လေးကိုဆွဲပြီး နေကိုပစ်၊ ကောင်းကင်နှင့်မြေကြီးတို့၏ အရိပ်များ ပျောက်ဆုံးသွားခြင်း
Vol. 16 Ch. 230
ကျန်းချန်ရှန်း သည် ကွမ်းထုံယို ၏ အစွမ်းထက်သော စွမ်းဆောင်ရည်ကို သဘောကျသည်။ ယခုအချိန်တွင် ရှေ့ထွက်လာရဲသော သိုင်းပညာရှင်သည် ပြိုင်ဘက်ကင်းသော ကျင့်ကြံသူ ဖြစ်ရမည်။ ဒေါသထွက်နေသော ကွမ်းထုံယို သည် ကောင်းကင်ကျီးကန်းကလန် ကို အမှန်တကယ် နှိမ်နင်းနိုင်သည်။
အမှတ်အရပြောရမည်ဆိုပါက ကောင်းကင်ကျီးကန်းများမှာ သူ့ပြိုင်ဘက်မဟုတ်ပေ။
သို့သော်၊ ဤ ကောင်းကင်ကျီးကန်းများအုပ်စု၏ စုပေါင်းတန်ဖိုးသည် ကွမ်းထုံယိုထက် ခြောက်ဆပိုများသည်။
အထူးသဖြင့် ကောင်းကင်ကျီးကန်းအုပ်စု ၏ခေါင်းဆောင်အတွက် ဖြစ်ပေသည်။ ၎င်း၏ အမှတ်မှာ ကွမ်းထုံယိုထက် နိမ့်သော်လည်း ၎င်း၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ၎င်း၏ မီးတောက်များသည် အခြားသော ကောင်းကင်ကျီးကန်း များနှင့် သိသိသာသာ ကွဲပြားသည်။ တိုက်ခိုက်စဉ်တွင်၊ ကွမ်းထုံယို၏ ချီကို လောင်ကျွမ်းစေပြီး တစ်လှမ်းဆင်း ပြန်ဆုတ်သွားစေရန် ဖိအားပေးနိုင်သည်။
ကွမ်ထုံယို သည် သိုင်းပညာနည်းစနစ်မျိုးစုံကို အသုံးပြုခဲ့သည်။ တရားမျှတမှု မရှိသော တိုက်ပွဲကို တိုက်နေရသော်လည်း မကြောက်ရွံ့။ ဤအရာကိုကြည့်ခြင်းအားဖြင့်၊ ကွမ်းထုံယို သည် သေသည်အထိ တိုက်ခိုက်ရတော့မည်ဖြစ်သည်။
ကျမ်းချန်ရှန်း စိတ်မကောင်းဖြစ်သွားသည်။ ဘာလို့ လူတစ်ယောက်ပဲရှိနေရတာလဲ။
အကယ်၍ သူသာ အခုလှုပ်ရှားလိုက်ရင် နတ်ဆိုးတွေရဲ့ ပစ်မှတ်ဖြစ်သွားလိမ့်မယ်။
ထားလိုက်တော့။ ဒီလူကို ကယ်ရမယ်။
ကျန်းချန်ရှန်းသည် ကွမ်းထုံယိုကို မသိသော်လည်း သူ၏ သတ္တိကြောင့် သူ့အသက်ကို ကယ်တင်ရန် ဆန္ဒရှိသည်။
နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကြုံလာမဲ့အရာတွေအားလုံးကို ရင်ဆိုင်ဖြေရှင်းလိုက်မယ်။ မနိုင်ရင် ပြေးမယ်။ သူပိတ်မိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ကျမ်းချန်ရှန်း သည် နေခွင်းလေးကို ထုတ်ယူလိုက်သည်။ ထွက်လာသည်နှင့် တပြိုင်နက် လေးပေါ်ရှိ ကျောက်မျက်များသည် တောက်ပသော အလင်းရောင်မျိုးစုံကို ထုတ်လွှတ်လိုက်ရာ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။
ထိုအရာကို မြင်သောအခါ အားလုံးစိတ်လှုပ်ရှားနေကြသည်။
“မာစတာ အခုလှုပ်ရှားတော့မှာလား”
“တာအိုဘိုးဘေး နေတွေကို ပစ်ချဖို့ ဒီလေးကိုသုံးမလို့လား”
“အဲဒါ… အဲဒါက ကောင်းကင်ကျီးကန်းနော်။ ပစ်သတ်နိုင်ပါ့မလား”
“ တာအိုဘိုးဘေးရဲ့ လေးပညာက ပြိုင်ဘက်ကင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့လေးကို နေခွင်းလေးလို့ ခေါ်တယ်”
“ဒီလေးက နေကို တကယ်ကြီး ပစ်ချနိုင်မယ်လို့ မထင်ထားခဲ့ဘူး”
ကျီဝူကျွင်း အပါအဝင် လူတိုင်းက ကျန်းချန်ရှန်း ကို သဘောကျစွာ ကြည့်နေကြသည်။
တာအိုဘိုးဘေး ပစ်သောမြားကို ဓားနတ်ဘုရားက မှတ်မိသည်။ ကျီဝူကျွင်း သည် တာအိုဘိုးဘေးက ကမ္ဘာ့ဖျက်ဆီးရေးသစ်ပင်ကို ပစ်ခဲ့သည့် မြားကို သတိရလိုက်သည်။
ကျန်းချန်ရှန်းက လေးကို ဘယ်လက်နဲ့ မြှောက်လိုက်ပြီး ညာလက်က လေးညှို့ကို ဖြည်းညှင်းစွာ ဆွဲယူရင်း ကောင်းကင်က နေကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
ဓားနတ်ဘုရားက တုန်လှုပ်ချောက်ချားပြီး “မင်း ဒီကနေ ပစ်မှာလား”
ကျန်းချန်ရှန်းက သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး "ဘာပြဿနာရှိလို့လဲ။ ပစ်လို့မရဘူးလား"
“ဘာလို့ တခြားတစ်နေရာကနေ မပစ်တာလဲ။ ဒါကနတ်ဆိုးတွေကို အထင်လွဲသွားစေနိုင်တယ်လေ”
“မလိုပါဘူး။ ကောင်းကင်ကျီးကန်း ကလန်က ဒီနေရာမှာ ရှိနေသရွေ့၊ သူတို့ရဲ့လူကို သတ်ဖြတ်ခဲ့တဲ့ လူရဲ့ အရောင်အဝါကို မှတ်မိနိုင်တယ်။ ဘယ်မှာ ပုန်းနေပါစေ သူတို့ရဲ့အရှိန်အဝါကို အာရုံခံလို့ရတယ်။ ဒါကြောင့် ဘယ်နေရာမှာပဲ ပုန်းပုန်း၊ တာအိုဘိုးဘေးက မဟာကျင်းဒေသကနေ မထွက်သွားသရွေ့ နောက်ဆုံးမှာ ကောင်းကင်ကျီးကန်းကလန် က ခြေရာခံနိုင်သွားမှာပဲ။ ရိုးရိုးသားသားပြောရရင် တာအိုဘိုးဘေးရဲ့ အကာအကွယ်မရှိရင်၊ မဟာကျင်းဒေသ ကို အနီးအနားနိုင်ငံတွေက အလွယ်တကူ ဝါးမြိုသွားလိမ့်မယ်။ နဂါးအိမ်တော်က က ကျန်း မိသားစုရဲ့ အုပ်စိုးမှုကို ဖျက်စီးပစ်နိုင်တယ်။”
ကျီဝူကျွင်း ခေါင်းယမ်းလိုက်သည်။ ဓားနတ်ဘုရားသည် ဤစကားကိုကြားသောအခါ သူ၏အမူအရာသည် လေးနက်လာသည်။
ကျမ်းကျန့် က " တာအိုဘိုးဘေးက လူသားမျိုးနွယ်အတွက် ဒါကို လုပ်နေတာ။ လူသားမျိုးနွယ်မှာ မဟာကျင်းဒေသလည်း ပါဝင်တယ်။ အကျိုးဆက်ကို မဟာကျင်းဒေသပါ အတူတူ ခံပါစေ”
သူသည် ဧကရာဇ်မိသားစုဝင်တစ်ဦး ဖြစ်သောကြောင့် ၎င်းကိုပြောရန် အရည်အချင်းပြည့်မီသည်။
ကျန်းချန်ရှန်း က “တော်ပြီ။ အေးအေးဆေးဆေးပဲ စောင့်ကြည့်ကြတော့။ ဒီနေ့ သိုင်းပညာကို ပြင်းပြင်းထန်ထန်ကြိုးစားနေသရွေ့ နေနဲ့လကို ပစ်ချနိုင်ပြီး ကောင်းကင်က အက်ကွဲသွားနိုင်တယ်ဆိုတာ မင်းတို့ကို ငါပြမယ်”
ထိုအရာကို ကြားသောအခါ အားလုံး၏ စိတ်ဓာတ်များ တက်ကြွလာကြသည်။ အားလုံးက ကျန်းချန်ရှန်း ကို ထိတ်လန့်တကြားနှင့် မျှော်လင့်တကြီး ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင်…
ကွမ်းထုံယို သည် ပြင်းထန်သော တိုက်ပွဲအတွင်း ကျရောက်သွားသည်။ သူ့တစ်ကိုယ်လုံး မီးများဝန်းရံနေသည်။ ကံကောင်းထောက်မစွာ၊ သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် သူ၏ချီ ရှိသေးသည်။ သို့ရာတွင် ထိုအရာက သူ၏ချီကို အလွန်အကျွံ အသုံးပြုလိုက်ရသည်။
"ချီးပဲ…"
ကွမ်းထုံယိုက အံကြိတ်လိုက်သည်။ သူသည် သူ၏ ပုဆိန်ရှည်ကို ညာလက်ဖြင့် ဝှေ့ယမ်းကာ ဘယ်ဘက်ဖြင့် သိုင်းပညာ နည်းစနစ်များကို သုံးနေသည်။ သို့သော် အဘက်ဘက်၌ ရှိနေသော ကြောက်မက်ဖွယ်ကောင်းသော မီးပင်လယ်ကို မချေဖျက်နိုင်။
ဤ ကောင်းကင်ကျီးကန်း အဖွဲ့မှ မီးတောက်များသည် မိုင်ထောင်ပေါင်းများစွာ အချင်းဝက်ရှိသော မီးပင်လယ်ကို ဖြစ်ပေါ်စေသည်။ အပူချိန်သည် အလွန်မြင့်မားပြီး အသက်တစ်ရှိုက်အတွင်း သေမျိုးများကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေလောက်အောင် မြင့်မားသည်။
ထိုအချိန်တွင်၊ ကွမ်းထုံယို သည် အခြေအနေမကောင်းကြောင်း သဘောပေါက်သော်လည်း မတုန်လှုပ်ပေ။
ယင်းအစား အချိန်ကို ဆက်တွဲထားသည်။ လူသားများကြားတွင် သူ့ကို တစ်ယောက်တည်း တိုက်ခိုက်ရသည်အထိ ပစ်မထားနိုင်သော ပညာရှင်များ ရှိမည်ဟု သူယုံကြည်သည်။
လူသားများတွင် ခေါင်းဆောင်တစ်ဦးသာ ချိုတဲ့နေခြင်းဖြစ်သည်။ သူသည် နတ်ဆိုးများ၏ အဓိကမုန်းတီးမှုကို ခံယူရန် ဆန္ဒရှိနေသည်။
ဤအတွေးသည် အလွန်ခိုင်မာလွန်းရခြင်းမှာ သူ၏ဘဝတွင် သာလွန်ကောင်းမွန်သော ကျွမ်းကျင်သူများနှင့် ထူးခြားသော လူများစွာနှင့် တွေ့ဆုံခဲ့ရသောကြောင့်ဖြစ်သည်။ သူ့အမြင်တွင် လူသားများသည် နတ်ဆိုးများထက် ပျော့ညံ့ကြသည် မဟုတ်ပေ။ မစည်းလုံးကြခြင်းသာ ဖြစ်သည်။
လူသားများ ခက်ခဲကြမ်းတမ်းသော အခြေအနေကို ကြုံလာသောအခါ စည်းလုံးညီညွတ်ကြမည်မှာ သေချာသည်။
ထို ခက်ခဲကြမ်းတမ်းသော အခြေအနေမှာ မကြာခင် ရောက်လာတော့မည်။
ရုတ်တရက် ကောင်းကင်မှ ခြေသည်းကြီးတစ်ခု ဆင်းသက်လာပြီး မီးအိုင်အား ငြိမ်းသတ်လိုက်သည်။ ၎င်းသည် ထိုက် တောင်ကဲ့သို့ ပြိုကျသွားသည်။ ကွမ်းထုံယို သည် ၎င်းကိုပိတ်ဆို့ရန် မသိစိတ်က သူ၏ ပုဆိန်ရှည်ကို မြှောက်လိုက်သည်။ မထင်မှတ်ထားသော စွမ်းအားတစ်ခု ရောက်လာကာ သွေးအန်ပြီး လဲကျသွားသည်။ ပုဆိန်သည် တုန်ခါသွားပြီး သူ၏ချီ သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။
မိုင်ရာနှင့်ချီ၍ ပြုတ်ကျပြီးနောက် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ သူမော့ကြည့်လိုက်သောအခါ ကောင်းကင်ကျီးကန်း ခေါင်းဆောင်က သူ့ဆီသို့ ပါးစပ်ဖွင့်လာသည်ကို တွေ့လိုက်ရသည်။ လူးလိမ့်နေသော မီးတောက်များသည် ၎င်း၏နှုတ်သီး၌ ဝဲဂယက်အဖြစ် ပေါင်းစပ်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားများ လျင်မြန်စွာ စုစည်းလာသည်။
ထိုအချိန်တွင် သူသည် အင်မော်တယ် နတ်ဘုရား၏ မီးဖိုထဲတွင် ရှိနေသကဲ့သို့ ခံစားရသည်။ သူ၏ နေရာတိုင်းတွင် မီးဝိုင်းထားသည်။ မျှော်ကြည့်သောအခါတွင် ကောင်းကင်ကျီးကန်းခေါင်းဆောင်၏ ဦးခေါင်းကို တွေ့လိုက်ရသည်။ အလွန်ကြီးမားပြီး ဖိအားခံစားရသည်။ ကွမ်းထုံယို သည် ယခုကဲ့သို့ အင်အားမရှိဟု မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
"ချီးပဲ”
ကွမ်းထုံယို သည် အတွေးအားလုံးကို ဘေးဖယ်ထားရင်း မျက်လုံးများ နီရဲလာသည်။
သူအဆုံးထိ တိုက်သွားမယ်!
သိုင်းပညာလမ်းစဉ်နဲ့အညီ!
သူသည် လူသားမျိုးနွယ်တွင် မွေးဖွားခဲ့ပြီး သိုင်းပညာသည် လူသားမျိုးနွယ်မှ ဆင်းသက်လာသည်။ လူသားမျိုးနွယ်အတွက် တိုက်ပွဲတွင် သေသင့်သည်။
ကွမ်းထုံယိုက အော်ဟစ်ပြီး တိုက်ခိုက်ရန် သူ၏ ပုဆိန်ရှည်ကို မြှောက်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွမ်းထုံယို သည် အကြားအာရုံ ဆုံးရှုံးတော့မည်ဟု ခံစားလိုက်ရသည်။ သူ့ရှေ့မှာရှိနေသည်ကို မြင်သောအခါ မယုံကြည်စိတ်နှင့် မျက်လုံးပြူးသွားသည်။ ကောင်းကင်ကျီးကန်း ခေါင်းဆောင်၏ ဦးခေါင်းကို မထိုးဖောက်မီ မီးပင်လယ် ကြီးမားသော ရွှေရောင်အလင်းတန်းတစ်ခု ပစ်ခွင်းဝင်လာသည်ကို မြင်လိုက်ရသည်။
ဟုတ်တယ်
ဖောက်ဝင်သွားတာ
မိုးသဲသဲမဲမဲ ရွာချသကဲ့သို့ သွေးများ စီးကျလာသည်။ သူရပ်ပြီး ဒီမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေလိုက်သည်။
သူသည် ကောင်းကင်ကျီးကန်း ခေါင်းဆောင်၏ ခွန်အားကို ခံစားဖူးပြီးဖြစ်သည်။ ထိုမြှားသည် ကောင်းကင်ကျီးကန်း ခေါင်းဆောင်၏ ဦးခေါင်းကို တခဏချင်း ထိုးဖောက်နိုင်စေရန် မည်မျှ အစွမ်းထက်ခဲ့သနည်း။
မကြာသေးမီက မြို့တော်၌…
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြို့တွင်းရှိ သာမန်ပြည်သူများနှင့် သိုင်းပညာရှင်တို့သည် မသိစိတ်က ခေါင်းလှည့် လိုက်ကြသည်။ ခေါင်းမလှည့်မီတွင် ကောင်းကင်၌ နေဆယ်စင်းဆီသို့ ရွှေရောင်အလင်းတန်းတစ်ခု လင်းထိန်သွားသည်ကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်မသွားမီ အလွန်လျင်မြန်သော အရှိန်ဖြင့် မြင်လိုက်ရသည်။
သူတို့ လှည့်ကြည့်လိုက်သောအခါ တောင်၏တစ်ဝက်လောက်ကို မြင်နေရသည့် လုံချီ တောင်ကို ဖုံးလွှမ်းနေသည့် မြူခိုးတိမ်အပေါက်ကြီးကို တွေ့လိုက်ကြရသည်။
သူတို့ မည်သည့်အရာမှ မတုံ့ပြန်နိုင်သေးခင် မြေကြီးအက်ကွဲစေသည့် နောက်ထပ် ရွှေရောင်အလင်းတန်းတစ်ခု ကို ပစ်လွှတ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ရွှေရောင်အလင်းတန်းများသည် ကြယ်များကြွေကာ ကောင်းကင်သို့ တစ်လုံးပြီးတစ်လုံး ပစ်ကျလာသကဲ့သို့ ဖြတ်သွားကြသည်။ ကောင်းကင်ယံ၌ တိမ်ပင်လယ်ကြီးသည် အပိုင်းလိုက် ကွဲထွက်သွားသည်မှာ အလွန်အံ့မခန်းဖွယ်ကောင်းလှသည်။
မြို့တော်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
" တာအိုဘိုးဘေး လှုပ်ရှားလာပြီ”
" တာအိုဘိုးဘေးက မဟာကျင်း အတွက် အင်အားကြီးတဲ့ ရန်သူတွေကို ချေမှုန်းဖို့ အသုံးပြုခဲ့တယ် ဆိုတာ ငါ့အဖိုးဆီက ကြားဖူးတယ်"
“ဟုတ်တယ်။ ဒွန်ဟိုင် မင်းဆက်ရဲ့ ဆိပ်ကမ်းကို တာအိုဘိုးဘေးက အဝေးကနေ ဖျက်ဆီးခဲ့တယ်လို့ ဆိုကြတယ်။ မြားတစ်စင်းတည်းက ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တာပဲ”
" တာအိုဘိုးဘေးက အရမ်းစွမ်းအားကြီးတာပဲ။ ဒါက ဘာကိုဆိုလိုတာလဲ... သူက နေတွေကို ပစ်ချတော့မှာလား။"
“ဟစ်… နေကို ပစ်ချမယ်။ အဲဒါက အရမ်းကြောက်စရာမကောင်းလွန်းဘူးလား”
“ နင် ဘာတွေပြောနေတာလဲ။ တာအိုဘိုးဘေးက အင်မော်တယ်လေ။ နေနဲ့လက သူ့လက်ထဲမှာ ရှိတာ။ သူ နေအပိုတွေကို ပစ်လိုက်တော့ရော ဘာဖြစ်မှာမလို့လဲ။ တာအို ဘိုးဘေးက ကြယ်တွေကို ဆွတ်ပြီး လကို သိမ်းပိုက်နိုင်တာပဲ”
မြို့ကလူများအားလုံး စိတ်လှုပ်ရှားစွာဆွေးနွေးကြစဥ် ကမ္ဘာကြီးက အရောင်ပျက်သွားပြီး လူတိုင်း၏ အသံများ ရပ်သွားသည်။
တစ်ကမ္ဘာလုံးတွင် အဖြူရောင်သာ ကျန်တော့သည်။ အားလုံး ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်တွင် နေများ တစ်ခုပြီးတစ်ခု ပေါက်ကွဲနေသည်ကို မြင်လိုက်ရပြီး အံ့မခန်းပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သို့သော်လည်း ပြင်းထန်သောအလင်းရောင်တွင် သူတို့သည် ထိုအရာများကို မမြင်နိုင်ပေ။
လူတိုင်းစိတ်လွတ်သွားသည်။
တာအိုဘိုးဘေးက နေကို တကယ်ပစ်ချနေတာလား
တစ်ချိန်တည်းမှာပင် လုံချီ တောင်၏ဝင်းထဲ၌…
ကျီဝူကျွင်း သည် ကျန်းချန်ရှန်း ကိုကြည့်ရင်း ပါးစပ်ကိုဖွင့်ကာ တုန်လှုပ်သွားသည်။
ကျန်းချန်ရှန်း တကယ်လုပ်နိုင်မည်ဟု သူမ ထင်ခဲ့သော်လည်း သူတကယ်လုပ်လိုက်သော အခါ၌လည်း ထိတ်လန့်မှုမှာ ဖော်မပြနိုင်လောက်အောင်ပင်။
တခြားသူများမှာလည်း သူမနှင့် အတွေးတူကြသည်။ ကျန်းချန်ရှန်းနောက်ကို အချိန်အကြာဆုံး လိုက်ပါခဲ့သည့် ပိုင်ချီ ပင်လျှင် တုန်လှုပ်ချောက်ချားသွားသည်။
ကျန်းချန်ရှန်း သည် သူ၏ လေးကို ဆွဲတင်သည့် အနေအထားကို ထိန်းသိမ်းထားသည်။ သူ၏ ၀တ်ရုံသည် လှုပ်ခါသွားသော်လည်း သူ၏ ကိုယ်ဟန်အနေအထားမှာ ကျောက်တုံးကဲ့သို့ တည်ငြိမ်နေပြီး သူ့မျက်နှာပေါ်တွင် အပြောင်းအလဲမရှိပေ။ ညာလက်က လေးညှို့ကို ထပ်ဆွဲလိုက်ပြီး “ မင်းတို့အားလုံး ဒီမှာရှိနေမှပေါ့ အားလုံးတစ်ယောက်ချင်းစီ ဘာလို့ လူပြန်မဝင်စားရမှာလဲ”
နတ်ဆိုးသူတော်စင် ၏အလောင်းဘေးတွင် လင်းဟောက်ထျန်း သည် အလွန်ပူပြင်းလွန်း၍ တုန်လှုပ်နေကာ သွေးကို ထပ်မံစုပ်ယူနိုင်ခြင်းမရှိပေ။ လောလောဆယ်တော့ ကောင်းကင်ကြီးကို ကျိန်ဆဲနေသည်။
“ သောက်ကောင်းကင်ဘုံ၊ တကယ်ကြီးကို နေတွေအများကြီး ထုတ်လွှတ်ထားတယ်”
“အို့ ဘုရားရေ အဲဒီနေတွေကို ဘယ်သူပစ်ချနိုင်မှာလဲ။ နေတစ်စင်းနဲ့တင် လုံလောက်ပါပြီ" “စီနီယာ၊ စီနီယာ ခငိဗျားရှိနေလား။ ကောင်းကင်က အခြေအနေကို ခင်ဗျား ဖြေရှင်းနိုင်မလား”
"အင်း၊ ထားလိုက်ပါတော့ ကျွန်တော်အရမ်းတောင်းဆိုမိနေပြီ…”
လင်းဟောက်ထျန်း ကျိန်စာတိုက်ရင်း ရုတ်တရက် ရပ်သွားသည်။
မျက်လုံးပြူးပြီး ကောင်းကင်တစ်ဖက်ခြမ်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ကောင်းကင်ကို ဖြတ်၍ အမြင့်၌ရှိနေသော နေရောင်များကို ရိုက်ခတ်သွားသည်။ သိပ်မကြာခင်မှာပဲ တောက်ပသော အလင်းရောင်တစ်ခုက ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သမုဒ္ဒရာ၏ အရောင်မှာ ကွယ်ပျောက်သွားသည်။
မသိစိတ်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
"ငါ ဉာဏ်အလင်းရပြီလား"
"ခဏနေပါဦး။ အဲဒီရွှေရောင်အလင်းတန်းက”..
လင်းဟောက်ထျန်း က သူ့ကို စီနီယာက ကယ်တင်ခဲ့သည့် ထို ရွှေရောင်အလင်းတန်းကို ပြန်တွေးမိသည်။ ခုနက သူမြင်ခဲ့သည်နှင့် အတူတူပင်။
စီနီယာကများ သူ့ရဲ့ငြီးသံတွေကို ကြားပြီး နေကို တိုက်ရိုက် ပစ်ချလိုက်တာများလား။
ထိုအချိန်တွင် သူသည် တုန်လှုပ်ခြောက်ခြားကာ စိတ်လှုပ်ရှားနေသည်။
ဘယ်လိုအရာမျိုးက သူ့ကို မျက်နှာသာပေးနေတာလဲ။
အခြားပင်လယ်ပြင် ဝေးကွာသောနေရာ၌ မူမိသားစုသည် ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ မူလင်းလော့ သည် ထိတ်လန့်သွားပြီး အိမ်ထဲမှ ချက်ချင်းထွက်လိုက်သည်။ သူမမြင်လိုက်ရသည်မှာ အလွန်စူးရှသောအလင်းရောင်တစ်ခုဖြစ်သည်။ သူမ မျက်လုံးကို မှေးကျဥ်းထားရကာ နေ၏ ပေါက်ကွဲမှုကို မမြင်နိုင်ပေ။
သူမသည် အဘက်ဘက်မှ အာမေဋိတ်များကို နားထောင်ပြီး ဖြစ်ပျက်ခဲ့သည်များကို နားလည်လိုက်သည်။
ရွှေရောင်အလင်းတန်းများက ကောင်းကင်ကို ဖြတ်ပြီး နေကို ပေါက်ကွဲစေတာလား။
“ရွှေရောင်အလင်းတန်း… ဖြစ်နိုင်ပါ့မလား…”
မူလင်းလော့ တစ်ခုခုကို တွေးမိသည်။ သူမသည် အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူမ ဤကဲ့သို့ဖြစ်သည်မှာ ရှားလှသည်။ ကံကောင်းထောက်မစွာ၊ ကောင်းကင်နှင့်မြေကြီးသည် လင်းထိန်နေသောကြောင့် သူမ၏အမူအရာကို မည်သူမျှမမြင်နိုင်ပေ။
မှောင်မိုက်နေသော ကောင်းကင်ယံတွင် မီးပင်လယ်သည် ပြင်းထန်စွာ လှိုင်းထလာပြီး ကောင်းကင်ကျီးကန်းများ၏ အလွန်နားစူးရှသော ငိုကြွေးသံများ ထွက်လာသည်။
ကွမ်းထုံယို သည် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် မီးအိုင်ထဲတွင် လှည့်ပတ်ကြည့်နေသည်။
ဘယ်သူလုပ်တယ်ဆိုတာ သူမသိသော်လည်း တဘက်လူက ကောင်းကင်ဘုံအဆင့်ကိုးကို သေချာပေါက်ကျော်မှာပဲ။
ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်အလင်းတန်းကို ရင်ဆိုင်ရသောအခါ မည်သည့်ကောင်းကင်ကျီးကန်း မှ မခံနိုင်ပေ။ ဤ ကောင်းကင်ကျီးကန်း အဖွဲ့၏ခေါင်းဆောင်သည် ရွှေရောင်အလင်းတန်းနှစ်စင်းဖြင့်ပင် သေဆုံးသွားသည်။ ၎င်း၏ကြီးမားသောကိုယ်ခန္ဓာသည် ကမ္ဘာပေါ်၌ အသွေးအသားမိုးအဖြစ် ရွာကျလာသည်။
"အဲဒါတွေက… ချီမြားတွေလား"
ကွမ်းထုံယို သည် သူ့နှလုံးခုန်နှုန်း မြန်လာသည်နှင့်အမျှ သူ့ကိုယ်သူ တွေးနေမိသည်။
ထိုအချိန်တွင် နောက်ထပ် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မီးပင်လယ်ကို ဖြတ်သွားကာ သူ့အနားသို့ ဖြတ်သွားသည်။ သူ တစ်ခါမှ မကြုံဖူးသော ကြောက်စရာကောင်းသော ရောင်ဝါကို ခံစားလိုက်ရပြီး သေရတော့မည်ဟု ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာ၊ ရွှေရောင်အလင်းတန်းက သူ့ကို မထိခိုက်စေဘဲ သူ့ကို ဖြတ်သွားရုံသာ ဖြစ်သည်။ ထိုအရာက သူ့ပတ်ဝန်းကျင်မှ ချီများကို လွင့်စင်လုနီးပါးဖြစ်သည်။
ထွက်ပြေးသွားသော ကောင်းကင်ကျီးကန်းများသည် တယောက်ပြီး တယောက် ပစ်ချခံရသည်။ သွေးများ လျှံပြီး မီးတောက်များ လျှံတက်လာသည်။
ကောင်းကင်ကျီးကန်းများအားလုံးကို သတ်ပြီးသောအခါ ပထမကျဆုံးခဲ့သော ကောင်းကင်ကျီးကန်း ခေါင်းဆောင်၏ အသွေးအသားသည် သမုဒ္ဒရာထဲသို့ မကျရောက်သေးပေ။
အရာအားလုံး ငြိမ်သက်သွားချိန်တွင် ကောင်းကင်၌ မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသေးသော်လည်း ကောင်းကင်ကျီးကန်း၏ အရိပ်တော့ မရှိတော့ပေ။
ကွမ်းထုံယို ခေါင်းငုံ့ပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။ သူ့အောက်တွင် အဆုံးမရှိသော အသွေးအသားပင်လယ်ကြီးသည် ကြောက်မက်ဖွယ် မီးတောက်များ သယ်ဆောင်လာသည်။ ဤသည်မှာ ပစ်သတ်ခံရပြီးနောက် ကောင်းကင်ကျီးကန်းများ၏ အသွေးအသားများ ငွေ့ရည်ဖွဲ့မှုကြောင့် ဖြစ်သည်။ အိပ်မက်တစ်ခုကဲ့သို့ပင်။ တကယ်တော့ ဤအရာသည် မတူညီသော အမြင့်များကနေ သဲသဲမဲမဲ မိုးရွာ နေသကဲ့သို့။ သို့သော် အပေါ်စီးမှကြည့်လျှင် သွေးအိုင်ကဲ့သို့…..