မဟာကျင်းဒေသ သည် သိုင်းပညာ၏ သန့်စင်သောနယ်မြေလား။
Vol. 16 Ch. 239
လင်းဟောက်ထျန်း သည် သူ့ဘေးနားတွင် ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သော လူကြောင့် အံ့အားသင့်သွားသည်။ ထိုကဲ့သို့ ကျက်သရေရှိမှုက သူ့ကို ခေါ်ရန် နာမည်တစ်ခုကိုသာ စဉ်းစားမိစေခဲ့သည်။
အင်မော်တယ်
“စီနီယာ”
လင်းေဟာက်ထျန်း သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူလွှင့်ထုတ်ထားသော ချီသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သို့သော် သူ ဂရုမစိုက်တော့။ ကျန်းချန်ရှန်း၏ မျက်နှာမှာ တည်ငြိမ်မှုကို မထိန်းနိုင်တော့ပေ။ ထိုအချိန်တွင် သူသည် ကလေးဘဝကဲ့သို့ပင် စိတ်လှုပ်ရှားနေသည်။
ကျန်းချန်ရှန်း က ပြုံးပြီးပြောသည်။ "နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ။ ငါထင်ထားတာထက် နောက်ကျတယ်”
လင်းဟောက်ထျန်း သည် ထိုစကားကိုကြားသောအခါ အနည်းငယ် ရှက်ရွံ့သွားပြီး “လမ်းမှာ ပြဿနာတွေနဲ့ ကြုံပြီး နောက်ကျသွားတယ်။ စီနီယာ ကျွန်တော်တွေးနေတာတွေ ကြားလား”
ကျန်းချန်ရှန်း က "ဟုတ်တယ် ကံကောင်းလို့၊ မင်းကငါ့ကို နှလုံးသားထဲကနေ မကောင်းမပြောခဲ့လို့”
“ကျွန်တော်က ဘာလို့ အဲဒီလုပ်ရမှာလဲ။ စီနီယာက ကျွန်တော့်နှလုံးသားထဲမှာ အရေးကြီးဆုံးလူပဲ။ စီနီယာအပေါ် ကျွန်တော့်ရဲ့လေးစားမှုက…”
လင်းဟောက်ထျန်း က အလျင်စလိုပြောပြီး သူ့ကို မြှောက်ပင့်ပေးသည်။
သူကမူလ လင်းဟောက်ထျန်း ဖြစ်လာခဲ့ပြီ။
သို့သော်လည်း သူ့စကားမဆုံးမီ ဆူနာမီက အဖျက်ဝင်လာသည်။ လှိုင်းလုံးများသည် ပိုမိုအားကောင်းလာပြီး ကျွန်းစုများနှင့် မဝေးလှတော့ပေ။
သူတို့နောက်မှ တစ်စုံတစ်ယောက်သည် အံ့အားသင့်စွာဖြင့် “တာအိုဘိုးဘေး ဒီကိုရောက်နေပြီ"
ဒါကိုကြားတဲ့လူတိုင်း ရပ်သွားသည်။ ထန်းဟိုင် သည် မဟာကျင်းဒေသထဲတွင် ပါဝင်သည်။ ထို့ကြောင်း တာအို ဘိုးဘေး၏ ဒဏ္ဍာရီသည် ဤနေရာတွင် ပျံ့နှံ့နေသည်။ တစ်စုံတစ်ယောက်၏ ခေါင်းနောက်တွင် နေက လွင့်နေသည်ဆိုပါက တာအိုဘိုးဘေးပင် ဖြစ်သည်။ ထိုအရာက တာအိုဘိုးဘေး၏ သင်္ကေတဖြစ်ပြီး သူ့တွင်သာ ရှိသည်။
လူပိုများလာကာ ကျန်းချန်ရှန်း ၏ကျောကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။
လင်းဟောက်ထျန်း က သူ့စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ပြီး “စီနီယည ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"
ကျန်းချန်ရှန်း က မဖြေ။ သူက ချီလင်း မြင်းမြီး ကြာပွတ် ကို မြှောက်လိုက်ပြီး ရှေ့ကို ဝှေ့ယမ်းလိုက်သည်။ တခဏချင်းမှာပဲ ပြင်းထန်သော လေက ဖြတ်ပြီး အဆုံးမရှိသော လှိုင်းလုံးနှင့် တိုက်မိသွားသည်။ လင်းဟောက်ထျန်း မျက်လုံးပြူးသွားသည်။ သူနှင့် ထန်းဟိုင် ၏လူများကို ငေးကြည့်ရင်း မိုးကုပ်စက်ဝိုင်းကဲ့သို့ အကန့်အသတ်မရှိသော လှိုင်းလုံးကြီးများ ချက်ခြင်း ပျောက်ကွယ်သွားသည်။ လှိုင်းလုံးများက ကောင်းကင်ဆီသို့ လွင့်စင်ပြီး မိုးကုပ်စက်ဝိုင်းဆီက တိမ်ပင်လယ်များတောင် ပြန့်ကျဲသွားသည်။
“အင်း…
လင်းဟောက်ထျန်း သည် မယုံနိုင်လောက်အောင် တုန်လှုပ်သွားသည်။
နေကိုပစ်သောသူက ကျန်းချန်ရှန်းဟု မှန်းဆထားသော်လည်း နေက သူနှင့် ဝေးကွာနေပြီး သူ့ရှေ့က မြင်ကွင်းလောက် ထိတ်လန့်စရာမရှိပေ။
လက်ဝှေ့ယမ်းလိုက်ရုံနှင့် အဆုံးမရှိ ဆူနာမီက ပျောက်ကွယ်သွားပြီလား
အဝေးက ကောင်းကင်ယံတွင် မိုးကြိုးလင်းယုန်မှာ လွတ်သွားသည့။ ကျန်းချန်ရှန်း သည် သူ၏ စိတ်စွမ်းအင်အပေါ် ထိန်းချုပ်မှုမှာ သာမန်လူများ၏ စိတ်ကူးယဉ်မှုထက် ကျော်လွန်နေသောကြောင့် သူသည် အပြစ်မဲ့သူများကို ဒုက္ခမပေးပေ။
ကျန်းချန်ရှန်း က " မဟာကျင်းဒေသ ရဲ့ စစ် ပြည်နယ်မှာ မင်းကိုစောင့်နေမယ် " ထိုစကားပြောပြီးသည်နှင့် သူလှည့်ထွက်သွားပြီး အမြန်ပျောက်ကွယ်သွားသည် ။
လင်းဟောက်ထျန်း အံ့သြသွားသည်။ အဘယ့်ကြောင့် သူနှင့်အတူ မလိုက်နိုင်သနည်း။
သူရုတ်တရက် ကောင်းကင်မိုးကြိုးလင်းယုန်ကို တွေးပြီး ရုတ်တရက် ရိပ်မိသွားသည်။ သူနှင့် ကောင်းကင်မိုးကြိုး ငှက်တို့ကို အတူ တွဲခေါ်ခဲ့မည်ဆိုလျှင် အချိန်ဖြုန်းရာ ကျလိမ့်မည်။ စီနီယာက သူတို့နှင့် ဖြည်းဖြည်းချင်း ခရီးမသွားချင်ဘူး။
သူတို့နောက်ကွယ်က ကျွန်းစုများဆီက ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အားလုံးက တာအိုဘိုးဘေး၏ နာမည်ကို ေအာ်ဟစ်နေကြသည်။
ကောင်းကင်မိုးကြိုးလင်းယုန်သည် လင်းဟောက်ထျန်း သို့ ပျံသန်းသွားပြီး အသံထွက်လာသည်။ သူသည် အရမ်းစိတ်လှုပ်ရှားပြီး အဲဒီလူက ဘယ်သူလဲဆိုတာ သိချင်နေသည်။
လင်းဟောက်ထျန်း က ဂုဏ်ယူစွာနဲ့ “ဒါက မင်းကို ငါပြောဖူးတဲ့ စီနီယာပဲ။ အဲဒါကို မင်းမြင်လား။ အဲဒါက အင်မော်တယ် နည်းစနစ် မဟုတ်လား။ သိုင်းပညာက ဘယ်လောက်ထိ အစွမ်းထက်နိုင်မှာလဲ”
ကောင်းကင်မိုးကြိုးငှက် က ခေါင်းညိတ်သဘောတူသည်။
အခန်းအတွင်းတွင် ကျန်းချန်ရှန်း သည် သူ၏ကိုယ်ပွားနှင့် ပေါင်းစပ်လိုက်သည်။
[ထိုက်ဟယ်ခေတ် ၁၁ နှစ်တွင်၊ ရှင်ပြန်ထမြောက်လာသော ဦးခေါင်းကိုးလုံးနှင့် ရေလွမ်းမြစ်နဂါးသူတော်စင်သည် လူသားမျိုးနွယ်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် နတ်ဆိုးများ၏ ဆူနာမီလှိုင်းကို တွန်းထုတ်ခဲ့သည်။ သင်သည် အချိန်မီ အရေးယူခဲ့ပြီး လူသားမျိုးနွယ်ကို ကာကွယ်ခဲ့သည်။ ဘေးဆိုးတစ်ခုမှ လွတ်မြောက်ပြီးနောက် သင်သည် ရှင်သန်ခြင်းဆု—မှော်ရတနာ 'ကောင်းကင်ဝိညာဉ်လက်ကောက်’ ကို ရရှိပါတယ်။
ကျန်းချန်ရှ်း သည် မျက်မှောင်ကြုတ်ကာ ချက်ချင်းဆိုသလို နတ်ဆိုးသူတော်စင်၏ ခွန်အားကို တွက်ချက်လိုက်သည်။ ယခင်က ရေလွှမ်းမြစ်နဂါး နတ်ဆိုးသူတော်စင် ရှင်ပြန်ထမြောက်ခြင်း မရှိခဲ့သဖြင့် တွက်ချက်ရန် မလွယ်ကူခဲ့ပေ။ ဒါပေမယ့် အခုဖြစ်နိုင်တယ်။
[အမှတ် သန်း ၁၇၀ လိုအပ်ပါတယ်။ ဆက်လုပ်လိုပါသလား။]
အမှတ် သန်း ၁၇၀။
သူသည် မြင့်မြတ်သော မင်းဆက်မှ အင်အားအကြီးဆုံး ကျင့်ကြံသူထက် သန်မာသည်မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ ထိုအချိန်တုန်းက၊ မြင့်မြတ်သောမင်းဆက်သည် ရေလွှမ်းမြစ်နဂါးနတ်ဆိုးသူတော်စင်၏ အလောင်းကို မဖျက်ဆီးနိုင်ခဲ့ဘဲ သီးခြားတံဆိပ်ခတ်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။
ဘယ်လောက်အစွမ်းထက်လိုက်သလဲ။
သို့သော်၊ သူသည် မြစ်ရေလွှမ်းနဂါး နတ်ဆိုးသူတော်စင်၏ ခွန်အားကို ယခုပင် ခံစားသိရှိလိုက်ရသည်။ သူ၏ နတ်ဆိုးစွမ်းအား အားလုံးမဟုတ်သော်လည်း၊ သူသည် သူ၏နတ်ဆိုးတန်ခိုးစွမ်းအားကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ကျန်းချန်ရှန်း ၏ထင်မြင်ယူဆချက်တွင် ၎င်းသည် အလွန်အားကောင်းသော်လည်း စိတ်ဓာတ်ကျလောက်အောင် ပြင်းထန်ခြင်းမရှိပေ။
သူသည် ၎င်းကို တိုက်နိုင်သော်လည်း စစ်ကို ရူးသွပ်စွာ မစတင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ကျန်းချန်ရှန်း သည် ကောင်းကင်ဝိညာဉ်လက်ကောက်ကို လက်မခံရသေးပေ။ ယင်းအစား ဆူနာမီ၏ ဦးတည်ရာကို ကြည့်လိုက်သည်။
ခဏအကြာတွင် သူသည် မြစ်ရေလွှမ်းနဂါး နတ်ဆိုးသူတော်စင်ကို တွေ့လိုက်သည်။ ဤလူသည် တိုက်ကြီးတစ်ခုအား သိမ်းပိုက်ထားပြီး အနီးနားရှိ ပင်လယ်များတွင် နတ်ဆိုးတိရစ္ဆာန်များကို စုဆောင်းနေသည်။ ကံကောင်းထောက်မစွာ၊ ထိုတိုက်ကြီးတွင် မည်သူမျှမရှိ။
ကျန်းချန်ရှန်း က သူ့အကြည့်များကို ပြန်ရုတ်လိုက်သည်။။
အခုအချိန် လှုပ်ရှားရန် မသင့်တော်သေးပေ။ ဖြတ်ကျော်ပြီးပါက သူစဉ်းစားလိမ့်မည်။
မြစ်ရေလွှမ်းနဂါး နတ်ဆိုးသူတော်စင် သည် သာမန်နတ်ဆိုးမဟုတ်ပေ။ သူ့အဆင့်အတန်းက ကောင်းကင်နတ်ဆိုးကလန် ထက် ပိုမြင့်သည်။ ကျန်းချန်ရှန်း က သူ့ကို သတ်နိုင်၊ မသတ်နိုင်ကို မပြောနိုင်သော်လည်း၊ ၎င်းသည် နတ်ဆိုးများ၏ အာရုံစိုက်မှုကို ပိုရစေမည်ဖြစ်သည်။ နောက်ဆုံးတွင်၊ နတ်ဆိုးသူတော်စင် ခြောက်ယောက်ရှိသေးသည်။
သူသည် ကောင်းကင်ကလန် ၏အဖွဲ့ဝင်တစ်ဦးထံတွင် တိုက်ခိုက်ခံရလျှင်ပင် နတ်ဆိုးများသည် ဒေါသဖြစ်မည်မှာ သေချာသည်။
ကောင်းကင်ကလန် သည် လူသားမျိုးနွယ်ကို ကာကွယ်ခဲ့သည်၊ ထို့ကြောင့် နတ်ဆိုးများက ၎င်းတို့ကို မည်သို့ မတိုက်ခိုက်ဘဲ ေနနိုင်မည်နည်း။
ကျန်းချန်ရှန်း သည် ရေလွှမ်းနဂါး နတ်ဆိုးသူတော်စင်သည် နဂါးသွေးတိုက်ကြီးနှင့် အလွန်ဝေးကွာကြောင်း အတည်ပြုပြီးနောက် သူသည် ခေတ္တသက်သာရာရသွားသည်။
မြစ်ရေလွှမ်းနဂါးသူတော်စင် သည် သူသေဆုံးပြီးနောက် မည်သည့်အရာကိုမျှ မမှတ်မိနိုင်တော့ပေ။ သူ့မှတ်ဉာဏ်ထဲတွင် နဂါးသွေးကြော တိုက်ကြီးတောင် မရှိနိုင်တာမို့ သူဘာလို့ ပြဿနာရှာရမှာလဲ။
ကျန်းချန်ရှန်း သည် ကောင်းကင်ဝိညာဉ်လက်ကောက်ကို လက်ခံလိုက်သည်။
ဤလက်ကောက်သည် လူတစ်ဦး၏ ကိုယ်ရောင်ကိုယ်ဝါနှင့် အသက်ကို ခွဲထုတ်နိုင်သည့် ခုခံကာကွယ် မှော်ရတနာတစ်ခုဖြစ်သည်။ သူဝတ်ထားပါက ကောင်းကင်ကျီးကန်းကလန်က သူ့ကို ခြေရာခံနိုင်မှာ မဟုတ်ချေ။ ထို့အပြင်၊ ဤလက်ကောက်တွင် ပြင်းထန်သော ခုခံရေး ကန့်သတ်ချက်များ ပါဝင်သည်။ မည်မျှအားကောင်းသည်ကို သူမသိသော်လည်း ဤရှင်သန်မှုအတွက် ဆုလာဘ်သည် အားနည်းမည်မဟုတ်ပေ။
မိမိကိုယ်ကိုကာကွယ်ခြင်း အပြင် ကောင်းကင်ဝိညာဉ်လက်ကောက်ကို ရန်သူများကို ချည်နှောင်ပြီး ချေမှုန်းရန်လည်း အသုံးပြုနိုင်သည်။ ၎င်းကိုဖျက်ဆီး၍မရနိုင်။
ကျန်းချန်ရှန်း သည် ကောင်းကင်ဝိညာဉ်လက်ကောက်ကို ထုတ်ယူလိုက်သည်။ ဤလက်ကောက်သည် ငွေရောင်ဖြစ်ပြီး ၎င်း၏မျက်နှာပြင်ကို နက်နဲပြီး နားမလည်နိုင်သော ခမ်းနားသည့် ပုံစံများဖြင့် ဖုံးအုပ်ထားသည်။
၎င်းတွင်ပါရှိသော ကန့်သတ်ချက်များကို စတင်မွမ်းမံလိုက်သည်။ ဤလက်ကောက်တွင် ကန့်သတ်ချက်များ ရှစ်ဆယ့်တစ်ခုအထိရှိပြီး ၎င်းတို့တစ်ခုစီသည် မြင့်မားသောအဆင့်ဖြစ်သည်။ ဤလက်ကောက်သည် အလွန်အစွမ်းထက်ပုံပေါက်သည်။
ကျန်းချန်ရှန်း ကို ၎င်း၏သခင်အဖြစ် ကောင်းကင်ဝိညာဉ်လက်ကောက်က အောင်မြင်စွာအသိအမှတ်ပြုခြင်းမပြုမီ နေ့ရောညပါ ကုန်လွန်သွားသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် လက်ကောက်သည် လွတ်လပ်စွာ ကျယ်နိုင် ကျုံ့သွားနိုင်သည်။
နတ်ဆိုးအရှင် ဖျင်ထန်း သည် လက်ကောက်၏အကာအကွယ်ဒိုင်းကို အချိန်တိုအတွင်း ဖြိုခွဲနိုင်မည်မဟုတ်ပေ။
တော်တော်ကောင်းတဲ့ မှော်ရတနာပဲ။
ကျန်းချန်ရှန်း က သူ့ညာဘက်လက်ကောက်ဝတ်မှာ ဝတ်လိုက်ပြီး ပိုလုံခြုံတယ်ဟု ခံစားလိုက်ရသည်။
သူ အိမ်မှထွက်ကာ ခြံဝင်းထဲသို့ လျှောက်သွားသည်။
မနေ့ညကတည်းက ကျန်းကျန့် သည် အတားအဆီး ဖြတ်ကျော်ရန် အခွင့်အရေးကို ကြိုဆိုခဲ့သည်။ လက်ရှိတွင် သူသည် လုံချီ တောင်၏အထွတ်အထိပ်တွင် ဖြတ်ကျော်မှု ပြုလုပ်နေပြီး ၎င်း၏ကိုယ်ခန္ဓာကို ချုပ်ထိန်းရန်အတွက် သိုင်းပညာဆိုင်ရာ စိတ်စွမ်းအင်များကို စုဆောင်းလျက်ရှိသည်။ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။
“တာအိုဘိုးဘေး။ ရှင့်ရဲ့ ဒီတပည့်က ဒီလောက်မရိုးရှင်းဘူး။ သူ့ရဲ့တတိယမျက်လုံးက ကံကြမ္မာကောင်းချီးတွေကို စုဆောင်းနိုင်တယ်။ ဒီလို ခန္ဓာကိုယ်မျိုစ တခါမှ မမြင်ဖူးဘူး”
ကျီဝူကျွင်း သည် ကျန်းချန်ရှန်း ထံရောက်လာပြီး သက်ပြင်းချလိုက်သည်။
ယခင်ကတော့ ကျန်းကျန့် ၏ ဒေါင်လိုက်မျက်လုံးသည် ထူးဆန်းသည်ဟု သူမထင်ခဲ့ပေ။
သို့သော် ကျန်းကျန့် ဖြတ်ကျော်သွားသောအခါတွင်၊ မဟာတာအိုမျက်လုံးသည် မဟာကျင်း၏ ကံကြမ္မာကောင်းချီးများကို စုပ်ယူကာ သူ့ခန္ဓာကိုယ်ကို ထိန်းပေးသည်။ ဒီအခြေအနေက သူမကို အံ့သြစေသည်။
ဒါက သူ့ရဲ့ အင်မော်တယ်သွေးဆက်ကြောင့် ဖြစ်ရမယ်။
ကျန်းချန်ရှန်း က ရယ်ပြီး "မဟာကျင်းမှာလည်း ပါရမီရှင်တွေ ရှိပါတယ်”
ကျန်းကျန့် ကို ငေးမော စိုက်ကြည့်နေသော ဖင်အန်း ကို ကြည့်လိုက်သည်။
သူသည် ဖင်အန်းအတွက် ဆေးဖက်ဝင်အိုးတစ်လုံးကို ပြင်ဆင်ပြီး သူ ဖြတ်ကျော်နိုင်ရနိ ကူညီပေးခဲ့သည်။
ကျန်းကျန့် ၏အောင်မြင်မှုသည် ကောင်းကင်နှင့်မြေကြီး ဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့သည်။ လုံချီ တောင်တစ်ခုလုံးသည် မြူခိုးများဖြင့် ဝန်းရံထားပြီး အထက်ကောင်းကင်ယံ၌ ရေဝဲတစ်ခု ကျရောက်နေသည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည်။ သို့သော် ထိုကိစ္စသည် လုံချီ တောင်မှ အစပြုသဖြင့် တစ်မြို့လုံး စိုးရိမ်စရာမရှိပေ။ အဲဒီအစား သူတို့ သိချင်နေကြသည်။
ကျန်းချဲ နှင့် ကျန်းချင် တို့လည်း သွားရောက်လည်ပတ်သည်။ ကျန်းကျန့် က ဖြတ်ကျော်သွားမှန်း သိလိုက်ရသောအခါ အလွန်ပျော်သွားသည်။ အဆုံတွင် သူတို့ဟာ မိသားစုဖြစ်သည်။ ကျန်း မိသားစုသည် သိုင်းပညာထက်မြက်သူတစ်ဦးကို လိုအပ်နေသေးသည်။ အနည်းဆုံးတော့ သူတို့သည် သိုင်းလောကရဲ့ နံပါတ်တစ်နေရာအတွက် ယှဉ်ပြိုင်သင့်သည်။
ကျန်းချဲ သည် လူသားဘုရင်၏ အမွေဆက်ခံသူဖြစ်သော်လည်း စကြာဝဠာအဆင့်သာ ရှိနေသည်။ ဧကရာဇ် ရွှင်းထျနိ သည် ယခင်က ကောင်းကင်ဂူ အဆင့်၌ ရှိခဲ့သော်လည်း၊ သူသည် သူ၏ခွန်အားတစ်ခုလုံးကို လုံးဝလွှဲပြောင်းမပေးနိုင်ခဲ့သောကြောင့် ကျန်းချင် သည် စကြဝဠာအဆင့်တွင်သာ ရှိနေခဲ့သည်။ ထို့အပြင် ကျန်းချင် သည် အများအားဖြင့် အလှပဂေးများကို စွဲလန်းပြီး ကျင့်ကြံမှု လုံးဝမပြုလုပ်ပေ။ သူ့ခွန်အားက လုံးဝတိုးမလာခဲ့ပေ။ လျော့ပင်ကျသွားသည်။
ကျန်းချန်ရှန်း သည် ဆေးဖက်ဝင်အိုးဆီသို့ လျှောက်သွားပြီး ဆေးဖက်ဝင်ရေကို ပြုတ်ရန် ပြင်ဆင်သည်။
ဖင်အန်း သည် ကိုယ်လုံးကိုယ်ပေါက် သန်မာပြီး အကြီးဆုံး ဆေးဖက်ဝင်အိုးကို အသုံးပြုခဲ့ရသည်။
တစ်လကြာသွားသည်။
ဖင်အန်း သည် စကြဝဠာအဆင့်ထဲသို့ အောင်မြင်စွာ ဝင်ရောက်လာသည်။ သူသည် လုံလောက်သော ခွန်အားကို စုဆောင်းထားပြီး သူ၏ ကိုယ်ခန္ဓာသည် စကြဝဠာ အဆင့် သိုင်းသမား အများစုထက် များစွာ သန်မာသည်။ သူသည် ခြေတစ်လှမ်းသာ ဝေးတော့သည်။
ကျန်းချန်ရှန်း သည် လူတစ်ဦး၏အဆင့်ကို တိုက်ရိုက်မတိုးပေး နိုင်သော်လည်း၊ သူသည် လှေကို ရေစီးကြောင်းဖြင့် တွန်းနိုင်သည်။
ကျန်းချဲ သည် အလွန်ပျော်ရွှင်နေပြီး အထူးပွဲကျင်းပရန်ပင် ရောက်လာသည်။ သို့သော်လည်း ကျန်းချန်ရှန်း သည် သူတို့နှစ်ဦးအပေါ် မြင့်မားသောမျှော်လင့်ချက်များရှိခဲ့သည်။ လက်ရှိအချိန်တွင် သူတို့အား မဟာကျင်းဒေသအတွက် တိုက်ခိုက်ရန် ခွင့်မပြုခဲ့ပေ။ ယင်းအစား၊ သူတို့သည် ကောင်းကင်ဂူအဆင့်သို့ ဆက်ဖြတ်ကျော်သွားစေသည်။
တာအိုဘိုးဘေး၏အမိန့်ကြောင့် ကျန်းချဲ သည် ကျန်းကျန့်နှင့် ဖင်အန်း ကိုဖိတ်ခေါ်ရန် မဝံ့မရဲဖြစ်နေသည်။
ယနေ့တွင်
လင်းဟောက်ထျန်း သည် နောက်ဆုံးတွင် စစ်ပြည်နယ်သို့ ရောက်ရှိလာသည်။
သို့သော် မြို့တော်သို့မလှမ်းမီ တစ်စုံတစ်ဦးမှ တားဆီးခံခဲ့ရသည်။
ကွမ်းထံယို
ကောင်းကင်ဂူ အဆင့်ကိုးရှိ ကွမ်းထုံယိုသည် ထူးထူးခြားခြား အာရုံများရှိသည်။ မိုင်ရာနှင့်ချီဝေးသောနေရာမှပင် လင်းဟောက်ထျန်း ၏ လျှို့ဝှက်ထားသော နတ်ဆိုးတစ်ခြမ်းကို ခံစားနိုင်သည် ။
တောင်ပေါ်တွင်….
"မင်းက လူလား နတ်ဆိုးလား"
ကွမ်းထုံယို သည် အသံနက်ကြီးဖြင့် မေးလိုက်သည်။ သူ၏ စူးရှသော အကြည့်များက လင်းဟောက်ထျန်းကို ရပ်သွားစေသည်။
လင်းဟောက်ထျန်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ တုနှိုင်းမဲ့ဝင်စားခြင်းကျမ်း က သူ့ရဲ့ ရောင်ဝါကို ဖုံးကွယ်ထားနိုင်သော်လည်း တစ်ဖက်လူက ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်း၊ မဟာကျင်းဒေသ သည် နားမလည်နိုင်အောင်ဖြစ်ရသည်။
လင်းဟောက်ထျန်း က “ကျွန်တော်က လူသားတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ကံကြမ္မာ ဒုက္ခက ထူးခြားတယ်လို့ပဲ ဆိုရမှာပါ။ ငါတို့ကြားမှာ အာဃာတတွေ မရှိဘူး။ မင်းငါ့အပေါ် နတ်ဆိုး အမုန်းတရားတွေ အတင်းအကြပ် ပုံချလို့တော့ မရဘူး မဟုတ်လား"
သူအရင်ကကဲ့သို့ စိတ်လောသည့်စရိုက် မရှိတော့ပေ။ သူ့အပြောအဆိုများကလည်း ရင့်ကျက်လာသကဲ့သို့ သူလည်း မရိုးရှင်းတော့ပေ။
ကွမ်းထုံယို က သူ့ကို လက်လျှော့လိုက်သော်လည်း လမ်းမဖွင်ပေးပေ။
ထိုအချိန်တွင်၊ ကွမ်းထုံယို သည် တစ်စုံတစ်ခုကို ကြားလိုက်ပုံရပြီး သူ၏သတ်ပစ်လိုသည့် အသိစိတ်ကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။ သူက လက်သီးဆုပ်ပြီး "တောင်းပန်ပါတယ်၊ မင်း တာအိုဘိုးဘေးအောက်ကလို့ ငါ မမျှော်လင့်ထားဘူး"
တာအိုဘိုးဘေး လက်အောက်က တစ်စုံတစ်ယောက်ဖြစ်ခဲ့ရင် သက်သာရာရလိမ့်မယ်။ ထို့အပြင်၊ တာအို ဘိုးဘေး၏ ခြံဝင်းထဲတွင် နတ်ဆိုး တိရစ္ဆာန်များလည်း ရှိကြပြီး ၎င်းတို့ကို မြို့တော်ရှိ လူများကပင် ကံကောင်းစေမည့် နတ်သားရဲများအဖြစ် သတ်မှတ်ကြသည်။ ထို့ကြောင့်၊ တာအိုဘိုးဘေး၏ နတ်ဆိုးတစ်ကောင်ဖြစ်သရွေ့ သူ့အမြင်တွင်၊ ၎င်းသည် နတ်ဆိုးကောင်းဖြစ်ရမည်။
လင်းဟောက်ထျန်း သည် လမ်းတစ်လျှောက် တာအို ဘိုးဘေးအကြောင်း ဒဏ္ဍာရီများစွာကို ကြားသိခဲ့ရပြီး သူသည် သူ့စိတ်ထဲတွင် စီနီယာဖြစ်ရမည်ဟု သိသည်။ ကွမ်းထုံယို၏ စကားကို ကြားသောအခါ သူက ပြုံးပြသည်။
လင်းဟောက်ထျန်း ကလည်း သူ့လက်သီးများကို ဆုပ်ပြီး “ကျွန်တော်က လင်းဟောက်ထျန်း ပါ။ စီနီယာနာမည်နဲ့ အဆင့်ကို သိလို့ ရမလား။
သူက သူတပါးကို အနိုင်ကျင့်တာ မဟုတ်ေပ။ အဲဒီအစား သူက ကွမ်းထုံယို ကို မျက်နှာသာပေးလိုက်သည်။
ကွမ်းထုံယို က "ငါက ကွမ်းထုံယို ၊ ကောင်းကင်ဂူ အဆင့်ကိုး”
လင်းဟောက်ထျန်း သည် ထိုစကားကိုကြားသောအခါတွင် သူ၏အမူအရာမှာ မပြောင်းလဲဘဲ သူ့နှလုံးခုန်သံသည် ပြင်းထန်စွာခုန်နေသည်။
ကောင်းကင်ဂူ အဆင့်ကိုး
ဘယ်လိုတောင်လား
မဟာကျင်းဒေသ သည် ကြုံရာကျပန်း သိုင်းပညာရှင်ပင် ကောင်းကင်ဂူ အဆင့်ကိုးတွင် ရှိနေသည့်အထိ အရမ်းအစွမ်းထက်နေတာလား။
ကမ္ဘာကြီးအပေါ် လင်းဟောက်ထျန်း၏ နားလည်မှုသည် ပြိုလဲပျက်စီးသွားသည်။ ယင်းမတိုင်မီက သူသည် ကောင်းကင်ဂူအဆင့်ကိုး အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကို တစ်ခါမျှ မတွေ့ခဲ့ဖူးဘဲ၊ ထိုလျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုသည် သူ၏အဆင့်ကို ထုတ်ဖော်မပြခဲ့ပေ။
ဤပုဂ္ဂိုလ်သည် ကောင်းကင်ဘုံ အဆင့်ကိုး ၌ရှိသော်လည်း သူသသည် စီနီယာကို အလွန်ရိုသေသူဖြစ်သည်။ ဒါဆို စီနီယာက ဘယ်အဆင့်လဲ။
လင်းဟောက်ထျန်း သည် ကမ္ဘာသစ်တစ်ခုသို့ ဝင်ရောက်လာသကဲ့သို့ ခံစားရသည်။
မဟာကျင်းဒေသ သည် သိုင်းပညာအတွက် သန့်ရှင်းသောနယ်မြေဖြစ်နိုင်ပါသလား။
လမ်းတစ်လျှောက်တွင် မဟာကျင်းဒေသ ၏ သိုင်းပညာရှင်များ၏ ခွန်အားကို သန်မာသည်ဟု ယူဆ၍မရကြောင်း သူတွေ့ရှိခဲ့သည်။ မဟာကျင်းဒေသ သည် သာမန်မင်းဆက်တစ်ခုသာဟု သူထင်ခဲ့သည်။ သို့သော် သူသည် စစ်ပြည်နယ်ထဲသို့ ဝင်ရောက်လာချိန်တွင် ကောင်းကင်ဂူအဆင့်ကိုးမှ ပညာရှင်တစ်ဦးနှင့် ကြုံတွေ့ခဲ့ရသည်..။
လင်းဟောက်ထျန်း က "စီနီယာကွမ်၊ ကျွန်တော့်ကို မြို့တော်ကို ခေါ်သွားပြီး လိုက်ပြပေးပါလား”
“ကောင်းပြီ ဂျူနီယာ။ မင်းဘယ်ကလဲ?"
“ရှေးနတ်ဘုရား တိုက်ကြီးကပါ”
"ဟမ် ရှေးနတ်ဘုရားတိုက်ကြီး။ အဲဒါက တကယ်ဝေးတာပဲ”
"စီနီယာ ရှေးနတ်ဘုရား တိုက်ကြီးကို ရောက်ဖူးလား။"
“ဟုတ်တယ်။ အဲဒီတုန်းက သူတော်စင် အိမ်တော် ရဲ့ အိမ်တော်သခင် က ငါ့ကို သူ့ဆရာအဖြစ် အသိအမှတ်ပြုချင်ပေမယ့် သူ့ကို ငြင်းပယ်ခဲ့တယ်။ ဒါပေမယ့် သူက ဖိတ်ခေါ်တဲ့အတွက် ငါ ဧည့်သည်အနေနဲ့ သွားခဲ့ဖူးတယ်။ သူတော်စင်အိမ်တော် ရဲ့ တပည့်တွေကို ကောင်းကောင်းလေ့ကျင့်ပေးနိုင်ဖို့ အားပေးတဲ့အနေနဲ့ သိုင်းကျမ်းတစ်ခု ချန်ထားခဲ့တယ်။"