ကျင့်ခယ်ရဲ့ဓားအိမ်
Vol. 52 Ch. 779
ယခုတစ်ကြိမ် သားရဲဘုရင်၏ သင်္ချိုင်းတွင်းသို့ ဝင်ရောက်ခဲ့သော စူးစမ်းလေ့လာရေး အဖွဲ့အတွက် ဤသည်မှာ မလွှဲမရှောင်သာ ဝမ်းနည်းစရာ အဆုံးသတ်တစ်ခု ဖြစ်သည်။
အထူးသဖြင့် ငွေရောင်လေး အတွက် ပြင်းထန်သည့် ထိုးနှက်ချက် ဖြစ်ခဲ့သည်။
သူ၏ မျှော်လင့်ချက် ပြန်လည်အသက်ဝင်လာပြီးမှ တဖန် ငြိမ်းသက်သွားသောကြောင့် မည်ကဲ့သို့ ခံစားရမည်ကို တွေးကြည့်နိုင်ပေသည်။
သူတို့တစ်ဖွဲ့လုံး သားရဲဘုရင်ကြီး၏ အိပ်မက်ထဲမှ ထွက်ခွာပြီးနောက်တွင် သားရဲဘုရင်ကြီးက အချိန်အတော်ကြာ အိပ်ပျော်ရာမှ နိုးထလာသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူက ဂိမ်းလောကထဲကို ဘယ်တော့မှ ထပ်မဝင်တော့ပေ။
ဂိမ်းထဲကနေ သဲလွန်စများကို အနှစ်တစ်ထောင်လောက် ရှာဖွေပြီးသည့် နောက်တွင် သူက ဂိမ်းကို ပစ်ပေါက်လုနီးပါးအထိ ဒေါသထွက်ခဲ့သည်။
ဤဂိမ်းကို သူ ဘယ်တော့မှ မမြင်ချင်တော့ချေ။
"သားရဲဘုရင်ကြီးရော အခုဘာဆက်လုပ်မှာလဲ"
ငွေရောင်လေးက မေးလိုက်သည်။
"ငါ ဒီနေရာကနေ ဘယ်ကိုမှ ခရီးမထွက်တာကြာပြီ.. အပြင်ထွက်ပြီး ကမ္ဘာကြီးအနှံ့ လှည်ပတ်ကြည့်ချင်တယ်"
ထိုစကားကို ပြောပြီးနောက် သားရဲဘုရင်ကြီးက အဖိုးတန်ကျောက်မျက် မျိုးစုံပါသော သေတ္တာငယ်လေးကို ထုတ်ကာ ငွေရောင်လေးအား ပေးလိုက်သည်။
"ကလေး.. ကောင်းကင်တာအို ရတနာသေတ္တာက သူတော်စင် သားရဲမျိုးနွယ်စုကို ပြန်လည်ရှင်သန်စေမယ့် လျှို့ဝှက်ချက်ကို မပြောပြခဲ့ဘူး.. ဒါပေမယ့် အဲဒါက မဖြစ်နိုင်ဘူးလို့တော့ မဆိုလိုဘူး.. မျှော်လင့်ချက် ရှိပါသေးတယ်"
ငွေရောင်လေးက ခေါင်းမော့ကာ သေတ္တာကို လှမ်းယူလိုက်သည်။
သားရဲဘုရင်ကြီးက သူ့ကို စိုက်ကြည့်နေသည်။
"မင်း ငါနဲ့ တွေ့ပြီးပြီပဲ.. အိမ်ပြန်ရောက်ရင် သေတ္တာလေးကို ဖွင့်ပါ.. အထဲမှာ ညွှန်ကြားချက်တွေ ရှိတယ်"
"ဒီထဲမှာ ဘာတွေရှိတာလဲ"
'ဖက်တီးလော'က စပ်စုလိုက်သည်။
"သူတော်စင်သားရဲရဲ့ ကျင့်ကြံမှုက အရမ်း နှေးကွေးတယ်.. အသက်ရှစ်ထောင်မှာ ပဉ္စမတန်းစား သူတော်စင် သားရဲဖြစ်ဖို့ဆိုတာ တကယ်တော့ မလွယ်တဲ့အလုပ်ပဲ.. ဒီထဲမှာ ကျင့်ကြံမှုနှုမ်းကို တိုးမြှင့်ပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခု ပါရှိတယ်.. ဒါပေမဲ့ သူတော်စင်သားရဲ မျိုးနွယ်စုရဲ့ စည်းမျဉ်းအရ သူတော်စင်သားရဲတွေပဲ ဖတ်ခွင့်ရှိတယ်.. တစ်နှစ်အကြာမှာ ချင်လန်က ဒီသေတ္တာကို လာပြန်ယူမယ်.. ယူနီကွန်းလေး.. ဒီအတောအတွင်းမှာ မင်း ဒီသေတ္တာကို ကောင်းကောင်း ကာကွယ်ရမယ်.. နားလည်လား"
“ဟုတ်ကဲ့ ဘုရင်ကြီး”
ငွေရောင်လေးက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သားရဲဘုရင်ကြီးက တခြားသူများကို ကြည့်လိုက်သည်။
“နတ်ဘုရားနယ်မြေကို ဘယ်လိုရောက်အောင် လုပ်ရမလဲဆိုတာ ပြောပြမယ်လို့ အစောပိုင်းက ငါကတိပြုထားတယ်.. အဖြေက ဒီသေတ္တာလေးထဲမှာ ပါတယ်.. ယူနီကွန်းလေးက ငါပြောတဲ့အတိုင်း လေ့လာပြီးရင် ဒီအဖြေကို နားလည်သွားလိမ့်မယ်.. နောက်ကျရင် မင်းတို့တွေ သူနဲ့ ဆွေးနွေးလို့ရတယ်”
"ကျေးဇူးကြီးလှပါတယ် ဘုရင်ကြီး"
ကျိုးရီ နှင့် ဝမ်မင် တို့က ထိုစကားကိုကြားသောအခါ အလွန် ဝမ်းသာသွားကြသည်။
"အင်း ဟုတ်သားပဲ.. နောက်တစ်ခု ထပ်တောင်းဆိုလို့ရမလား ဘုရင်ကြီး"
ငွေရောင်လေးက မေးလိုက်သည်။
တကယ်တော့ သူက အနားမှာရှိသည့် ဖက်တီးလော ကိုယ်စားတောင်းဆိုနေခြင်းပင်။
"ကလေး.. ဘာလိုချင်သေးလို့လဲ"
သားရဲဘုရင်ကြီး၏ အသံက အလွန်ပင် နူးညံ့သည်။
“အရိုးခြောက်တစ်ထောင်”
ငွေရောင်လေးက ရိုးရှင်းစွာ တောင်းဆိုလိုက်ပြီး သူ့ဘေးရှိ ဖက်တီးလောကို လှည့်ကြည့်လိုက်သည်။
"ဒီလူက လက်မှုပညာရှင် ဖြစ်ပြီး သခင်ကျင့်ခယ်အတွက် ဓားအိမ် ဖန်တီးနေတယ်.. ဓားအိမ်ကိုပြုလုပ်ဖို့ ဖြည့်စွက်ပစ္စည်း အနေနဲ့ အရိုးခြောက် တစ်ထောင်ကို လိုအပ်တယ်"
သားရဲဘုရင်ကြီး ချက်ချင်း သဘောပေါက်သွားသည်။
"ဒါက လွယ်ပါတယ်.. ချင်လန်က မင်းအတွက် ကောင်းတာတွေ ရွေးပေးမယ်.. အသန့်စင်ဆုံး အရင်းအမြစ်တွေက ဒီသင်္ချိုင်းအတွင်းမှာ ရှိတယ်.. ဒီနှစ်တွေ တစ်လျောက်လုံးမှာ ဒီအရာတွေကို ပြုစုစောင့်ရှောက်ဖို့ ချင်လန်ကပဲ တာဝန်ယူခဲ့တာလေ"
“သားရဲဘုရင်ကြီးရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"
ချင်လန်က ထိုစကားကိုကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ အများကြီး မလိုပါဘူး…”
ဖက်တီးလော အနည်းငယ်ရှက်သွားသည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး"
သားရဲဘုရင်ကြီးက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
“သခင်ကျင့်ခယ်က ငါ့အတွက် နှစ်တစ်ထောင် ပြဿနာကို ဖြေရှင်းပေးခဲ့တယ်...ဒီအကူအညီလေးလောက်က ဘာမှမပြောပလောက်ပါဘူး.. ဒါ့အပြင် သခင်ကျင့်ခယ်လို ပုဂ္ဂိုလ် အတွက် ဓားအိမ်တစ်ခု ဖန်တီးဖို့က လွယ်ကူမှာ မဟုတ်ဘူး.. လက်ထဲမှာ ပစ္စည်းပို ရှိထားတာက အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးနိုင်လိမ့်မယ်”
'ဖက်တီးလော'က ရယ်လိုက်သည်။
"ငြင်းလိုက်ရင် မယဉ်ကျေးရာ ရောက်သွားမှာမို့ လက်ခံလိုက်တော့မယ် ဘုရင်ကြီး"
ထိုခဏဝယ် ချင်လန်က ရုတ်တရက် စပ်စုလိုက်သည်။
"သခင်ကျင့်ခယ်မှာ ဓားအိမ် တစ်ခါမှ မရှိခဲ့ဖူးဘူးလား"
ဖက်တီးလော ခေါင်းခါယမ်းလိုက်သည်။
“ကျနော်မသိဘူး.. ဓားအိမ် လုပ်တာက သခင်ကျင့်ခယ်ရဲ့ ဆန္ဒကြောင့် မဟုတ်ပါဘူး.. ကျွန်တော်က သူ့အတွက် အမြဲလုပ်ပေးချင်ခဲ့တာပါ"
"အဓိက ပစ္စည်းတွေ ရွေးပြီးပြီလား"
ချင်လန်က မေးလိုက်သည်။
"အေမိထိယပ်စ် သစ်သားကို ရွေးထားတယ်"
"မလုံလောက်ဘူး ထင်တယ်"
ချင်လန်က ခေါင်းခါလိုက်သည်။
"သခင်ကျင့်ခယ်ရဲ့ ဓားအိမ်ကို ပြုလုပ်မယ်ဆိုရင် အနည်းဆုံး နတ်သစ်ပင် သုံးပင်ကို ပေါင်းစည်းရမယ်.. ငါ မင်းကို ချင်သစ်သားအချို့ ပေးလို့ရတယ်.. ကောင်းကင်သစ်ပင်နဲ့ ပတ်သက်လို့ကတော့ ငါသိရသလောက် ဒီကမ္ဘာကြီးမှာ အပင်ပေါက်လေး တစ်ပင်ပဲ ကျန်ရှိတော့တယ်.. ဒါပေမဲ့ အပင်ပိုင်ရှင်ရဲ့ တည်နေရာက လျှို့ဝှက်ဆန်းကြယ်ပြီး ရှာတွေ့ဖို့ အရမ်းခက်ခဲတယ်.. ပြီးတော့ သူက မင်းကို ပေးမပေး ဆိုတာကလည်း မသေချာဘူး”
"သူက ဘယ်သူလဲ"
ဝမ်မင်က မေးလိုက်သည်။
ချင်လန်၏ မျက်နှာက အလွန်ပင် လေးနက်နေ၏။
"ဒီလူရဲ့ တာအိုနာမည်က အင်မော်တယ်ကျန်းရွမ်"
“…............”
…..................
ရက်အနည်းငယ်ကြာပြီးနောက်၊ စာသင်နှစ်၏ ဆယ့်ငါးပတ်မြောက် သောကြာနေ့သည် သြဂုတ်လ ၄ ရက်နေ့ ဖြစ်သည်။
နွေရာသီ စခန်းသွင်း လေ့လာရေး၏ နောက်ဆုံးနေ့တွင် ဝမ်မင်သည် သူ၏ “ဝမ်လင်း1”ဝတ်စုံဖြင့် ကျောင်းသူ ကျောင်းသား အားလုံး အရှေ့ရှိ ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့သည်။
ကျောင်းသားများထံမှ အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဘာကောင်ကြီးလဲ.. အဲဒါဘယ်သူလဲ"
"ဆရာ.. ဆရာဝမ်"
"ဆရာဝမ်က ပျောက်ဆုံးသွားပြီးနောက်မှာ(Iron Man) အဖြစ် ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ.. ဒါက ရုပ်ရှင်ရိုက်နေတာများလား"
ဤမြင်ကွင်းကို ကျောင်းသား တော်တော်များများက အံ့အားသင့်ခဲ့ကြသည်။
သို့သော် လေ့ကျင့်ရေးကွင်းရှိ လူအားလုံးထဲတွင် အံ့အား အသင့်ဆုံးသောသူမှာ ဆရာများ ဖြစ်၏။
သံသယဖြစ်ဖွယ် ကိုသြဒိနိတ်များကို စစ်ဆေးရန် စေလွှတ်လိုက်သော ကျိုးရီ၏ အဖွဲ့နှင့်အတူ ဝမ်မင် ပြန်ပေါ်လာသောအခါ ဝူကျန်းကျွင်း အပါအဝင် ဆရာသည် ကူရာမဲ့စွာ အံသြသွားကြသည်။
၎င်းတို့က စက်ရုပ် ချပ်ဝတ်တန်ဆာကြောင့် တုန်လှုပ် ခြောက်ခြားသွားကြခြင်းပင်။
"ဆရာဝမ် အဆင်ပြေရဲ့လား"
"နောက်နေတာလား.. ငါကဘာဖြစ်ရမှာလဲ.. ဒါ့အပြင် ဒီတစ်ခေါက် အတွေ့အကြုံက ဒဏ္ဍာရီဆန်တဲ့ မှော်စွမ်းရည်ကို နားလည်နိုင်ခဲ့တယ်.. ငါက ပထမတန်း အဆင့် စိတ်ဝိညာဉ်နည်းစနစ်နှစ်ခု ဖြစ်တဲ့ 'ခြင်္သေ့ဟိန်းသံ' နှင့် 'လက်တစ်ချောင်းယန်သိုင်း'ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ခဲ့တယ်"
အားလုံး "???"
ထိုခဏဝယ် လေထဲတွင် ရပ်နေသည့် ဝမ်မင်က ဝူကျန်းကျွင်းကို လက်ညိုးထိုးလိုက်သည်။
"မင်း တက်ခဲ့.. ငါတို့ တိုက်ကြရအောင်"
ဝူကျန်းကျွင်း "ဆရာဝမ်.. မနောက်ပါနဲ့.."
ဝမ်မင်က ယခင်ပုံစံနှင့် အနည်းငယ် ကွဲပြားပုံပေါက်သည်ကို လူတိုင်း တွေ့မြင်နိုင်သည်။
သို့သော်လည်း အတိအကျတော့ မပြောနိုင်ပေ။
"ဆရာဝမ်က ဘယ်လိုလုပ် ယုံကြည်မှု ပိုရှိလာရတာလဲ"
ဤနေရာရှိ လူအများစုသည် ဝမ်မင်၏ ကိုယ်ရေးကိုယ်တာအစစ်အမှန်ကို မသိကြပေ။
သို့သော် အဆုံးသတွင် ဤတစ်ခေါက်လိုက်ပါလာသည့် ဆရာများအားလုံးသည် ဟွာရှို့မဟာမိတ်အဖွဲ့မှ ဂရုတစိုက် ရွေးချယ်ထားသည့် ကျောင်းအသီးသီးမှ ရွှေတံဆိပ်ရ ဆရာများ ဖြစ်ကြသည်။
သူတို့၏ ခွန်အားနှင့် အတွေ့အကြုံများက မေးခွန်းထုတ်စရာပင် မလိုပေ။
ကျောင်းသား တော်တော်များများက ဤဆရာဝမ်ကို ရွှေတံဆိပ်ရ ဆရာတွေထဲက တစ်ယောက်အဖြစ်သာ မြင်ခဲ့ကြသည်။
ဝမ်မင်က ကျင့်ကြံသူ မဟုတ်ဘဲ သာမန်လူ တစ်ယောက်ဖြစ်သည်ကို လူအများစုက မသိခဲ့ကြပေ။
ဝမ်မင်၏ လုံခြုံရေးကို သေချာစေရန် အတွက် နွေရာသီ စခန်းသွင်းလေ့လာရေး မစတင်မီတွင် နိုင်ငံခေါင်းဆောင်သည် ဤပြဿနာကို ဝူကျန်းကျွင်းအား ပြောပြထားခဲ့သည်။
အခုတော့ ဝမ်မင် ပြန်ရောက်လာပြီး ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သူ့ကို စိန်ခေါ်ရန် ဖြစ်နေ၏။
ဝမ်မင်လို သာမန်လူတစ်ယောက်က မည်သည့်နေရာမှ သတ္တိတွေ ရထားမှန်း သူတကယ် မသိပေ။
ဝမ်မင် နှင့် တိုက်သင့်ပါသလော။
ဝူကျန်းကျွင်းက ဘာလုပ်ရမည်မှန်း မသိချေ။
သူက ဝမ်မင်၏ ကိုယ်ပိုင်လက္ခဏာကို သိထားသည်။
ထို့ကြောင့် နိုင်ငံခေါင်းဆောင်က ဝမ်မင်ကို အလွန်တန်ဖိုးထားမှန်း ကောင်းစွာသိခဲ့၏။
ဝူကျန်းကျွင်းက ဝမ်မင် ထံ ဦးညွှတ်လိုက်ပြီး ဝမ်မင်၏ တောင်းဆိုမှုကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်သည်။
"ဆရာဝမ် ဘေးကင်းစွာ ပြန်လာနိုင်တာက ငါတို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ လက်ဆောင်တစ်ခုပါ.. ဒီအပျော်တွေကို တိုက်ခိုက်မှုနဲ့ ဘယ်လဲနိုင်ပါ့မလဲ"
ဟွာရှို့နိုင်ငံ၏ လျှို့ဝှက်လက်နက်၊ အသန်မာဆုံး ဦးနှောက်နှင့် နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ဦးထဲမှ ဉာဏ်ပညာသူတော်စင် ဥက္ကဌချီ၏ တစ်ဦးတည်းသော တပည့်၊
အဆုံးသတ်တွင် ဝမ်မင်က သူနှင့်အဆင့်တူ ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ဝူကျန်းကျွင်းက ဤအထောက်အထားများကြောင့် မည်သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။
နိုင်ငံခေါင်းဆောင်က တစ်ချိန်လုံး သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ဝမ်မင်၏ စရိုက်ကို သူသိသည်။
ဤကလေးက ဘာမှ မပြင်ဆင်ထားဘဲ ဤကဲ့သို့ စကားကို ဆိုစရာအကြောင်း မရှိချေ။
ဝမ်မင် ဝတ်ထားသည့် စက်ရုပ် ချပ်ဝတ်တန်ဆာ အသစ်က အန္တရာယ်ထဲတွင် တီထွင်ခဲ့သည့် မှော်ရတနာတစ်ခု ဖြစ်နိုင်သည်ဟု နိုင်ငံခေါင်းဆောင် ကောက်ချက်ချခဲ့သည်။
ဤ စက်ရုပ် ချပ်ဝတ်တန်ဆာ မှော်ရတနာကို ၀တ်ဆင်ထားခြင်းကြောင့် ဝမ်မင်သည် တိုက်ပွဲတွင် အစွမ်းထက်လာနိုင်ပေသည်။
သူ့တွင် တိုက်ပွဲဝင်အင်အား မည်မျှ ရှိမှန်း ရှင်းရှင်းလင်းလင်း မသိရပေ။
ဦးဆောင်ဆရာများ၏"ခေါင်းဆောင်"ဖြစ်သည့် ဝူကျန်းကျွင်း၏ ခွန်အားသည် သဘာဝအားဖြင့် မေးခွန်းထုတ်စရာ မရှိချေ။
သူက ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်တစ် ကျင့်ကြံသူ ဖြစ်သည်။
စက်ရုပ်ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် ဝမ်မင်က ခြေသလုံးအိမ်တိုင် အင်မော်တယ်ကို အမှန်တကယ် အနိုင်ယူနိုင်ပါမည်လော။
နိုင်ငံခေါင်းဆောင်က စိတ်ဝင်တစားဖြင့် အဝေးကနေ တိတ်တိတ်လေး ကြည့်နေ၏။
သူ့စိတ်ထဲတွင် အဖြေကို အရမ်းသိချင်နေခဲ့သည်။