ပန်းစိုက်သမားညီနောင်
Vol. 52 Ch. 775
ခွန်၏ဗိုက်ထဲကနေ မိန်းကလေး ထွက်ပေါ်လာစဉ် ကတည်းက သူကို ရှာဖွေနေသည့် တစ်စုံတစ်ယောက် ရှိနေသည်ကို ဝမ်လင်း ရိပ်စားမိခဲ့သည်။
ထို့ပြင် ထိုလူ၏ စွမ်းအားက သာမန် မဟုတ်ပေ။
အနည်းဆုံးတော့ ဝမ်လင်း ယခုအချိန်ထိ ကြုံဖူးခဲ့သမျှ လူများထဲတွင် ထိုကဲ့သို့ လူမျိုးကို မတွေ့ဖူးခဲ့ချေ။
ညဦးစီးမှူးအဖွဲ့၏ ဌာနချုပ်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေသော တာအိုဆရာသခင်ဝမ်သည် ဥက္ကဌပိုင်၏ အတွေးကို တစ်ချက်ကြည့်ရုံနှင့် ကောင်းစွာသိသည်။
တာအိုဆရာသခင်ဝမ်၏ နောက်ထပ် စကားလုံးများက သူ၏ လက်စားချေမည့် အစီအစဉ် တစ်ခုလုံးကို တိုက်ရိုက် ဖြိုခွဲပစ်လိမ့်မည်ဟု ဥက္ကဌပိုင် မမျှော်လင့်ထားခဲ့ပေ။
“မင်းက လက်စားချေချင်တယ်.. ငါက သူခိုးကို ဖမ်းချင်တယ်.. ဒါပေမဲ့ မင်းအနေနဲ့ သူခိုးဖမ်းဖို့ကိုပဲ အဓိက လုပ်ရမယ်.. တခြားကိစ္စတွေကို လျှောက်လုပ်နေစရာ မလိုဘူး”
တာအိုဆရာသခင်ဝမ်က ဥက္ကဌပိုင်ကို သတိပေးလိုက်သည်။
တာအိုဆရာသခင်ဝမ်က စစ်ဆေးမှုများ လုပ်ဆောင်ရန် အကြောင်းပြချက်ဖြင့် ကိုးဆကြယ်ကနေ သေမျိုးကမ္ဘာသို့အကြိမ်ကြိမ် ဆင်းသက်လာခဲ့ပြီး သူ၏ ကောင်းကင်တာအို အများအပြားကို ခိုးယူခဲ့သည့် သူခိုးအား ရှာဖွေရန် ကြိုးစားခဲ့သည်။
သူလုပ်သမျှ လှုပ်ရှားမှုတိုင်းက လျှို့ဝှက်စွာ လုပ်ဆောင်ရမည်ဖြစ်၍ သေမျိုးကမ္ဘာတွင် သူ၏ ထိပ်တန်း စစ်တုရင် ဖြစ်သည့် ဥက္ကဌပိုင်ကို ဖန်တီးခဲ့သည်။
သူ့အနေဖြင့် ဤစစ်တုရင်ကို လွတ်ထွက်မသွားအောင် ထိန်းချုပ်ထားရသည်။
ထိုအကြောင်းသာ ပေါ်ပေါက်သွားခဲ့လျှင် ကိုးဆကြယ်မှ လူများသည် သူ့ကိုအကျင့်ပျက်သူဟု စွပ်စွဲကြမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ကျန်းက အလွန်သတိကြီးသူ တစ်ယောက်ဟုပင် ဆိုနိုင်သည်။
ဥက္ကဌပိုင်က တာအိုဆရာသခင်ဝမ်၏ စကားကို မကျေနပ်သော်လည်း နှုတ်မှ ထုတ်မပြောရဲပေ။
အဆုံးသတ်တွင် သူတို့ကြား၌ ကြီးမားသောအင်အား ကွာခြားချက် ရှိနေခဲ့သည်။
ပိုင်ကျဲ၏ အတွေးကို ရိပ်စားမိနေသော ဝမ်ကျန်းက ပိုင်ကျဲ နားလည်အောင် ရှင်းပြလိုက်သည်။
“မင်းက စည်းပြင်ပတာအိုရဲ့ စွမ်းအားအပြည့်အစုံကို အမွေဆက်ခံချင်တယ်ဆိုရင် မင်းရဲ့ စိတ်ထဲမှာရှိတဲ့ အနှောင့်အယှက်တွေ အားလုံးကို ရှင်းပစ်ထားရမယ်.. မဟုတ်ရင်တော့ မင်းဘာမှဖြစ်လာမှာ မဟုတ်ဘူး.. စည်းပြင်ပ တာအို ၆ခုကို မပေါင်းစည်းနိုင်ခင်မှာပဲ မင်းသေသွားလိမ့်မယ်.. ဒီစကားတွေကို ငါက မင်းရဲ့အကျိုးအတွက် ပြောနေတာပဲ”
တာအိုဆရာသခင်ဝမ်က စေတနာဖြင့် ပြောနေကြောင်း ဥက္ကဌပိုင် သိသည်။
သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်က ကလဲ့စားချေချင်နေသလို တစ်ယောက်က သူခိုးဖမ်းချင်နေသည်။
ပိုင်ကျယ်က ငတုံးမဟုတ်သဖြင့် တာအိုဆရာသခင်ဝမ် သူ့ကို အသုံးချနေမှန်း ကောင်းစွာသိနေခဲ့သည်။
ကိုးဆကြယ်သည် နတ်ဘုရားနယ်မြေအဖြစ် လူသိများသည်။
တာအိုဆရာသခင်ဝမ်က သူခိုးကို ကိုယ်တိုင်ဖမ်းဆီးရန် အဆင်မပြေ ဖြစ်နေသောကြောင့်သာ သူ့ကို ကျားစေ့သဖွယ် ခိုင်းစေခဲ့ခြင်းပင်။
ပိုင်ကျယ်က ခဏမျှ စဉ်းစားပြီးနောက်တွင် လျင်မြန်စွာနားလည်သွားခဲ့သည်။
“တာအိုဆရာသခင်ဝမ် ပြောတာမှန်ပါတယ်.. ဒီတပည့်လေးက ဆရာသခင်ရဲ့ ဆုံးမစကားကို မှတ်ထားပါမယ်”
စည်းပြင်ပတာအို၏ စစ်မှန်သောစွမ်းအားကို ရယူပြီး တာအိုဆရာသခင်ဝမ်၏ အကူအညီကို မလိုတော့သည် အထိ သည်းခံမည်ဟု ပိုင်ကျဲက ဆုံးဖြတ်လိုက်သည်။
သူ၏ကျောထောက်နောက်ခံ အဖြစ် တာအိုဆရာသခင်ဝမ် ရှိနေသည့်အတွက် သူ၏ လက်စားချေမှုက အချိန်တစ်ခုသာ ကြာမြင့်မည် ဖြစ်သည်။
“မင်းငါ့စကားကို နားထောင်နေရွေ့ ဘယ်တော့မှ နောင်တမရစေရဘူး”
ပိုင်ကျဲက ခေါင်းမော့လိုက်သောအခါတွင် တာအိုဆရာသခင်ဝမ်၏ ပေါ့ပါးသောအသံကို ကြားလိုက်ရသည်။
ထိုအသံသည် အရပ်မျက်နှာအနှံ့မှ တစ်ပြိုင်နက် ထွက်ပေါ်လာသကဲ့သို့ အလွန်သာသာယာယာ ရှိနေသည်။
“ပိုင်ကျဲ.. အရည်အချင်းနဲ့ ပတ်သက်လာရင် မင်းက အားမနည်းဘူး.. ဒါပေမဲ့ မင်းအသုံးမကျရင်တော့ တစ်သက်လုံးနတ်ဘုရား နယ်မြေကို ခြေချနိုင်မှာ မဟုတ်ဘူး.. စည်းပြင်ပတာအို ၆ခုကို စုဆောင်းခြင်းက တစ်ခုတည်းသော နည်းလမ်းပဲ.. ဒါပေမဲ့ စိတ်ရှည်သည်းခံရမယ်.. နည်းနည်းလေးတောင် ပေါက်ကရလုပ်လို့ မဖြစ်ဘူးဆိုတာ မင်းသတိပြုရမယ်.. အရင်က မင်းလို ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို ငါတွေ့ဖူးတယ်.. ဒါပေမဲ့ သူတို့က စိတ်လောကြီးတဲ့ အတွက် နောက်ဆုံးမှာ ဆုံးရှုံးမှုတွေနဲ့ပဲ ကြုံတွေ့ခဲရတယ်.. ကောင်းကင်တာအိုပဲဖြစ်ဖြစ် စည်းပြင်ပတာအိုပဲ ဖြစ်ဖြစ် ဒီတာအိုတွေရဲ့ နိယာမ စွမ်းအားတွေကို ရိုသေလေးစားဖို့ လိုအပ်တယ်”
ဝမ်ကျန်းက ပိုင်ကျဲကို စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။
ဤကဲ့သို့ မရှင်းပြထားလျှင် အနာဂတ်၌ မမျှော်လင့်ထားသည့် မတော်တဆမှုမျိုး ဖြစ်လာနိုင်ချေ ပိုများသည်မဟုတ်ပါလော။
ပိုင်ကျဲက နှုတ်ဆိတ်နေခဲ့သည်။
သူက အကြောင်းပြချက်ကို နားထောင်ရခြင်းအား နှစ်သက်သူ မဟုတ်ပေ။
သို့သော် တာအိုဆရာသခင်ဝမ်၏ စနစ်တကျနှင့် စိတ်ရှည်ရှည်စွာ လမ်းညွှန်မှုအောက်တွင် ထူးထူးဆန်းဆန်း တည်ငြိမ်သွားခဲ့သည်။
တကယ်တမ်းတွင် ဝမ်ကျန်းသည် စကားစပြောစဉ်ကတည်းကပင် မဟာစိတ်တည်ငြိမ်ခြင်း တာအိုကို အသုံးပြုလိုက်၍ ဖြစ်သည်။
ဤတာအိုက လူတစ်ဦး၏ စိတ်နေစိတ်ထား ဘယ်လောက်ပင်ဒေါသထွက်နေပါစေ ပုံမှန်ပြန်ဖြစ်စေရန် တွန်းအားပေးနိုင်ပေသည်။
မဟာစိတ်တည်ငြိမ်ခြင်း တာအိုကို အသုံးပြုလိုက်သည်နှင့် သင်၏စိတ်က ငြိမ်သက်သွားမည် ဖြစ်သည်။
သင်က ကာမအားတိုးဆေးကို သောက်ထားလျှင်ပင် အဆုံးသတ်၌ အားလျော့သွားပေလိမ့်မည်။
“ဒါဆို တာအိုဆရာသခင်ဝမ်မှာ အစီအစဉ်ရှိလား”
ပိုင်ကျယ်က ဝမ်ကျန်းကို အလွန်ရိုသေသော အမူအရာဖြင့် မေးလိုက်သည်။
“ရှိတယ်”
ဝမ်ကျန်းက ခေါင်းညိတ်လိုက်သည်။
“ငါ့အနေနဲ့ သေမျိုးကမ္ဘာကိုလာတာ အကန့်အသတ်ရှိတယ်.. ဒါပေမဲ့ ကိုးဆကြယ်မှာ ရှိနေစဥ်ကလည်း စူးစမ်းရှာဖွေမှုတွေကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး.. ငါက ငါ့မိသားစုက ငှားရမ်းထားတဲ့ ထမင်းချက်အသစ်တွေကြောင့် အကြံအစည်တစ်ခု ရရှိခဲ့တယ်”
“ထမင်းချက်အသစ်တွေ.. ဟုတ်လား”
“ဟုတ်တယ်.. ထမင်းချက် အသစ်နှစ်ယောက်က ညီအစ်ကိုတွေလေ.. သူတို့ကို ပန်းစိုက်သမား ညီနောင်လို့လည်း ခေါ်ကြတယ်.. သူတို့က ဝိညာဉ်ကြွက်တွေကို မွေးမြူရာမှာ နာမည်ကြီးတယ်.. ဒါ့ပြင် သူတို့က တိုက်ပွဲဝင်နိုင်တဲ့ ဝိညာဉ်ကြွက်တွေကို နည်းအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြတယ်.. ကြွက်တွေကို ပြုတ်တယ် ကြော်တယ် ပေါင်းတယ် အသုပ်သုပ်တယ်.. ဒီအချက်ကပဲ ငါ့ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး သူတို့ကို ငှားရမ်းဖို့အတွက် ငွေအများကြီး အသုံးပြုခဲ့ရတယ်.. ငါက အများအပြား ရင်းနှီးမြုပ်နှံခဲ့ပြီး ဝိညာဉ်ကြွက်တွေကို ချက်ပြုတ်ဖို့နည်းလမ်း ၁၀၀ လို့ခေါ်တဲ့စာအုပ်တစ်အုပ်ကို ထုတ်ဝေဖို့ သူတို့ကို ကူညီပေးခဲ့တယ်.. မင်းစိတ်ဝင်စားရင် ဒီစာအုပ်ကို နောက်တစ်ခါ ယူလာပြမယ်.. အောက်ကမ္ဘာမှာဖြစ်ဖြစ် အထက်ကမ္ဘာမှာဖြစ်ဖြစ် အာဟာရပြည့်ဝတဲ့အစားအစာတွေက ခေတ်စားနေတဲ့ အတွက် ချက်ပြုတ်နည်းတချို့ကို လေ့လာထားတာက အကျိုးမယုတ်ပါဘူး.. တကယ်အသုံးဝင်ပါတယ်”
ပိုင်ကျဲ “……….”
ထိုခဏတွင် တာအိုဆရာသခင်ဝမ်က ပင်မ အကြောင်းအရာကနေ လမ်းလွဲသွားသည်ဟု ခံစားခဲ့ရသည်။
“ဒီညီအစ်ကိုနှစ်ယောက်ကို ငှားရမ်းပြီးတဲ့နောက်မှာ သူတို့ရဲ့ဘိုးဘေးတွေက ကမ္ဘာဦးသားရဲတွေကို မွေးမြူခဲ့ဖူးတယ်ဆိုတာကို ငါသိလိုက်ရတယ်.. ကံမကောင်းစွာနဲ့ပဲ သူတို့မိသားစုက နောက်ပိုင်းမှာ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာဦးသားရဲတွေကို မွေးမြူဖို့အတွက် ကြီးမားတဲ့ ကုန်ကျစရိတ်ကို မတတ်နိုင်တော့ဘူး.. ဒါကြောင့် သူတို့က သူတို့ရဲ့ လယ်တွေကို ရောင်းထုတ်ပြီး ဝိညာဉ်ကြွက်တွေကို ပြောင်းလဲမွေးမြုခဲ့ကြတာပဲ.. အဲဒီအကြောင်းကို ငါသိပြီးနောက်မှာ ခြံအကျယ်ကြီး တစ်ခုဝယ်ပြီး သူတို့ကို ဦးစီးခိုင်းလိုက်တယ်.. အဲဒီခြံမှာဘာတွေမွေးထားလဲ မင်းသိလား.. ကမ္ဘာဦးသားရဲဖြစ်တဲ့ ခွန်ပဲ”
“……….”
“ဒီမွေးမြူရေးလုပ်ငန်းကို ရွှေခွန်မွေးမြူရေးလို့ အမည်ပေးခဲ့တယ်.. ပြီးတော့ အတွေ့အကြုံရှိတဲ့ မန်နေဂျာတစ်ယောက်ကိုပါ ငှားရမ်းခဲ့တယ်.. အဲဒီနောက်မှာတော့ ညီအစ်ကိုနှစ်ယောက်ရဲ့ မွေးမြူရေးနည်းစနစ်နဲ့အတူ ခွန်အရောင်းအဝယ် လုပ်ငန်းကို စတင်ခဲ့တယ်.. ရလဒ်တွေက တော်တော်ကောင်းတယ်.. ပထမ၃လမှာတင် အသားတင်အမြတ်ငွေက ၁၀ဘီလီယံကျော်တောင် ရှိခဲ့တယ်”
“……….”
“ဟုတ်တယ်.. ခွန်မွေးမြူရေးမှာလည်း အဆင်မပြေတာတွေ ရှိတယ်.. ခွန်တွေက မိတ်လိုက်ရာသီ ရောက်တိုင်းမှာ အချင်းချင်း ရန်ဖြစ်တတ်ကြတယ်.. ဒါပေမဲ့ ပန်းစိုက်သမားညီအစ်ကိုက ကောင်းမွန်စွာ ဖြေရှင်းနည်း တစ်ခုကို တွေ့ရှိခဲ့တယ်.. သူတို့က အချင်းချင်း ရန်ဖြစ်တတ်တဲ့ ခွန်တွေအားလုံးကို အရင်စားသုံးဖူးတဲ့ ဝိညာဉ်ကြွက်တွေလိုပဲ စားပစ်လိုက်တယ်”
“……….”
“ဒါ့အပြင် ခွန်မွေးမြူရာမှာ ရုပ်ဆိုးတဲ့ခွန် ဒါမှမဟုတ် ထူးခြားတဲ့အသားအရေနဲ့ ထွက်လာတဲ့ ခွန်အချို့လည်းရှိသေးတယ်.. အဲဒီခွန်ကောင်တွေကိုတော့ ငါကိုယ်တိုင် အာကာသစူးစမ်းလေ့လာရာမှာ အသုံးပြုခဲ့တယ်.. သူတို့ရဲ့ တည်နေရာကို စုံစမ်းဖို့အတွက် သူတို့ထဲက အများအပြားကို နတ်ဆိုးလောကနဲ့လူ့လောကမှာ လွှတ်ထားခဲ့တယ်.. ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေက အလဟဿ မဖြစ်ခဲ့ဘူး.. ဒါဇင်နဲ့ချီတဲ့ ကြိုးစားမှုတွေပြီးတဲ့နောက် ရလဒ်အသစ်ကို ရရှိခဲ့တယ်”