← Chapters

ခွန်ကိုဆားထည့်ပြီး ပူပူစပ်စပ် ဟင်းချက်ရင်အရမ်းကောင်းပဲ

Vol. 52 Ch. 776

ခွန်ကိုဆားထည့်ပြီး ပူပူစပ်စပ် ဟင်းချက်ရင်အရမ်းကောင်းပဲ

Vol. 52 Ch. 776

“ရလဒ်အသစ်လား”

“ဟုတ်တယ်”

ဝမ်ကျန်းက ခေါင်းညိတ်လိုက်သည်။

“ငါရှာနေတဲ့အရာကို ရှာတွေ့ခဲ့တဲ့အပြင် အာကာသ စူးစမ်းလေ့လာရေးမှာလည်း လေခွန်လို့ခေါ်တဲ့ ခွန်မျိုးကွဲ အသစ်ကို ရှာဖွေတွေ့ရှိခဲ့တယ်.. သူ့မှာ ဟင်းသီးဟင်းရွက်တွေလို အကြောရာ ရှိတဲ့အတွက် ဟင်းသီးဟင်းရွက်လေခွန်လို့လည်းခေါ်ကြတယ်”

“……….”

ထိုစကားကိုကြားသောအခါ ဥက္ကဌပိုင်က တစိမ့်စိမ့်ကြောက်ရွံ့နေခဲ့သည်။

ကမ္ဘာဦးသားရဲများသည် ကမ္ဘာကြီးပေါ်တွင် မျိုးတုန်းသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့် မျိုးစိတ်တစ်ခု ဖြစ်သည်။

အဆုံးသတ်တွင်မူ ၎င်းတို့သည် အထက်ကမ္ဘာတွင် အများအပြား ရှိနေသေးပြီး တစ်စုံတစ်ဦး၏ ခွန်မွေးမြူရေးကိုပင် လုပ်ကိုင်နေခဲ့သည်။

ဆိုရိုးစကားတစ်ခုရှိသည်။

{ရနံ့က မွှေးပျံ့ပေမဲ့ အသားက ဖယောင်းလိုပဲ.. ဆားထည့်လိုက်ရင်တော့ ပူစပ်စပ်ဟင်းအဖြစ် သုံးဆောင်နိုင်ပါတယ်}

ဤသည်မှာ အနန္တတန်ခိုးရှင်တစ်ပါးက ခွန်ကိုစားသုံးပြီးနောက်တွင် အရသာကို ဖော်ညွှန်းသည့် အလွန်ကျော်ကြားသော ကဗျာတစ်ပုဒ် ဖြစ်သည်။

အတိအကျပြောရလျှင် ဤကဗျာကြောင့်ပဲ ခွန်က အရသာမရှိဟု လူအများက ထင်မြင်ယူဆခဲ့ကြသည်။

သို့သော် ဤအချက်ကြောင့်ပင် အခြားသော သတ္တဝါများကို စားသုံးရန် ရွေးချယ်ခဲ့ကြသဖြင့် ခွန်များက သက်သာရာရသွားခဲ့သည်။

တာအိုဆရာသခင်ဝမ်၏ အဆိုအရ ခွန်မျိုးစိတ် အများအပြားရှိသည်။

အာကာသကို စူးစမ်းလေ့လာသော လူအချို့သည် အဆင့်နိမ့်သောခွန်များကို ငါးစာအဖြစ် အသုံးပြု၍ ငါးမြှားလေ့ ရှိကြသည်။

“ဒါဆို တာအိုဆရာသခင်ဝမ်က တကယ်ပဲ သူခိုးကို ရှာတွေ့သွားပြီလား”

“ဟုတ်တယ်.. သူခိုးရဲ့နေရာကို ငါစုံစမ်းပြီးပြီ.. နောက်ရက်အနည်းငယ် အတွင်းမှာပဲ ငါကိုယ်တိုင် သူ့ကိုဖမ်းဖို့ စဉ်းစားထားတယ်”

ဝမ်ကျန်းက အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

ဝမ်ကျန်းက သူ့မျိုးနွယ်စု၏ အကာအကွယ်များ အကြားမှာပင် ကောင်းကင်တာအိုကို ခိုးယူသွားသော သူခိုးအား အချိန်အတော်ကြာ စူးစမ်းရှာဖွေခဲ့ရသည်။

သူက ၉ဆကြယ်တွင် ကျော်ကြားသောသူ တစ်ဦးဖြစ်ပြီး ဤနှစ်များ တစ်လျှောက်တွင် လူတစ်ဦးတည်းမှ လွဲ၍ ကောင်းကင်အောက်မှ လူအားလုံးကို အနိုင်ယူနိုင်ခဲ့သည်။

ထိုလူကို သူရှုံးနိမ့်ရသည့် အကြောင်းအရင်းမှာလည်း သူ့တွင်ကောင်းကင်တာအို နည်းပါးလွန်း၍ ဖြစ်သည်။

သူက ကောင်းကင်တာအိုကို ပြန်လည် ရရှိနိုင်သရွေ့ အနည်းဆုံး ထိုလူကို သရေကျအောင် တွန်းလှန်နိုင်မည်ဖြစ်သည်။

ထိုအချိန်မှာပင် ဝမ်ကျန်းက သူ့လက်ကို မြှောက်လိုက်ရာ စိမ်းပြာရောင် အလင်းလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

ဝမ်ကျန်း၏ လက်ထဲတွင်ရှိသည့်အရာက သဘာဝစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သကဲ့သို့ ညဦးစီးမှူးအဖွဲ့၏ ဌာနချုပ်တစ်ခုလုံးကို ငြိမ်သက် အေးဆေးသွားခဲ့သည်။

ဤအချိန်တွင် ဝမ်ကျန်းသည် သဘာဝတရား၏ နိယာမများကို ချုပ်ကိုင်ထားသူ တစ်ဦးနှင့်ပင် ဆင်တူနေသည်။

သူကိုင်ထားသည့် အရာက သေးငယ်သော အစိမ်းရောင်အလင်းလုံး တစ်လုံးမျှသာ ဖြစ်သော်လည်း ထိုအထဲတွင်ကောင်းကင်နှင့်မြေကြီး၏ နတ်စွမ်းအားများ ပါဝင်နေခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ထိုအစိမ်းရောင် အလင်းလုံးလေးသည် အလင်းစက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင်ပျံ့နှံ့ကာ မြေပုံတစ်ခု၏ ပုံသဏ္ဍာန်ကို ပုံဖော်လိုက်သည်။

“ငါက အာကာသစူးစမ်းလေ့လာဖို့ အတွက် အဆင့်နိမ့်ခွန်ကိုအသုံးပြုနေစဉ် အတွင်းမှာ စည်းပြင်ပ တာအိုစွမ်းအားတွေ ပေါ်လာနိုင်တဲ့နေရာကို ရှာဖွေခဲ့တယ်.. စည်းပြင်ပတာအိုရဲ့စွမ်းအားကိုတော့ မင်းကိုယ်တိုင် စုဆောင်းရမယ်.. သူတို့ကသဘာဝတရားရဲ့ တစ်ခုတည်းသော နိယာမတွေပဲ.. သူတို့ကိုရှာပြီး အနိုင်ယူဖို့လိုအပ်တယ်.. မြေပုံပေါ်မှာ အမှတ်အသားပြုထားတဲ့ နေရာတွေ အများကြီးရှိတယ်.. မင်းအနေနဲ့ သေချာစဉ်းစားပြီး ဖြည်းဖြည်းချင်းရှာဖွေသင့်တယ်”

“ကျေးဇူးအများကြီးတင်ပါတယ် တာအိုဆရာသခင်ဝမ်.. တပည့် နားလည်ပါပြီ”

ဥက္ကဌပိုင်က ရိုသေစွာ ပြောလိုက်သည်။

ထို့နောက် ဝမ်ကျန်းက စကျင်ကျောက်နှင့် တူသော လုံးဝန်းသည့်အရာများကို ဥက္ကဌပိုင်အား ပေးလိုက်သည်။

“ဒါက နိယာမ ဖန်ဘောလုံးတွေပဲ.. ဘောလုံးတစ်ခုစီရဲ့ ဗဟိုချက်မှာ ခလုတ်တစ်ခုစီရှိတယ်.. အဲဒီခလုတ်ကို နှိပ်လိုက်ရင် ဘောလုံးက ပွင့်သွားလိမ့်မယ်.. စည်းပြင်ပတာအိုကို ဖမ်းဖို့ ဒီဘောလုံးတွေ လိုအပ်တယ်.. စည်းပြင်ပတာအို ၆ပါးက ဓာတ် ၅ပါးနဲ့ ဆင်တူပြီး တစ်ခုနဲ့တစ်ခု အပြန်အလှန်ထိန်းကျောင်းပြီး တည်ရှိကြတယ်.. မင်းက စည်းပြင်ပတာအို ၆ပါးထဲမှာ အထူးခြားဆုံးဖြစ်တဲ့ ပြောင်းပြန်ဝင်ရိုးစွန်းရဲ့စွမ်းအားကို ရရှိထားပြီးပြီ.. ငါမင်းကို ဘာဆက်လုပ်ရမလဲဆိုတာ သင်ပေးဖို့ မလိုတော့ဘူးထင်တယ်”

“စိတ်ချပါ.. ဒီတပည့်က တာအိုဆရာသခင်ဝမ်ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး”

ဥက္ကဌပိုင်က လုံးဝကို ဝမ်းသာနေခဲ့သည်။

သူလုပ်ဆောင်ရမည့်အရာမှာ စည်းပြင်ပ တာအိုများကို နိယာမ ဖန်လုံးများဖြင့် ဖမ်းဆီးရန်သာ ဖြစ်သည်။

စည်းပြင်ပတာအို၏ စွမ်းအားများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိန်းကျောင်းလျက် ရှိနေကြသည်။

ထို့ကြောင့် စည်းပြင်ပ တာအိုနှစ်ခုကို ‌အောင်မြင်စွာ စုဆောင်းနိုင်လျှင် ကျန်၄ခုသည် သူ့လက်ထဲသို့ ရောက်လာပေလိမ့်မည်မဟုတ်လော။

“မင်းအနေနဲ့ တတ်နိုင်သမျှ စိတ်ရှည်ရမယ်.. ကျန်တာတော့ ငါဘာမှ မမှာလိုတော့ဘူး”

ဝမ်ကျန်းက သက်ပြင်းချလိုက်သည်။

ရိုးသားစွာဝန်ခံရလျှင် ပိုင်ကျဲက စည်းပြင်ပ တာအို၆ပါးစလုံးကို စုဆောင်းနိုင်ပါ့မလားဟု သံသယ ဖြစ်နေမိဆဲပင်။

ဝမ်လင်းနှင့် ပတ်သက်သည့် သဲလွန်စများကို ခြေရာခံပြီးပြီဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့တွင်ဆိုးရွားသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

သို့သော် ယခုအချိန်တွင် ကိုးဆကြယ်ကို ချက်ချင်းမပြန်၍ မဖြစ်တော့ပေ။

ကမ္ဘာကြီးပေါ်တွင် အဆင်မပြေ ဖြစ်ခဲ့လျှင်ပင် နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်သို့ အရင်သွားရပေလိမ့်မည်။

ဝမ်ကျန်းက ခေါင်းကိုမော့ကာ လေထဲသို့ တစ်ချက်ကြည့်လိုက်သည်။

သူ၏ ဦးတည်ရာက ကိုးဆကြယ်ရှိသည့်နေရာ ဖြစ်သည်။

ဤအချိန်လောက်ဆိုလျှင် လျူမိသားစုက ကိုးဆကြယ်၏ နေရာတိုင်း၌ သူ့ကို ရှာဖွေနေလောက်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

လျူမိသားစုသည် လက်ရှိတွင် ကိုးဆကြယ်၌ တတိယအဆင့်တွင် ရပ်တည်နေသည်။

ဝမ်ကျန်း၏ဖခင်က ကိုးဆကြယ်၏ အင်အားကြီးမားသောမိသားစု ဖြစ်သည့် ကူမိသားစုကို တွန်းလှန်ရန်အတွက် လျူမိသားစုမှလူနှင့် ဝမ်ကျန်းကို လက်ဆက်ပေးရန် စီစဉ်ခဲ့သည်။

မိသားစုနှစ်ခု၏ လက်ဆက်မှုကနေ မဟာမိတ်ဖွဲ့ရန် စိတ်ကူးနေခြင်းဆိုလည်း မမှားပေ။

သို့သော် ပြဿနာမှာ ဝမ်ကျန်းက လျူမိသားစုမှ မိန်းကလေးကို မနှစ်သက်ခြင်းပင်။

အကယ်၍သာ ကောင်းကင်တာအိုများကို ပြန်လည် ရရှိမည်ဆိုလျှင် သူ့အနေဖြင့် လျူမိသားစုမှ မိန်းကလေးနှင့် လက်ထပ်ရန်လည်း မလိုတော့ပေ။

ထို့ကြောင့် ဤတစ်ကြိမ် အောက်ကမ္ဘာသို့ ဆင်းလာရသည့်ရည်ရွယ်ချက်မှာ သူခိုးရှာဖွေးရေးအတွက် ဖြစ်သည်။

တစ်နည်းပြောရလျှင် ဝမ်ကျန်းသည် အိမ်ထောင်ပြုရမည်စိုး၍ ထွက်ပြေးလာခြင်းပင်။

အခြားတစ်ဖက်တွင်လည်း သားရဲဘုရင်၏ သင်္ချိုင်းတွင် လူတိုင်းသည် ကောင်းကင်တာအို ရတနာသေတ္တာကို ဖွင့်ရန်အတွက် နည်းလမ်းများစွာကို ရှာဖွေနေကြသည်။

သားရဲဘုရင် ပြောခဲ့သည့်အတိုင်းပင် သေတ္တာကိုဖွင့်ရန် စကားဝှက်သည် သူတို့ထင်ထားသည်ထက်ပင် ပိုမို ရှုပ်ထွေးနေ၏။

သူတို့အနေဖြင့် နောက်ထပ် အနှစ်တစ်သောင်း ကြိုးစားလျှင်ပင် ဤစကားဝှက်ကို ရှာဖွေနိုင်မည်မဟုတ်ဟု တွေးမိခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာ ကောင်းကင်တာအို ရတနာသေတ္တာကို အင်အားသုံး၍ ဖွင့်ရန် ဖြစ်သည်။

“ငါ့ကို ကြိုးစားခွင့်ပြုပါ”

အဆုံးသတ်တွင် ကျိုးရီသည် သေတ္တာကို စိုက်ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

“မင်းက ရတနာသေတ္တာကို ဖွင့်မလို့လား”

သားရဲဘုရင်က ကျိုးရီ၏စကားကို သံသယဝင်နေခဲ့သည်။

ထိုခဏမှာပင် ကျိုးရီက ဒူးထောက်ကာ ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်ကို သူတွေ့လိုက်သည်။

“သခင်ကျင့်ခယ်.. ငါ့ကို အကူအညီပေးပါဦး”

သူ၏ တိုင်တည်လိုက်သော စကားကိုကြားလျှင် ငွေရောင်လေးနှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။

ဝမ်လင်းက ကျိုးရီ၏ အကာအကွယ်အဖြစ် လိုအပ်သည့်အချိန်တွင် ကျင့်ခယ်ကို ဆင့်ခေါ်ရန်ခွင့်ပြုထားသည်ကို သူတို့မေ့လုနီးပါး ဖြစ်နေခဲ့သည်။

သို့သော် တစ်နေ့တွင် တစ်ကြိမ်သာ ခေါ်ခွင့်ရှိပေသည်။

ထိုခဏမှာပင် အညိုရောင် ဝိညာဉ်အလင်းတန်းသည် ကောင်းကင်ကို ဖြတ်ကျော်၍ သင်္ချိုင်းတွင်းသို့ ရောက်ရှိလာခဲ့သည်။

သူ၏စိတ်ကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်လာသောကြောင့် သားရဲဘုရင်က ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

“ဒါက ဘယ်လိုဓားမျိုးလဲ”

ထိုဓားနှင့်ပတ်သက်၍ သူလုံးဝ နားမလည်နိုင်ခဲ့ပေ။

သို့သော် ဤအညိုရောင် မက်မွန်သစ်သားဓားကို သူမြင်လိုက်ရသည့်အခိုက်တွင် သားရဲဘုရင်ကြီးသည် ထိုအချိန်က သူ့ကို ကောင်းကင်တာအို ရတနာသေတ္တာ ပေးအပ်ခဲ့သည့် စီနီယာ၏ အော်ရာမျိုးကို မထင်မှတ်ဘဲ ခံစားခဲ့ရသည်။

“ဒီဓားကဘယ်နေရာကနေလာတာလဲ”

သားရဲဘုရင်က အသံ တုန်တုန်ယင်ယင်ဖြင့် မေးခွန်းထုတ်လိုက်သည်။

ထိုအချိန်တွင် ကျင့်ခယ်၏ နံပါတ်တစ် ပရိတ်သတ်ဖြစ်သော ဖက်တီးလောသည် အိုင်ဒေါကို မြင်တွေ့ရသော ဖန်ဂဲလ် ကဲ့သို့ တက်ကြွနေသည်။

“ဒါက သခင်ကျင့်ခယ်ပဲ.. သခင်ကျင့်ခယ် ဒီကောင်းကင်တာအိုရတနာသေတ္တာကို ဖွင့်ပြီးရင် ငါ့ဖင်ကို နည်းနည်းလောက် ရိုက်ပေးပါ”

သို့သော် သူ၏ပေါက်ကရ စကားများကို လူတိုင်းကလျစ်လျူရှုလိုက်ကြသည်။

“ဒီဓားဝိညာဉ်က သခင်ကျင့်ခယ်လို့ ခေါ်တယ်.. ဒါက ငါ့ဆရာရဲ့ သီးသန့်ဓားဝိညာဉ်ပဲ”

ကျိုးရီက ကျင့်ခယ်ကို လက်နှစ်ဖက်ဖြင့် တရိုတသေ လက်ခံယူလိုက်ပြီးနောက် သားရဲဘုရင်ကြီးကို ပြောလိုက်သည်။

All Chapters