← Chapters

ပင်လယ်တည်ငြိမ်

Vol. 88 Ch. 1318

ပင်လယ်တည်ငြိမ်

Vol. 88 Ch. 1318

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဆတ်ခနဲတုန်ယင်သွား၏။

ဆူဇီမို၏ အသိစိတ်ထဲတွင် အစိမ်းရင့်ရောင်မြူခိုးတစ်ခုသည် အလွန်တရာကြောက်စရာကောင်းသော ဆိုးယုတ်အော်ရာနှင့်အတူ သူ၏အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ထံသို့ ဆင်းသက်ဝါးမျိုလိုက်၏။

ထိုအခိုက်အတန့်တွင် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် ဖန်တီးခြင်းကြာခုံပေါ်မှာထိုင်နေ၏။ အန္တရာယ်ကိုအာရုံခံမိသွားပြီး သူက မတ်တတ်ထရပ်ကာ ဆူပွက်နေသော အသိစိတ်တစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

အစိမ်းရောင်ကြာစေ့ ၅၄စေ့သည် လျှံထွက်လာသော ရောင်ခြည်အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ရှေ့တွင် အစိမ်းရောင်ကြာပန်း ဓားတစ်လက်ကို လျင်မြန်စွာ စုဖွဲ့လိုက်၏။

“သတ်ဖြတ်စမ်း”

အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်က အော်ပြောလိုက်၏။

အစိမ်းရောင်ကြာပန်းဓားသည် ဝင်ရောက်လာသောအစိမ်းရင့်ရောင်မြူခိုးကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

ဖောက်...

အစိမ်းရင့်ရောင်မြူခိုးသည် ချက်ချင်းပင် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရပြီး အစိမ်းရောင်ကြာပန်းဓားချက်ကြောင့် ၎င်း၏ဆိုးယုတ်အော်ရာက သိသိသာသာလျော့ကျသွားလေသည်။

သို့သော်လည်း နှစ်ပိုင်းပြတ်ကျသွားသောမြူခိုးသည် ဆက်လက်၍ လွင့်မျောလာပြီး ရပ်တန့်မည့်လက္ခဏာ မရှိပေ။ ၎င်းသည် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ထံသို့ လွှမ်းခြုံလာနေဆဲ ဖြစ်၏။

ဆူဇီမိုက ထိတ်လန့်သွား၏။

သူသည် အစိမ်းရောင်ကြာပန်းဓားကို ကျွမ်းကျင်တတ်မြောက်ပြီးကတည်းက ၎င်းကို အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော အန္တိမသတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုအဖြစ်သတ်မှတ်နိုင်ပြီး အမြဲတမ်းအောင်မြင်ခဲ့လေသည်။ ယခုအခါမှာတော့ အဲ့ဒါသည် အသက်ဖြတ်ကျိန်စာကို ဖျက်ဆီးနိုင်ခြင်း မရှိတော့ပေ။

အဲ့ဒါသည် အစိမ်းရောင်ကြာပန်းဓားက လုံလောက်အောင်မသန်မာသောကြောင့် မဟုတ်ပေ။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ကြားတွင် အဆင့်ကြီးတစ်ဆင့် ကွာဟနေ၏။ ဒါ့အပြင်... ဝူရှဲ့သည် သူ့အသက်ကို သူစတေးပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို ကိုယ်တိုင်ဖျက်ဆီးဖောက်ခွဲရသော မန္တန်သည် အလွယ်တကူခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

“သတ်စမ်း... သတ်စမ်း... သတ်စမ်း”

အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် အစိမ်းရောင်ကြာပန်းဓားကို ထိန်းချုပ်ပြီး အစိမ်းရင့်ရောင်မြူခိုးများကို အဆက်မပြတ်ခုတ်ပိုင်းချနေ၏။

ဖောက်... ဖောက်... ​​​ဖောက်...

ဓား၏ထက်ရှမှုသည် မြူခိုးများကို အပိုင်းပိုင်းပြတ်ကျသွားစေပြီး ၎င်း၏အရောင်အဝါက သိသိသာသာမှိန်ကျသွား၏။ သို့သော်လည်း ၎င်းသည် မြူခိုးများ၏ ဆိုးယုတ်စွမ်းအားများကို ကုန်စင်အောင်ဖိနှိမ်နိုင်ခြင်း မရှိပေ။

နောက်ဆုံးမှာတော့ အစိမ်းရင့်ရောင်မြူခိုးသည် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံသွား၏။ ဆူဇီမိုသည် ခပ်သဲ့သဲ့ညည်းတွား၍ သူ၏အမြုတေစိတ်ဝိညာဥ်ကို တစ်စုံတစ်ရာက လာရောက်ထိခတ်လိုက်သည်ဟု ခံစားရ၏။

အစိမ်းရောင်ကြာပန်းဓားသည် အသက်ဖြတ်ကျိန်စာကို ကုန်စင်အောင် မချေဖျက်နိုင်ခဲ့သော်လည်း ၎င်းသည် စွမ်းအားအများစုကို ခုခံပေးနိုင်ခဲ့၏။

မဟုတ်ပါက အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် အစိမ်းရောင်မြူခိုးများနှင့် ထိတွေ့မိသည့် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သေကြေပျက်စီးရပေလိမ့်မည်။

တကယ်တော့... အသက်ဖြတ်ကျိန်စာ၏စွမ်းအားသည် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကိုလွှမ်းခြုံသွားပြီးနောက် ဘာဆက်ဖြစ်လာမလဲ ဆူဇီမိုပင် မသိရှိပေ။

သူတကယ်တမ်း စိုးရိမ်ပူပန်သည်မှာ သူ၏ အစစ်အမှန်နဂါးခန္ဓာဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် မတူဘဲ အစစ်အမှန်နဂါးခန္ဓာတွင် ဘက်ပြန်ကြေးခွံဟူသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကလွဲလျှင် အစိမ်းရောင်ကြာပန်းဓားကဲ့သို့ သတ်ဖြတ်ခြင်းလက်နက်တစ်ခုမရှိပေ။

အစစ်အမှန်နဂါးခန္ဓာအနေဖြင့် သူသည် ဤတိုက်ပွဲမှာ သူ၏ ကိုယ်ကာယနှင့်သွေးချီကိုသာ အများဆုံးမှီခိုအားထားပြီး ဓမ္မလက်နက်များကို အသုံးပြုခဲလေသည်။ အသက်ဖြတ်ကျိန်စာက အစစ်အမှန်နဂါးခန္ဓာအတွက် သေကွင်းသေကွက် ထိုးနှက်ချက်တစ်ခုဖြစ်နိုင်လေသည်။

သူ၏ သွေးနီရောင်အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ နဂါးကြေးခွံများနှင့် အသက်ဖြတ်ကျိန်စာ၏စွမ်းအားကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် အသက်ရှင်နေသေးသော စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် တိုက်ခိုက်လိုက်ကြပြီး အစစ်အမှန်နဂါးခန္ဓာဆီသို့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။

“စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ”

စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာသည် စုန်းမျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များထဲမှ တစ်ခုဖြစ်၏။

၎င်းသည် အသက်ဖြတ်ကျိန်စာလောက် စွမ်းအားမကြီးမားသော်လည်း ၎င်းသည်လည်း ခုခံဖို့အတွက် မဖြစ်နိုင်ပေ။

၎င်းသည် ကျင့်ကြံသူတစ်ယောက်၏ အသိစိတ်ထဲသို့ တိုက်ရိုက်ဆင်းသက်နိုင်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်နိုင်လေသည်။

စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာနှင့် အသက်ဖြတ်ကျိန်စာသည် တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့လေသည်။

အစစ်အမှန်နဂါးခန္ဓာ၏ အသိစိတ်ထဲတွင် လက်သီးဆုပ်အရွယ် အလင်းလုံး ၃လုံးက လှည့်ပတ်နေလေသည်။ အလင်းလုံးတစ်လုံးချင်းစီသည် အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုဖြာထွက်နေပြီး အထဲမှာဘာရှိသည်ကို မတွေ့ရပေ။

အလင်းလုံးများ၏အောက်တွင် နက်မှောင်အေးစက်၍ နက်ရှိုင်းသော သမုဒ္ဒရာတစ်စင်းရှိနေ၏။

အဲ့ဒါသည် အစစ်အမှန်နဂါးခန္ဓာ၏ ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ကနေ ဖွဲ့တည်ထားသော အထီးကျန်သမုဒ္ဒရာဖြစ်၏။

အသက်ဖြတ်ကျိန်စာကနေ ဖြစ်ပေါ်လာသော အစိမ်းရင့်ရောင်မြူခိုးများသည် သူ၏အသိစိတ်ထဲသို့ဆင်းသက်လာပြီး အထီးကျန်သမုဒ္ဒရာနှင့် ချက်ချင်းပေါင်းစည်းကာ စိမ်းဖန့်ဖန့်အရောင်နှင့် မကောင်းဆိုးဝါးဆန်သော ရေမျက်နှာပြင်ကိုဖြစ်ပေါ်လာစေ၏။

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာက ဆင်းသက်လာပြီး စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်မှာ တိုက်ခတ်၍ ဒေါသူပုန်ထနေသော ဒီရေလှိုင်းလုံးများကို ဖြစ်ပေါ်လာစေ၏။

ကျိန်စာနှစ်ခုသည် ကြီးမားပြင်းထန်သည့် အစိမ်းရောင်လှိုင်းလုံးတစ်ခုကို ဖြစ်ပေါ်စေပြီး ကြောက်စရာကောင်းသောစွမ်းပကားတစ်ခုနှင့်အတူ သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံလာခဲ့၏။ သူတို့က သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုပစ်ချင်သည့်အလားပင်။

ရုတ်တရက်ဆိုသလို...

သမုဒ္ဒရာ၏အနက်ပိုင်းထဲကနေ အလွန်ကြီးမားသော သတ္တဝါတစ်ကောင်က နိုးထလာပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လွင့်မျောတက်လာ၏။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပထမဆုံးပေါ်ထွက်လာသည့်အရာမှာ မနှိုင်းယှဥ်သာအောင် မာကြောပြီး ကြီးမားသည့် လိပ်ကျောခွံတစ်ခုဖြစ်၏။ ၎င်းသည် ထူထဲသောအက်ကွဲကြောင်းများဖြင့် ယှက်လိမ်နေပြီး ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသည့်အလားပင်။

ထို့နောက် ချက်ချင်းပင် နတ်ဘုရားဆန်ဆန်မျက်လုံးတစ်စုံက ပွင့်ဟလာပြီး တုန်လှုပ်ချောက်ချားစရာကောင်းသော အကြည့်တစ်ခုကို ထုတ်ဖော်လိုက်၏။

အထီးကျန်သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်ရှိ သိပ်သည်းပြင်းထန်သော လှိုင်းလုံးများက ချက်ချင်းပင် တည်ငြိမ်သွား၏။

ပင်လယ်တည်ငြိမ်လိပ်...

အထက်ဘုံရှိ အထီးကျန်သမုဒ္ဒရာအနက်ပိုင်းထဲတွင် စိတ်ဝိညာဥ်လိပ်တစ်ကောင်းက အချိန်အများစုမှာ ပုန်းကွယ်နေပြီး ရံဖန်ရံခါမှသာ ပေါ်ထွက်လာတတ်၏။ သို့သော်လည်း ၎င်းတစ်ကြိမ်ပေါ်ထွက်လာသည်နှင့် အထီးကျန်သမုဒ္ဒရာ၏ အရှင်သခင်ဖြစ်သော အထီးကျန်သမုဒ္ဒရာနဂါးဘုရင်ပင်လျှင် ငြိမ်သက်သွားရပေလိမ့်မည်။

ပင်လယ်တည်ငြိမ်လိပ်သည် ၎င်း၏အောက်ဘက်ရှိ အစိမ်းရောင်သမုဒ္ဒရာကို ဒေါသရောစွက်နေသော မျက်လုံးများဖြင့်ကြည့်လိုက်၏။ ရုတ်တရက် ၎င်း၏ ခေါင်းကိုမော့ပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်လေသည်။

ရွှစ်...

ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်တုန်ခါလှိုင်းတစ်ခုက သမုဒ္ဒရာတစ်ခုလုံးကိုဖြတ်၍ ဝဲဂယက်ဖြာသွား၏။

စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းမုန်တိုင်းက ချက်ချင်းပင်ပျက်ပြယ်သွားပြီး စိမ်းဖန့်ဖန့်ပင်လယ်ရေမျက်နှာပြင်ကပင် ပုံမှန်အရောင်သို့ ပြန်လည်ပြောင်းလဲလာ၏။

အသက်ဖြတ်ကျိန်စာနှင့် စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ၏ စွမ်းအားသည် ပင်လယ်တည်ငြိမ်လိပ်၏ အပြတ်သတ်ဖိနှိမ်ခြင်းကို ခံလိုက်ရပြီး သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်၏ ဆံချည်တစ်မျှင်ကိုပင် မထိတွေ့နိုင်ခဲ့ပေ။

စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ပင်လယ်တည်ငြိမ်လိပ်သည် သူတို့၏ စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာကို ဖိနှိမ်ခဲ့ရုံသာမက ၎င်းသည် ကြောက်စရာကောင်းသော စိတ်ဝိညာဥ်တုန်ခါလှိုင်းတစ်ခုကိုထုတ်ဖော်ပြီး တန်ပြန်တိုက်ခိုက်မှုကိုပင် ပြုလုပ်ခဲ့၏။

စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်မှ တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး သွေးများကို တစ်လုတ်ပြီးတစ်လုတ် ထွေးထုတ်လိုက်ကြ၏။ သူတို့သည် စိတ်အားညိုးငယ်သော အမူအရာများနှင့်အတူ လေထဲကနေ ပြုတ်ကျလာ၏။

စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အသက်ရှင်နိုင်သေးသော်လည်း သူတို့အနေဖြင့် ဒဏ်ရာရရှိသွားသော သူတို့၏ အမြုတေစိတ်ဝိညာဥ်များဖြင့် သူတို့၏ ကျင့်ကြံမှုမှာ ဆက်လက်တိုးတက်ဖို့က ခက်ခဲသွားလေပြီ။ သူတို့က အသက်ရှင်ဖို့အတွက် အချိန်များစွာကျန်ရှိတော့မည် မဟုတ်ပေ။

ဖြစ်စဥ်တစ်ခုလုံးသည် နှေးကွေးသည်ဟု ထင်ရသော်လည်း တဒင်္ဂအချိန်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။

ဝူရှဲ့၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

အစက သူမျှော်လင့်ထားခဲ့သောအရာက ဖြစ်မလာတော့ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သေဆုံးမသွားပေ။ အစစ်အမှန်နဂါးခန္ဓာပင်လျှင် သေဆုံးမသွားခဲ့ပေ။

အစိမ်းရေယင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အမူအရာက သိသိသာသာဖျော့တော့သွားလေသည်။ သူက မသေဘူးဆိုလျှင်တောင် သူ၏ကျိန်စာမိသွားပြီး သေချာပေါက်အခြေအနေကောင်းလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အစစ်အမှန်နဂါးခန္ဓာက ဘာလို့ တစ်မူထူးခြားတာ ဘာမှဖြစ်မလာတာလဲ...။

ထိုစိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာနှင့် အသက်ဖြတ်ကျိန်စာကို သူ၏ ဘဝတစ်ခုလုံးကိုစတေး၍ ထုတ်ဖော်ခဲ့ရခြင်းဖြစ်၏။ အဲ့ဒါက ဒီတိုင်းပဲ ပျောက်ကွယ်သွားရသည်လား။

“အဲ့ဒါက... ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

ဝူရှဲ့၏ နောက်ဆုံးအတွေးဖြစ်၏။ နောက်ခဏ၌ သူ၏ကြွင်းကျန်ရစ်သော စိတ်ဝိညာဥ်အသိစိတ်သည် ပျက်ပြယ်သွားပြီး သက်မဲ့အလောင်းတစ်လောင်းက လေထဲကနေပြုတ်ကျလာခဲ့၏။

အဲ့ဒီနောက် ထူးဆန်းသောတစ်စုံတစ်ရာကဖြစ်လာခဲ့၏

အစစ်အမှန်နဂါးခန္ဓာ၏ အမူအရာက ပြောင်းလဲသွားပြီး ရှေ့သို့ခုန်တက်လိုက်၏။

သူသည် သေကွင်းသေကွက်ကို ရှောင်ရှားလိုက်နိုင်သော်လည်း သူသည် အနည်းငယ်နောက်ကျသွားဆဲဖြစ်ပြီး ယက္ခမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ဆေဘာကွေးသည် သူ၏နောက်ကျောကို ထိုးဖောက်သွား၏။

သွေးသံရဲရဲဓားသွားက သူ၏ရင်ဘတ်ရှေ့ကနေ ပြူထွက်လာပြီး လတ်ဆတ်သောသွေးများက တစ်စက်စက်စီးကျနေ၏။

ဝူရှဲ့၏ အသက်ဖြတ်ကျိန်စာနှင့် စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ အချို့သည် အစစ်အမှန်နဂါးခန္ဓာကို တိုက်ရိုက်မသတ်ဖြတ်နိုင်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ် တိုက်ခိုက်နေသည့်အချိန်မှာ သူ၏ အာရုံခံသတိစိတ်အပေါ် သက်ရောက်မှုရှိခဲ့၏။

ထို့ကြောင့်ပင်လျှင် ယက္ခမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်ချည်းကပ်လာသည်ကို သူက ချက်ချင်းသတိမထားမိခဲ့ခြင်းဖြစ်၏။

ထိုခုတ်ချက်သည် အစစ်အမှန်နဂါးခန္ဓာကို ထိုးဖောက်သွားပြီး သူ၏သွေးချီက လျင်မြန်စွာ လျော့ကျလာ၏။

အစစ်အမှန်နဂါးခန္ဓာသည် ဒေါသူပုန်ထသွားပြီး ယက္ခမျိုးနွယ်မှ စွမ်းအား​ကြီးပုဂ္ဂိုလ်ထံသို့ စတုရန်းကြေးမီးဖိုကို ပစ်ထုတ်လိုက်၏။

“ဟီးဟီး...”

ယက္ခမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ၏ဆေဘာကွေးကို ဆွဲထုတ်ပြီးသွားခဲ့ပြီဖြစ်ပြီး သူ၏တောင်ပံများကိုခတ်ကာ ဆူဇီမို၏တန်ပြန်တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။

“ငါဒီမှာ ဆက်နေလို့မဖြစ်တော့ဘူး”

ထိုအတွေးက အစစ်အမှန်နဂါးခန္ဓာ၏ စိတ်ထဲသို့ရောက်ရှိလာပြီး သူ၏ရင်ဘတ်ကို အုပ်ကိုင်လိုက်၏။

ယခုအခါ ဝူရှဲ့က သေဆုံးသွားပြီဖြစ်ပြီး သူက ဤနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာရပေမည်။

ကံဆိုးစွာနှင့်ပင် ကမ္ဘာဦးမျိုးနွယ် ၆စု မှကျန်ရှိနေသော ပညာရှင်များသည် သူ့ထံသို့ ချည်းကပ်လာကြပြီဖြစ်ပြီး သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှုလည်း လုံးဝပြတ်တောက်သွားပြီဖြစ်၏။

ဒါ့အပြင် ကမ္ဘာဦးမျိုးနွယ်ဝင်အချို့သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဆီသို့ ပြေးဝင်လာနေကြပြီဖြစ်၏။

All Chapters