မူကွဲအင်မော်တယ် ဝိညာဉ်မျိုးစေ့
Vol. 77 Ch. 1186
ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ချည်မျှင်တစ်သန်းသည် လှုပ်ရှားထကြွလာပြီး သူ၏ စိတ်ထဲမှ ပျံ့နှံ့ထွက်လာကြကာ သူ၏ ဝိညာဉ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။ ထို့နောက် ယင်းတို့က သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး နောက်ဆုံးမှာတော့ သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ယင်းတို့က အကြမ်းပတမ်း လှည့်ပတ်လာသည်။
တစ်ချိန်တည်းမှာ လျှပ်စီးသည် နန်းမြို့တော်၏ ကောင်းကင်ယံမှာ လင်းလက်သွားပြီး ကောင်းကင်ကို စုတ်ဖြဲပစ်လိုက်ကာ ဖြတ်သန်းသွားသည်။ ဤသည်မှာ ဤလောကထဲတွင် မတည်ရှိသင့်သော တစ်စုံတစ်ခု၏ မွေးဖွားလာမှုက ကောင်းကင်ဘုံတာအို၏ စိတ်အာရုံကို ဆွဲဆောင်သွားသည့်အလားပင်။
သို့သော်လည်း မကြာမီ ထိုစိတ်ဝင်စားသော ခံစားမှုက ပျောက်ကွယ်သွားသည်။ ဤသည်မှာ မကြာခင် မွေးဖွားလာတော့မည့်အရာက အကြောင်းတစ်ခုခုကြောင့် ကောင်းကင်ဘုံတာအို၏ လျစ်လျုရှုခံလိုက်ရဟန် ရသည်။
အမှန်မှာ ကောင်းကင်ဘုံတာအိုသည် ကောင်းကင်ဘုံမိုးကြိုးကို သာမန်မိုးကြိုးအဖြစ်သို့ ပြောင်းလဲစေပြီး ယင်းကို ဖုံးကွယ်ပေးလိုက်သည်။
သို့သော်လည်း လျှပ်စီးသည် ညကောင်းကင်အောက်မှာ အရာအားလုံးကို လင်းလက်သွားစေစမြဲပင်။
ညအမှောင်ထုအောက်တွင် လျှို့ဝှက်အခန်းထဲမှာ တင်ပျဉ်ခွေ၍ တရားထိုင်နေသော တစ်စုံတစ်ယောက်သည် ရုတ်တရက် နိုးထလာပြီး လမ်းပေါ်တွင် မြန်ဆန်စွာ ပြေးလွှားနေသော တစ်စုံတစ်ယောက်သည် တုံ့ခနဲ ရပ်တန့်သွားသည်။ အင်ပါယာအကယ်ဒမီထဲတွင် ဆွေးနွေးနေသော တစ်စုံတစ်ယောက်သည် နှုတ်ဆိတ်သွားပြီး ရှည်လျားသော မျှော်စင်ထဲမှ တစ်စုံတစ်ယောက်သည် အာရုံစိုက်လိုက်ကာ နန်းတော်ထဲမှ တစ်စုံတစ်ယောက်သည် ခေါင်းမော့ကြည့်လိုက်သည်။
သို့သော်လည်း ကောင်းကင်ဘုံတာအို၏ ဖုံးကွယ်ပေးမှုအောက်မှာ သူတို့က မည်သည့်အရာမှ မရရှိခဲ့ကြပေ။
ထို့ကြောင့် ဆက်လက် အာရုံစိုက်နေကြသော လူတချို့မှလွဲ၍ နန်းမြို့တော်ထဲမှ ကျင့်ကြံသူအများအပြားသည် သူတို့၏ နတ်ဘုရားစိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။ သူတို့က စောစောက သူတို့လုပ်ဆောင်နေသော ကိစ္စများကို ပြန်လည်ဆောင်ရွက်လိုက်ကြသည်။
အင်ပါယာအကယ်ဒမီထဲမှာ ဆွေးနွေးနေသူသည်လည်း ထို့အတူပင်။ သူက နတ်ဘုရားစိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ ဘေးမှာ ဝိုင်းဖွဲ့ထိုင်နေကြသော ကျောင်းတော်သား(၃၉)ယောက်ကို ကြည့်လိုက်သည်။
“ ကျောင်းအုပ်ကြီး… ဘာဖြစ်တာလဲ ”
ထိုကျောင်းတော်သားများထဲမှ တစ်စုံတစ်ယောက်က မေးသည်။
“ ရုတ်တရက် အတွေးတစ်ခု ဝင်လာလို့ပါ… မင်းတို့ ဆက်ဆွေးနွေးကြပါ ”
သူ၏ စိတ်အာရုံကို ပြန်ရုပ်သိမ်းပြီးနောက် ပိတ်ဖြူကြမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ထားသော ပုံရိပ်တစ်ခုက ကျောင်းတော်သားများကို အချက်ပေးလိုက်သည်။ သူ၏ ဝတ်စုံမှတဆင့် သူက ကျောင်းအုပ်ကြီးဖြစ်ကြောင်း ထင်ရှားပေသည်။
ထို့ပြင် သူတို့ရှိနေကြသော အဖြူရောင်မျှော်စင်သည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှလွဲ၍ တခြားမဟုတ်ပေ။
အောက်ဘက်မှ ကျောင်းတော်သားများသည် ကျောင်းအုပ်ကြီး၏ စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ယခင်ခေါင်းစဉ်နှင့် မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို ဆက်ပြီး ဆွေးနွေးကြသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ လက်ရှိအဆင့်အတန်းအရ သူတို့က အင်ပါယာအကယ်ဒမီထဲမှ မည်သည့်ကျောင်းတော်ကိုမှ ဂရုမစိုက်ကြပေ။ သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်သည် ခြားနားသည်။ မူကွဲအင်မော်တယ်ကျောင်းတော်နှင့် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဓိက အနှစ်သာရသည် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်သည်။
မူကွဲအင်မော်တယ်ကျောင်းတော်သည် နတ်ဘုရားပုံရိပ်ကို စိတ်ထဲမှာ ရက်လုပ်ပြီး လူသားသဘာဝကို ပြီးမြောက်စေရန် အဓိကအာရုံစိုက်သည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သည် ခန္ဓာကိုယ်ကို နတ်ဘုရားသက်ရှိများ၏ အသွေးအသားဖြင့် အစားထိုးကာ လူသားသဘာဝ၏ သဲလွန်စများကို စွန့်လွှတ်ပြီး အသိစိတ်ကိုသာ အကောင်းတိုင်း ကျန်ရှိစေလိမ့်မည်။
မူကွဲအင်မော်တယ်ကျောင်းတော်၏ အန္တိမပန်းတိုင်သည် မူကွဲအင်မော်တယ်တစ်ပါးဖြစ်လာရန်ဖြစ်ပြီး နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အန္တိမပန်းတိုင်သည် နတ်ဘုရားသက်ရှိတစ်ကောင်ဖြစ်လာရန် ဖြစ်သည်။
ထိုကျောင်းတော်နှစ်ခု၏ မူဝါဒက လုံးဝဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ကျောင်းတော်နှစ်ခုထဲမှ တစ်ခုသာလျှင် အမြင့်ပေါ်သို့ တိုးတတ်နိုင်သည်။
ဤသည်မှာ မူကွဲအင်မော်တယ်ကျောင်းတော် ဆုတ်ယုတ်သွားရသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအပြင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ မြန်ဆန်စွာ တိုးတတ်လာမှုက မူကွဲအင်မော်တယ်ကျောင်းတော်၏ ဆုတ်ယုတ်မှုကို အရှိန်တိုးမြှင့်စေခဲ့သည်။
ထို့ကြောင့် ဝိညာဉ်ချည်မျှင်တစ်သိန်း ဖွဲ့စည်းနိုင်သော ဆန်းကြယ်ဆရာသခင်တစ်ယောက် ထွက်ပေါ်လာခြင်းသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
လဝက်ကုန်ဆုံးသွားပြီး ဆန်းကြယ်ဆရာသခင်က နောက်တစ်ကြိမ် ထွက်ပေါ်မလာသဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျော်ကြားမှုက ပြီးဆုံးသွားသော်လည်း အကယ်၍ တစ်ဖက်လူသာ နောက်တစ်ကြိမ် ထွက်ပေါ်လာမည်ဆိုလျှင် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျော်ကြားမှုက သေချာပေါက် မြင့်တတ်သွားလိမ့်မည်ဖြစ်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
ထိုအချိန်ကျလျှင် မူကွဲအင်မော်တယ်ကျောင်းတော်သည် တဖန်မြင့်တတ်လာပြီး လူအများအပြား၏ အာရုံစိုက်ခြင်းခံလာရလိမ့်မည်။
ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်ကို အတိတ်တုန်းက ရွှေရောင်နေ့ရက်များဆီသို့ ပြန်ရောက်သွားစေနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။
ယင်းက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော် ဆွေးနွေးတိုင်ပင်နေသည့် အဓိကအကြောင်းအရာ ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အထက်လူကြီးများထဲမှ တချို့သည် စိုးရိမ်နေကြပြီး တချို့သည် ထိုသတင်းက အခြေအမြစ်မရှိသော ကောလဟာလများဖြစ်မည်ဟု သံသယဝင်နေကြသည်။ လူတိုင်းမှာ မတူညီသော အမြင်အမျိုးမျိုး ရှိကြသည်။
နောက်ဆုံးမှာတော့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးက ညာလက်ကို မြှောက်လိုက်လေရာ အဖြူရောင်မျှော်စင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အဆင့်မြင့်ကျောင်းတော်သားအားလုံးသည် ကျောင်းအုပ်ကြီးကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးထဲမှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။
“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကိစ္စကို ဂရုစိုက်နေစရာ မလိုဘူး… မကြာခင် ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦးက ငါ့နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို လူသိရှင်ကြား ဝင်ရောက်လာလိမ့်မယ်… သူ့ရဲ့ ဝင်ရောက်လာမှုက ငါ့နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို ပိုပြီးထင်ရှားကျော်ကြားလာစေလိမ့်မယ် ”
“ မင်းတို့အားလုံး ကြိုပြင်ဆင်ထားကြ… အဲ့ဒီလူက သုံးရက်အတွင်း ရောက်လာလိမ့်မယ် ”
ကျောင်းအုပ်ကြီး၏ အသံက ပဲ့တင်ထပ်လာသည်။ သူ၏ တည်ငြိမ်သော အသံက အဆင့်မြင့်ကျောင်းတော်သားအားလုံးကို စိတ်တည်ငြိမ်သွားစေပြီး ခေါင်းညိတ်သွားစေသည်။
ဆွေးနွေးပွဲသည် ဤနေရာမှာ အဆုံးသတ်သွားသည်။
တစ်ချိန်တည်းမှာ အပြင်ဘက်မှ လျှပ်စီးသည် လွင့်ပြယ်သွားပြီး မိုးခြိမ်းသံသည်သာ ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။ နင်ယန်၏ စံအိမ်အတွင်း လျှို့ဝှက်အခန်းထဲမှာ ရွှီချင်းသည် ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
သူ၏ မျက်လုံးထဲမှာ သိပ်သည်းသော အလင်းရောင်ထွက်ပေါ်လာပြီး သူ၏ အမူအရာမှာ အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။ သူက မျက်မှောင်ကြုတ်လိုက်လေရာ ဇဝေဇဝါဖြစ်သော အရိပ်အယောင်က ထွက်ပေါ်လာသည်။
“ အဲ့ဒါက ဘာလဲ… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက လက်မြှောက်လိုက်လေရာ ခရမ်းရောင်နှင်းပွင့်တစ်ခုသည် သူ၏ အသွေးအသားကို ဖောက်ထွင်းသွားပြီး သူ့အရှေ့မှာ လွင့်မျောသွားသည်။
သူ၏ အသိစိတ်ပင်လယ်ထဲတွင် ဝိညာဉ်ချည်မျှင်တစ်သန်း၏ ဖွဲ့စည်းမှုမှ ဖြစ်ပေါ်လာသော ဝဲကတော့သည် ဆက်လက် လှည့်ပတ်နေဆဲပင်။ ဤသည်မှာ ထိုဝဲကတော့က အစမရှိသလို အဆုံးမရှိသည့်အလားပင်။
ယင်းက လှည့်ပတ်နေစဉ် အအေးဓာတ်က အထဲမှ ထွက်ပေါ်လာသည်။ တဖြည်းဖြည်း ခရမ်းရောင်နှင့်ပွင့်များက ဝဲကတော့ထဲမှ မြှောက်တတ်လာကြသည်။
နှင်းပွင့်သည် အများကြီးမရှိပေ။ တစ်ရာခန့်သာ ရှိသည်။
ရွှီချင်းသည် သူ၏ အသိစိတ်ပင်လယ်ကို အာရုံခံကြည့်ပြီးနောက် နတ်ဘုရားစိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ လက်ဖဝါးပေါ်မှာ လွင့်မျောနေသော နှင်းပွင့်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
တစ်ခဏ တွေးတောပြီးနောက် သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ဓားကိုင်များဆီသို့ အသံပို့လွှတ်လိုက်သည်။ မကြာမီ သူတို့က စမ်းသပ်မှုအတွက် အသုံးပြုသော သားရိုင်းကောင်တစ်ကောင်ကို လာပို့သွားကြသည်။
သူ့အရှေ့မှ ဝံပုလွေသားရိုင်းကောင်ကို ကြည့်နေရင်း ရွှီချင်းသည် မတုံ့ဆိုင်းနေပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် နှင်းပွင့်သည် သားရိုင်းကောင်၏ နဖူးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ နှင်းပွင့်နှင့် ထိတွေ့သွားသည့်အခိုက် သားရိုင်းကောင်၏ တစ်ကိုယ်လုံးက တုန်ခါလာပြီး အော်ဟစ်ညည်းတွားသံကို ထုတ်ဖော်လိုက်သည်။
နောက်အခိုက်အတန့်မှာ နှင်းပွင့်သည် ကိုယ်ပိုင်အသက်ရှိလာသည့်အခါ သားရိုင်းကောင်၏ မျက်ခုံးနှစ်ခုကြားမှ နေရာကို တိုက်စားသွားပြီး အထဲသို့ တိုက်ရိုက် ဖောက်ထွင်းသွားကာ ပျောက်ကွယ်သွားသည်။
ထူးဆန်းသည့် အရာမှာ ၎င်း၏ နဖူးပေါ်မှ ဒဏ်ရာသည် မြန်ဆန်စွာ ကောင်းမွန်သွားပြီး မည်သည့်အမာရွတ်မှမကျန်ဘဲ ပျောက်ကွယ်သွားသည်။
ဝဲပုလွေသားရိုင်းကောင်သည်တော့ လှုပ်ရှားမှုကင်းမဲ့သွားပြီး မျက်လုံးမှိတ်သွားသည်။ ၎င်းက သေဆုံးသွားဟန် ရ၏။
သို့သော်လည်း ၎င်း၏ အရှိန်အဝါက ထိုနေရာမှာ ကျန်ရှိနေဆဲပင်။ အချိန်တစ်ခဏကြာပြီးနောက် ၎င်းက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ ၎င်းက ရွှီချင်းကို ကြည့်လိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ နှလုံးသည် တုန်ယင်သွားသည်။
သူနှင့် ထိုသားရဲကြားမှာ ထူးဆန်းသော ဆက်သွယ်မှုတစ်ခုရှိနေသည်ဟု သူခံစားမိသည်။ ထိုဆက်သွယ်မှု၏ ဇစ်မြစ်သည် ခရမ်းရောင်နှင်းပွင့်ဖြစ်သည်။
ယင်းက မပျောက်ဆုံးသွားပေ။ ယင်းက ဝံပုလွေ၏ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေသည်။
ယင်းက ၎င်း၏ အသွေးအသားနှင့် ပေါင်းစပ်သွားပြီး နှင်းပွင့်နှင့် တစ်သားတည်း ဖြစ်သွားသည်။
အနက်ရောင်အလင်းသည် ရွှီချင်း မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး အဝေးမှ သားရိုင်းကောင်ကို ဖမ်းဆုပ်လိုက်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံက ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ သူက ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည့်အခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ ဝိညာဉ်ချည်မျှင်များက ထိုသားရဲ၏ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေကြောင်း သူအာရုံခံနိုင်သည်။
“ စိတ်ဝင်စားစရာပဲ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဝံပုလွေသားရိုင်းကောင်၏ ခန္ဓာကိုယ်၏ ဖွင့်လှစ်လိုက်သည်။ သူက ၎င်း၏ အသွေးအသားကို စစ်ဆေးကြည့်လိုက်ပြီး ယင်းကို ထပ်မံ အတည်ပြုလိုက်သည်။
မကြာမီ ဝံပုလွေသားရိုင်းကောင်သည် ပုပ်သိုးဆွေးမြေ့သွားသည်။ ခရမ်းရောင်နှင်းပွင့်သည် ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့မှာ မျောလွင့်သွားသည်။
ရွှီချင်းသည် တစ်ခဏ တွေးတောကြည့်ပြီးနောက် တစ်စုံတစ်ယောက်ကို သားရဲဆယ်ကောင် လာပို့ခိုင်းလိုက်သည်။ သူက သားရဲအားလုံးကို နှင်းပွင့်များဖြင့် စမ်းသပ်ကြည့်ခဲ့သည်။ ထိုသို့ဖြင့် တစ်ညကုန်ဆုံးသွားသည်။ စမ်းသပ်မှုများစွာကို ပြုလုပ်ပြီးနောက် နံနက်ခင်းအချိန် ကျရောက်လာသည့်အခါ ရွှီချင်းသည် လျှို့ဝှက်အခန်းထဲမှ ထွက်လျှောက်လာသည်။ ဝိညာဉ်ချည်မျှင်တစ်သန်းမှ ဖြစ်ပေါ်လာသော နှင်းပွင့်တစ်ရာကို ယခု ပိုပြီးကောင်းမွန်စွာ သူနားလည်သွားပြီ ဖြစ်သည်။
သို့သော်လည်း ထိုသို့နားလည်ရန် ပေးဆပ်လိုက်ရသည့်တန်ဖိုးသည် လျှို့ဝှက်အခန်းထဲမှာ သွေးနံ့လှိုင်လှိုင်သင်းနေပြီး ကြမ်းပြင်ပေါ်မှာ ဝံပုလွေသားရိုင်းကောင်များ၏ ပုပ်သိုးဆွေးမြေ့နေသော အလောင်းများ ဖြစ်ပေသည်။
ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ စဉ်းစားချင့်ချိန်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီနှင်းပွင့်တစ်ရာက မျိုးစေ့တွေပဲ ”
“ ဝံပုလွေသားရဲတွေက နှင်းပွင့်တွေနဲ့ ပေါင်းစပ်သွားတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာမူမမှန်မှုမှ ထွက်ပေါ်မလာဘူး… အားလုံးက ပုံမှန်ပဲ… သူတို့က စိတ်မသက်မသာဖြစ်မှုကို မခံစားရသလို သူတို့ရဲ့ အသက်ဓာတ်ပေါ်လည်း ထိခိုက်နစ်နာစေတာ မရှိဘူး… ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်က ဝိညာဉ်ချည်မျှင်တွေကို သူတို့ဘာသာ ထုတ်လုပ်ပေးလိမ့်မယ် ”
“ အဲ့ဒီဝိညာဉ်ချည်မျှင်တွေက သူတို့ရဲ့ ဝိညာဉ်ကနေ ဖြစ်ပေါ်လာတာပဲ… ဒါကြောင့် ဆိုးကျိုးက တကယ်လို့ သူတို့မှာ လုံလောက်တဲ့ ဝိညာဉ်စွမ်းအားမရှိဘူးဆိုရင် ခြောက်သွေ့ပြီး သေဆုံးသွားလိမ့်မယ် ”
“ ဒီနှင်းပွင့်က နူးညံ့သိမ်မွေ့တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ လွှမ်းမိုးဖိနှိပ်မှုကို ပေးတယ်… အဲ့ဒါကို ဖြန့်ထုတ်လိုက်တဲ့အခါ လက်နက်တစ်ခုအနေနဲ့ဆို အဲ့ဒါက ရန်သူရဲ့ ဝိညာဉ်ကို ဝါးမျိုနိုင်တယ်… ပြီးတော့ အဲ့ဒါက ဝါးမျိုလိုက်တဲ့ ဝိညာဉ်ကို ဝိညာဉ်ချည်မျှင်တွေအဖြစ် ပြောင်းလဲပေးနိုင်တယ် ”
“ တစ်ချိန်တည်းမှာ အဲ့ဒါကို ကပ်ပါးကောင်အဖြစ် အသုံးပြုနိုင်တယ်… တကယ်လို့ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာကို ကျင့်ကြံနေတဲ့ တစ်စုံတစ်ယောက်က ဒီမျိုးစေ့နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သူတို့ရဲ့ ဝိညာဉ်က အလုံလောက်သန်မာသရွေ့ သူတို့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက အံ့မခန်းအဆင့်ထိ မြင့်တတ်သွားလိမ့်မယ် ”
“ ဒါပေမဲ့ သူတို့က ငါ့ရဲ့ ကန့်သတ်မှုကို ခံရလိမ့်မယ်… ငါသာ ဆန္ဒရှိရင် မျိုးစေ့ကို ပြန်ထုတ်ယူနိုင်တယ်… အဲ့ဒါက တစ်ဖက်လူရဲ့ အသက်ကို မထိခိုက်စေနိုင်ဘူးဆိုပေမဲ့ ဒီအတောအတွင်း သူတို့ဖွဲ့စည်းထားတဲ့ ဝိညာဉ်ချည်မျှင်အားလုံးကို ဆုံးရှုံးသွားလိမ့်မယ် ”
အင်ပါယာအကယ်ဒမီသို့သွားရာ လမ်းတစ်လျှောက်တွင် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်နှင်းပွင့်တစ်ရာကို အာရုံခံလိုက်ပြီး လေ့လာသုံးသပ်လိုက်သည်။
“ ဒီနှင်းပွင့်တွေအပေါ် ငါ့ရဲ့ နားလည်သဘောပေါက်မှုက မလုံလောက်သေးဘူး… အဲ့ဒါတွေကို ပိုပြီးနားလည်လာအောင် စမ်းသပ်မှုတွေ ပိုပြီးလုပ်ဆောင်ရမယ် ”
ယင်းကို အပြည့်အဝ နားမလည်သေးခင်အထိ ရွှီချင်းက ယင်းကို လက်လွတ်စပယ် အသုံးပြုလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူက အင်ပါယာအကယ်ဒမီသို့ ဝင်ရောက်သွားပြီးနောက် သူ၏ အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်ထဲသို့ ခြေချလိုက်သည်။
ယခု မူကွဲအင်မော်တယ်ကျောင်းတော်ထဲတွင် ကျောင်းတော်သားကိုးယောက်ကျော် ရှိနေကြသည်။ ယင်းက ယခင်ကထက် ပိုပြီးသက်ဝင်လှုပ်ရှားသည်။ ကျောင်းအုပ်ကြီးသည် ယခင်ကဲ့သို့ သူ့ဘာသာ အလုပ်လုပ်နေရန် မလိုတော့ပေ။ ကျောင်းတော်သားများက သူ့ကိုယ်စား လုပ်ဆောင်ပေးကြလိမ့်မည်။
နေ့တိုင်း မူကွဲအင်မော်တယ်ကျောင်းတော်ဆီသို့ ရောက်ရှိလာသူများက တဖြည်းဖြည်း နည်းပါးသွားသဖြင့် ရွှီချင်းနှင့် သူ၏ စီနီယာအကိုသုံးယောက်သည် လွန်စွာ လွတ်လပ်ကြသည်။ ထို့ကြောင့် သူတို့က မူကွဲအင်မော်တယ်ကျောင်းတော်၏ သတင်းလွှာကို ပြန်လည်ဖွင့်လှစ်လိုက်ကြသည်။
ထိုသို့ဖြင့် သုံးရက်ကုန်ဆုံးသွားသည်။ ညတိုင်း ရွှီချင်းသည် စံအိမ်ဆီသို့ ပြန်သွားပြီး နှင်းပွင့်များအကြောင်း လေ့လာသည်။ စတုတ္ထမြောက်နေ့တွင် သတင်းတစ်ခုသည် အင်ပါယာအကယ်ဒမီထဲမှာ ပျံ့နှံ့သွားသည်။
သတ္တမမင်းသားသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သို့ ဝင်ရောက်တော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ယနေ့ နေ့လယ်တွင် သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြင့် သွားရောက်တွေ့ဆုံလိမ့်မည်။
အင်ပါယာအကယ်ဒမီထဲတွင် တစ်စုံတစ်ယောက်၏ သရုပ်အား ထုတ်ဖော်ခြင်းကို တားမြစ်ထားသည်။ သို့သော်လည်း အကယ်၍ အပြင်ဘက်မှာ ထုတ်ပြန်ကြေညာမည်ဆိုလျှင် ယင်းက စည်းမျဉ်းအတွင်းမှာ ရှိလိမ့်မည်မဟုတ်ပေ။
အထူးသဖြင့် လူသားဧကရာဇ်၏ အမွှေးတိုင်(၁၂)တိုင်ကို သက်တံ့လမ်းကြောင်းပေါ်တွင် စိုက်ထူထားသည့်အခါ ဖြစ်သည်။ ဤသည်မှာ မင်းသားများကြားထဲမှာ ပထမဆုံး စတင်လှုပ်ရှားခဲ့သော သတင်းဖြစ်သည်။ ထို့ကြောင့် ဤကိစ္စက နန်းမြို့တော်တစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိသွားသည်။
ထိုသတင်းသည် အင်ပါယာအကယ်ဒမီထဲမှာလည်း ခေါင်းကြီးပိုင်းသတင်းဖြစ်လာသည်။ အထူးသဖြင့် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများအတွက် ဖြစ်သည်။ မည်သို့ဖြစ်ပါစေ အင်ပါယာအကယ်ဒမီထဲတွင် ထိုသို့ကိစ္စမျိုးက ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်း မဟုတ်ပါလော။
အတိတ်တွင် သူတို့မှာ မည်သို့ကိစ္စရှိပါစေ သူတို့၏ သရုပ်ကို ထိုသို့မထုတ်ဖော်ခဲ့ကြချေ။ သို့ဖြစ်၍ မည်သည့်မင်းသားက အင်ပါယာအကယ်ဒမီထဲမှ မည်သည့်ကျောင်းတော်ကို ဝင်ရောက်ခဲ့ကြောင်း အပြင်လူများက မသိထားကြချေ။
သို့သော်လည်း သတ္တမမင်းသား၏ လူသိရှင်ကြား ကြေညာမှုသည်တော့ ခြားနားသည်။ ဤသည်မှာ သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်နှင့် အပြည့်အဝ ပူးပေါင်းချင်နေကြောင်း အဓိပ္ပာယ်ရပေသည်။
သူက ထိုနေ့ နေ့လယ်မှာ အင်ပါယာအကယ်ဒမီထဲသို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားတချို့၏ စောင့်ကြိုမှုအောက်မှာ သတ္တမမင်းသား၏ အုပ်စုသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဖြူရောင်မျှော်စင်ဆီသို့ လျှောက်သွားကြသည်။
လမ်းတစ်လျှောက်တွင် သူတို့က မူကွဲအင်မော်တယ်ကျောင်းတော်ကို ဖြတ်သန်းသွားကြသည်။
ရွှီချင်းသည် လူအုပ်ကြီး၏ ဝိုင်းရံခံထားရသော သတ္တမမင်းသားကို ကြည့်လိုက်သည်။ သူက ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ထိုမြင်ကွင်းသည် အတိတ်မှာ တစ်ဖက်လူက ကယ်တင်ရှင်တစ်ယောက်ပုံစံဖြင့် ဖုန်းဟိုင်ဒေသငယ်ထဲသို့ ဝင်ရောက်လာခဲ့သော အချိန်ကို သူ့အား ပြန်လည်အမှတ်ရစေသည်။
ထိုအချိန်တုန်းက ရွှီချင်းသည် သူ့ကို အဝေးမှ လှမ်းကြည့်ခဲ့ရသည်။
ယခု မြင်ကွင်းသည် ထိုအချိန်တုန်းကနှင့် တစ်ပုံစံတည်းပင်။
ရွှီချင်း၏ အကြည့်က ပုံမှန်အတိုင်းရှိနေသော်လည်း သူ၏ နှလုံးကတော့ အေးစက်နေသည်။
နောက်ပိုင်းမှ ဝင်ရောက်လာကြသော တပည့်ရင်းများသည်တော့ အပြင်ဘက်မှ ဆူပူအုံကြွမှုကို မြင်သွားသောအခါ ကိုယ်စီအတွေးနက်သွားကြသည်။
သို့သော်လည်း ရွှီချင်း၏ အရှေ့မှ တပည့်ရင်းသုံးယောက်သည်တော့ ယင်းကို အများကြီး ဂရုမစိုက်ကြချေ။ သူတို့က သတင်းလွှာပေါ်မှာ အာရုံစိုက်နေကြသည်။ ထို့ကြောင့် သူတို့က ရွှီချင်းကို ဆွဲခေါ်လိုက်ပြီး သတင်းလွှာမှတ်တမ်းတင်သည့် ကိစ္စမှာ ပူးပေါင်းပါဝင်ခိုင်းသည်။
ဤသည်ကို မြင်သောအခါ နေရာမှာ ထိုင်နေသော မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။ မူကွဲအင်မော်တယ်ကျောင်းတော် တဖန်မြင့်တတ်လာနိုင်မည့် အခွင့်အရေးက ရောက်ရှိလာပြီဟု သူခံစားမိခဲ့သည်။ သို့သော်လည်း မည်မျှကြိုးစားပါစေ ယင်းကို သူမဖမ်းဆုပ်နိုင်ခဲ့ပေ။
အမှန်မှာ သူက ဤအတောအတွင်း ထိုစီနီယာကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။
‘ အဲ့လိုမဖြစ်သင့်ဘူး… ငါက အဲ့ဒီစီနီယာကိုယ်စား ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းရဲ့ အမျက်ဒေါသကို ခံခဲ့ရတယ်… တကယ်ဆိုရင် သူကိုတွေ့နိုင်ဖို့ ငါ့ကို အခွင့်အရေးတစ်ခုတော့ ပေးသင့်ပါတယ်… ’
မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် စိုးရိမ်ကြောင့်ကြလာသည်။ ကျောင်းအုပ်ကြီးအနေဖြင့် ယခင်က သဲလွန်စများအရ သူ၏ စိတ်ထဲမှာ ခန့်မှန်းမှုတစ်ခု ပြုလုပ်ထားပြီးသား ဖြစ်သည်။ ထိုဆရာသခင်က တခြားလူများမသိထားသော မူကွဲအင်မော်တယ်အတတ်ပညာကို သေချာပေါက် ဖမ်းဆုပ်မိထားရမည်ဟု သူခံစားမိသည်။
သို့မဟုတ်လျှင် သီအိုရီအရ မူကွဲအင်မော်တယ်ကျောင်းတော်မှာ ဝိညာဉ်ချည်မျှင်တစ်သိန်းဖွဲ့စည်းနိုင်သည့်လူ ပေါ်ထွက်လာရန် မည်သို့မှ မဖြစ်နိုင်ပေ။
‘ ငါက ဘာမှမမေးချင်ပါဘူး… ဝိညာဉ်ချည်မျှင်တစ်သိန်းဖွဲ့စည်းနိုင်တဲ့ ကျင့်ကြံခြင်းနည်းနဲ့ပတ်သက်ပြီး ငါ့ကို တစ်ခုနှစ်ခုလောက် ညွှန်ကြားပေးမယ်ဆိုရင်ပဲ လုံလောက်ပါပြီ… အဲ့ဒါဆို ငါ့မူကွဲအင်မော်တယ်ကျောင်းတော်က တဖန်မြင့်တတ်နိုင်လိမ့်မယ် ’
‘ တကယ်လို့ ဝိညာဉ်ချည်မျှင်တစ်သိန်းဖွဲ့စည်းနိုင်တဲ့ ဆရာသခင်ဆယ်ယောက်လောက် ငါ့ကျောင်းတော်ထဲမှာ ရှိမယ်ဆိုရင်… သူတို့ထဲက တချို့က လောကီကိစ္စတွေကို စိတ်မဝင်စားဘူးဆိုရင်တောင် ငါ့မူကွဲအင်မော်တယ်ကျောင်းတော်ကို အထွတ်အထိပ်ရောက်အောင် တွန်းအားပေးနိုင်လိမ့်မယ်… ဒါဆိုရင် ငါ့မူကွဲအင်မော်တယ်ကျောင်းတော်က မဖြစ်နိုင်တဲ့ လမ်းစဉ်တစ်ခုမဟုတ်ဘူးဆိုတာ သက်သေပြနိုင်လိမ့်မယ် ’
ကျောင်းအုပ်ကြီးက စိတ်ခံစားချက်ဖြင့် သက်ပြင်းချနေစဉ် သူအသည်းအသန်လိုက်ရှာနေခဲ့သော ဆန်းကြယ်ဆရာသခင်က သူ၏ ညာဘက်ထောင့်မှာ တပည့်ရင်းသုံးယောက်နှင့်အတူ သတင်းလွှာများကို မှတ်တမ်းတင်ပေးနေသည်။
“ အံ့ဩစရာသတင်းဟေ့… သတ္တမမင်းသားက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို ဝင်ရောက်ခဲ့တာ အဲ့မိန်းကလေးကြောင့်ပေါ့ ”
“ စိမ်းစိုကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင်နဲ့ ကျောင်းအုပ်ကြီးကြားမှာ မရှင်းလင်းတဲ့ ဆက်ဆံရေးရှိကြောင်း သတင်းပေါက်ကြားပြီ ”
“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှာ တပည့်ခေါင်းဆောင်ရာထူးအတွက် ပြဿနာတတ်ပြီ… အဲ့ဒါက လူသားအကျင့်စရိုက် ပျက်စီးခြင်းနဲ့ ကိုယ်ကျင့်သိက္ခာ ဖောက်ပြားခြင်းမဟုတ်ဘူးလား… အသေးစိတ်သိချင်ရင် ညသန်းခေါင်အထူးသတင်းလွှာ ငါ့ရတနာလေး ဘယ်ကို ပျောက်သွားလဲကို ဝယ်ဖတ်လိုက်ပါ ”