← Chapters

မမျှော်လင့်ထားသော သဲလွန်စ

Vol. 77 Ch. 1196

မမျှော်လင့်ထားသော သဲလွန်စ

Vol. 77 Ch. 1196

နတ်ဘုရားစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤတောင်တန်းဒေသထဲမှ လောကသည် မည်းမှောင်သွားသည်။

ဘေးပတ်ပတ်လည်မှ ကောင်းကင်နှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် တားမြစ်ဒေသကြီးတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားဟန် ရသည်။ ယင်းက သက်ရှိများအတွက် ရန်သူဖြစ်ပြီး သက်ရှိအားလုံးကို မြေပြင်ပေါ်မှာ ဝပ်တွားစေသည်။ သစ်ပင်အားလုံးသည် ညှိုးခြောက်သွားကြပြီး ငှက်များနှင့် သားရဲများသည် သန္ဓေပြောင်းလဲသွားကြသည်။

အမှောင်ထုသည် ဆက်လက် ပျံ့ပွားနေပြီး အရပ်မျက်နှာပေါင်းစုံသို့ ကျူးကျော်ဝင်ရောက်နေသည်။

အမှောင်ထုဖြတ်သန်းသွားသည့်နေရာတိုင်း လောက၏ အသွင်အပြင်သည် ပြောင်းလဲသွားသည်။ ဤသည်မှာ ကန့်လန့်ကာတစ်ခုက ကွာကျသွားသည့်အလား လောက၏ အစစ်အမှန်အသွင်က ထွက်ပေါ်လာသည်။

ရွှီချင်း၏ မျက်လုံးထဲမှ လောကထဲတွင် သင်္ချိုင်းမြေပုံများ၊ နှစ်ပေါင်းများစွာကြာအောင် ပုပ်သိုးဆွေးမြေ့နေသော အရိုးစုများဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်မှာ သူက ဧရာမဦးခေါင်းခွံတစ်ခုထဲမှာ ရပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ခရမ်းရောင်ဆံပင်သည် သူ့အနောက်မှာ တဖျပ်ဖျပ် လွင့်မျောနေပြီး သွေးချည်မျှင်များသည် ဘေးပတ်ဝန်းကျင်မှာ ကခုန်လှုပ်ရှားနေကြသည်။ သူ၏ ဖမ်းဆုပ်ခံထားရသော သတိမေ့နေသည့် လူသည် စတင်ပုံပျက်တွန့်လိမ်လာသည်။

နတ်ဘုရားရေရွတ်သံများသည် လောကထဲမှာ ပဲ့တင်ထပ်သွားပြီး ဤဧရိယာကို တုန်ယင်သွားစေသည်။

ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သတိမေ့နေသော လူသည် ထိုမြင်ကွင်းကြောင့် နိုးထလာပြီး ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်သည်။ သူက ရွှီချင်းကို မြင်သွားသည့်အခိုက် သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုက ဦးစွာ ထွက်ပေါ်လာသည်။ ထို့နောက် စိတ်ရှုပ်ထွေးမှုက ကြောက်ရွံ့မှုသို့ ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ အကြွင်းမဲ့ချောက်ချားမှု ထွက်ပေါ်လာသည်။

သူက တစ်စုံတစ်ခု ပြောချင်သော်လည်း ပါးစပ်မဖွင့်နိုင်ပေ။ ဖော်မပြနိုင်သော သွေးပျက်ဖွယ်အော်သံသည်သာ ထွက်ပေါ်လာသည်။ ဒြပ်နှောများက သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး သူက နတ်ဘုရားကို မြင်တွေ့သွားသည့်အခါ သူ၏ အော်သံသည် ကောင်းကင်အထိ ပဲ့တင်ထပ်သွားသည်။

လွန်ခဲ့သော ရက်တုန်းက သူ့ရဲဘော်ရဲဘက်၏ နှလုံးကွဲကြေသော အော်သံထက်စာလျှင် သူ၏ အော်သံသည် ပိုပြီးသံစဉ်ကိုက်သည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ သွေးပျက်ဖွယ်အော်သံက တစ်ခုတည်းမဟုတ်ဘဲ မရေမတွက်နိုင်အောင် များပြားသောကြောင့် ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ မရေမတွက်နိုင်သော ပုံရိပ်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထပ်ဆင့်လွှမ်းခြုံလာသောကြောင့် ဖြစ်သည်။ ဤသည်မှာ သူက စာအုပ်တစ်အုပ်ဖြစ်လာသည့်အလားပင်။

စာမျက်နှာတိုင်းမှာ သူ၏ ပုံရိပ်ရှိပြီး ယင်းက သူ၏ အတိတ်ကာလနှင့် အနာဂတ်၏ အဆုံးမဲ့သော ဖြစ်နိုင်ခြေများကို ကိုယ်စားပြုသည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြသော်လည်း အားလုံးက သွေးပျက်ဖွယ်အော်သံကို ထုတ်ဖော်နေကြသည်။

ထိုအော်သံများသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မှ စုဝေးရောက်ရှိလာခြင်းဖြစ်လေရာ သူ့ရဲဘော်ရဲဘက်၏ နှလုံးကွဲကြေသော အော်သံထက် ပိုပြီးလှပပေသည်။

ရွှီချင်းသည်တော့ တည်ငြိမ်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားသဘာဝသည် တစ်ဟုန်ထိုး မြင့်တတ်သွားနေသည်။ သို့သော်လည်း သူ၏ လူသားအသိစိတ်သည် မပျောက်ကွယ်သွားပေ။ အဘယ့်ကြောင့်ဆိုသော် ထိုနတ်ဘုရားအသွင်သဏ္ဍာန်ကို ဝိညာဉ်ချည်မျှင်များဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူ၏ လူသားသဘာဝနှင့် နတ်ဘုရားသဘာဝသည် မျှခြေညီသော အခြေအနေမှာ ရှိသည်။

ဤအခြေအနေမှာ သူက လူသားသဘာဝ၏ စိတ်ဆန္ဒအရ ရွေးချယ်မှုများစွာကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ပေသည်။

ဥပမာ ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော သွေးချည်မျှင်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဆန့်တန်းထွက်လာကြပြီး အော်ဟစ်နေသော ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကြသည်။ ယင်းတို့က ရေဘဝဲလက်တံများအလား တစ်ဖက်လူ၏ အတိတ်ကို လှန်လှောရှာဖွေလိုက်သည်။

အရာအားလုံးက ရွှီချင်း၏ မျက်စိရှေ့မှာ ရှင်းလင်းစွာ ပုံရိပ်ပြန်လာသည်။ သူက တစ်ဖက်လူ၏ မှတ်ဉာဏ်ထဲမှာ ထျန်းဇောင်ဒေသအကြီးအကဲ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့သော ရဲဘော်ရဲဘက်ကိုလည်း မြင်သွားသည်။

ယင်းက ဝိညာဉ်ရှာဖွေခြင်း မဟုတ်သော်လည်း ဝိညာဉ်ရှာဖွေခြင်းထက် ပိုပြီးတိုက်ရိုက်ကျသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက နတ်ဘုရားတစ်ပါး၏ စွမ်းရည်ဖြစ်သည်။

ထိုလူ၏ အတိတ်မှတဆင့် ရွှီချင်းသည် တစ်ဖက်လူ၏ တစ်ဘဝလုံးကို မြင်တွေ့သွားသည်။ သူ၏ ရဲဘော်ရဲဘက်ကဲ့သို့ပင် သူက အားနည်းသော ဝိညာဉ်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ လျှို့ဝှက်ဆန်းကြယ်သော ထိုအဖွဲ့အစည်းက ထိုသို့လူများကို အထူးရွေးချယ်စုဆောင်းခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း ဤလူ၏ အရည်အချင်းသည် သေဆုံးသွားခဲ့သော သူ၏ ရဲဘော်ရဲဘက်ထက် ပိုပြီးမြင့်မားသည်။ ကျင့်ကြံခြင်းမှာသော်လည်းကောင်း မန္တန်အသုံးပြုခြင်းမှာသော်လည်းကောင်း သူက ထူးချွန်သည်။

ရွှီချင်းသည် ထိုအတိတ်အကြောင်းများကို မြန်ဆန်စွာ ကျော်ပစ်လိုက်သည်။ သူမြင်ချင်သော မြင်ကွင်းကို ရှာမတွေ့ခင်အထိ ဆက်လက် ရှာဖွေလိုက်သည်။

နေအိမ်၏ တည်နေရာနှင့် ရေနံဆီမီးအိမ်ထဲမှ မီးတောက်ကို ကစား‌နေသော ဝတ်ရုံနက်အမျိုးသား၏ လက်ကို သူမြင်တွေ့သွားသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် ထိုမြင်ကွင်းကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက သူ့အရှေ့မှ သွေးချည်မျှင်များကို ဆောင့်ဆွဲလိုက်ပြီး ထိုလူ၏ ခန္ဓာကိုယ်ထဲမှ အတိတ်စာမျက်နှာကို အတင်းအဓမ္မ ဆွဲထုတ်လိုက်သည်။ ယင်းက လေထဲမှာ မျောလွင့်သွားသည်။

သူက စာမျက်နှာထဲမှ ဝတ်ရုံနက်အမျိုးသားကို ကြည့်လိုက်သည်။ သို့သော်လည်း သူက အလောတကြီး မလုပ်ဆောင်ပေ။ ယင်းအစား သူက စာရွက်ကို ဘေးမှာ ချထားလိုက်သည်။

ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး အော်ဟစ်နေသော ကျင့်ကြံသူကို ကြည့်လိုက်သည်။ သူက ပါးစပ်ဟလိုက်ပြီး လေမှုတ်ထုတ်လိုက်သည်။

ခရမ်းရောင်မြူခိုးသည် ရွှီချင်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ခရမ်းရောင်မြူခိုးသည် တလိပ်လိပ် ရွေ့လျားသွားပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ချည်မျှင်များသည် ထိုလူ၏ ဦးခေါင်းပေါ်မှာ ဒြပ်ထည်ဖြစ်ပေါ်လာကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။

တစ်ဖက်လူ၏ မှတ်ဉာဏ်အားလုံးထဲမှာ အမြဲတမ်း တည်ရှိနေသော တစ်စုံတစ်ယောက်ရှိသည်။

ချည်မျှင်တစ်ခုသည် အလယ်ဗဟိုမှာ တည်ရှိနေသည်။ ယင်းက သူ၏ ဘဝချည်မျှင်ဖြစ်သည်။

၎င်း၏ ဦးတည်ရာသည်တော့ မြောက်ဘက်သို့ ညွှန်ပြနေသည်။ ယင်းက ဤနေရာနှင့် သိပ်မဝေးပေ။

“ ငါထင်ထားသလို ဒီဟာက ကိုယ်ပွားတစ်ခုပဲ ”

ရွှီချင်းသည် အက်ရှရှအသံဖြင့် စကားပြောပြီးနောက် ဖြည်းညင်းစွာ ဆောင့်ဆွဲလိုက်သည်။ ချက်ချင်းပင် ထိုဘဝချည်မျှင်က အပြင်းအထန် လှုပ်ခါလာသည်။ ဘဝချည်မျှင်နှင့် ဆက်သွယ်ထားသော မူလခန္ဓာကိုယ်သည် တိုက်ရိုက် သက်ရောက်ခံလိုက်ရသည်။

အရိပ်လေးသည် ၎င်း၏ ဦးတည်ရာကို မြောက်ပိုင်းဆီသို့ ပြောင်းလဲလိုက်သည်။ ၎င်းက ဘေးပတ်ဝန်းကျင်မှ အရိပ်များကို ပြန်စုဝေးလိုက်ပြီး မျဉ်းဖြောင့်အတိုင်း ရွေ့လျားသွားသည်။ ဤနည်းက ၎င်း၏ အလျင်ကို တိုးမြှင့်သွားစေပြီး ၎င်း၏ အရှည်ကို သိသိသာသာ ကျယ်ပြောသွားစေသည်။

တစ်ချိန်တည်းမှာ ရွှီချင်းနှင့် ကီလိုမီတာငါးရာကွာဝေးသော နေရာတွင် မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အရှေ့သို့ လျှောက်သွားနေသည်။ ထိုလူ၏ အသွင်အပြင်က သာမန်ဖြစ်ပြီး မည်သည့်ထူးခြားချက်မှ မရှိပေ။ အကယ်၍ သူသာ လူအုပ်ကြားထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် မည်သူမှ သူ့ကို အလွယ်တကူ သတိထားမိလိမ့်မည် မဟုတ်ပေ။

သူ၏ မျက်လုံးသည် အလွန်သေးငယ်ပြီး ရံဖန်ရံခါ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သူက လမ်းလျှောက်နေရင်း သူ၏ အစီအစဉ်ကို ပြန်လည်သုံးသပ်နေသည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် သူ၏ အစီအစဉ်က ပြီးပြည့်စုံလုနီးပါး ရှိသည်။ တခြားလူများကို လျော့မတွက်သင့်ကြောင်း သူနားလည်သည်။ ထို့ကြောင့် သူ၏ အစီအစဉ်က ဖော်ထုတ်ခံရနိုင်သော ဖြစ်နိုင်ခြေကိုလည်း သူက ထည့်သွင်းစဉ်းစားခဲ့သည်။

“ ဒါပေမဲ့ အဲ့ဒါက အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စပါ ”

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက တခြားဒေသငယ်ဆီသို့ ဦးတည်သွားရန် အမြန်လျှောက်လိုက်သည်။ သူက မျိုးနွယ်ခြားများ၏ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို အသုံးပြု၍ ဤနေရာမှ ထွက်သွားရန် စီစဉ်ထားသည်။ ထို့နောက် လုံခြုံသော တစ်နေရာမှာ ပုန်းအောင်းပြီး အဖွဲ့အစည်း၏ နောက်ထပ်အမိန့်များကို စောင့်ဆိုင်းမည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ အသိစိတ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။ သူ့အရှေ့မှ လောကကြီးသည် အနည်းငယ် ဝေဝါးလာသည်။ ဤသည်မှာ လောကကြီးက ချာချာလည်သွားသည့်အလားပင်။ သူ၏ ဝိညာဉ်သည် ကြောက်လန့်တကြား တုန်ယင်သွားသည်။

ချက်ချင်းဆိုသလို အသံတစ်သံက သူ၏ ဝိညာဉ်ထဲသို့ ပဲ့တင်ထပ်လာသည်။

“ ငါထင်ထားသလို ဒီဟာက ကိုယ်ပွားတစ်ခုပဲ ”

ထိုစကားသည် မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသား၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။ သူက လှုပ်ရှားတော့မည့်အချိန် အကန့်အသတ်စည်းတစ်ခုသည် သူ၏ ဝိညာဉ်မှ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို ထိန်းချုပ်လိုက်သည်။ ယင်းက သူ၏ တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။

သူ၏ နှလုံးသားထဲမှ ချောက်ချားမှုသည် အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သူက တန်ပြန်တိုက်ခိုက်ချင်သော်လည်း သူ၏ ဘေးပတ်ပတ်လည်မှာ ရန်သူ၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ပေ။

သို့သော်လည်း ထိုအသံသည် သူ၏ စိတ်ထဲမှာ ရှင်းလင်းသည်။ ထို့ပြင် အကန့်အသတ်စည်းများသည် ထိုအသံမှ ဆက်လက် ထွက်ပေါ်လာနေသည်။

“ ဘာဖြစ်တာလဲ ”

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသား၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ရုန်းကန်ရန် အားကုန်သုံးလိုက်လေရာ သွေးတစ်ပွက်အန်လိုက်ရသည်။ ထို့နောက် သူက ပြန်လည်လှုပ်ရှားနိုင်သွားသည်။

သူက ရုတ်တရက် ခုန်လိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်သည် ထပ်မံ တောင့်တင်းသွားသည်။

သူ၏ ခြေဖဝါးအောက်မှ အရိပ်တွင် မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသော သွေးနီရောင်မျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။

“ ရှာတွေ့ပြီ… မင်းကို… ”

လှိုင်ဂူထဲတွင် ရွှီချင်းသည် ဘဝချည်မျှင်ထံမှ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ထိုလူကို လျစ်လျူရှုထားလိုက်သည်။ သူက မူလခန္ဓာကိုယ်ကို ဖမ်းမိသွားပြီဆိုမှတော့ သူစမ်းသပ်ကြည့်ချင်သော ကိစ္စတချို့ကို လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

အကယ်၍ သူ၏ လုပ်ဆောင်မှုက ကျရှုံးသွားမည်ဆိုလျှင်ပင် ယင်းက တရားခံဖမ်းဆီးမှုအပေါ် သက်ရောက်မှုမရှိနိုင်ပေ။ အကယ်၍ သူ၏ လုပ်ဆောင်မှုမှ သဲလွန်စတချို့ ရှာတွေ့သွားမည်ဆိုလျှင် ဤကိစ္စသည် ပိုပြီး ရှင်းလင်းလာလိမ့်မည်။

ထို့ကြောင့် ရွှီချင်းသည် စောစောက ဘေးမှာ သူချထားခဲ့သော ပုံရိပ်ကို ကြည့်လိုက်သည်။

သူက ပုံရိပ်ထဲမှ ရေနံဆီမီးအိမ်နှင့် ကစားနေသော ဝတ်ရုံနက်အမျိုးသားကို အာရုံစိုက်လိုက်သည်။

ထိုလူကို စိုက်ကြည့်နေစဉ် ရွှီချင်း၏ အနောက်မှ ခရမ်းလသည် ထွန်းလင်းတောက်ပလာသည်။

နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ သွေးချည်မျှင်အားလုံးသည် ပုံရိပ်ထဲမှ ဝတ်ရုံနက်အမျိုးသားဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ ချက်ချင်းပင် ယင်းတို့က ပုံရိပ်ကို ဖောက်ထွင်းသွားကြပြီး ဝတ်ရုံနက်အမျိုးသားဖြင့် ပေါင်းစပ်သွားကြသည်။

သူက အတိတ်ကို အသုံးပြုပြီး အနာဂတ်ကို ကြည့်ချင်သည်။

နတ်ဘုရား၏ အစွမ်းသည် အတိုင်းအဆမဲ့သည်။ တစ်စုံတစ်ယောက်က မှတ်ဉာဏ်ထဲမှာ တည်ရှိနေသရွေ့ ဤသွယ်ဝိုက်သော နည်းလမ်းဖြင့် သက်ရောက်ခံရလိမ့်မည်။

ချက်ချင်းဆိုသလို ဝတ်ရုံနက်အမျိုးသားသည် တုန်ယင်သွားသည်။ သူ၏ ဝေဝါးသော ပုံရိပ်ယောင်အခြေအနေသည် အစစ်အမှန်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထိုအတောအတွင်း ရွှီချင်းသည် သူ၏ လွှမ်းမိုးမှုမှတဆင့် ဝတ်ရုံနက်အမျိုးသား၏ ဘဝတစ်စိတ်တစ်ပိုင်းကို ထွင်းဖောက်မြင်နိုင်သွားသည်။

ယင်းက ကောင်းကင်ပေါ်မှ ယဇ်ပလ္လင်ကို တစ်ဖက်လူ အရိုအသေပေးနေသည့်အချိန်ထိ ကြာမြင့်ခဲ့သည်။ သို့သော်လည်း ရွှီချင်းသည် သူရှာတွေ့ချင်သော အရာကို မမြင်နိုင်ခဲ့ပေ။

ထို့ကြောင့် သူက နတ်ဘုရားအရင်းအမြစ်ကို ထပ်မံတိုးမြှင့်လိုက်ပြီး ပိုပြီးနက်ရှိုင်းစွာ ကြည့်ရှုရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ဝတ်ရုံနက်အမျိုးသား၏ ခန္ဓာကိုယ်ပေါ်မှ လျှို့ဝှက်စိတ်ဆန္ဒတစ်ခုသည် သူ၏ ပိုင်ရှင်က စူးစမ်းခံနေရကြောင်း အာရုံခံမိသွားသည်။ ထို့ကြောင့် ၎င်းက အိပ်မောကျနေရာမှ ပြန်နိုးထလာသည်။

ချက်ချင်းပင် အေးစက်စက် နှာခေါင်းရှုံ့သံသည် ဝတ်ရုံနက်အမျိုးသားရှိနေသော ပုံရိပ်ထဲမှ ပဲ့တင်ထွက်လာသည်။ ယင်းက ရွှီချင်း၏ စိတ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ပြီး ဒြပ်နှောသို့ ပြောင်းလဲသွားကာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ဒြပ်နှောအစွမ်းသည် လေထဲမှာ ထွက်ပေါ်လာပြီး ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

မြင်ကွင်းထဲမှာ သွေးသည် မြစ်ကြီးတစ်စင်းသဖွယ် စီးဆင်းနေပြီး အော်ဟစ်ညည်းတွားသံများသည် အဆုံးမဲ့စွာ ပဲ့တင်ထပ်နေသည်။ ဒြပ်နှောများသည် လေထဲမှာ တစ်ဟုန်ထိုး ပေါ်လျှိုးလာပြီး လောကကြီးသည် မည်းမှောင်သွားသည်။

တစ်ဖက်လူက ထိုမြင်ကွင်းကို အသုံးပြု၍ ရွှီချင်းကို ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ တခြားလူသာဆိုလျှင် ဤအခိုက်အတန့်မှာ ယင်း၏ သက်ရောက်မှုကို သေချာပေါက် ခံရလိမ့်မည်။ သို့သော်လည်း ယခု ရွှီချင်းက နတ်ဘုရားအသွင်သဏ္ဍာန်ဖြင့် တည်ရှိနေခြင်း ဖြစ်သည်။ နတ်ဘုရားအရင်းအမြစ်က ပျံ့နှံ့ထွက်လာသည့်အခါ ခရမ်းလသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး အရာအားလုံးကို ဖိနှိပ်လိုက်သည်။

ပေါက်ကွဲသံနှင့်အတူ ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ခါသွားပြီး အနောက်သို့ ခြေသုံးလှမ်း ဆုတ်သွားရသည်။

သူ၏ စိတ်ထဲမှ ဒြပ်နှောများနှင့် မြင်ကွင်းများသည် ဤအခိုက်အတန့်မှာ လွင့်ပြယ်သွားသည်။ သို့သော်လည်း တစ်ဖက်လူ၏ စွမ်းအားသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူက ရွှီချင်းကို ဘာမှမလုပ်နိုင်သော်လည်း ဤနေရာကို သက်ရောက်မှုရှိအောင် ပြုလုပ်နိုင်ခဲ့သည်။

ချက်ချင်းဆိုသလို အတိတ်စာမျက်နှာသည် ပျက်စီးပြိုကွဲသွားသည်။ အော်ဟစ်နေသော ကိုယ်ပွားသည်တော့ သူ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်မှ သင်္ချိုင်းမြေပုံများသည်လည်း ပြိုကျပျက်စီးသွားကြသည်။

ပေါက်ကွဲသံများကြားတွင် ရွှီချင်းသည် နေရာမှာ တိတ်တဆိတ် ရပ်နေသည်။ သူက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး ညကောင်းကင်ကို ကြည့်လိုက်သည်။ အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အေးစက်စက် နှာခေါင်းရှုံ့သံကနေ ထွက်ပေါ်လာတဲ့ ဒြပ်နှောတွေကို ငါရင်းနှီးတယ်… ”

“ အဲ့ဒီမြင်ကွင်းကနေ ထွက်ပေါ်လာတဲ့ ဒြပ်နှောတွေကိုလည်း ငါအရမ်းရင်းနှီးတယ်… ”

“ ဝတ်ရုံနက်အမျိုးသားက ကောင်းကင်ကို အရိုအသေပေးနေတယ်… သူက ဘာကိုကြည့်နေတာလဲဆိုတာ အခု ငါသိသွားပြီ… ”

“ အဲ့ဒီဒြပ်နှောက နတ်ဘုရားမျက်နှာပျက်ကြီးကနေ ဆင်းသက်လာတာပဲ… အဲ့ဒီမြင်ကွင်းက နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လိုက်တဲ့ မြင်ကွင်းပဲ… ဝတ်ရုံနက်အမျိုးသား အရိုအသေပေးနေတာက ကောင်းကင်ပေါ်က ဟိုခွေးမသား နတ်ဘုရားမျက်နှာပျက်ကြီးကိုပဲ ”

ရွှီချင်း၏ နှလုံးသည် အေးစက်သွားသည်။

နန်းဟွမ်ကုန်းမြေမှာ သူရှိနေခဲ့စဉ်က ထိုသို့အဖွဲ့အစည်းတစ်ခုရှိကြောင်း သူသိသည်။ သူတို့က နတ်ဘုရားမျက်နှာပျက်ကြီးကို ကိုးကွယ်ယုံကြည်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်သက်ဝင်သူများဟု ခေါ်ဆိုကြသည်။

လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ရောက်ရှိလာပြီးနောက် သူက ထိုသို့အဖွဲ့အစည်းကို ထပ်မံ ကြားသိခဲ့ရပြီး သူတို့က နတ်ဘုရားမျက်နှာပျက်ကြီးကို ကိုးကွယ်ယုံကြည်သည့်အပြင် နတ်ဘုရားသားတော်ဟုခေါ်ဆိုသော တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေကြောင်း သိရှိခဲ့ရသည်။

သူတို့က နတ်ဘုရားသားတော်ကို ရှာတွေ့ပြီးသွားလျှင် သူ့ကို ဝါးမျိုပစ်လိမ့်မည်။ ထိုနည်းဖြင့် သူတို့က နတ်ဘုရားမျက်နှာပျက်ကြီးထံသို့ ပိုပြီးချဉ်းကပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

တစ်ချိန်တည်းမှာ မင်းသမီးအန်းဟိုင်၏ မိတ်ဆက်ပေးမှုအရ ထိုအဖွဲ့အစည်းသည် လူသားမျိုးနွယ်၏ အထူးဂိုဏ်းဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ရုံသာမက တခြားမျိုးနွယ်စုများမှာလည်း အထူးအင်အားစုတစ်ခု ဖြစ်သည်။

၎င်းက ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ပျံ့နှံ့နေပြီး မျိုးနွယ်စုအားလုံးနီးပါးမှာ တည်ရှိကြသည်။

“ အစစ်အမှန်ကမ္ဘာ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာ အသွင်ပြောင်းသွားပြီး နတ်ဘုရားအသွင်သဏ္ဍာန်က ပျောက်ကွယ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ အမှောင်ထုနှင့် လောက၏ အသွင်အပြင်သည် မြန်ဆန်စွာ ဝေဝါးသွားသည်။ အဆုံးမှာတော့ ရွှီချင်း၏ မူလခန္ဓာကိုယ်က ပြန်ထွက်ပေါ်လာသည့်အခါ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

သူ၏ ခြေဖဝါးအောက်မှ ကျောက်တုံးအပိုင်းအစများသည်သာ စောစောက မြင်ကွင်းက အမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်း သက်သေပြုပေးနေသည်။

သို့သော်လည်း သူ၏ ဆံပင်တချို့သည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ တတိယနတ်ဘုရားအသွင်သဏ္ဍာန်၏ နောက်ဆက်တွဲသက်ရောက်မှုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေဆဲဖြစ်ဟန် ရ၏။

ထိုအခိုက်အတန့်မှာ လေခွင်းသံသည် အဝေးမှ ပဲ့တင်ထပ်လာသည်။ မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားသည် အမြန်ပျံသန်းလာပြီး ရွှီချင်း၏ အရှေသို့ ရောက်ရှိလာသည်။ သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားခြင်းနှင့် မျက်နှာချိုသွေးသော အရိပ်အယောင်က အထင်အရှား ထွက်ပေါ်နေသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ဖော်မပြနိုင်သော အကြောက်တရားက ထွက်ပေါ်နေပြီး သူက မြေပြင်ပေါ်မှာ ချက်ချင်း ဒူးထောက်ချလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောသည်။

“ မင်္ဂလာပါ သခင်… သခင့်ကို ငါအရမ်းပြောချင်နေတဲ့ စကားရှိပါတယ်… ဒီနေ့ ငါက ဒီပုံစံနဲ့ ငါ့ရဲ့ တကယ့်ခံစားချက်တွေကို ဖော်ပြပါမယ်… သခင်… မင်းက အရမ်းအံ့ဖွယ်ကောင်းပြီး ဉာဏ်ပညာကြီးမားလှပါတယ်… သခင်ရဲ့ ပါရမီနဲ့ ဉာဏ်ပညာကြောင့် ငါက သခင့်အပေါ် မှီခိုနိုင်တယ်လို့ ခံစားမိပါတယ်… သခင့်ရဲ့ ဦးဆောင်မှုအောက်မှာ ငါက တဖြည်းဖြည်း ပိုသန်မာလာပြီး လုံခြုံမှုနဲ့ သက်တောင့်သက်သာဖြစ်မှုကို ခံစားရပါတယ် ”

အရိပ်လေးသည် စိတ်ရင်းမှန်ဖြင့် ကျယ်လောင်စွာ အော်ပြောသည်။ သို့သော်လည်း သူ၏ အကြည့်ထဲမှာ ကြီးမားသော အကြောက်တရားဖြင့် ပြည့်နှက်နေသည်။

ညအချိန်တွင် ရွှီချင်းသည် အရှေ့မှာ ရပ်နေသည်။ သူ၏ ခရမ်းရောင်ခပ်ဖျော့ဖျော့ ဆံပင်သည် လေထဲမှာ တဖျပ်ဖျပ် လွင့်မျောနေသည်။

မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားသည် ရွှီချင်းကို အရူးအမူး အရိုအသေပေးနေသည်။

“ နန်းမြို့တော်ကို ပြန်ရအောင် ”

ရွှီချင်းသည် စကားပြောပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားကာ ညအမှောင်ထဲသို့ ဝင်ရောက်သွားသည်။

All Chapters