နေနှင့်လ စကြဝဠာ ဓားသိုင်း
Vol. 16 Ch. 231
ကမ္ဘာကြီးက အရောင်များပြန်မြင်လာရသောအခါ လုံချီ တောင်၏ ခြံဝင်းထဲမှ လူတိုင်းသည် သတိ ပြန်ဝင်လာကြသည်။ သူတို့သည် တအံ့တသြ အော်ဟစ်ကြပြီး တာအိုဘိုးဘေး၏ ထူးခြားသော စွမ်းရည်များကို အံ့ဩနေကြသည်။
“သိုင်းဧကရာဇ် ချိုးထျန် ရဲ့ ဓားတစ်ချက်နဲ့ ကောင်းကင်ကို ခွဲထုတ်တဲ့ စွမ်းဆောင်ချက်က တာအိုဘိုးဘေး ရဲ့ နေကို ပစ်ချတဲ့ စွမ်းဆောင်မှုလောက် ကြီးကျယ်ခမ်းနားတယ်လို့ ငါမထင်ဘူး။”
" တာအိုဘိုးဘေး ၊ ခင်ဗျား သိုင်းဧကရာဇ် ဖြစ်နေပြီ မဟုတ်လား "
"ဘာသိုင်းဧကရာဇ်လဲ။ ငါ့မာစတာက အင်မော်တယ်လေ။ သူဘယ်လိုလုပ် ရိုင်းစိုင်းတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်မှာလဲ"
“ ငါ့မျက်လုံးနဲ့ မြင်လိုက်ရတာသာ မဟုတ်ရင် ယုံမှာမဟုတ်ဘူး။ ရုတ်တရက်ကြီး လေးပစ်နည်း သင်ချင်သွားပြီ”
“ဒီနေရာမှာ လေးက အရေးကြီးတာ မဟုတ်ဘူး။ ဒီလေးမပါပဲတောင်မှ တာအိုဘိုးဘေးမှာ နည်းလမ်းရှိသေးတယ်”
အားလုံး၏ ဆွေးနွေးမှုကို နားထောင်ရင်း ကျန်းချန်ရှန်း၏ အမူအရာက မပြောင်းလဲဘဲ အနည်းငယ် နောင်တရသကဲ့သို့ ခံစားလိုက်ရသည်။
ဒုက္ခဖြစ်စေသော ကောင်းကင်ကျီးကန်းများ အားလုံး သေဆုံးသွားသော်လည်း ကောင်းကင်ကျီးကန်းကလန် ကို သုတ်သင်ပစ်နိုင်သည်ဟု မဆိုလိုပေ။ သူအရင်က တောင်နှင့်ပင်လယ် ဂန္တဝင်ဒေသမှ ထိန်းချုပ်ထားသော ကောင်းကင်ကျီးကန်းကို မေးခဲ့ဖူးသည်။ ကောင်းကင်ကျီးကန်းကလန် တွင် သတ်မှတ်ထားသောနေထိုင်ရာမရှိကြောင်း သိရှိခဲ့ရသည်။ ယင်းအစား၊ သူတို့သည် ကမ္ဘာကို လှည့်ပတ်သွားလာကာ သက်ရှိသတ္တဝါအားလုံးထံမှ လေးစားကြည်ညိုခံရသညံယ
သို့သော်၊ ကောင်းကင်ကျီးကန်း အများအပြားသေဆုံးပြီးနောက် ကျန်ရှိသော ကောင်းကင်ကျီးကန်း များသည် အကူအညီတောင်းရန် ရဲရဲဝံ့ဝံ့နှင့် ကိုယ်တိုင်ကိုယ်ကျ မလာရဲကြပေ။
ကျန်းချန်ရှန်း က နေခွင်းလေး ကိုဖယ်လိုက်ပြီး "ကောင်းကောင်းလေ့ကျင့်ကြ။ တစ်နေ့မှာ မင်းတို့လည်း ဒီအဆင့်ကို ရောက်နိုင်သလို ဒီထက်တောင် ပိုသန်မာလာလိမ့်မယ်။"
ထိုစကားများ ပြောပြီးသည်နှငွ သူ့အခန်းဆီသို့ လျှောက်သွားသည်။
သူ့စကားကြောင့် လူတိုင်း သွေးဆူသွားသည်။
အထူးသဖြင့် ရဲရွှင်း နှင့် ကျန်းကျန့် တို့သည် အလွန်စိတ်အားထက်သန်ကြသည်။
ကျီဝူကျွင်း သည် အတွေ့အကြုံရှိပြီး ဗဟုသုတရှိသောကြောင့် သူမသည် သူ့စကားကို လွယ်လွယ်မယုံသည်မှာ သဘာဝကျပေသည်။ တာအို ဘိုးဘေးကဲ့သို့ စွမ်းအားကို ကြိုးစားမှုကို အားကိုးခြင်းဖြင့် မရနိုင်။
သူမ ခံစားချက်များ ရောထွေးနေသည်။
ထိုသို့သော ဘေးဆိုးကြီး ရင်ဆိုင်နေရချိန်တွင် သူတို့ရှေ့မှ ရပ်တည်ရန် မြင့်မြတ်သော မင်းဆက်၏ စစ်နတ်ဘုရားများ အမှန်တကယ် မရှိချေ။ ကျီတော်ဝင်မိသားစု မှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် သူမသည် ဒေါသဖြစ်သော်လည်း သူတို့၏ အတွေးအမြင်များကိုလည်း သူမနားလည်သည်။ သူတို့အမြင်အရ ဒီဘေးဆိုးကြီးမှာ လူမည်မျှပင်သေပါစေ လူသားမျိုးနွယ် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။ သူတို့သာ လှုပ်ရှားလိုက်၍ နတ်ဆိုးများ၏ ပစ်မှတ်ထား ခံရခြင်းက ထိုက်တန်မည်မဟုတ်ချေ။
မြင့်မြတ်သောမင်းဆက်၏ စစ်ပွဲနတ်ဘုရား ၁၀ ရာခိုင်နှုန်းသာ အသက်ရှင်ခဲ့သည်။ သူတို့သည် ခွန်အားကို စုဆောင်းကာ လူသားများကို တန်ပြန်တိုက်ခိုက်ရန် စောင့်ဆိုင်းလိုခြင်း ဖြစ်နိုင်သည်။
သူတို့၏ ကျိုးကြောင်းဆင်ခြင်မှုကို သူမနားလည်နိုင်သော်လည်း သူမကတော့ စိတ်မပျော်ရွှင်နိုင်သေးပေ။ ဤမကျေနပ်မှုသည် တာအို ဘိုးဘေးအား အဆုံးမရှိသော လေးစားမှုအဖြစ် ပြောင်းလဲသွားသည်။
တာအိုဘိုးဘေးလည်း တုံ့ဆိုင်းနေခဲ့သော်လည်း လှုပ်ရှားရန် ရွေးချယ်နေဆဲဖြစ်သည်။ ရဲစွမ်းသတ္တိအရဆိုလျှင် တာအိုဘိုးဘေးသည် မြင့်မြတ်သောမင်းဆက်၏ စစ်နတ်ဘုရားများထက် မနိမ့်ကျချေ။
မြင့်မြတ်သောမင်းဆက်၏စစ်ပွဲနတ်ဘုရားများအပြင်၊ မြင့်မြတ်သောမင်းဆက်၏ရာထူးအတွက် တိုက်ခိုက်လိုသော အခြားမင်းဆက်များလည်း ရှိသေးသည်။ သူတို့အားလုံး မလုံလောက်ကြပေ။
ကျီဝူကျွင်းသည် မဟာကျင်းဒေသမှာ မြင့်မြတ်သော မင်းဆက်ဖြစ်လာရန် မျှော်လင့်ချက်ရှိနေသည်ဟု ပထမဆုံးအကြိမ် ခံစားရသည်။
အနည်းဆုံးတော့ မြင့်မြတ်သောမင်းဆက်ကို တွေဝေမှုများဖြင့် တည်ဆောက်ခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား၊ မခံချင်စိတ်ဖြင့် ရှေ့သို့ တိုးကာ အရာအားလုံးကို ဖြတ်ကျော်မည့် စိတ်ဆန္ဒဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သူတို့သည် အခြားမျိုးနွယ်များကို ရက်စက်ကြမ်းကြုတ်ရုံသာမက နတ်ဆိုးများကိုပါ ကြောက်လန့်စေခဲ့ကြသည်။
ထိုအရာသည် မြင့်မြတ်သော မင်းဆက်ဖြစ်ရန် လိုအပ်သော အရည်အချင်းများ ဖြစ်သည်။
ကျီဝူကျွင်း ၏ စိတ်ဓာတ်များ ပြောင်းလဲသွားသည်။ ယခင်က သူမသည် တာအိုဘိုးဘေးနောက်သို့ လိုက်ကာ သိုင်းပညာလေ့ကျင့်ရန်သာ ဆန္ဒရှိခဲ့သည်။ မည်သို့ပင်ဆိုစေ သူမသည် သွားစရာနေရာမရှိပေ။ မဟာကျင်းဒေသကို ကို ကူညီခြင်းက ညီမျှသော အပေးအယူတစ်ခုပင်။ သို့သော် ယခုအချိန်တွင် သူမသည် မဟာကျင်ဒေသ ကို အမှန်တကယ် ကူညီချင်သည်။
ကျန်းကျန့် ၏ မျက်နှာပေါ်သို့ သူမ အကြည့်များ ကျဆင်းသွားပြီး ကျန်းချဲ အကြောင်း တွေးလိုက်သောအခါတွင် သူမ၏ စိတ်ထဲတွင် ရဲရင့်သော အတွေးတစ်ခု ပေါ်လာသည်။
ယုတ္တိမရှိသော်လည်း၊ သူမသည် ဤယူဆချက်ကို လက်ခံလိုက်သည်နှင့် သူမ၏ သံသယများအားလုံး ပြေလည်သွားမည်ဖြစ်သည်။
ဤခန့်မှန်းချက်သာမှန်ပါက၊ သူမသည် မဟာကျင်းဒေသ ကို ပို၍ယုံကြည်မှုရှိလိမ့်မည် ။
တစ်ချိန်တည်းမှာပင်၊ အဆုံးမဲ့သမုဒ္ဒရာတစ်ခုလုံးရှိ လူတိုင်းသည် ဤကိစ္စကို ဆွေးနွေးနေကြသည်။ အများစုမှာ နေကိုပစ်ချခဲ့သူ မည်သူမည်ဝါဖြစ်သည်ကို မသိကြသော်လည်း၊ ဤအရာသည် ကမ္ဘာတစ်ဝှမ်းသို့ မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပျံ့နှံ့လာမည်ကို မဟာကျင်းဒေသမှ သိကြသည်။
အချိန်အတော်ကြာပြီးနောက်….
ကျန်းချန်ရှန်း စောင့်ဆိုင်းနေခဲ့သော ရှင်သန်ခြင်းဆုလာဘ်သည် နောက်ဆုံးတွင်ရောက်ရှိလာသည်။
“ ထိုက်ဟယ်ခေတ် ၇ နှစ်မှာ သူတို့ရဲ့ မျိုးနွယ်စုဝင်ကို ရှာဖွေဖို့အတ်က် ကောင်းကင်ကျီးကန်း ကလန်ဟာ အတူတကွ ပူးပေါင်းပြီး အဆုံးမဲ့သမုဒ္ဒရာကို လောင်ကျွမ်းစေကာ အဆုံးမဲ့သမုဒ္ဒရာကို အကြီးအကျယ်ဘေးဆိုးဖြစ်စေခဲ့တယ်။ သင်က အချိန်မီ ဝင်ပါပြီး ဘေးဆိုးက လွတ်မြောက်စေကာ ရှင်သန်နိုင်ခဲ့တာကြောင့် ရှင်သန်ခြင်းဆုလာဘ် မှော်ရတနာကို၊ နေနဲ့လ စကြဝဠာဓားသိုင်းတို့ကို ရရှိပါတယ်။
ဒါပေမယ့် ဘာကြောင့် မှော်ရတနာလဲ။
သိုင်းကျမ်း မဖြစ်သင့်ဘူးလား။
ကျန်းချန်ရှန် ၏ စိတ်ဝင်စားမှုမှာ တုန်လှုပ်သွားပြီး မှတ်ဉာဏ်များကို ချက်ချင်း လက်ခံယူလိုက်သည်။
နေနဲ့လ စကြဝဠာဓားသိုင်းကို စကြဝဠာဓား ၃၆ ချောင်းဖြင့် ဖွဲ့စည်းထားသည်။ ဓားဖွဲ့စည်းမှုဖြစ်လာသည်နှင့်၊ နေနှင့်လသည် ပြောင်းပြန်ဖြစ်သွားနိုင်ပြီး ဓားဖွဲ့စည်းမှုအကွာအဝေးကို အကန့်အသတ်မရှိ ချဲ့ထွင်နိုင်သည်။ ဤအချက်သည် အဓိကအားဖြင့် သိုင်းပညာရှင် ၏ ဝိညာဉ်စွမ်းအင်အပေါ် မူတည်သည်။ လုံလောက်သော ဝိညာဉ်စွမ်းအင်ရှိနေသရွေ့၊ ကမ္ဘာတစ်ခုလုံးကိုပင် လွှမ်းခြုံထားနိုင်သည်။ ၎င်းသည် ရန်သူများကို ထောင်ချောက်ဆင်သတ်ဖြတ်နိုင်သည့် အလွန်မြင့်မားသော ကန့်သတ်ချက်များ ပါဝင်သည့် အားကောင်းသောဓားဖွဲ့စည်းမှုဖြစ်သည်။ ၎င်းသည် ရန်သူ၏ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ပြီး ဘယ်သောအခါမှ လူပြန်မဝင်စားနိုင်တော့ပေ။
သူသည် စကြဝဠာဓား ၃၆ လုံးကို ထိန်းချုပ်ရန်သာ လိုအပ်ပြီး ဖွဲ့စည်းမှုကို ဖန်တီးနိုင်သည်။
ကျန်းချန်ရှန်း သည် မှော်ရတနာများကို ထုတ်လိုက်ကာ ကြေးဝါဓားငယ်များ သူ့လက်ဖဝါးတွင် ပေါ်လာသည်။ ဤဓားများသည် လက်ရာမြောက်သော ပုံစံများဖြင့် ဆင်တူပြီး တက်ကြွသော ရောင်ဝါကို ထုတ်လွှတ်သည်။ သူ့လက်ဖဝါးထဲတွင် စကြဝဠာဓားအားလုံးကို ကိုင်ထားနိုင်သည်။
သူသည် ဓားဖွဲ့စည်းခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ပြုပြင်ရန် စတင်ပြင်ဆင်သည်။
ဤလုပ်ငန်းစဉ်သည် နေနှင့်လ စကြဝဠာ ဓားသိုင်းက သူ့ကို ၎င်း၏သခင်အဖြစ် အသိအမှတ်ပြုခြင်းမတိုင်မီ နှစ်ရက်နှင့် နှစ်ည အချိန်ယူခဲ့ရသည်။ သူသည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထက်ငယ်သော စကြဝဠာဓားများကို သူ့လက်ဖဝါးတွင် လှည့်ပတ်ကာ အလိုအလျောက်ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်သည်။
တော်တော် မျက်စိကျိန်းတာပဲ။
မဆိုးပါဘူး၊ ပျော်ဖို့ကောင်းသားပဲ။
ကျန်းချန်ရှန်း သည် နေနှင့်လ စကြဝဠာ ဓားသိုင်းဖြင့် အိမ်မှ ထွက်ခွာလာချိန်၌ နေဝင်ရီတရောပင် ဖြစ်နေပြီဖြစ်သည်။
ခြံဝင်းထဲတွင် လေ့ကျင့်နေတဲ့သူတိုင်း မျက်လုံးဖွင့်ပြီး ကျန်းချန်ရှန်း ကို ကြည့်လိုက်သည်။
ဓားနတ်ဘုရားက သူ့လက်ထဲရှိ ဓားများကို အရင်ဆုံး သတိပြုမိပြီး “တာအိုဘိုးဘေး မင်းလက်ထဲမှာရှိတဲ့အရာက…”
ကျန်းချန်ရှန်း က “ဒီနှစ်ရက်လုံးလုံး ငါက ဂနာမငြိမ်ဖြစ်နေလို့ သိုင်းကွက်တစ်ချို့ လေ့ကျင့်နေတာ။ သိပ်အသုံးမကျပါဘူး။ ငါ လျှောက်ဆော့ကြည့်နေတာ။”
သူ့လက်ဖဝါးထဲတွင် ပျံဝဲနေသော ဓားရှည် ၃၆ ချောင်းကို ကြည့်လိုက်သောအခါ ဓားနတ်ဘုရားက ထိုအရာကို သိပ်ပြီး မစဉ်းစားတော့ချေ။ ထိုဓားငယ်များသည် သေစေလောက်သော ဓားများမဟုတ်ပေ။
သို့သော် တာအိုဘိုးဘေး၏ ရွှေရွက်များကို တွေးကြည့်သောအခါတွင် ၎င်းသည် အသုံးဝင်တာ ရှိနိုင်သည်ဟု ခံစားမိသည်။
တခြားသူများတွင်လည်း တူညီသော အတွေး ရှိကြသည်။ တာအို ဘိုးဘေးလက်ထဲတွင် မည်သည့်အရာမဆို ရန်သူများကို သတ်နိုင်သော နတ်လက်နက်တစ်ခု ဖြစ်လာနိုင်သည်။ ထိုဓားငယ်များကို လျှို့ဝှက်လက်နက်အဖြစ်သာ အသုံးပြုနိုင်သည်။
ကျန်းချန်ရှန်း သည် ကမ္ဘာမြေဝိညာဉ်သစ်ပင်အောက်တွင် ထိုင်ကာ နေနှင့် စကြဝဠာဓားကို ကစားကာ ပတ်ဝန်းကျင်ရှိ ပညာရှင်များကို တိတ်တဆိတ် အမှတ်တွက်နေသည်။
နှစ်ရက်ကြာသွားသော်လည်း ကြောက်စရာကောင်းသော ကျွမ်းကျင်ပညာရှင်များက တိုက်ခိုက်ခြင်း မရှိသေးပေ။
အမှတ်ကို စစ်ဆေးကြည့်သောအခါ အမွှေးတိုင်များ၏ ကြီးထွားနှုန်းက ထပ်ပြီး တိုးလာသည်ကို တွေ့လိုက်ရသည်။ ထိုအရာသည် ဒုတမြောက်ကောင်းသည့်အရာပင်။
"မနေ့က၊ ဧကရာဇ်မင်း ကြွလာပြီးတော့ လူတွေရဲ့ဆန္ဒအရ ပြည်နယ်တွေမှာ ခင်ဗျားရုပ်ထုတွေ စိုက်ထူမယ်လို့ ပြောခဲ့တယ်" ကျမ်းကျန့် က အနားရောက်လာပြီး ပြောလိုက်သည်။
ကျန်းချန်ရှန်း ခေါင်းခါလိုက်ပြီး "ဘာလို့ ပိုက်ဆံဖြုန်းမှာလဲ”
အတွင်းစိတ်တွင် သူ တိတ်တဆိတ် ဝမ်းသာနေသော်လည်း ဂရုမစိုက်ဟန်ဆောင်နေရသည်။ ထိုနည်းအားဖြင့် သူ၏ရန်သူများသည် သူက ယုံကြည်မှု လိုအပ်သည်ဟု မည်သည့်အခါမှ မတွေးမိကြပေ။
အပေါ်ယံတွင် လူများက သူ့ကို ကြည်ညိုသောကြောင့် ရုပ်ထုများ ဆောက်ထားသကဲ့သို့ ဖြစ်ကာ သူက ရုပ်ထုများ တည်ဆောက်ရန် တွန်အားပေးသည် မဟုတ်တော့ပေ။
ကြည်ညိုအမှတ်များသည် အတိဒုက္ခနှင့် သက်ဆိုင်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများကိုပင် ကူညီပေးနိုင်သောကြောင့် သတိထားရန် လိုအပ်ပေသည်။
ကျန်းကျန့် က ပြုံးပြီးပြောသည်။ "ဒါဟာ ကောင်းတယ်လို့ ထင်တာပဲ။ မာစတာရဲ့ရုပ်တုတွေက နတ်ဆိုးတွေကို ဟန့်တားနိုင်တယ်။ ပြီးတော့ အဲဒါက မဟာကျင်းဒေသက လူတွေကို မာစတာရဲ့ ကူညီပေးမှုတွေနဲ့ မဟာကျင်းဒေသရဲ့ အခက်အခဲတွေကို မှတ်မိစေနိုင်တယ်”
ကျီဝူကျွင်း က “ဒါဟာ အကြံကောင်းတစ်ခုလို့ ကျွန်မထင်တာပဲ။ ကိုးကွယ်မှုနဲ့ ယုံကြည်မှု ပေါင်းစည်းတာက ကံကောင်းခြင်း မင်းဆက်တစ်ခုရဲ့ ပြည်သူတွေ စည်းလုံးမှုကို တိုးပွားစေနိုင်တယ်။ မြင့်မြတ်တဲ့မင်းဆက်မှာလည်း စွမ်းရည်ရှိတဲ့ အရာရှိတွေနဲ့ ယခင်မျိုးဆက်တွေရဲ့ စစ်နတ်ဘုရားတွေက နတ်ဘုရားဖန်တီးခြင်းလမ်းစဥ်ကို စတင်ခဲ့ကြတာပဲ။ ဒီအတိုင်းသာဆိုရင် မြင့်မြတ်တဲ့မင်းဆက်သက လူတွေရဲ့ စိတ်နှလုံးကို စည်းလုံးညီညွတ်စေပြီးတော့ မြင့်မြတ်တဲ့မင်းဆက်နဲ့ သက်ဆိုင်တဲ့ ခံစားချက်နဲ့ အသိတွေ တိုးလာစေနိုင်တယ်”
ကျန်းချန်ရှန်း က ခေါင်းညိတ်ပြီး "ဒါဆိုလည်း ထားလိုက်တော့”
သူသည် အချို့သော တွက်ချက်မှုများကို ပြုလုပ်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်မှ အဆင့်မြင့်ဆုံး ပညာရှင်သည် ပူဇော်မှတ်ပေါင်း သန်း ၁၀၀ ကျော်သာ ရှိသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းသည် သူ ရှာဖွေတွေ့ရှိခဲ့သည့် မြင့်မြတ်သော မင်းဆက်မှ အသန်မာဆုံး ကျွမ်းကျင်သူနှင့်ပင် မယှဉ်နိုင်ပေ။
သို့သော် ဤအရာကြောင့် သူစိတ်မချနိုင်သေးပေ။ နတ်ဆိုးများ၏ ခွန်အားသည် ၎င်းတို့၏ နံပါတ်များတွင် ကိန်းအောင်းနေသည်။ ထို့အပြင်၊ ကမ္ဘာကြီးသည် ကျယ်ပြောပြီး စနစ်က ၎င်းကို အပြည့်အ၀ မဖြန့်ကျက်နိုင်သေးပေ။
သို့သော် ကြည်ညိုသည့် အမှတ်ပေါင်း သန်း၁၀၀ ကျော်လျှင်ပင် ကျန်းချန်ရှန်း သည် ထိုစွမ်းရည်ရှိသော ကျွမ်းကျင်သူကို တိုက်ခိုက်ရန် ခွန်အားရှိနေသေးသည်။
အမှန်တော့၊ သူသည် အားလုံးကို ပေးရမည်ဆိုလျှင်ပင် အသားတင် အမှတ်ပေါင်း သန်း ၂၀၀ တန်သော ပညာရှင်ကို အနိုင်ယူရန် အခွင့်အရေး ရှိဆဲဖြစ်သည်ကို သူသိသည်။ နောက်ဆုံးတွင်၊ သူ့တွင် မှော်ရတနာများနှင့် မြင့်မြတ်သော စွမ်းအားများစွာရှိသည်။ သို့သော်လည်း ထိုအရာက အန္တရာယ်များလွန်းသည်။ သူ့အမြင်အရ ၁၀၀ ရာခိုင်နှုန်း အနိုင်ရရန် အခွင့်အရေးရှိသည့်အခါမှ လှုပ်ရှားသင့်သည်။ ထိုအရာအား သူ့ကိုယ်သူ အမြဲသတိပေးထားသည်။
သူ့ခွန်အား၏ ကန့်သတ်ချက်များကို ရန်သူများအား သိခွင့်ပေး၍မရပေ။
ဤကဲ့သို့ အနှောင့်အယှက်ပေးပြီးနောက်တွင် လူအုပ်ကြီးသည် ငြိမ်သက်စွာ လေ့ကျင့်မှု မရှိတော့ဘဲ မြင့်မြတ်မင်းဆက်တွင် နတ်ဘုရားဘွဲ့ ပေးအပ်ခံရသော သိုင်းပညာရှင်များ၏ လုပ်ရပ်များအကြောင်း ကျီဝူကျွင်းအား စတင်မေးမြန်းကြသည်။
ကျန်းချန်ရှန်း အတွက်မူ ငြိမ်သက်စွာနှင့် မိနစ်တိုင်းစက္ကန့်တိုင်းကို တန်ဖိုးထားကာ ကျင့်ကြံနေသည်။
နှစ်လအကြာတွင်၊ နေကိုပစ်ချလိုက်သော တာအိုဘိုးဘေး ၏ ဇာတ်လမ်းသည် နဂါးသွေးကြော တိုက်ကြီးတစ်ခုလုံး ပျံ့နှံ့သွားသည်။ အမှတ်တိုးလာသည့် အရှိန်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
[ပထမအကြိမ် သင့်ရဲ့ ရမှတ်ဟာ တစ်ဘီလီယံကျော်သွားပြီဆိုတာ အာရုံခံမိပါတယ်”
လုပ်ဆောင်ချက်ကို အသက်သွင်းခြင်း - ဘုရားသခင်ကို ဖိတ်ခေါ်ခြင်း]
[ဘုရားသခင်အား ကြည်ညိုခံရခြင်းမှ ရသည့်အမှတ်များဖြင့် ဖိတ်ခေါ်ခြင်း- သင့်အား ယုံကြည်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ယုံကြည်သူများသည် ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းရန် သင်၏ခွန်အားကို တောင်းဆိုနိုင်ပါသည်။]
ကြည်ညိုလေးစားမှုဖြင့် ဘုရားသခင်ကို ဖိတ်ခေါ်ခြင်း။
ကျန်းချန်ရှန်း ၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ တောက်ပလာသည်။ ဤသည်မှာ သူ့အရင်ဘဝက သူဖန်တီးခဲ့သော ဂိမ်း၏ setting ဖြစ်သည်။ ရှင်သန်မှုစနစ်ဖြင့် ၎င်းကို ပြန်လည်ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဤဖန်ရှင်သည် အသုံးမဝင်ပုံပေါက်သည်။ အပေါ်ယံအားဖြင့်၊ အခြားသူများကို ကူညီရန်သာဖြစ်ပြီး မိမိကိုယ်ကို ပိုသန်မာလာစေခြင်းမဟုတ်ပေ။ အမှန်တကယ်တွင် ဤအရာသည် အလွန်အသုံးဝင်သည်။ ယုံကြည်သူများသည် သူ့အား ယုံကြည်ပြီးသည်နှင့် သူတို့အား ဝင်ပူးရန် သူ့ကို ဖိတ်ခေါ်နိုင်သည်။ ဤလုပ်ဆောင်ချက်သည် ပိုမိုကြီးမားသော သြဇာလွှမ်းမိုးမှုကို ယူဆောင်လာပြီး ယုံကြည်သူများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။
သူ့အတွက် ဂိုဏ်းတစ်ခုကို တည်ထောင်မည့် ချီယွမ်ကဲ့သို့သော လူများအများကြီး ရှိကောင်းရှိလိမ့်မည်။
သို့သော် ကန့်သတ်ချက်တစ်ခု ရှိသေးသည်။ သူ့အပေါ် ယုံကြည်ခြင်း၏ အထွတ်အထိပ်ကို ရောက်ရန်မှာ၊ သူ့အတွက် သူတို့အသေခံမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကျန်းချန်ရှန်း သည် ထိုကဲ့သို့သော နောက်လိုက်မည်မျှရှိသည်ကို စတင်သိရှိလာသည်။ သူမသိခဲ့သော်လာ်း တွက်ကြည့်လိုက်သောအခါ အံ့သြသွားသည်။ နောက်လိုက် တစ်သန်းကျော်ထက် ပိုများနိုင်သည်။
၎င်းတို့ထဲတွင် မူလင်းေလာ့၊ လင်းဟောက်ထျန်း၊ ဓားနတ်ဘုရားနှင့် ကျီဝူကျွင်းတို့ ပါဝင်သည်။
ဤအရာက ကျန်းချန်ရှန်းအား အံ့သြစေသည်။ ဓားနတ်ဘုရားနှင့် ကျီဝူကျွင်းတို့သည် သူ့အား ယုံကြည်မှုများ မရှိသော်လည်း အထူးသဖြင့် ကျီဝူကျွင်း ၏ စိတ်နှလုံးတွင် သူ၏ရာထူးသည် ဤမျှမြင့်မားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ နေကို ပစ်မချမီတွင် သူမသည် ယုံကြည်သူပင် မဟုတ်ပေ။
ကျန်းချန်ရှန်း သည် ပိုင်ချီ နှင့် ရဲရွှင်း ကို အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် ကြည့်သည်။
သူ စိတ်မဆိုး။ သူတို့၏ ရပ်တည်ချက်ကို သူနားလည်သည်။ ဒါတောင် ဤလူနှစ်ယောက်ကို သူ့အား ကိုးကွယ်သူဟု ယူဆ၍ရသည်။ လောလောဆယ်တွင် သူ့အတွက် မသေပေးနိုင်သေးခြင်းသာ ဖြစ်သည်။ မိမိကိုးကွယ်သူများသည် အမွှေးတိုင်များဖြင့် ပူဇော်ရန် မလိုအပ်ကြောင်း သူသိထားပြီးဖြစ်သည်။ အမွှေးတိုင် မီးရှို့ခြင်းသည် အတိုင်းအတာတစ်ခုအထိ ကိုးကွယ်ခြင်း၏ ထင်ရှားသော ပြယုဂ်တစ်ခု ဖြစ်သည်။ စိတ်နှလုံးထဲတွင် မကြာခဏ ဆုတောင်းနေသမျှ အမှတ်များ ပေးစွမ်းနိုင်သည်။ ဤသည်မှာ နတ်ဆိုးနတ်ဆိုး ကိုးကွယ်သူများ၏ နည်းလမ်းလည်းဖြစ်သည်။
သူတို့နှစ်ယောက်က သူ့အား အလွန်နှိမ့်ချခဲ့ကြသော်လည်း သူတို့၏ ယုံကြည်ချက်များက တခြားသူများထက် နိမ့်ကျနေသည်။ သူ အမှန်ပင် ခံစားသွားရသည်။ လူတစ်ဦးတစ်ယောက်၏ သစ္စာစောင့်သိမှုကို ၎င်းတို့၏စကားဖြင့် မဆုံးဖြတ်နိုင်ပေ။
ကျန်းချန်ရှန်း သည် သူတို့၏ဘဝအခက်အခဲများကို ဖြေရှင်းကူညီရန် လစဉ် ရိုသေကိုင်းရှိုင်းသော ကိုးကွယ်ယုံကြည်သူကို ရွေးချယ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ယုံကြည်မှုဖြင့် ဘုရားသခင်ကိုဖိတ်ခေါ်ခြင်း ဖန်ရှင်ဖြင့် ၎င်းသည် အနာဂတ်တွင် မူလင်းလော့ နှင့် လင်းဟောက်ထျန်း ကိုကူညီရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
“ မိန်းကလေးကျီ။ မင်းဒီကိုရောက်နေတာကြာပြီ။ သိုင်းပညယ သင်ဖို့ အချိန်ရောက်ပြီ။ သင်ယူချင်လား"
ကျန်းချန်ရှန်း က ပြောသည်။ ထိုအရာကိုကြားသောအခါ ကျီဝူကျွင်းက အံ့သြစရာကောင်းသော အကြည့်နှင့် မျက်လုံးဖွင့်ပြီး ကျန်းချန်ရှန်း ကို အမြန်ကျေးဇူးတင်လိုက်သည်။
တခြားသူများက မနာလိုကြသော်လည်း ကျေနပ်ကြသည်။ သူမနှင့် အချိန်အတော်ကြာ ဆက်ဆံပြီးနောက်တွင် မြင့်မြတ်သော မင်းဆက်၏ မင်းသမီးလေးအပေါ် သဘောကျလာကြသည်။ သူမသည် အမျိုးသမီးများကြားတွင် သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရမည်မှာ သေချာလှသည်။
ကျန်းချန်ရှန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျီဝူကျွင်း သူ့ဆီ ချက်ချင်းရောက်လာသည်။ သူမထိုင်ပြီးသည်နှင့် ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ညိုးကို မျက်လုံးရှေ့မှာ ရပ်လိုက်သည်။ ချက်ခြင်းပင် သူမသည် တုန်လှုပ်ချောက်ချားသွားကာ ကိုယ်ခံပညာမျိုးစုံကို လေ့ကျင့်နေသော ပုံသဏ္ဍာန်တစ်ခုသည် သူမ၏ မျက်လုံးများတွင် ပေါ်လာသည်။
တစ်ဖက်တွင်။
ထိုက်ဟယ်၊ နှလုံးအေး တည်းခိုခန်း
စားပွဲထိုးက စားပွဲကို သုတ်နေသော်လည်း တည်းခိုခန်းထဲတွင် ဧည့်သည်မရှိပေ။ ဆိုင်ရှင်သည် စာရင်းများ တွက်ချက်နေစဉ် အသက်အရွယ်ကြီးရင့်သော ရှောင်ပုခူ သည် ငေးမောနေသည်။
ပုံရိပ်တစ်ခု ရုတ်တရက်ဝင်လာပြီး “ ကျန်းရင် ဘယ်မှာလဲ"