← Chapters

နတ်ဖီးနစ်

Vol. 88 Ch. 1319

နတ်ဖီးနစ်

Vol. 88 Ch. 1319

“အထီးကျန်သိုင်းသခင်… မင်း ဘယ်နေရာကို ထွက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

ရွှေကျီးကန်း တတိယမင်းသားက အေးစက်စွာဖြင့် ပြောဆိုလိုက်၏။

“ဒီနေ့ မင်းက မြေလျှိုးပြီး မိုးပျံနိုင်မယ်ဆိုရင်တောင်မှ မရှင်သန်နိုင်စေရဘူး.. မင်းရဲ့ နဂါးကိုယ်ပွားက ဒီနေရာမှာ သေရလိမ့်မယ်”

ထိုအခိုက်အတန့်တွင် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် သွေးနီရောင်ဆံပင်နှင့် သက်ရှိက ဆူဇီမို၏ ကိုယ်ပွားဖြစ်သည်ဆိုတာကို ပြောနိုင်လာကြပြီဖြစ်၏။

ကိစ္စက ထိုသို့ဆိုလေ.. သူတို့က ဆူဇီမိကို ထွက်ခွာခွင့် ပို၍ မပေးနိုင်လေလေ…။

အဲဒါသည် ယနေ့တွင် ကမ္ဘာဦးမျိုးနွယ် ၆စုမှ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီး ကြီးမားစွာ နစ်နာဆုံးရှုံးခဲ့ရသောကြောင့်သာလျှင် မဟုတ်ပေ။

အဲဒါထက်.. ကမ္ဘာဦးမျိုးနွယ်များ၏ ရင်ထဲတွင် ဤအထီးကျန်သိုင်းသခင်သည် ကမ္ဘာဦးတဗူးထက်ပင် ပို၍ ကြောက်စရာကောင်းသည်ဟု မှတ်ယူလာသောကြောင့်ဖြစ်၏။

“သတ်…”

ရွှေကျီးကန်း တတိယမင်းသားသည် သူ၏ခေါင်းကို မော့ပြီး မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်က ရွှေရောင်နေမင်းနတ်ဘုရားမီးဖြင့် လောင်ကျွမ်းလာပြီး သူ၏ တတိယမြောက် ခြေသည်းကို အစစ်အမှန် နဂါးခန္ဓာ၏ ဦးခေါင်းဆီသို့ ကုတ်ဆွဲချလိုက်၏။

ရွှေကျီးကန်းမျိုးနွယ်က ခြေသုံးချောင်း ရွှေကျီးကန်းအဖြစ် ကျော်ကြားလေသည်။

သူတို့ ဝမ်းဗိုက်အောက်ရှိ ခြေထောက်သုံးချောင်းထဲတွင် တတိယမြောက် ခြေထောက်သည် အသန်မာဆုံးဖြစ်ပြီး တောကောင်များအားလုံးကို ဆုတ်ဖြဲနိုင်လေသည်။

ဒါ့အပြင်.. နေမင်းနတ်ဘုရားမီးတောက်က တတိယမြောက် ခြေထောက်ပေါ်မှာ လောင်ကျွမ်းနေပြီး မြင့်မားသော အပူချိန်နှင့် ရွှေကျီးကန်းမျိုးနွယ်၏ သန့်စင်သော မျိုးဆက်သွေး အဆီအနှစ်ကို ပိုင်ဆိုင်ထား၏။

အစစ်အမှန် နဂါးခန္ဓာသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အေးစက်စက် အကြည့်နှင့်အတူ နက်ရှိုင်းစွာ မာန်သွင်းအော်ဟစ်လိုက်၏။ ရုတ်တရက်.. သူ၏ ညာဘက်လက်ကို ဆန့်ထုတ်ပြီး ရွှေကျီးကန်း တတိယမင်းသား၏ တတိယမြောက် ခြေထောက်ကို ဖမ်းဆွဲလိုက်၏။

“မင်းကတော့ သေချင်နေပြီပဲ”

ရွှေကျီးကန်း တတိယမင်းသားက အေးစက်စက် အမူအရာတစ်ခုရှိပြီး ခက်ထန်စွာဖြင့် ပြောဆိုလိုက်၏။

အစစ်အမှန်နဂါးခန္ဓာက သူ၏ နဂါးလက်သည်းကို အသုံးပြုမည်ဆိုလျှင်တောင် ထိုသူသည် သူ့တတိယမြောက် ခြေထောက်၏ သတ်ဖြတ်ခြင်းစွမ်းအားနှင့် မီးတောက်များကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု သူက ယုံကြည်ထား၏။

ယခုအချိန်မှာတော့ အစစ်အမှန်နဂါးခန္ဓာ ဆန့်ထုတ်လိုက်သော လက်ဖဝါးသည် နုနယ်၍ ပျော့ပြောင်းနေပြီး လူသားလက်ဖဝါးတစ်ခုနှင့် မကွာခြားပေ။ အဲဒါက အရမ်းကို အားနည်းပြီး မည်သည့် ခြိမ်းခြောက်နိုင်စွမ်းမှ မရှိပေ။

“ထူးဆန်းတယ်.. ဒီနဂါးကိုယ်ပွားရဲ့ လက်ဖဝါးက ဘာလို့ ဒီလိုဖြစ်နေရတာလဲ”

ရွှေကျီးကန်း တတိယမင်းသား၏ စိတ်ထဲတွင် ထိုအတွေးက ဖျတ်ခနဲ ဝင်ရောက်လာသော်လည်း သူက များစွာ စဉ်းစားတွေးတောခြင်း မရှိပေ။

တကယ်ဆို.. အစစ်အမှန်နဂါးခန္ဓာသည် ရွှေကျီးကန်း တတိယမင်းသား၏ တတိယမြောက် ခြေထောက်ကို ရင်ဆိုင်ခုခံဖို့အတွက် ထိုကဲ့သို့ အားနည်းသည့် လက်ဖဝါးကို ဘာကြောင့် အသုံးပြုလာသလဲ အခြားသော ကမ္ဘာဦးမျိုးနွယ် ပညာရှင်များကလည်း မစဉ်းစားတတ်ကြပေ။

အဲဒါသည် ကျောက်တုံးကို ကြက်ဥနှင့် ပေါက်နေခြင်းနှင့် မကွာခြားပေ။

သို့သော်လည်း အဝေးတွင် ရပ်နေသော ကျင့်ကြံသူအချို့ကတော့ အမှန်တရားကို ခန့်မှန်းမိနေကြပြီဖြစ်၏။

“ငါ သိပြီ”

ကျင့်ကြံသူတစ်ယောက်က အသံကိုနှိမ့်၍ ပြောဆိုလိုက်၏။

“နဂါးမျိုးနွယ်ကိုယ်ပွားရဲ့ ညာဘက်လက်က အခုလိုပုံစံပေါက်နေတာ.. သူ့ရဲ့ ညာဘက်လက်ဖဝါးက နတ်ဖီးနစ်အရိုးမို့လို့ပဲ”

“အာ… ငါ အဲဒီ အဆုံးစွန်ရတနာကို မေ့တောင်မေ့နေတာ”

“အရင်တုန်းက.. ကစဉ့်ကလျားအမြုတေဂိုဏ်းရဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး တိုက်ခိုက်ပြီး အထီးကျန်သိုင်းသခင်က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်.. နတ်ဖီးနစ်အရိုးက ပျက်စီးသွားပြီလို့ လူတိုင်းက တွေးထင်ခဲ့ကြတယ်.. အခုတော့ ကြည့်ရတာ နတ်ဖီးနစ်အရိုးက အဲဒီ နဂါးကိုယ်ပွားရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေသေးတဲ့ပုံပဲ”

“အထီးကျန်သိုင်းသခင်ရဲ့ ကိုယ်ပွားက နတ်ဖီးနစ်အရိုးရဲ့ စွမ်းအားကို အသုံးချနိုင်နေပြီလို့ မင်းက ပြောချင်တာလား”

ကျင့်ကြံသူများ ဆွေးနွေးနေစဉ်မှာပင်.. တိုက်ပွဲနယ်မြေ၌ အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။

အစစ်အမှန်နဂါးခန္ဓာ၏ လက်ဖဝါးသည် ရွှေကျီးကန်း တတိယမင်းသား၏ တတိယမြောက် ခြေထောက်နှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင်.. စူးစူးရှရှ ဖီးနစ်အော်သံက လေထဲမှာ ထွက်ပေါ်လာ၏။

“ဂီး..”

ဖီးနစ်အော်သံသည် သတ္တုနှင့်ကျောက်သားများကို ထိုးဖောက်နိုင်သည့် အဆုံးမဲ့သော စွမ်းပကားတစ်ခုကို သယ်ဆောင်လာ၏။ ၎င်းက အရမ်းကို ကျယ်လောင်စူးရှပြီး ကျင့်ကြံသူတိုင်းက အဲဒါကို ရှင်းလင်းစွာ ကြားလိုက်ရ၏။

ကျင့်ကြံသူများက ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ယင်သွားကြ၏။

လူသားကျင့်ကြံသူများသည် နဂါးဟိန်းသံများနှင့် ဖီးနစ်အော်သံများအပေါ် နက်ရှိုင်းသော အကြောက်တရားတစ်ခု ရှိကြ၏။

ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည်ပင်လျှင် ရင်ထဲမှာ တလှပ်လှပ်ခံစားလာကြ၏။

ထို့နောက် ချက်ချင်းပင်.. သက်ရှိများအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်သည့် စွမ်းအားတစ်ခုသည် မွန်းကျပ်ဖွယ်ရာကောင်းသော ချစ်ချစ်တောက် အပူလှိုင်းတစ်ခုနှင့်အတူ ဖြန့်ကြက်ထွက်ပေါ်လာ၏။

ဆူဇီမို၏ ညာဘက်လက်သည် ပျောက်ကွယ်သွားပြီဖြစ်ပြီး ၎င်း၏နေရာတွင် ကြီးမား၍ ကြောက်စရာကောင်းသော လက်သည်းတစ်ဖက်က ပေါ်ထွက်လာ၏။ အဲဒါက သွေးနီရောင်ဖြစ်ပြီး နတ်ဘုရားမီးတောက်များဖြင့် လောင်ကျွမ်းကာ ထွင်းဖောက်မတတ် ကြည်လင်နေ၏။

ထိုအခိုက်အတန့်တွင် လောကတစ်ခုလုံးက လှုပ်ခါလာပြီး ရာသီဥတုက ပြောင်းလဲကုန်၏။

နတ်ဘုရားမီးတောက်များသည် ကခုန်နေပြီး လေဟာနယ်ပင်လျှင် တွန့်လိမ်ကာ လောင်ကျွမ်းမှုဖြင့် စုတ်ပြဲကျကုန်၏။

နတ်ဘုရားမီးတောက်များဖြင့် လောင်ကျွမ်းနေသော လက်သည်းသည် အစစ်အမှန် နတ်ဘုရားသက်ရှိတစ်ပါးထံကနေ ဆင်းသက်လာပုံရပြီး လောကတစ်ခုလုံးကို လောင်ကျွမ်းပြာချပစ်နိုင်သည့်အလားပင်။

နတ်ဖီးနစ်၏ လက်သည်း…

သည့်ယခင်က ဆူဇီမိုသည် နတ်ဖီးနစ်အရိုးနှင့်အတူ ကပ်ဘေးအတော်များများကို ရှောင်လွှဲနိုင်ခဲ့၏။

သို့သော်လည်း.. သူသည် နတ်ဖီးနစ်အရိုး၏ စွမ်းအားကို အမှန်တကယ် အသက်မသွင်းနိုင်ခဲ့ပေ။

သူ၏ အစစ်အမှန်နဂါးခန္ဓာသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးချိန်မှသာ သူသည် နတ်ဖီးနစ်အရိုး၏ စွမ်းအားကို အသုံးချလာနိုင်ပြီး အစစ်အမှန် နတ်ဖီးနစ်လက်သည်းကို ဆင့်ခေါ်လာနိုင်ခဲ့၏။

ရွှေကျီးကန်း တတိယမင်းသား၏ တတိယမြောက် ခြေထောက်သည် အလွန်တရာ ထက်ရှသော်လည်း ၎င်းသည် နတ်ဖီးနစ်လက်သည်းနှင့် နှိုင်းစာလျှင် အရမ်းကို နိမ့်ကျနေသေး၏။

မသေဆုံးနိုင်သော နတ်ဖီးနစ်သည် အထက်ဘုံမှ နတ်ဘုရားတစ်ပါးဖြစ်ပြီး အဆင့်အတန်းနှင့် မျိုးဆက်သွေးအရာတွင် ရွှေကျီးကန်းမျိုးနွယ်၏ အထက်မှာ ရပ်တည်လေသည်။

ရွှေကျီးကန်း၏ တတိယမြောက် ခြေထောက်ပေါ်ရှိ မီးတောက်များပင်လျှင် နတ်ဖီးနစ်လက်သည်းပေါ်ရှိ နတ်ဘုရားမီးတောက်များကို မယှဉ်နိုင်ပေ။

ရွှေကျီးကန်းမျိုးနွယ်က နေနတ်ဘုရားမီးကို ထိန်းချုပ်နိုင်ရုံမျှသာ ဖြစ်၏။

သို့သော်လည်း.. မသေဆုံးနိုင်သော နတ်ဖီးနစ်ကတော့ မျိုးနွယ်စုတစ်သောင်း၏ မီးတောက်များကို ထိန်းချုပ်နိုင်၏။

ရွှေကျီးကန်း၏ တတိယခြေထောက်ပေါ်ရှိ မီးတောက်များကို မီးတိုင်တစ်တိုင်အဖြစ် သတ်မှတ်မည်ဆိုလျှင် နတ်ဖီးနစ်လက်သည်းပေါ်ရှိ နတ်ဘုရားမီးတောက်များကို အလျှံညီးညီး တောက်လောင်နေသော နေတစ်စင်းအဖြစ် သတ်မှတ်ရပေလိမ့်မည်။

“အဲဒါ ဘာလဲဟ”

ရွှေကျီးကန်း တတိယမင်းသား၏ မျက်လုံးက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွား၏။

သူသည် နတ်ဘုရားမီးတောက်များဖြင့် တောက်လောင်နေသော ထိုလက်သည်းထံမှ သိပ်သည်းပြင်းထန်သည့် အကြောက်တရားတစ်ခုကို အမှန်တကယ်ပင် ခံစားလာရ၏။

သူ၏ တတိယမြောက်ခြေထောက်ပေါ်ရှိ နေနတ်ဘုရားမီးပင်လျှင် နတ်ဘုရားမီးတောက်များကို မတိုက်ခိုက်ဝံ့သည့်အလား.. ချက်ချင်းပင် ဖိနှိမ်ခံလိုက်ရ၏။

“မြန်မြန် နောက်ဆုတ်..”

ရွှေကျီးကန်း တတိယမင်းသားသည် စူးစူးဝါးဝါး အော်ဟစ်၍ သူ၏တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး နောက်သို့ လျင်မြန်စွာ ထွက်ပြေးချင်၏။

ကံဆိုးစွာနှင့်ပင်.. သူနှင့် အစစ်အမှန်နဂါးခန္ဓာက စောစောကပင် သူတို့၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်၏။ သူက တုံ့ပြန်လိုက်ချိန်မှာ နတ်ဖီးနစ်လက်သည်းသည် သူ၏ တတိယမြောက် ခြေထောက်နှင့် ထိတွေ့ရိုက်ခတ်လိုက်ပြီဖြစ်၏။

ဇီ.. ဇီး…

ရွှေရောင်နေမင်းနတ်ဘုရားမီးသည် သွေးနီရောင် နတ်ဖီးနစ်မီးတောက်များနှင့် ထိတွေ့ရိုက်ခတ်ပြီး တစ်ခုကိုတစ်ခု တိုက်စားကာ ထူးဆန်းသော အသံများကို ထွက်ပေါ်လာစေ၏။

တစ်ခဏအတွင်းမှာပင်.. နေနတ်ဘုရားမီးသည် နတ်ဖီးနစ်မီးတောက်များဖြင့် လုံးဝ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

နတ်ဘုရားတစ်ပါး၏ စွမ်းအားက စိန်ခေါ်၍ မရနိုင်ပေ။

“ဆင်းလာခဲ့စမ်း”

အစစ်အမှန်နဂါးခန္ဓာသည် ဟိန်းဟောက်၍ နတ်ဖီးနစ်လက်သည်းကို ပြန်ဆွဲယူလိုက်၏။ ၎င်း၏ ထက်ရှသော လက်သည်းများက တတိယမြောက် ခြေထောက်၏ အသားများကို ထိုးဖောက်ပြီး အောက်သို့ ရက်ရက်စက်စက် ဆောင့်ဆွဲချလိုက်၏။

ရွှေကျီးကန်း တတိယမင်းသား၏ ခြေထောက်သည် နတ်ဖီးနစ်လက်သည်း၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး ကျိုးကြေမွလုနီးပါး ဖြစ်သွား၏။

ရွှေကျီးကန်း တတိယမင်းသားသည် အောက်သို့ ဆွဲချခြင်းခံရပါက သူသည် သေချာပေါက် သေရတော့မည်ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်၏။

သူက ရက်စက်ပြတ်သားသော စိတ်နေစရိုက်ရှိလေသည်။

ဖျတ်ခနဲဆို ရွှေကျီးကန်း တတိယမင်းသားသည် ဆုံးဖြတ်ချက်တစ်ခုကို ချပြီး သူ၏ အစွမ်းကုန်ရှိသမျှကို ထုတ်ဖော်ကာ သူ၏တောင်ပံများကို ခတ်၍ အပြင်ဘက်သို့ ပြေးထွက်လိုက်၏။

ရှီး…

သွေးမြူများက ပန်းထွက်သွားပြီး ခြစ်ခြစ်တောက် အပူလှိုင်းတစ်ခုနှင့်အတူ လေထဲမှာ ပျံ့နှံ့သွား၏။

သူ၏သွေးက မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။

အဲဒါသည် ရွှေကျီးကန်းမျိုးနွယ်၏ သွေးဖြစ်လေသည်။

နတ်ဖီးနစ်လက်သည်းသည် ရွှေကျီးကန်း တတိယမင်းသား၏ တတိယမြောက် ခြေထောက်ကို အမှန်တကယ်ပင် ဆုတ်ဖြဲချလိုက်၏။

“အား..”

ရွှေကျီးကန်း တတိယမင်းသားသည် တစ္ဆေသရဲဆန်ဆန် ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး ဝမ်းနည်းဖွယ်ရာ စူးစူးရှရှ အော်ဟစ်လိုက်၏။ သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး နောက်သို့ ပြန်လှည့်ကြည့်ခြင်း မရှိဘဲ အဝေးသို့ ပြေးထွက်သွားလေသည်။

လူသားများအတွက် ပေါင်းစည်းခန္ဓာအဆင့်တွင် သူတို့၏ ပြတ်တောက်သွားသော ခြေလက်များကို တစ်ခဏအတွင်းမှာပင် ပြန်လည်ပေါက်စေနိုင်၏။

သို့သော်လည်း.. ရွှေကျီးကန်းမျိုးနွယ်အတွက်တော့ သူတို့၏ တတိယမြောက် ခြေထောက်သည် သူတို့၏ မျိုးဆက်သွေးကို ကျင့်ကြံထားသည့် အသန်မာဆုံး ခြေထောက်ဖြစ်၏။ အဲဒါက ကျိုးပဲ့သွားသည်နှင့် ၎င်းကို ပြန်လည်ကုသနိုင်ဖို့အတွက် ခက်ခဲလေသည်။

အချိန်အတော်ကြာ အားဖြည့်ပြီးမှသာ အဲဒါကို ပြန်လည်ပေါက်ဖွားနိုင်စေပေလိမ့်မည်။

အဲဒါသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးအတွက်လည်း ထို့အတူပင်။

ကောင်းကင်ဘုံမျက်လုံးက ကန်းသွားသည်နှင့် ၎င်းကို ပြန်လည်ပြုပြင်ကုသနိုင်ဖို့ အရမ်းကို ခက်ခဲလေသည်။

ရွှေကျီးကန်း တတိယမင်းသားသည် အလွန်ဝေးကွာသော အရှေ့ပင်လယ်ကနေ ရောက်လာခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဤကဲ့သို့ ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူသည် ကမ္ဘာဦးတဗူးကိုဖြစ်စေ.. အထီးကျန်သိုင်းသခင်ကိုဖြစ်စေ.. ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။

ယခုအချိန်မှာ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ထွက်ပြေးပြီး အရှေ့ပင်လယ်သို့သာ ပြန်သွားချင်လေသည်။

အစစ်အမှန်နဂါးခန္ဓာကလည်း ထွက်ပြေးလွတ်မြောက်သွားသော ရွှေကျီးကန်း တတိယမင်းသားကို လျစ်လျူရှုပြီး သူ၏ နတ်ဖီးနစ်လက်သည်းကို မြှောက်ကာ ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များကို ဆက်လက်ကုတ်ဆွဲချလိုက်၏။

နတ်ဘုရားမီးတောက်များက တလိပ်လိပ်တက်လာပြီး ကမ္ဘာဦးမျိုးနွယ် ၆စုကို လွှမ်းခြုံသွားလေသည်။

All Chapters