← Chapters

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်မှု

Vol. 88 Ch. 1320

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်မှု

Vol. 88 Ch. 1320

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်အချို့သည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ နတ်ဖီးနစ်လက်သည်း၏ ကုတ်ဆွဲခြင်းကို ခံလိုက်ရ၏။ သူတို့ထဲမှ အချို့သည် နှစ်ပိုင်းစုတ်ပြဲသွားပြီး နတ်ဘုရားမီးတောက်များဖြင့် လောင်ကျွမ်းခြင်း ခံလိုက်ရ၏။

သူတို့ကြားတွင် သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် နတ်ဖီးနစ်လက်သည်းပေါ်ရှိ ကြောက်စရာကောင်းသော နတ်ဘုရားမီးတောက်များကြောင့် ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရ၏။

သွေးနွယ်ပင်မျိုးနွယ်သည် အစကတည်းက အပင်အမျိုးအစားဖြစ်ပြီး သူတို့က မီးကို ကြောက်ရလေသည်။

သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်ပြီး သာမန်မီးတောက်များက သူတို့ကို မထိခိုက်စေနိုင်သော်လည်း ယခုအချိန်တွင် လောင်ကျွမ်းနေသော မီးတောက်များက နတ်ဖီးနစ်၏ မီးတောက်များဖြစ်၏။

နေနတ်ဘုရားမီးတောက်ပင်လျှင် နတ်ဖီးနစ်မီးတောက်များ၏ ဖိနှိမ်ခြင်းကို ခံခဲ့ရ၏။

အဲဒါက ပကတိဖိနှိမ်နိုင်သော တန်ပြန်ဝိပါက် ဖြစ်လေသည်။

နတ်ဖီးနစ်၏ လက်သည်းက လမ်းတစ်လျှောက် ဦးဆောင်သွားပြီး နတ်ဘုရားမီးတောက်များကို တလိပ်လိပ် တက်လာစေ၏။ ကမ္ဘာဦးမျိုးနွယ် ၆စုသည် ရှောင်တိမ်း၍ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။

တစ်ခဏအတွင်းမှာပင်.. အစစ်အမှန်နဂါးခန္ဓာသည် အစိမ်းရောင်ကြာပန်းခန္ဓာဘေးသို့ ပြန်လည်ရောက်ရှိလာ၏။ သူက သူ၏ နတ်ဖီးနစ်လက်သည်းကို ဝှေ့ယမ်းပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဘေးတွင် ဝန်းရံနေသော ကမ္ဘာဦးမျိုးနွယ်ဝင်အချို့ကို တွန်းလှန်ထုတ်လိုက်၏။

အစစ်အမှန်နဂါးခန္ဓာသည်လည်း မောဟိုက်၍ သူ့ရင်ဘတ်ရှိ ဒဏ်ရာကနေ သွေးများက ပန်းထွက်၍ မြေပြင်မှာ ပြန့်ကျဲသွား၏။

ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် စုစည်းမိသွားပြီး သူတို့က နက်မှောင်နေသော ဓမ္မစွမ်းအား ဝဲကတော့ထဲသို့ ခုန်ဝင်ကာ ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် ပြင်ဆင်လိုက်ကြ၏။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် အသတ်ဖြတ်ကျိန်စာ၏ စွန်းထင်းခြင်းခံရပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျက်နှာက အနည်းငယ် ညိုးနွမ်း၍ အဝါရောင်သန်းနေ၏။

သူက ဤနေရာမှာ ဆက်လက်၍ ကြန့်ကြာလို့ မရပေ။

ထိုအခိုက်အတန့်တွင် ဆူဇီမိုနှင့် ပတ်သက်ဆက်နွယ်သော ဆန်းကြယ်တောင်ထွတ်၊ အသွန်းတစ်ရာဂိုဏ်းနှင့် အခြားသော ဂိုဏ်းများက ထွက်ခွာသွားကြပြီဖြစ်၏။

ယန်ပေးချန်ကတော့ ကောင်းကင်ဘုံလျှို့ဝှက်ချက်နောက်သို့ ပြေးလိုက်သွားပြီး သူက ဆူဇီမို၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ဆူဇီမိုသည် ယန်ပေးချန် ဘယ်ရောက်သွားသလဲ မသိရှိတော့ဘဲ သူ့ကို ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။ သူက ညဝိညာဉ်ကို ဤနေရာကနေ အရင်ဆုံး ခေါ်ထုတ်သွားရပေမည်။

“ငါတို့ သူ့ကို ထွက်ခွာခွင့်ပေးလို့ မရဘူး”

ကမ္ဘာဦးမျိုးနွယ်မှ ကျန်ရှိနေသော ပညာရှင်များက အော်ဟစ်၍ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

ညဝိညာဉ်ကို သတ်ဖြတ်ဖို့အတွက်နှင့် ကမ္ဘာဦးမျိုးနွယ် ၆စုသည် ပညာရှင်တစ်ထောင်နီးပါး စေလွှတ်ခဲ့ပြီး သူတို့ထဲတွင် အားအနည်းဆုံးမှာ ဓမ္မဝိသေသအဆင့်များ ဖြစ်ကြ၏။

သူတို့အနေဖြင့် ညဝိညာဉ်ကို လိုက်လံဖမ်းဆီးခြင်းမှာ လူတစ်ရာ​ကျော် ဆုံးရှုံးခဲ့ရသည်ကို လက်ခံ၍ ရလေသည်။

သို့သော် ယခုအခါ ကမ္ဘာဦးမျိုးနွယ် ၆စုကြားတွင် ပညာရှင်ပေါင်း တစ်ရာကျော်ကျော်သာလျှင် ကျန်ရှိတော့၏။

အဲဒါက ရှေးဟောင်းခေတ်စစ်ပွဲအပြီး၌ သူတို့ တစ်ခါမှ မတွေ့ကြုံရတော့သည့် ကြီးမားသည့် နစ်နာဆုံးရှုံးမှု ဖြစ်လေသည်။

ကမ္ဘာဦးမျိုးနွယ် ၆စု၏ အခြေခံအုတ်မြစ်အရ.. ထိုပညာရှင်များ သေဆုံးသွားခြင်းက ဘာမှပြောပလောက်စရာ မဟုတ်ပေ။ သို့သော်လည်း ရှေးဟောင်းခေတ် ဧကရာဇ်များက လွဲလျှင် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် ဤကဲ့သို့သော ကြီးမားသည့် အရှက်တကွဲ ရှုံးနိမ့်မှုကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။

ကမ္ဘာဦးမျိုးနွယ်များသည် ဒီဘက်မျိုးဆက်တွင် သူတို့၏ တားမြစ်နယ်မြေများကနေ ထွက်ခွာလာရသည့် အကြောင်းရင်းမှာ သူတို့သည် လူသားမျိုးနွယ်၏ ကံကြမ္မာကျဆင်းလာမှုကို ခံစားမိပြီး ထျန်ဟွမ်ကုန်မြေတိုက်ကြီးကို အုပ်စိုးမည့် သူတို့၏ ကံကြမ္မာအခွင့်အလမ်းက တစ်ဖန်ပြန်လည်ရောက်ရှိလာပြီဟု မှတ်ယူထားသောကြောင့်ဖြစ်၏။

သို့သော်လည်း သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ခြေချမိသည့်အချိန်မှာပင် ယခုကဲ့သို့ ထိခိုက်နစ်နာဆုံးရှုံးရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတို့က လုံးဝ ချေမှုန်းဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့၏။

သူတို့က ဤရလဒ်ကို လက်မခံနိုင်ပေ။

သူတို့သည် အထီးကျန်သိုင်းသခင်နှင့် ကမ္ဘာဦးတဗူးကို သတ်ကိုသတ်ရပေမည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ကျန်ရှိနေသော သက်ရှိများသည် သူတို့၏ ကောင်းကင်ဘုံမျက်လုံးများကို ဖွင့်လှစ်ပြီး သူတို့၏ ကောင်းကင်ဘုံမျက်လုံး၏ စွမ်းအားများကို အကန့်အသတ်ထိ မြှင့်တင်လိုက်ကြ၏။

နက်မှောင်နေသော အလင်းတန်းများက လေထုကို ဆုတ်ဖြဲ၍ အစစ်အမှန်နဂါးခန္ဓာ၊ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ညဝိညာဉ်တို့ ရှိရာသို့ ပျံသန်းလာ၏။

နတ်ဘုရားမျိုးနွယ်၊ သွေးနွယ်ပင်မျိုးနွယ်၊ စုန်းမျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်နှင့် ယက္ခမျိုးနွယ်မှ ကျန်ရှိနေသော ပညာရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာပြီး ဓမ္မစွမ်းအားဝဲကတော့ ရှိရာသို့ သူတို့၏ ခွန်အားအကုန်ကို ထုတ်သုံးလာကြ၏။

အစစ်အမှန်နဂါးခန္ဓာသည် လှုပ်ရှား၍ ရှောင်တိမ်းနိုင်သော်လည်း ဓမ္မစွမ်းအားဝဲကတော့ကတော့ မလှုပ်ရှားနိုင်ပေ။

သူတို့သည် ဓမ္မစွမ်းအားဝဲကတော့နှင့် တည်နေရာရွှေ့ပြောင်းဝင်္ကပါကို ဖျက်ဆီးလိုက်သည်နှင့် တာအိုအရှင် အထီးကျန်သိုင်းသခင်တို့ သုံးယောက်အုပ်စုသည် ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ဘုန်း..

ထိုစဉ်မှာပင်.. ကောင်းကင်ထက်ကနေ ကျယ်လောင်သော မြည်ဟည်းသံတစ်သံက ထွက်ပေါ်လာ​ပြီး ဧရာမ အက်ကွဲကြောင်းတစ်ခုက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင်.. ထိုအက်ကွဲကြောင်းထဲမှာ ပုံရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရ၏။ သူ၏ ပုံသဏ္ဌာန်က သေးငယ်သော်လည်း သူ့ထံမှ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက ဖြာထွက်နေ၏။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ၏ ခန္ဓာကိုယ်က ဝင်းလက်တောက်ပ၍ တစ်လောကလုံးကို တုန်ခါသွားစေ၏။

ထိုစွမ်းအားက ပေါင်းစည်းခန္ဓာအဆင့်ကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။

ကျင့်ကြံသူများ အားလုံးသည် ကောင်းကင်ထက်မှ ပုံရိပ်ကို မော့ကြည့်ပြီး တုန်လှုပ်ချောက်ချားသွားကြ၏။ သူတို့၏ မျက်လုံးများက အဆုံးမဲ့သော တုန်လှုပ်မှုဖြင့် ပြည့်နှက်လာပြီး အသက်ရှူဖို့ပင် မေ့လျော့သွားကြ၏။

ဘိုးဘေးအဆင့်…

ထိုစွမ်းအားသည် သေချာပေါက် ဘိုးဘေးအဆင့်​ ပိုင်ဆိုင်သော စွမ်းအားတစ်ခုဖြစ်၏။

ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များပင်လျှင် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။

“လူသားမျိုးနွယ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်လား”

နတ်ဘုရားမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။

“ဒီတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက အထီးကျန်သိုင်းသခင်ကို ကယ်တင်ဖို့အတွက် ဒီနေရာကို ရောက်လာတာများလား”

“အဲဒီ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးရဲ့ ဓမ္မဝတ်ရုံနဲ့ အော်ရာကို ကြည့်ရတာတော့.. သူက ကစဉ့်ကလျားအမြုတေဂိုဏ်းက ဖြစ်တဲ့ပုံပဲ.. ဒါပေမဲ့လို့ ကစဉ့်ကလျားအမြုတေဂိုဏ်းက အထီးကျန်သိုင်းသခင်နဲ့ အရမ်းကို နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ ရှိတယ် မဟုတ်ဘူးလား”

ထိုစဉ်မှာပင် လေထဲမှ ပုံရိပ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်.. မင်းက သီကလန်ရဲ့ မျိုးဆက်သွေးကို ဖျက်ဆီးခဲ့တယ်.. ငါ မင်းကို အသက်ရှင်ခွင့်ပေးထားတာ အရမ်းကြာသွားခဲ့ပြီ.. အခုက မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ့် အချိန်ပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးထံမှ စကားတစ်လုံးချင်းစီသည် လေဟာနယ်ကို တုန်ခါသွားစေသည့် စွမ်းအားကြီးမားသော အားအင်လှိုင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။

“အား… အဲဒါက သီကလန်ရဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပဲ”

“ငါသိပြီ.. တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက တိုက်ခိုက်ခဲ့တာက သီကလန်ရဲ့ အဲဒီ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပဲ.. နဂါးသင်္ချိုင်းတောင်ကြားက မျိုးနွယ်စုခေါင်းဆောင်ကြောင့်သာ မဟုတ်ရင် အထီးကျန်သိုင်းသခင်က သေသွားခဲ့တာ ကြာလှပြီ”

“အရင်တုန်းက.. သီကလန်ရဲ့ အဲဒီ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက တာအိုအမွေအနှစ်ကုန်းမြေကို ကိုယ်တိုင်ရောက်မလာခဲ့ဘူး.. သူက အဝေးကနေ တိုက်ခိုက်ခဲ့ရုံပဲ.. အခုတော့ သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကပါ ရောက်လာတဲ့ပုံပဲ”

“အထီးကျန်သိုင်းသခင်က ဒီကပ်ဆိုးနဲ့ ရင်ဆိုင်ရဖို့ ကံပါလာပြီးသားနဲ့ တူတယ်.. သူက ဒီနေ့ ရှင်သန်လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

“သီဖန်း..”

ဆူဇီမို၏ အမူအရာက ညိုမည်းသွား၏။

ဘုန်း…

သီဖန်းသည် သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး လေဟာနယ်ကို ဖြတ်ကျော်ကာ ဆူဇီမို ရှိရာဘက်သို့ ဖိချလိုက်၏။

မဟာကစဉ့်ကလျား အမြုတေလက်ဝါး..

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ စွမ်းအားနှင့်အတူ ထုတ်ဖော်လိုက်သောအခါ.. မဟာကစဉ့်ကလျား အမြုတေလက်ဝါးက ဘယ်လောက်တောင် စွမ်းအားကြီးမားလာလိုက်မလဲ..။

အာကာတစ်ခွင်လုံးတွင် ပါးလွှာသော စုတ်ပြဲကြောင်းများက ပေါ်ထွက်လာ၏။

လေဟာနယ်တစ်ခုလုံးကပင်လျှင် အဲဒါကို ခံနိုင်ရည်မရှိပေ။

တစ်ချိန်တည်းမှာပင်.. ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များ၏ တိုက်ခိုက်မှုများကလည်း ဆင်းသက်လာပြီး ဆူဇီမို၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုနှင့် ညဝိညာဉ်ကို ချက်ချင်းပင် လွှမ်းခြုံလိုက်၏။

ယခုအချိန်တွင် တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောသူမှာ အစစ်အမှန်နဂါးခန္ဓာ ဖြစ်၏။

သူက နောက်ဆုတ်၍ မရပေ။

သူ နောက်ဆုတ်လိုက်သည်နှင့် သူ့နောက်တွင်ရှိသော တည်နေရာရွှေ့ပြောင်းဝင်္ကပါ ဖျက်ဆီးခံရမည်ဖြစ်ပြီး သူ၏ ထွက်ပေါက်က လုံးဝ ပြတ်တောက်သွားပေလိမ့်မည်။

သို့သော်လည်း များပြားလှစွာသော ကမ္ဘာဦးမျိုးနွယ်များ၏ တိုက်ခိုက်မှုများနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ စွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ နတ်ဖီးနစ်လက်သည်းက သူတို့အားလုံးကို ခုခံပေးနိုင်တော့မည် မဟုတ်ပေ။

သူ့အတွက် ရှင်သန်နိုင်မည့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဤတိုက်ခိုက်မှုကနေ ခုခံဖို့ ဖြစ်လေသည်။

အစစ်အမှန်နဂါးခန္ဓာသည် သူ၏လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး သူ၏ခန္ဓာကိုယ် တစ်ဖက်တစ်ချက်စီတွင် စက်ဝန်းခြမ်းသဏ္ဌာန် ရေးဆွဲလိုက်၏။ နောက်ဆုံးမှာတော့ အဲဒါသည် သူ၏ရင်ဘတ်ရှေ့မှာ စုဆုံသွားပြီး သူ၏လက်ချောင်းများက လှုပ်ရှားကာ လက်ဟန်ချိပ်စည်းများကို ဖြစ်ပေါ်လာစေ၏။

သူ၏ နှာရောင်ကနေ နတ်ဘုရားအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏လက်ချောင်းများဆီသို့ ဝင်ရောက်သွား၏။

ထိုသို့ပြုလုပ်ပြီးနောက်.. အစစ်အမှန်နဂါးခန္ဓာ၏ မျက်နှာက ချက်ချင်းပင် ညိုးနွမ်းသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က တဆစ်ဆစ် နာကျင်ကိုက်ခဲလာ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားခဲ့လေပြီ။

“စုဖွဲ့စမ်း”

အစစ်အမှန်နဂါးခန္ဓာက အော်ဟစ်လိုက်၏။

ဇီး..

လောကကို လှုပ်ခါစေသော နတ်ဘုရားစွမ်းအားတစ်ခုက​ ဆင်းသက်လာ၏။

အစစ်အမှန်နဂါးခန္ဓာရှေ့တွင် သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားဝှေ့ယမ်းခြင်းနှင့်အတူ ဧရာမ ကျောက်သားဒိုင်းကာတစ်ခုက ဖြစ်ပေါ်လာ၏။ အဲဒါက မာကြောခက်ထန်၍ ရှေးကျပြီး ၎င်းပေါ်တွင် ကောက်ကွေးနေသော အင်းကွက်များကို လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် ခတ်နှိပ်ထား၏။

ကျောက်သားဒိုင်းကာသည် ရှေးဟောင်းခေတ်က လိပ်ကျောခွံတစ်ခုနှင့် ဆင်တူလေသည်။

“အဲဒါ ဘာလဲ”

“နောက်ထပ် ပင်ကိုနတ်ဘုရားစွမ်းအားလား”

“ငါထင်တာ မမှားဘူးဆိုရင် အထီးကျန်သိုင်းသခင်ရဲ့ နဂါးကိုယ်ပွားက ပင်ကိုနတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်ခဲ့ပြီးပြီလေ.. ဒါက တတိယမြောက်ပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”

လူသားကျင့်ကြံသူများကို မပြောနှင့်.. ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များပင်လျှင် တုန်လှုပ်သွားကြ၏။

ထိုနတ်ဘုရားစွမ်းအားသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် မှတ်တမ်းတင်ထားသော နတ်ဘုရားစွမ်းအား လေးခုထဲမှ တစ်ခုဖြစ်သော စိတ်ဝိညာဉ်လိပ် ဒိုင်းကာဖြစ်၏။

နဂါးအရိုးတောင်ကြားမှာတုန်းက အစစ်အမှန်နဂါးခန္ဓာသည် လုံစန်းနှင့် တိုက်ပွဲမှာ အဲဒါကို တစ်ခါထုတ်ဖော်ခဲ့ဖူး၏။

သို့သော်လည်း.. ထိုစဉ်တုန်းက သူသည် ဤပင်ကိုနတ်ဘုရားစွမ်းအားကို နိုးထကာစဖြစ်ပြီး သူက အဲဒါကို အပြည့်အဝ နားလည်သဘောမပေါက်သေးပေ။ စိတ်ဝိညဉ်လိပ်ဒိုင်းကာပေါ်ရှိ ရှုပ်ထွေးပွေလီ၍ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များသည် အနည်းငယ်မျှသာ လင်းလက်ခဲ့ရုံဖြစ်၏။

ထိုသို့ဆိုလျှင်တောင် စိတ်ဝိညာဉ်လိပ်ဒိုင်းကာသည် လုံစန်း၏ ပဉ္စမမြောက် နဂါးလက်သည်းချက်ကို ပိတ်ဆို့တားဆီးနိုင်ခဲ့၏။

သို့သော် ယခုအခါ စိတ်ဝိညာဉ်လိပ်ဒိုင်းကာပေါ်ရှိ အင်းကွက်များက ပြီးပြည့်စုံစွာ လင်းလက်လာခဲ့လေပြီ။

သူ၏ အစစ်အမှန်နဂါးခန္ဓာသည် ထိုပင်ကိုနတ်ဘုရားစွမ်းအားကို ပြီးပြည့်စုံသည့် အဆင့်ထိ ကျင့်ကြံထားနိုင်ခဲ့လေပြီ။

တကယ်တော့ ဤပင်ကိုနတ်ဘုရားစွမ်းအားကို ပြီးပြည့်စုံသည့် အဆင့်ထိ အချိန်တိုအတွင်း ကျင့်ကြံနိုင်ခဲ့သည့် အကြောင်းရင်းမှာ အစစ်အမှန်နဂါးခန္ဓာသည် အလွန်တရာ ပါရမီရှိပြီး အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ဤနှစ်များအတွင်း ကျင့်ကြံထားခဲ့သောကြောင့်သာလျှင် မဟုတ်ပေ။

အဲဒါထက် ဆူဇီမိုသည် ရွှေအမြုတေအဆင့်သို့ ဝင်ရောက်စဉ်က သူသည် မဟူရာကုန်းလိပ်အမြုတေနယ်မြေကို စုဖွဲ့ခဲ့ပြီး မဟူရာကုန်းလိပ်၏ ကျောပေါ်တွင်လည်း ယခုကဲ့သို့ အင်းကွက်များ ရှိနေသောကြောင့် ဖြစ်၏။

သူတို့နှစ်ခုကို နှိုင်းယှဉ်ခြင်းဖြင့် အစစ်အမှန်နဂါးခန္ဓာသည် ဤပင်ကိုနတ်ဘုရားစွမ်းအားကို ပြီးပြည့်စုံသည်အထိ အချိန်တိုအတွင်း ကျင့်ကြံနိုင်ခဲ့လေသည်။

All Chapters