အက်မော်တယ်ဓား၏ သေဆုံးမှု
Vol. 88 Ch. 1306
ဝှစ်...
ရွှေရောင်အလင်းတစ်ခုသည် ဖျပ်ခနဲ လက်သွားပြီး ချစ်ချစ်တော်အော်ရာတစ်ခုကို ဖြာထုတ်ပေးလာ၏။ ရွှေရောင်အလင်းကနေ ထုတ်ပေးလိုက်သော အပူချိန်သည် သမာဓိတာအိုမီးထက်ပင် ပို၍မြင့်မားနေသည်ဟု ထင်ရ၏။
၎င်းသည် အလွန်တရာ မြန်ဆန်ပြီး ဆူဇီမို၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို လှည့်ပတ်လိုက်၏။
ဆူဇီမို၏ ဓမ္မဝိသေသသည် သူ၏လက်ခြောက်ဖက်ကို လွှဲယမ်းလိုက်၏။ သို့သော်လည်း သူက ရွှေရောင်အလင်းကို ဖမ်းဆုပ်မိနိုင်ခြင်း မရှိပေ။
ဇီ.... ဇီ....
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ဆတ်ခနဲတုန်ခါသွားပြီး သူ၏ ရင်ဘတ်ပေါ်တွင် ကြီးမားသည့်ဒဏ်ရာတစ်ခုက ပေါ်ထွက်လာ၏။
၎င်း၏ ဓမ္မစွမ်းအားများက လျော့ကျလာလေသည်။
သို့သော်လည်း ဤကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အန္တိမအဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ဓမ္မစွမ်းအားများက သိပ်သည်းကျစ်လျစ်နေ၏။ သမာဓိတာအိုမီးသည် ဒေါသတကြီးလောင်ကျွမ်း၍ ဓမ္မစွမ်းအားများ ဆုံးရှုံးမှုကို ချက်ချင်းပင်တားဆိးလိုက်၏။
ရွှေရောင်အလင်းသည် ရပ်တန့်သွားပြီး ၎င်း၏ အစစ်အမှန် သွင်ပြင်ကို ထုတ်ဖော်ပြသလိုက်၏။ အဲ့ဒါက ရွှေကျီးကန်းတတိယမင်းသားဖြစ်၏။
“ဟီးဟီး...”
ရွှေကျီးကန်းတတိယမင်းသားက ရယ်မောလိုက်၏။
“မင်းရဲ့ ဓမ္မဝိသေသပေါ်က မီးတောက်က တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ... အဲ့ဒါက ငါ့ရဲ့ ရွှေကျီးကန်းမီးတောက်ထက် နဲနဲပဲပိုပြီး အားနည်းတယ်”
ရွှေကျီးကန်းမျိုးနွယ်သည် နေမင်း၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး သူတို့၏ ခန္ဓာကိုယ်သည် မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။
သူတို့သည် အရှေ့ပင်လယ်အထက်နှင့် ဖူစန်းသစ်ပင်အောက်မှာနေထိုင်ကြ၏။
သူတို့သည် ကမ္ဘာဦးခေတ်က နတ်ဘုရားငှက်များဖြစ်ကြ၏။
ရွှေကျီးကန်းမျိုးနွယ်သည် အလွန်တရာမြန်ဆန်ပြီး ယက္ခမျိုးနွယ်ထက် မနိမ့်ကျရုံသာမက သူတို့သည် သက်ရှိများအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်သည့် ကြောက်စရာကောင်းသော ရွှေရောင်မီးတောက်များကိုပါ ပိုင်ဆိုင်ထား၏။
လက်ရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သမာဓိတာအိုမီး၏ လောင်ကျွမ်းခံရမည်ကို စိုးရိမ်၍ ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသဆီသို့ ချည်းကပ်ရဲခြင်းမရှိကြပေ။
သို့သော်လည်း ရွှေကျီးကန်းတတိယမင်းသားက အကြောက်အလန့်ကင်းမဲ့လေသည်။
သူသည် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသဆီသို့ ချည်းကပ်ခဲ့ရုံသာမက သူသည် အခွင့်အလမ်းတစ်ခုကိုချိန်ဆပြီး ရွှေကျီးကန်းခြေထောက်ဖြင့် ဓမ္မဝိသေသ၏ ရင်ဘတ်ပေါ်သို့ ကြီးမားသည့် ဒဏ်ရာတစ်ခုဖြစ်အောင် ကုတ်ဆွဲခဲ့၏။
ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်တစ်ယောက်၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရ၏။
ကမ္ဘာဦးမျိုးနွယ်များ၏ မျိုးဆက်သွေးသည် အရမ်းကိုသန်မာပြီး သူတို့က ရှေးအကျဆုံးသက်ရှိများဖြစ်ကြ၏။
ကမ္ဘာဦးမျိုးနွယ်များမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် လူသားမျိုးနွယ်မှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများနှင့် ယှဥ်နိုင်သော တိုက်ခိုက်ရည်ခွန်အားရှိကြ၏။
ကမ္ဘာဦးမျိုးနွယ်များမှ အသန်မာဆုံး ပေါင်းစည်းခန္ဓာ ပြန်ဝင်စားမွန်းစတားများသည် လူသားမျိုးနွယ်မှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများကို ဖိနှိမ်နိုင်ကြလေသည်။
ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အန္တိမအဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း ၎င်းသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ စွမ်းအားကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ညဝိညာဥ်က ပေတစ်ရာအကွာအဝေးမှာရှိနေ၏။
ပုံမှန်အားဖြင့်ဆိုလျှင် ပေတစ်ရာဆိုသည်က အလွန်တရာ တိုတောင်းသော အကွာအဝေးတစ်ခုဖြစ်၏။
သို့သော် ယခုအခါ... သူတို့ကြားမှာ ကမ္ဘာဦးမျိုးနွယ်က သက်ရှိတစ်ရာကျော်ရှိနေကြပြီး ပေါင်းစည်းခန္ဓာပညာရှင်များလည်းပါဝင်ကြလေသည်။
ထိုပေတစ်ရာက ရင်ကြားမစေ့နိုင်သော ကွာဟချက်တစ်ခုနှင့်တူနေ၏။
“အင်မော်တယ်ဓား... မင်းအသက်နဲ့ ပြန်ပေးဆပ်လိုက်တော့”
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။
ချက်ချင်းပင် တဝုန်းဝုန်းထနေသော မိစ္ဆာချီများသည် ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ မင်ကဲ့သို့ နက်မှောင်၍ လောကတစ်ခုလုံးကို အရောင်မှိန်ကျသွားစေ၏။
ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များပင်လျှင် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။
ယန်ပေးချန်၏ သတ်ဖြတ်လိုစိတ်အောက်တွင် အင်မော်တယ်ဓားသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်နှာက ကြောက်လန့်တကြားဖြူဖျော့နေ၏။
ယန်ပေးချန်သည် ရှေ့သို့တက်လှမ်းပြီး သူ့လက်ထဲရှိ အမုန်းမိစ္တာဆေဘာနှင့်အတူ ခုတ်ပိုင်းချလိုက်၏။ ချက်ချင်းပင် ၎င်းက သိပ်သည်းပြင်းထန်သော မိစ္ဆာချီတစ်ခုနှင့်အတူ အင်မော်တယ်ဓား၏ ဦးခေါင်းထက်သို့ ဆင်းသက်လာ၏။
“အား...”
အင်မော်တယ်ဓားသည် ကြောက်လန့်တကြားအမူအရာနှင့်အတူ စူးစူးဝါးဝါးအော်ဟစ်၍ သူ၏မျက်နှာက ရှုံ့မဲ့သွား၏။ သူ၏ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဓမ္မအင်းကွက် ၆ ခုကို ထုတ်ဖော်ကာ အမုန်းမိစ္တာဆေဘာကို ပိတ်ဆို့တားဆီးလိုက်၏။
ချွမ်း...
သတ္တုချင်းထိခတ်သံက စူးစူးရှရှပုံစံဖြင့် ပေါ်ထွက်လာခဲ့၏။
ဓားနှင့်ဆေဘာသည် ထိတွေ့ရိုက်ခတ်သွားပြီး ယန်ပေးချန်နှင့် အင်မော်တယ်ဓားက မလှုပ်မယှက်ရပ်နေကြ၏။
ချက်ချင်းပင် လောကက ရပ်တန့်သွားသည်ဟုထင်ရ၏။
ချွမ်း...
ဓားက ကျိုးပျက်သွားလေသည်။
အဲ့ဒီနောက် ချက်ချင်းပင် အင်မော်တယ်ဓား၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ဆုတ်ပြဲသွားပြီး သွေးမြူများက ပန်းထွက်လာ၏။ သူ၏မျက်လုံးက အရောင်မှိန်ကျသွားပြီး သူ၏အသက်ဓာတ်က လျင်မြန်စွာ လျော့ကျလာ၏။
ယန်ပေးချန်၏ မုန်းတီးသော ခုတ်ချက်သည် အင်မော်တယ်ဓား၏ ခန္ဓာကိုယ်ရှိ အသက်ဓာတ်များအားလုံးကို ဖျက်ဆီးပစ်လိုက်၏။
ထိုခုတ်ချက်သည် ယန်ပေးချန်၏ နှလုံးသားထဲရှိ အမုန်းတရားများအားလုံးကို ဖွင့်ထုတ်ပေးလိုက်၏။ အင်မော်တယ်ဓားသည် အဲ့ဒါကို လုံးဝခုခံနိုင်ခြင်း မရှိပေ။
သူ၏ မူပိုင်ဓမ္မလက်နက်ပင်လျှင် အမုန်းမိစ္တာဆေဘာ၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။
“ဟီးဟီးဟီးဟီး...”
အင်မော်တယ်ဓား၏နှုတ်ခမ်းသည် ရယ်ချင်နေသည့်အလား ကွေးညွတ်သွား၏။ သို့သော်လည်း သူ၏ပါးစပ်ထဲမှ ဆူပွတ်နေသော သွေးများကလျှံထွက်လာပြီး ထူးဆန်းသော အသံတစ်ခုကိုထွက်ပေါ်လာစေ၏။
“မင်း-မင်းက... ငါ့ကိုသတ်နိုင်တယ်ဆိုရင်တောင် မင်း-မင်းက... အဲဒီခွေးမကို ပြန်မရတော့ဘူး”
အင်မော်တယ်ဓားသည် ရူးသွပ်သွားသော အမူအရာတစ်ခုရှိပြီး အထစ်ထစ်အငေါ့ငေါ့ပြောဆိုနေ၏။
“မင်း-မင်းက.... ရှုံးသွားပြီ ဟားဟားဟားဟား”
အင်မော်တယ်ဓား၏ရယ်သံက ယတိပြတ်ရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက သွေးမြူများအဖြစ်ပေါက်ကွဲထွက်သွား၏။
သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် အလောင်းပင်မကျန်အောင် ပျက်စီးသွားခဲ့လေသည်။
အက်မော်တယ်ဓားသည် သူသေရတော့မယ်ဆိုတာကို သိနေတာတောင် သူက နောက်ဆုံးအချိန်ထိ ယန်ပေးချန်ကို စိတ်ဒုက္ခပေးသွားချင်လေသည်။
သူသည် လူများ၏ စိတ်နှလုံးများနှင့် ကစားသည့်နေရာမှာ အတော်ဆုံးဖြစ်၏။ မဟုတ်ပါက ချင်ဖျန်ရန်နှင့် တာအိုအရှင်တိမ်လွှာမိုးစက်ကဲ့သို့ လူများသည် သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရလိမ့်မည် မဟုတ်ပေ။
သူ၏ နောက်ဆုံးစကားသည် ယန်ပေးချန်၏အရှိုက်ကို တကယ်ပင်ထိသွား၏။
“ငါရှုံးသွားပြီ.... ငါရှုံးသွားပြီ”
အင်မော်တယ်ဓားကို သုတ်သင်နိုင်ခဲ့သော်လည်း ယန်ပေးချန်သည် သူတွေးထင်ထားသကဲ့သို့ ပျော်ရွှင်မှုကို မခံစားရေပ။
သူသည် နာကျင်နေသော အမူအရာတစ်ခုနှင့်အတူ တုန်ယင်နေပြီး လိပ်ပြာမလုံမှုနှင့် သူ့ကိုယ်သူအပြစ်တင်ခြင်းမှာ ကျဆင်းသွားလေသည်။ သူ၏စိတ်က ဗလာကျင်းသွားသည်ဟုထင်ရပြီး သူက တီးတိုးရေရွတ်နေ၏။
“သူပြောတာမှန်တယ်... ဖျန်ရန် ငါမင်းကိုပြန်မရတော့ဘူး... အဲ့ဒါတွေအားလုံးက ငါ့အမှားပဲ”
“ဟီးဟီး..”
ထိုသည်ကိုမြင်သောအခါ ရွှေကျီးကန်းတတိယမင်းသားက လှောင်ရယ်လိုက်၏။
“ကြည့်ရတာတော့... အဲ့ဒီလူက ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ဘူး... ငါတို့က သူ့ကို တိုက်ခိုက်နေစရာတောင်မလိုတော့ဘူး”
“အမှန်ပဲ... သူက ဒုတိယအမုန်းပါပဲ... သူ့ကိုကြောက်စရာမလိုတော့ဘူး သူက အနှေးနဲ့အမြန်ဆိုသလို သူ့ကိုယ်သူ သတ်သေသွားလိမ့်မယ်”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က အရေးမထားဟန်ဖြင့်ပြောလိုက်၏။
ဆူဇီမိုသည် တစ်စုံတစ်ရာကို ရုတ်တရက်နားလည်သွားရင်း ရင်တစ်ချက်ထိတ်သွား၏။
အမုန်းသုတ္တန်သည် တကယ်ပင်စွမ်းအားကြီးမား၏။ ယန်ပေးချန်သည် မိစ္ဆာဧကရာဇ်အမုန်း၏ အမွေအနှစ်ကို ဆက်ခံရရှိထားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာတိုးလာခဲ့၏။ သူ့ကို ဒုတိယ မိစ္ဆာဧကရာဇ်အမုန်းဟု သတ်မှတ်နိုင်လေသည်။
သို့သော်လည်း နောက်ဆုံးမှာ မိစ္ဆာဧကရာဇ်အမုန်းက ဘာဖြစ်သွားခဲ့သလဲ။
ယန်ပေးချန်သည် အမုန်းသုတ္တန်ကို ပိုမိုနက်ရှိုင်းစွာ ကျင့်ကြံမိလေလေ သူ့အနေဖြင့် သူ့ကိုယ်သူကယ်တင်နိုင်ဖို့ ခက်ခဲလာလေလေဖြစ်ပေလိမ့်မည်။
ယခုအချိန်တွင် သူက ချင်ဖျန်ရန်အကြောင်း တွေးမိသောအခါ မူးဝေထုံထိုင်းသော ဤနာကျင်မှုတွင်သာ ကျဆင်းသွားပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ သူက ထိုနာကျင်မှုမှာ ဆက်လက်နစ်မျောနေမည်ဆိုလျှင် သူသည် သူ၏အသိစိတ်ကို တစ်ဖန်ပြန်လည်ရရှိတော့မည်မဟုတ်ဘဲ မိစ္ဆာဧကရာဇ်အမုန်းကဲ့သို့ပင် တူညီသော ရွေးချယ်မှုကို ပြုလုပ်လာပေလိမ့်မည်။
သူက သူ့ကိုယ်သူ အဆုံးစီရင်လာပေလိမ့်မည်။
ဆူဇီမိုသည် အဲ့ဒါကို ဆက်လက်၍ စဉ်းစားတွေးတောရဲခြင်းမရှိတော့ပေ။ ယခုအချိန်တွင် သူက ထိုသို့လုပ်ဖို့လည်း စွမ်းအင်မကျန်ရှိတော့ပေ။
အဲ့ဒါက နောင်တစ်ချိန်မှာ ယန်ပေးချန်ကြုံတွေ့ရမည့် အန္တရာယ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်၏။ ယခုအချိန်မှာ ဆူဇီမိုအတွက် အရေးကြီးသောအရာသည် ညဝိညာဉ်ကို ကယ်တင်ပြီး ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ဖြစ်၏။
“ဇီမို... ငါမင်းကို ကူညီမယ်”
ထိုစဉ်မှာပင် အဆုံးစွန်မီးသည် ခရမ်းရောင်မီးတောက်ကို သတ်ဖြတ်ပြီးကာစဖြစ်ပြီး ဆူဇီမို၏ အခြေအနေကို ခံစားမိသွားကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြေးချလာ၏။
“ဆရာ... သတိထား”
ဆူဇီမို၏အမူအရာက ပြောင်းလဲသွားပြီး အလောတကြီးသတိပေးလိုက်၏။
အဆုံးစွန်မီးသည် ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းလာသည်မှာ မကြာသေးသော်လည်း သူ၏ခန္ဓာကိုယ်သည် အန္တိမဓမ္မဝိသေသတစ်ခုဖြင့် ပေါင်းစည်းထားပြီး သူ၏ ဓမ္မစွမ်းအားများက သန်မာလေသည်။ သူ၏တိုက်ခိုက်ရည်ခွန်အားက ပေါင်းစည်းခန္ဓာအဆင့်တွင် ထိပ်တန်းမှာရှိလေသည်။
ထိပ်သီးဂိုဏ်းကြီးများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရလျှင်တောင် အဆုံးစွန်မီးက အရေးနိမ့်လိမ့်မည်မဟုတ်ပေ။
သို့သော် ယခုအခါ ဆူဇီမိုရှေ့ရှိလူများသည် ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်များဖြစ်ပြီး သူတို့၏တိုက်ခိုက်ရည်ခွန်အားက ပေါင်းစည်းခန္ဓာအဆင့်ထက် ကျော်လွန်သွားခဲ့လေပြီ။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လေထဲမှာ မလှုပ်မယှက် မတ်တတ်ရပ်နေ၏။
ရုတ်တရက်ဆိုသလို...
ကောင်းကင်ဘုံမျက်လုံးစွမ်းအားကြီးပုဂ္ဂိုလ်၏ နှာရောင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာ၏။ အဲ့ဒါသည် မျက်လုံးတစ်လုံးပွင့်လာပြီး လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားသော မှော်စာလုံးများစွာသည် အထဲမှာ တလိပ်လိပ်တက်လာကာ သူတို့သည် လောကရှိ အသန်မာဆုံး စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။
ကောင်းကင်နှင့်မြေကြီး တောင်ကြားတစ်ခုလုံးက ထိုမျက်လုံးပွင့်လာချိန်တွင် တုန်ခါလာခဲ့၏။
တောင်တန်းများက အက်ကွဲ၍ ကျောက်တုံးများက လိမ့်ဆင်းလာ၏။
လူအုပ်ကြီးက တုန်လှုပ်သွားရ၏။
အဲ့ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...။
မျက်လုံးတစ်လုံးက ထိုကဲ့သို့သော အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေဖို့ လုံလောက်လေသည်။
ထိုမျက်လုံးမှ အနက်ရောင်အလင်းတစ်ခုက ပစ်လွင့်လာပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့၏။
အဆုံးစွန်မီးက လှုပ်ရှားလိုက်သည့်ခဏမှာပင် သူက ရင်တစ်ချက်ထိတ်သွားပြီး သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ မူပိုင်ဓမ္မလက်နက်ဖြစ်သော လက်နက်မီးဖိုကို သူ၏ရှေ့ကနေ ပိတ်ကာလိုက်၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်အလင်းက ဖျက်ဆီးအားပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ ဆင်းသက်လာခဲ့၏။
ချွမ်း...
အနက်ရောင်အလင်းသည် အဆုံးစွန်မီး၏ လက်နက်မီးဖိုကို ကျယ်လောင်သောအသံဖြင့် ထိတွေ့ရိုက်ခတ်လိုက်၏။
အဆုံးစွန်မီးသည် ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ပုံရိပ်က နောက်သို့လှန်ကျကာ ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
သူ၏ လက်နက်မီးဖိုပေါ်ရှိ ပထမတစ်လွှာသည် အနက်ရောင်အလင်းဖြင့် ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။
အဆုံးစွန်မီး၏ မူပိုင်ဓမ္မလက်နက်ကို အကြည့်တစ်ချက်ဖြင့် ထိုးဖောက်နိုင်သည်ဆိုတော့.... ထိုမျက်လုံးထဲရှိစွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းနေလိုက်သလဲ။