← Chapters

တာအိုဘိုးဘေးကို မဟာကျင်းဒေသ၏ ပလ္လင်သို့ ဖိတ်ကြားခြင်း

Vol. 16 Ch. 236

တာအိုဘိုးဘေးကို မဟာကျင်းဒေသ၏ ပလ္လင်သို့ ဖိတ်ကြားခြင်း

Vol. 16 Ch. 236

“ကျွန်တော့်မှာလည်း တူညီတဲ့ ရည်ရွယ်ချက်တွေရှိပေမဲ့ လူသားမျိုးနွယ်အတွက် အကျပ်အတည်းကို တွန်းလှန်နိုင်စွမ်း အားနည်းနေပါတယ်။ တာအိုဘိုးဘေး ကျွန်တော်က ခင်ဗျားထက် နိမ့်ကျပါတယ်။ ကျွန်တော့်အသက်ကို ခင်ဗျား ကယ်ခဲ့တယ်။ ခင်ဗျားသာ ဝင်မပါခဲ့ရင် ငါမီးအိုင်ထဲ သေသွားရမှာ” ကွမ်းထုံယိုက လေးနက်စွာပြောသည်။ သူ့လေသံက ရိုးသားသည်။ လူသားများသည် ဆိုးရွားသော အခြေအနေတွင် ရှိနေသောအခါမှ မျှော်လင့်ချက်ဟူသည် မည်သည့်အရာနည်း ဟူသည်ကို နားလည်နိုင်သည်။

ကျန်းချန်ရှန်း က "မင်းငါ့ကိုကျေးဇူးတင်တယ်ဆိုရင် မင်းရဲ့ကြင်နာမှုကို ငါတန်ဖိုးထားပါတယ်။ ပြန်ဆပ်စရာ မလိုဘူး။"

ကျီဝူကျွင်း က "ကွမ်းထုံယို၊ ရှင်က လူဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီတယ်။ မြင့်မြတ်တဲ့မင်းဆက်အတွက် ရှင်မတိုက်ခိုက်ခဲ့ပေမဲ့လည်း၊ ကောင်းကင်ကျီးကန်းကလန်ရဲ့ ရှေ့မှာ ရှင်က သူတို့ကို ဆန့်ကျင်ခဲ့တယ်။ ကျွန်မရှင့်ကို အသိအမှတ်ပြုပါတယ်။ မဟာကျင်းထဲ ဘာလို့မဝင်တာလဲ။ ရှင်လူသားမျိုးနွယ်ကို ကယ်တင်ချင်ရင် ကိုယ့်အစွမ်းအစကို အားကိုးလို့ မရဘူး။ မဟာကျင်းက နောက်ထပ် မြင့်မြတ်တဲ့ မင်းဆက်ဖြစ်လာပြီး လူသားမျိုးနွယ်ကို ပေါင်းစည်းမယ်ဆိုရင်၊ ဒါက လူသားမျိုးနွယ်အတွက် အခြေအနေကို ပြောင်းပြန်လှန်ပစ်ရမဲ့ အချိန်ပဲ။ ရှင်သာ အခုပါဝင်လိုက်ရင် အဲဒါက ကြီးမားတဲ့ ပံ့ပိုးကူညီမှုတစ်ခုအဖြစ် သတ်မှတ်လို့ရမယ်။ ရှင်က အနာဂတ်မှာ စစ်နတ်ဘုရား ဖြစ်လာနိုင််တယ်။ ပြီးတော့ မြင့်မြတ်တဲ့ မင်းဆက်ဖြစ်လာတဲ့အခါမှာ မဟာကျင်းရဲ့ ကံကြမ္မာကောင်းချီးက ရှင့်ကို ဖြတ်ကျော်ခွင့်ပေးနိုင်မယ်”

ကျန်းချန်ရှန်း သည် ကျီဝူကျွင်း ၏ စကားကို အလွန်ကျေနပ်သွားသည် ။ သူမကို ပိုကြည့်လေလေ၊ သူမမျက်လုံးကို ပိုသဘောကျလေလေဖြစ်သည်။

မင်းငါ့ကိုနားလည်ပြီးတော့ ပြောဆိုနိုင်တယ်။

ကွမ်းထုံယို က သူ့လက်သီးဆုပ်ကို ကိုင်လိုက်ပြီး "ငါ့မှာ ဒီလိုရည်ရွယ်ချက်ရှိတယ်၊ ဒါပေမယ့် ငါက မဟာကျင်း ကို မဟုတ်ဘူး။ တာအိုဘိုးဘေးကိုပဲ အမှုထမ်းချင်တာ။ တာအိုဘိုးဘေး ကျေးဇူးပြုပြီး မဟာကျင်းရဲ့ ပလ္လင်ပေါ်မှာ ထိုင်လိုက်ပါ။ ခင်ဗျားသာ ပဲ့ကိုင်နေရင် ငါဟာ မဟာကျင်းမင်းဆက်ရဲ့ လှံဖြစ်လာဖို့ ဆန္ဒရှိပါတယ်”

သူပြောပြီးသည်နှင့် လူတိုင်း၏အမူအရာမှာ ထူးဆန်းလာသည်။

ကျန်းချန်ရှန်း ၏ သရုပ်မှန်ကို သိသော ကျန်းကျန့် သည် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။

ရိုးရိုးသားသားပြောရလျှင် မဟာကျင်း သည် အမှန်တကယ်ပင် စွမ်းအားကြီးမားသော်လည်း ကျန်းကျန့် ၏ထင်မြင်ချက်အရ မဟာကျင်းဒေသ သည် နံပါတ်တစ် ကံကြမ္မာကောင်းချီး မင်းဆက်ဖြစ်လာရန်နှင့် မြင့်မြတ်တဲ့ မင်းဆက်ဖြစ်လာရန် အလားအလာမှာ အလွန်နည်းပါးနေသေးသည်။ အဘယ်ကြောင့်ဆိုသော် မဟာကျင်းဒေသသည် ၎င်းတို့၏အခြေခံအုတ်မြစ်ကိုတည်ဆောက်ရန် အချိန်အကြာကြီးလိုအပ်နေသေးသောကြောင့်ဖြစ်သည်။

မဟာကျင်း သည် ယနေ့ရောက်ရှိနေသည့်နေရာမှာ တာအိုဘိုးဘေး၏ ကျေးဇူးကြောင့်ပင်။

တာအိုဘိုးဘေးသည် ဧကရာဇ်မင်းဖြစ်လာရန် ဆန္ဒရှိနေပါက၊ ၎င်း၏ လက်ရှိဂုဏ်သိက္ခာအရ၊ သိုင်းပညာရှင်များနှင့် အင်အားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် မဟာကျင်းဒေသ သည် အသွင်အပြင်အသစ်တစ်ခုရလိမ့်မည်။

အဆုံးတွင်၊ ပြင်ပလူများ၏အမြင်တွင် တာအိုဘိုးဘေးသည် ကျန်းကျီယွီနှင့် သူ၏ ဆက်ဆံရေးကိုထောက်၍သာ မဟာကျင်းကို ကာကွယ်နေခဲ့သည်။ တာအိုဘိုးဘေးက မဟာကျင်း ကို မထားခဲ့ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။

မဟာကျင်း ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများပင်လျှင် ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ ရှိသည်။ ဧကရာဇ်မင်းသာ စိတ်မပူခြင်းဖြစ်သည်။

ကျန်းချန်ရှန်း က “ငါက ​ကျင့်ကြံသူတစ်ယောက်ပါ။ ငါ့မှာ ဖြူစင်တဲ့ နှလုံးသားနဲ့ ဆန္ဒနည်းနည်းပဲ ရှိတာ။ ငါ ဘယ်လိုလုပ် ထီးနန်းကို ဆက်ခံနိုင်မှာလဲ”

မြင့်မြတ်သောမင်းဆက်သည် ဤမျှကြီးကျယ်ခမ်းနားခဲ့ပါသလား။

သူသည် အင်မော်တယ် ဖြစ်လာသောအခါ၊ သူသည် နတ်ဆိုးများကို တစ်ယောက်တည်း ဖြတ်ကျော်ကာ လူသားမျိုးနွယ်ကို ကယ်တင်မည်ဖြစ်သည်။

လူသားမျိုးနွယ်အတွက်၊ မြင့်မြတ်သောမင်းဆက်တည်ဆောက်ခြင်းသည် ၎င်းတို့၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သော်လည်း ကျန်းချန်ရှန်း အတွက် အန္တရာယ်အရှိဆုံးလမ်းဖြစ်သည်။

သူသည် မြင့်မြတ်သော မင်းဆက်ဖြစ်လာရန် မဟာကျငိး ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်သော်လည်း သူ၏ ကျင့်ကြံမှုတွင် သူ၏စွမ်းအင်အားလုံးကို မြှုပ်နှံထားရမည်ဖြစ်သည်။

သူ့တွင် မယုံကြည်နိုင်လောက်သော ခွန်အားများ ပိုင်ဆိုင်ထားသည့်အခါ သူ့အတွက် ထိန်းမနိုင်သိမ်းမရ ဖြစ်မလာနိုင်သည်တော့ မဟုတ်ပေ။

နတ်ဆိုးမျိုးနွယ်၏ အချုပ်အခြာအာဏာ၊ ကွမ်းထျန် မဟာနတ်ဆိုးသူတော်စင် ကိုးပါး၊ ရှေးသိုင်း ဧကရာဇ်နှင့် လင်းဟောက်ထျန်း ၏ အမွေဆက်ခံသော မှတ်ဉာဏ်များတွင် ကြောက်မက်ဖွယ်ကောင်းပြီး အမည်မသိ မျိုးနွယ်များ၊ သူ့အား စိတ်မသက်မသာဖြစ်စေသော အစွမ်းထက်သောတည်ရှိမှုများစွာရှိခဲ့သည်။

ဧကရာဇ်ဖြစ်လာခြင်းသည် သူ၏ ကျင့်ကြံမှုကို နှောင့်နှေးစေပြီး သူ့ကို ပို၍ မျက်စိကျလာစေမည်မှာ သေချာသည်။

ရှင်သန်မှုစနစ်က သူ့၏ ကျင့်ကြံမှုကို တိုက်ရိုက်တိုးစေပြီး ကျင့်ကြံခြင်း၏ ဒုက္ခကို ကယ်တင်နိုင်မည်ဆိုပါက သူသည် သန်မာသော ပြိုင်ဘက်များကို ကြံ့ကြံ့ခံပြီး ဘုရင်ဖြစ်လာနိုင်သည်။

ကံမကောင်းစွာနဲ့ပဲ အဲဒါက သိပ်မလွယ်ခဲ့ပေ။

"တာအိုဘိုးဘေး ၊ ဒါဆို မင်းဘာလို့ မဟာကျင်းဒေသကိုပဲ ထောက်ပံ့ပေးပြီး တခြားမင်းဆက်တွေကို ထောက်ပံ့မပေးတာလဲ။ ကျင်းထိုက်ကျုံး က မင်းရဲ့တပည့်မို့ မဟာကျင်းဒေသ ကို မင်းတစ်သက်လုံး ကာကွယ်ပေးချင်နေတာလား။" ကွမ်းထုံယိုက အံ့သြစွာမေးလိုက်သည်။

သူ့အမြင်အရ တာအိုဘိုးဘေးက နေကို ပစ်ချသည့်အချက်က သူစေတနာကောင်းသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ရာတွင် မင်းဆက်များနှင့် တာအို ဘိုးဘေးကြား စစ်ပွဲတစ်ခုဖြစ်ပွားပါက အခြားမင်းဆက်များအတွက် ရက်စက်သော အရာဖြစ်လာမည်။ ထိုအရာသည် တာအိုဘိုးဘေးသည် မဟာကျင်း၏ ဧကရာဇ်ဖြစ်ရန် ရည်မှန်းချက်ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။ သို့သော်လည်း ကျန်းကျိယွီ နှင့် သူ၏ ဆက်ဆံရေးကြောင့် သူ၏ ရည်မှန်းချက်ကို တားဆီးရန် အတင်းအကြပ် တွန်းအားပေးခြင်းသာ ဖြစ်သည်။

ယခုမူ နတ်ဆိုးဘေးဆိုးကြီးရောက်လာသောအခါ ခေါင်းမာနေစရာ မလိုတော့ပေ။

သူတော်စင်တွေမှာလည်း သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေရှိကြတယ်။ ကွမ်းထုံယို သည် တာအိုဘိုးဘေးအား ဧကရာဇ်မင်း သို့မဟုတ် အနာဂတ်သိုင်းဧကရာဇ်ဖြစ်ရန် ထောက်ခံသည်။

ကျန်းချန်ရှန်း က “ငါ့ကို မဟာကျင်းဒေသမှာ မှာမွေးတာမလို့ ငါအဲဒါကိုကာကွယ်ပေးတာပါ။ လူသားမျိုးနွယ်ကို ပေါင်းစည်းဖို့ ငါ့မှာ ရည်မှန်းချက် မရှိပါဘူး။ အေးအေးချမ်းချမ်းပဲ ကျင့်ကြံချင်တယ်။ မင်းအတွက် ငါ့မှာ အကြံတစ်ခုရှိတယ်။ မိန်းကလေးကျီ ပဲဖြစ်ဖြစ် မင်းပဲ ဖြစ်ဖြစ်၊ မင်းတို့နှစ်ယောက်လုံးက ဉာဏ်ကြီးရှင်တွေပါ။ သိုင်းပညာကို လေ့ကျင့်ဖို့ ခွန်အားတွေကို မြှုပ်နှံထားသင့်တယ်။ ပစ္စုပ္ပန်အကျိုးအတွက် မင်းရဲ့အနာဂတ်ကို မစတေးပါနဲ့။ မြန်မြန် အင်အားကြီးတာနဲ့အမျှ လူတွေကို ကယ်တင်နိုင်မယ်။"

ကွမ်းထုံယိုက က တစ်ခုခုပြောချင်ပေမယ့် တုံ့ဆိုင်းနေသည်။

ကျီဝူကျွင်း က “ရီင် လောလောဆယ် မြို့တော်မှာ နေလို့ရပါတယ်။ တစ်ချို့အရာတွေက အလျင်စလိုလုပ်လို့ မရဘူး။”

ကွမ်းထုံယို သည် ကျန်းချန်ရှန်း ကို ကြည့်ပြီး ကျီဝူကျွင်း ကို ကြည့်ကာ ကူကယ်ရာမဲ့ သဘော တူလိုက်သည် ။

သူ ဆက်မနေတော့ဘဲ သိပ်မကြာခင်မှာပဲ ထွက်သွားခဲ့သည်။ သူသည် မြို့တော်တွင် အိမ်ကြီးတစ်လုံးဝယ်ပြီး ထိုနေရာတွင်နေရန် ပြင်ဆင်ခဲ့သည်။

ရဲ့ရွှင်းက မနေနိုင်တော့ဘဲ “ တာအိုဘိုးဘေး၊ ခင်ဗျား ဘာကိုစောင့်နေတာလဲ။ ခင်ဗျားက လူသားမျိုးနွယ်ကို ဂရုမစိုက်ဘူးထင်ရပေမယ့် အကြိမ်ကြိမ် ပါဝင်ပေးခဲ့တာပဲ”

ကျန်းချန်ရှန်းက မျက်လုံးမှိတ်ပြီး “လောကကြီးက မဆုံးဖြတ်ရသေးဘူး။ မှန်ကန်တဲ့လမ်းစဥ်က မင်းနဲ့ငါ ငြိမ်းချမ်းစွာ လေ့ကျင့်ဖို့ပဲ”

ကျီဝူကျွင်း က ပြုံးပြီးပြောသည်။ "မှန်တယ်၊ အချိန်က မကျသေးဘူး။'

တာအိုဘိုးဘေးတွင် ထိုရည်ရွယ်ချက်ရှိနေသည်ဟု သူမခံစားမိသော်လည်း သူစောင့်နေဆဲဖြစ်သည်။

သူဘာကို စောင့်နေတယ်ဆိုတာ သူမ နားလည်နိုင်သည် ။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ ရှေ့တွင် ရှင်ပြန်ထမြောက်လာသော သိုင်းဧကရာဇ်များ၊ နတ်ဆိုးသူတော်စင်များနှင့် မျိုးနွယ်အားလုံးအတွက် ရုန်းရင်းဆန်ခတ်ဖြစ်မည့်အချိန်ကာလသည် မည်မျှတန်ခိုးကြီးသော အင်မော်တယ် နတ်ဘုရားများပင် ဖြစ်ပါစေ၊ ၎င်းတို့သည် နတ်ဘုရားများသာဖြစ်နေဆဲဖြစ်သည်။

သူမကြားဖူးသော ဒဏ္ဍာရီများတွင် ကမ္ဘာကြီးကို အေးချမ်းသာယာစေမည့် နတ်ဘုရားတစ်ယောက်မျှပင် မရှိချေ။

နတ်ဆိုးများသည် မ​သေမျိုးများ၏ ပံ့ပိုးမှုလည်း ရှိကောင်းရှိပေမည်။

ချောက်ကမ်းပါးပေါ်တွင်…

" ကောင်းကင်ကလန်က ဖန်ကး အမြင့်ပေတစ်သိန်းရှည်တယ်။ အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ။ သူတကယ် လူသားလား"

ဝတ်ရုံဖြူက မျက်မှောင်ကြုတ်ကာ မေးလိုက်ရာ သူ့မျက်နှာမှာ အံ့သြမှုအပြည့်နှင့် ဖြစ်နေသည်။

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက သူ့ရှေ့တွင် ဒူးထောက်ကာ “မှန်ပါတယ်။

သေဆုံးသွားသူတွေက နတ်ဆိုးအရှင် ကြက်သွေးရောင် မိစ္ဆာနဲ့ နတ်ဆိုးအရှင် ဖျင်ထန်းတို့ပါ။ အဲဒီ နတ်ဆိုးနှစ်ပါးဟာ လမ်းတစ်လျှောက်မှာ ရှိတဲ့ တိုက်ကြီးတွေကို ဝါးမြိုပြီး အရမ်းရက်စက်ကြမ်းကြုတ်ပါတယ်။ ကောင်းကင်မျိုးနွယ်က ဖန်ကူ နတ်ဆိုးတွေကို စစ်ကြေငြာခဲ့ပါတယ်။ တောင်ပိုင်းပင်လယ်မှာ ရှိတဲ့ နတ်ဆိုးတွေရဲ့ လှုပ်ရှားမှုလည်း သိသိသာသာ လျော့ကျသွားပြီးတော့ နတ်ဆိုးစစ်သား အများအပြား ဆုတ်ခွာသွားပါတယ်။ နတ်ဆိုးတွေက ကောင်းကင်ကလန်ရဲ့ တည်ရှိမှုကိုလည်း ကြောက်နေပုံရပါတယ်။ အရှင်၊ ကောင်းကင်ကလန် ရဲ့ မူလအစက ဘာလဲ။ အဲဒါက မြင့်မြတ်တဲ့မင်းဆက်က မှတ်တမ်းတင်ထားတဲ့ ရှေးခေတ် ဧရာမမျိုးနွယ်နဲ့ အရမ်းဆင်တူပေမဲ့ ဧရာမမျိုးနွယ်က အဲဒီလောက် မကြီးပါဘူး။

ဝတ်ရုံဖြူဝတ်ထားသူက ခေါင်းခါပြီး “ကောင်းကင် ကလန်အကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး။ ကမ္ဘာကြီးသည် ကျယ်ပြောပြီး အကန့်အသတ်မရှိဘူး။ သူတော်စင် မင်းဆက်က နတ်ဆိုးမျိုးနွယ်ရဲ့ တစ်ဖက်ခြမ်းအကြောင်း များများစားစား မသိဘူးm ရှေးယခင်က ဘုရင်မင်းမြတ်က မျိုးနွယ်စု အနန္တ ပေါ်ထွန်းလာမယ်လို့ ကြိုဟောခဲ့တယ်။ အဲဒါက မှန်ကန်တာပဲ။ ကောင်းကင်ကလန်က နတ်ဆိုးအရှင်နှစ်ပါးကို တစ်ချက်တည်း သတ်ဖြတ်ခြင်းက လူသားမျိုးနွယ်အတွက် ကောင်းမွန်သောအရာ ဖြစ်လာလိမ့်မယ်”

မျက်နှာဖုံးစွပ်ထားသော အမျိုးသားက ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများက ဖန်ကူကို သဘောကျနေသည်မှာ ထင်ရှားသည်။

နတ်ဆိုး အရှင်​ နှစ်ပါးကို တစ်ကြိမ်တည်း သတ်လိုက်ခြင်းသည် တကယ်ကို ကျေနပ်စရာပင်။

မြင့်မြတ်သောမင်းဆက်နှင့် နတ်ဆိုးများကြား စစ်ပွဲစတင်ချိန်မှစ၍ သူသည် ဤမျှလောက် ကျေနပ်စရာ တစ်စုံတစ်ရာကို မကြားခဲ့ရသေးပေ။

ေကာင်းပင်ကလန် ၏ ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ နတ်ဆိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး လူသားများကို ပစ်မှတ်မထားသရွေ့ ၎င်းတို့မှာ သူ၏ ကိုးကွယ်ဆည်းကပ်ခြင်း ခံရမည်ဖြစ်သည်။ ဝတ်ရုံဖြူ မေးသည်။ “ ကောင်းကင်ဝင်ခွင့်ကို မင်းပို့ပြီးပြီလား”

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက “ကျွန်တော် ပို့ပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားပါတယ်”

သူက ခဏရပ်ပြီး “တာအိုဘိုးဘေးက ကွမ်းထျန်ကို ငြင်းပယ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အရှင်က သူ့အကြောင်း မှန်းတာ မှန်တာပဲ”

ဝတ်ရုံဖြူက ပြုံးပြီး “ကောင်းပြီ” ဟုဆိုသည်။

မျက်နှာဖုံးစွပ်ထားသူက “မဟာကျင်း မင်းဆက်ဖြစ်လာမယ်လို့ အရှင်ယုံကြည်နေတာကို ကျွန်တော်တို့က သူ့ကို ဘာလို့ မကူညီသေးတာလဲ”

ဝတ်ဖြူဖြူဝတ်ထားသူသည် လှည့်၍ နေရောင်ကို မျက်နှာမူကာ ထိုင်နေ၏။ "ဘာလို့လဲဆိုတော့ သူက ဧကရာဇ်မဖြစ်သေးလို့ပဲ”

“မဟာကျင်းဒေသ ကို အခုကတည်းက အာရုံစိုက်နေစရာ မလိုတော့ဘူး။ အဲဒီလူကို အာရုံစိုက်ပါ။ မကြာသေးခင်က သူ့ရဲ့ လုပ်ရပ်တွေက ပိုပြီး လျှို့ဝှက်လာတယ်။ တစ်ခုခုဖြစ်လာမှာကို စိုးရိမ်တယ်။”

“ဟုတ်ကဲ့ပါ”

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် ချက်ချင်း ပျောက်သွားသည်။

ဇူလိုင်လလယ်။

ခြံဝင်းထဲတွင် ကျန်းချန်ရှန်း က မျက်လုံးဖွင့်ပြီး မြို့တော်အပြင်ဘက်ကို ကြည့်လိုက်သည်။

ကျီဝူကျွင်း လည်း မျက်လုံးဖွင့်ကာ မတ်တပ်ထရပ်လိုက်သည်။ သူမ၏ တုံ့ပြန်မှုသည် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။

"ဘာဖြစ်လို့လဲ” ပိုင်ချီ က စိတ်ဝင်တစား မေးသည်။

ကျီဝူကျွင်း က တိုးတိုးလေးပြောပြီး "သူတို့ တကယ်လာနေပြီ"

သူမသည် ကျန်းချန်ရှန်း ဘက်လှည့်ပြီး “တာအိုဘိုးဘေး၊ ဧကရာဇ်မင်း စေလွှတ်လိုက်တဲ့ ပစ္စည်းတွေ လက်ခံဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ။ သူတို့ကို မစုံစမ်းစေနဲ့။" ကျန်းချန်ရှန်း က ခေါင်းညိတ်လိုက်ပြီး သူ့အသံကို ကျန်းချဲ ကို ပို့လိုက်သည်။

စစ်ပြည်နယ်ပြင်ပမှ သိုသ်းပညာရှင် ရှစ်ဦး ပျံဝဲနေသည်ကို သူတွေ့လိုက်ရသည်။ ဤသိုင်းပညာရှင်ရှစ်ဦးစလုံးသည် ကောင်းကင်ဂူ အဆင့် ပညာရှင်များ ဖြစ်ပြီး ကြီးမားသောကျောက်တံခါးကို သယ်ဆောင်လာကြသည်။ ဤကျောက်တံခါးသည် အမှန်တကယ်တွင် ကျောက်စာတိုင်နှစ်တိုင်နှင့် တံခါးတစ်ခု၏ထိပ်တွင် တည်ဆောက်ထားသည်။ မျက်နှာပြင်ပေါ်ရှိ ပုံစံများသည် အလွန်လက်ရာမြောက်သည်။

ဤပစ္စည်းကို လက်ခံဖို့ သဘောတူရသော အကြောင်းရင်းမှာ ကျောက်တံခါးတွင် ကံကြမ္မာကောင်းချီးများ အများကြီးပါနေသည်ကို သူခံစားမိလို့​ဖြစ်သည်။ ထိုအရာ ဘယ်ကိုသွားသွား ကံကြမ္မာကောင်းချီးများ တိုးပွားလာပြီး အကျိုးဆက်က အရမ်းထင်ရှားသည်။ မူလက သူသည် တစ်ဘက်လူတွင် ယုတ်မာသော ရည်ရွယ်ချက်ရှိမည်ကို စိုးရိမ်သော်လည်း ကျီဝူကျွင်း ၏ စကားမှာ တစ်ဘက်လးသည် မြင့်မြတ်သော မင်းဆက်မှ ဖြစ်သည်ဟု ဆိုလိုသည်။

မြင့်မြတ်သောမင်းဆက်၏ ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ၊ သူတို့အရင်ဆုံးလက်ခံသင့်တယ်။

ထိုအချိန်တွငိ ရဲရွှင်း သည် ကောင်းကင်ဂူအဆင့်မှ ပညာရှင်ရှစ်ဦး၏ အရှိန်အဝါကို ခံစားသိရှိသွားသည်။ သူ ပြေးထွက်လာခဲ့သည်။

ကျီဝူကျွင်း သည် ကျန်းချန်ရှန်း ၏ နံဘေးသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ နူးညံ့သောလေသံဖြင့် သူမက “ဒါဟာ မြင့်မြတ်တဲ့ မင်းဆက်ဆီက လက်ဆောင်တစ်ခုပါ။ မြင့်မြတ်တဲ့မင်းဆက်မှာ ကံကို ချိုးနှိမ်နိုင်တဲ့ အရာရှစ်မျိုးရှိတယ်။ အဲဒါတွေထဲမှာ ကောင်းကင်ဝင်ပေါက်က တန်ခိုးအရှိဆုံးဖြစ်ပြီးတော့ မြင့်မြတ်သောမင်းဆက်ရဲ့ အချိန်အကြာဆုံး ကံကြမ္မာကောင်းချီးကို ဆောင်ယူထားတယ်။ ဆရာတော် ပိုင်ထံမှ လက်ဆောင်ဖြစ်ရမယ်။ အသျှင်ပိုင်က မြင့်မြတ်တဲ့ မင်းဆက်ဧကရာဇ်နဲ့ အအရင်းနှီးဆုံး.ပုဂ္ဂိုလ်ပဲ။ ဒီနေရာမှာ ကောင်းကင်ဝင်ပေါက်ကို ပေးပို့တာဟာ မဟာကျင်းဒေသကို တန်ဖိုးထားတာနဲ့ ညီမျှတယ်။ ဒါက သေချာပေါက် ကောင်းတဲ့အရာပဲ။ မဟာကျင်းဒေသဟာ အနာဂတ်မှာ ပိုအားကောင်းတဲ့ အရှိန်အဟုန်ကို ပြသနေသရွေ့၊ မြင့်မြတ်တဲ့ မင်းဆက်ရဲ့ လက်အောက်ခံတွေနဲ့ အရင်ကအရာတွေကို စုစည်းနိုင်ပြီးတော့ မဟာကျင်းဒေသဟာ ပိုပြီး လျင်မြန်စွာ တိုးတက်လာနိုင်တယ်။”

ကျန်းချန်ရှန်း က “ဒါက ပြဿနာတွေကို ဆွဲဆောင်နေမှာလား”

ကျိဝူကျွင်း က ပြုံးပြီးပြောသည်။ "အဲဒါကြောင့် ကျွန်မက မဟာကျင်း က လူတွေကို မမေးမြန်းဖို့ ပြောလိုက်တာ။ မြင့်မြတ်သောမင်းဆက်ကို မှီလိုက်သူတွေက လွဲရင် တခြားဘယ်သူက ကောင်းကင်ဝင်ပေါက်ကို မှတ်မိနိုင်မှာလဲ”

ကျန်းချန်ရှန်း က ခေါင်းညိတ်ပြီး စိတ်လျှော့လိုက်သည်။

ကျီဝူကျွင်း သည် အရှင်ပိုင် ကို စတင် မိတ်ဆက်ပေးသည်။

အရှင်ပိုင် သည် ကောင်းကင်ဂူအဆင့်ကိုး သိုင်းပညာရှင် ဖြစ်ပြီး သူမနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ မြင့်မြတ်သောမင်းဆက်၏ စစ်နတ်ဘုရားများကို လိုက်ရှာခြင်းမှ သူမ လွတ်မြောက်နိုင်ခဲ့သည်မှာ အရှင်ပိုင်၏ ကူညီမှုကြောင့် ဖြစ်သည်။

“အရှင်ပိုင်က မြင့်မြတ်တဲ့ မင်းဆက်ရဲ့ ကံကြမ္မာ ကောင်းချီးကို တာဝန်ယူရတယ်။ သူက သိုင်းဘုရင်အဆင့်ကို ဖြတ်ကျော်ဝင်ရောက်နေသမျှ ကာလပတ်လုံး သူရဲ့ သက်တမ်းကို တိုးမြှင့်နိုင်တယ်။ အနာဂတ်မှာ၊ မဟာကျင်း က သူ့အကူအညီကို ရနိုင်ရင် အတောင်တပ်ပေးထားတဲ့ ကျားတစ်ကောင်လို ဖြစ်လာမှာ သေချာတယ်။”

ကျီဝူကျွင်း က လေးနက်စွာပြောသည်။ မြင့်မြတ်သော မင်းဆက်မှ တစ်စုံတစ်ဦးကို ရည်ညွှန်းပြောဆိုရသည့်အတွက် သူမ အလွန်စိတ်လှုပ်ရှားနေသည် ။

ကျန်းချန်ရှန်း က "ဒါဆို မဟာကျင်းက သူတို့ကို ပြန်စုစည်းဖို့ မင်း ကူညီပေးနိုင်မလား?"

ကျီဝူကျွင်း က ပြုံးပြီးပြောသည်။ “ကျွန်မမှာ အဲဒီလိုအရည်အချင်းမရှိဘူး၊ ဒါပေမယ့် သူက သူ့ရဲ့ ရပ်တည်ချက်ကို ထုတ်ပြောပြီး မဟာကျင်း နဲ့ ပူးပေါင်းဖို့ အရမ်းအလားအလာရှိတယ်။ အခု မပါဝင်ရတဲ့ အကြောင်းအရင်းကတော့ ရှင်ပြောသလိုပဲ အချိန်မကျသေးတာကြောင့်လို့ ထင်တယ်။” ကျန်းချန်ရှန်းက နားမလည်ဟန်ဆောင်ကာ ထပ်မမေးတော့ပေ။

တစ်ချိန်တည်းမှာပင် ဝတ်ရုံဖြူဝတ် အစောင့်တပ်သားများသည် မြို့တော်မှ ထွက်ခွာလာသည်။

နတ်ဘုရားအစစ်

ယခုအချိန်တွင် ဝတ်ရုံဖြူ အစောင့်များထဲတွင် နတ်ဘုရားစစ် အဆင့်များစွာရှိသည်။ နတ်ဘုရားစစ်များသည် နဂါးသွေးကြောတိုက်ကြီး၏ အပြင်ဘက်တွင် လုံလောက်သော အင်အားမရှိဟု ယူဆထားသော်လည်း မဟာကျင်းဒေသ သည် ပြောင်းလဲသွားခဲ့ကြောင်း သက်သေပြရန် လုံလောက်သည်။ နတ်ဘုရားစစ်များသည် ဒဏ္ဍာရီများမဟုတ်တော့ဘဲ သာမန်လူများဖြစ်လာခဲ့သည်။

အိမ်ရှေ့ မင်းသား ကျန်းချင်အား ဝတ်ရုံဖြူ အစောင့်များကို ဦးဆောင်ကာ မြို့ပြင် ကောင်းကင်ယံတွင် စောင့်ဆိုင်းရန် စေလွှတ်ခဲ့သည်။

မကြာခင်မှာပဲ ကောင်းကင်ဂူအဆင့် သိုင်းပညာရှင် ရှစ်ယောက်ဟာ သူတို့၏ ပခုံးပေါ်က ကောင်းကင်ဝင်ပေါက်နှင့်အတူ ပျံတက်လာသည်။

ဦးဆောင်သူ အဘိုးအိုက “ဒါဟာ ငါ့သခင်ရဲ့ လက်ဆောင်ပဲ။ မဟာကျင်းက ကျေးဇူးပြု၍ လက်ခံပါ။"

ကျန်းချင် က သူ့လက်သီးတွေကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး "ကျေးဇူးတင်ပါတယ်!"

သူက ချက်ချင်းပဲ ဝတ်ရုံအစောင့်တပ်များကို ယူခိုင်းလိုက်သည်။ ဝတ်ရုံဖြူ အစောင့်တပ်မှ နတ်ဘုရားစစ်အယောက်၃၀ သည် ကောင်းကင်ဝင်ပေါက်ကို အတူတကွသယ်ဆောင်သွားကြသည်။ သိုင်းပညာသည်များ ဆုပ်ကိုင်ထားရာမှ လွတ်သွားသောအခါ ဝတ်ရုံဖြူ အစောင့်တပ်သားများ ဖိအားခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာ၊ သူတို့သည် အချိန်မီ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။

ကျန်းချင် သည် ကောင်းကင်ဘုံဂူသိုင်းပညာရှင် ရှစ်ယောက်ကို ကြည့်ပြီး မေးတော့မည့်အချိန်တွင် သူတို့သည် လှည့်ထွက်ပြီး မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

All Chapters