အရေးပါသော အသားကပ်ဝတ်စုံ
Vol. 52 Ch. 771
အခြားတစ်ဖက်တွင်လည်း ဝမ်မင်က သားရဲဘုရင်၏ ဂိမ်းကို ပြီးဆုံးအောင် ကူညီရန်အတွက် စစ်စင်ရေးကို စတင်နေပြီဖြစ်သည်။
ဂိမ်း၏ ဇာတ်လမ်းများက ရှုပ်ထွေးသော နည်းလမ်းများစွာဖြင့် ခွဲထွက်သွားသည်။
ရှင်းလင်းစွာဆိုရလျှင် ရွေးချယ်မှု တစ်ခုစီသည် ဇာတ်ကွက်ဖြစ်ပေါ်လာပုံ အပေါ် သက်ရောက်မှုရှိစေမည် ဖြစ်သည်။
ဂိမ်းကို အဓိကဇာတ်ကောင် ၃ဦး၏ ဇာတ်လမ်းများကို အခြေခံ၍ ဂိမ်းကို ဖန်တီးထား၏။
ကစားသမားအတွက် ရွေးချယ်စရာ ဇာတ်ကောင်၃ခု ရှိပြီး ကော်နာသည် အဓိက ဇာတ်ကောင်များထဲမှ တစ်ခုဖြစ်သည်။
“အရာရာက ငွေရောင်လေး မှန်းဆထားတဲ့ အတိုင်းပါပဲလား.. သားရဲဘုရင်ကြီးက ဆိုးရွားတဲ့ ဦးတည်ချက်ကို ပြောင်းသွားစေဖို့အတွက် ထူးဆန်းတဲ့အဖြေတွေကို တမင်တကာ ရွေးချယ်ခဲ့တယ်.. သူက ဂိမ်းမှာအနိုင်ရဖို့အတွက် ဘယ်တုန်းကမှ မကြံစည်ခဲ့တာ သေချာတယ်”
ပထမဇာတ်လမ်းကို ဖြတ်ကျော်ပြီးနောက်တွင် ကျိုးရီက သက်ပြင်းတစ်ချက် ချလိုက်သည်။
သားရဲဘုရင်၏ ဂိမ်းကို ပြီးဆုံးအောင်ကူညီရာတွင် ပုံမှန်နည်းလမ်းကို အသုံးပြု၍ မရသည်မှာ ထင်ရှားနေသည်။
ဒုတိယဇာတ်လမ်းမှာ အိမ်ထိန်းစက်ရုပ် ကာရာ၊ သူမ၏ ပိုင်ရှင်တက်ဒ်နှင့် သမီးငယ်လေး အဲလစ်တို့ ဖြစ်သည်။
ဇာတ်ကြောင်းကိုပြောပြရလျှင် စမတ်စက်ရုပ်များ ပေါ်ပေါက်လာပြီးနောက်တွင် တက်ဒ်က အလုပ်ပြုတ်သွားခဲ့ပြီး သူ့မိန်းမက သူ့ကို ပစ်သွားခဲ့သည်။
နောက်ပိုင်းတွင် တက်ဒ်သည် အရက်သမား ဖြစ်လာပြီး မူးယစ်ဆေးများကိုပင် စတင် သုံးစွဲတတ်လာသည်။
ဇာတ်လမ်းအစတွင် တက်ဒ်သည် အိမ်ထိန်းစက်ရုပ် ကာရာကို စတိုးဆိုင်တွင် သွားရောက်ဝယ်ယူခဲ့သည်။
“ဒီဇာတ်လမ်းကို ဘယ်လို ဖြေရှင်းမှာလဲ.. ဝတ်စုံကိုရော လဲရဦးမှာလား”
'ဖက်တီးလော'က မေးလိုက်သည်။
ထိုစကားကြောင့် ငွေရောင်လေးက ကပျာကယာ ပြောလိုက်သည်။
“လဲစရာမလိုဘူး. အဆင်ပြေပါတယ်”
အစောပိုင်းတွင် ဖက်တီးလော၏ ဝတ်စားဆင်ယင်ပုံသည် သူ့ကို အလွန်ထိတ်လန့်စေခဲ့သည်။
၎င်းက ကျော်ကျော်နန္ဒ အတွင်းခံ ဝတ်ထားသည့်ပုံ ထက်ပင် ပို၍ မျက်လုံးကို ထိခိုက်စေသည်။
အနည်းဆုံးတော့ အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ကျော်ကျော်နန္ဒသည် တူမလေးမျက်နှာဖြင့် အကြည့်ခံနေဆဲ ဖြစ်သည်။
ပရိသတ်များ၏ အဆင့်သတ်မှတ်ချက်အရ ကျော်ကျော်နန္ဒသည် အမျိုးသမီး အဝတ်အစားများ ဝတ်ဆင်ထားသော အချိန်တွင် အမှန်တကယ် အန်ထွက်ချင်စရာ ကောင်းကြောင်း သက်သေပြနိုင်ခဲ့သည်။
“အစောပိုင်းက ငါဇာတ်လမ်းတစ်ခုလုံးကို ဒေါင်းလုဒ် လုပ်ပြီး ခွဲခြမ်းစိတ်ဖြာခဲ့တယ်.. အဓိကအချက်ကို ပြောပြရရင် အိမ်ပိုင်ရှင်တက်ဒ်က မူးယစ်ဆေးဝါးရဲ့ လွှမ်းမိုးမှုကြောင့် သူ့သမီးအဲလစ်ကို စတင်ရိုက်နှက်တော့မှာ ဖြစ်တယ်.. အိမ်တွင်းစက်ရုပ်ကာရာက တက်ဒ်ရဲ့ သမီးအဲလစ်ကို အခိုင်အမာကာကွယ်ဖို့အတွက် တက်ဒ်ရဲ့အမိန့်ကို ချိုးဖောက်မှာဖြစ်တယ်.. နောက်ဆုံးတော့ အိမ်ထိန်းစက်ရုပ် ကာရာက တက်ဒ်ကို ပုန်ကန်ပြီး အဲလစ်ကို တက်ဒ်ရဲ့ရန်ကနေ လွတ်အောင် သူမနဲ့အတူ ခေါ်ဆောင်သွားခဲ့တယ်.. ဇာတ်လမ်းရဲ့ သော့ချက်အရ သူတို့နှစ်ယောက်လုံးက အသက်ရှင်လျက် ထွက်သွားရမှာ ဖြစ်တယ်.. တစ်ချိန်တည်းမှာပဲ တက်ဒ်ကို ပုန်ကန်ရင်းနဲ့ မသတ်မိအောင်လည်း သတိထားရမယ်.. မဟုတ်ရင်တော့ ဇာတ်လမ်းဇာတ်ကွက်က လူအများရဲ့ ထင်မြင်ယူဆချက်တွေကို ကျဆင်းသွားစေမှာ ဖြစ်တယ်.. ဒါဆိုရင်တော့ နောက်ဆုံးရလဒ်က ကောင်းမှာ မဟုတ်တော့ဘူး”
“ဒါဆိုငါတို့ဘယ်လိုလုပ်သင့်လဲ”
ငွေရောင်လေးက မေးလိုက်သည်။
“ဒါက လွယ်ပါတယ်”
ဝမ်မင်က ပြန်ပြောလိုက်သည်။
“အိမ်ထိန်းစက်ရုပ်ကာရာက အိမ်တွင်း အကြမ်းဖက်မှုကိုပုန်ကန်တဲ့အခါ တက်ဒ်ကို သတ်ချင်ရင် လက်နက်ကိုစိတ်ကြိုက် ရွေးချယ်နိုင်တယ်”
ငွေရောင်လေး “တကယ်လို့ စက်ရုပ်ကာရာက ဘုရင်ကြီးသာဆိုရင် တစ်ခါတည်း အသေသတ်နိုင်တဲ့ လက်နက်ကို သေချာပေါက်ရွေးချယ်မှာ အမှန်ပဲ”
ငွေရောင်လေး၏ စကားကိုကြားလျှင် ဝမ်မင်က ရယ်မောလိုက်သည်။
“ဒါကြောင့် ဒီဇာတ်လမ်းမှာပါတဲ့ လက်နက်ကို မသေစေတဲ့အရာနဲ့ ငါအစားထိုးလိုက်ပြီ.. အတိုချုံးပြောရရင် ဒီဇာတ်လမ်းရဲ့ NPCက တက်ဒ်ကို သတ်ဖို့ ထောင်ချောက်ဆင်ထားပေမဲ့ ကာရာက တက်ဒ်ကို မသတ်ဘဲ ကလေးမလေးနဲ့ ထွက်ပြေးနေသရွေ့ ဒီဇာတ်လမ်းက ပျော်စရာဇာတ်သိမ်းကို ရောက်ရှိလာမှာပဲ”
“ဒါနဲ့ မင်းပြောင်းလဲထားတဲ့ လက်နက်က ဘာလက်နက်လဲ”
“၇ရက်ကြာအချစ်ကို မပြိုကွဲအောင် ထိန်းသိမ်းခြင်းလက်နက်ပဲ”
“ဒါက…”
“ဒီလက်နက်က လူတစ်ယောက်ကို ထောင်ချောက်ဆင်ရာမှာ အသုံးပြုနိုင်တဲ့ မှော်ရတနာတစ်ခုပဲ”
ဝမ်မင်က သားရဲဘုရင်ကြီးကို ဂိမ်းလောကထဲကိုခိုးဝင်ရန် သူ၏ ကျွမ်းကျင်မှုကို အားကိုးခဲ့ရသည်။
ထို့ကြောင့် သားရဲဘုရင်က သူတို့၏ စိမ့်ဝင်မှုကို သတိမပြုမိခဲ့ပေ။
သို့သော်လည်း ဇာတ်လမ်းက ထူးထူးခြားခြား ပြောင်းလဲသွားသောကြောင့် ငွေရောင်လေးက အဆုံးသတ်တွင် သားရဲဘုရင်ကြီး သတိပြုမိသွားမည်ကို အလွန် စိုးရိမ်နေခဲ့သည်။
သားရဲဘုရင်ကြီးက ဤပြောင်းလဲမှုများသည် ဂိမ်း၏ နောက်ဆုံးထွက် အပ်ဒိတ်နှင့် ဆက်စပ်နေသည်ဟု ထင်ခဲ့သော်လည်း ဇာတ်ကွက် ပိုမိုဖွံ့ဖြိုးလာသည်နှင့် အမျှ ယုတ္တိမတန်ဟု ခံစားလိုက်ရသည်။
ပုံမှန်အားဖြင့် ဇာတ်လမ်းဇာတ်ကွက်က ဤသို့ ပေါက်ကရ ဖြစ်စရာ နည်းလမ်းမရှိပေ။
ထို့ကြောင့် သားရဲဘုရင်က နောက်ဆုံးတွင် ဂိမ်းဇာတ်လမ်း၌ ပြဿနာတစ်ခု ရှိနေကြောင်း သတိပြုမိခဲ့သည်။
သူက နောက်ထပ်မစ်ရှင်ကို အစပျိုးရမည့်အစား လေထဲသို့စိုက်ကြည့်ရန် တမင်တကာ ရွေးချယ်ခဲ့သည်။
သားရဲဘုရင်၏ ခွန်အားအရ ဝမ်မင်နှင့်အခြားသူများ ဘယ်မှာရှိနေသည်ကို ချက်ချင်းနီးပါး သိရှိခဲ့၏။
“ငါ့အနားမှာ မင်းတို့တွေရှိနေတာ ငါသိတယ်.. ဒီကိုရောက်နေပြီဆိုမှတော့ ပုန်းကွယ်မနေနဲ့ ထွက်လာလိုက်တော့”
သားရဲဘုရင်၏ အသံက ခပ်တိုးတိုးဖြစ်သော်လည်း ဝမ်မင်နှင့်အခြားသူများ အပေါ်တွင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာဖိအားများကို သယ်ဆောင်လာခဲ့သည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ”
ငွေရောင်လေးက တအံ့တဩ ရေရွတ်လိုက်သည်။
“အဲလောက်ကြီးလည်း မဟုတ်ပါဘူး”
ထိုစကားကို ပြောလိုက်သူမှာ သူတို့ထဲတွင် အားအနည်းဆုံးဖြစ်သည့် ကျိုးရီ ဖြစ်သည်။
“မင်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်အဆင့်လေးနဲ့ ဘာမှမဖြစ်ဘူးလား”
“ဒါက ကျင့်ကြံခြင်းနယ်ပယ်နဲ့ ဘာမှမဆိုင်ဘူး”
ကျိုးရီက ခေါင်းခါယမ်းလိုက်သည်။
“ငါက အသားကပ်ဘောင်းဘီရှည်ကို ဝတ်ထားတယ်လေ”
ထိုအခါမှ လူတိုင်းက သဘောပေါက်သွားကြပြီး မျက်နှာပေါ်တွင် အံ့ဩသည့် အမူအရာများ ဖြစ်ပေါ်လာသည်။
ဝမ်မင်က လေးနက်စွာ သက်ပြင်းချလိုက်သည်။
ကျိုးရီက သူ့ညီလေး၏ တပည့်တစ်ယောက် အနေဖြင့် သူ့ဆရာအပေါ် အမှန်တကယ် ချစ်မြတ်နိုးသည်ဟုပင် ဆိုရမည်။
သူက အသားကပ်ဘောင်းဘီရှည်ကို တစ်ချိန်လုံး ဝတ်ဆင်ထားခဲ့သည်။
ထို့ကြောင့် ဤဖြစ်ရပ်က ဝမ်မင်ကို အသားကပ်ဘောင်းဘီရှည်ဝတ်ရန် သင်ခန်းစာ ကောင်းစွာပေးခဲ့သည်။
နောက်တစ်ကြိမ် အပျော်ခရီးထွက်လျှင် အန္တရာယ်ကြုံသည့်အခါ၌ စိုးရိမ်စရာ မရှိစေရန် အသားကပ်ဘောင်းဘီရှည် ဝတ်ထားလျှင် ပိုမိုစိတ်ချရသည်ဟု ဝမ်မင် ခံစားခဲ့ရသည်။
သားရဲဘုရင်ကြီးက သူတို့ကို အာရုံရနေပြီဖြစ်၍ ဝမ်မင်နှင့်အခြားသူများက ဆက်လက် ပုန်းအောင်းရန် အစီအစဉ်မရှိတော့ဘဲ သူတို့ကိုယ်သူတို့ တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
ထိုအချိန်မှာပင် တိုင်ဖုန်း မုန်တိုင်း အရှိန်ပြင်းစွာ တိုက်ခက်လာသကဲ့သို့ ၎င်းတို့အပေါ်၌ ကြီးမားသော စိတ်ပိုင်းဆိုင်ရာဖိအားများ ကျရောက်လာခဲ့သည်။
ထိုဖိအားများက လူတိုင်း၏ပုခုံးပေါ်သို့ ကျရောက်လာသဖြင့် သူတို့က မျက်ခွံများကို ဖွင့်ရန်ပင် မနည်းရုန်းကန်နေရသည်။
သို့သော် ကျိုးရီက ရှေ့ဆုံးသို့ လှမ်းတက်လာခဲ့ရာ ဖိအားများက ချက်ချင်းဆိုသလို သက်သာသွားခဲ့သည်။
သားရဲဘုရင်က ကျိုးရီကို တအံ့တဩ စိုက်ကြည့်လိုက်သည်။
လူငယ်လေးက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်သည်မှာ ထင်ရှားသော်လည်း ဂိမ်းကမ္ဘာထဲတွင် သူ၏ စိတ်ပိုင်းဆိုင်ရာဖိအားကို ခံနိုင်ရည်ရှိနေပါသလော။
“မဖြစ်နိုင်ဘူး.. ဒါက လူငယ်လေးရဲ့ ကိုယ်ပိုင်ခွန်အား မဟုတ်ဘူး”
သားရဲဘုရင်က တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားလိုက်ရသည်။
နောက်ထပ် အခိုက်အတန့်မှာပင် သူ့မျက်လုံးများက ရွှေရောင်ပြောင်းသွားခဲ့သည်။
“သူတော်စင်ဘုရင်မျက်လုံးပါလား”
ဤသည်မှာ ငွေရောင်လေးအနေဖြင့် ဘုရင်ကြီး၏ သူတော်စင်ဘုရင် မျက်လုံးကို ဒုတိယအကြိမ်မြောက် တွေ့ဖူးခြင်းဖြစ်သည်။
ပထမဆုံး မြင်ဖူးသည့်အချိန်မှာ ရာစုနှစ်တိုင်းတွင် တစ်ကြိမ်သာကျင်းပသည့် သူတော်စင်သားရဲ ပွဲတော်အတွင်း ဖြစ်သည်။
ထိုအချိန်က သူသည် ကလေးတစ်ယောက်အရွယ်သာ ရှိသေးသည်။
“သခင်လေး.. သတိထား”
ငွေရောင်လေးက ကျိုးရီကို သတိပေးခဲ့သည်။
သို့သော် နောက်တစ်ခဏမှာပင် သားရဲဘုရင်ကြီး၏ လက်သည် ကျိုးရီ၏ ခန္ဓာကိုယ်အနီးသို့ ရောက်ရှိလာနေပြီဖြစ်သည်။
သားရဲဘုရင်ကြီးက သူ့လက်ကို ဆန့်ထုတ်ကာ ကျိုးရီ၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် အသားကပ်ဝတ်စုံကို တစစီ ဆွဲဖြဲရန် ဆုံးဖြတ်လိုက်သည်။