တာအိုဆရာသခင်ဝမ်
Vol. 52 Ch. 774
လူမရောက်ခင် အသံက အရင်ထွက်ပေါ်လာသည်။
ဥက္ကဌပိုင်က ဤမဟာရွှေ့ပြောင်းခြင်းတာအိုနှင့် အလွန်ရင်းနှီးသည်။
သူက လေထဲသို့ တစ်ချက်မျှော်ကြည့်ပြီးနောက်တွင် ခေါင်းငုံ့ထားလိုက်သည်။
အနည်းငယ်မျှပင် မလေးမစား အမူအရာ မထုတ်ပြရဲပေ။
နောက်ထပ် အခိုက်အတန့်မှာပင် အနက်ရောင် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံ၏ အော်ရာက ထိုအမျိုးသား၏ မျက်နှာကို လုံးလုံးလျားလျား ဖုံးကွယ်ထားသည်။
အနီးနားရှိ နည်းပညာရှင်များကလည်း အလွန် ကြောက်လန့်သွားကြပြီး မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်ကြသည်။
သူတို့က ဤစီနီယာ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ခဲ့ကြသော်လည်း သူတို့၏ အမြင်အာရုံသာ မှုန်ဝါးသွားသလို ခံစားလိုက်ရသည်။
ထိုလူက ကောင်းကင်မှဆင်းသက်လာသော်လည်း အမြင့်မြတ်ဆုံးတည်ရှိမှု ကဲ့သို့ မတ်မတ်ရပ်နေခဲ့သည်။
ကောင်းကင်တစ်ခုလုံးက သူ့ကို ခယနေပုံရပြီး သူလှုပ်လိုက်တိုင်းတွင် ကောင်းကင်တာအို၏ စွမ်းအားများနှင့် ပြည့်နှက်နေသည်။
ဥက္ကဌပိုင်က နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားခဲ့သည်။
“ဆရာ ဒီကိုဘယ်လိုရောက်လာတာလဲ”
“ပိုင်ကျဲ.. လူသားဆိုတာ အမှားရှိမှာပဲ.. ဒါက မရည်ရွယ်တဲ့အမှားပဲ.. မင်းပိုပြီးတော့ စိတ်ရှည်သင့်တယ်”
အနက်ရောင် ရှေးဟောင်းဝတ်စုံဝတ်လူက ဥက္ကဌပိုင်ကို ဆုံးမလိုက်သည်။
စကားပြောရင်း သူက ပိုင်ကျယ်ထံ လမ်းလျှောက်လာခဲ့ရာ ပိုင်ကျယ်က ခေါင်းပင် မထောင်ရဲတော့ချေ။
ဥက္ကဌပိုင် “ဆရာပြောတာမှန်ပါတယ်”
ထို့နောက်တွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ဥက္ကဌပိုင်၏ ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။
ထိုလူ၏ အသက်ရှူသံကပင် လူတိုင်း၏ ခန္ဓာကိုယ်ပေါ်၌ ဖိအားများ ရုတ်ခြည်း တက်လာသလို ခံစားရစေသည်။
ညဦးစီးမှူးအဖွဲ့၏ တတိယဥက္ကဌ ဖြစ်သည့် အင်းဆက်တမန်တော် လုံမင်က တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
[ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အော်ရာလဲ]
ဤလူက ဥက္ကဌပိုင်ထက် အဆမတန် သာလွန်နေ၍ အနည်းဆုံး အင်မော်တယ်အရှင်မြတ် အဆင့်တွင် ရှိလောက်သည်။
အလွန်စွမ်းအားကြီးသော ကောင်းကင်တာအို စွမ်းအားကပင် ထိုလူကို မျက်နှာသာပေးထားသလို သူတို့ခံစားခဲ့ရသည်။
ဥက္ကဌပိုင်က ညသရဲဝိညာဉ်အင်ပါယာ၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီး ခေါင်းဆောင်ရာထူးကို ရယူလိုက်သော အခါတွင် တတိယဥက္ကဌ လုံမင်၊ စတုတ္ထ ဥက္ကဌနှင့် ပဉ္စမ ဥက္ကဌတို့သည် ဥက္ကဌပိုင်၏ နောက်ကွယ်မှ နာယက မည်သူ ဖြစ်သည်ကို သိချင်လာခဲ့သည်။
ယခု ဤလူကို သူတို့မျက်စိနှင့် တွေ့မြင်လိုက်ရသောခါ လုံမင်၏ ပါးပြင်မှ ချွေးများ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။
သူ၊ စတုတ္ထဥက္ကဌနှင့် ပဉ္စမဥက္ကဌတို့က ဥက္ကဌပိုင်နှင့်ပေါင်းစည်းခဲ့ခြင်းမှာ ကောင်းမွန်သောအချက် ဖြစ်သည်။
သို့မဟုတ်လျှင် သူတို့သည် လက်ရှိအချိန်တွင် အသက်ရှိတော့မည် မဟုတ်ပေ။
အင်းဆက်တမန်တော်ဖြစ်သည့် လုံမင်သည် အလွန်ခိုင်မာသော ခံယူချက်ရှိသူ ဖြစ်သည်။
သူက အင်းဆက်အမျိုးမျိုး၏ စွမ်းရည်များကို ပေးစွမ်းနိုင်သည့် အင်းဆက်ကျောက်စိမ်း နည်းစနစ်ကို ကျင့်ကြံခဲ့သည်။
အန္တရာယ်ကို အာရုံခံနိုင်စွမ်းတွင် အင်းဆက်ပိုးမွှားများသည် ပင်ကိုအားဖြင့် သာလွန်ကောင်းမွန်သည်။
ထို့ကြောင့် လုံမင်က သူ့ရှေ့မှလူ၏ စွမ်းအားကို အာရုံခံကြည့်ရာ သူ့ကို ပုရွက်ဆိတ်ကဲ့သို့ လက်တစ်ချောင်းတည်းနှင့်ပင် အလွယ်လေး သတ်ပစ်နိုင်သည်ဟု ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့သည်။
ဤလူက နူးညံ့သိမ်မွေ့ပုံ ပေါက်သော်လည်း အမှန်တကယ်တွင် အလွန်အန္တရာယ်ရှိသူ ဖြစ်သည်။
“တာအိုဆရာသခင်.. ဒီတပည့်ကို ဘာများညွှန်ကြားစရာရှိပါသလဲ”
ဥက္ကဌပိုင်က အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို မေးလိုက်သည်။
ထိုစကားကိုကြားလျှင် လုံမင်က ထိတ်လန့်သွားခဲ့သည်။
[တာအိုဆရာသခင်လား]
အဆင့်၉ ပကတိအင်မော်တယ်အထက်တွင် အင်မော်တယ်အရှင်မြတ်အဆင့် ရှိသည်။
တာအိုဆရာသခင်အဆင့်ကို သူယခင်က မကြားဖူးကြောင်း ဝန်ခံရပေမည်။
[ဒီကမ္ဘာမှာ ဒီလိုလူ တကယ်ပဲရှိတာလား]
လုံမင် တစ်ယောက်တည်း သာမက ဌာနချုပ်မှ လူအားလုံးက လုံးဝ တုန်လှုပ်သွားကြသည်။
“လွန်ခဲ့တဲ့ အနှစ်တစ်ထောင် ကတည်းက မင်းအဲဒီသူခိုးနဲ့ တိုက်ခိုက်ရမယ် ဆိုတာ ငါကြိုမြင်ခဲ့တယ်.. ဒါကြောင့် ငါက မင်းကို စည်းပြင်ပ တာအိုစွမ်းအားတွေ လွှဲပေးခဲ့တာပဲ.. ဒါပေမဲ့ အပြစ်မဲ့တဲ့သူတွေကို သတ်ဖို့တော့ မင်းကိုဘယ်တုန်းကမှ မသင်ပေးခဲ့ဘူး.. အခုကစပြီး မင်းရဲ့အပြုအမူကို ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ ငါမျှော်လင့်တယ်.. လက်ရှိ မင်းမှာ စည်းပြင်ပ တာအိုတစ်ခုပဲ ရှိတယ်ဆိုတာ မမေ့လိုက်နဲ့.. ကောင်းကင်တာအိုကသာ မင်းကိုဖျက်ဆီးဖို့ ရည်ရွယ်ထားရင် မိနစ်ပိုင်း အတွင်းမှာပဲ မင်းပျက်စီးသွားလိမ့်မယ်”
ပလ္လင်ပေါ်မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ဥက္ကဌပိုင်ကို စိုက်ကြည့်ရင်း စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
ဥက္ကဌပိုင်က အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ အေးစက်စက် မျက်လုံးများကို ကြည့်ရင်း တစ်ကိုယ်လုံးတုန်လှုပ်သွားခဲ့သည်။
“နားလည်ပါပြီ တာအိုဆရာသခင်”
ဥက္ကဌပိုင်က လုံးဝ တုန့်ပြန်ပြောဆိုရန် မဝံ့ရဲပေ။
သူတို့၏ စွမ်းအားကွာဟချက်က အလွန်ပင် ကြီးမားလှသည် မဟုတ်ပါလော။
“မင်းရဲ့ လှုပ်ရှားမှုတွေ အားလုံး ငါသိပြီးပြီ.. ဒီတစ်ခေါက် လာတာက မင်းကို မေးစရာရှိလို့ပဲ.. မင်းသူနဲ့ တိုက်ခိုက်တာ ဘယ်လိုအခြေအနေရှိလဲ”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
“တာအိုဆရာသခင်.. သူ့အစွမ်းက ဆရာပြောသလိုပဲ.. သူကအတော်လေးခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ.. နောက်ပြီးတိုက်ပွဲအတွင်းမှာ သူက ကောင်းကင်တာအို တစ်ထောင်ထက်မနည်း ထုတ်ဖော်ခဲ့သေးတယ်”
“ကောင်းကင်တာအို တစ်ထောင်ထက်မနည်း..”
အနက်ရောင်ဝတ်စုံဝတ်အမျိုးသားက သွားများကိုအံကြိတ်ကာ ချက်ချင်းပင် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။
“သေချာပါတယ်.. ငါထင်တဲ့အတိုင်း သူပဲဖြစ်ရမယ်.. မင်းဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ”
“ဒီဂျူနီယာက သူ့ကို လက်စားမချေခင်မှာ စည်းပြင်ပ တာအိုရဲ့ စွမ်းအားတွေကို စုဆောင်းချင်ပါတယ်”
ဥက္ကဌပိုင်က စိတ်ထဲရှိသည့်အတိုင်း ပြောကြားလိုက်သည်။
“မှန်တယ်.. မင်းက စည်းပြင်ပတာအို ၆ခုကို မစုဆောင်းနိုင်ရင် သူ့ကို ဘယ်လိုမှယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဂျူနီယာမှာ မေးစရာတစ်ခုရှိတယ် ဆရာသခင်”
ထိုစကားကြောင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ဥက္ကဌပိုင်ကို ကြည့်လိုက်သည်။
“မင်းမေးချင်တာကို ငါသိတယ်.. မင်းမေးချင်တာက ဒီလူက ငါ့ဆီက ဘာတွေခိုးသွားလဲဆိုတာပဲ..ဟုတ်တယ်မလား”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဥက္ကဌပိုင်က ခေါင်းညိတ်လိုက်၏။
“တာအိုဆရာသခင်က ထင်တဲ့အတိုင်းပဲ.. မယုံနိုင်လောက်အောင် အမျှော်အမြင်ရှိတယ်”
“ဒီအချိန်ကို ရောက်မှတော့ မင်းကို ကိစ္စတချို့ ပြောပြလည်း ဘာမှဖြစ်မသွားပါဘူး”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။
"နဂါးငွေ့တန်းဂလက်ဆီရဲ့ အပြင်ဘက်မှာ ကိုးဆကြယ်လို့ ခေါ်တဲ့ နတ်ဘုရားနယ်မြေတစ်ခုရှိတယ်.. အဲဒီနယ်မြေက စင်္ကြာဝဠာရဲ့ အလယ်ဗဟိုချက်မှာရှိတယ်.. အဲဒီက လူတွေက ကောင်းကင်တာအို ၅၀၀ အထိ နားလည်နိုင်ကြတယ်.. ကိုးဆကြယ်မှာ မွေးတဲ့ကလေးတွေဆိုရင် မွေးစကတည်းက အနည်းဆုံး ကောင်းကင်တာအို ၅ခုနဲ့ မွေးဖွားလာကြတယ်”
ထိုစကားကိုကြားလျှင် ဥက္ကဌပိုင်က အံ့အားသင့်သွားသည်။
“အဲဒီလို နေရာမျိုး ရှိနေတယ်လား”
“မင်းရဲ့လက်ရှိ ကျင့်ကြံခြင်းနယ်ပယ် အဆင့်မှာတော့ မင်းက ဒီကမ္ဘာမှာ အဆင့်၉ ပကတိအင်မော်တယ် အဆင့်ပဲ.. ဒါပေမဲ့ ကိုးဆကြယ်မှာဆိုရင် မင်းက သာမန်လူတစ်ယောက်ထက် ဘာမှမပိုဘူး”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မင်းရဲ့ကမ္ဘာမှာ ငါလိုက်ရှာနေတဲ့ သူခိုးကလွဲရင် ကိုးဆကြယ်နဲ့ အနီးစပ်ဆုံးလူက အင်မော်တယ်ကျန်းရွမ်ပဲ.. ဒီကျန်းရွမ်ဆိုတဲ့ ချာတိတ်က သူ့ရဲ့တစ်သက်တာမှာ ကန့်သတ်ချက်တွေကိုကျော်လွန်ပြီး ကိုးဆကြယ်အထိ တက်လှမ်းနိုင်မယ်လို့ ငါကြိုမြင်ထားတယ်”
“အင်မော်တယ်ကျန်းရွမ်…”
ဥက္ကဌပိုင်က ရင်းနှီးနေသော အမည်ကို နောက်တစ်ကြိမ်ကြားလိုက်ရသည်။
“ဒါဆို တာအိုဆရာသခင်.. အင်မော်တယ်အရှင်မြတ် အဆင့်ရဲ့ အထက်မှာ ဘယ်လို နယ်ပယ် အဆင့်တွေရှိလဲ”
“အင်မော်တယ်အရှင်မြတ်အဆင့်ရဲ့ အထက်အဆင့်တွေက ကောင်းကင်တာအို အရေအတွက်ပေါ်မှာ အခြေခံတယ်.. တာအိုအင်မော်တယ် တစ်ယောက်မှာ ကောင်းကင်တာအိုက ၁၀၀ ကနေ ၅၀၀ ကြားရှိတယ်.. တာအိုဆရာသခင် တစ်ယောက်မှာတော့ ကောင်းကင်တာအိုက ၅၀၀ ကနေ ၁၀၀၀ ကြားရှိတယ်.. မင်းအနေနဲ့ ကောင်းကင်တာအို ၃၀၀၀ လုံးကို ကျင့်ကြံနိုင်ရင်တော့ တာအိုဘိုးဘေး ဖြစ်လာမှာပဲ”
ထိုစကားကိုကြားလျှင် ဥက္ကဌပိုင်က အကြံတစ်ခု ရသွားသည်။
“ဒါဆို ဆရာသခင်ပြောပြောနေတဲ့ သူခိုးက ဆရာသခင်ရဲ့ကောင်းကင်တာအိုကို ခိုးသွားတာများလား”
“ဟုတ်တယ်”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက သက်ပြင်းချလိုက်သည်။
“ငါသာ ကောင်းကင်တာအိုကို သူ့ဆီကနေ ပြန်သိမ်းယူနိုင်မယ်ဆိုရင် တာအိုဘိုးဘေးဖြစ်ဖို့ အခွင့်အရေးရှိတယ်.. ဒါပေမဲ့ ကံမကောင်းစွာပဲ လက်ရှိမှာ သူနဲ့ ရင်ဆိုင်ဖို့က ကောင်းကင်တာအိုတစ်ခုတည်းကို အားကိုးနေလို့မရဘူး.. ကောင်းကင်တာအိုနဲ့ စည်းပြင်ပတာအိုက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ပဲ.. ဒါကြောင့် မင်းကို စည်းပြင်ပတာအိုတွေ စုဆောင်းစေချင်ခဲ့တာပဲ”
ဥက္ကဌပိုင်က ကောင်းကင်တာအိုနှင့် စည်းပြင်ပတာအို တို့ကြား ဆက်သွယ်မှုကို နားမလည်နိုင်သော်လည်း အံ့အားသင့်နေဆဲဖြစ်သည်။
“ဆရာ.. ကောင်းကင်တာအိုနှင့် စည်းပြင်ပတာအိုကို ပေါင်းစည်းနိုင်တဲ့သူ ရှိခဲ့ဖူးလား”
“အဲဒီလိုလူတော့ မရှိခဲ့သေးဘူး.. ငါတို့ ကိုးဆကြယ်ကို တည်ထောင်သူ တာအိုဘိုးဘေးဝမ်က အင်မော်တယ်ဘုရင်လို့ လူသိများတယ်.. တာအိုဘိုးဘေးဝမ်က ကောင်းကင်တာအိုနှင့် စည်းပြင်ပတာအိုကို ပေါင်းစည်းခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဟန်ချက်ညီအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် နောက်ဆုံးမှာ သေဆုံးသွားခဲ့ရတယ်”
ထို့နောက်တွင် အနက်ရောင်ဝတ် အမျိုးသားက ဥက္ကဌပိုင်ကို စူးစိုက်ကြည့်လိုက်သည်။
“ဒါ့ပြင် ငါ့ကို ဆရာလို့ ခဏခဏမခေါ်နဲ့.. ကြားရတာ အဆင်မပြေဘူး.. တာအိုဆရာသခင်ဝမ်လို့ခေါ်”