မမျှော်လင့်ထားသော ကပ်ဆိုး
Vol. 88 Ch. 1311
ကမ္ဘာဦးမျိုးနွယ် ၉ စုသည် ကောင်းကင်ဘုံကိုဖီဆန်သော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သမိုင်းတစ်လျှောက် စိုးမိုးခဲ့ကြသော်လည်း သူတို့မျိုးနွယ်စုတစ်ခုချင်းစီ အထူးပြုသော ခွန်အား ၊ မျိုးဆက်သွေးနှင့် ကိုယ်ကာယတို့က အမျိုးမျိုးကွဲပြားကြ၏။
မျိုးနွယ်စုများအကြား ဘဝသက်တမ်းကွာဟချက်ကလည်း အတော်လေးကြီးမား၏။
ဥပမာအားဖြင့် ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာ နဂါးမျိုးနွယ်နှင့် ခွန်မျိုးနွယ်သည် ဘဝသက်တမ်းအရှည်လျားဆုံးဖြစ်ပြီး သွေးနွယ်ပင်မျိုးနွယ်က ဘဝသက်တမ်းအတိုဆုံးဖြစ်၏။
သွေးနွယ်ပင်မျိုးနွယ်သည် အပင်ကနေ စိတ်ဝိညာဥ်အဖြစ်သို့ ကျင့်ကြံထားသူများဖြစ်ကြ၏။
ကမ္ဘာဦးခေတ်က ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် သက်ရှိများစွာ၏ အသွေးအသားအဆီအနှစ်များကိုစုပ်ယူပြီး ဆင့်ကဲတိုးတက်ပြောင်းလဲကာ ကြီးမားသောမျိုးနွယ်စုတစ်ခု ဖြစ်လာစေခဲ့၏။
သို့သော်လည်း သူတို့၏ အခြေခံအုတ်မြစ်အရ သွေးနွယ်ပင်မျိုးနွယ်သည် ရှည်လျားသော ဘဝသက်တမ်းများကို ပိုင်ဆိုင်ထားခြင်းမရှိဘဲ လူသားမျိုးနွယ်နှင့် မတိမ်းမယိမ်းမှာရှိကြ၏။
တစ်နည်းအားဖြင့်ဆိုလျှင် သွေးနွယ်ပင်မျိုးနွယ်မှ တာအိုအရှင်များသည် ဘဝသက်တမ်း တစ်တစ်သောင်းဝန်းကျင်ကိုသာလျှင် ပိုင်ဆိုင်ကြ၏။
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် ဘဝသက်တမ်း နှစ်နှစ်သောင်းကျော်သာလျှင်ရှိကြ၏။
ကျက်တီးမြေ၏ သက်ရောက်မှုဧရိယာအတွင်း အခြားသောမျိုးနွယ်များသည် သူတို့၏ ဘဝသက်တမ်းကို ဆုံးရှုံးကြရသော်လည်း သူတို့က တောင့်ခံနိုင်နေဆဲ ဖြစ်၏။
ဥပမာအားဖြင့် နတ်ဘုရားမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် သူတို့၏ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် သွေးချီနှင့်အတူ ကျက်တီးမြေ၏ သက်ရောက်မှုဧရိယာကနေ ရုန်းထွက်နိုင်ခဲ့ကြပြီဖြစ်၏။
သို့သော်လည်း သွေးနွယ်ပင်မျိုးနွယ်အပေါ် ကျက်တီးမြေကြောင့် ဖြစ်ပေါ်လာသော ပျက်စီးထိခိုက်မှုက အများဆုံးဖြစ်လေသည်။
သွေးနွယ်ပင်မျိုးနွယ်သည် မြေပြင်မှာ အမြစ်တွယ်ပြီး သူတို့၏ နွယ်ပင်များကို မှီခိုအားထားကာ အခြားသူများနှင့်ဆန့်ကျင်တိုက်ခိုက်ကြ၏။ အလွယ်တကူ လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူတို့သည် ကျက်တီးမြေ၏ လွှမ်းခြုံခြင်းကိုခံရကာ သူတို့၏ ဘဟသက်တမ်းက လျင်မြန်စွာလျော့ကျလာ၏။
ဆူဇီမိုနှင့် နီးကပ်သော သွေးနွယ်ပင်မျိုးနွယ်မှ တာအိုအရှင်အချို့သည် ဘဝသက်တမ်း နှစ်တစ်သောင်းကျော်ရှိပြီး သူတို့က အသက်ရှုချိန်အနည်းငယ်အတွင်း သေဆုံးကုန်ကြ၏။
အသက်တစ်ရှိုက်စာမှာ နှစ်တစ်ထောင်...
အဲ့ဒါက နှစ်တစ်သောင်းအတွက် အသက်ဆယ်ရှိုက်စာသာလျှင်ကြာ၏။
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အများစုသည် နှစ်တစ်သောင်းကျော် ရှင်သန်နေထိုင်လာခဲ့ကြသူများ ဖြစ်၏။ သူတို့က အသက်ရှုချိန် ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မှာလဲ။
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် လျင်မြန်စွာတုံ့ပြန်ပြီး လူသားသွင်ပြင်သို့ ပြောင်းလဲကာ ကျက်တီးမြေ၏ သက်ရောက်မှုဧရိယာကနေ လွတ်မြောက်ဖို့အတွက် သူတို့၏ ခွန်အားကုန်ကို ထုတ်သုံးလိုက်ကြ၏။ သူတို့၏ ဘဝသက်တမ်းက သိသိသာသာ လျော့ကျသွားပြီး သူတို့၏ မျက်နှာများကလည်း သွေးချီများဆုံးရှုံးမှုကြောင့် လျင်မြန်စွာအိုစာလာကြ၏။
“အဲ့ဒါက... ဘယ်လိုဖြစ်နိုင်ပါ့မလဲ “
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် အဝေးသို့ ထွက်ပြေးလာခဲ့၏။ သူသည် သူ့ခန္ဓာကိုယ်တွင်းမှ အခြေအနေကိုခံစားမိသောအခါ သူ၏မျက်လုံးက ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။
“ငါက... အဲ့ဒီဓမ္မပညာရပ်ရဲ့ သက်ရောက်မှုကန ရုန်းထွက်လာခဲ့ပြီလေ... ဒါပေမယ့် ငါရဲ့ ဘဝသက်တမ်းက ဘာလို့အစားပြန်မရတာလဲ”
“ဒီဓမ္မပညာရပ်က အရမ်းကိုကြောက်ဖို့ကောင်းတယ်... ကုန်းဆုံးသွားတဲ့ ဘဝသက်တမ်းက ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးပဲ”
နတ်ဘုရားဟန်လင်းသည်လည်း ထွက်ပြေးလွတ်မြောက်လာပြီး အကြောက်မပြေသေးသော မျက်နှာဖြင့် ပြောဆိုလိုက်၏။
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအဆင့်များသည် သွေးနီရောင်ဆံပင် ပြင်ပမျိုးနွယ်၏အထက်မှာရှိကြ၏။ သို့သော်လည်း သူတို့ပင်လျှင် ထိုဓမ္မပညာရပ်ကို ရှောင်ရှားရလေသည်။
သွေးနွယ်ပင်မျိုးနွယ်ဝင်များသည် သူတို့၏ ကလန်သားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာသည်ကိုမြင်သောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။ အဲ့ဒါက ဒေါသကြောင့်လား သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လားမပြောတတ်ပေ။ သူတို့သည် အံကိုတင်းတင်းကြိတ်ပြီး ပြောဆိုလိုက်ကြ၏။
“ငါတို့က အဲ့ဒီသွေးနီရောင်ဆံပင် ပြင်ပမျိုးနွယ်ကို သတ်ကိုသတ်ရမယ်”
“ဒီတောကောင်က တာအိုအရှင်အထီးကျန်သိုင်းသခင်ထက်တောင် ပိုပြီးကြောက်စရာကောင်းနေတာပဲ”
ရွှေကျီးကန်းတတိယမင်းသားက တင်းမာခက်ထန်စွာဖြင့် ထပ်ပြောလိုက်၏။
“သတ်... သတ်”
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် သူတို့၏ ဘဝသက်တမ်းများကို ဆုံးရှုံးခဲ့ကြ၏။ အမျက်ဒေါသနှင့်အတူ သူတို့၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထကြွလာပြီး များပြားလှစွာသော သွေးနွယ်ပင်များက ဖြန့်ကြက်ထွက်ပေါ်ကာ လူအုပ်ကြီးထဲသို့ တိုးဝင်လိုက်၏။
သွေးနွယ်ပင်များ၏ ထိပ်ဖျားရှိ လူသားမျက်နှာများသည် သူတို့၏ ပါးစပ်ကိုဖွင့်ဟပြီး ကျင့်ကြံသူတစ်ယောက်၏ဦးခေါင်းကို ထက်ရှသော သွားစွယ်များနှင့်အတူ ကိုက်ချလိုက်၏။
တစ်ခဏအတွင်းမှာပင် လူသားကျင့်ကြံသူသည် ဝါးမျိုခြင်းခံလိုက်ရပြီး တရုန်းရုန်းထကြွနေသော အသက်ဓာတ်အားအဆီအနှစ်အဖြစ်ပြောင်းလဲကာ သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်၏ သွေးချီအတွက် အားဖြည့်စရာဖြစ်သွား၏။
အဲ့ဒါသည် လူသားကျင့်ကြံသူများအတွက် ကပ်ဆိုးတစ်ခုဖြစ်လာခဲ့၏။
ကျင့်ကြံသူအများစုအနေဖြင့် သွေးနွယ်ပင်မျိုးနွယ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ခုခံရင်ဆိုင်ဖို့ခက်ခဲလေသည်။
နွယ်ပင်များက ကခုန်နေပြီး ထွက်လမ်းများအားလုံးကိုပင် ပိတ်ဆို့ကာ ကျင့်ကြံသူများကို စတင်ဝါးမျိုလာကြ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် မလွတ်မြောက်နိုင်ဘဲ သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
အဲ့ဒါက မျှော်လင့်မထားသော ကပ်ဆိုးတစ်ခုဖြစ်၏။
ကျင့်ကြံသူများသည် ထိတ်လန့်တကြားအမူအရာများရှိလာပြီး စူးစူးဝါးဝါးအော်ဟစ်ကျိန်ဆဲ၍ အသက်လုထွက်ပြေးကုန်ကြ၏။
အစက တာအိုအရှင်အထီးကျန်သိုင်းသခင်ကို အမဲလိုက်နေကြသော သူများသည် ရုတ်တရက် သူတို့ဘက်သို့လှည့်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။
ရှေးဟောင်းခေတ်စစ်ပွဲက အတော်လေး ဝေးကွာသွားခဲ့လေပြီ။
ကမ္ဘာဦးမျိုးနွယ် ၉စုသည် ကောင်းကင်ဘုံကိုဖီဆန်သော တိုက်ခိုက်စွမ်းရည်ကိုပိုင်ဆိုင်ပြီး အကြောက်အလန့်ကင်းမဲ့စွာ အညာအတာမဲ့ ရက်စက်စွာ တိုက်ခိုက်တတ်ကြသည်ကို ကျင့်ကြံသူအများစုက မေ့လျော့သွားခဲ့ကြလေသည်။
ကမ္ဘာဦးမျိုးနွယ်များနှင့် ပူးပေါင်းခြင်းသည် ကျားပါးစပ်ထဲသို့ လက်ထည့်ပေးလိုက်ခြင်းနှင့်တူလေသည်။
သွေးနွယ်ပင်မျိုးနွယ်သည် ရှေးတော်ဝင်မိသားစုများ သို့မဟုတ် အဆင့်မြင့်ဂိုဏ်းများ သို့မဟုတ် ထိပ်သီးဂိုဏ်းကြီးများကိုပင် မငဲ့ကွက်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုစတင်လာကြ၏။
ထိပ်သီးဂိုဏ်းကြီးများမှ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများပင်လျှင် သူတို့၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်များကဲ့သို့ဖြစ်နေ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်စင်ရော်ဂိုဏ်းဖြစ်စေ ဓားဂိုဏ်းဖြစ်စေ... မိုးကြိုးလေပြည်နန်းတော်ဖြစ်စေ ကစဉ့်ကလျားအမြုတေဂိုဏ်းဖြစ်စေ သူတို့အားလုံးဘက်တွင် သေဆုံးသွားသော ကျင့်ကြံသူများရှိလာကြ၏။
ဆူဇီမိုသည် ထိုသည်ကိုတွေ့မြင်သောအခါ သူ၏အမူအရာက အေးစက်လာပြီး လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိပေ။
စောစောကတင် ထိုထိပ်သီးဂိုဏ်းကြီးများသည် သိပ်သည်းပြင်းထန်သော အော်ရာများကို ထုတ်ဖော်ပြသပြီး သူနှင့် ညဝိညာဥ်ကို ဤနေရာမှာသတ်ဖြတ်ချင်သည်ဟု ထုတ်ဖော်ကြေညာခဲ့ကြ၏။ တစ်ခဏအတွင်းမှာပင် သူတို့က ဤအခြေအနေသို့ ကျဆင်းသွားကြ၏။
အဲ့ဒါက သူတို့အပြစ်နှင့်သူတို့ ခံရခြင်းဖြစ်၏။
ကျက်တီးမြေ၏ အပြင်ဘက်အစပ်မှာ ဘဝသက်တမ်း လျော့ကျမှုနှုန်းသည် အလွန်တရာနှေးကွေးသည်ဆိုလျှင်တောင် မည်သည့်ကမ္ဘာဦးမျိုးနွယ်မှ ရှေ့သို့တိုးမလာဘဲ သူတို့၏ ဘဝသက်တမ်းများကို ပြုန်းတီးစေလိုခြင်း မရှိကြပေ။
ဆူဇီမိုသည် ကျက်တီးမြေ၏စွမ်းအားကို ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များရှိရာဘက်သို့ တွန်းပို့လိုက်လေသည်။
ဖျတ်ခနဲဆို ဆူဇီမို၏ ၉၉ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် သူ့ကို စောင့်ကြပ်၍ ညဝိညာဥ်၏ဘေးသို့ အလျင်အမြန်ရောက်ရှိလာ၏။
သို့သော်လည်း သူက ညဝိညာဥ်၏လက်မောင်းကို ဆွဲထူလိုက်သောအခါ ထိုသူက လှုပ်ရှားလာခြင်း မရှိပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် အစစ်အမှန်နဂါးခန္ဓာကိုယ်လောက် မသန်မာသော်လည်း သူ၏ခွန်အားသည်လည်း အထင်သေး၍မရပေ။
သူက ညဝိညာဥ်ကိုမပြောနှင့် တောင်တစ်လုံးကိုပင် မ,ယူနိုင်လေသည်။
“ကောင်းပြီလေ”
ညဝိညာဥ်၏အမူအရာက ပြောင်းလဲသွားပြီး ညည်းတွားရေရွတ်လိုက်၏။
ဆူဇီမိုက အာရုံစိုက်၍ကြည့်လိုက်လေသည်။
သူသည် ညဝိညာဥ်ကို မ,ထူနိုင်ခြင်းရှိပေ။ ထိုအစား အဲ့ဒါသည် ညဝိညာဥ်၏ ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများကို နှိုးဆွမိသွား၏။
သံကွင်းများသည် တင်းကျပ်လာပြီး ဆူးချွန်များက ညဝိညာဥ်၏အသားကို တစ်ဖန်ထိုးဖောက်ကာ သွေးများကိုစီးကျလာစေ၏။
ဆူဇီမိုက စိုးရိမ်ပူပန်သွား၏။
သူက ညဝိညာဥ်ကို ကယ်တင်ချင်သည်ဆိုလျှင် သူက ထိုချိန်းကြိုးများကို ဖြတ်တောက်ရပေမည်။
ကျက်တီးမြေက ကြောက်စရာကောင်းသော်လည်း အစစ်အမှန်နဂါးခန္ဓာဘက်ရှိ ဓမ္မစွမ်းအားများသည် အကန့်အသတ်မရှိသည် မဟုတ်ပေ။
ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် အပြင်ဘက်အစပ်ကနေ မတ်တတ်ရပ်၍ စောင့်ကြပ်နေပြီး ကျက်တီးမြေပျက်ပြယ်သွားသည်နှင့် ဝင်ရောက်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေကြ၏။
တိုက်ပွဲ၏ဤနေရာအရောက်တွင် ကမ္ဘာဦးမျိုးနွယ်များမှ သက်ရှိတစ်ရာကျော်က ကျဆုံးသွားခဲ့ကြလေပြီ။ သို့သော်လည်း သူတို့အများစုမှာ ဓမ္မဝိသေသတာအိုအရှင်များဖြစ်ကြ၏။
ကမ္ဘာဦးမျိုးနွယ်များမှ သေဆုံးသွားသော စွမ်းအားကြီးပုဂ္ဂိုလ်များက များများစားစားမရှိပေ။
တစ်နည်းအားဖြင့်ဆိုလျှင် ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် နောက်တစ်ဖန်ဝန်းရံတိုက်ခိုက်လာသည်နှင့် ဆူဇီမိုနှင့် ညဝိညာဥ်က သေကြေပျက်သုန်းရဦးမည်ဖြစ်၏။
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
“ညဝိညာဥ်... နဲနဲတော့တောင့်ခံ ငါဒီချိန်းကြိုးတွေကို ချိုးဖျက်ဖို့ကြိုးစားကြည့်မယ်”
ညဝိညာဥ်က သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက ဖန်တီးခြင်းကြာခုံကို တင်းကျပ်စွာဆုပ်ကိုင်ပြီး အဲ့ဒါကို ညဝိညာဥ်ကိုယ်ပေါ်ရှိ ချိန်းကြိုးဆီသို့ ကိုင်ပေါက်ချလိုက်၏။
ချွမ်း....
မီးပွားများက အဘက်ဘက်သို့လွင့်စင်ထွက်သွား၏။
ဆူဇီမိုသည် ဆတ်ခနဲတုန်ယင်သွားပြီး သိပ်သည်းပြင်းထန်သော ကန်အားက သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။ သူ၏လက်ဖဝါးက ထုံကျင်သွားပြီး ဖန်တီးခြင်းကြာခုံက သူ၏လက်ထဲကနေ လွတ်ထွက်လုနီးပါးဖြစ်သွား၏။
“ဟားဟားဟားဟား... “
ထိုသည်ကိုမြင်သောအခါ နတ်ဘုရားဟန်လင်းသည် ဟားတိုက်ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်... သုံးစမရတဲ့ဟာကို လုပ်မနေစမ်းနဲ့... ဒီကောင်းကင်ဘုံနတ်ဘုရားသော့က နတ်ဘုရားမျိုးနွယ်က မဟာရတနာတစ်ခုပဲ... ဓမ္မရတနာတွေတောင် အဲ့ဒါကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး... မင်းရဲ့ ဖန်တီးခြင်းကြာခုံကတော့ အဝေးကြီးပဲ”