← Chapters

ငါနဲ့တွေ့တာက မင်းအတွက် အကြီးမားဆုံးကံကောင်းမှုပဲ။

Vol. 16 Ch. 233

ငါနဲ့တွေ့တာက မင်းအတွက် အကြီးမားဆုံးကံကောင်းမှုပဲ။

Vol. 16 Ch. 233

ထိုက်ဟယ် ခေတ် ကိုးနှစ်၏ နွေဦးရာသီဖြစ်သည်။

တော်ဝင်စာကြည့်တိုက်တွင်…

ကျန်းချဲ သည် စာလွှာကို ချလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ သူ့မျက်နှာတွက် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နေသည်။

“အိမ်ရှေ့မင်းသားကို ဒီကို ခေါ်လိုက်”

တစ်ဘက်တွင်ရပ်နေသော ပြစ်မှုရေးရာခေါင်းဆောင်သည် ချက်ချင်းပျောက်ကွယ်သွားသည်။

များမကြာမီ အိမ်ရှေ့မင်းသား ကျန်းချင် သည် သူ့နောက်မှ ပြစ်မှုရေးရာခေါင်းဆောင်နှင့် အတူ ရောက်လာသည်။

“အဖေ ဘာကိစ္စရှိလို့လဲ။ သားတော် အခု အလုပ်များနေတာ။ ပြစ်မှုရေးရာခေါင်း​ဆောင်ရောပဲ။ ​​ အချိန်မရှိဘူး"

ကျန်းချင် က မကျေမနပ်နှင့် အော်လိုက်သည်။

ကျန်းချဲ က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သောအခါ လည်ပင်းကို ငုံ့ထားကာ ထပ်မညည်းဝံ့တော့ပေ။

ကျန်းချင် သည် ကျန်းချဲ ၏နောက်သို့ ပြေးသွားပြီး သူ့ပခုံးများကို နှိပ်နယ်လိုက်သည်။ မျက်နှာလိုမျက်နှာရ အမူအရာဖြင့် ပြုံးကာ “ အဖေ၊ အဲဒါ ဘာလဲ။ ကျွန်တော့်ကိုပြောပြပါ။ အဖေက ဓားတောင်ပေါ်တက်ပြီး မီးအိုင်ထဲ ပြုတ်ကျစေချင်ရင်တောင် ကျွန်တော် တုံ့ဆိုင်းနေမှာမဟုတ်ဘူး။'

"ဒါဆိုလည်း ငရဲကိုသွားလိုက်လေ"

“ကောင်းပါပြီ!”

စကားတစ်ခွန်းမှ မပြောဘဲ ကျန်းချင် လှည့်ပြီး ထွက်သွားသည် ။

“နေဦး”

ကျန်းချင် ချက်ချင်းလှည့်ပြီး သူ့ကို ပြုံးပြလိုက်သည်။

ကူကယ်ရာမဲ့ ကျန်းချဲ သည် စာအုပ်တစ်အုပ်ကို ပစ်ချလိုက်သည်။ သူယူသွားပြီး ဖွင့်လိုက်သည်။ ထို့နောက် သူသည် လှောင်ပြောင်သည့်အမူအရာ ပေါ်လာကာ “ ဖေဖေ၊ ရွှင်းထျန်ရဲ့ မင်းသမီးလေးက ဘယ်ပုံစံရှိတာလဲ။ မည်သို့သောပုံစံရှိသနည်း။ သူ ရုပ်မလှရင် ကျွန်​တော်လက်မထပ်ဘူးနော်။ ရွှင်းထျန်ကဘာလဲ။ အိမ်ရှေ့စံတစ်ယောက်က မင်းသမီးတစ်ပါးကို လက်ထပ်မယ်ဆိုရင်တောင် အကောင်းဆုံးကို ရွေးရမှာပေါ့။ ဒါက ကျွန်တော့်ရဲ့ ဂုဏ်သတင်းတင်မစုတ်ဘူး။ အဖေ့ရဲ့ဂုဏ်သတင်းလည်း ဖြစ်သေးတယ်။ “

ကျန်းချဲ သည် ထိုမတိုင်မီက သူပြောခဲ့သည့်စကားအတွက် အားကိုးရာမဲ့စွာ ခံစားခဲ့ရသော်လည်း ကျန်စကားများက သူ့နှလုံးသားကို ထိမိသွားသည်။

“ပြောရမယ်ဆိုရင် မင်းမကန့်ကွက်ဘူးပေါ့”

“ဒါတွေအားလုံးက အဖေအပေါ်မူတည်တာပါ။ အဖေသာ တစ်ခွန်းပြောလိုက်ရင် ကျွန်တော်အခုပဲ ပထမဇနီးကို ချက်ချင်းကွာရှင်းပလိုက်မယ်”

“အဓိပ္ပါယ်မရှိလိုက်တာ။ မင်း.. မင်းက ဘယ်တော့မှ အလေးအနက်မထားဘူး။ ထွက်သွားတော့။ မင်းကိုတွေ့တဲ့အခါတိုင်း ငါစိတ်တိုရတယ်။ မင်းရဲ့ အိမ်ရှေ့စံရာထူးကို ငါမရုတ်သိမ်းမိအောင် သတိထားနေ”

“ဟဲဟဲ၊ အိမ်ရှေ့မင်းသားရာထူးကို အဖေက ဆုံးဖြတ်တာလေ။ အဖေ့ရဲ့ အစီအမံတွေကို ကျွန်တော် အမြဲတမ်းနားထောင်မှာပါ။ ”

ထိုစကားများပြောပြီးသည့်အခါ ကျန်းချင်သည် အလျင်အမြန် ထွက်ပြေးသွားသည်။

ကျန်းချဲ က ဒေါသနှင့် ရယ်လိုက်သည်။ သူ သူ့သားကို ချစ်လည်းချစ်ပြီး မုန်းလည်းမုန်း၏

ကျန်းချဲ သည် စိတ်တည်ငြိမ်သွားပြီး စာလွှာကို ထပ်မံကောက်ယူလိုက်သည်။ “အိမ်ရှေ့စံက ဘာကိစ္စနဲ့အလုပ်ရှုပ်နေတာလဲ”

ပြစ်မှုရေးရာခေါင်းဆောင်က “ ယွဲ့ချွန်းပြည့်တန်ဆာအိမ်မှာ နိုင်ငံရပ်ခြားကလာတဲ့ Yue ထိပ်တန်းအလှလေး အသစ် တစ်ယောက် ရောက်နေပါတယ်။ အိမ်ရှေ့မင်းသားက သူ့နဲ့ နေ့ရောညပါ ချစ်နေတာပါ'

ကျမ်းချဲ သည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာသည် တုန်လှုပ်သွားပြီး တိတ်ဆိတ်နေ၏။

မဟာကျင်းဒေသ ၏ အိမ်ရှေ့မင်းသားသည် မင်းသမီး ရွှင်းထျန် နှင့် လက်ထပ်တော့မည်ဟူသော သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ တိုတောင်းသောလတွင်၊ မဟာကျင်းဒေသ ပြည်နယ် အသီးသီးတွင် ပျံ့နှံ့သွားပြီး ပြည်သူပြည်သားများကို ပျော်ရွှင်စေသည်။

မင်းသမီးတစ်ပါးနှင့် လက်ထပ်ရသည်မှာ ကောင်းမွန်သည့် ကိစ္စဖြစ်သည်။ မဟာကျင်းဒေသ ၏ အာဏာကို ပြသနိုင်သည်။ မင်းသမီးတစ်ပါးနှင့် လက်ထပ်မည်ဆိုပါက လက်နက်ချခြင်း၏ သင်္ကေတဖြစ်သည်။

ဟွမ်ချွမ် သည် ကျမ်းချန်ရှန်း သို့ သွားရောက်လည်ပတ်ရန် အချိန်ယူလိုက်သည်။ ပြောရမည်ဆိုပါက ကျမ်းချင်အကြောင်း ကိုပြောသည့်အခါ သူအရမ်းပြုံးနေခဲ့သည်။ သူနှင့် အရမ်းရင်းနှီးသည်မှာ သိသာသည်။

ကျန်းချင် ကို ကျန်းချန်ရှန်း က မျက်နှာသာမပေးသော်လည်း ဘာမှမလုပ်ပေ။ အဲဒီအစား သူက ဟွမ်ချွန်နှင့် လင်းရှောင်ကို သင်ကြားပြသတတ်သည်။ ရံဖန်ရံခါ၊ သူသည် လုံချီ ဘုရားကျောင်းသို့သွားပြီး သူ၏တပည့်များနှင့် တွေ့ဆုံသည်။ ပရောပရီလုပ်သော်လည်း သူက အရမ်းနာမည်ကြီးသည်။ အနည်းဆုံးတော့ မြို့တော်က လူအနည်းငယ်လောက်ကသာ သူ့အားမုန်းကြသည်။

ဤအကောင်သည် ပန်းခူးသောအခါတွင် ပြည့်တန်ဆာ အမျိုးသမီးများကိုသာ ရှာသည်။ သူသည် အရပ်ဘက်နှင့် စစ်ဘက်မိသားစုများမှ အမျိုးသမီးများနှင့် သာမန်လူများထဲမှ အမျိုးသမီးများနှင့် ပတ်သက်မှု မရှိခဲ့ပေ။ လက်ရှိတွင် သူ့တွင် အဓိက ဇနီးမယားတစ်ဦးသာရှိ၍ ဧကရာဇ်မင်းမြတ်က စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

သူသည် ပြည့်တန်ဆာများထံ လည်ပတ်ရသည်ကို နှစ်သက်သောကြောင့် သူက ဘယ်နေရာမှ မတော်ဟု ဆိုခြင်းသည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ဆန့်ကျင်နေသည်နှင့်တူသည်။

"လီယာက မာစတာကို ယုံသွားပုံရတယ်။"

ပိုင်ချီက ပူဆွေးနေသည်။ တခြားသူများမှာလည်း တူညီသော အတွေးများ ရှိကြသည်။

မဟာကျင်းဒေသမှာ မှာ ဘယ်လို မျက်နှာမျိုး ရှိလို့လဲ။ လီရာက က တာအိုဘိုးဘေးကို မျက်နှာလုပ်ချင်တာကြောင့် မဟုတ်ဘူးလား။

ရဲရွှင်း က ပြုံးပြီးပြောသည်။ "ဒီကလေးက ကိုယ်လုပ်တော်ယူရမယ့်အချိန်ပဲ။ မြို့ကိုသွားတိုင်း ပြည့်တန်ဆာအိမ်မှာပဲ သူ့ကိုတွေ့နေတာ"

ထိုနေရာများကို သူလည်း ကြိုက်သည်။ ထို့ပြင် သူသည် သွေးဆူလွယ်သည့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး သူ့ဒေါသကို ဖြေလျှော့ရသည်။

ကျန်းချန်ရှန်း သည် သူတို့၏လှုပ်ရှားမှုများကို ကန့်သတ်မည်မဟုတ်ပေ။ ကျီဝူကျွင်း နှင့် ပိုင်ချီ တို့သည် ရံဖန်ရံခါတွင်ပင် ဖျော်ဖြေပွဲအချို့ကို ကြည့်ရှုရန် မြို့အနှံ့ လျှောက်သွားကြသည်။ အထူးသဖြင့် ဟွမ်ထျန်နှင့်ဟေးထျန်တို့သည် လောကနှင့် ပတ်သက်သော ပုံပြင်များကို နားထောင်ရန် တည်းခိုခန်းများသို့ သွားကြသည်။ ညဘက်၌ မြို့ထဲသို့ ခိုးဝင်ပြီး ပျော်ပါးကြသည်။

တစ်ချိန်က မြို့တော်တစ်ခွင်တွင် ကြောင်နတ်ဆိုးတစ်ကောင်အကြောင်း ကောလဟာလတစ်ခုရှိခဲ့သည်။ ထိုအရာ သည် ဟွမ်ထျန် နှင့် ဟေးထျန် ဖြစ်သည်ကို သူသိလိုက်သောအခါမှ ကျန်းချဲမှာ စိတ်အေးသွားသည်။

ကျန်းချန်ရှန်း ကသာ မြို့တော်သို့ သွားရခြင်းကို မကြိုက်ပေ။

သူသည် အင်မော်တယ် ကျင့်ကြံသူဖြစ်ပြီး သူ၏ စိတ်နေသဘောထားသည် ရေကဲ့သို့ဖြစ်သည်။ သူ့ဆန္ဒများကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။ ကျင့်ကြံမှု ခံစားချက်ကို နှစ်သက်သည်။ ချီ ကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်မှာ အံ့သြစရာပင်။

အားလုံးက ကျန်းချင် ကို စနောက်ကြသည်။

ကျန်းချန်ရှန်း သည် စကားဝိုင်းတွင် ပါဝင်ခြင်းမရှိပေ။ မြို့တော်ကို လှမ်းကြည့်ရင်း ငေးမောနေသည်ါ

လက်ရှိတွင် လင်းဟောက်ထျန် ကို ထောက်လှမ်းနေသည်။

ဒီကလေးဟာ နောက်ထပ် ကံကြမ္မာကောင်းတစ်ခုနဲ့ ကြုံနေပြန်ပြီ။

ဒါကိုကြည့်ရင် သူဟာ မူလင်းလော့ကို ထပ်ပြီးလှုပ်ခါစေတော့မယ်။

အပြာရောင်ကောင်းကင်အောက်တွင် လင်းဟောက်ထျန်း သည် နတ်ဆိုးသူတော်စင် ၏ကြီးမားသောအလောင်းပေါ်တွင်ထိုင်နေခဲ့သည်။ ရင်ဘတ်ရှေ့တွင် လက်နှစ်ဘက်ကို ယှက်ကာ အော်ဟစ်လိုက်သည်။ "ငါသဘောမတူဘူးဆိုရင် သဘောမတူတာပဲ”

သူ့ဘေးတွကိ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက် ရပ်နေသဘ်ါ သူသည် ချည်သားအဝတ်အစားကို ၀တ်ထားပြီး နှာခေါင်းမှာ အနီရောင်ဖြစ်သည်။ သူ့ခါးတွင် ဘူးသီးဝိုင်ဘူး သုံးလုံးက တွဲလောင်းကျနေသည်။

ကောက်ကျစ်သောအဘိုးအိုသည် လင်းဟောက်ထျန်း ၏ပခုံးများကိုပွတ်သပ်ကာ ပြုံးလိုက်သည်။ “ညီလေး၊ အဲဒီလို မလုပ်ပါနဲ့။ ငါ့တပည့်ဖြစ်တာက အရမ်းအကျိုးရှိတယ်”

လင်းဟောက်ထျန်း က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး " ခင်ဗျားက လူလည်း မဟုတ် နတ်ဆိုးလည်း မဟုတ်ဘူး။

ခင်ဗျားနဲ့ အတူရှိနေရင် မကောင်းတာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်။"

လွန်ခဲ့သည့်ရက်အနည်းငယ်က၊ သူ နတ်ဆိုးသူတော်စင်၏ သွေးနှင့်ချီကို စုပ်ယူနေစဥ်တွငိ ဤအဘိုးအိုသည် ဘယ်နေရာကမှန်းမသိ သူ့ရှေ့ ထွက်ပေါ်လာပြီး သူ သေလုနီးပါး ကြောက်လန့်တကြား ဖြစ်သွားရသည်။ အဘိုးအိုက သူ့အရိုးများက အံ့သြစရာကောင်းပြီး သူ့သွေးများပ ထူးထူးခြားခြား ဖြစ်နေသည်ကို မြင်သောအခါ သူ့တပည့်အဖြစ် ခေါ်သွားချင်သည်။

ဤအဘိုးကြီးသည် အလွန်သန်မာသော်လည်း သူသည် အလွန်စည်းကမ်းရှိပြီး ကြမ်းတမ်းမည်မဟုတ်ပေ။ သူသည် သူ့ကို ဆရာအဖြစ် ရိုးသားစွာ အသိအမှတ်ပြုစေလိုသောကြောင့် သူ့ကို အတင်းအကြပ် မတိုက်တွန်းခဲ့ပေ။

လင်းဟောက်ထျန်း က သူ့ကို အတင်းအကြပ် မလုပ်ဘူးဟု ကြားသည့်အခါ ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်။ သို့သော်လည်း အဘိုးအိုက သူ့ကို ဆက်ပြီး နှောင့်ယှက်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“တကယ်တော့ ငါက လူလည်းမဟုတ် နတ်ဆိုးလည်း မဟုတ်ဘူး၊ မင်းကတော့ လူရော နတ်ဆိုးရော ဟုတ်တယ်လေ။ မင်းကငါ့အတိုင်းပဲ ဟုတ်တယ်မလား” အဘိုးကြီးက ရယ်မောလိုက်သည်။

လင်းဟောက်ထျန် က ကူကယ်ရာမဲ့ပြောသည်။ “စီနီယာ၊ ကျွန်တော့်မှာ ဆရာရှိပါတယ်။ ကျွန်တော့်ကို အတင်းမလုပ်နဲ့။"

"ငါ မင်းကို ဘယ်တုန်းက အတင်းလုပ်ခဲ့လို့လဲ။ ငါမင်းကိုပြောမယ်။ ငါကအရမ်းသန်မာတယ်”

ဒါပေမယ့် ခင်ဗျားမှာ နာမည်တောင် မရှိဘူးလေ။ ခင်ဗျားနာမည်ကို ထုတ်ဖော်ရမှာ ကြောက်နေတာမလား"

"မဟုတ်ဘူး၊ နာမည်တစ်ခုရဲ့ အဓိပ္ပါယ်ကို ငါအခုထိ ရှာမတွေ့သေးလို့”

အဘိုးကြီးက ရယ်မောလိုက်သည်။ သူက ဘူးသီးခြောက်ဝိုင်ဘူးကို ထုတ်လိုက်ပြီး လင်းဟောက်ထျန်း ကို ပေးလိုက်သည်။

“သောက်မလား”

လင်းဟောက်ထျန်း သည် ဘူးသီးကို ယူကာ သောက်လိုက်သည်။

သူက အသံကျယ်ကျယ်နဲ့ ချီးမွှမ်းပြီး “အရသာရှိတယ်။ စွဲနိုင်တယ်။ ထပ်ပြီး..

သူရုတ်တရက် လဲကျသွားသည်။ သူ့မျက်နှာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် နီရဲလာပြီး မျက်လုံးများ မှုန်ဝါးလာသည်။

ကောင်းကင်မိုးကြိုးလင်းယုန် သည် အလွန်တုန်လှုပ်သွားပြီး အဘိုးအိုကို ချက်ချင်း ဆိတ်လိုက်လေသည်။ အဘိုးအိုသည် လက်ကို မြှောက်ကာ ညွှန်ပြပြီးနောက် ချီစီးကြောင်း စတစ်ခုသည် ကောင်းကင်မိုးကြိုးလင်းယုန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ လှုပ်မရတော့ပေ။

"ဟဲဟဲ၊ ကလေးလေး၊ စိတ်မပူပါနဲ့။ မင်းရဲ့သခင်ကို ငါမထိခိုက်စေပါဘူး။ မင်းရဲ့သခင်က ငါ့ကို သူ့ဆရာအဖြစ် အသိအမှတ်မပြုလိုတဲ့အတွက် ငါလက်လျှော့လိုက်ပါပြီ။ ဒါ​ပေမဲ့ ငါ​ သူ့ကို တစ်​ခုခု သင်​​ပေးချင်လို့လေ”

အဘိုးအိုက ထိုစကားကိုပြောပြီးနောက် လင်းဟောက်ထျန် ၏အဝတ်အစားများကို ချွတ်စပြုလာသည်။

ကမ္ဘာမြေဝိညာဉ်သစ်ပင်အောက် ကျန်းချန်ရှန်း သည် လင်းဟောက်ထျန်းကို ကိုယ်လုံးတီးအောင် ချွတ်ပြီး သူ့ခန္ဓာကိုယ်ကို ဂရုတစိုက်ရှာဖွေနေသည့် အဖိုးအိုကိုတွေ့မြင်ခဲ့သည်။

ထိုမြင်ကွင်းက ကျန်းချန်ရှန်း ကို ပြိုလဲလုနိးပါးပင်။ သို့သော်လည်း စနစ်သည် တစ်ဘက်လူ၏ အင်အားကို ထောက်လှမ်း၍မရဟု တွေးတောကာ သည်းခံနေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

မှန်ပေသည်။ ထောက်လှမ်း၍မရ။

“ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေ ပါဝင်ပါတယ်။ လက်ရှိအချိန်မှာတော့ စနစ်က ပြိုင်ဘက်ရဲ့ အင်အားကို မတွက်ချက်နိုင်သေးပါဘူး။”

ဤကဲ့သို့ အသိပေးချက် ထွက်ပေါ်လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူ့ခန္ဓာကိုယ်ကို အသားမကျသလိုမျိုး ဒီကောင်လေးရဲ့ ရောင်ဝါက အရမ်း ဖရိုဖရဲ ဖြစ်နေတယ်။

ထို့အပြင်၊ လင်းဟောက်ထျန်း ၏ အတွေးများကြောင့် ကျန်းချန်ရှန်း သည် သေချာမှန်းဆနိုင်ခဲ့သည်။

လူမဟုတ်၊ နတ်ဆိုးမဟုတ်

ဤအဘိုးအိုသည် မြင့်မြတ်သော မင်းဆက်မှ ရှင်ပြန်ထမြောက်ခဲ့သော ရှေးခေတ် သိုင်းဧကရာဇ်ဖြစ်သည်။

ထို့ကြောင့် သူ့အငွေ့အသက်က အလွန် ဖရိုဖရဲဖြစ်နေသည်။

အကယ်၍ ထိုလူကြီးသည် ရှေးကျသော သိုင်းဧကရာဇ်ဖြစ်ခဲ့လျှင် လင်းဟောက်ထျန် သည် သူ့ကို တားနိုင်မည်မဟုတ်ပေ။ ထို့အပြင်၊ သူ့အပေါ်တွင် ဤမျှလောက် ရက်ပေါင်းများစွာ ဖားနေရန် မလိုအပ်ပေ။ သူမှာ မကောင်းတဲ့ အကြံအစည်မျိုး မရှိတာ အကောင်းဆုံးပဲ။

အခွင့်ကောင်းတစ်ခု။

ကျန်းချန်ရှန်း က သက်ပြင်းချလိုက်သည်။ လင်းဟောက်ထျန်း သည် ထူးခြားသည့်သွေးဆက်တစ်ခု ပိုင်ဆိုင်ပြီး သိုင်းဧကရာဇ်၏ အမွေကို ရရှိခဲ့သည်။ ထို့အပြင်၊ သူသည် သူ့အား တပည့်အဖြစ်ခေါ်ဆောင်လိုသော ရှင်ပြန်ထမြောက်လာသော ရှေးဟောင်းသိုင်းဧကရာဇ်တစ်ပါးနှင့် ကြုံတွေ့ခဲ့ရသည်။

ဒါက ဘယ်လိုအဓိကဇာတ်ဆောင်မျိုးလဲ။

မူလင်းလော့ ကို သူက လိမ်လည်လှည့်ဖြားပေးလျှင်ပင် သူမ လိုက်မမီနိုင်တော့ပေ။

အဘိုးအို၏ လုပ်ရပ်ကို အသေအချာ သတိပြုမိသည်။ လင်းဟောက်ထျန်း ကို အချိန်အတော်ကြာ ထိတွေ့ပြီးနောက် အဘိုးအိုသည် ကျေနပ်အားရစွာဖြင့် ရပ်လိုက်ပြီး “မှန်တယ်။ လူသားနဲ့ နတ်ဆိုးရဲ့ သွေးအနွယ်က ပေါင်းစည်းဖို့ မလွယ်ကူဘူး။ အများစုက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြတယ်။ ဒီကလေးရဲ့ မျိုးရိုးက မရိုးရှင်းဘူး။ လူသားပညာရှင်နဲ့ နတ်ဆိုးပညာရှင်တို့ရဲ့ ပေါင်းစပ်မှုက သမိုင်းမှာ တွေ့ရခဲတဲ့ ဘေးဥပါဒ်ကောင်ကို ဖန်တီးခဲ့တာပဲ။ သူက ဘေးဥပဒ်နဲ့ ရင်ဆိုင်ဖို့ မွေးဖွားလာပြီးတော့ ကံကြမ္မာကောင်းချီးကို ဆောင်ယူလာခဲ့တာပဲ။”

"ငါ မင်းကိုတွေ့ပြီးမှတော် ဒီကမ္ဘာမှာ အပြောင်းအလဲတွေ အများကြီးရှိပါစေ။ က​လေး၊ ငါနဲ့​တွေ့တာက မင်းရဲ့ ကံကြမ္မာပဲ!"

သူ့လက်ကို မြှောက်လိုက်ပြီး လင်းဟောင်ထျန်း ကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။ သူ၏ ချီသည် လင်းဟောက်ထျန်း နှင့် သူ့အောက်ရှိ နတ်ဆိုးသူတော်စင် ၏ အရေပြားများ အရည်ပျော်သွားပြီး လင်းဟောက်ထျန်း ဆီသို့ ကြောက်စရာကောင်းသော သွေးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ချက်ခြင်းပင်၊ လင်းဟောက်ထျန်း သည် သွေးပိုးကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

အဘိုးအိုသည် သံသယစိတ်ဖြင့် လှည့်ပတ်ကြည့်ကာ ရေရွတ်ရင်း “ထူးဆန်းတာက ငါဘာလို့ နည်းနည်း စိတ်မသက်မသာ ဖြစ်မိတာလဲ။ ဒီခန္ဓာကိုယ်က ငါ့အပေါ် နောက်တစ်ကြိမ် ရန်ပြုနေပုံရတယ်။”

တစ်ဖက်တွင်။

ကျန်းချန်ရှန်း သည် ယခုအချိန်တွင် လင်းဟောက်ထျန်း ၏ အတွေးများကို ခံစားမိနေသည်။

ဒီကလေးက အိပ်မက်မက်နေတာပဲ။ ကျန်းချန်ရှန်း သည် အိပ်မက်ဆင့်ခေါ်နည်းစနစ် ကို ချက်ခြင်းအသုံးပြုလိုက်ကာ သူ့အိပ်မက်ထဲတွင် ကမ္ဘာကြီးကို တွန်းလှန်နေကြောင်း တွေ့ရှိခဲ့လိုက်ရသည်။ ကျန်းချန်ရှန်း သည်လည်း အိပ်မက်ထဲတွင် ရှိနေခဲ့သည်။

“စီနီယာ၊ ခင်ဗျား အဲဒါကိုတွေ့လား? ငါက မဟာကျင်းဒေသကို မြင့်မြတ်တဲ့ မင်းဆက်အဆင့် တက်လှမ်းအောင် ကူညီပေးခဲ့တယ်။ ဧကရာဇ်က ကျွန်တော်ကို သိုင်းနတ်ဘုရားဘွဲ့ကို ချီးမြင့်လိုက်တယ်။ ကျွန်တော်က စီနီယာအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့တယ်”

"ဟားဟား၊ စိနီယာ ကျွန်တော်လည်း နေကို ပစ်ချနိုင်တယ်။ ကျွန်တော်က ခင်ဗျားနဲ့ အတူတူပဲမလား”

"ဝမ်းကွဲ... မင်းဘာလို့ ရန်သူ့နားမှာ ရပ်နေတာလဲ!"

“ချီးပဲ။ စီနီယာ ကျွန်တော့်ကို တစ်သက်လုံး ကာကွယ်ပေးခဲ့တယ်။ အခု မင်း မဟာကျင်းဒေသ ကို ဆန့်ကျင်နေလို့ ငါလှုပ်ရှားမှဖြစ်မယ်။ ဝမ်းကွဲ၊ ငါ့နောက်ဘဝမျှော်လင့်ချက်…

ထားလိုက်တော့

သူ့အိမ်မက်များက ဆက်တိုက်ပြောင်းနေပြီ စစ်အတွင်းမှာ သူငယ်ချင်းဟောင်း အများကြီးတွေ့သည်။

ထိုကလေးသည် သူ့ဝမ်းကွဲကို လွမ်းနေသေးသည်ကို မြင်သောအခါ ကျန်းချန်ရှန်း ဆွံ့အသွားသည်။

သို့သော်လည်း မဟာကျင်းဒေသ ကို ကူညီသည့် ဤကလေး၏ သဘောထားကို သူ ကျေနပ်နေသေးသည်။ လင်းဟောက်ထျန်သည် မဟာကျင်းဒေသကို မရောက်သေးလျှင်ပင် ထီးနန်းပြိုင်ဆိုင်မှုသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသဖြင့် မဟာကျင်းဒေသသည် ရာဇပလ္လင်အတွက် တိုက်ပွဲဝင်မည်ကို သူသိသည်။

သူ့အတွေးတွင် စီနီယာက သူ့ကို မဟာကျင်း ကို သွားစေချင်သည့်အတွက်၊ စီနီယာ ဟာ မဟာကျင်းဒေသ မှာ အရမ်းအဆင့်မြင့်တဲ့ သူတစ်ယောက်ဖြစ်ရမယ်။ မဟာကျင်းဒေသ ကို ကူညီခဲ့တာက စီနီယာကို ကျေးဇူးဆပ်ဖို့ပါပဲ။

အိပ်မက်က ဆက်တိုက်ပြောင်းလဲနေသည်။ လင်းဟောက်ထျန်းသည် စစ်မြေပြင်အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။ နတ်ဆိုးများ၊ လူသားများ၊ ရှေးခေတ် ဒဏ္ဍာရီလာ သားရဲများနှင့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်တုများစွာ ရှိသည်။ သူတို့သည် နတ်ဆိုးများထက် ပို၍ပင် ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။

ကျန်းချန်ရှန်း ကို ပိုကြည့်လေ၊ တစ်ခုခုလွဲနေပြီဟု သူ ပိုခံစားရလေလေဖြစ်သည်။

ဤအိပ်မက်သည် မှတ်ဉာဏ်ဟု ထင်ရသော်လည်း လင်းဟောက်ထျန်း ၏ သူငယ်ချင်းဟောင်းများကို သူ့က သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ခဏနေပါဦး။ ဒါက ဒီအဘိုးကြီးရဲ့အတိတ်အတွေ့အကြုံတွေများလား။

ကျန်းချန်ရှန်း သည် လင်းဟောက်ထျနိး လှည့်စားတော့မည်ဟု သဘောပေါက်လိုက်သည်။

၎င်းသည် တိုက်ပွဲအတွေ့အကြုံ မျှဝေခြင်းနှင့် ညီမျှသည်မဟုတ်လော။

ဤအချက်ကြောင့် သူ၏ ခွန်အားသည် ခုန်ပျံကျော်လွှား၍ မတိုးနိုင်သော်လည်း၊ ၎င်းသည် သေချာပေါက် ပြန်လည်မွေးဖွားနိုင်မည်ဖြစ်သည်။

သိုင်းဧကရာဇ် ၏ တိုက်ခိုက်ရေးအတွေ့အကြုံသည် စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးတစ်ခုဖြစ်သည်။

မကြာခင်မှာပဲ သူ့ကိုယ်သူ အိပ်မက်ထဲ၌ မရေမတွက်နိုင်သော ကြောက်စရာကောင်းသည့် ဧရာမ နတ်ဆိုးတစ်ကောင်က သူ့ကို သတ်သွားသည်ကို တွေ့လိုက်ရသည်။ လင်းဟောက်ထျန်း သည် နှိုးဆော်ခံရကာ ရူးသွပ်သော အခြေအနေသို့ ရောက်သွားသည်။ သူ့လက်ပြတ်သွားသော်လည်း သူသည် ဧရာမနတ်ဆိုး၏ရန်သူမဟုတ်ပေ။ လင်းဟောက်ထျန်း သည် အစွမ်းကုန် တိုက်ပွဲဝင်နေဆဲဖြစ်ပြီး သူ၏သတ်ရန် ရည်ရွယ်ချက်မှာ အလွန်ကြောက်စရာကောင်းသည်။

ပျော်ရမလား၊ အားကိုးရာမဲ့နေရမလားမသိ။

ကံကောင်းထောက်မစွာ၊ သူသည် လင်းဟောက်ထျန်း၏ နှလုံးသားတွင် အရေးအကြီးဆုံးဖြစ်တည်မှုကို ဖြစ်သွားခဲ့သည်။ သူ့ကို အချည်းနှီး ဂရုစိုက်ခဲ့ရတာ မဟုတ်ဘူးပဲ။

ကူကယ်ရာမဲ့စွာနှင့်၊ တခြားသူ၏အိပ်မက်ထဲတွင် သူ့ကိုယ်သူ သေသွားသည်ကို မြင်ရသည်မှာ အဆင်မပြေလှပေ။

ကျန်းချန်ရှန်း သည် သူ့အိမ်မက်ထဲတွင် ဆက်နေခဲ့သည်။ တဖြည်းဖြည်းနှင့် လင်းဟောက်ထျန်း၏ တိုက်ပွဲများမှ ထိုးထွင်းဉာဏ်အသိ ရလာကြောင်း သူနားလည်လာသည်။ သူသည် လင်းဟောက်ထျန်း ၏ ကံကောင်းသောအခွင့်အရေးကို အသုံးချနေသလား။

All Chapters