← Chapters

လေတိုက်ပွဲမြက်ကို ချက်ပြုတ်ခြင်း

Vol. 52 Ch. 770

လေတိုက်ပွဲမြက်ကို ချက်ပြုတ်ခြင်း

Vol. 52 Ch. 770

ဝမ်လင်းက ကျိုးရီ၏ သတင်းစကားကို လက်ခံရရှိခဲ့ပြီဖြစ်သည်။

သူမျှော်လင့်ထားသည့်အတိုင်း ဝမ်မင်က နေရာလွတ် ပင်လယ်သေကနေ အောင်အောင်မြင်မြင်နှင့် ဘေးကင်းစွာ လွတ်မြောက်ခဲ့သည်။

ဒါတင်မကဘဲ ဝမ်မင်က ဝမ်လင်း လုပ်ထားသည့် အသက်ကယ်ရတနာကိုပင် အသုံးမပြုခဲ့ပေ။

တစ်နည်းဆိုရလျှင် ဝမ်မင်၏ ယခုတစ်ကြိမ် ရှင်သန်မှုသည် သူ့ကိုယ်ပိုင်စွမ်းရည်ကြောင့်သာ ဖြစ်သည်။

ဆိုရလျှင် ဝမ်မင်သည်လည်း ထူးခြားသော လူတစ်ယောက်ဖြစ်သည်။

ကျိုက်ယန်က သူ့ကို သဘောကျသည်မှာ မဆန်းပေ။

လတ်တလောတွင် ကျိုက်ယန်သည် အလွန်စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသေးသောကြောင့် စိတ်ဒဏ်ရာကနေ မသက်သာသေးဟု ဆိုရမည်။

စိတ်ဝိညာဥ်အပင်များ အကြောင်း လေ့လာခြင်း သင်တန်းသည် ထိုနေ့နံနက်တွင် ပြီးဆုံးသွားခဲ့၏။

ဝမ်လင်းက ကျိုက်ယန်၏ အခန်းထဲမှ ဖြတ်သွားစဥ် ဥက္ကဌချီထံ သတင်းပို့နေသည့် ကျိုက်ယန်ကို တွေ့လိုက်ရသည်။

သူမ မျက်နှာပေါ်တွင် မျက်ရည်များ စီးဆင်းနေပြီး စကားပြောနေစဥ် အနည်းငယ် ဆို့နစ်နေခဲ့သည်။

"ဥက္ကဌချီ.. ဝမ်မင်သာ တကယ် သေသွားခဲ့ရင်.."

ထိုစကားကိုကြားလျှင် ဥက္ကဌချီက အကြီးအကျယ် ထိတ်လန့်သွားသည်။

"ယန်လေး ကောက်ချက်ချ မစောပါနဲ့ဦး.. လက်ရှိမှာ မင်လေး သေသွားတာကို ညွှန်ပြနေတဲ့ သက်သေလည်း မရှိသေးဘူး.. လောလောဆယ် တရားဝင် ကောက်ချက်ချထားတာကတော့ မင်လေး ပျောက်နေတယ် ဆိုတာပဲ... မင်း မိုက်မိုက်မဲမဲတွေ မလုပ်မိစေနဲ့"

ကျိုက်ယန်က ဝမ်မင် အပေါ်တွင် အထူးခံစားချက်ရှိကြောင်း ဥက္ကဌချီ အမြဲသိခဲ့သည်။

ထိုအချိန်က ဝမ်မင်၏ ကိုယ်ရံတော်ရာထူး အတွက် ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့ထံ အကူအညီ တောင်းခဲ့ရာ ကျိုက်ယန်က ပထမဆုံး လက်ထောင်ခဲ့သည်။

ထို့အပြင် ကျိုက်ယန်သည် ထိုအချိန်က ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့မှ စောင့်ရှောက် ထိန်းသိမ်းထားသည့် ဗုဒ္ဓကျမ်းစာများ၏ အုပ်ထိန်းသူ ဖြစ်သည်။

ဤသည်မှာ ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့တွင် လစာအကောင်းဆုံး အလုပ်ဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်များ၏ အဆုံးသတ် စိတ်ကူးအိပ်မက် နေရာလည်း ဖြစ်သည်။

သို့သော် ထိုအချိန်က ကျိုက်ယန်သည် ထိုအခွင့်အရေးကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ပြီး ဝမ်မင်၏ ကိုယ်ရံတော်အဖြစ် ရွေးချယ်ခဲ့သည်။

ဥက္ကဌချီက ကျိုက်ယန်၏ ကိုယ်ရေးအကျဉ်းကို ကြည့်လိုက်သောအခါတွင် ဝမ်မင် နှင့် ကျိုက်ယန်က ငယ်စဥ်ကတည်းက တွေ့ဖူးကြောင်း သိလိုက်ရသည်။

ကံမကောင်းစွာပဲ ဝမ်မင်သည် ကျိုက်ယန်ကို မမှတ်မိခဲ့ပေ။

သူမက ဤနှစ်များ တစ်လျှောက်လုံး အလွန် ပြောင်းလဲသွားခဲ့သည် မဟုတ်လော။

ကျိုက်ယန် သက်ပြင်းချလိုက်သည်။

"ဥက္ကဌချီ စိတ်မပူပါနဲ့.. ကျမ ဘာမှ မိုက်မိုက်မဲမဲ လုပ်မှာ မဟုတ်ဘူး"

ထိုစကားကို ကြားပြီးနောက် ဥက္ကဌချီက သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒါဆိုလည်း ပြီးရော..မင်းအရမ်းခက်ခဲနေမှာကို ငါစိုးရိမ်မိလို့ပါ.. ဒီလောကမှာ ယောက်ျားကောင်းတွေ အများကြီးရှိပါတယ်.. မင်လေး မရှိရင်တောင် မင်လေးမှာ ညီလေးတစ်ယောက် ရှိသေးတယ် မဟုတ်လား.. မင်းသူ့ကို သွားကြိုက်လို့ရတာပဲ"

ဝမ်လင်း "???"

ကျိုက်ယန် အသက်ရှုကြပ်သွားသည်။

“ကျွန်မက အဲဒီလိုလူမဟုတ်ဘူး…”

ဥက္ကဌချီ "ဟားဟား.. မင်းအဲဒီလို မဟုတ်မှန်း ငါသိပါတယ်.. ငါက နောက်တာပါ.. တကယ်တော့ မင်လေးက မင်းထက် အသက်ငယ်တယ်.. မမ တစ်ယောက်က မောင်လေး တစ်ယောက်ကို ချစ်မိသွားတာ တကယ်တော့ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူးလေ"

ဥက္ကဌချီက စကားလမ်းကြောင်း လွှဲနေကြောင်း ကျိုက်ယန် ကောင်းစွာသိသည်။

ကျိုက်ယန်"ဥက္ကဌချီ.. ကျမ တွေးထားပြီးပါပြီ.. ဝမ်မင် ပြန်မလာနိုင်တော့ဘူးဆိုရင် ကျမ နှုတ်ထွက်ပြီး မြဲ့ကြွယ် သီလရှင်ရဲ့ ထုံးကိုနှလုံးမူပြီး ကျိုးလုံတောင်ကို သွားတော့မယ်"

ထိုစကားကြားလျှင် ဥက္ကဌချီက ချောင်းပါ ဆိုးသွားသည်။

“အဟွတ်.. ဟွတ်.. တကယ်လား”

ကျိုက်ယန် "ဥက္ကဌချီ.. စိတ်ပျက်သွားတာလား"

"မဟုတ်ပါဘူး.. မင်း မိုက်မိုက်မဲမဲနဲ့ တစ်ခုခုလုပ်မိမှာကို ငါစိုးရိမ်မိတာပါ"

ဥက္ကဌချီက နှစ်သိမ့်ပေးလိုက်သည်။

"ဒီရက်ပိုင်း မင်း အစာ မစားဘူးလို့ ငါကြားတယ်.. အနည်းဆုံးတော့ မင်းရဲ့ စွမ်းအင်ကို ဖြည့်တင်းပေးသင့်ပါတယ်.. ဒီအတိုင်းတော့ ဆက်သွားလို့ မဖြစ်ဘူးလေ"

ကျိုက်ယန် ခေါင်းညိတ်လိုက်သည်။

"ကျမ နားလည်ပါတယ် ဥက္ကဌချီ၊ ကျမ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်.. နောက်မှ တစ်ခုခု ချက်စားလိုက်မယ်"

"မင်းကိုယ်တိုင် ချက်စားတာလား"

ဥက္ကဌချီ အံ့သြသွားသည်။

[ဒါက ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်တာနဲ့ ဘာကွာလို့လဲ]

…...........

ယနေ့ နေ့လည်စာက နည်းနည်းထူးခြားသည်။

ကန်တင်းမှ စားဖိုမှူးများက ချက်ပြုတ်ခြင်း မလုပ်ဘဲ ခန်းမတစ်ခုလုံးကို ကျောင်းအသီးသီးမှ ကျောင်းသားများအား လွှဲပြောင်းပေးခဲ့သည်။

ကျောင်းသားများကို သူ့အစုနဲ့သူ ခွဲကာ ထိုနေ့နံနက်က သင်ယူခဲ့သော အသိပညာကို အသုံးပြု၍ သူတို့ ရရှိထားသော စိတ်ဝိညာဥ်အပင်များအား စတင်ချက်ပြုတ်စေသည်။

ဤစမ်းသပ်မှုသည် ကျောင်းသားများ သင်ယူခဲ့သည့် “ဆေးဝါး ဗီဇပြောင်းလဲခြင်း”အကြောင်းကို ပိုမို နားလည်သဘောပေါက်စေရုံသာမက လက်တွေ့ စွမ်းရည်များကိုပါ မြှင့်တင်ပေးခဲ့သည်။

ယနေ့ခေတ်သည် နေ့စဉ် အန္တရာယ်များ ဖုံးလွှမ်းနေသည့် အတိတ်နှင့် မတူတော့ပေ။

နှိုင်းယှဥ်ကြည့်လျှင် လက်ရှိခေတ်တွင် ပိုမို သဟဇာတရှိပြီး အေးချမ်းသာယာနေသည်။

ရလဒ်အနေဖြင့် ခေတ်မီကျင့်ကြံသူများသည် သူတို့အတွက် အထူး သန့်စင်ထားသော ဆေးလုံးဖြည့်စွက်စာများ အစား ၎င်းတို့၏ ကိုယ်ကာယ အခြေအနေများကို ထိန်းညှိရန်နှင့် ကျင့်ကြံခြင်း တိုးတက်မှုအတွက် အစားအစာ အာဟာရကို ပိုမိုအသုံးပြုရန် နှစ်သက်ကြသည်။

ယင်းအတွက် အကြောင်းရင်းတစ်ခုမှာ အဂ္ဂိရတ်ပညာသည် ရှုပ်ထွေးလှသော ပညာရပ် တစ်ခု ဖြစ်ပြီး ကျင့်ကြံသူအားလုံးက ထိုပညာရပ်ကို ကျွမ်းကျင်အောင် မစွမ်းဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။

အဂ္ဂိရတ်ပညာကို အထက်တန်းကျောင်း တချို့မှ လွဲ၍ ကျောင်းသားအများစုသည် တက္ကသိုလ်မှသာ ထိတွေ့ခွင့်ရကြမည်ဖြစ်သည်။

သို့သော် ယခု အဆင့်တွင်မူ ကလေးအများစုသည် ဆေးဘက်ဆိုင်ရာ ဖြည့်စွက်စာများကို မလွဲမသွေ လိုအပ်လာပြီ ဖြစ်သည်။

သို့သော် ကုန်ကျစရိတ်မှာ သာမန် မိသားစု မတတ်နိုင်လောက်အောင် မြင့်မားသည်။

စွန်းရုံကဲ့သို့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမရှိလျှင် နေ့စဥ်နေ့တိုင်း ဆေးဝါး ဖြည့်စွက်စာများ မှီဝဲရန်မှာ မဖြစ်နိုင်ပေ။

ဤမြင့်မားသော ကုန်ကျစရိတ်များနှင့် သန့်စင်ရေး ဆေးပြားများ အခက်အခဲကြောင့် အလွန်ထူးဆန်းသော ဖြစ်စဉ်တစ်ခုဆီသို့ ဦးတည်သွားသည်။

ယင်းမှာ ဆေးပင်များကို တောထဲတွင် ရှာဖွေ၍ ပြန်လည်စိုက်ပျိုးပြီး အာဟာရ ရှိအောင် ချက်ပြုတ်ရန် ဖြစ်သည်။

ထိုသို့ ချက်ပြုတ်ထားသော အရသာသည် ဆေးဝါးသောက်ရသည်ထက် ပို၍ အရသာရှိလှသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က "ငါနှင့်အတူ ချက်ပြုတ်ရန် သင်ယူပါ"ဟူသော စကားတစ်ခွန်း ရေပန်းစားခဲ့သည်။

ထိုအချိန်တွင် အာဟာရပြည့်ဝသော အစားအစာများ ခေတ်စားလာခဲ့သည်။

ဝမ်လင်းက မြေပဲလေးတို့ နှင့် အဖွဲ့တစ်ဖွဲ့ထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း ဟင်းချက်သည့်အခါတွင်မူ သူတို့အားလုံးသည် အခြေခံအားဖြင့် သာမန်အဆင့်များသာ ဖြစ်ကြသည်။

သူတို့က ဟင်းချက်ခုံ အနားတွင် စုဝေးနေကြ၏။

ချန်းချောင်က သူ့ရှေ့မှ ပါဝင်ပစ္စည်းများကို စိုက်ကြည့်ကာ လေးလေးနက်နက် တွေးတောနေမိသည်။

“ဒါတွေနဲ့ ဘာချက်စားရင်ကောင်းမလဲ”

သူချက်ပြုတ်နိုင်တဲ့ အကောင်းဆုံးအရာမှာ ခေါက်ဆွဲပြုတ် ဖြစ်သည်။

ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြု၍ ခေါက်ဆွဲခြောက်ကို အရသာအမျိုးမျိုး ဖန်တီးနိုင်သေး၏။

ယင်းမှာ အသင့်စား ခေါက်ဆွဲခြောက် လုပ်စားခြင်း၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။

သို့သော် ဤနေရာတွင် အသုံးမဝင်ပေ။

“အိမ်မှာ အမေ ဟင်းချက်တဲ့အခါတော့ ကူညီဖူးတယ်.. ဟင်းချက်ရတာ နည်းနည်းတော့ ခက်တယ်”

မြေပဲလေးက မျက်မှောင်ကြုတ်ပြီး သူ့ဘေးနားမှ ကော်ဟောက်ကို ကြည့်လိုက်သည်။

"မင်း ဟင်းချက်နည်းတွေ သိတယ် မဟုတ်လား''

ကော်ဟောက်လည်း ကူကယ်ရာမဲ့ဖြစ်နေသည်။

“ငါချက်ပြုတ်တာက စိတ်ဝိညာဥ်သားရဲတွေ အတွက်ပါ.. လူတွေ စားလို့မရဘူး”

"ဝမ်လင်းရော ချက်တတ်မယ်လို့ထင်လား"

"ဝမ်လင်းလား မေ့ထားလိုက်ပါ.. ဒီကောင်က ဟင်းချက်တတ်ပုံမရဘူး...သူ့လက်ကိုပဲ ကြည့်လေ.. မိန်းကလေးလို ဖြူစင်ပြီး နူးညံ့နေတာပဲ”

ဝမ်လင်း “…..........”

"ကောင်းပြီလေ ဒါဆို ငါတို့ ဝမ်လင်းကို တစ်ယောက်ထဲ ချန်ထားရမယ်"

ဝမ်လင်း "???"

"ပါဝင်ပစ္စည်းကို အရင်ဆုံး ဆန်းစစ်ကြည့်ရအောင်"

မြေပဲလေးက ပြောလိုက်သည်။

“အင်း… အခု ငါတို့ ချက်ပြုတ်မဲ့ စိတ်ဝိညာဉ်အပင်ကို လေတိုက်ပွဲမြက်လို့ ခေါ်တယ်.. ဒီမြက်ပင်က မုန်တိုင်းတစ်ခုအတွင်း အဆသုံးရာအထိ ကြီးထွားနိုင်တယ်လို့ ဆရာက ပြောခဲ့ဖူးတယ်.. အခန်းအပူချိန်မှာ အဆိပ်သင့်တတ်တဲ့ အတွက် အပူချိန်မြင့်မြင့်နဲ့ ချက်ပြုတ်ရမယ်”

“ဟုတ်တယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ဤလေတိုက်ပွဲမြက်သည် မဟာတိုက်ပွဲဝင်ချီ ခေတ် ကုန်ဆုံးပြီးနောက်တွင် တိုက်ပွဲဝင်ချီ၏ သဲလွန်စ ပမာဏကို ဖမ်းယူနိုင်သည့် တစ်ခုတည်းသော စိတ်ဝိညာဉ်အပင် ဖြစ်သည်။

၎င်းကို မြင့်မားသောအပူချိန်တွင် ချက်ပြုတ်ရ၏။

ထိုအချိန်က လေတိုက်ပွဲမြက်သည် တိုက်ပွဲခွန်အား ဆေးဝါး ပြုလုပ်ရန်အတွက် အရေးပါသော ပါဝင်ပစ္စည်းဖြစ်ပြီး တိုက်ပွဲဝင်ချီကို ပြန်လည်တည်ဆောက်ရာတွင် အထူး အသုံးပြုခဲ့သည်။

"အဲဒီတုန်းကဆိုရင် မင်းမှာ တိုက်ပွဲဝင်ချီ အလုံအလောက်ရှိတာနဲ့ နယ်ပယ်အဆင့်တစ်ခုကို ရောက်ရင် မင်းရဲ့တိုက်ပွဲဝင်ချီကို အတောင်ပံတွေ အဖြစ်တောင် ပြောင်းလဲပစ်နိုင်တယ်"

“ဟုတ်တယ်”

ကော်ဟောက်က ခေါင်းညိတ်လိုက်သည်။

"အတောင်တွေအဖြစ် ပြောင်းလဲနိုင်ရုံသာမက မြင်းတစ်ကောင် အဖြစ်လည်း ပြောင်းလဲနိုင်တယ်"

“ဒါဆို ဟင်းအမည်ပေးရအောင်.. ဟင်းပွဲကို 'မြင်း'လို့ အမည်ပေးရင် ဘယ်လိုလဲ"

“…..........”

All Chapters