← Chapters

ဝူကျန်းကျွင်း၏ အဆင့်မြင့်လှုပ်ရှားမှု

Vol. 53 Ch. 783

ဝူကျန်းကျွင်း၏ အဆင့်မြင့်လှုပ်ရှားမှု

Vol. 53 Ch. 783

ခွန်အားရဲ့ ၂၀%ကိုပဲအသုံးချခဲ့တယ်လား”

ဝမ်မင်၏တိုက်ခိုက်မှုက လူအများကို အံဩသွားစေခဲ့သည်။

စက်ရုပ် ချပ်ဝတ်တန်ဆာက လူတိုင်းကို အမှန်တကယ် အထင်ကြီးစေခဲ့သည် ဆိုလည်းမမှားပေ။

လက်ရှိတွင် လူအများစုသည် ပြောစရာစကားများ ပျောက်ဆုံးကုန်ကြသည်။

ဤစက်ရုပ်ချပ်ဝတ်ကို အစောပိုင်းတွင် အထင်သေးခဲ့သည့် ကျောင်းသားများ နှင့် ဆရာများသည် ယခုအချိန်တွင် ဘာတစ်ခွန်းမှမပြောရဲကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤချပ်ဝတ်တန်ဆာကို သာမန်စံနှုန်းဖြင့် တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။

ယခုအခြေအနေကို ခြုံငုံ၍ သုံးသပ်ကြည့်လျှင် ဝမ်မင်ကအသာစီးရနေသည်ဟု ဆိုရမည်။

“ဆရာဝမ်ရဲ့ ချပ်ဝတ်က အရမ်းမိုက်တယ်.. ငါလည်းတစ်ခုလောက်တော့ လိုချင်တယ်.. ဒါပေမဲ့ ဆရာဝမ်ရဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က ဘယ်အဆင့်မှာ ရှိနေလဲ မသိဘူးနော်.. ဘယ်သူမှ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောနေတာကို ငါမကြားမိဘူး”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ထိုစကားကြောင့် ကော်ဟောက်က မှင်တက်သွားခဲ့သည်။

သူနှင့် သူ့ဦးလေးနှစ်ယောက်စလုံး မသိသေးသည့် အရာတစ်ခု ရှိနေသေးသည်ကို သူပထမဦးဆုံးအကြိမ် သိလိုက်ရသည်။

“အကယ်၍ ဆရာဝမ်က သာမန်လူတစ်ယောက် ဖြစ်ပြီး ဒီလိုစက်ရုပ်ချပ်ဝတ်တန်ဆာနဲ့ ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်တယ် ဆိုရင်တော့ ဒါက အံ့ဖွယ်တီထွင်မှု တစ်ခုလို့ ဆိုရတော့မှာပဲ”

ချန်းချောင်က ခေါင်းကုပ်၍ ပြောလိုက်သည်။

“ဟားဟား.. ငါက ရယ်စရာပြောတာပါ.. ဆရာဝမ်ရဲ့ နယ်ပယ်အဆင့်က ဘာလဲဆိုတာ ငါလည်းမသိဘူး.. ငါ့စကားကို အလေးအနက် မထားပါနဲ့”

ဝမ်လင်း “……….”

ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ အငွေ့အသက်များက ပြောင်းလဲသွားပြီ ဖြစ်သည်။

အသိပညာက လူတစ်ဦး၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်ကြောင်း ကျောင်းသား အများအပြား အမှန်တကယ် သိရှိနားလည်သွားစေသည့် အခိုက်အတန့်လည်း ဖြစ်၏။

ဤတိုက်ပွဲသည် ကျင့်ကြံခြင်းနယ်ပယ် အဆင့် ကွာဟချက်၊ ကျင့်ကြံခြင်း စွမ်းရည်နှင့် ခွန်အားတို့ကို အသိပညာဖြင့် ဖန်တီးနိုင်ကြောင်း ၎င်းတို့ကို နားလည်စေခဲ့သည်။

ဆိုရလျှင် အသိပညာသည် စွမ်းအားဖြစ်သည် မဟုတ်ပါလား။

ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှု အပြီးတွင် တိုက်ပွဲဖြစ်ပွားရာနေရာရှိ စည်းကမ်းထိန်း ဆရာများသည် ကျောင်းသားများအား ကျင့်ကြံခြင်းနှင့် သိပ္ပံပညာအကြား ပြိုင်ပွဲကို ကြည့်ရှုရန်အတွက် စည်းထဲတွင် ထိုင်ခိုင်းစေခဲ့သည်။

“ကလေးတို့ သေချာမှတ်သားထားပါ.. ဒါက ရှားရှားပါးပါးလေ့လာခွင့်ရတဲ့ အခွင့်အရေးတစ်ခုပဲ”

ပတ်ဝန်းကျင်ရှိ ဆရာတစ်ဦးက ကျောင်းသားများကို ပြောကြားလိုက်သည်။

ထိုအချိန်တွင် ဝူကျန်းကျွင်း နှင့် ဝမ်မင်တို့၏ ပတ်လည်၌ စည်းတစ်ခု ဆွဲထားသည်ကို အားလုံးက သိလိုက်ရသည်။

ထိုစည်းက တိုက်ပွဲကွင်းပြင် တစ်ခုလို ဖြစ်နေခဲ့သည်။

ထို့ပြင် ထိုစည်းကိုဆွဲခဲ့သူမှာ နိုင်ငံခေါင်းဆောင် ဖြစ်၍ လုံလောက်သော တည်ငြိမ်မှုလည်း ရှိ၏။

ဝမ်လင်း “……….”

လူတော်တော်များများက အခြေအနေကို နားလည်ကြမည်မဟုတ်ပေ။

ဤကဲ့သို့ စည်းဆွဲထားသည်ကို အပိုအလုပ်ဟု တွေးသူများလည်း ရှိကောင်းရှိနိုင်ပေသည်။

သို့ရာတွင် နိုင်ငံခေါင်းဆောင်က စည်းမဆွဲလျှင်ပင် ဆရာများက အတူတူစည်းဆွဲရန် စီစဉ်ထားပြီးသား ဖြစ်၏။

အကယ်၍သာ ဝမ်မင်က ဤချပ်ဝတ်တန်ဆာဖြင့် ဝူကျန်းကျွင့်လို ခြေသလုံးအိမ်တိုင် အင်မော်တယ် တစ်ယောက်ကို ယှဉ်နိုင်ခဲ့လျှင် သူတို့ကြားရှိ တိုက်ပွဲသည် သမိုင်းတွင်မည့် တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ပကတိအင်မော်တယ် နှစ်ယောက်ကြားရှိ စစ်မှန်သောတိုက်ပွဲသည် ဂြိုဟ်တစ်ခုလုံးကိုဖျက်ဆီးပစ်ရန် လုံလောက်သည်။

ထို့အတူ ခြေသလုံးအိမ်တိုင် အင်မော်တယ်များ ကြားရှိ ယှဉ်ပြိုင်မှုများကိုလည်း လျှော့တွက်၍မရပေ။

၎င်းတို့က အကြွင်းအကျန် နယ်မြေထဲတွင်သာ ရှိနေဆဲဖြစ်သောကြောင့် ကန့်သတ်စည်းများသာ မထားရှိခဲ့လျှင် အကြွင်းအကျန်နယ်မြေက ပျက်စီးနိုင်ချေ ရှိပေသည်။

အရိုးရှင်းဆုံး ပြောရလျှင် ဤစည်းဝိုင်းကို မြင်လိုက်သည်နှင့် ဝူကျန်းကျွင်းက အလိုလို ခေါင်းကိုက်လာခဲ့သည်။

ဆိုလိုရင်းမှာ အလွန်ရှင်းလင်းနေပြီ ဖြစ်သည်။

သူ့အနေဖြင့် ဝမ်မင်နှင့် မလွဲမသွေ တိုက်ခိုက်ရပေတော့မည်။

ထိုအချိန်မှာပင် ဝူကျန်းကျွင်းက ဤတိုက်ပွဲ၏ နက်နဲသောအဓိပ္ပါယ်ကို သိရှိသွားခဲ့သည်။

သူ၏ အင်ပါယာဘွဲ့တံဆိပ်အတွက် စာမေးပွဲသည် ဤတိုက်ပွဲ၏ အရေးပါမှုနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ခဲ့ပေ။

လူအတော်များများ မျှော်လင့်ထားသလိုပင် ဤသည်ကကျင့်ကြံခြင်းနှင့် သိပ္ပံပညာတို့ အကြားရှိ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်၏။

တိုက်ပွဲတစ်ခုတွင် ကျင့်ကြံခြင်းနှင့် တန်းတူ ရပ်တည်ရန်အတွက် သိပ္ပံပညာကို အမှန်တကယ် အားကိုးရန် ဖြစ်နိုင်ပါသလော။

ကျင့်ကြံနိုင်သည့် စွမ်းရည် မရှိသူများတွင် ကျင့်ကြံသူ တစ်ယောက် ဖြစ်လိုသည့် အိပ်မက်များ အမှန်တကယ် ရှိကြသည်။

ဝမ်မင်ကသာ သူ့ကို လူသိရှင်ကြား အနိုင်ရခဲ့လျှင် ဤစက်ရုပ်ချပ်ဝတ်တန်ဆာကို စက်ရုံကနေ အများအပြား ထုတ်လုပ်တော့မည် ဖြစ်၏။

ထိုအခါ ကျင့်ကြံခြင်းစွမ်းရည် မရှိသော သာမန်လူများသည် နှစ်ပေါင်း ရာချီ လုံ့လစိုက်ထုတ်ကာ ကျင့်ကြံခဲ့သောကျင့်ကြံသူများနှင့် တန်းတူ ရည်တည်နိုင်လာတော့မည် ဖြစ်သည်။

ထိုအချက်ကြောင့် စစ်မှန်သော ကျင့်ကြံသူများက စိတ်ဓာတ်ကျလာမည်မှာ သေချာသည်။

ထိုထက်ပို၍ စဉ်းစားကြည့်လျှင် အဆုံးသတ်၌ လူသားများသည် ကျင့်ကြံခြင်းကို စွန့်လွှတ်ကာ ဤမှော်ရတနာ ချပ်ဝတ်များကို ဝတ်ဆင်ရန်သာ ရွေးချယ်သွားကြခြင်းမျိုး ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် ဝူကျန်းကျွင်းက ဤတိုက်ပွဲကို အနိုင်ရအောင် တိုက်မည်ဟု စိတ်ထဲမှ သန္ဓိဌာန်ချထားလိုက်သည်။

ကျင့်ကြံသူအားလုံး အတွက် သူက အသက်စွန့်၍ တိုက်ခိုက်တော့မည် ဖြစ်၏။

“ဆရာဝမ် အဆင့်သင့်ဖြစ်ပြီလား.. ဒီတစ်ခေါက်တော့ ငါညှာမှာ မဟုတ်တော့ဘူးနော်”

ဝူကျန်းကျွင့်က ဝမ်မင်ကို ပြောလိုက်သည်။

နောက်ထပ် အခိုက်အတန့်မှာပင် သူက ခြေဖဝါးကို တစ်ချက် ဆောင့်နင်းလိုက်ရာ သူ့ခြေရင်းအောက်တွင် ကြီးမားသောစက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဆင့်ခေါ်ခြင်း မှော်စွမ်းရည်”

ဆရာအချို့က ဤမှော်စွမ်းရည်ကို ချက်ချင်း သိလိုက်ကြသည်။

ဝူကျန်းကျွင်းက ဆင့်ခေါ်ခြင်းမှော်စွမ်းရည်ကို အမှန်တကယ်အသုံးပြုနေခဲ့သည်။

“ဆရာဝူကို ကြည့်ရတာ တကယ်ကို လေးလေးနက်နက် ရှိနေတဲ့ပုံပဲ”

ဝူကျန်းကျွင်းနှင့် ရင်းနှီးသော ဆရာတစ်ယောက်က ဝူကျန်းကျွင်း တစ်ယောက် စိတ်ဝိညာဉ်သားရဲ တစ်ကောင်ကောင်အား ဆင့်ခေါ်တော့မည်ကို သိလိုက်သည်။

ထိုဆင့်ခေါ်ခြင်း မှော်စွမ်းရည်သည် တစ်ချိန်က ဒေါသဓမ္မရာဂျာ၏ အစွမ်းအထက်ဆုံး မှော်စွမ်းရည်တစ်ခု ဖြစ်သည်။

ထို့ကြောင့် ဆင့်ခေါ်ခြင်းအစီအရင်ကို မြင်လိုက်ရသောအခါတွင် ဆရာများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ထိုအချိန်က ဒေါသဓမ္မရာဂျာ ဆင့်ခေါ်ခဲ့သော စိတ်ဝိညာဉ်သားရဲသည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်း၏။

ဝူကျန်းကျွင်းသည်လည်း ထိုစိတ်ဝိညာဉ်သားရဲကိုပင် ဆင့်ခေါ်မည်မှာ ထင်ရှားနေ၏။

ထိုခဏမှာပင် မှင်အနက်ရောင်နှင့် တူသော ပူဖောင်း တစ်ခုသည် မြေပြင်ပေါ်ရှိ အစီအရင်ခင်းကျင်းမှုကနေ ထွက်ပေါ်လာပြီး စက္ကန့်များစွာ ကြာပြီးနောက်၌ ခရမ်းရောင် လျှပ်စီးကြောင်းနှင့်အတူ အက်ကွဲသွားခဲ့သည်။

လေထဲတွင် ရပ်ကြည့်နေသော ဝမ်မင်က ခရမ်းရောင်လျှပ်စီးကြောင်းကို စိုက်ကြည့်နေခဲ့သည်။

ဝူကျန်းကျွင်းက စွမ်းအားများကို အစွမ်းကုန် အသုံးပြုတော့မည် ဖြစ်ကြောင်း ဝမ်မင် ရိပ်မိလိုက်သည်။

“ဆရာဝူက ဘယ်လို စိတ်ဝိညာဉ်သားရဲကို ဆင့်ခေါ်မှာလဲ”

ကျောင်းသားအချို့က အခြေအနေကို ရှင်းရှင်းလင်းလင်းနားမလည်ကြပေ။

“ဒီခရမ်းရောင်လျှပ်စီးကို ကျိဝေလျှပ်စီးလို့ ခေါ်တယ်.. ဒဏ္ဍာရီထဲက ယင်လျှပ်စီး၅ခုမှာ ယင်ဓာတ်အများဆုံး ဖြစ်ပြီး အရက်စက်ဆုံးလည်း ဖြစ်တယ်.. ဒီလို စိတ်ဝိညာဉ်သားရဲ အမျိုးအစားကို ထိန်းကျောင်းဖို့အတွက် ဆိုရင် သူ့ရဲ့သခင်က စွမ်းအင် အလုံအလောက်ရှိဖို့ လိုအပ်တယ်.. ပုံမှန်အားဖြင့်တော့ ဒီလိုဝိညာဉ်သားရဲမျိုးကို ဘယ်သူကမှ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”

ထိုအကြောင်းကို ရှေးဟောင်းစာအုပ်ကြီးက ရှင်းပြနေချိန်တွင် ကျောင်းသားများသည် စိတ်ဝိညာဉ်သတ္တဝါ၏ ပုံသဏ္ဍာန်ကို မှန်းဆနေခဲ့သည်။

ဝူကျန်းကျွင်းက ဤစိတ်ဝိညာဉ်သားရဲကို ယဉ်ပါးစေရန်အတွက် အဆင့်များစွာ ဖြတ်ကျော်ခဲ့ရသည်။

ယခုဆင့်ခေါ်ရသည့် အကြောင်းအရင်းမှာ ခရမ်းရောင်လျှပ်စီးကြောင်း၏ စွမ်းအားအကူအညီဖြင့် ဒေါသဓမ္မရာဂျာ၏ အဆုံးစွန်သော တိုက်ခိုက်မှုကို ထုတ်သုံးရန် ဖြစ်သည်။

၎င်းက ဒေါသဓမ္မရာဂျာ ဖန်တီးထားသော အဆင့်၆ ရှိသည့် သံလိုက် မှော်စွမ်းရည်ဖြစ်ပြီး အလွန်ပင် ကြမ်းတမ်းသည်။

တိုက်ပွဲကွင်းပြင်၏ ထောင့်တိုင်းတွင် ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် ပြည့်နှက်နေပြီး ခြေချစရာနေရာပင် မရှိတော့ချေ။

ဝူကျန်းကျွင်းက ချပ်ဝတ်တန်ဆာ၏ စွမ်းအားကို ဝမ်မင်အလွန်အမင်း အားကိုးနေသည်ကို ကောင်းစွာသိသည်။

ထို့ကြောင့် ဝမ်မင်ကို လေထဲ၌သာ တိုက်ခိုက်ရန် သူရည်ရွယ်ထားခဲ့၏။

လေထဲ၌ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခြင်းသည် ဤစက်ရုပ်ချပ်ဝတ်တန်ဆာ၏ စွမ်းအင်သုံးစွဲမှုကို ပုံမှန်ထက် နှစ်ဆမျှ ကုန်ဆုံးစေမည် မဟုတ်ပါလား။

“ဝမ်လင်း1.. သံလိုက်ဒိုင်းကို အပြည့်အစုံဖွင့်လိုက်”

ဝမ်မင်က ခရမ်းရောင်လျှပ်စီးဒဏ်ကို မခံရစေရန်အတွက် သံလိုက်ဒိုင်းဖြင့် ကာကွယ်ရန် အမိန့်ပေးလိုက်သည်။

ဤစက်ရုပ် ချပ်ဝတ်တန်ဆာ၏ ပထမဗားရှင်းဆိုလျှင် လေထဲ၌ ဆက်တိုက်ဆိုသလို ဝိညာဉ်စွမ်းအားများ ထုတ်သုံးနိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် မြေပြင်က တုန်ခါလာခဲ့ပြီး အနက်ရောင်ရေကန်တစ်ခု ထွက်ပေါ်လာသည်။

ထိုရေကန်ရှိ ရေပြင်၌ လှိုင်းလုံးများ စတင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

အဆုံးသတ်တွင် အတွင်းထဲ၌ ပုန်းအောင်းနေသည့် စိတ်ဝိညာဉ်သားရဲသည် ပေါ်ပေါက်လာခဲ့တော့သည်။

ထိုစိတ်ဝိညာဉ် သားရဲသည် ခန္ဓာကိုယ် အလွန်ကြီးမားပြီး ငါးတစ်ကောင်နှင့် ဆင်တူကာ တောက်ပသော အနက်ရောင်အမြီးလည်း ရှိသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“သိဒ္ဓိအီးတုံးကြီးလား.. ရွှံ့ငါးရှဉ့်လား”

ထိုစကားကိုကြားလျှင် ဝူကျန်းကျွင်းက ဒေါသထွက်သွားသည်။

“ဒါက လျှပ်စီးငါးရှဉ့်.. လျှပ်စီးငါးရှဉ့်ကွ”

အပိုင်း(၇၈၃) ပြီး၏

All Chapters