← Chapters

သေချင်နေတဲ့သူက မင်းပဲ

Vol. 88 Ch. 1307

သေချင်နေတဲ့သူက မင်းပဲ

Vol. 88 Ch. 1307

ကမ္ဘာဦးမျိုးနွယ် ၉ စုကို ကမ္ဘာဦးမျိုးနွယ် ၉ စုဟု ခေါ်ဆိုကြပြီး သူတို့က လောကကို‌ အုပ်စိုးနိုင်ခဲ့သည်မှာ သူတို့မျိုးနွယ်တစ်ခုချင်းစီသည် အလွန်တရာ စွမ်းအားကြီးမားသော အမွေအနှစ်များနှင့် အစွမ်းအစများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။

လူသားများသည် မွေးကတည်းက အားနည်းလာကြ၏။ သူတို့၏ အထွတ်အထိပ် အချိန်မှာပင် သူတို့က ကြမ်းကြုတ်တောကောင်များကို သတ်ဖြတ်နိုင်ချင်မှ သတ်ဖြတ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၉စုကတော့ ကွဲပြားခြားနားလေသည်။

ဤမျိုးနွယ်စုများသည် မွေးဖွားလာစဉ်ကတည်းက သူတို့သည် ပင်ကိုယ်စွမ်းအားကြီးမားသော အရည်အချင်းများကို ပိုင်ဆိုင်လာကြ၏။

ဥပမာအားဖြင့် ရွှေကျီးကန်းမျိုးနွယ်သည် ခြေသုံးချောင်းနှင့်အတူ မွေးဖွားလာပြီး သူတို့၏ တောင်ပံများကို ဖြန့်ကြက်ကာ နေမင်းနတ်ဘုရားမီးကို ပိုင်ဆိုင်ထားကြ၏။

ရွှေကျီးကန်းမျိုးနွယ်သည် ကြမ်းကြုတ်တောကောင်များကို အသာထား.. စိတ်ဝိညာဉ်တောကောင်များနှင့် သားရဲများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ကြ၏။

နဂါးမျိုးနွယ်သည် ထက်ရှသော သွားစွယ်များနှင့် လက်သည်းများနှင့်အတူ မွေးဖွားလာပြီး ဒြပ်စင်ငါးမျိုးကို ထိန်းချုပ်နိုင်ကြ၏။

မျိုးနွယ်စုတစ်ခုချင်းစီသည် မတူညီသော အရည်အချင်းများမှာ အထူးပြုကြလေသည်။

ဥပမာအားဖြင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယသည် လူသားများထက် များစွာသာလွန်သော်လည်း သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ အလယ်အလတ်အဆင့်တွင်သာ ရပ်တည်နိုင်၏။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အသန်မာဆုံး နည်းစနစ်မှာ သူတို့၏ နှာရောင်ပေါ်ရှိ မျက်လုံးဖြစ်၏။

ထိုမျက်လုံးသည် ကောင်းကင်ဘုံမျက်လုံးအဖြစ် ကျော်ကြားလေသည်။ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အသန်မာဆုံး စွမ်းအားများ စုဆုံနေသည့် နေရာတစ်ခုလည်းဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူတို့မျိုးနွယ်၏ အမည်ကို ကောင်းကင်ဘုံမျက်လုံးဟု ခေါ်ဆိုခြင်းဖြစ်၏။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ စက္ခုနည်းစနစ်သည် မျိုးနွယ်စုတစ်သောင်းကြားမှာ အသန်မာဆုံးဖြစ်၏။

အဲဒါက နက်မှောင်သော အလင်းတစ်ခုသာ ဖြစ်သော်လည်း ၎င်းသည် ကောင်းကင်ဘုံမျက်လုံးမှ လာခြင်းဖြစ်၏။ အခြားသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ဤစွမ်းအားကြီးပုဂ္ဂိုလ်ထံမှ အကြည့်တစ်ချက်ဖြင့် သေဆုံးရပေလိမ့်မည်။

အဆုံးစွန်မီး၏ ပင်ကိုယ်တိုက်ခိုက်ရည်ခွန်အားသည် လူသားမျိုးနွယ်ကြားတွင် ထိပ်တန်းအဆင့်မှာ ရှိလေသည်။

သို့သော်လည်း သူသည် ဘာပဲပြောပြော ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာသည်မှာ မကြာသေးဘဲ တိုက်ခိုက်လိုက်သော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် ယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်၏။

အဆုံးစွန်မီး၏ မူပိုင်ဓမ္မလက်နက်သည် ဖျက်ဆီးခံလိုက်ရပြီး အဲဒါက သူ့အပေါ်ကို သက်ရောက်ကာ သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေ၏။ တကယ်ဆို သူသည် စိတ်ပျက်အားငယ်သော အမူအရာတစ်ခုနှင့်အတူ လေထဲကနေ အထိန်းအကွပ်မဲ့စွာ ပြုတ်ကျလာ၏။

“ဆရာဘိုးဘိုး..”

တာအိုအရှင် ကြယ်သွေးနီသည် ထိတ်လန့်တကြား အော်ဟစ်၍ အဆုံးစွန်မီးကို ကာကွယ်ရန် ရှေ့သို့ ပြေးတက်လာ၏။

“ဆရာ့ကို‌ ခေါ်ပြီး ဒီနေရာကနေ မြန်မြန်သွားတော့”

ဆူဇီမိုက တာအိုအရှင် ကြယ်သွေးနီထံသို့ အသံတစ်ခုကို ချက်ချင်းပို့လွှတ်လိုက်၏။

“ဆရာဦးလေး.. ဒါပေမဲ့ ခင်ဗျားက…”

တာအိုအရှင် ကြယ်သွေးနီက တွေဝေတုံ့ဆိုင်းသော အမူအရာတစ်ခု ရှိနေ၏။

“ခင်ဗျားတို့တွေက ဒီတိုက်ပွဲမှာ ဝင်ပါလာမယ်ဆိုရင်… အသွန်းတစ်ရာဂိုဏ်းတစ်ခုလုံးကတောင် အဲဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး.. ဒီနေရာကနေ မြန်မြန်ထွက်သွားတော့… တုံ့ဆိုင်းမနေနဲ့”

ဆူဇီမို၏ လေသံက ပို၍ပင် အလောတကြီးနိုင်လာ၏။

အဆုံးစွန်မီး၏ တိုက်ခိုက်ရည်ခွန်အားက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက် ကြီးမားစွာ လျော့ကျသွားလေသည်။ သူက ဤနေရာမှာ ရှိနေသည်ဆိုလျှင်တောင် သူက ဆူဇီမိုကို ကူညီပေးနိုင်တော့မည် မဟုတ်ဘဲ စိတ်အာရုံသာ ပျက်ယွင်းစေပေလိမ့်မည်။

ထိုသို့အတွေးဖြင့် တာအိုအရှင် ကြယ်သွေးနီသည် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချပြီး အော်ဟစ်ပြောဆိုလိုက်၏။

“အသွန်းတစ်ရာဂိုဏ်းသားတွေ… ကျုပ်နောက်က လိုက်ခဲ့ကြ”

အသွန်းတစ်ရာဂိုဏ်းသည် တိုက်ပွဲနယ်မြေကနေ အရင်ဆုံး ဆုတ်ခွာသွားကြ၏။

“စီနီယာကြိုးကြာ.. ဆန်းကြယ်တောင်ထွတ်က ကျင့်ကြံသူတွေကို ခေါ်ပြီး ခင်ဗျားလည်း ထွက်သွားတော့”

ဆူဇီမိုက အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။

ဘာကြောင့်ရယ်မသိ… သူသည် အလွန်တရာ အရေးကြီးသည့် တစ်စုံတစ်ရာကို လျစ်လျူရှုထားမိသည့်အလား.. စိတ်ထဲမှာ မသက်မသာ ခံစားနေရ၏။

ဤကောင်းကင်နှင့်မြေကြီးတောင်ကြားသည်လည်း သူ့ကို မသက်မသာ ခံစားရစေ၏။

ထိုမသက်မသာ ခံစားချက်သည် ကမ္ဘာဦးမျိုးနွယ် ၆စုထံမှ လာခြင်းမဟုတ်ပေ။

“တာအိုအရှင် အထီးကျန်သိုင်းသခင်.. မင်းက အန္တိမအဆင့်ထက် ကျော်လွန်ပြီးတော့ ၉၉ပေ မြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတစ်ခုကို စုဖွဲ့နိုင်တယ်ဆိုတာ တကယ့်ကို အံ့မခန်းပဲ”

နတ်ဘုရားဟန်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒါပေမဲ့လို့.. မင်းက ဒီနေ့ သေရလိမ့်မယ်”

“ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုရဲ့ ရှေ့မှာ မင်းရဲ့ အလကား ဓမ္မဝိသေသက ဘာမှမဟုတ်ဘူး”

ယက္ခဖုန်ထျန်က ကြောက်မက်ဖွယ်ရာ အမူအရာနှင့်အတူ လှောင်ရယ်မောလိုက်၏။

“နတ်ဘုရားမျိုးနွယ်နဲ့ ယက္ခမျိုးနွယ်က တကယ်ပဲ မှတ်ဉာဏ်မကောင်းကြဘူးပဲ”

ဆူဇီမို၏ အကြည့်က အေးစက်လာပြီး ခက်ထန်ကြမ်းကြုတ်စွာဖြင့် ပြောလိုက်၏။

“ကြည့်ရတာတော့.. အသင်္ချေနယ်မြေမြို့တော်မှာတုန်းက မင်းတို့တွေကို ငါသတ်ခဲ့တဲ့ အရေအတွက် မလုံလောက်သေးဘူးနဲ့ တူတယ်.. ငါက သိပ်ပြီးတော့ ရက်စက်မပြခဲ့လို့ ထင်တယ်”

ကမ္ဘာဦးမျိုးနွယ်မှ သက်ရှိများနှင့် ရင်ဆိုင်ရလျှင်တောင် ဆူဇီမို၏ အော်ရာက လုံးဝ အားနည်းသွားခြင်း မရှိပေ။

အင်မော်တယ်ဓားဆိုလျှင်.. ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်တစ်ယောက်က သူ၏ပါးကို ဖြတ်ရိုက်လိုက်တာတောင် သူက တစ်စုံတစ်ရာ ပြောဆိုရဲခြင်း မရှိပေ။

သို့သော်လည်း ဆူဇီမိုကတော့ ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။

“မိုက်ရိုင်းလိုက်တာကွာ”

“မင်းကတော့ သေချင်နေပြီပဲ”

ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်မှ ပညာရှင်များက အော်ဟစ်ငေါက်ငမ်းလိုက်ကြ၏။

နတ်ဘုရားဟန်လင်း၏ အမူအရာကလည်း ချက်ချင်းပင် သုန်မှုန်သွား၏။

“ပုရွက်ဆိတ်လိုကောင်.. မင်းကတော့ သေချင်နေပြီပဲ”

ယက္ခဖုန်ထျန်ကလည်း ဒေါသူပုန်ထသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ယက္ခမျိုးနွယ်၏ အသံက စူးရှ၍ မနှစ်မျို့ဖွယ်ရာကောင်းလေသည်။

အသင်္ချေနယ်မြေမြို့တော်မှ တိုက်ပွဲသည် ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်အတွက် ကြီးမားသည့် အရှက်ခွဲခံရမှုတစ်ခု ဖြစ်ခဲ့၏။

ကျင့်ကြံရေးလောကတွင် လူသားမျိုးနွယ်သည် ထိုတိုက်ပွဲကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိကြသော်လည်း အဲဒါက ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်သည် အခြားမျိုးနွယ်များ၏ အတင်းအဖျင်းပြောခြင်းကို ခံခဲ့ရ၏။

ဘာပဲပြောပြော… လူသားမျိုးနွယ်များထံမှာ ရှုံးနိမ့်ပြီး အပြတ်အသတ် ချေမှုန်းဖျက်ဆီးခံရခြင်းသည် ဂုဏ်ယူစရာကောင်းသည့်အရာတစ်ခု မဟုတ်ပေ။

“သေချင်နေတဲ့သူက မင်းပဲ”

ရုတ်တရက်.. အေးစက်စက် အသံတစ်သံက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် ပေ၃၀ကျော် မြင့်မားသော ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ ထိုပုံရိပ်သည် သွေးနီရောင်အလင်းဖြင့် တောက်ပနေပြီး ချစ်ချစ်တောက် အော်ရာတစ်ခုကို ဖြာထုတ်ပေးကာ ယက္ခဖုန်ထျန်၏ နောက်သို့ ဆင်းသက်လာ၏။

ထိုပုံရိပ်က အလွန်တရာ မြန်ဆန်ပြီး ဘယ်ဆီဘယ်ဝယ်ကရယ် မသိ ပေါ်ထွက်လာခြင်းဖြစ်၏။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အသာထား.. ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များပင်လျှင် အဲဒါကို အချိန်မီ မတုံ့ပြန်နိုင်ကြပေ။

“အဲဒါ ဘယ်သူလဲကွ”

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် အချိန်မီ အော်ဟစ်လိုက်နိုင်သော်လည်း သူတို့က ထိုပုံရိပ်ကို‌ ရှင်းလင်းစွာ သဲသဲကွဲကွဲ မမြင်လိုက်ကြပေ။

သွေးနီရောင်ပုံရိပ်သည် ယက္ခဖုန်ထျန်၏နောက်သို့ ရောက်ရှိလာပြီး သူ၏လက်ဖဝါးကို ဆန့်ထုတ်ကာ အေးစက်စွာ တောက်ပနေသည့် ထက်ရှသော လက်သည်းများကို ထုတ်ဖော်ပြီး ထိုသူ၏ ဦးခေါင်းကို ကုတ်ဆွဲချလိုက်၏။

ယက္ခဖုန်ထျန်သည် ထိတ်လန့်သွားပြီး ခေါင်းနပန်းကြီးလာခဲ့၏။ သူက နှစ်ခါမစဉ်းစားဘဲ သူ၏ တောင်ပံများကို ခတ်ကာ အဝေးသို့ ပြေးထွက်လိုက်၏။

ယက္ခများ၏ အမြန်နှုန်းက အရမ်းကို မြန်ဆန်လေသည်။

ကမ္ဘာဦးမျိုးနွယ်များကြားမှာ သူတို့က အမြန်ဆုံးဖြစ်၏။

ထိုတဒင်္ဂအတွင်းမှာပင်.. ယက္ခဖုန်ထျန်သည် အနက်ရောင် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ကြောက်မက်ဖွယ်ရာကောင်းသော ထိုလက်သည်း၏ လွှမ်းခြုံမှုကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။

ရုတ်တရက်ဆိုသလို…

ထိုပုံရိပ်၏ လက်က တဖျောက်ဖျောက်မြည်သွားပြီး ၄ပေအထိ ချက်ချင်းရှည်ထွက်လာ၏။ ချက်ချင်းပင် ၎င်းက ယက္ခဖုန်ထျန်ကို လိုက်မီသွားပြီး ထိုသူကို အောက်သို့ ကုတ်ဆွဲချလိုက်၏။

“ဗျစ်…”

သွေးမြူများက ဖွားခနဲ ထွက်လာ၏။

“အား..”

ယက္ခဖုန်ထျန်က ဝမ်းနည်းဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူ၏တုံ့ပြန်မှုက မြန်ဆန်ပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်ကို ၎င်း၏ အကန့်အသတ်ထိ တွန်းတင်နိုင်ခဲ့ပြီဖြစ်၏။

ထိုသို့ဆိုလျှင်တောင် ထိုပုံရိပ်သည် သူ့ကို လိုက်မီသွားပြီး ထက်ရှသော လက်သည်းများနှင့်အတူ သူ၏ အသားပြားတောင်ပံတစ်ဖက်ကို ဆုတ်ဖြဲပစ်လိုက်၏။ ကြီးမားသော အပိုင်းအစတစ်ခုက စုတ်ပြဲကျသွားပြီး သွေးများက ပန်းထွက်လာ၏။

ထိုမြင်ကွင်းက အရမ်းကို ကြောက်မက်ဖွယ်ရာကောင်း၏။

ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များပင်လျှင် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ယက္ခဖုန်ထျန်၏ အမြန်နှုန်းနှင့်ပင်လျှင် သူသည် မထိမခိုက် လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။ ထိုပုံရိပ်သည် စောစောက သူတို့ထဲမှ အခြားတစ်ယောက်ယောက်ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် မည်သူက အသက်ရှင်နိုင်ပါမည်လဲ။

သူတို့၏ စိတ်ထဲသို့ ထိုအတွေး ဝင်ရောက်လာသည့် ခဏမှာပင်.. တိုက်ပွဲနယ်မြေမှာ နောက်ထပ် အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။

သွေးနီရောင်ပုံရိပ်သည် ယက္ခဖုန်ထျန်၏ အသားပြားတောင်ပံကို ဆုတ်ဖြဲပြီးတာတောင် ရပ်တန့်သွားခြင်း မရှိပေ။ ၎င်းက အရှိန်အဟုန်နှင့်အတူ ရှေ့သို့ ဆက်လိုက်သွားလေသည်။ ပေ၃၀ မြင့်မားသော ထိုပုံရိပ်က ရုတ်တရက် အနာကွန်ဒါတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး ယက္ခဖုန်ထျန်ကို ရစ်ပတ်လိုက်လေသည်။

၎င်း၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ခွန်အားကို ဖျစ်ညှစ်ထုတ်လိုက်၏။

ဖျောက်.. ဖျောက်… ဖျောက်…

အရိုးများ ကျိုးပဲ့သံက ယက္ခဖုန်ထျန်၏ ခန္ဓာကိုယ်အတွင်းကနေ ထွက်ပေါ်လာ၏။

အားလုံး၏ အကြည့်အောက်မှာပင် ယက္ခဖုန်ထျန်၏ ခန္ဓာကိုယ်သည် လုံးဝ ပုံပျက်ပန်းပျက် ဖြစ်သည်အထိ ဖျစ်ညှစ်ခြင်း ခံလိုက်ရ၏။

ယက္ခဖုန်ထျန်၏ မျက်လုံးနှစ်လုံးက ပြူထွက်လာပြီး သွေးနီရောင်သမ်းနေ၏။ သူ၏မျက်နှာက ခရမ်းရောင်နှင့် အစိမ်းရောင် တစ်လှည့်စီပြောင်းလဲသွားပြီး သူ၏သွေးချီက လျင်မြန်စွာ လျော့ကျသွား၏။

ပေါင်းစည်းခန္ဓာအဆင့်၌ လူတစ်ယောက်သည် ပြတ်တောက်သွားသော သူတို့၏ ခြေလက်များကို ပြန်ပေါက်စေနိုင်၏။

သူတို့၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဆိုလျှင်တောင် သူတို့အနေဖြင့် အချိန်တစ်ခု အနားယူပြီးလျှင် ပြန်လည်ကုသနိုင်ဆဲဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ယက္ခဖုန်ထျန်သည် သွေးနီရောင်ပုံရိပ်၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။ သူက မည်မျှပင် မြန်ဆန်သည်ဖြစ်ပါစေ.. ရုန်းထွက်နိုင်ခြင်း မရှိဘဲ ကြီးမားပြင်းထန်သည့် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရ၏။

ဝှစ်…

အမြုတေစိတ်ဝိညာဉ်တစ်ခုသည် ယက္ခဖုန်ထျန်၏ ဦးခေါင်းထိပ်ကနေ ပျံသန်းထွက်လာပြီး ထိတ်လန့်တကြား အမူအရာတစ်ခုနှင့်အတူ ထွက်ပြေးဖို့ ကြိုးစားလိုက်၏။

ရွှစ်..

ရုတ်တရက်.. သွေးနီရောင်ပုံရိပ်သည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး မီးတောက်လျှာတစ်ခုကို ထုတ်ကာ အမြုတေစိတ်ဝိညာဉ်ကို သူ၏ ပါးစပ်ထဲသို့ ဆွဲသွင်း‌ပြီး တစ်ခဏအတွင်းမှာပင် ပြာအဖြစ် လောင်ကျွမ်းသွားစေ၏။

ယက္ခဖုန်ထျန်က သေဆုံးသွားခဲ့လေပြီ…။

All Chapters