ဟောက်ထျန်းအဆုံးသတ်ပြီ…
Vol. 16 Ch. 238
"သူက အင်မော်တယ်တာအိုကို ကျင့်ကြံနေတယ်လို့ ပြောနေတာလား။ သူက တမင်တကာ လျှို့ဝှက်ဆန်းကြယ်သလို လုပ်နေတာ။ အကယ်၍ သူသာ အင်မော်တယ်တာအိုကို ကျင့်ကြံနေတာဆိုရင် သူကဘာလို့ ဒီလောက် မောက်မာနေဖို့ လိုမှာလဲ။ သူက ကျော်ကြားမှုနဲ့ ကြလယ်ဝမှုကို လိုချင်နေတာပဲ”
ကျီဝူကျွင်း က မခိုးမခန့်ပြောလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် တာအိုဘိုးဘေး သာလျှင် အင်မော်တယ်တာအို ဟူသော စကားလုံးနှင့် ထိုက်တန်သည်။
အနည်းဆုံးတော့ တာအိုဘိုးဘေးက ထန်ထျန်းရှစ် လောက် မောက်မာနေမည် မဟုတ်ပေ။ တာအိုဘိုးဘေး လှုပ်ရှားလာသည့် အခါတိုင်း ထိုအရာက မဟာကျင်းနှင့် လူသားမျိုးနွယ်အတွက်ပင်။
ရဲရွှင်း က ကူကယ်ရာမဲ့ ပြောသည်။ “ဘာပဲဖြစ်ဖြစ် သူက တကယ်ကို သန်မာတယ်။ သူ့ရဲ့ လှုပ်ရှားမှုတချို့က စိတ်ကူးကြည့်လို့တောင် မရဘူး”
ထိုအရာကိုကြားသောအခါ တခြားသူများက ဘာမှပြန်မပြောခင် ကျီဝူကျွင်းက ချက်ခြင်းထပြီး “လမ်းပြ ငါသူနဲ့တွေ့မယ်။"
ရဲရွှင်း နှင့် ရန်ကျိုး ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သဘောတူလိုက်သည်။ ထိုင်နေသောဓားနတ်ဘုရားသည် ပြန်ထလာ၏။
ပိုင်ချီက ကျန်းချန်ရှန် ကို ကြည့်ပြီး ဂရုတစိုက်နှင့် “မာစတာ၊ ကျွန်တော်..."
“သွားပါ။ ဟွမ်ထျန်နဲ့ ဟေးထျန် တို့လည်း သွားလို့ရတယ်၊ ဒါပေမယ့် မင်း သူတို့ကို သေချာဂရုစိုက်ရမယ်။'
ကျန်းချန်ရှန်း က ပြုံးပြီး ပြောလိုက်သည်။ ဒီလောက်အသက်ဝင်ဖို့က ရှားသည်၊ ဒါကြောင့် သူတို့ကိုလွှတ်လိုက်ခြင်း ဖြစ်သည်။
ခြံဝင်းထဲတွင် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာပြီး ကျန်းကျန့် နှင့် ဖင်အန်း အပါအဝင် လူတိုင်းသည် လုံချီ တောင်မှ လျင်မြန်စွာ ပြေးထွက်လာကြသည်။
ခဏတာ ခြံဝင်းထဲတွင် ကျန်းချန်ရှန်း တစ်ယောက်သာ ကျန်တော့သည်။
အကယ်၍ အတိတ်ကဖြစ်ခဲ့လျှင် ကျန်းချန်ရှန်း သည် ထန်ထျန်းရှစ် ကို သူကိုယ်တိုင် ရင်ဆိုင်ပေလိမ့်မည်။ သို့သော် သူ၏ အမှတ်များ တိုးလာသည်နှင့်အမျှ၊ သူ့အား လွန်စွာမထိခိုက်စေဘဲ သူ့အမှတ်များ၏ ကြီးထွားမှုကို ထိခိုက်စေမည့် ရှင်သန်မှုဆုအတွက် သူ့အဆင့်အတန်းကို နှိမ့်ချရန် မလိုအပ်တော့ပေ။ ထန်ထျန်းရှစ် က ဘာမှနားမလည်၍သာ သူ့ကို စိန်ခေါ်ဖို့ အစပြုခဲ့ခြင်းဖြစ်သည်။
သူသည် ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး လက်လှမ်းမမီနိုင်လေလေ၊ သူ၏ ဝတ်ပြုကိုးကွယ်မှု အဆင့်ကို တိုးမြှင့်ရန် လွယ်ကူလေလေဖြစ်သည်။ ကျန်းချန်ရှန်း သည် ကျော်ကြားနေပြီဖြစ်သည်။ သူလုပ်ရမည့်အရာက သူ့ပုံရိပ်ကို စုစည်းပြီး အင်မော်တယ်နတ်ဘုရား၏ ပုံရိပ်ကို တည်ဆောက်ဖို့ပင်။
ကျန်းချန်ရှန်း လေ့ကျင့်နေစဉ် တာအိုကမ္ဘာ ၏အခြေအနေကို စောင့်ကြည့်ခဲ့သည်။
ပျံလွှားကလေးသည် ခြေသုံးချောင်းရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲပြီးနောက်၊ ပျင်းရိခြင်းမရှိတော့ဘဲ လုံ့လအရှိဆုံးဖြစ်လာပြီး တစ်နေ့တာလုံး လေ့ကျင့်နေသည်။
တာအိုကမ္ဘာ၌ ရှိကြသော်လာ်း အင်မော်တယ်ကို မကျင့်ကြံနိုင်ကြသေးပေ။ အဘယ်ကြောင့်ဆိုသော် တာအိုကမ္ဘာသည် သိုင်းပညာလောကတွင် ရှိနေသောကြောင့်ဖြစ်သည်။ သူတို့သည် သိုင်းညာလောကတွင် မွေးဖွားလာသော သက်ရှိသတ္တဝါများပင်။ ၎င်းတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်များကို စုပ်ယူ၍ မပြောင်းလဲဘဲ သိုင်းပညာ ဝိညာဉ်စွမ်းအင်ဖြင့် စိတ်ကို စမ်းသပ်သည့် လမ်းစဥ်ကို လျှောက်လှမ်းဆဲဖြစ်သည်။
ဤသို့ဆိုလျှင်တောင်မှ သူတို့၏ ပင်ကိုယ်စွမ်းရည်နှင့် တာအိုကမ္ဘာ၏ စိတ်စွမ်းအားများနှင့် သူတို့ လုပ်နိုင်ခဲ့သည်။
အပြင်မှာရှိနေသော သက်ရှိများထက် ပိုမြန်သည်။
ကျန်းချန်ရှန်း က သူ့အာရုံကို ကျေနပ်စွာ ပြန်ရုတ်လိုက်ပြီး သူ၏ ကျင့်ကြံမှုကို အာရုံစိုက်လိုက်သည်။
အားလုံးအဆင်ပြေသည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူသည် လုံလောက်သော ကြံ့ခိုင်မှု မရှိခြင်းပင်ဖြစ်သည်။
သူ၏နောက်ထပ်ပန်းတိုင်မှာ တာအိုနည်းစနစ် ၏ နဝမအဆင့်သို့ ဖြတ်ကျော်ရန်ဖြစ်ပြီး ၎င်း၏ခွန်အားကို ခုန်ကျော်ကာ စည်းချက်ဖြင့် တစ်ဖန်ပြန်လည်တိုးလာစေရန်ဖြစ်သည်။ သို့မှသာ သူသည် လာမည့် လှိုင်းထန်သောကာလတွင် မိမိကိုယ်ကို ထူထောင်နိုင်မည်ဖြစ်သည်။
သုံးရက်လောက်ကြာသောအခါ ကျီဝူကျွင်းနှင့် တခြားသူများ ပြန်ရောက်လာသည်။ အားလုံးက ကျီဝူကျွင်း ကို လကို ပတ်လည်ဝိုင်းထားသော ကြယ်များကဲ့သို့ ဝင်းထဲကို ကြိုဆိုကြသည်။ ဓားနတ်ဘုရားပင်လျှင် သူမကို လေးစားမှုဖြင့် ကြည့်နေခဲ့သည်။
သူတို့၏ အမူအရာများကို မကြည့်ဘဲ ကျန်းချန်ရှန်း သည် ရလဒ်ကို သိနေပြီဖြစ်သည်။
ထန်ထျန်းရှစ် သည် ကောင်းကင်ဂူအဆင့်၅ ၌ ရှိသော်လည်း ကျီဝူကျွင်း သည် ကောင်းကင်ဂူအဆင့် ၆ တွင် ရှိနေသည်ဖြစ်ရာ ကျီဝူကျွင်း သည် ပို၍သန်မာသည်။ ထို့အပြင်၊ ကျီဝူကျွင်း သည် ကောင်းကင်ဂူ အဆင့်၈ ရှိ ကမ္ဘာ့ဖျက် သစ်ပင်ကြီးကို ဆန့်ကျင်နိုင်သည့် လူဆိုးတစ်ယောက်ဖြစ်သည်။ ထန်ထျန်းရှစ် ကို သူမ ဘယ်လိုလုပ် အနိုင်မယူနိုင်ရမှာလဲ။
အမွှေးတိုင်တစ်တိုင်စာ အချိန်မပြည့်မီတွင် ထန်ထျန်းရှစ်က အသနားခံလာသည်။
ကျန်းချန်ရှန်း သည် တိုက်ပွဲကို အဝေးမှ ကြည့်နေသည်။ ကျီဝူကျွင်း သည် ရက်စက်ကြမ်းကြုတ်ပြီး ထန်ထျန်းရှစ် သည် အလွန်သနားစရာကောင်းသော အခြေအနေရောက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
“တာအိုဘိုးဘေး။ ကျွန်မ သူ့ကို စမ်းသပ်ပြီးပြီ။ မျှော်လင့်ထားသလိုပဲ၊ သူက အင်မော်တယ်တာအိုကို ကျင့်ကြံနေတာ မဟုတ်ဘူး။”
ကျီဝူကျွင်း က ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင် ပိုင်ချီ သည် သူမအား မစော်ကားဝံ့ဘဲ အရူးအမူး ဖားယားနေသည်။
ကျီဝူကျွင်း က အရမ်းသန်မာတယ်ဆိုတာ လူတိုင်းသိသော်လည်း ရဲရွှင်းကသာ က သူ့ကို စိန်ခေါ်ဖူးသည်။ ဒီတစ်ခါတော့ သူတို့ နားလည်သွားပြီဖြစ်သည်။
ဤတိုက်ပွဲသည် တိုက်ကြီးတစ်ခွင်တွင် ကျော်ကြားခဲ့သည်။ ကျီဝူကျွင်း က သူမ၏ နာမည်ကို မဖော်ပြခဲ့သော်လည်း ဤတိုက်ပွဲ၏ သက်ရောက်မှုကို အဟန့်အတား မဖြစ်စေခဲ့ပေ။ ရဲရွှင်း၊ ဓားနတ်ဘုရား နှင့် ရန်ကျိုး တို့သည် တာအို ဘိုးဘေးအောက်တွင် သိုင်းပညာကို လေ့ကျင့်ကြသောကြောင့် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် တာအိုဘိုးဘေး၏ လက်အောက်ခံ အလိုအလျောက်ပင်ဖြစ်မည်။
ခဏအကြာတွင် လုံချီဘုရားကျောင်း ၏ဂုဏ်သတင်းသည် ကိုယ်ခံပညာလောကတွင် တစ်ဖန်ပျံ့နှံ့သွားခဲ့သည်။
ရဲရွှင်း က ရယ်ပြီး ပြောသည်။ "ဒီကောင်ရဲ့ ထူးဆန်းတဲ့ သိုင်းပညာ နည်းစနစ်တွေက စီနီယာကျီ ရဲ့ လှံနဲ့ တိုက်ရိုက် ထိုးခံလိုက်ရတာ။ အဲဒီတုန်းက သူအမူအရာကို ကျွန်တော် မှတ်မိနေသေးတယ်။”
ကျီဝူကျွင်း က “အဲဒီ သိုင်းပညာ နည်းစနစ်တွေက တာအိုဘိုးဘေးရဲ့ လူထုနဲ့ သိုင်းပညာ.တာအိုနဲ့ အရမ်းဆင်တယ်။ နှစ်ခုစလုံးက ကံကြမ္မာကောင်းချီးအပေါ် မှိတည်နေတာ။ ကျွန်မရဲ့လှံကို မြင့်မြတ်တဲ့မင်းဆက်ရဲ့ ဧကရာဇ်ဘုရင်က ပေးအပ်ထားပြီးတော့ မြင့်မြတ်တဲ့မင်းဆက်ရဲ့ နတ်ဘုရားလက်နက်တွေထဲက တစ်ခုပဲ။ ကံကြမ္မာကောင်းချီးကိုလည်း ချိုးဖျက်နိုင်တယ်။ “
သူမ၏ ချပ်ဝတ်တန်ဆာနှင့် ငွေလှံများ အားလုံးသည် သူမ၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေပြီး အချိန်မရွေး ထုတ်ယူနိုင်သည်။ ထို့ကြောင့် သူမသည် သူတို့ကို ဆုံးရှုံးရမည်ကို မကြောက်ပေ။
သိုလှောင်ကွင်းများသည် ကူးပြောင်းရေး ပစ္စည်း များနှင့်ဆင်တူသည်။ နှစ်ခုစလုံးက အာကာသကျောက်တုံးများ လိုသည်။ လက်ရှိတွင် မဟာကျင်းဒေသ သည် ၎င်းတို့ကို အစုလိုက်အပြုံလိုက် ဖန်တီးနိုင်ခြင်း မရှိပေ။ အာကာသအတွင်းအား ပါရှိသော ကိရိယာများသည် မဟာကျင်းဒေသတွင် ရတနာများ ဖြစ်နေဆဲဖြစ်သည်။
ရဲရွှင်း က အားကျသွားသည်။ ကျီဝူကျွင်း၏ နဂါးဝိညာဥ်ငွေလှံသည် သူ့ကို ဆွဲဆောင်ခဲ့ပြီး သူလည်း ထိုနတ်လက်နက်မျိုးကို လိုချင်ခဲ့သည်။ တကယ်ကို မိုက်တယ်။
ကျန်းကျန့် သည်လည်း ထိုနတ်လက်နက်မျိုးကို အားကျနေသည်။ သူ၏ အချွန်သုံးချောင်း နှစ်ဘက်သုံး ဓားသည် လေးလံရုံသာရှိသည်။ အဲဒါနဲ့ပတ်သက်ပြီး တခြားဘာမှ ထူးထူးခြားခြား မရှိပေ။
အားလုံးပြန်လာသည်နှင့်အမျှ ခြံဝင်းဟာ ပြန်လည်အသက်ဝင်လာခဲ့သည်။
ကျန်းချန်ရှန်း သည် ဘာမှဝင်မပြောဘဲ သူ၏ ကျင့်ကြံမှုကို အာရုံစိုက်နေသည်။
သူသည် အခြားတစ်ခုခုကို တွေးနေသည်။
လင်းဟောက်ထျန်း သည် ထန်းဟိုင် သို့ရောက်ရှိတော့မည်ဖြစ်သည်။
သူ ဒီကို ရောက်တဲ့အခါ ပိုလို့တောင် သက်ဝင်လှုပ်ရှားနေဦးမယ်။ ရဲရွှင်း၊ ကျန်းကျန့်၊ ဖင်အန်း၊ ဟွမ်ထျန်၊ ဓားနတ်ဘုရားနှင့် ကျီဝူကျွင်း တို့သည် သတ္တိကောင်းသူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ထူးချွန်သူများဖြစ်သည်။
အပြာရောင်ကောင်းကင်တွင် မိုးကြိုးလင်းယုန်သည် လျင်မြန်စွာ ရှေ့သို့ ရွေ့လျားသွားသည်။ အနက်ရောင် ၀တ်ဆင်ထားသော လင်းဟောက်ထျန်း သည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် လင်းယုန်၏ ကျောပေါ်တွင် ရပ်နေသည်။
ရှေးခေတ် သိုင်းဧကရာဇ်၏ တိုက်ပွဲအတွေ့အကြုံကို အမွေဆက်ခံပြီးနောက် သူ ပြန်လည်မွေးဖွားလာခဲ့သည်။ ဒါက သူ၏ စိတ်နေစိတ်ထားကို ပြောင်းလဲစေခဲ့ပြီး အရင်ကကဲ့သို့ စိုးရိမ်ပူပန်မှု မရှိတော့ပေ။
“ငါတို့ရောက်ခါနီးပြီ။ မဟာကျင်းဒေသ က မဝေးပါဘူး။ ရင်လေး၊ မင်းရဲ့စီနီယာ နဲ့တွေ့ဖို့ အဆင်သင့်ဖြစ်ပြီလား"
လင်းဟောက်ထျန်း က ပြောသည်။ ကျန်းချန်ရှန်း ကိုပြောပြီးသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
ကြမ်းတမ်းသောခရီးက သူ့ကို အများကြီးအကျိုးပြုခဲ့သည်။ သူလည်း ယုံကြည်မှုအပြည့်နှင့် သူ့စီနီယာ၏ အကဲဖြတ်မှုကို စောင့်မျှော်နေသည်။
ကောင်းကင်မိုးကြိုးငှက် သည် ရွှင်မြူးသော အော်ဟစ်သံဖြင့် တုံ့ပြန်ခဲ့သည်။ မဟာကျင်းဒေသကို ဝင်ရန် သူလည်း စောင့်မျှော်နေသည်။
ထိုအချိန်တွင် လင်းဟောက်ထျန်း သည် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်သည်။ ကောင်းကင်ယံ၌ မိုးကြိုးလင်းယုန်သည် မြင့်တက်လာပြီး ပင်လယ်၏အဆုံးတွင် လှိုင်းလုံးကြီးတစ်ခု တက်လာခဲ့သည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည်။ သမုဒ္ဒရာတစ်ခုလုံး ရုတ်သိမ်းသွားသကဲ့သို့ ကြီးမားသောလှိုင်းလုံးကြီး၏အဆုံးကို မမြင်နိုင်ပေ။
"အဲဒါဘာလဲ”
လင်းဟောက်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ကြီးမားလှသော လှိုင်းလုံးကြီးများတွင် စွမ်းအားကြီးသော နတ်ဆိုးတန်ခိုးကို သူ ခံစားမိသည်။
မိုးကြိုးလင်းယုန်သည် တိမ်ပင်လယ်အထက်မှ ပျံသန်းသွားသော်လည်း တိမ်စလေးတချို့ တိမ်တိုက်များအောက်တွင် လွင့်စင်သွားကာ လင်းဟောက်ထျန်း ကို ထိတ်လန့်စေသည်။
သိပ်မကြာခင်မှာပဲ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော လှိုင်းလုံးကြီးက ဖြတ်ကျော်သွားသည်။ မြှားကဲ့သို့မြန်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည်။
လင်းဟောက်ထျန်း ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဒါက မဟာကျင်းဒေသကို သွားတဲ့ဖက် မဟုတ်ဘူးလား။
မဟာကျင်းဒေသ သည် ကြီးပွားချမ်းသာသော မင်းဆက်ဖြစ်သောကြောင့် မရေမတွက်နိုင်သော နိုင်ငံသားများ ရှိရမည်။ ဤမျှကြီးမားသော လှိုင်းလုံးကြီးက မဟာကျင်းကို နစ်မြုပ်သွားပါက၊ မည်သို့ဖြစ်မည်နည်း။
ချက်ခြင်းပဲ သူ့စီနီယာကို ခေါ်ကာ ဤကိစ္စကို အသိပေးလိုက်သည်။
နှစ်ပေါင်းများစွာ ပင်လယ်ထဲ ကျင်လည်နေပြီးနောက် စီနီယာသည် သူ့နှလုံးသားကို ကြားနိုင်သည်ဟု အမြဲခံစားရသည်။
"ရှေ့ဆက်သွားပြီး အဲဒီလှိုင်းလုံးကြီးကို အမှီလိုက်”
လင်းဟောက်ထျန်း က အမိန့်ပေးလိုက်သည်နှင့် မိုးကြိုးလင်းယုန်သည် ချက်ချင်းဆိုသလို အရှိန်တင်လိုက်သည်။
မတ်လလယ်…. ကမ္ဘာမြေဝိညာဉ်သစ်ပင်အောက်တွင် ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။
လင်းဟောက်ထျန်း ၏ အတွေးအမြင်များကို ကြားလိုက်ရသော်လည်း မျက်မှောင်ကြုတ်သွားရသည်မှာ လင်းဟောက်ထျန်းကြောင့် မဟုတ်ဘဲ အခြားတိုက်ကြီးများ၏ ယုံကြည်သူများကြောင့် ဖြစ်သည်။ သူတို့ရောက်နေသော နေရာသည် နှစ်တစ်သောင်းအတွင်း ကြုံခဲသော ဆူနာမီနှင့် ကြုံခဲ့ရပြီး မရေမတွက်နိုင်သော အသေအပျောက်များလည်း ရှိခဲ့သည်။
ရုတ်တရက် ဖြစ်သွားသည့်အတွက် ဆုတောင်းဖို့ အချိန်မရှိလိုက်ဘူး ဖြစ်သွားတယ်။
အခြားတိုက်ကြီးများတွင် ကြေကွဲဖွယ်အခြေအနေကြောင့် ကျန်းချန်ရှန်း သည် လင်းဟောက်ထျန်း ၏သတိပေးချက်ကို အာရုံစိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
မျှော်ကြည့်လိုက်သောအခါ တောင်ဘက်က လှိုင်းလုံးကြီးကို တွေ့လိုက်ရသည်။ အမြင့်ဆုံးလှိုင်းက ပေတစ်သောင်းမြင့်သည်။ ဤမျှကြီးမားလှသော လှိုင်းလုံးကြီး၏ ရင်ဆိုင်အတွေ့တွင် မည်သည့်လူသားမဆို စိတ်ပျက်အားငယ်နေပေလိမ့်မည်။
ဒီလှိုင်းက ကောင်းကင်နဲ့တောင် အရမ်းနီးနေပြီ။
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး အိမ်ထဲသို့ ဝင်သွားလိုက်သည်။ သူသည် ကိုယ်ပွားတစ်ခုအား ခွဲထုတ်ပြီး ၎င်း၏ပင်မခန္ဓာကိုယ်သည် မြေအောက်၌ နစ်မြုပ်နေချိန်တွင် ၎င်းကို အိမ်ထဲတွင် ထားခဲ့သည်။ သူသည် ဒြပ်စင်ငါးခု အလွှဲအပြောင်း နည်းစနစ်ကို ကျင့်သုံးကာ ကောင်းကင်သို့ အမြန်ပြေးသွားသည်။
ထန်းဟိုင် ၏တောင်ဘက်စွန်းသည် ကျွန်းကြီးငါးကျွန်းဖြင့် ဖွဲ့စည်းထားသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။ ထန်းဟိုင် ကို မဟာကျင်းဒေသက သိမ်းပိုက်ပြီးကတည်းက ဧကရာဇ်မင်းသည် တောင်ဘက်မှ အကျပ်အတည်းအား တွေးကာ ဤနေရာတွင် ဆိပ်ကမ်းတည်ဆောက်ရန် လူအများအပြားကို စေလွှတ်ခဲ့သည်။
ဆိပ်ကမ်းသည် အလွန်ရှည်လျားပြီး ရာနှင့်ချီသော ဝင်ပေါက်များနှင့် ထွက်ပေါက်များရှိသည်။ မရေမတွက်နိုင်သော သင်္ဘောများ ဆိုက်ကပ်ထားပြီး ဆိပ်ကမ်းအဆောက်အအုံများစွာကို တည်ဆောက်ဆဲဖြစ်သည်။
ရက်မတစ်ခုပေါ်တွင် အဖိုးအိုတစ်ဦးသည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ပင်လယ်၏အဆုံးကို အမှတ်မထင်တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ့မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။
ကောင်းကင်ယံကို အရှိန်နှင့် ဖယ်ရှားရင်း ပင်လယ်၏အစွန်းက မြင့်တက်လာပုံရသည်။
သူချက်ချင်းသဘောပေါက်လာပြီး အော်လိုက်သည်။ "ဆူနာမီ”
သူသည် သိုင်းသမားတစ်ဦးဖြစ်သောကြောင့် အားအင်ပြည့်ဝသူဖြစ်သည်။ သူ့အော်ဟစ်သံက ဆိပ်ကမ်းထဲတွင် ပဲ့တင်ထပ်နေ၍ မရေမတွက်နိုင်သော လူများကို တုန်လှုပ်သွားစေသည်။
"ဘာလို့ ဒီလောက်လှိုင်းကြီးနေတာလဲ" "အို ဘုရား၊ ငါ.ဒီဟာကို တကယ် မြင်နေရတာလား"
“ချီးပဲ၊ ပြေးတော့” "ငါတို့ ဘယ်လို လွတ်မလဲ။ လှိုင်းတွေက ငါတို့ကို နစ်မြုပ်သွားမှာ အသေအချာပဲ”
“သွားပြီ သွားပြီ…”
ဆိပ်ကမ်းရှိလူများ ထိတ်လန့်သွားကြသည်။ သူတို့အိမ်ထဲတွင် ရှိနေသူများ တစ်ယောက်ပြီး တစ်ယောက် ထိတ်လန့်တကြား ထွက်လာကြသည်။
တစ်ချိန်တည်းမှာပင်။
လှိုင်းလုံးကြီး၏နောက်တွင် လူတစ်ဦးနှင့် လင်းယုန်တစ်ကောင်တို့သည် အရှိန်အဟုန်ဖြင့် ပျံသန်းနေကြသည်။
လင်းဟောက်ထျန်း သည် လင်းယုန်ငှက်၏နောက်ဘက်တွင်ရပ်ကာ လက်သီးဖြင့်ထိုးသည်။ ၎င်းသည် တုနှိုင်းမဲ့ဝင်စားခြင်း လက်သီး ဖြစ်သည်။
သူသည် စကြဝဠာအဆင့် တွင်ရှိနေပြီဖြစ်သောကြောင့် သူမည်မျှ တန်ခိုးကြီးမည်နည်း။ သူ၏ လက်သီးတစ်ချက်က ပေတစ်ထောင် အမြင့်ရှိသော လှိုင်းလုံးကြီးတစ်ခုကို ထိုးဖောက်ဝင်ရောက်နိုင်သော်လည်း ဆူနာမီကိုတော့ လုံးဝ မထိခိုင်စေနိုင်ပေ။ လှိုင်းလုံးကြီးက ထိုးဖောက်ဝင်ရောက်ပြီး မကြာခင်မှာ လှိုင်းသစ်တစ်ခု ပေါ်လာသည်။
လင်းဟောက်ထျန်း သည် ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးတန်ခိုး၏ စွမ်းအားကြောင့်မှန်း သိသည်။
ဘယ်လိုနတ်ဆိုးမျိုးက ဒီလောက်နတ်ဆိုးစွမ်းအား ရှိတယ်ဆိုတာ မှန်းဆရခက်တယ်…
လင်းဟောက်ထျန်းက စီနီယာဟာ သူ့အတွေးများကို ကြားနိုင်စေရန်သာ ဆုတောင်းနေခဲ့သည်။ သူတစ်ယောက်တည်းက ထန်းဟိုင် နဲ့ မဟာကျင်း နိုင်ငံသားတွေကို မကယ်တင်နိုင်ပေ။
ကျန်းချန်ရှန်းကြောင့် သူသည် ထန်းဟိုင် နှင့် မဟာကျင်းဒေသ ကို နှစ်သက်သဘောကျသည်။ ထို့ကြောင့် သူနှင့်မတွေ့ရသေးသော်လည်း ဤဘေးဆိုးကြီးမှ သူတို့လွတ်မြောက်နိုင်မည်ဟု သူမျှော်လင့်နေသေးသည်။
ဆူနာမီလှိုင်းလုံးကြီးသည် ရှေ့က ကျွန်းစုဆီသို့ နီးကပ်လာသည်ကို ကြည့်လိုက်မိသောအခါ လင်းဟောက်ထျန်း ၏ အမူအရာက မည်းမှောင်သွားသည်။
ကျွန်းပတ်ပတ်လည်တွင် မရေမတွက်နိုင်သောလူများ ပြေးလွှားနေသည်ကို သူတွေ့လိုက်ရသည်။ အချို့သော သတ္တဝါများကို လေထဲသို့ ခေါ်ဆောင်သွားသော အစွမ်းထက်သန်မာသော သိုင်းပညာရှိများလည်း ရှိသည်။ သို့သော် လူမည်မျှ သယ်သွားနိုင်မည်နည်း ။
“ထားလိုက်တော့”
လင်းဟောက်ထျန်း က အံကြိတ်ပြီး ခုန်လိုက်သည်။ သူသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဆူနာမီကို လျင်မြန်စွာ ကျော်ဖြတ်သွားသည်။
သူသည် ကျွန်းစုရှေ့သို့ ဆင်းသက်ကာ အဝေးမှ တုန်လှုပ်ချောက်ချားဖွယ် ဆူနာမီကို ရင်ဆိုင်လိုက်သည်။ သူ့လက်သီးများကို ဆုပ်ထားကာ ခွန်အားကို စတင်စုဆောင်းလိုက်သည်။
“တားဆီးနေတာကို တော်လိုက်တော့။ မင်းတားနိုင်မှာ မဟုတ်ဘူး။ ပြေးတော့”
အဘိုးကြီးတစ်ယောက်က အနောက်ကနေ အချက်ပေးသံနှင့် အော်လိုက်သည်။ ထိုလူအိုသည် စကြဝဠာ အဆင့်၌ရှိကာ အလွန်တရာမှ အသိပညာများလှသူ ဖြစ်သည်။ ဤမျှကြီးမားသောလှိုင်းလုံးကြီးသည် သဘာဝဘေးအန္တရာယ်မဟုတ်သည်မှာ သေချာသည်။ နတ်ဆိုးတို့၏အလုပ်ဖြစ်ရမည်။ ဤမျှကြီးမားသော လှိုင်းလုံးကြီးကို ဖြစ်စေနိုင်သော နတ်ဆိုးသည် မည်မျှ အားကောင်းသနည်း။
လင်းဟောက်ထျန်းသည် တစ်ဖက်လူ၏စကားကြားသောအခါ ပြုံးလိုက်သည်။
သူသည် နေရာများစွာသို့ ရောက်ဖူးသော်လည်း အများစုမှာ အေးစက်ပြီး အထီးကျန်ဆန်ကြသည်။ ထန်းဟိုင် မှ သိုင်းပညာရှင်တစ်ယောက်၏ စကားတစ်ခွန်းက သူ့ကို ပို၍ပင် စိတ်ပိုင်းဖြတ်လာစေသည်။
ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမယ်။
လင်းဟောက်ထျန်း သည် အသက်ပြင်းပြင်းရှူကာ စူးရှသောအကြည့်ဖြင့် ရေရွတ်ကာ "ရှေးခေတ်စစ်ပွဲတွေတုန်းက နတ်ဆိုးထရီလီယံတွေနဲ့ နှိုင်းယှဉ်ရင် ဒါကဘာမို့လို့လဲ”
“တကယ်ပဲ ဘာမှမဟုတ်ပါဘူး၊ ဒါပေမယ့် မင်းအသက်ကို စွန့်စားဖို့ မလိုသေးဘူး”
ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာပြီး လင်းဟောက်ထျန်း သည် သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မြင်မိသည်။ သို့သော်၊ သူ့မျက်လုံးအစွန်းနားတွင် ပြင်းထန်သောအလင်းရောင်က ပေါ်လာသည်။ လှည့်ကြည့်လိုက်သောအခါ ပုံရိပ်တစ်ခုက သူ့နံဘေးကို လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ဤလူသည် ချောမောသော တာအိုပညာရှင် ၀တ်စုံကို ဝတ်ကာ ခရမ်းရောင်အစည်းကို ခါးတွင် ပတ်ထားသည်။ ခရမ်းရောင် ဘူးသီးခွံကို ခါးတွင် ချိတ်ထားသည်။ သူ့လက်ထဲတွင် ဓားနှင့် မြင်းမြီးကြာပွတ် တစ်ချောင်းကိုလည်း ကိုင်ထားသည်။ ထို့အပြင်၊ သူ၏ဦးခေါင်းနောက်တွင် နေလုံးငယ်တစ်ခု လွင့်ပျံလာကာ သူ့မျက်နှာကို ဖုံးအုပ်ထားသည့် ပြိုးပြိုးပြက်ပြက်ပြက်ပြက်အလင်းတစ်ခု ထုတ်လွှတ်ပေးနေသည်။ လင်းဟောက်ထျန်းက သူ့ဘေးတွင် ရပ်နေလျှင်တောင် သူ့ရုပ်ရည်အစစ်ကို မမြင်ရပေ။