ရွှေဝါငှက်
Vol. 88 Ch. 1316
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တစ်စုံတစ်ရာကို စဥ်းစားတွေးတောနေ၏။
မိစ္ဆာသွေးသန့်စက်ထုတ်သုတ္တန်ကို ကျင့်ကြံထားသော ငရဲမီးစံအိမ်သခင် ခရမ်းရောင်မီးတောက်သည် သူ၏သွေးချီကို ပြန်လည်ဖြည့်တင်းဖို့အတွက် တိုက်ပွဲနယ်မြေမှ မျိုးဆက်သွေးများကို စုပ်ယူဖို့ကြိုးစားခဲ့သော်လည်း သူက အချည်းနှီးဖြစ်ခဲ့၏။
ထိုစဥ်တုန်းက ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တွေဝေရှုပ်ထွေးနေခဲ့၏။
ခရမ်းရောင်မီးတောက်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ၎င်း၏အထွတ်အထိပ်ထိ မကျင့်ကြံရသေးသည်မှာသိသာ၏။
သို့သော်လည်း အဲ့ဒါက သူမအောင်မမြင်ဖြစ်ရသည့် အဓိကအချက် သေချာပေါက်မဟုတ်ပေ။
အစကတော့ သူသည် ခရမ်းရောင်းမီးတောက်၏ မျိုးဆက်သွေးသန့်စင်ခြင်းဖြစ်စဥ်ကို တိတ်တဆိတ်ဝင်ရောက်တားဆီးချင်ခဲ့၏။
မထင်မှတ်ထားစွာပင် ခရမ်းရောင်မီးတောက်က ဘာကြောင့်ရယ်မသိ မအောင်မမြင်ဖြစ်သွားခဲ့ပြီး သူ့အတွက်ကိုင်တွယ်ရသက်သာစေခဲ့၏။
ယခု အဲ့ဒါကို ပြန်တွေးကြည့်ရင်း အာကာသချိပ်စည်းကျိုးပြတ်သွားခြင်းနှင့် ထပ်မံ၍ ဆက်စပ်ကြည့်သောအခါ ကောင်းကင်နှင့်မြေကြီး တောင်ကြားတွင် နောက်ထပ် ပညာရှင်တစ်ယောက် ပုန်းကွယ်နေသည်ကို ကောင်းကင်ဘုံလျှို့ဝှက်ချက်က နားလည်သဘောပေါက်လိုက်၏။ ဒါ့ပြင်... အဲ့ဒီလူက သူကဲ့သို့ တူညီသော ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိနေတာ ဖြစ်ဖို့များလေသည်။
ရုတ်တရက် သူ၏ဘေးမှာ ဟိန်းဟောက်သံ တစ်သံက ထွက်ပေါ်လာ၏။
“ကောင်းကင်ဘုံလျှို့ဝှက်ချက်... ခင်ဗျားက ဘာလို့ဒီမှာလာပုန်းနေတာလဲ”
ထိုအသံက အလွန်တရာကျယ်လောင်ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ထိတ်လန့်သွားစေ၏။
သူက တစ်ဘက်ကိုလှည့်၍ ထိုကျင့်ကြံသူ၏ရင်ဘတ်ကို ပစ်ရိုက်ချကာ ထိုလူကို ချက်ချင်းပင် သေဆုံးသွားစေ၏။
ထိုကျင့်ကြံသူသည် ငေးငိုင်နေသော အမူအရာရှိပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ နောက်ဆုံး သူသေသည့်တိုင်အောင် သူ့ရှေ့မှလူက သူ့ကို ဘာ့ကြောင့် ရုတ်တရက်တိုက်ခိုက်သတ်ဖြတ်လိုက်သလဲ သိရှိမသွားခဲ့ပေ။
လူအုပ်ကြီးက ဘေးသို့ချဲလိုက်ကြ၏။
“ဟင်... ငါလူမှားသတ်မိသွားပြီ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခေါင်းနပန်းကြီးလာ၏။
စောစောက သူသတ်ခဲ့သောကျင့်ကြံသူသည် ညှို့ငင်ဖမ်းစားခံရပြီး အော်ဟစ်လိုက်ခြင်းမျှသာဖြစ်ကြောင်း သူက သိရှိလိုက်၏။
နောက်ကွယ်က ကြိုးကိုင်သူက လုံးဝပေါ်ထွက်မလာခဲ့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သုန်မှုန်နေသော အမူအရာနှင့်အတူ သူ၏ အပြုံးကိုရုပ်သိမ်းလိုက်၏။
ပဟေဠိနန်းတော်မှ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏လှုပ်ရှားမှုများသည် အခြားသူတစ်ယောက်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါပြီး မကြုံစဖူး ပြုသမျှနုရသည့် အခြေအနေတစ်ခုသို့ ရောက်ရှိလာသည်ကို သူက မယုံကြည်နိုင်ဖြစ်နေ၏။
ရုတ်တရက်ဆိုသလို...
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တစ်စုံတစ်ရာကို ခံစားမိသွားပြီး အလွန်တရာကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု၏ ပစ်မှတ်ထားခြင်းခံရသည့်အလား သူ၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။
သူသည် တိတ်တဆိတ်လှည့်ပတ်၍ ကြည့်ရှုလိုက်၏။
ခပ်လှမ်းလှမ်း တိုက်ပွဲနယ်မြေမှ မြင့်မား၍တောင့်တင်းသော ပုံရိပ်တစ်ခုသည် ဆေဘာတစ်လက်နှင့်အတူ သူ့ထံသို့လျှောက်လှမ်းလာ၏။ သူ၏အဖြူရောင်ဆံပင်များက ကခုန်နေပြီး သူ၏ မျက်လုံးများက ကြမ်းကြုတ်ခက်ထန်သော အမူအရာနှင့်အတူ နက်မှောင်နေ၏။
အဆူရာ ယန်ပေးချန်....
အစကတော့ ယန်ပေးချန်သည် လူအုပ်ကြီးထဲမှာ ပုန်းကွယ်နေသော ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို မရှာဖွေနိုင်ခဲ့ပေ။
သို့သော်လည်း တစ်ဘက်ခြမ်းမှ ရုတ်တရက်အော်ဟစ်လိုက်သံက သူ၏စိတ်အာရုံကို ဆွဲဆောင်မိသွား၏။
အဲ့ဒီနောက်... ကောင်းကင်လုံလျှို့ဝှက်ချက်သည် တစ်ဘက်လူကို ပြင်းထန်စွာတိုက်ခိုက်၍ လူအုပ်ကြီးကို ဘေးသို့ချဲသွားစေ၏။ ထိုအခါမှာသာ ယန်ပေးချန်က သူ့ကိုအလွယ်တကူရှာဖွေနိုင်သွားလေသည်။
အစကတော့ ယန်ပေးချန်သည် ဆူဇီမိုနှင့်အတူ လိုက်ပါသွားရမလားနှင့် ပတ်သက်၍ တွေဝေတုံ့ဆိုင်းနေဆဲဖြစ်၏။
ယခု မလှမ်းမကမ်းတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကိုတွေ့မြင်လိုက်သောအခါ သူက ဆက်လက်၍ ဆွေဝေတုံ့ဆိုင်းမနေတော့ဘဲ အမုန်းမိစ္တာဆေဘာနှင့်အတူ လျှောက်လှမ်းလာခဲ့၏။
“ကောင်းကင်ဘုံလျှို့ဝှက်ချက်... မင်းတခြားဘယ်နေရာကို ပုန်းနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့ သေစမ်း”
ယန်ပေးချန်သည် ပြန်လည်ရှင်သန်လာသော မိစ္ဆာဧကရာဇ်တစ်ပါးကဲ့သို့ဖြစ်ပြီး ကြမ်းကြုတ်ခက်ထန်သောအော်ရာနှင့်အတူ ရှေ့သို့လျှောက်လှမ်းလာ၏။ တစ်ခဏအတွင်းမှာပင် သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ရှေ့သို့ရောက်ရှိလာပြီး သူ၏ဆေဘာနှင့်အတူ ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်သည် သူ၏ခေါက်ယပ်တောင်ကို လွှဲယမ်းပြီး အမုန်းမိစ္တာဆေဘာကို ပိတ်ဆို့တားဆီးလိုက်၏။
ချွမ်း....
မီးပွားများက အဘက်ဘက်သို့လွင့်စင်ထွက်သွား၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏လက်က ထုံကျင်သွားလေသည်။
အမုန်းသုတ္တန်ကို အမွေဆက်ခံရရှိထားသော အဆူရာသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ခါစဖြစ်သော်လည်း တိုက်ခိုက်ရည်ခွန်အားအရာမှာ သူ့ကိုရင်ဆိုင်နိုင်သည့်သူ များများစားစားမရှိတော့ပေ။
တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ကြမည်ဆိုလျှင် သူ၏ အစွမ်းအစသည် နတ်ဘုရားဟန်လင်းနှင့် ရွှေကျီးကန်းတတိယမင်းသားတို့ထက် အားမနည်းကြောင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ့ကိုယ်သူယုံကြည်ထား၏။ သို့သော်လည်း ယန်ပေးချန်နှင့်ရင်ဆိုင်ရာမှာ ကိစ္စများက အလွန်တရာခက်ခဲလာသည်ဟု သူက ခံစားရဆဲဖြစ်၏။
အကြောင်းမှာ ယန်ပေးချန်က လုံးဝတစောက်ကန်းတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သူသည် သေရမည် သို့မဟုတ် ဒဏ်ရာရရှိမည်ကို လုံးဝမကြောက်ရွံ့ပေ။ သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်ကို ထိုးဖောက်နိုင်ဖို့အတွက် ထိုသူ့ထံမှ ရိုက်ချက်တစ်ချက်ကိုလည်း ခံယူရဲလေသည်။ တစ်ခဏအတွင်းမှာပင် နှစ်ဖက်စလုံးက ထိတွေ့ရိုက်ခတ်မှု ဆယ်ကြိမ်ကျော် တိုက်ခိုက်ဖလှယ်လိုက်ကြ၏။
ယန်ပေးချန်သည် နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်မည့် ပုံစံနှင့် သူ၏အသက်ကိုရင်းကာ တိုက်ခိုက်နေခြင်းဖြစ်၏။ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ခေါက်ယပ်တောင်သည် ယန်ပေးချန်၏ခြေထောက်ပေါ်ကို ပြင်းထန်စွာ ကျရောက်လာ၏။ အဲ့ဒါက သူ၏ ဘယ်ဘက်ခြေထောက်ကို ပျက်စီးထိခိုက်စေပြီး သူ၏အရွတ်များနှင့် အရိုးများကို ကျိုးပြတ်သွားစေ၏။
သို့သော်လည်း သူက မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား ယန်ပေးချန်၏ အမူအရာက ပို၍ပင် ရက်စက်ကြမ်းတမ်းလာပြီး သူ့ဘေးပတ်လည်ရှိ အမုန်းမိစ္ဆာချီကလည်း ပို၍သိပ်သည်းစုဖွဲ့လာ၏။
ယန်ပေးချန်၏ ကိုယ်ကာယနာကျင်မှုသည် သူ၏နှလုံးသားထဲရှိ နာကျင်မှု၏ အစိတ်အပိုင်းတစ်ခုမျှလောက်သာရှိကြောင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်မသိရှိပေ။
သူ၏ခန္ဓာကိုယ်ပေါ်ရှိနာကျင်မှုသည် သူ၏နှလုံးသားထဲရှိ နာကျင်မှုကို အနည်းငယ်လျော့ကျစေပေလိမ့်မည်။ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ကျင့်ကြံမှုသည် ပကတိပေါင်းစည်းခန္ဓာအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်၏။
ပကတိခွန်အားအရာမှာဆိုလျှင် သူက ယန်ပေးချန်ထက် ပိုမိုသာလွန်လေသည်။ သို့သော်လည်း ဆယ်ချီကျော်တိုက်ခိုက်ပြီးနောက် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အမှန်တကယ်ပင် ဆက်လက်၍တိုက်ခိုက်လိုစိတ်မရှိတော့ပေ။
ယန်ပေးချန်၏ အရိုးများစွာက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏လက်ချက်ဖြင့် ကျိုးကုန်သော်လည်း သူက အကြောက်အလန့်ကင်းမဲ့နေဆဲ ဖြစ်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်ကလည်း ဒဏ်ရာများဖြင့် ပြည့်နှက်လာပြီဖြစ်၏။
အပြင်းထန်ဆုံး ဒဏ်ရာမှာ သူ၏ ဝမ်းဗိုက်ဘယ်ဘက်ပေါ်ရှိ ဆေဘာချက်ဖြစ်လေသည်။
ကံကောင်းထောင်မစွာဖြင့် သူသည် အချိန်မီနောက်ဆုတ်နိုင်ခဲ့၏။ မဟုတ်ပါက ထိုတိုက်ခိုက်မှုက သူ့ကို ထုတ်ချင်းပေါက်သွားစေပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ အမုန်းမိစ္တာဆေဘာ၏ စွမ်းပကားက တဖြည်းဖြည်းသိသာထင်းရှားလာ၏။
အမုန်းမိစ္ဆာချီသည် ဂမ္ဘီရသံလိုက်တောင်ကဲ့သို့ ရှေးဟောင်းအတုမရှိ ရတနာတစ်ခုကိုပင် စွန်းထင်းတိုက်စားနိုင်ပြီး ၎င်း၏စွမ်းပကားကို ချိတ်ပိတ်နိုင်လေသည်။
ဆေဘာသွားသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဒဏ်ရာကိုထိုးခွဲလိုက်စဥ် သူ၏ ခန္ဓာကိုယ်သည် ကြွင်းကျန်ရစ်သော အမုန်းမိစ္ဆာချီကို လက်ခံရရှိပြီး တစ်မူထူးခြားသော ပျက်စီးထိခိုက်မှုဖြစ်လာခဲ့၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် စတင်၍ ပုပ်သိုးဆွေးရိလာကြောင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်က ရှင်းလင်းစွာမြင်လိုက်ရ၏။
“အဆူရာ... မင်းက အထီးကျန်သိုင်းသခင်ကို ကယ်တင်ရမဲ့အစား ဘာလို့ငါ့ကို ပြဿနာလိုက်ရှာနေတာလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဒေါသူပုန်ထနေသော်လည်း သူက သူ့ဒေါသကို ဖိနှိမ်ပြီး လေးနက်သောအသံဖြင့်မေးလိုက်၏။
“ငါက မင်းအသက်နဲ့.... မင်းကို... ပြန်ပေးဆပ်ခိုင်းမယ်”
ယန်ပေးချန်သည် စကားကို တစ်လုံးချင်းပြောလိုက်၏။ ထိုသူ၏အကြည့်က ရေခဲကဲ့သို့အေးစက်နေပြီး သူ့အနေဖြင့် ယန်ပေးချန်ထံကနေ အလွယ်တကူရုန်းထွက်နိုင်တော့မည်မဟုတ်ကြောင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်က နားလည်လိုက်၏။
သူက သူ၏ထွက်ပြေးခြင်းနည်းစနစ်နှင့်အတူ ထွက်ပြေးမည်ဆိုလျှင် သူက ယန်ပေးချန်ကို မျက်ခြေဖြတ်နိုင်ပေလိမ့်မည်။ သို့သော်လည်း သူ၏ယခင် ကြိုးစားအားထုတ်မှုများသည် အလဟဿဖြစ်သွားပေလိမ့်မည်။
“ကိစ္စက ဒီလိုဆိုမှတော့လည်း... ငါက မင်းကို အဲ့ဒီမိန်းမနဲ့ ပေးတွေ့ရသေးတာပေါ့”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးများထဲတွင် သွေးရောင်အလင်းက ဖျပ်ခနဲလက်သွားပြီး သူ၏ မနောကျင့်ကြံရေးနည်းစနစ်တစ်ခုကိုလှည့်ပတ်လိုက်၏။
သူ၏ခန္ဓာကိုယ်က ဧရာမအနက်ရောင်တွင်းပေါက်တစ်ခုအသွင်ပြောင်းလဲသွားသည်ဟုထင်ရပြီး တိုက်ပွဲနယ်မြေရှိ ကြွယ်ဝသော မျိုးဆက်သွေးများကို အဆက်မပြတ် စုပ်ယူလိုက်၏။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်...
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည်လည်း မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သိရှိထားလေသည်။ ဒါ့အပြင်... သူကျင့်ကြံထားသော မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်သည် ခရမ်းရောင်မီးတောက်ထုတ်ဖော်ခဲ့သည်ထက် များစွာပို၍ သန်မာလေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဦးနှောက်ခြောက်မတတ် စဥ်းစားအကြံထုတ်ပြီးနောက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် ဤတိုက်ပွဲကို အသုံးချကာ ကမ္ဘာဦးမျိုးနွယ် ၆စု နှင့် တဗူးအပါအဝင် အဖွဲ့အစည်းများစွာကို ရောပါငြိစွန်းစေခဲ့၏။ တကယ်ဆို... အထီးကျန်သိုင်းသခင်ပင်လျှင် သူ၏တုန်လှုပ်စရာကောင်းသောအကြံအစည်မှာ သူ၏စစ်တုရင်အရုပ်တစ်ရုပ်မျှသာဖြစ်ခဲ့၏။ သူက ဤနေရာမှာရှိသော မျိုးဆက်သွေးများအားလုံးကို စုပ်ယူချင်လေသည်။
ကောင်းကင်နှင့်မြေကြီး တောင်ကြားတွင် သေဆုံးကုန်သော သက်ရှိအရေအတွက်ကပိုများပြီး သူတို့၏မျိုးဆက်သွေးများက ပိုမိုကြွယ်ဝလေလေ သူရရှိမည့်အကျိုးအမြတ်ကလည်း ပိုမိုကြီးမားလေလေဖြစ်၏။ အဲ့ဒါကြောင့် ခရမ်းရောင်မီးတောက်က ဤနေရာမှာရှိသော မျိုးဆက်သွေးများကို စုပ်ယူဖို့အတွက် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို လှည့်ပတ်နေသည်ကို သူတွေ့မြင်ခဲ့သောအခါ သူကထိုသူကို ဝင်ရောက်ဟန့်တားနှောက်ယှက်ချင်ခဲ့၏။ အဲ့ဒါသည် သူ့ပါးစပ်ဝမှ အစာကို အခြားသူတစ်ယောက်က လုယူလာခြင်းနှင့်တူလေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဤနေရာမှာရှိသော မျိုးဆက်သွေးများကို အဆုံးရှုံးခံနိုင်လိမ့်မည်မဟုတ်ပေ။
အစကတော့... သူသည် အမှောင်ထဲကနေ ပုန်းကွယ်ပြီး ဤတိုက်ပွဲပြီးဆုံးသည်အထိ စောင့်ဆိုင်းကာ အဲ့ဒီနောက်မှ ဤနေရာရှိ မျိုးဆက်သွေးများကို သန့်စင်စုပ်ယူဖို့အတွက် သူ၏ မိစ္ဆာနည်းစနစ်ကို လှည့်ပတ်အသုံးပြုချင်ခဲ့၏။
သို့သော် ယခုအခါ ယန်ပေးချန်က သူ့ကိုဖိအားပေးလာခဲ့ပြီး သူကဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မျိုးဆက်သွေးအနည်းငယ်မျှကို စုပ်ယူခါစမှာပင် သူ၏အမူအရာကရုတ်ချည်းပြောင်းလဲသွား၏။
မြေပြင်ပေါ်က မျိုးဆက်သွေးများနှင့် သူ၏ဆက်သွယ်မှုက ရုတ်တရက် ပြင်ပအားတစ်စုံတစ်ရာ၏ ဖြတ်တောက်ခြင်းကိုခံလိုက်ရ၏။
နောက်ကွယ်မှ ကြိုးကိုင်သူက တစ်ဖန်တိုက်ခိုက်လိုက်လေပြီ။
“အဲ့ဒါသူပဲ... “
ရုတ်တရက် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ထိုသူ၏ သရုပ်သကန်ကို စဥ်းစားမိသွားပြီး မျက်လုံးပြူးမျက်ဆံပြူးနှင့်အတူ တုန်လှုပ်ကာ ဒေါသဖြင့် တဆတ်ဆတ်တုန်ယင်လာ၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိသူသည် ဤကဲ့သို့သော ဣန္ဒြေပျက်ယွင်းမှုမျိုးနှင့် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပေ။
အကြောင်းမှာ သူဒုက္ခသုက္ခခံ၍ ပင်ပန်းဆင်းရဲစွာဖြင့် ခင်းကျင်းထားသော ဤထောင်ချောက်သည် အခြားသူတစ်ယောက် အရံသင့်လျှောက်လှမ်းဖို့အတွက် လမ်းဖောက်ပေးခဲ့ခြင်းဖြစ်နေသောကြောင့်ပင်။
နှံကောင်က ပုစဥ်းကို ချောင်းနေစဥ်မှာ နှံကောင်ကိုလည်း ရွှေဝါငှက်က ချောင်းမြောင်းနေ၏။
သူက နှံကောင်တစ်ကောင်မျှသာဖြစ်ခဲ့၏။
နောက်ကွယ်မှကြိုးကိုင်သူက အစစ်အမှန်ရွှေဝါငှက်ဖြစ်လေသည်။
“အား...”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မချင့်မရဲဖြင့် ဒေါသတကြီးအော်ဟစ်လိုက်၏။
သူ၏ ဒဏ်ရာများနှင့်ပေါင်းစပ်လိုက်သောအခါ သူ၏ သွေးချီက အထိန်းအကွပ်မဲ့စွာ တလိပ်လိပ်တက်လာပြီး သူက ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်ရ၏။