လူလိမ်ဝမ်
Vol. 52 Ch. 778
ကောင်းကင်တာအို ရတနာသေတ္တာ ကွဲအက်သံကြောင့် သားရဲဘုရင်ကြီး၏ မျက်နှာသည် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
ဤသေတ္တာကို အမှန်တကယ် ပွင့်အောင် လုပ်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ရတနာသေတ္တာ ပွင့်သွားပြီးနောက် ပြိုးပြိုးပြက်ပြက် ရှိသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လူတိုင်းကို မျက်စိကျိန်းသွားစေသည်။
သားရဲဘုရင်ကြီးက သေတ္တာအတွင်းမှ အရာများကို ရှင်းလင်းစွာမြင်နိုင်ရန် သူတော်စင် ဘုရင် မျက်လုံးကို အသက်သွင်းလိုက်သည်။
သို့သော် သူက ကောင်းကင်တာအို ရတနာသေတ္တာ အတွင်းပါရှိသည့် နတ်ဘုရားနယ်မြေ၏ အော်ရာကို လျှော့တွက်ထားပုံရသည်။
၎င်းက သေတ္တာအတွင်း၌ ဖုံးအုပ်ထားသော ပုံစံမဲ့ မီးခိုးများ နှင့်တူသည်။
ဖွင့်လိုက်သည်နှင့် ရွှေရောင်အလင်းတန်း အော်ရာများက စိမ့်ထွက်လာသည်။
သားရဲဘုရင်ကြီးက သူ၏သူတော်စင်ဘုရင်မျက်လုံးဖြင့်
ရွှေရောင်အလင်းတန်းကို ဖောက်ထွင်း၍ လုံးဝမမြင်နိုင်ပေ။
"ကြောက်မက်ဖွယ်အော်ရာပါလား"
သေတ္တာအတွင်း၌ရှိသော အရာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးသော်လည်း အားလုံး၏ မျက်နှာပေါ်တွင် အံ့သြဖွယ်အမူအရာများ ရှိနေကြသည်။
ဤအော်ရာမျိုးသာဆိုလျှင် အထဲတွင် ပိတ်ထားသည့်အရာက သာမန်မဟုတ်တာတော့ သေချာသည်။
"ငါတို့ရဲ့ သူတော်စင် သားရဲမျိုးနွယ်စုကို အမှန်တကယ် ကယ်တင်နိုင်တော့မှာလား"
ငွေရောင်လေးက အတော်လေး စိတ်လှုပ်ရှားနေသည်။
သူတော်စင် သားရဲဘုရင်ကြီး အသက်ရှင်နေသေးကြောင်း သိလိုက်ရသည့် အချိန်မှစ၍ သူက ဤမျှော်လင့်ချက်ကို တစ်ချိန်လုံး စွဲလန်းနေခဲ့သည်။
"ဒီသေတ္တာထဲမှာ ဘာများ ရှိနိုင်မလဲ"
"ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တဲ့ ရတနာ ဒါမှမဟုတ် ကောင်းကင် မှော်ရတနာလား.. ဒါမှမဟုတ် အချိန်နောက်ပြန်ဆုတ်ပြီး အရာအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့ မှော်အစီအရင်တစ်ခုလား.. ဒါမှမဟုတ် အထူးနည်းစနစ်တစ်ခုလား.. ဒဏ္ဍာရီလာ 'ဝမ်ကျင့်ဇီ ထမင်းကြော်'များ ဖြစ်နေမလား"
ငွေရောင်လေးက အလွန်ပင် စပ်စုနေခဲ့သည်။
ကောင်းကင်တာအို ရတနာသေတ္တာမှ ထွက်ပေါ်လာသော ရွှေရောင် အလင်းတန်းသည် အကြမ်းဖျင်း နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ခန့် အကြာတွင် မှိန်ဖျော့သွား၏။
ထိုခဏတွင် လူတိုင်း၏ အကြည့်သည် သေတ္တာ အတွင်းပိုင်းကို ရောက်ရှိသွားခဲ့သည်။
အဆုံးသတ်တွင် လူတိုင်း မှင်သက်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သေတ္တာထဲတွင် ဘာမျှမရှိသောကြောင့် ဖြစ်သည်။
"အလွတ်ကြီးပါလား"
ငွေရောင်လေးက ခေါင်းကုတ်လိုက်ပြီး အနည်းငယ် အံ့သြနေခဲ့သည်။
“ဘယ်လိုဖြစ်ရတာလဲ…”
ထိုခဏဝယ် ဝမ်မင်က တစ်ခုခုကို သဘောပေါက်သွားသလိုမျိုး မျက်ခုံးပင့်လိုက်သည်။
"ဒီသေတ္တာကို အတင်းအကျပ် ဖွင့်လိုက်လို့များလား.. ဒါမှမဟုတ် ဖွင့်လိုက်တာနဲ့ အတွင်းထဲမှာ ရှိတဲ့ အရာက ပြောင်းလဲသွားတာမျိုးလား.. ရွှေနဲ့ထိရင် ကြွေကျတယ်.. သစ်သားနဲ့ထိရင် ညှိုးနွမ်းတယ်၊ ရေထိရင် အရည်ပျော်တယ်.. မီးနဲ့ထိရင် မီးလောင်တယ်၊ မြေကြီးနဲ့ထိရင် နစ်ဝင်သွားတယ်.. အဲဒီသဘောတရား မျိုးလား"
ဖက်တီးလော"တစ်ချို့ တီဗီရှိုးတွေမှာလို ကိုယ်လုပ်တော်ကနေ လိပ်ပြာဖြစ်သွားပြီး ပျံသန်းသွားတာများ ဖြစ်နိုင်မလား"
"မဖြစ်နိုင်ဘူး"
သားရဲဘုရင်ကြီးက စိတ်ပျက်လက်ပျက် အမူအရာ ပြည့်နှက်နေသော မျက်နှာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“သေတ္တာထဲမှာ ဘာတွေပါလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် တစ်ခုခု ထွက်လာရင် ခံစားမိမှာပဲ”
ဝမ်မင်က မေးစေ့ကို ပွတ်သပ်၍ တွေးတွေးဆဆ ပြောလိုက်သည်။
ဤရလဒ်ကိုကြည့်လျှင် ကောင်းကင်တာအို ရတနာသေတ္တာသည် လှည့်စားမှုတစ်ခုသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
သို့သော် ကောင်းကင်တာအို ရတနာသေတ္တာသည် နတ်ဘုရားနယ်မြေရှိ တစ်စုံတစ်ဦးထံမှ ဖြစ်သောကြောင့် ၎င်းထံတွင် စစ်မှန်သော ရည်ရွယ်ချက် ရှိရပေမည်။
ဝမ်မင်က ဤရည်မှန်းချက်က ဘာမှန်း အတိအကျ မသိသေးပေ။
ဤကမ္ဘာပေါ်တွင် သူတော်စင် သားရဲများကို ပြန်လည် အသက်သွင်းရန် နည်းလမ်း အမှန်တကယ် ရှိပါလော။
သို့ဆိုလျှင် ဤသေတ္တာအလွတ်သည် အဘယ်အရာကို ကိုယ်စားပြုပါသနည်း။
အချိန်ဖြုန်းခြင်း သက်သက်လော။
သားရဲဘုရင်ကြီးသည် ဂိမ်းလောကတွင် နှစ်တစ်ထောင်ကြာအောင် သဲလွန်စများ ရှာဖွေနေခဲ့သည်။
အနှစ်တစ်ထောင်ကြာအောင် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့ပြီးနောက်တွင် အဆုံးသတ် ရလဒ်က ဗလာဖြစ်နေခဲ့၏။
သားရဲဘုရင်ကြီးက မကျေမနပ် ဖြစ်နေမိသော်လည်း ဤအချိန်တွင် ဘာလုပ်နိုင်ပါမည်နည်း။
ထိုလူသည် အနန္တတန်ခိုးရှင်များ နေထိုင်သည့် နယ်မြေမှ ဖြစ်သည်။
သားရဲဘုရင်ကြီး အဖို့ ထိုလူကို ယုံကြည်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ပေ။
အနည်းဆုံးတော့ သူတော်စင်သားရဲမျိုးနွယ်စု မျိုးသုဉ်းသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါတွင် ဤရတနာသေတ္တာသည် သူ့အား ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက်နှင့် သတ္တိကို ပေးဆောင်ခဲ့သည်။
ဤသည်က အဓိပ္ပါယ်ရှိသည့် အဖြူရောင် မုသားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ ထိုအတွေးကြောင့် သားရဲဘုရင်ကြီးသည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။
သူ့လို သူတော်စင် သားရဲတို့၏ ဘုရင်ကြီးသည် ပျော့ညံ့ပုံပြ၍ မဖြစ်ပေ။
လက်ရှိတွင် ဘုရင်ကြီးထက် ခံစားနေရသူမှာ ငွေရောင်လေး ဖြစ်သည်။
သူက ဤအဆုံးသတ်ကို မယုံပေ။
အရေးကြီးဆုံးအချက်က သူနောက်တစ်ကြိမ် လှည့်စားခံရကြောင်း သဘောပေါက်လိုက်ခြင်းကြောင့်ပင်။
တစ်ချိန်က သူသည် အင်မော်တယ်စံအိမ်သခင် ချန်ယွီ ထံ၌ လှည့်စားခံခဲ့ရဖူးသည်။
သူ့အသက်ကို ကယ်တင်ခဲ့သည် ယာရွှယ်ကို ကုသပေးလို သဖြင့် အချိန်ကာလတစ်ခု အထိ သူသည် အင်မော်တယ်စံအိမ်အတွက် အစောင့်အရှောက်သားရဲ လုပ်ခဲ့ရသည်။
လူသားများကြားရှိ အခြေခံအကျဆုံး ယုံကြည်မှုက အဘယ်နည်း။
“ကြည့်ပါဦး”
ခဏအကြာတွင် ကျိုးရီသည် သေတ္တာထဲမှ အပိုင်းအစတစ်ခုကို ကောက်ယူလိုက်သည်။
"ဒီအပိုင်းအစမှာ စာလုံးတစ်လုံး ရှိပုံရတယ်"
လူတိုင်းက ကျိုးရီ လက်ထဲမှ အရာကို ကြည့်လိုက်ကြ၏။
သားရဲဘုရင်ကြီးက အနီးကပ်ကြည့်ရှုပြီးနောက် ထိုစာလုံးက အင်မော်တယ် ဘာသာစကားဖြင့် ရေးထားသော စာလုံးတစ်လုံး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ဝမ်မင်"အခြားအပိုင်းအစတွေမှာလည်း စာလုံးတွေရှိနေသေးလား မသိဘူး"
ကျိုးရီက မြေပြင်ပေါ်ရှိ အပိုင်းအစများ အားလုံးကို စစ်ဆေးပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
“ဒီတစ်ခုတည်းပဲ စာလုံးကရှိတာ”
"ငါ ခန့်မှန်းတာ မမှားရင် ဒီစာလုံးက သေတ္တာပိုင်ရှင်ရဲ့ မျိုးရိုးအမည်ကို ကိုယ်စားပြုတာ ဖြစ်ရမယ်"
ဖက်တီးလောက ရုတ်တရက် ပြောလိုက်သည်။
"ဘာကြောင့် မင်းအဲဒီလို ထင်ရတာလဲ?"
“ဒီကောင်းကင်တာအို ရတနာသေတ္တာဟာ သာမန်ပစ္စည်းမဟုတ်တာ ထင်ရှားတယ်.. ဒါကြောင့် ဖန်တီးသူက သေတ္တာကို ဖန်တီးတဲ့အခါ သူ့ရဲ့ သင်္ကေတ လက်မှတ်ကို ချန်ထားခဲ့မှာ သေချာတယ်လေ"
"ဒါပေမယ့် ဒီနည်းလမ်းက တကယ်တော့ ခေတ်နောက်ကျနေပါပြီ.. အခုခေတ်မှာ ကျင့်ကြံသူတွေက လက်မှတ်မထိုးကြတော့ဘူး”
"ဘာဖြစ်လို့လဲ"
“မှော်ရတနာတစ်ခုကို ပြန်လည်ရောင်းချတဲ့အခါ အချို့သော ပြန်လည် ရောင်းချသူတွေက သူတို့ရဲ့ ကိုယ်ပိုင်အမည်နဲ့ ရေးထွင်းတတ်ကြတယ်.. မှော်ရတနာတစ်ခုက လက်ပြောင်းလက်လွှဲ အကြိမ်များစွာ ဖြစ်ရင် လက်မှတ်တွေ အများကြီး ကျန်ရှိနေတတ်တယ်"
"အဲဒီအချိန်မှာ တကယ့် ဖန်တီးရှင်က ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရတော့ဘူး”
'ဖက်တီးလော'က ပြောလိုက်သည်။
"ဒါကြောင့် လက်ရှိခေတ်မှာတော့ ကျင့်ကြံသူတွေက သူတို့ရဲ့ မှော်ရတနာတွေမှာ QR ကုဒ်နဲ့ပဲ ရေးထွင်းကြတော့တယ်"
“…........”
“ဒါ့အပြင် QR ကုဒ်ကို မှော်ရတနာအတွင်းမှာ ထားရှိဖို့ ဒီဇိုင်းထုတ်ထားတဲ့အတွက် အလွယ်တကူ မှေးမှိန်သွားမှာ မဟုတ်ဘူး.. ဖုံးကွယ်ဖို့ ကြိုးစားရင်တောင် အသုံးမဝင်ဘူး"
"ဒါက အတုအပတွေကို တားဆီးဖို့ အယုံကြည်ရဆုံး နည်းလမ်းဖြစ်တယ်.. လက်မှတ်ထိုးတဲ့ အလေ့အထက ခေတ်နောက်ကျနေပါပြီ.. ဒီအချက်ကို ထောက်ရှုရင် သေတ္တာကိုဖန်တီးတဲ့သူက အရမ်းအသက်ကြီးနေပြီ ဆိုတာကို ပြသနေတယ်"
“….......”
"သူ့မျိုးရိုးနာမည်က ဝမ်"
ထိုအချိန်တွင် သားရဲဘုရင်ကြီးသည် အင်မော်တယ်စာလုံးကို ဘာသာပြန်ပေးခဲ့သည်။
ရလဒ်က လူတိုင်းကို ထိတ်လန့်စေခဲ့၏။
ဤစီနီယာကျင့်ကြံသူ၏ မျက်လုံးက ခံစားချက်မဲ့ ငါးမသာမျက်လုံးနှင့် တူသည်ဟု စောစောက သားရဲ ဘုရင်ကြီး ပြောခဲ့ဖူးသည်ကို သူတို့ သတိရမိလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုစီနီယာကျင့်ကြံသူ၏ မျိုးရိုးနာမည်ကလည်း ဝမ် ဖြစ်နေ၏။
အကယ်၍ ဤဂိမ်းသာ "ဆယ်လီစုံထောက်ဂိမ်း" ဖြစ်လျှင် လူအများစု ထင်မြင်မည့် ပထမဆုံးလူမှာ ဝမ်လင်း ဖြစ်သည်။
"ဒါက ဘယ်လိုတောင် တိုက်ဆိုင်မှုမျိုးလဲ"
"ငါတို့ ဘုရင်ကြီးကို ဂျင်းထည့်သွားတဲ့ လူလိမ်ဝမ်"
ငွေရောင်လေးက မျက်နှာပေါ်တွင် မကျေမနပ် အမူအရာဖြစ်ပေါ်လာပြီး သွားများကို အံကြိတ်ထားသည်။
"တူညီတဲ့ မျိုးရိုးအမည် ဝမ် နဲ့ တူညီတဲ့ ခံစားချက်မဲ့ ငါးမသာမျက်လုံး"
"ဒါပေမယ့် သူတို့ရဲ့ စရိုက်တွေက ဘာလို့ ကွာခြားနေရတာလဲ”
ငွေရောင်လေးက ရေရွတ်လိုက်သည်။
လူတိုင်း "..........…"
"သူက လင်းကျန်းရန် မဟုတ်ဘူးလို့ မင်းက သေချာပြောနိုင်လို့လား"
'ဖက်တီးလော'က မေးလိုက်သည်။
ငွေရောင်လေး
“ပေါက်ကရ မပြောနဲ့.. ဒီသေတ္တာထဲမှာ ခေါက်ဆွဲခြောက် အမွှေးအကြိုင် အနံ့အသက်တွေ နည်းနည်းလေးတောင် ရှိမနေဘူး”
“..........…”
"ဒါ့အပြင် ဆရာလေးလင်းရဲ့ လက်ရေးက လူလိမ်ဝမ်ထက် ပိုလှတယ်"
“….........”