သူတို့သည် သေးငယ်လွန်းသည်။
ကွမ်းထုံယို က သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ပတ်မှ အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ သူ့လက်ထဲတွင် ပုဆိန်ရှည် ပေါ်လာပြီး ချီများ သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။ နဂါးနှင့် ကျားတို့သည် သူ့ခန္ဓာကိုယ်အနှံ့ ဝိုင်းရံထားသကဲ့သို့ပင်၊ သူ့အား ရပ်တန့်၍ မရနိုင်သကဲ့သို့ဖြစ်စေသည်။
သူ၏ ရောင်ဝါသည် ကောင်းကင်ကျီးကန်းများ ကိုလည်း ထိန်လန့်သွားစေသည်။ ကြီးမားသော ကောင်းကင်ကျီးကန် ကိုးကောင်သည် တစ်ခုပြီးတစ်ခု လှည့်သွားကာ အခြားသော သေးငယ်သော ကောင်းကင်ကျီးကန်း များလည်း အလားတူပင်။
သေးငယ်သယောင်ထင်ရသော ကောင်းကင်ကျီးကန်း များသည် အမှန်တကယ် အလွန်ကြီးမားသည်။ သို့သော်လည်း ကြီးမားသော တိမ်တိုက်ကြီးပေါ်ရှိ မီးတောက်များသည် နေကဲ့သို့ ပိုမိုပြင်းထန်ပြီး ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
မကြာခင်မှာပဲ၊ ကွမ်းထုံယွီသည် အမြင့်ဆုံး တိမ်တိုက်များဆီသို့ ရောက်လာပြီး ကောင်းကင်ကျီးကန်း ကို မော့ကြည့်လိုက်သည်။ မီး၏အလင်းသည် သူ့မျက်နှာ၌ ထွန်းလင်းနေကာ မကြောက်မရွံ့ ဒေါသများနှင့် ပြည့်နေသည်။
ကောင်းကင်ကျီးကန်း အဖွဲ့တစ်ဖွဲ့၏ရှေ့တွင်၊ သူသည် ကောင်းကင်ယံ၌ ပြည့်နေသော အင်မော်တယ်များနှင့် နတ်ဘုရားများနှင့် ရင်ဆိုင်ရသကဲ့သို့ သူသည် လွန်စွာမှ မထင်ရှားလှပေ။
"လူသားသိုင်းပညာရှင်၊ မင်းက ငါတို့ကို တစ်ယောက်တည်း ဘယ်လိုတောင် ရင်ဆိုင်ရဲတာလဲ။ ငါတိုအကြောင်းကိုရော မင်းသိလား"
အကြီးဆုံး ကောင်းကင်ကျီးကန်း က ကွမ်းထုံယို ကို အထင်အမြင်သေးစွာဖြင့် အေးစက်စွာ မေးလိုက်သည်။
ကွမ်းထုံယို က ဒေါသတကြီးနှင့် “ ကောင်းကင်ကျီးကန်း၊ မင်းမျိုးရိုးက နေကို ကိုယ်စားပြုတယ်၊ ဒါပေမယ့် မင်းလုပ်ရပ်တွေက မင်းအဆင့်အတန်းနဲ့ ထိုက်တန်ရဲ့လား"
ကောင်းကင်ကျီးကန်း က အေးစက်စွာပြောသည် "အဆုံးမဲ့သမုဒ္ဒရာထဲမှာ ငါ့မျိုးနွယ်ရဲ့ ဂျူနီယာလေး ပျောက်ကွယ်သွားတာက မင်းတို့လူသားတွေကြောင့်ပဲ ဖြစ်ရမယ်။ သိုင်းပညာ လေ့ကျင့်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို သိလို့ တစ်ယောက်တည်း လာဝံ့တာကို ကြည့်ပြီး ငါတို့က မင်းကို ထွက်လမ်းပေးမယ်။ ငါတို့မျိုးနွယ်ရဲ့ ဂျူနီယာလေးကို မင်းရှာတွေ့ရင် ငါတို့မီးတောက်တွေကို ဖယ်ပစ်မယ်"
ထိုအရာကို ကြားသောအခါ ကွမ်းထုံယို က ရယ်မောလိုက်သည်။
"ဟားဟားဟားဟားဟား။ မင်းရဲ့ဂျူနီယာက လူသားမျိုးနွယ်ကို သက်သက်မဲ့ သတ်ဖြတ်ပြီး အဖမ်းခံလိုက်ရတာ။ ဒါတောင် လူသားမျိုးနွယ်စုက ရိုင်းစိုင်းတယ်တဲ့လား။ ငါ မင်းတို့ဆီကို ဝင်ပြီး တိုက်ရင် မင်းတို့ငါ့ကို ဖမ်းပြီးသတ်မှာပဲမလား။ ယုတ်မာတဲ့သားရဲကောင်တွေ၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ဒီခဏမှာ နိမ့်ကျနေပေမဲ့ နောက်ဆုံးမှာ လူသားမျိုးနွယ်က အရာခပ်သိမ်းရဲ့ အုပ်စိုးရှင် ဖြစ်လာလိမ့်မယ်။ ဒီနေ့ လူသားမျိုးနွယ်အတွက် မင်းျို့ လူယုတ်မာတွေကို ငါသတ်ပစ်မယ်!"
ကွမ်းထုံယို့ က ထိုစကားကို ပြောပြီးနောက် သူ့မျက်လုံးများ ကျဉ်းမြောင်းလာပြီး ကောင်းကင်ကျီးကန်း ဆီသို့ ရုတ်တရက် ခရမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ.တိုးဝင်သွားသည်။ သူ့အရှိန်က အလွန် မြန်တာကြောင့် ကောင်းကင်ကျီးကန်း၏ အကြီးဆုံးခေါင်းဆောင်နှင့် ချက်ချင်း တိုက်မိသွားသည်။ သူသည် ပုဆိန်ရှည်ကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ ကောင်းကင်ကျီးကန်း ခေါင်းဆောင်ကို ထိုးလိုက်သည်။
ဘုန်း
ကောင်းကင်ကျီးကန်း ခေါင်းဆောင်၏ မီးတောက်များ တောက်လောင်လာပြီး အခြား ကောင်းကင်ကျီးကန်း များသည် ကွမ်းထုံယို ကို ဝိုင်းရံထားကြသည်။ သူတို့သည် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များကို ပို့လွှတ်ကြသည်။
ကွမ်းထုံယို ၏ချီက သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားကာ၊ သူ့၏ ပုဆိန်ရှည်သည် ကောင်းကင်ကျီးကန်း ခေါင်းဆောင်၏ နဖူးကို ထိုးဖောက်၍မရပေ။ မီးပင်လယ်ထဲမှ ခုန်ချရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ကောင်းကင်ကျီးကန်းကလန် အဖွဲ့ဝင်များသည် တယောက်ပြီးတယောက် လှည့်ကြည့်ကြပြီး ကောင်းကင်ဂူ အဆင့်ကိုးတွင်ရှိသော ကောင်းကင်းကျီးကန်း ကြီးနှစ်ကောင်သည် သူ့ဆီသို့ ပြေးလာကြသည်။
ဒေါသတကြီးအော်သံနှင့်အတူ ကွမ်ထုံယို၏နောက်တွင် တိမ်လွှာများ ဖုံးလွှမ်းသွားသည် အားလုံးမှာ ကောင်းကင်ဂူအဆင့်၉ ဖြစ်ပြီး ၎င်းတို့အားလုံးသည် စွမ်းအားကြီးမားကာ အကန့်အသတ်မရှိပေ။ ချက်ခြင်းဆိုသလိုပင်၊ ကောင်းကင်ဂူ ကိုးခုသည် သူ့ခန္ဓာကိုယ်ထဲသို့ မြုပ်ဝင်သွားပြီး၊
ကြောက်မက်ဖွယ်ကောင်းသော ချီသည် ခရမ်းရောင်ချီအဖြစ်သို့ ပြောင်းလဲသွားပြီး ကြီးမားသော ကောင်းကင်ကျီးကန်း နှစ်ကောင်နှင့် လျင်မြန်စွာ တိုက်မိကာ ၎င်းတို့ကို ဆုတ်ခွာသွားစေသည်။ ခရမ်းရောင်ရေစီး၏ အရှိန်သည် ကောင်းကင်ကျီးကန်း ၏မီးတောက်များထက်ပင် ပို၍ပြင်းထန်သည်။
ကွမ်ထုံယို က မရပ်ပေ။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခရမ်းရောင်ရေစီးထဲသို့ ကျဆင်းသွားပြန်သည်။ ခရမ်းရောင်ရေစီး၏ စွမ်းအားသည် အလွန်တိုးမြင့်လာပြီး ကြီးမားသော တိမ်တိုက်နှစ်ခုကို ချေမှုန်းပစ်လိုက်သည်။ ကောင်းကင်ကျီးကန်း နှစ်ခုပေါ်ရှိ မီးတောက်များ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နီမြန်းသော ခန္ဓာကိုယ်ကို ပေါ်လွင်လာစေသည်။
“အသေပဲကွ”
ကွမ်းထုံယို က အော်ဟစ်လိုက်သည်။ သူ့လက်ထဲရှိ ပုဆိန်ရှည်ကို ရုတ်တရက် လှည့်ပြီး အလျားလိုက် ဖိလိုက်သည်။ ခရမ်းရောင်ရေစီးကြောင်းတွင်ပါဝင်သော ချီသည် ကြီးမားသော ကောင်းကင်ကျီးကန်းနှစ်ကောင်၏ အရေပြားကို ဖြတ်တောက်ပေးသည့် ချွန်ထက်သောဓားများအဖြစ် ပေါင်းစပ်သွားခဲ့သည်။ အနီရောင် အမွေးအတောင်များက လွင့်စင်၍ ပွက်ပွက်ဆူနေသော သွေးများ စီးကျလာကာ ငိုကြွေးသံများ ထွက်လာသည် ။