← Chapters

ဂိမ်းကိုဖြေရှင်းရန် သင့်လျော်သောနည်းလမ်း

Vol. 52 Ch. 769

ဂိမ်းကိုဖြေရှင်းရန် သင့်လျော်သောနည်းလမ်း

Vol. 52 Ch. 769

လူတိုင်း၏ စိတ်များက ဂိမ်းနှင့် ချိတ်ဆက်နေသောကြောင့် ဝမ်မင် နှင့် အခြားသူများသည် ဂိမ်းကို ဖြေရှင်းဖို့အတွက် သားရဲဘုရင်ကြီးကို ကူညီရန် ရောက်ရှိလာသည့် "အိပ်မက်သူခိုးများ" နှင့် တူနေသည်။

သို့သော် ဝမ်မင်က ​​ဤဂိမ်းလောကထဲကို ဟက်၍ ဝင်ရောက်လာသောကြောင့် အိပ်မက်အတုဟု သတ်မှတ်၍ ရပေသည်။

"ခဏစောင့်.. ငါ မင်းကို အဝတ်အစားလဲပေးမယ်"

ဝမ်မင်က အမျိုးသမီး အဝတ်အစားနှင့် ဖက်တီးလောကို တစ်ခါမှ မမြင်ဖူးသေး၍ အမှန်တကယ် မြင်ချင်နေခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် ဝမ်မင်သည် ဖက်တီးလော၏ အဝတ်အစားများကို တိုက်ရိုက် အသွင်ပြောင်းရန်အတွက် သူ၏ နည်းပညာ ကျွမ်းကျင်မှုကို အသုံးပြုကာ အနက်ရောင် အိမ်ဖော်ဝတ်စုံဖြင့် အစားထိုးပေးလိုက်သည်။

"အင်း ကြည့်လို့ကောင်းရဲ့လား"

ဖက်တီးလောက ပျော်ရွှင်စွာဖြင့် ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်သည်။

သူ့မျက်နှာပေါ်ရှိ အမူအရာက တောက်ပနေသော ဂန္ဓမာပန်းကဲ့သို့ပင်။

"လခွမ်း"

ငွေရောင်လေးက သူ့မျက်လုံးများကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။

တစ်နည်းနည်းဖြင့် သူ့မျက်လုံးများက အရမ်းစပ်သလို ခံစားရသည်။

မျက်လုံးက အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် သူမ၏ “ကောင်းကင်ပစ္စည်း”တွင် မရှိမဖြစ်လိုအပ်သော ဆီမွှေးကို အသုံးပြုခဲ့စဉ်ကကဲ့သို့ အပူရှိန်ဖြင့် လောင်ကျွမ်းသွားခဲ့သည်။

[ကောင်းကင်ပစ္စည်းကဘာလဲကိုယ့်ဘာသာတွေးပါ]

"မင်းက တစ်ကြိမ် ဝတ်ဖူးတယ် ဆိုတော့ နောက်ထပ် အကြိမ်အနည်းငယ်လောက် ဝတ်စားတာက ဘာမှ မဖြစ်လောက်ပါဘူး"

ကျိုးရီ သက်ပြင်းချလိုက်သည်။

ဖက်တီးလော၏ ဝမ်းသာအားရ ပြုံးနေပုံကို ကြည့်လျှင် ပေါ့ပေါ့နေပေါ့ပေါ့စား စာရေးဆရာတစ်ဦး၏ အသွင်အပြင် နှင့် ဆင်တူနေ၏။

ယင်းနောက် ရုတ်တရက် ထူးဆန်းသော အသွင်အပြင် တစ်ခု ဖြစ်ပေါ်လာသည်။

[စာရေးဆရာ 'နှစ်ညအိပ်သုံးရက်'က မင်းများလား]

…...........

ဂိမ်းဇာတ်လမ်း၏ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုအရ သားရဲဘုရင်ကြီး၏ ဇာတ်ကောင် “ကော်နာ” သည် မစ်ရှင်ပြီးဆုံးရန်အတွက် ဓားစာခံမိန်းကလေးကို ကယ်တင်ရမည် ဖြစ်သည်။

ယခုတော့ သားရဲဘုရင်ကြီးက စက်ရုပ်ဒန်နီယယ်ကို အမှန်အကန် စိတ်ဆိုးစေခဲ့သည်။

သားရဲဘုရင်ကြီး၏ နောက်ထပ် ဆုံးဖြတ်ချက်ကြောင့် စက်ရုပ်ဒန်နီယယ်က ကောင်မလေးကို သတ်ပစ်ပြီး သူမနှင့်အတူ သတ်သေမည် ဖြစ်၏။

သားရဲဘုရင်ကြီးက လုံးဝ အနိုင်မယူချင်သောကြောင့် ဒန်နီယယ်၏ စိတ်ကို လှုံဆော်ရန် ထူးဆန်းသော ရွေးချယ်မှုများကို ဆက်လက် ရွေးချယ်သွားမည်မှာ သေချာသည်။

ထို့ကြောင့် သူတို့အနေဖြင့် လက်ရှိတွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။

"ငါ မင်းကို ကူညီ​ပေးမယ်​"

ဝမ်မင်က ဖက်တီးလောကို ဓားစာခံ မိန်းကလေးအဖြစ် တိုက်ရိုက်ပြောင်းရန် သူ၏ ကျွမ်းကျင်မှုကို အသုံးပြုခဲ့သည်။

သို့သော် သူတို့ မမျှော်လင့်ထားသည့် အရာမှာ ဤပြောင်းလဲမှုသည် ဇာတ်လမ်းတစ်ခုလုံးကို မထင်မှတ်ဘဲ ပြောင်းလဲသွားစေခဲ့ခြင်းပင်။

အိမ်ခေါင်မိုးအစွန်းတွင် မိန်းကလေးကို ဖမ်းချုပ်၍ ရပ်နေသော ဒန်နီယယ်သည် သူ့လက်ထဲမှ မိန်းကလေးက အိမ်ဖော်ဝတ်စုံ ဝတ်ထားသည့် ဖက်တီးလော ဖြစ်သွားသည်ကို မြင်လျှင် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

"ဘုရားရေ.. ဒီကောင်က ဘယ်သူလဲဟ"

"ငါ့ မယ်ဒူဆာလေး ဘယ်မှာလဲ"

"မယ်ဒူဆာ ဘယ်ရောက်သွားတာလဲ"

"မင်း.. မင်းဘယ်သူလဲ"

ဒန်နီယယ်က လုံးဝ ထိတ်လန့်နေခဲ့သည်။

"မယ်ဒူဆာက ဘယ်ကိုသွားရမှာလဲ"

'ဖက်တီးလော'က ရှက်ရွံ့စွာပြောပြီး သူ့အိမ်ဖော်၀တ်စုံကို အနည်းငယ် ဆွဲမလိုက်သည်။

"ဝန်ခံရတာ မုန်းပေမဲ့ ငါက မင်းရဲ့ မယ်ဒူဆာပဲ"

ဒန်နီယယ်က သူ့ခေါင်းကို လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ကျိုးကျလုမတတ် ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး... ငါ့ မယ်ဒူဆာက ဒီလို ဘော်ဒီမျိုးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ထိုအချိန်တွင် ရွေးချယ်မှုများ ပေါ်လာပြန်သည်။

"ဒန်နီယယ်ကို ကဗျာတစ်ပုဒ်ရွတ်ပြပါ △"

“ဒန်နီယယ်၏ ယုံကြည်မှုကို အနိုင်ယူပါ □ ”

“ဒန်နီယယ်ရဲ့ သံသယစိတ်ကို ဆွပါ ○”

"ဓားစာခံနှင့် အတူ အတိုအပြတ်ဝတ်ပါ ×"

…............

သားရဲဘုရင်ကြီးက ချက်ချင်းပင် “○” ကို ရွေးချယ်ခဲ့ရာ သူ၏ဇာတ်ကောင် ကော်နာက ဒန်နီယယ် နှင့် ဆက်လက် စကားပြောခဲ့သည်။

"ဒန်နီယယ်.. အမြန်နှိုးထပြီး.. သူမက မင်းချစ်တဲ့ မယ်ဒူဆာ ဆိုတာကို ဝန်ခံလိုက်စမ်းပါ”

ဒန်နီယယ်က သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

"ငါသူမကို တကယ်ချစ်ပါတယ်.. ငါ သူမကို အရာအားလုံးထက် ပိုချစ်တယ်.. ဒါပေမယ့် မယ်ဒူဆာကတော့ ယန်တီရဲ့ ဒစ်တွေကိုပဲ ချစ်တယ်.. မယ်ဒူဆာကို လွှတ်စေချင်ရင် ငါ့စက်ရုပ် ဆက်တင်တွေကို ပြန်ပြင်ပေး.. ငါ့ပစ္စည်းကို မဖြုတ်ထားနဲ့.. ငါလိုချင်တာ အဲဒါပဲ.. ကြီးချင်သလောက် ကြီးထွားပါစေ.. အဆင်ပြေတယ်"

“ဒန်နီယယ် နှင့် အပေးအယူလုပ်ရန် △”

“ဒန်နီယယ်ကို ဆွပေးသည် □”

“ဒန်နီယယ်ကို တိုက်ရိုက်ငြင်းပယ်ပါ ○”

"ဒန်နီယယ်က ဓားစာခံကို နမ်းခြင်း ×"

သားရဲဘုရင်က ရွေးချယ်လိုက်သည်။

"×"

လူတိုင်း "…........."

ကော်နာ "မင်းရဲ့တောင်းဆိုချက်ကို အ​မြှေးပါးထိန်းချုပ်မှုဘဝ အဖွဲ့အစည်းဆီ တောင်းဆိုပေးမယ်.. ဒါပေမယ့် မင်းရဲ့လက်နက်ကို ချပြီး မင်းချစ်တဲ့ မယ်ဒူဆာ ရဲ့ပုံစံ မဟုတ်လည်း မယ်ဒူဆာကို ချစ်တယ်ဆိုတာ သက်သေပြတဲ့အနေနဲ့ မင်းသူ့ကိုနမ်းရမယ်"

ဒန်နီယယ်က အိမ်ဖော်ဝတ်စုံနှင့် အလွန်လှပနေသော ဖက်တီးလောကို တစ်ချက်ကြည့်လိုက်ပြီး ထိတ်လန့်မှုအချို့ကို မျိုချလိုက်သည်။

ထို့နောက် သူက ကော်နာကို ကြည့်လိုက်သည်။

"ငါ မယ်ဒူဆာကို နမ်းနိုင်ပါတယ်.. ဒါပေမယ့် ဒါက မယ်ဒူဆာမှ မဟုတ်တာ.. မယ်ဒူဆာမှာ ဒစ်မရှိဘူးလေ"

"မင်း သူ့ကို ကိုယ်တိုင်ပဲ ပြန်ပေးဆွဲလာတာနော်.. အခု မင်းမြင်နေရတာက လှည့်စားမှုသက်သက်ပဲ.. တကယ်တော့ သူက မယ်ဒူဆာပါပဲ.. သူ့ကို နမ်းဖို့ငြင်းလိုက်မယ် ဆိုရင် မယ်ဒူဆာကို လုံးဝ မချစ်ဘူးဆိုတာ သက်သေပြလိုက်တာနဲ့ အတူတူပဲ"

"မင်း ဓားစာခံကို နမ်းသ၍ လူတိုင်းက မင်းကို အွန်လိုင်းမှာ ကျိန်းသေ ဆဲရမယ်လို့ ငါကတိပေးတယ်.. မင်းတစ်ခါထဲနဲ့ ဆယ်လီ ဖြစ်သွားစေရမယ်"

ကော်နာ “လူတိုင်းက စခရင်နောက်ကွယ်မှာ ဆဲဖို့ဆိုရင် သောက်ရမ်း လက်သွက်ကြတယ်လေ.. အဆဲခံရဖို့ အတွက် စိတ်မပူနဲ့.. မင်းစိတ်ကျေနပ်တဲ့အထိ မယ်ဒူဆာအပေါ် လုပ်ချလိုက်"

လူတိုင်း "…..........."

ဒန်နီယယ် “ဒါပေမယ့်…”

ကော်နာ " ဒန်နီယယ် အကယ်၍ မင်းက အမှန်တကယ် ခံစားချက်ရှိတဲ့ စက်ရုပ်တစ်ဦး ဆိုရင် နမ်းတာလောက်က မင်း အတွက် ပြဿနာဖြစ်လိမ့်မယ် မထင်ဘူး.. မင်းမနမ်းရင်တော့ ခံစားချက်မရှိဘူး ဆိုတာ သက်သေပြလိုက်သလိုပဲ.. ငါ့ကိုပြောစမ်း မင်းဘယ်သူလဲ"

ကော်နာ၏စကားကြောင့် ဒန်နီယယ် ရူးသွပ်လုနီးပါး ဖြစ်လာသည်။

"ငါ ဒန်နီယယ်ပါ "

ယခုတစ်ကြိမ်တွင် စနစ်ထံမှ ရွေးချယ်မှုနှစ်ခုသာ ပေါ်လာသည်။

"မင်းက ဒန်နီယယ် မဟုတ်ဘူး △"

“စကြဝဠာရဲ့အဆုံးကနေ ပြန်စမယ် □ ”

သားရဲဘုရင်ကြီးက ရွေးချယ်ခဲ့သည်။

" □ "

….................

ကော်နာ “ဒါဆို စကြဝဠာရဲ့အဆုံးကနေ ပြန်စရအောင်.. မင်းက ဒန်နီယယ် ဖြစ်နိုင်တယ်၊ ငါလည်း ဒန်နီယယ် ဖြစ်နိုင်တယ်.. ငါတို့ အားလုံး ဒန်နီယယ် ဖြစ်နိုင်တယ်.. ဒန်နီယယ်ဆိုတာ ကုဒ်အမည်တစ်ခု.. နာမည်တစ်ခုပဲ.. ဒါပေမယ့် ဒီကုဒ်နာမည်ကို ဖယ်လိုက်ရင် မင်းက ဘယ်သူလဲ.. စက်ရုပ်လား ဒါမှမဟုတ် လူသားလား"

ဒန်နီယယ် "မင်း.. မင်းရဲ့မေးခွန်းက အဓိပ္ပါယ်မရှိဘူး"

"ဒါဆို အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုကို ပြောကြရအောင်"

ကော်နာက ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်သည်။

"ငါတို့မွေးတုန်းက ဘယ်ကလာတာလဲ.. ငါတို့သေတဲ့အခါ ဘယ်ကိုသွားရမှာလဲ.. ဓားစာခံကို နမ်းဖို့အတွက် မင်းကို ငါက ခေါင်မိုးပေါ်ကနေ ဘာလို့ နားချနေရတာလဲ.. ဒီကမ္ဘာမှာ မင်းကဘာအဓိပ္ပါယ်လဲ.. ငါတို့က စကြဝဠာနဲ့ မလွဲမသွေ ချိတ်ဆက်နေတာလား.. စကြာဝဠာမှာ အဆုံးရော ရှိလား"

"ဒစ်တစ်ခုမှာ အရှည်ဘယ်လောက်ရှိသင့်လဲ.. ဒစ်မပါတဲ့စက်ရုပ်ကို ဒစ် ပြန်ထည့်ပေးလို့ရလား.. ဒစ်မပါတဲ့ မင်းနဲ့ မယ်ဒူဆာရဲ့ ကတုတ်ကျင်းက အလုပ်ဖြစ်ပါ့မလား"

"ဒါဆို ငါ.. ငါ မယ်ဒူဆာကို မူစကူဒူးလို့ မရဘူးပေါ့"

ဒန်နီယယ်က ဒူးထောက်ကျသွားသည်။

ထိုခဏတွင် ဖက်တီးလောသည် ဒန်နီယယ်၏ မယ်ဒူဆာအပေါ် ခံစားချက်က ဇဝေဇဝါ ဖြစ်နေကြောင်း သိလိုက်ရသည်။

ဒန်နီယယ်၏ စိတ်အခြေအနေသည် ယခုအချိန်တွင် အလွန်မတည်မငြိမ် ဖြစ်နေသည်။

“မဟုတ်ဘူး.. သူမကိုချစ်တယ်.. ငါသူမကိုနမ်းချင်တယ်"

ကော်နာ "သူမကို တကယ်ပဲနမ်းမှာလား.. မင်းတကယ်ပြောနေတာလား"

ဒန်နီယယ် အေးခဲသွားသည်။

"ငါ.. ငါတကယ်ကြီး နမ်းရမှာလား"

ကော်နာ “တကယ်ချစ်တယ်ဆို သက်သေပြလေ"

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ဒန်နီယယ်က အားအင်အပြည့်ဖြင့် သူ့နှုတ်ခမ်းများကို ဖက်တီးလော၏ နှုတ်ခမ်းဆီသို့ ဖိကပ်လိုက်သည်။

"ပကျွတ်"

ထို့နောက်တွင် ဖက်တီးလော၏ ပြင်းထန်သော ရုန်းကန်မှုကြောင့် ဒန်နီယယ်က ခြေချော်ကာ အိမ်ခေါင်မိုးပေါ်ကနေ နောက်ပြန် ပြုတ်ကျသွားခဲ့သည်။

ထိုအချိန်မှာပင် စနစ်က အချက်ပြမှု တစ်ခု ပေးပို့ခဲ့သည်။

[ဂုဏ်ယူပါတယ်။ မင်းရဲ့တာဝန်ပြီးမြောက်ခဲ့ပြီ]

[ပြီးပြည့်စုံသည့်ဇာတ်ကွက်1]

[ဓားစာခံ မယ်ဒူဆာကို ကယ်တင်ပါ]

[ပြီးပြည့်စုံသည့်ဇာတ်ကွက်2]

[ဓားစာခံ မိန်းကလေး အသက်ရှင်နေချိန်တွင် ဒန်နီယယ်ကို အောင်မြင်စွာ သတ်လိုက်ပါ]

….............

ငွေရောင်လေး အံ့အားသင့်သွားသည်။

“လခွမ်း.. ဒါက ဘယ်လို တာဝန်ကြီးလဲဟ”

လူတိုင်း "…......."

All Chapters