← Chapters

တုန်လှုပ်စရာကောင်းသော မျိုးဆက်သွေးနယ်မြေ

Vol. 88 Ch. 1312

တုန်လှုပ်စရာကောင်းသော မျိုးဆက်သွေးနယ်မြေ

Vol. 88 Ch. 1312

ကမ္ဘာဦးမျိုးနွယ် ၆ စုမှ ပညာရှင်များသည် ညဝိညာဥ်ဘေးသို့ ဆူဇီမိုရောက်ရှိလာသည်ကို တွေ့မြင်လျှင်တောင် သူတို့က ထိတ်လန့်သွားခြင်းမရှိပေ။

ကောင်းကင်ဘုံနတ်ဘုရားသော့ကို မဖြည်နိုင်သရွေ့ ညဝိညာဥ်သည် ဤနေရာကနေ ထွက်သွားနိုင်လိမ့်မည်မဟုတ်ဟု သူတို့က သိရှိထားသောကြောင့်ပင်။

အဲ့ဒါသည် ဖန်တီးခြင်းကြာခုံက လုံလောက်အောင်မသန်မာသောကြောင့်ဟု ဆူဇီမိုက သိထား၏။ အဲ့ဒါသည် မူလ ဖန်တီးခြင်းကြာပဒုမ္မာသည် ပျက်စီးသွားခဲ့ပြီး ယခုအခါ ကြာခုံတစ်ခုတည်းသာလျှင် ကျန်ရှိနေသောကြောင့်ဖြစ်၏။ ခွန်အားကွာဟချက်က အရမ်းကိုကြီးမားသွား၏။

“ဒီ သံချေးတက်နေတဲ့သော့ကို မဖျက်နိုင်ဘူးလို့ ငါမယုံဘူး”

ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ သူ၏ အစစ်အမှန်နဂါးခန္ဓာသည် အဲ့ဒါကို အာရုံခံမိသွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားစွမ်းအားများစွာ မကျန်ရှိတော့ဘူးဆိုတာကို ခံစားမိလိုက်ပြီး သူက ကျက်တီးမြေကို ဆက်လက်၍ မထုတ်ဖော်တော့ဘဲ စတုရန်းကြေးမီးဖိုနှင့်အတူ သူ၏နှာရောင်က ပွင့်ဟသွား၏။

ဤစတုရန်းကြေးမီးဖိုကို မဟာချွမ်အပျက်အစီးနယ်မြေကနေ ဆူဇီမိုရရှိထားခြင်းဖြစ်ပြီး ၎င်း၏ဇာစ်မြစ်ကို မသိရပေ။

ထိုမီးဖိုသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ချုံးချုံးကျနေသော်လည်း ၎င်း၏ ပျက်စီးနေသော ကိုယ်ထည်သည် မနှိုင်းယှဥ်သာအောင် မာကြောပြီး မည်သည့်နတ်ဘုရားလက်နက်ကမှ အဲ့ဒါကို မဖျက်ဆီးနိုင်ပေ။

ဆူဇီမိုသည် အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ဤစတုရန်းကြေးမီးဖိုကို အသုံးပြုခဲ့ဖူးပြီး များစွာသော ကျင့်ကြံသူများက အဲ့ဒါကို တွေ့မြင်ခဲ့ဖူး၏။

စတုရန်းကြေးမီးဖိုကို ဆင့်ခေါ်ထုတ်ပြီးနောက် အစစ်အမှန်နဂါးခန္ဓာနှင့် သူ၏ ပတ်သက်ဆက်နွယ်မှုက အတည်ပြုပြီးသား ဖြစ်သွားပြီး ဆက်လက်၍ ဖုံးကွယ်မထားနိုင်တော့ပေ။ သို့သော်လည်း ထိုအခိုက်အတန့်၌ အခြားမည်သည့်ရွေးချယ်စရာမှ မရှိတော့သည့်အတွက် သူက စတုရန်းကြေးမီးဖိုကိုသာ စမ်း၍ ထုတ်သုံးကြည့်ရပေမည်။

အစစ်အမှန်နဂါးခန္ဓာအတွင်းရှိ သွေးချီသည် တလိပ်လိပ်တက်လာပြီး သူက စတုရန်းကြေးမီးဖိုကို ကိုင်မြှောက်ကာ သူ၏အစွမ်းကုန်ရှိသမျှနှင့် ကောင်းကင်ဘုံနတ်ဘုရားသော့ကို ပစ်ရိုက်ချလိုက်၏။

ချွမ်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံနတ်ဘုရားသော့သည် အကောင်းတိုင်းကျန်ရှိပြီး ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းများကိုသာ ထုတ်ပေးနေ၏။

စွမ်းအားကြီးမားသော ပြန်ကန်အားသည် အစစ်အမှန်နဂါးခန္ဓာကို နောက်သို့လှန်ကျလုနီးပါးဖြစ်သွားစေ၏။

အစစ်အမှန်နဂါးခန္ဓာ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက ဘယ်လောက်တောင်သန်မာလိုက်သလဲ...။

ထိုသို့ဆိုလျှင်တောင် သူ၏လက်နှစ်ဖက်လုံးက တုန်ခါလှိုင်းကနေ ထုံကျင်သွားပြီး သူ၏မျိုးဆက်သွေးကို ကောင်းကောင်းမလှည့်ပတ်နိုင်တော့ပေ။

ညဝိညာဥ်၏ လည်ပင်းနှင့်ခြေလက်များသည် များစွာသော ဆူးချွန်များ၏ ထပ်မံထိုးဖောက်ခြင်းကိုခံလိုက်ရပြီး လတ်ဆက်သောသွေးများက စီးကျလာ၏။ သို့သော်လည်း သူက အံကိုတင်းတင်းကြိတ်ပြီး အသံတစ်ချက်မှ မထွက်ပေ။

“ဟမ့်...”

နတ်ဘုရားဟန်လင်းက ဝံ့ကြွားစွာဖြင့် ပြောဆိုလိုက်၏။

“မင်းရဲ့သတ္တုပျက်က နတ်ဘုရားမျိုးနွယ်က ရတနာကိုတစ်ခုကို ဘယ်လိုမှ ယှဥ်နိုင်မှာမဟုတ်ဘူး.... မင်းက ခွန်အားပိုသုံးလေ ကောင်းကင်ဘုံနတ်ဘုရားသော့ရဲ့ ပြန်ကန်အားက ပိုသန်မာလေပဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် နတ်ဘုရားဟန်လင်းနှင့် ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် ရှေ့သို့ချည်းကပ်လာကြပြီဖြစ်၏။

ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် ဆက်လက်၍ ငဲ့ကွက်ထိန်ချန်စရာမရှိတော့ပေ။ သူတို့အားလုံးသည် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး အစစ်အမှန်နဂါးခန္ဓာနှင့် ညဝိညာဥ်ကို ဗဟိုပြု၍ ဝန်ရံပိတ်ဆို့လိုက်ကြ၏။

အခြေအနေက ပို၍ပင် သေရေးရှင်ရေးဖြစ်လာခဲ့၏။

သူတို့က ဤအကျပ်အတည်းကို မဖြတ်ကျော်နိုင်ဘူးဆိုလျှင် သူတို့သုံးယောက်သည် ဤနေရာမှာ သေဆုံးရပေလိမ့်မည်။

“အား... အဲ့ဒီစတုရန်းကြေးမီးဖိုကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ”

“အထီးကျန်သိုင်းသခင်က အသင်္ချေနယ်မြေမြို့တော်မှာတုန်းက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်နဲ့ တိုက်ခိုက်ဖို့အတွက် အဲ့ဒီမီးဖိုကို အသုံးပြုခဲ့ဖူးတယ်လို့ ငါကြားမိတယ်”

“သွေးနီရောင်ဆံပင်ပြင်ပမျိုးနွယ်နဲ့ တာအိုအရှင်အထီးကျန်သိုင်းသခင်ရဲ့ ပတ်သက်ဆက်နွယ်မှုက ဘာပါလိမ့်”

ကျင့်ကြံသူအချို့သည် တစ်စုံတစ်ရာထူးခြားနေသည်ကို သတိထားမိလာကြပြီဖြစ်၏။

ဆူဇီမိုသည် သူ၏မျက်လုံးကိုမှေးကျဥ်းပြီး နည်းဗျူဟာတစ်ခုကို စဥ်းစားလိုက်၏။

အခြေအနေက ပို၍ အန္တရာယ်များလေလေ သူက ပို၍တည်ငြိမ်ရမည်ဖြစ်၏။

ထိုစဥ်မှာပင် နက်ရှိုင်း၍ အက်ကွဲသောအသံတစ်သံက ဆူဇီမို၏နားထဲသို့ ဝင်ရောက်လာခဲ့၏။

“ဇီမို... နောက်ကိုဆုတ်လိုက်”

အဲ့ဒါက ယန်ပေးချန်ဖြစ်၏။

ဆူဇီမိုသည် နောက်သို့အလိုလိုဆုတ်ပြီး ယန်ပေးချန်ကို လှည့်ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် ယန်ပေးချန်သည် သူ့ကိုယ်သူအပြစ်တင်ခြင်းနှင့် မုန်းတီးခြင်းတို့ကနေ ရုန်းထွက်လာနိုင်ပြီဖြစ်၏။ သူက အမုန်းမိစ္တာဆေဘာကို ကိုင်ဆွဲပြီး နက်မှောင်နေသော မျက်လုံးများနှင့် သိပ်သည်းပြင်းထန်ကာ မိစ္ဆာချီနှင့်အတူ ရှေ့သို့လျှောက်လှမ်းလာ၏။

ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။

မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ဓမ္မရတာနတစ်ခုပင်လျှင် ကောင်းကင်ဘုံနတ်ဘုရားသော့ကို ဖျက်ဆီးနိုင်လိမ့်မည်မဟုတ် နတ်ဘုရားဟန်လင်းက ပြောထားလေသည်။ သို့သော်လည်း အမုန်းမိစ္ဆာဆေဘာသည် ဓမ္မလက်နက်တစ်ခု မဟုတ်ပေ။

အဲ့ဒါသည် ဓမ္မလက်နက်ထက်ပင် ပို၍သန်မာသော ဧကရာဇ်လက်နက်တစ်ခုဖြစ်၏။

ဧကရာဇ်လက်နက်တစ်ခုသည် တစ်ခါတုန်းက ဧကရာဇ်တစ်ပါးကိုင်ဆွဲခဲ့သော လက်နက်ဖြစ်၏။

ယန်ပေးချန်သည် မည်သည့်စိတ်ခံစားချက်မှမရှိဘဲ ခုတ်ပိုင်းဖို့အတွက် သူ၏ဆေဘာကိုကိုင်မြှောက်လိုက်၏။

အမုန်းမိစ္တာဆေဘာသည် နက်မှောင်နေသော အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး ကောင်းကင်ဘုံနတ်ဘုရားသော့ဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။

တစ်ချိန်တည်းမှာပင် ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် ရောက်ရှိလာခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

“အထီးကျန်သိုင်းသခင်... မင်းမှာတခြားဘာရှိသေးလဲ ကြည့်ရသေးတာပေါ့”

“အဲ့ဒီ သွေးနီရောင်ဆံပင်တော​ကောင်ကို အရင်သတ်ပြီး သူက တကယ်တမ်းဘာလဲဆိုတာ ကြည့်ရသေးတာပေါ့”

ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် မကျေနပ်ချက်များနှင့်အတူ ကြမ်းကြုတ်ခက်ထန်စွာ အော်ဟစ်လိုက်ကြ၏။

ကမ္ဘာဦးမျိုးနွယ်စုများအနေဖြင့် သူတို့ထဲတွင် မည်သူကမှ ဤကဲ့သို့သော ရှုံးနိမ့်မှုကို မတွေ့ကြုံခဲ့ဖူးပေ။ သူတို့အားလုံးသည် ဓမ္မပညာရပ်တစ်ခုကြောင့် နောက်သို့ဆုတ်ပေးခဲ့ကြရ၏။

ထိုအခိုက်အတန့်တွင် ယန်ပေးချန်က တိုက်ခိုက်လိုက်ပြီဖြစ်ပြီး သူ၏ခုတ်ချက်က ကောင်းကင်ဘုံနတ်ဘုရားသော့ဆီသို့ ကျဆင်းလာခဲ့ပြီဖြစ်၏။

ဆူဇီမို၏ ၉၉ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များကို ဆက်လက်၍ ခုခံနိုင်တော့မည် မဟုတ်ပေ။

အစစ်အမှန်နဂါးခန္ဓာ၏ မျက်လုံးများက တောက်ပစွာလောင်ကျွမ်းလာပြီး သူ၏သွေးချီက တလိပ်လိပ်တက်လာ၏။ ဆူနာမီအသံက ထွက်ပေါ်လာပြီး သူ၏အော်ရာက အဆက်မပြတ်မြင့်တက်လာ၏။

ဝေါ....

“ဆူနာမီသွေး....”

“ဘယ်လောက်တောင် စွမ်းအားကြီးလိုက်တဲ့ သွေးချီလဲ”

ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားကြ၏။

“ဟွန့်...”

နတ်ဘုရားဟန်လင်းက အကြောက်အလန့်ကင်းမဲ့သော အမူအရာတစ်ခုရှိပြီး တင်းမာစွာဖြင့် ပြောဆိုလိုက်၏။

“အဲ့ဒါက ဆူနာမီသွေးအဆင့်ပဲ ဘာများကြောက်စရာရှိလို့လဲ.... ငါ့ရဲ့မျိုးဆက်သွေးကိုလည်း အဲ့ဒီအဆင့်ထိ ကျင့်ကြံထားပြီးပြီ”

ဝေါ.....

နတ်ဘုရားဟန်လင်း၏ ခန္ဓာကိုယ်မှလည်း ဆူနာမီအသံက ထွက်ပေါ်လာပြီး သူ၏သွေးချီက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ တလိပ်လိပ်တက်လာ၏။

သို့သော်လည်း အစစ်အမှန်နဂါးခန္ဓာ၏ အော်ရာက ရပ်တန့်သွားခြင်းမရှိဘဲ အလျင်အမြန်မြင့်တက်လာနေဆဲ ဖြစ်၏။

သွေးနီရောင်သားရဲချီများသည် အစစ်အမှန်နဂါးခန္ဓာကို ဘေးပတ်လည်မှာ တရုန်းရုန်းထကြွလာပြီး တုန်လှုပ်ချောက်ချားဖွယ်ရာအကြည့်များနှင့်အတူ ရှေးဟောင်းသားရဲဘုရင်များသည် ချစ်ချစ်တောက်ပူလောင်သော မီးတောက်များကနေ တစ်ကောင်ပြီးတစ်ကောင် လျင်မြန်စွာစုဖွဲ့ဖြစ်တည်လာ၏။

နွားရိုင်းသားရဲဘုရင်....

ကျောက်တုံးဝက်ဝံသားရဲဘုရင်...

အနာကွန်ဒါသားရဲဘုရင်....

မျှော်လင့်ချက်မျောက်ဝံသားရဲဘုရင်....

နတ်မြင်းသားရဲဘုရင်....

ငရဲကျားသားရဲဘုရင်....

တိမ်လွှာကျားသစ်သားရဲဘုရင်....

အထီးကျန်သမုဒ္ဒရာနဂါးဘုရင်....

တည်ငြိမ်ပင်လယ်လိပ်....

မီးတောက်များကနေ မွေးဖွားလာသော သားရဲဘုရင် ၉ပါးသည် တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လာကြ၏။

သူတို့သည် စွမ်းအားကြီးသောအော်ရာများနှင့် ပြည့်နှက်နေပြီး ထက်ရှသော လက်သည်းများနှင့် သွားစွယ်များရှိနေကြ၏။ သူတို့၏ သားရဲမျက်လုံးများက ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်နှင့်အတူ တောက်ပနေပြီး သူတို့က အစစ်အမှန်နဂါးခန္ဓာကို လှည့်ပတ်နေကြ၏။

သူတို့သည် သားရဲဘုရင် ၉ပါးသာလျှင်ဖြစ်သော်လ​ည်း သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များနှင့် ရင်ဆိုင်ချိန်မှာ အားနည်းမှုကို မပြသကြပေ။

“မျိုးဆက်သွေးနယ်မြေလား”

အဝေးသို့ပြေးထွက်နေကြသော ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုကို ခံစားမိသောအခါ နောက်သို့လှည့်ကြည့်ပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွးကြ၏။

“အဲ့ဒါက အထီးကျန်သိုင်းသခင်ပဲ... အဲ့ဒီသွေးနီရောင်ဆံပင်နဲ့သက်ရှိက သေချာပေါက် တာအိုအရှင်အထီးကျန်သိုင်းသခင်ပဲ”

ထိုမျိုးဆက်သွေးနယ်မြေသည် အရမ်းကိုတုန်လှုပ်စရာကောင်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ဆူဇီမိုတစ်ယောက်သာလျှင် အရင်ကအဲ့ဒါကို ထုတ်ဖော်ခဲ့ဖူး၏။

သူတို့ရှေ့ရှိ မျိုးဆက်သွေးနယ်မြေသည် အရင်က သူတို့တွေ့မြင်ခဲ့ဖူးသည်ထက် ကြောက်စရာကောင်းသော သားရဲဘုရင်နှစ်ပါး ပိုတိုးလာသော်လည်း တာအိုအရှင် အထီးကျန်သိုင်းသခင်ကလွဲလျှင် ထိုကဲ့သို့သော မျိုးဆက်သွေးနယ်မြေကို အခြားမည်သူကမှ မကျင့်ကြံနိုင်ကြောင်း လူတိုင်းက သိရှိထားကြ၏။

“သွေးနီရောင်ဆံပင်နဲ့ ပြင်ပမျိုးနွယ်က တာအိုအရှင်အထီးကျန်သိုင်းသခင်ရဲ့ ကိုယ်ပွားတစ်ခုများလား”

“အို...”

ထိုဖြစ်နိုင်ခြေကို တွေးမိသွားချိန်၌ ကျင့်ကြံသူများက ပင့်သက်ကိုရှိုက်လိုက်ကြ၏။

အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းလွန်း၏။

တာအိုအရှင်အထီးကျန်သိုင်းသခင်တစ်ယောက်တည်းကပင် အရမ်းကိုစွမ်းအားကြီးမားနေပြီဖြစ်၏။

သွေးနီရောင်ဆံပင် ပြင်ပမျိုးနွယ်၏ တိုက်ခိုက်ရည်ခွန်အားက ပို၍ပင်ကြောက်စရာကောင်းနေ၏။

သူတို့က တူညီသောတစ်ယောက်တည်းသာဆိုလျှင် အဲ့ဒါက ဘယ်လိုမျိုးတည်ရှိမှုမျိုးပါလိမ့်။

“အဲ့ဒါက တကယ်ပဲဖြစ်နိုင်တယ်”

ကျင့်ကြံသူတစ်ယောက်က တည်တံ့စွာဖြင့် ပြောဆိုလိုက်၏။

“တာအိုအမွေအနှစ်ကုန်းမြေက တိုက်ပွဲပြီးတဲ့နောက် တာအိုအရှင်အထီးကျန်သိုင်းသခင်ရဲ့ နဂါးမျိုးနွယ်မျိုးဆက်သွေးက လုံးဝပျောက်ကွယ်သွားတာကို မမေ့နဲ့”

“ကြည့်ရတာတော့... နဂါးမျိုးနွယ်က မျိုးဆက်သွေးကိုသုံးပြီး သူက အဲ့ဒီကိုယ်ပွားကို ကျင့်ကြံထားတာဖြစ်ဖို့များတယ်”

“သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဆိုတဲ့အတိုင်းပါပဲလား”

တိုက်ပွဲနယ်​မြေတွင်....

ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည်လည်း တုန်လှုပ်သွားကြ၏။

သူတို့ရှေ့ရှိ သားရဲဘုရင်၉ပါး မျိုးဆက်သွေးနယ်မြေသည် ကျက်တီးမြေဓမ္မပညာရပ်ထက် တုန်လှုပ်စရာကောင်းမှုမှာ မလျော့ကျပေ။

အဲ့ဒါက ဘယ်လိုမျိုးဆက်သွေးနယ်မြေတစ်ခုပါလိမ့်...။

ထိုသားရဲတောကောင်အများစုသည် သာမန်မျိုးနွယ်များမှလာခြင်းဖြစ်၏။ သို့သော်လည်း သူတို့သည် ထိုသားရဲတောကောင်များကို ကြည့်နေရင်း ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များပင်လျင် ရင်ထဲမှာ တလှပ်လှပ်ခံစားလာရ၏။

ဂါး...

ထိုစဥ်မှာပင် အစစ်အမှန်နဂါးခန္ဓာသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး သားရဲဘုရင် ၉ပါးကလည်း သူတို့၏ပါးစပ်များကို တစ်ချိန်တည်းမှာဖွင့်ဟကာ အလွန်တရာ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်၏။

လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။

ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် လွန်မင်းစွာ တုန်လှုပ်သွားပြီး သူတို့၏ အသံများကိုဆုံးရှုံးကာ အသက်ရှုဖို့ပင် မေ့လျော့သွားကြ၏။

ထိုဟိန်းဟောင်သံနှင့် အနီးဆုံးမှာရှိနေသော ကမ္ဘာဦးမျိုးနွယ်မှ ဓမ္မဝိသေသတာအိုအရှင်များသည် အဲ့ဒါကို ခံနိုင်ရည်မရှိပဲ သူတို့၏ ဒွာရ ၇ပေါက်မှ သွေးများက စီးကျလာ၏။

သူတို့၏အမြုတေစိတ်ဝိညာဥ်များက ပျက်စီးသွားပြီး နေရာမှာပင်သေဆုံးကာ သက်မဲ့အလောင်းများအဖြစ် လေထဲကနေပြုတ်ကျလာကြ၏။

All Chapters