ခေါင်းသုံးလုံးလျှပ်စီးငါးရှဥ့်
Vol. 53 Ch. 784
ဘုရင်လျှပ်စီး ငါးမျိုး၏ သင်္ကေတဖြစ်သော လျှပ်စီးငါးရှဉ့်စိတ်ဝိညာဉ်သားရဲကို ထုတ်ဖော်လိုက်သောအခါ ကျောင်းသားများက တအံ့တဩ ဖြစ်သွားကြသည်။
၎င်းတို့က အစီအရင်နှင့် အလွန် နီးနီးကပ်ကပ် ရှိနေ၍ ပတ်ပတ်လည်တွင် အသံတုပြုလုပ်ချက်များ ပါရှိသည့် ရုပ်ရှင်ကားကို အနီးကပ် ကြည့်ရှုနေရသကဲ့သို့ ခံစားခဲ့ရသည်။
ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် နှစ်ဦးကြား စွမ်းအား ပြိုင်ဆိုင်မှုသည် အထက်တန်း ကျောင်းသားများအတွက် ရခဲလှသော အတွေ့အကြုံ တစ်ခုပင် ဖြစ်သည်။
ဤပြိုင်ပွဲအပြီးတွင် ကျောင်းသား အတော်များများသည် ၎င်းတို့၏ နွေရာသီစခန်းသွင်း လေ့လာရေး ဒိုင်ယာရီတွင် သေချာရေးဖွဲ့ကြမည်ကို ဝမ်လင်း ကောင်းစွာသိသည်။
ဤကဲ့သို့ တိုက်ပွဲကို မြင်တွေ့ခွင့်ရခြင်းသည် လင်ပန်းပေါ်တွင်ပူဇော်ထားရမည့် ရှားပါးပစ္စည်း ကဲ့သို့ အရာ ဖြစ်သည်။
အရေးကြီးဆုံးမှာ သူတို့၏ ဒိုင်ယာရီကို စကားလုံးများဖြင့် စိတ်ကြိုက်ရေးဖွဲ့နိုင်ခြင်းပင်။
ဤအတွေ့အကြုံက ကျင့်ကြံသူများနှင့် ပတ်သက်သည့် တိုက်ပွဲအကြောင်း ရေးသားရာတွင် စကားလုံးများ ဖန်တီးရန်အတွက် အလွန်ပင် လွယ်ကူသွားပေမည်။
သင့်တွင် ဝေါဟာရ လုံလောက်နေသရွေ့ စကားလုံး ထောင်ပေါင်းများစွာကို သုံးစွဲနိုင်ပေသည်။
ဝမ်လင်းက ဤနည်းစနစ်ဖြင့် အလွန် ရင်းနှီးသည်။
ဖေဖေဝမ်က ထိုနည်းစနစ်ကို ပြီးပြည့်စုံစွာ ကိုယ်စားပြုသူဖြစ်သည်။
ဝတ္ထုဆရာ အားလုံးသည် စကားလုံးများစွာ ရရှိအောင် ဖွဲ့နွဲ့ချဲ့ကား၍ ရေးလေ့ရှိသည်။
သူတို့ဘယ်လိုပင်ရေးသားပါစေ၊ စာဖတ်သူအပေါ် မည်မျှပျော်ရွှင်အောင်လုပ်ပေးနိုင်သလဲ ဆိုသည့် အပေါ်တွင်သာ မူတည်ပေသည်။
ဝူကျန်းကျွင်း၏ ယခုဆင့်ခေါ်ခဲ့သော ခရမ်းရောင် စိတ်ဝိညာဉ် ယင်ငါးရှဉ့်သည် ထိုအချိန်က ဒေါသဓမ္မရာဂျာ၏ သတ္တဝါတစ်ကောင် ဖြစ်သည်။
ဒေါသဓမ္မရာဂျာ ဝူရီဖန်း၏ အမွေကို ဆက်ခံပြီးသည့်နောက်တွင် အနှစ်တစ်ထောင် သက်တမ်းရှိသည့် စိတ်ဝိညာဉ်သားရဲသည် သူ့လက်ထဲသို့ ရောက်ရှိလာခဲ့သည််။
သို့ရာတွင် ထိုငါးရှဉ့်ကို ဆင့်ခေါ်မှုနှင့် ပတ်သက်၍ သူ့ဝန်လေးလေ့ ရှိသည်။
အဘယ်ကြောင့်ဆိုသော် ငါးရှဉ့်၏ ကြီးမားလှသော ယင်စွမ်းအင်က ဝူကျန်းကျွင်း၏ ခန္ဓာကိုယ်အတွက် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေ၍ပင်။
သူ့တွင် အထွတ်အထိပ် ယင်ခန္ဓာကိုယ် ရှိနေလျှင်ပင် ပြန်ကောင်းရန် အတွက် အနည်းဆုံး တစ်လခန့် အချိန်ယူရမည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ စွမ်းအင်ယိုစိမ့်မှု၏ အကျိုးဆက်များအဖြစ် ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမကဘဲ နောက်ပိုင်းတွင် ဝူကျန်းကျွင်း အတွက် အလွန် ပြဿနာရှိသည့် ဘေးထွက်ဆိုးကျိုးများကို ဖန်တီးစေမည် ဖြစ်သည်။
အဆိုးရွားဆုံး ဘေးထွက်ဆိုးကျိုးမှာ ထာဝရ မသန်စွမ်းခြင်းဖြစ်၏။
ဝူကျန်းကျွင်းက ခရမ်းရောင် လျှပ်စီးငါးရှဉ့်ကို ဆင့်ခေါ်လိုက်သောအခါတွင် ဝမ်မင်က ကမ္ဘာလုံးဆိုင်ရာ ဒေတာဘေ့စ်ကို အသုံးပြု၍ ခွဲခြမ်းစိတ်ဖြာမှုကို ပြုလုပ်ပြီးပြီ ဖြစ်၏။
ဤသည်မှာ ဒေါသဓမ္မရာဂျာ ဖန်တီးထားသော အဆုံးစွန်သောတိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး ခရမ်းရောင်စိတ်ဝိညာဉ် ငါးရှဉ့်နှင့် ပူးပေါင်း လုပ်ဆောင်ရန် အဆင့်၆ အသံလှိုင်း မှော်စွမ်းရည်တစ်ခု လိုအပ်ပေသည်။
ထို့ကြောင့် ဤတစ်ကြိမ်က ဝမ်မင် နှင့် ဝမ်လင်း1 အတွက် ခက်ခဲသော စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အသံလှိုင်း မှော်စွမ်းရည်၏ အခြားသော မှော်စွမ်းရည်အမျိုးအစားများထက် ကြီးမားသော အားသာချက်တစ်ခုမှာ တိုက်ပွဲကို အချိန်တိုအတွင်း ဖြတ်နိုင်ခြင်း ဖြစ်သည်။
သတိထားရမည့်အချက်မှာ အသံလှိုင်း မှော်စွမ်းရည်သည် ထုတ်ဖော်ရာတွင် ကြာမြင့်၏။
မှော်စွမ်းရည်ကို ထုတ်ဖော်ရန် မှော်ဂါထာများအပြင် ရှုပ်ထွေးသော လက်ဟန်များကိုပါ ပြုလုပ်ရမည် ဖြစ်သည်။
ခရမ်းရောင်စိတ်ဝိညာဉ် ယင်ငါးရှဉ့်က လူတိုင်း၏ အကြည့်အောက်မှာပင် ၎င်း၏ကြီးမားပြီး တောက်ပသောအမြီးကို ထုတ်ဖော်ပြသလိုက်သည့် အခိုက်တွင် ပြိုင်ပွဲက စတင်နေပြီ ဖြစ်သည်ကို ဝမ်မင် သိလိုက်သည်။
ထိုအချိန်တွင် သူ၏ အောက်ဘက်ရှိ အနက်ရောင် ရေကန်ကြီးတစ်ခုလုံးသည် ငါးရှဉ့်၏ နယ်မြေ ဖြစ်သည်။
ဝမ်မင်က စက်ရုပ်ချပ်ဝတ်တန်ဆာကို သုံး၍ အသေးစိတ် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သောအခါ ခရမ်းရောင် စိတ်ဝိညာဉ်ယင်ငါးရှဉ့်၏ အရှည်သည် ပေ ၄၀၀ ကျော်ရှိကြောင်း သိရှိလိုက်သည်။
၎င်းက ခရမ်းရောင် လျှပ်စီးဓာတ်များဖြင့် လွှမ်းခြုံနေပြီး ရေကန်ထဲတွင် ရေနဂါးကြီးကဲ့သို့ ဖြစ်နေသည်။
ထိုခဏမှာပင် ဝမ်မင်သည် ထိုငါးရှဉ့်၌ ခေါင်းသုံးလုံးရှိနေသည်ကို တွေ့လိုက်ရသည်။
သူ့နေရာတွင်သာ အခြားသူတစ်ဦး ဆိုလျှင် ဤဦးခေါင်းသုံးလုံး ခရမ်းရောင်စိတ်ဝိညာဉ် ယင်ငါးရှဉ့်ကို မြင်တွေ့လိုက်သည်နှင့် ရှုံးနိမ့်မှုကို လက်ခံလိုက်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
“ဆရာဝမ် ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပါ”
ဝူကျန်းကျွင်းက ဝမ်မင်ကို သတိပေးလိုက်သည်။
ထိုခဏမှာပင် ဦးခေါင်းသုံးလုံးရှိသည့် လျှပ်စီးငါးရှဉ့်က မထင်မှတ်ဘဲ လေထဲသို့ ပျံတက်သွားပြီး ဝူကျန်းကျွင်း၏ ရှေ့သို့ ရောက်သွားခဲ့သည်။
ထို့နောက်တွင် လျှပ်စီးငါးရှဉ့်က သူ၏ တောက်ပနေသော ခန္ဓာကိုယ်ကို ရစ်ခွေလိုက်သည်။
စက္ကန့်ပိုင်းလေး အတွင်းမှာပင် လေထုက အတောမသတ် တုန်ခါသွားခဲ့သည်။
ပြင်းထန်သော ခရမ်းရောင် လျှပ်စီးကြောင်းကလည်း စည်းအတွင်းရှိ နေရာတစ်ခုလုံးကို အပြင်းအထန် ရိုက်ခတ်သွားခဲ့သည်။
ခရမ်းရောင် စိတ်ဝိညာဉ် ယင်ငါးရှဉ့်ကို ဆင့်ခေါ်ပြီးသည်မှာ စက္ကန့်အနည်းငယ်သာ ရှိသေးသော်လည်း စည်းအတွင်းမှပတ်ဝန်းကျင် တစ်ခုလုံးသည် ကမ္ဘာကြီး၏ အဆုံးသတ် ပုံသဏ္ဍာန်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
ဝူကျန်းကျွင့်က လေထုကို ပြင်းထန်စွာ ဖိနှိပ်ထားခဲ့သည်။
ဤအချိန်တွင် ဝမ်မင်ကို ကာကွယ်ပေးထားသည့် သုံးပေ အချင်းဝက်ရှိသော သံလိုက်ဒိုင်းသည် ကမ္ဘာကြီး၏ အဆုံးသတ်၌ နောက်ဆုံး ကျန်ရှိသော သန့်စင်သည့် မြေနေရာနှင့် ဆင်တူနေ၏။
ထိုမြင်ကွင်းကိုမြင်လျှင် လူအတော်များများက စိတ်ထဲကနေ ထိတ်လန့်သွားကြသည်။
အကယ်၍သာ ဆရာဝမ်က သံလိုက်ဒိုင်းကို အချိန်မီ မဖွင့်နိုင်လျှင် မည်သို့ဖြစ်သွားမည်ကို အလွယ်တကူ တွေးကြည့်၍ရပေသည်။
ဝူကျန်းကျွင်းက လေထဲတွင် ရစ်ခွေနေသော သူ၏ ခရမ်းရောင် စိတ်ဝိညာဉ် ငါးရှဉ့်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့ပြီး ဂါထာမန္တရားများကို ရွတ်ဆိုလိုက်သည်။
ထိုခဏမှာပင် ခရမ်းရောင် စိတ်ဝိညာဉ် လျှပ်စီးငါးရှဉ့်က တံပိုးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
“ဒီလိုမျိုး လုပ်ဆောင်ချက်တွေတောင် ရှိတယ်လား”
ဆရာများကလည်း အံ့ဩသွားကြသည်။
သူတို့က ဒေါသဓမ္မရာဂျာ ဖန်တီးခဲ့သည့် အဆုံးစွန်သောတိုက်ခိုက်မှုကို ဟိုအရင်ကတည်းက ကြားသိခဲ့ရသော်လည်း ယခုလို မျက်မြင်တွေ့လိုက်ရသည့် အခိုက်တွင် ထိတ်လန့်သွားကြသည်။
ခရမ်းရောင်ဝိညာဉ် လျှပ်စီးငါးရှဉ့်၏ ခန္ဓာကိုယ်ကို တံပိုးအဖြစ် အသုံးပြုလိုက်သည်မှာ တကယ်ကို အံ့ချီးလောက်ဖွယ် ဖန်တီးမှု ဖြစ်သည်။
တိုက်ပွဲကို အဝေးကနေ လျှို့ဝှက်စွာ စောင့်ကြည့်နေသည့် နိုင်ငံခေါင်းဆောင်က ထိုမြင်ကွင်းကို မြင်လျှင် အေးခဲသွားခဲ့သည်။
ဤနည်းစနစ်က အန္တရာယ်ရှိသည်ကို စိတ်ထဲကနေ အသိအမှတ်ပြုလိုက်သည်။
“နိုင်ငံခေါင်းဆောင်”
ဥက္ကဌချီကမူ ဝမ်မင်အတွက် စိုးရိမ်နေခဲ့သည်။
သူက တိုက်ပွဲဖြစ်ပွားရာ နေရာတွင် မရှိသော်လည်း ဤနည်းစနစ်က မည်မျှ အန္တရာယ်ရှိသည်ကို ကောင်းစွာသိသည်။
အဆုံးသတ်တွင် ဝမ်လင်း1သည် ဝမ်မင် ကိုယ်တိုင်တည်ဆောက်ခဲ့သော ချပ်ဝတ်တန်ဆာ ဖြစ်သည်။
သိပ္ပံနည်းကျ တွက်ချက်နိုင်သည့် ကိရိယာများ မပါဝင်၍ ၎င်း၏ တွက်ချက်မှုဆိုင်ရာ အချက်အလက်များက မည်မျှအားကောင်းသည်ကို မသိနိုင်ပေ။
ဝူကျန်းကျွင်း၏ တိုက်ခိုက်မှုကြောင့် ဝမ်မင်က စေ့စေ့ညက်ညက် ကြေသွားမည်ကို ဥက္ကဌချီ စိုးရိမ်နေခဲ့သည်။
“စိတ်မပူပါနဲ့ ချီချီလေး.. ငါဒီမှာရှိပါတယ်”
နိုင်ငံခေါင်းဆောင်က ဥက္ကဌချီကို နှစ်သိမ့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူက ဝမ်မင်ထံမှ ထိတ်လန့်မှုကို လုံးဝ မခံစားရ၍ ဖြစ်၏။
ဝမ်မင်က ကမ္ဘာလုံးဆိုင်ရာ ဒေတာဘေ့စ်ရှိ ခွဲခြမ်းစိတ်ဖြာမှုမှတစ်ဆင့် ဤခရမ်းရောင် စိတ်ဝိညာဉ် လျှပ်စီးငါးရှဉ့်၏ လုပ်ဆောင်ချက်များကို သိရှိခဲ့သည်။
သို့ရာတွင် လျှပ်စီးငါးရှဥ့်ကို တံပိုးအဖြစ် ပြောင်းလဲသည့် လုပ်ဆောင်ချက်ကို သူ မတွေ့ခဲ့ရပေ။
ထို့ကြောင့် ဤလုပ်ဆောင်ချက်က ဝူကျန်းကျွင်း ထပ်ထည့်ခဲ့မှန်း သိသာနေ၏။
ထို့ပြင် ဝူကျန်းကျွင်းက ထိုနည်းစနစ်ကို လူမြင်ကွင်းတွင် ထုတ်မသုံးခဲ့ဖူး၍ ဝမ်မင်က ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်း မရှိခဲ့ပေ။
“ဆရာဝမ်.. မင်းရှုံးပြီ”
ဝူကျန်းကျွင်းက လျှပ်စီးငါးရှဉ့်၏ တံပိုးမှတဆင့် ပြောလိုက်သည်။
ဤသည်က သူ့ဆရာ တီထွင်ထားသည့် ဗုဒ္ဓလျှပ်စီး ပေါင်းစပ်ခြင်း စွမ်းရည် မဟုတ်တော့ပေ။
ဝူကျန်းကျွင်းက ပုံမှန်အတိုင်းသာ ပြောနေသော်လည်း တံပိုးက အလွန်အားကောင်းသော အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။
ဝူကျန်းကျွင်း၏ အသံက စည်းအတွင်း၌သာ ရှိသော်လည်း အာကာပြင် အလွှာပေါင်းများစွာကို အဆက်မပြတ် ပဲ့တင်ထပ်စေ၍ စည်းအပြင်မှ ကျောင်းသားများနှင့် ဆရာများကို နားမခံသာအောင် ဖြစ်စေခဲ့သည်။
သို့ရာတွင် တိုက်ရိုက် သက်ရောက်မှုမျိုးတော့ မရှိခဲ့ပေ။
စည်းကို နိုင်ငံခေါင်းဆောင် ကိုယ်တိုင် ဆွဲထားသောကြောင့် ၉၉.၉%သည် စည်းအတွင်း၌သာ ရှိပေသည်။
သို့သော်လည်း ကျောင်းသားများနှင့် ဆရာများသည် ကျောက်သင်ပုန်းပေါ်၌ ကြောင်လက်သည်းများဖြင့် ခြစ်နေသကဲ့သို့ နေရထိုင်ရခက်သည့် အသံမျိုးလောက်သာ ခံစားခဲ့ရသည်။
ထိုစည်းကို နိုင်ငံခေါင်းဆောင် ကိုယ်တိုင် ချမှတ်ခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
ထိုသို့မဟုတ်ဘဲ ဆရာများလက်တွဲ၍ စည်းချခဲ့လျှင် ကွဲထွက်သွားလောက်ပြီ ဖြစ်သည်။
“ဘာလို့ရှုံးရမှာလဲ”
လူတိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ပင် ထိုအခိုက်အတန့်၌ ဝမ်မင်က ပြတ်ပြတ်သားသားပင် တုန့်ပြန်လိုက်သည်။
ထို့နောက်တွင် သူက လက်ကိုမြှောက်လိုက်သည်။
အပိုင်း(၇၈၄) ပြီး၏