← Chapters

ကောင်းကင်တာအိုရတနာသေတ္တာ

Vol. 52 Ch. 772

ကောင်းကင်တာအိုရတနာသေတ္တာ

Vol. 52 Ch. 772

သားရဲဘုရင်၏ လက်ဝါးရိုက်ချက်က မည်မျှ ပြင်းထန်သည်မှာ သံသယဝင်ရန်ပင် မလိုချေ။

ကျိုးရီက လက်ဝါးရိုက်ချက်၏ အားကောင်းသော ဖိအားကို ခံနိုင်ရည်ရှိရန် ရုန်းကန်နေရင်း ရှေ့ဆုံးတွင် မားမားမတ်မတ် ရပ်နေခဲ့သည်။

ရလဒ်ကထင်ထားသည့်အတိုင်းပင် အံ့ဩစရာမရှိခဲ့ပေ။

သားရဲဘုရင်ကြီး၏ လက်ဝါးရိုက်ချက်က ကျိုးရီ၏ ခန္ဓာကိုယ်အနီး ချဉ်းကပ်လာသည်နှင့်အမျှ အသားကပ်ဝတ်စုံက ရွှေရောင်တဖျပ်ဖျပ် လက်လာပြီး လက်ဝါးရိုက်ချက်ကို တုံ့ပြန်လိုက်သည်။

ထိုခဏတွင် သားရဲဘုရင်ကြီးက မျက်မှောင်ကြုတ်သွားပြီး သူ၏ လက်ဝါးကို စိုက်ကြည့်လိုက်သည်။

ရွှေရောင်အလင်းတန်းက သူ့လက်ဝါးကို ပရုပ်ဆီ လိမ်းကျံထားသည့် ခံစားမှုမျိုး ပေးစွမ်းခဲ့သည်။

ဆိုရလျှင် ဤရွှေရောင်အလင်းတန်းသည် အနားသို့ ကပ်မလာစေရန်အတွက် သူ့ကို သတိပေးလိုက်ခြင်းသာ ဖြစ်၏။

“လုံးဝမမှားနိုင်ဘူး.. ဒါက ကောင်းကင်တာအိုရဲ့ အော်ရာပဲ”

သားရဲဘုရင်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် သူက‌ နောက်ထပ် မလှုပ်ရှားတော့ဘဲ ကျိုးရီကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

“မင်းတို့က ဘယ်သူတွေလဲ”

ထိုစကားကို ပြောပြီးနောက် တစ်ချိန်တည်းမှာပင် လူအုပ်ထဲ၌ ငွေရောင်လေးကို သတိထားမိသွားခဲ့သည်။

ငွေရောင်လေးက လူသားအသွင်ရှိနေဆဲ ဖြစ်သော်လည်း သားရဲဘုရင်က ငွေရောင်လေး ကိုယ်ပေါ်ရှိ သူတော်စင်သားရဲသွေးရနံ့ကို အနံ့ခံနိုင်ခဲ့သည်။

“တကယ်ပဲ သူတော်စင်သားရဲ တစ်ကောင် ရှိနေသေးတာလား”

သားရဲဘုရင်ကြီး၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသော အမူအရာများ ဖြစ်ပေါ်လာသည်။

ယင်းက ဝမ်းနည်းခြင်းလား ပျော်ရွှင်ခြင်းလား တပ်အပ်မပြောနိုင်ပေ။

“ဘုရင်ကြီး ဂိမ်းကစားတာကို အနှောင့်အယှက် ပေးရတဲ့အတွက် တောင်းပန်ပါတယ်.. ဒါပေမဲ့ ဒီကိုလာရတဲ့ အကြောင်းအရင်းက ဘုရင်ကြီးနဲ့ ပြောစရာရှိလို့ပါ”

ဝမ်မင်က ပြောလိုက်သည်။

“ငါ့အတွက်တော့ ဘာမှပြောစရာမရှိဘူး.. တခြားဘာမှ ပြောစရာမရှိဘူးဆိုရင် ငါ့ကို တစ်ယောက်တည်း ထားခဲ့လိုက်တော့.. ငါကစားနေတဲ့ အချိန်မှာ ထပ်ပြီး အနှောင့်အယှက်မပေးနဲ့”

သားရဲဘုရင်ကြီးက ခပ်ပြတ်ပြတ်ပင် ငြင်းဆန်လိုက်သည်။

“ဘုရင်ကြီးကို ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေပုံပဲ”

ဝမ်မင်က စကားကို ဆက်ပြောလိုက်သည်။

ထိုစကားကြောင့် သားရဲဘုရင်ကြီးက ဝမ်မင်ဘက်သို့ လှည့်လိုက်ပြီး မျက်ခွံများကို ပင့်တင်ကာ စိတ်ဝင်တစား ကြည့်လိုက်သည်။

ဤလူငယ်က ဝိညာဉ်စွမ်းအား အနည်းငယ်မျှပင် မရှိသော သာမန်လူမျှသာ ဖြစ်သော်လည်း သူ၏စိတ်ထဲမှ အတွေးများကို တိကျစွာ ခန့်မှန်းနိုင်ခဲ့သည် မဟုတ်ပါလော။

“စိတ်ဖတ်တတ်တာလား”

သားရဲဘုရင်က သံသယဝင်သော လေသံဖြင့် မေးလိုက်သည်။

ဝမ်မင်ကပြုံး၍ ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်”

သို့ရာတွင် သူ့စိတ်ထဲ၌ ဤအရာက အဓိပ္ပါယ်မရှိဟု တွေးနေခဲ့သည်။

သားရဲဘုရင်၏ ဂိမ်းကမ္ဘာကိုစိမ့်ဝင်ခြင်းသည် အသိစိတ်ကိုလွှမ်းမိုးခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့် ဝမ်မင်သည် သားရဲဘုရင်ကြီး၏ မှတ်ဉာဏ်တချို့ကို စူးစမ်းရှာဖွေနိုင်ခဲ့သည်။

သူတော်စင်သားရဲများ သုတ်သင်ရှင်းလင်းခြင်းခံရပြီးနောက်တွင် သားရဲဘုရင်သည် အနှစ်တစ်ထောင်ကြာအောင် ဆိတ်ကွယ်ရာအရပ်၌ ဇာတ်မြှုပ်၍ နေထိုင်ခဲ့သည်။

ထို့ကြောင့် ပြင်ပကမ္ဘာရှိ လူသားများက ကျင့်ကြံခြင်းနှင့်သိပ္ပံပညာကို ပေါင်းစပ်ရောနှောပြီး အံ့မခန်း အတိုင်းအတာထိ အောင်မြင်နေခဲ့သည်ကို မသိခဲ့ပေ။

သို့သော် ဤကဲသို့ လုပ်ဆောင်နိုင်သည်မှာ ဝမ်မင်ဖြစ်နေသည်ကလည်း တစ်ကြောင်း ဖြစ်သည်။

သာမန်လူသားတစ်ဦးမှ ဖန်တီးထားသော သိပ္ပံနည်းကျကျင့်ကြံခြင်း မှော်ရတနာတစ်ခုသည် ဝမ်မင်၏ လုပ်ဆောင်ချက်နှင့် တူညီသော အကျိုးသက်ရောက်မှုမျိုး ရှိမည်မဟုတ်ပေ။

ဝမ်မင်က သားရဲဘုရင်၏ စိတ်ဝင်စားမှုကို ခံခဲ့ရပြီးနောက်တွင် သားရဲဘုရင်က အနည်းငယ် ပိုစိတ်ရှည်သွားပုံရသည်။

“ကောင်လေး.. မင်းက ဘာသိချင်တာလဲ”

“ဘုရင်ကြီးက ကျွန်တော်တို့ ဘာသိချင်လဲ ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်.. ကျွန်တော်တို့ လူစုထဲမှာ သက်ရှိထင်ရှားရှိနေတဲ့ သူတော်စင်သားရဲ တစ်ကောင်ရှိနေတယ်ဆိုတာကို ဘုရင်ကြီးသိနေမယ် ထင်ပါတယ်.. သူနဲ့ပတ်သက်ပြီး ဘုရင်ကြီး ဘာမှမပြောချင်တော့ဘူးလား”

“အဲဒီကပ်ဘေးတုန်းက သူတော်စင်သားရဲ တစ်ကောင် အသက်ရှင်လျက် လွတ်သွားလိမ့်မယ်လို့ ငါအမှန်တကယ် မသိခဲ့ဘူး.. ငွေရောင်ယူနီကွန်း မျိုးနွယ်စုက နောက်ဆုံးမှာအသတ်ခံထိတာကိုတော့ ငါအမှတ်ရမိတယ်.. ဘာပဲဖြစ်ဖြစ် မျိုးဆက်ကျန်ခဲ့တာကြောင့် ငွေရောင်ယူနီကွန်းမျိုးနွယ်စုရဲ့ သင်္ချိုင်းမှာ နှစ်စဉ် အမွှေးတိုင် ပူဇော်ဖို့အတွက် တစ်စုံတစ်ယောက်ရှိသွားတာပေါ့”

ငွေရောင်လေး “……….”

ထိုစကားကိုပြောရင်း ထိုအချိန်က အဖြစ်အပျက်များကို ပြန်တွေးမိကာ သားရဲဘုရင်ကြီး၏ အမူအရာက အနည်းငယ်နာကျင်သွားပုံရသည်။

“မင်းတို့တွေက သူတော်စင်သားရဲတွေ အဲဒီအချိန်က ဘာကြောင့်ပျက်စီးခဲ့ရလဲဆိုတာ မေးချင်နေတာမဟုတ်လား.. ဒါပေမဲ့ တစ်စုံတစ်ယောက်က ကြိုသတိပေးထားရင်တောင် ဒီကပ်ဘေးကြီးကို ရပ်တန့်ဖို့ နည်းလမ်းမရှိဘူး.. အဆုံးသတ်မှာတေ့ာ ငါတို့ သူတော်စင်သားရဲတွေက ဒီကပ်ဆိုးကြီးနဲ့ ရင်ဆိုင်ရပြီး ဒီကပ်ဆိုးကြီးနဲ့ပဲ အဆုံးသတ်သွားခဲ့ရတယ်”

သူ၏စကားကိုကြားလျှင် ကျိုးရီတို့ အားလုံးက အတွေးကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ကြသည်။

ပြင်ပကမ္ဘာတွင် သူတော်စင်သားရဲ၏ သွေးနှင့်နှလုံးက ကောင်းကင်တာအို၏ စွမ်းအားကို နားလည်သဘောပေါက်နိုင်စေသည်ဟု ကောလာဟလ ထွက်ခဲ့သည်။

ထိုကောလာဟလကို ဖြန့်ခဲ့သူမှာ ဥက္ကဌပိုင်ဖြစ်သည်။

ထို့ကြောင်ပင် သူတော်စင်သားရဲများသည် ကျင့်ကြံသူများ၏ အသည်းအသန် အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

ဥက္ကဌပိုင်သည် ၎င်း၏ ကိုယ်ပိုင်ရည်ရွယ်ချက်အရ မငြိမ်မသက်ဖြစ်မှုကို အခွင့်ကောင်းယူကာ အာကာပြင်မှော်ရတနာတစ်ခုဖြစ်သည့် ဝူကျီထီးကို ဖန်တီးခဲ့သည်။

သားရဲဘုရင်၏ လေသံအရ သူတော်စင်သားရဲ မျိုးနွယ်စု သုတ်သင်ခံရမည်ကို အချိန်ကြာမြင့်စွာကတည်းကပင် ကြိုသိထားခဲ့ပုံရသည်။

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ရပ်တန့်ရန်အတွက် သူဘာမှမလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် အပြစ်မကင်းသလို ခံစားရ၍ ဂိမ်းထဲတွင် ကိုယ်သူ ပိတ်လှောင်ထားလိုက်ပုံရသည်။

ဤအကြောင်းကို ချင်လန်က အနည်းငယ်မျှသာ သိသည်ဟု ဝမ်မင် တွေးမိခဲ့သည်။

သားရဲဘုရင်က လက်တွေ့ဘဝမှ လွတ်မြောက်ရန်အတွက် အခြားအကြောင်းအရင်းတစ်ခုကြောင့် ဂိမ်းအတွင်း၌ သူ့ကိုယ်သူပိတ်လှောင်ထားခဲ့ပုံရသည်။

“ငါတို့က ကံကြမ္မာကို ပြင်လို့်မရဘူး.. ကောင်းကင်တာအိုကို အံတုဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”

သားရဲဘုရင်ကအချိန်အတော်ကြာပြီးနောက်မှ သက်ပြင်းရှည်ချလိုက်သည်။

“ဘုရင်ကြီးက အချိန်ရှိသရွေ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ယောက်တည်း ကြိုးစားနေခဲ့တယ်.. အဲဒီ ဝန်ထုပ်ဝန်ပိုးကို ကျွန်တော်တို့ဆီ ခွဲဝေပေးလိုက်ရင် ဘုရင်ကြီးအနေနဲ့ စိတ်လက်ပေါ့ပါးသွားမယ်လို့ မထင်ဘူးလား”

ဝမ်မင်က နှစ်သိမ့်လိုက်သည်။

“ကံကြမ္မာကို မင်းမတိုက်နိုင်ဘူး.. ကောင်းကင်တာအိုကို အံတုဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး”

ဝမ်လင်းက ကောင်းကင်တာအို အကြောင်းကို ဝမ်မင်အားပြောပြခဲ့ဖူးသည်။

ထို့ကြောင့် သူက ကောင်းကင်တာအိုကို အမှန်တကယ် မကြုံဖူးသော်လည်း ထိုအကြောင်းနှင့် ပတ်သက်လျှင် ကျင့်ကြံသူများထက် အားမနည်းပေ။

ဆိုရလျှင် ကောင်းကင်တာအိုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ အမှန်ဖြစ်သည်။

သို့သော်သူ့တွင် ကောင်းကင်တာအိုထက် ပို၍ ကြောက်ရွံ့ဖို့ကောင်းသည့် ဝမ်လင်းရှိနေခဲ့သည်။

သားရဲဘုရင်ကြီးက ဝမ်မင်ကို ငုံ့ကြည့်ပြီးနောက်တွင် သူ၏ သူတော်စင်ဘုရင်မျက်လုံးကို ကောင်းကင်ပေါ်သို့ မျှော်ကြည့်လိုက်သည်။

အက်ကွဲကြောင်းတစ်ခုက ကောင်းကင်ယံ တစ်နေရာမှထွက်ပေါ်လာပြီး ထိုအက်ကွဲကြောင်းကနေ ရောင်စုံဖန် သေတ္တာငယ်လေးတစ်လုံးက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ဒါက…”

ဝမ်မင် မျက်မှောင်ကြုတ်လိုက်သည်။

ဤသေတ္တာက အလွန်ပင် အန္တရာယ်များသည်ဟု ဝမ်လင်း1က သူ့ကို အသိပေးနေခဲ့သည်။

“ဒါက ကောင်းကင်တာအို ရတနာသေတ္တာပဲ”

သားရဲဘုရင် “ဒီသေတ္တာကို ပေးခဲ့တဲ့ စီနီယာ တန်ခိုးရှင်က သူတော်စင်သားရဲတွေ မလွဲမသွေ မျိုးတုန်းတော့မှာဖြစ်တယ်လို့ ပြောခဲ့တဲ့သူပဲ”

“ဒါဆိုဘုရင်ကြီးကို တစ်စုံတစ်ယောက်က လာရှာခဲ့တာပေါ့”

“ဟုတ်တယ်”

သားရဲဘုရင်က ခေါင်းညိတ်လိုက်သည်။

“အဲဒီစီနီယာက အရမ်း သန်မာတယ်.. သူ့ရဲ့စွမ်းအားက လုံးဝကွဲပြားတဲ့ အတိုင်းအတာမှာရှိတယ်”

ထိုစကားကြောင့် ကျိုးရီတို့ လူတစ်စုက မှင်တက်သွားကြသည်။

“တူညီတဲ့ အတိုင်းအတာတောင် မဟုတ်ဘူးလား”

ပြင်ပကမ္ဘာတွင် အပြင်းထန်ဆုံး ကျင့်ကြံခြင်း နယ်ပယ်အဆင့်မှာ အဆင့်၉ ပကတိအင်မော်တယ်အဆင့် ဖြစ်သည်။

ထိုအထက်တွင် အင်မော်တယ်အရှင်မြတ်အဆင့် ရှိ၏။

သားရဲဘုရင်၏ခွန်အားသည် အင်မော်တယ်အရှင်မြတ်အဆင့်နှင့် တန်းတူဖြစ်သည်။

သားရဲဘုရင်ကို ကောင်းကင်တာအိုရတနာသေတ္တာပေးခဲ့သူက သားရဲဘုရင်ထက်ပို၍အစွမ်းထက်သော အဆင့်တွင်ရှိနေသည်ဆိုလျှင် မည်သည့်ကျင့်ကြံခြင်းနယ်ပယ်အဆင့်တွင်ရှိနေပါသနည်း။

ထိုခဏတွင် ဝမ်မင်တို့အဖွဲ့၏ တုံ့ပြန်မှုများကိုကြည့်ကာ သားရဲဘုရင်က အနည်းငယ် မှင်တက်သွားခဲ့သည်။

ဤလူစုက ခွန်အားအရ ပုရွက်ဆိတ်မျှသာဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်းသိသည်။

သို့ဆိုလျှင် သူ၏စကားကို အဘယ်ကြောင့် ၎င်းတို့က လုံးလုံးလျားလျားကြီး စိတ်အနှောင့်အယှက် မဖြစ်ပုံရနေပါသနည်း။

ဆိုရလျှင် ထိုသူသည် အင်မော်တယ် အရှင်မြတ်အဆင့်ထက် သာလွန်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

“ဒီစီနီယာရဲ့စွမ်းအားက ငါနဲ့ မတူညီတဲ့အတိုင်းအတာ ရှိတယ်လို့ ငါပြောတာကို မင်းတို့တွေမကြောက်ဘူးလား”

“ကြောက်တာပေါ့”

ဝမ်မင်နှင့်အခြားသူများက ခေါင်းညိတ်ပြလိုက်သော်လည်း မျက်နှာထက်မှ အမူအရာက တင်းမာနေဆဲဖြစ်သည်။

သူတို့က သားရဲဘုရင်ကြီး၏ စကားကို ရေလိုက်ငါးလိုက် လိုက်နေခြင်းဆိုလည်း မမှားပေ။

“ဘုရင်ကြီးပြောတဲ့အတိုင်း ဆိုရင်တော့.. အဲဒါက တကယ်ကိုထိတ်လန့်စရာပဲ.. ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ”

သားရဲဘုရင် “………..”

အဆုံးသတ်တွင် ဤနေရာရှိ လူတိုင်းသည် ဝမ်လင်း၏ အစွမ်းအစကို ကိုယ်တိုင် မြင်ဖူးသူများ ဖြစ်ကြသည်။

ထို့ကြောင့် သားရဲဘုရင်ကြီးက ထိုစီနီယာကျင့်ကြံသူအကြောင်းကို ပြောသောအခါတွင် သူတို့က တည်ငြိမ်နေကြခြင်းဖြစ်၏။

၎င်းတို့၏ .အပြုအမူကြောင့် သားရဲဘုရင်က အနည်းငယ်နာကျင်သလိုခံစားလိုက်ရသည်။

“အဲဒီတုန်းက သူတော်စင်သားရဲတွေ သေဆုံးသွားခဲ့တယ်ဆိုတဲ့အဖြစ်မှန်ကိုတော့ မလွဲမသွေ ပြောင်းလဲနိုင်တော့မှာ မဟုတ်ဘူး.. ငါလုပ်နိုင်တာက သူတို့ကို အသက်ပြန်ရှင်စေဖို့ပဲ.. စီနီယာက ငါ့ဆီ ဒီကောင်းကင်ရတနာသေတ္တာကို ပေးအပ်ခဲ့တယ်.. ဒီသေတ္တာကို ဖွင့်နိုင်သရွေ့ သူတော်စင်သားရဲမျိုးနွယ်က ပြန်လည်ဦးမော့လာလိမ့်မယ်လို့ ပြောခဲ့သေးတယ်.. ငါ ဒီဂိမ်းထဲမှာ နှစ်အတော်ကြာနေခဲ့တာက ရတနာသေတ္တာကိုသော့ဖွင့်ဖို့အတွက် စကားဝှက်ကို ကြိုးစားရှာဖွေနေလို့ပဲ”

“ခွန်အားသုံးပြီး ချိုးဖျက်လို့ရော မရဘူးလား”

ဝမ်မင်ကမေးလိုက်သည်။

All Chapters