အသက်ဖြတ်ကျိန်စာ
Vol. 88 Ch. 1317
တိုက်ပွဲနယ်မြေက အမြဲမပြတ်ပြောင်းလဲနေ၏။
အာကာသချိပ်စည်းက ကျိုးပျက်သွားပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်က ထွက်ပေါ်လာ၏။ ယန်ပေးချန်က ကောင်းကင်ဘုံလျှို့ဝှက်ချက်နောက်သို့ လိုက်သွားပြီး ကြီးမားသည့်တိုက်ပွဲတစ်ခုဖြစ်လာ၏။
အခြားတစ်ဘက်မှာတော့ တောကောင်သားရေပေါ်ရှိ ဝင်္ကပါက တဖြည်းဖြည်း လင်းလက်လာပြီး တည်နေရာရွေ့ပြောင်းအစီအရင်က တဖြည်းဖြည်းရုပ်လုံးပေါ်လာ၏။ ကြီးမားသော ဓမ္မစွမ်းအား ဝဲကတော့တစ်ခုသည် ဝိုးတဝါးပေါ်ထွက်လာပြီး ဘယ်ဆီဘယ်ဝယ်ကိုရယ်မသိ ဦးတည်ကာ မှောင်မည်း၍နက်ရှိုင်းနေ၏။
ဓမ္မစွမ်းအားဝဲကတော့သည် တောကောင်သားရေ၏ ဝင်္ကပါအင်းကွက်များကနေဖြစ်ပေါ်လာသော အာကာသဥမင်တစ်ခုဖြစ်၏။ သူတို့က ထိုထဲသို့ခုန်ဝင်လိုက်သည်နှင့် သူတို့သည် အာကာသအချုပ်အနှောင်ကိုချိုးဖြတ်ကာ ဤနေရာကနေ ထွက်ခွာနိုင်မည်ဖြစ်၏။ ဆူဇီမိုက အချိန်မရွေးထွက်ခွာသွားနိုင်ပေတော့မည်။
သို့သော်လည်း သူက မထွက်ခွာခင် အခြားလုပ်စရာတစ်ခုရှိနေသေး၏။ သူက ဝူရှဲ့ကို သတ်ရပေမည်။
သူက ဤအပြောင်းအလဲ ကိန်းရှင်ကို သတ်ဖြတ်ရပေမည်။ မဟုတ်ပါက အနာဂတ်တွင် ပြဿနာများက မီးခိုးကြွက်လျှောက်လိုက်လာပေလိမ့်မည်။
“အားလုံးပဲ... အထီးကျန်သိုင်းသခင်ကို မြန်မြန်တားကြ သူ့ရဲ့ အာကာသဥမင်က ဖြစ်ပေါ်လာတော့မယ်... သူ့ကိုငါတို့ ထွက်ခွာခွင့်ပေးလို့ မဖြစ်ဘူး”
နတ်ဘုရားဟန်လင်းက အော်ပြောလိုက်၏။
သူ၏ သတိပေးမှုမရှိလျှင်တောင် ကမ္ဘာဦးမျိုးနွယ်မှ အခြားသော ပညာရှင်များက သူတို့၏ လှုပ်ရှားမှုများကို ပြုလုပ်လာကြပြီဖြစ်၏။
အထီးကျန်သိုင်းသခင်က ကမ္ဘာဦးတဗူးနဲ့အတူ ဤနေရာကနေ ထွက်ခွာသွားမည်ဆိုလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်များက အရမ်းကိုကြောက်စရာကောင်း၏။
“ငါတို့က အဲ့ဒီတောကောင်၃ကောင်ကို ဒီနေရာမှာသတ်ဖြတ်ရမယ်”
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ခက်ထန်စွာဖြင့်ပြောဆိုလိုက်၏။
ကမ္ဘာဦးမျိုးနွယ် ၆စုသည် ဤတိုက်ပွဲတွင် ကြီးမားစွာ နစ်နာဆုံးရှုံးခဲ့ရပြီး သွေးနွယ်ပင်မျိုးနွယ်က ပျက်စီးထိခိုက်မှုအများဆုံးဖြစ်၏။
အစစ်အမှန်နဂါးခန္ဓာက ကျတ်တီးမြေကို ထုတ်ဖော်ခဲ့စဥ်က သွေးနွယ်ပင်မျိုးနွယ်မှ ဓမ္မဝိသေသတာအိုအရှင်များအားလုံးနီးပါးသည် အသက်ရှုချိန်အနည်းငယ်အတွင်း သေကြေပျက်စီးခဲ့ရ၏။ သွေးနွယ်ပင်မျိုးနွယ်မှ ကျန်ရှိနေသော စွမ်းအားကြီးပုဂ္ဂိုလ်များသည် အစစ်အမှန်နဂါးခန္ဓာကို အရိုးထိတိုင်မုန်းတီးနေကြပြီဖြစ်၏။
“မင်းတို့က... ငါ့ကိုသတ်ချင်တာလား”
အစစ်အမှန်နဂါးခန္ဓာက အေးစက်စက်အမူအရာတစ်ခုရှိပြီး ရှေ့သို့ခုန်ဝင်လိုက်၏။ သူက နောက်ဆုတ်ရမည့်အစား ကမ္ဘာဦးမျိုးနွယ် ၆စု ရှိရာဘက်သို့ ခုန်ဝင်လာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“ငါကလည်း... မင်းတို့ကို သတ်ချင်နေတာ”
သူက အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ ဝူရှဲ့ဆီသို့ ပြေးဝင်လိုက်၏။
“ဟွန့်...”
ဝူရှဲ့က အဲ့ဒါကို အာရုံခံမိထားပြီဖြစ်ပြီး သူက လှောင်ရယ်၍ နောက်သို့လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။
“ဘာလဲ.... မင်းရဲ့လျှို့ဝှက်ချက်ကို ငါသိထားလို့ မင်းကငါ့ကို နှုတ်ပိတ်ချင်နေတာလား”
သူသည် အစစ်အမှန်နဂါးခန္ဓာနှင့် အကွာအဝေးတစ်ခု ခွာထားနိုင်သည်နှင့်အမျှ အစစ်အမှန်နဂါးခန္ဓာသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံရမည်ဖြစ်ပြီး အစိမ်းရောင်ကြာပန်းက အစစ်အမှန်ခန္ဓာနှင့် သီးခြားခွဲထွက်၍ တိုက်ခိုက်ရပေလိမ့်မည်။
ထိုအချိန်ကျလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ရွေးချယ်စရာနှစ်ခုရှိလာပေလိမ့်မည်။
သူက ဤနေရာမှာနေပြီး သူ၏အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုလုံးကို သေကြေပျက်စီးစေဖို့ဖြစ်၏။
မဟုတ်လျှင် သူသည် ညဝိညာဥ်နှင့်အတူ အရင်ဆုံးထွက်ခွာသွားဖို့ဖြစ်၏။ သို့သော်လည်း အဲ့ဒီအချိန်မှာ အစစ်အမှန်နဂါးခန္ဓာက သေချာပေါက် သေကြေပျက်စီးရပေလိမ့်မည်။
“မင်းက... ထွက်ပြေးဖို့ကြိုးစားချင်သေးတာလား”
အစစ်အမှန်နဂါးခန္ဓာသည် အာရုံစိုက်၍ကြည့်ပြီး သူ၏နှာရောင်က ဝင်းလက်လာ၏။ သူ၏ ကြီးမားသည့်စိတ်ဝိညာဥ်အသိစိတ်သည် အဆက်မပြတ် စုဖွဲ့လာပြီး ချောက်ချားစရာကောင်းသော စိတ်ဝိညာဥ်အသိစိတ် အတက်အကျတစ်ခုကို ဖြန့်ကြက်လာစေ၏။
လက်တစ်ဝါးအရွယ် သွေးနီရောင်ကြေးခွံတစ်ခုသည် အစစ်အမှန်နဂါးခန္ဓာ၏ နှာရောင်ကနေ ဖြည်းဖြည်းချင်း လွင့်မျောထွက်ပေါ်လာ၏။ အဲ့ဒါက လခြမ်းကွေးပုံသဏ္ဌာန်ရှိပြီး သာမန်သာဖြစ်လေသည်။ သို့သော်လည်း နဂါးကြေးခွံထွက်ပေါ်လာသည့်အခါ လောကတစ်ခုလုံးက တုန်ခါလာသည်ဟုထင်ရ၏။
လေဟာနယ်က အေးခဲသွားသည့်အလားပင်။
ဆူဇီမိုထံသို့ ပြေးဝင်လာနေသော ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကြ၏။
ရွှေကျီးကန်းတတိယမင်းသား ၊ နတ်ဘုရားဟန်လင်းနှင့် အခြားသူများ၏ သူငယ်အိမ်များက တင်းကျပ်သွားကြ၏။ ထိုနဂါးကြေးခွံမှ အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြာထွက်လာသည်ကို သူတို့ကခံစားမိနိုင်ကြ၏။
အဲ့ဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ရှိ တစ်ခုတည်းသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ် ဘက်ပြန်ကြေးခွံဖြစ်၏။
အစစ်အမှန်နဂါးခန္ဓာသည် အဲ့ဒါကို ကျင့်ကြံပြီးကတည်းက သူသည် ဤအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို နှစ်ကြိမ်သာလျှင် ထုတ်ဖော်ခဲ့ဖူး၏။
အကြောင်းမှာ ဤအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သည် အရမ်းကိုကြောက်စရာကောင်းပြီး နဂါးမျိုးနွယ်မှအကြီးအကဲများသည် နဂါးအရိုးတောင်ကြားတွင် အဲ့ဒါကို အသုံးမပြုဖို့ သူ့ကိုတားမြစ်ပိတ်ပင်ထားသောကြောင့်ဖြစ်၏။
နဂါးကြေးခွံက ပေါ်ထွက်လာပြီး ဝူရှဲ့ထံသို့ဖြည်းဖြည်းချင်းပျံသန်းလာ၏။
အဲ့ဒါက အရမ်းမမြန်လွန်းပေ။ သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ ဝူရှဲ့သည် နောက်သို့ဘယ်လိုပင်ဆုတ်ပါစေ သူနှင့် နဂါးကြေးခွံကြား အကွာအဝေးက နီးကပ်လာနေလေသည်။
“အဲ့ဒါက... အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုပဲကို ဘာများကြောက်နေရဦးမှာလဲ”
နတ်ဘုရားဟန်လင်း၏ နှာရောင်ပေါ်တွင် ရွှေရောင်အလင်းတစ်ခုက တောက်ပလာပြီး သူကလည်း နတ်ဘုရားမျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များသည် တိုက်ခိုက်လာကြပြီး အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ကာ နဂါးကြေးခွံထံသို့ ပျံသန်းသွားစေ၏။
“မင်းက... စုန်းမျိုးနွယ်ရဲ့ရှေ့မှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို လာသုံးတယ်ဆိုတာ သေချင်နေတာပဲဖြစ်ရမယ်”
စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် အော်ဟစ်ငေါက်ငမ်း၍ သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ချက်ချင်းပင်ထုတ်ဖော်လိုက်ကြ၏။
ကမ္ဘာဦးမျိုးနွယ် ၉စုသည် သူတို့ကိုယ်ပိုင် ထူးချွန်မှုများ ကိုယ်စီရှိကြ၏။ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ကျင့်ကြံခြင်းတွင် စုန်းမျိုးနွယ်က အတော်ဆုံးဖြစ်၏။ ကမ္ဘာဦးမျိုးနွယ် ၉စုကြားတွင် စုန်းမျိုးနွယ်က သာမန်မျိုးဆက်သွေးနှင့် အားအနည်းဆုံး ကိုယ်ကာယကို ပိုင်ဆိုင်ထားကြ၏။ သူတို့၏ ဘဝသက်တမ်းကလည်း သိပ်ပြီးမရှည်လျားကြပေ။ သို့သော်လည်း သူတို့သည် ကမ္ဘာဦးခေတ်မှာ စိုးမိုးခြယ်လှယ်ခဲ့ပြီး ကမ္ဘာဦးမျိုးနွယ် ၉စုဝင် ဖြစ်လာခဲ့သည်မှာ သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကြောင့်ဖြစ်၏။
ထိုလျှို့ဝှက်အတတ်များသည် သန်မာရုံသာမက သူတို့သည် မကောင်းဆိုးဝါးဆန်၍ ခုခံဖို့လည်းမဖြစ်နိုင်ပေ။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များက တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး သွေးနီရောင်နဂါးကြေးခွံကို ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
ထို့နောက်ချက်ချင်းပင် တုန်လှုပ်စရာကောင်းသောမြင်ကွင်းတစ်ခုက ထွက်ပေါ်လာ၏။ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များက နဂါးကြေးခွံနှင့် ထိတွေ့မိသည့်ခဏမှာပင် တိုက်ခိုက်လိုက်သော ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်များသည် လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာ၏။
သူတို့၏ အသက်ဓာတ်အားက ပျက်ပြယ်သွားပြီး သူတို့၏ ခန္ဓာကိုယ်များက မြေပြင်ပေါ်သို့ သက်ဆင်းလာကြ၏။
သေကြလေပြီ...။
တစ်ခဏအတွင်းမှာပင် တိုက်ခိုက်လိုက်သော ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်တစ်ရာကျော်သည် ခြွင်းချက်မရှိဘဲ သေဆုံးကုန်ကြ၏။
နတ်ဘုရားဟန်လင်း၏ မျက်လုံးများသည်ပင် ပြူးကျယ်နေပြီး သူ၏အမူအရာက အေးစက်တောင့်တင်းနေ၏။ သူ၏မျက်နှာပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိသော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်က သူ၏အသိစိတ်ထဲမှာ ကြေမွပျက်စီးသွားပြီဖြစ်၏။
နတ်ဘုရားဟန်လင်း၏ခေါင်းက ဘေးဘက်သို့လည်ကျသွားပြီး သူက လေထဲကနေပြုတ်ကျလာကာ သေဆုံးသွားလေပြီ။
နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူဘယ်သူမဆို သေရပေလိမ့်မည်။
ထိုနဂါးကြေးခွံက လုံးဝအထိမခံပေ...။ ထိမိသူ မည်သူမဆို သေရပေလိမ့်မည်။
တကယ်တော့... ဤမျှများပြားလှသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များက ဘက်ပြန်ကြေးခွံကို တိုက်ခိုက်လာသည့်အတွက် နဂါးကြေးခွံသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာပြီး လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်၏။
ထိုအခိုက်အတန့်မှာပင် ဘက်ပြန်ကြေးခွံက ဝူရှဲ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
အစကနေ ယခုချိန်ထိ ဝူရှဲ့က တိုက်ခိုက်ခြင်းမရှိဘဲ ရှောင်ရှားနေခြင်းမျှသာဖြစ်၏။
အကြောင်းမှာသူသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ပြီး အမြုတေစိတ်ဝိညာဥ်များအပေါ် နက်ရှိုင်းသော နားလည်မှုတစ်ခုရှိနေပြီဖြစ်၏။
ထိုနဂါးကြေးခွံထံကနေ အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခု လာနေသည်ကို သူက ခံစားမိနိုင်၏။ ထို့ကြောင့်ပင်လျှင် သူက မတိုက်ခိုက်ခဲ့ခြင်းဖြစ်၏။
သို့သော် ယခုအခါဝူရှဲ့က ပြေးစရာနေရာမရှိတော့ပေ။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”
ဝူရှဲ့က အေးစက်စွာဖြင့်ပြောဆိုလိုက်၏။
“ငါသေပြီးသွားရင် မင်းကလည်းရှင်သန်နိုင်မှာ မဟုတ်တော့ဘူး... မင်းရဲ့ကိုယ်ပွားနှစ်ခုလုံးကလည်း အတူတကွသေလိုက်ကြတော့ပေါ့”
ဝူရှဲ့၏အသိစိတ်ထဲတွင် သူ၏ စိမ်းညိုရောင်အမြုတေစိတ်ဝိညာဥ်က အဆက်မပြတ်ပြန့်ကားလာပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏။ သူက ပေါက်ကွဲတော့မည့်ဆဲဆဲဖြစ်၏။
“အသက်ဖြတ်ကျိန်စာ...”
ဝူရှဲ့က အော်ဟစ်ငေါက်ငမ်းလိုက်၏။ သူ၏အသိစိတ်ထဲတွင် သူ၏အမြုတေစိတ်ဝိညာဥ်က ပေါက်ကွဲသွားပြီး အလွန်တရာကြောက်စရာကောင်း၍ ကြီးမားသောစိတ်ဝိညာဥ်အသိစိတ်တစ်ခုက ထွက်ပေါ်လာ၏။ အဲ့ဒါက စုန်းမျိုးနွယ်၏ တားမြစ်နည်းစနစ်တစ်ခုဖြစ်၏။
အသက်ဖြတ်ကျိန်စာသည် စုန်းမျိုးနွယ်၏ တားမြစ်လျှို့ဝှက်အတတ်တစ်ခုဖြစ်လေသည်။
အကြောင်းမှာ အသက်ဖြတ်ကျိန်စာကို ထုတ်ဖော်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက်မှာ သူ၏အမြုတေစိတ်ဝိညာဥ်ကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးဖို့ဖြစ်၏။
ထိုသို့ဖောက်ခွဲဖျက်ဆီးလိုက်သည့်ခဏမှာပင် သူသည် အသက်ဖြတ်ကျိန်စာကို ပြီးမြောက်စေဖို့အတွက် မနှိုင်းယှဥ်သာအောင် ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ရရှိလာပေလိမ့်မည်။
အဲ့ဒါသည် အသက်ချင်း အလဲအထပ်ပြုလုပ်ခြင်းဟုဆိုနိုင်၏။
ရွှေကျီးကန်းတတိယမင်းသားနှင့် အခြားသူများ၏ အမူအရာများက အသက်ဖြတ်ကျိန်စာ ဟူသောအသံကိုကြားရချိန်မှာ ပြောင်းလဲသွားကြ၏။ ကမ္ဘာဦးခေတ်က စုန်းမျိုးနွယ်သည် အားနည်းသောကိုယ်ကာယနှင့် မျိုးဆက်သွေးရှိသော်လည်း မည်သည့်မျိုးနွယ်ကမှ သူတို့ကို ရန်မစလိုကြပေ။
အကြောင်းမှာ စုန်းမျိုးနွယ်မှ လျှို့ဝှက်အတတ်အချို့သည် အသက်ချင်း အလဲအထပ်ပြုလုပ်နိုင်သောကြောင့်ဖြစ်၏။
စုန်းမျိုးနွယ်က ဒေါသယမ်းမီးပေါက်ကွဲသွားသည်နှင့် အခြားမျိုးနွယ်များသည် အဲ့ဒါကို ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။
ဥပမာအားဖြင့် ဝူရှဲ့ကဲ့သို့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်းဖြင့် ထွက်ပေါ်လာမည့် အသက်ဖြတ်ကျိန်စာသည် ကမ္ဘာဦးမျိုးနွယ်မှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက်ပင်လျှင် မခုခံနိုင်သည့် တစ်စုံတစ်ရာဖြစ်၏။
ဝူရှဲ့သည် သူသေရတော့မည်ဆိုတာကို သိရှိထားသော်လည်း သူက အစစ်အမှန်နဂါးခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတို့ကို သူနဲ့အတူ သေဆုံးသွားဖို့ အလိုရှိလေသည်။
အသက်ဖြတ်ကျိန်စာသည် အစစ်အမှန်နဂါးခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲသို့ချက်ချင်းပင်ဝင်ရောက်လာ၏။ ၎င်းက ရုတ်တရက်ပေါ်ထွက်လာပြီး အမြုတေစိတ်ဝိညာဥ်ကိုတိုက်ရိုက်ပစ်မှတ်ထားလာလေသည်။ အဲ့ဒါက ခုခံဖို့အတွက် မဖြစ်နိုင်ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မင်းဝမ်ဆုတောင်းပုတီးကဲ့သို့ အမြုတေစိတ်ဝိညာဉ်ဓမ္မလက်နက်တစ်ခုကို ကိုယ်နှင့်မကွာဆောင်ထားလျှင်တောင် အဲ့ဒါက အသက်ဖြတ်ကျိန်စာကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
အဲ့ဒါက စုန်းမျိုးနွယ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။
“သေစမ်းကွာ... သေစမ်း”
ဝူရှဲ့၏ အမြုတေစိတ်ဝိညာဥ်က သူ့ကိုယ်သူဖောက်ခွဲဖျက်ဆီးသွားပြီး သူ၏ကျန်ရှိနေသေးသော အကြွင်းအကျန်စိတ်ဝိညာဥ်အသိစိတ်က ကြောက်မက်ဖွယ်ရာအမူအရာနှင့်အတူ ရူးသွပ်စွာ အော်ဟစ်လိုက်၏။ သူက မျက်လုံးကို ပြူးကျယ်ထားပြီး သူ မသေခင် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခု၏ အဖြစ်ဆိုးကို တွေ့မြင်သွားချင်သေး၏။