← Chapters

ဝမ်လင်း1၏ သတ်ဖြတ်ခြင်းမုဒ်

Vol. 53 Ch. 785

ဝမ်လင်း1၏ သတ်ဖြတ်ခြင်းမုဒ်

Vol. 53 Ch. 785

“စိတ်ဝိညာဉ်စွမ်းအင်အမြှောက်”

ဝူကျန်းကျွင်းက ဝမ်မင်ကို စိုက်ကြည့်နေခဲ့သည်။

ဝမ်မင် ညာဘက်လက်ရှိ အမြှောက်အတွင်းမှ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ စုဝေးလာသည်ကို သူခံစားခဲ့ရသည်။

“ဆရာဝမ်က ငါ့ရဲ့ တိုက်ခိုက်မှုကို တန်ပြန်ဖို့အတွက် စိတ်ဝိညာဉ် စွမ်းအင်အမြှောက်ကို အသုံးပြုမလို့လား.. အိပ်မက်ပဲ မက်နေလိုက်”

ဝူကျန်းကျွင်းက ခေါင်းခါယမ်း၍ ပြောလိုက်သည်။

ထိုအခိုက်အတန့်မှာပင် သူ၏အော်ရာက ပြင်းထန်လာခဲ့သည်။

မြေပြင်ပေါ်ရှိ အနက်ရောင်ရေကန်ကလည်း ရုတ်တရက် တုန်ခါလာပြီး အန္တရာယ် နိမိတ်တစ်ခုလို ဖြစ်နေခဲ့သည်။

“ဆရာဝူကွ”

ကျောင်းသားများက ဝူကျန်းကျွင်းကို အော်ဟစ် အားပေးလိုက်ကြသည်။

ထိုခဏမှာပင် အဆုံးစွန်သော လျှပ်စီးများက လျှပ်စီးနဂါးကဲ့သို့ စည်းအတွင်းရှိ နေရာတစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။

စည်းအတွင်း၌ မိုးကြိုးမုန်တိုင်း တစ်ခုက အရှိန်ပြင်းစွာ တိုက်ခက်နေပြီး အတားအဆီး တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ဤစည်းသာ မရှိခဲ့လျှင် မိုးကြိုးမုန်တိုင်းများက ပျံ့နှံ့သွားပြီး သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေတစ်ခုလုံးကို ကပ်ဘေးကြုံတွေ့စေမည် ဖြစ်သည်။

ဤခေတ်က ငြိမ်းချမ်းရေးခေတ် ဖြစ်၍ ကျောင်းသားများက ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

စည်းအတွင်းရှိ စွမ်းအားများက ၎င်းတို့ကို မထိနိုင်ကြောင်း ကောင်းစွာ သိရှိသော်လည်း အများစု၏ မျက်နှာများမှာ ဖြူဖျော့နေခဲ့သည်။

စွန်းရုံနှင့် လင်းရှောင်ယုတို့သည်လည်း မသိစိတ်ဖြင့် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားမိကြသည်။

“တော်တော် ကြောက်စရာကောင်းတာပဲ”

ချန်းချောင်နှင့် ကော်ဟောင်တို့လည်း ကြောက်လန့်သွားကြသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားလဲ”

ထိုအချိန်တွင် ဝမ်လင်းက သူ့ပတ်ဝန်းကျင်ရှိ လူများ ထိတ်လန့်နေကြသည်ကို သတိပြုမိလိုက်သည်။

ထို့ကြောင့် သူ့မျက်နှာကို ၎င်းတို့ကဲ့သို့ ဖြူဖျော့သွားစေရန် မှော်စွမ်းရည်ဖြင့် လုပ်ဆောင်လိုက်သည်။

ရိုးသားစွာဝန်ခံရလျှင် ဤသည်က အမှန်တကယ် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သော်လည်း အင်မော်တယ်ကျန်းရွမ်နှင့် လေဝိညာဉ်တို့ကြား တိုက်ပွဲနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။

အင်မော်တယ် အရှင်မြတ်၂ပါးတို့ကြား တိုက်ပွဲသည် ဂြိုဟ်တစ်ခုလုံးကို ပြားကပ်လုနီးပါး ဖြစ်သွားစေသည် မဟုတ်ပါလား။

ထို့ကြောင့် ဤတိုက်ပွဲက ဝမ်လင်းကို ဘာမှလှုံဆော်မှု မပေးခဲ့ပေ။

သို့သော် မူးဝေနေသည့် လူပင်လယ်ထဲတွင် တစ်ယောက်တည်း မတ်တပ်ရပ်နေ၍ မဖြစ်ချေ။

လူအုပ်နောက်ကို ဖော်လိုလိုက်မှသာ သူ့အတွက် လုံခြုံမည်ဖြစ်သည်။

၎င်းတို့၏ သံသယစိတ်များကို နှိုးဆွမိလျှင် သူ့အတွက်ကောင်းနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဝမ်လင်းက သူ့မျက်နှာကို ဖြူဖပ်ဖြူရော် ဖြစ်အောင် မှော်စွမ်းရည်ကို အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ချွေးများ စိုစွတ်စေရန်လည်း အစွမ်းကုန် ကြိုးစားခဲ့သည်။

ထိုအချိန်တွင် ချန်းချောင်က အသိစိတ်ပြန်ဝင်လာပြီး ဝမ်လင်းဘက်သို့ ကြည့်လိုက်သောအခါ ဝမ်လင်း၏ ဖွေးဆွတ်နေသော မျက်နှာကြောင့် ထိတ်လန့်သွားခဲ့သည်။

“အိုး ဘုရားသခင်.. မင်းအဆင်ပြေရဲ့လား”

တိုက်ပွဲကို ကြည့်ရှုနေကြသော သူ့ဘေးရှိ လူများသည် သူ၏အော်သံကြောင့် အာရုံပြောင်းသွားပြီး ဝမ်လင်းဆီသို့ လှည့်ကြည့်လိုက်ကြသည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားလေးက အမှန်တကယ်ကို ထိတ်လန့်နေပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်ကာ ချွေးများလည်း စိုရွဲနေသည်ကို အားလုံးက မြင်လိုက်ရသည်။

ဝမ်လင်း၏ မျက်နှာကို မြင်လိုက်ရလျှင် မြေပဲလေးကထိတ်လန့်သွားပြီး ဥက္ကဌပိုင်နှင့် အဖြစ်အပျက်ကို ပြန်အမှတ်ရမိလိုက်သည်။

“ဝမ်လင်းက ဥက္ကဌပိုင်ရဲ့ အာကာပြင်ထဲကို စုပ်ယူခံလိုက်ရတဲ့ အတွေ့အကြုံကြောင့် စိတ်ဒဏ်ရာရနေတာ ဖြစ်မယ်”

အဆုံးသတ်တွင် ထိုဖြစ်ရပ် ဖြစ်ခဲ့သည်မှာ တစ်ပတ်ပင် မပြည့်သေး၍ ဝမ်လင်းအတွက် သူတို့တစ်တန်းလုံး ဝယ်ပေးခဲ့သော ပန်းခွေများသည်ပင် မညှိုးနွမ်းသေးပေ။

ထိုစိတ်ဒဏ်ရာမျိုးက မည်ကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ပါမည်နည်း။

ထိုခဏတွင် ကော်ဟောက်က ဝမ်လင်း၏ ပုခုံးကိုပုတ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။

“လာဘ်ကောင်လေး တစ်ယောက်အနေနဲ့ မင်းဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ.. ငါတို့အားလုံးသာ သေရင်သေသွားမယ်.. မင်းကတော့ သေမှာမဟုတ်ဘူး ဝမ်လင်းရ”

“……….”

“စိတ်မပူနဲ့.. ဒီညီနောင်က မင်းကိုပွေ့ဖက်ပြီး သက်သာရာရအောင် လုပ်ပေးမယ်”

ထိုသို့ပြောပြီးနောက် ကော်ဟောက်က ဝမ်လင်းကို ပွေ့ဖက်ရန် သူ့လက်များကို ဖြန့်ကားလိုက်သည်။

ထိုအချိန်တွင် ကြောရိုးတစ်လျောက် စိမ့်တက်သွားပြီး ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။

ထို့နောက် ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာပြီး အသားအရေ ဖြူဖျော့လာခဲ့သည်။

ဤမြင်ကွင်းကြောင့် ချန်းချောင်နှင့် မြေပဲလေးတို့ နှစ်ယောက်လုံးက ထိတ်လန့်သွားကြသည်။

“ဘာလဲဟ.. ကူးစက်တတ်တာလား”

“အဆင်ပြေပါတယ်.. အကြောင်းတစ်ခုခုကြောင့် လေအေးတွေ တိုက်ခတ်သလို ခံစားလိုက်ရတာပါ”

ကော်ဟောက်၏ စကားကြောင့် ဝမ်လင်းက သူ၏မျက်လုံးထောင့်ကနေ အဝေးကို လှမ်းကြည့်လိုက်သည်။

ဖန့်ရှင်းက ချက်ချင်းပင် သူ့အကြည့်ကို ရှောင်လိုက်သည်။

ဝမ်လင်း “……….”

တစ်ဖက်တွင်လည်း ကြီးမားသော တိုက်ပွဲတစ်ခုက အချိန်မရွေး ဖြစ်ပွားတော့မည် ဖြစ်သည်။

ဝူကျန်းကျွင်းက ချီကို စုဆောင်းပြီးနောက်တွင် ခရမ်းရောင်လျှပ်စီးငါးရှဉ့်မှ ဖွဲ့စည်းထားသော တံပိုးကနေ ခရမ်းရောင်လျှပ်စီးဓာတ်များ လွှမ်းခြုံနေသည့် အသံလှိုင်းကြီးတစ်ခုသည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သော လျှပ်စစ်အမြှောက်ကဲ့သို့ ထွက်ပေါ်လာသည်။

ဤသို့ဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် လေထဲသို့ တိုးဝင်လာခဲ့သည်။

မြေပြင်ပေါ်ရှိ အနက်ရောင် ရေကန်ကြီးကလည်း လေနှင့်လျှပ်စီးလှိုင်းများ ရောထွေးနေသည့် အသံလှိုင်းများနှင့်အတူ အဆက်မပြတ် လှုပ်ခတ်သွားခဲ့သည်။

ဝမ်လင်းက ထိုမြင်ကွင်းကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဒေါသဓမ္မရာဂျာသည် အမှန်တကယ်ပင် ရှားပါးသော ပါရမီရှင်တစ်ဦးဟု ဆိုရမည်။

၎င်းက ဗုဒ္ဓလျှပ်စီး ပေါင်းစပ်စွမ်းရည်ကို မူလ ဖန်တီးခဲ့သူ ဖြစ်သည်။

ကံဆိုးစွာဖြင့် ဒေါသဓမ္မရာဂျာသည် ဝူကျန်းကျွင်းကို တပည့်အဖြစ် ခေါ်ဆောင်သွားပြီး နောက်တွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သူဘယ်မှာရှိနေလဲ ဆိုသည်ကို သူ့တပည့်ပင် ရှာမတွေ့တော့ပေ။

ဝူကျန်းကျွင်းက ဤနှစ်များ တစ်လျှောက်လုံးတွင် သူ့ဆရာ ဒေါသဓမ္မရာဂျာကို ရှာဖွေနေခဲ့သည်။

ပြင်ပလောကတွင် ပျံ့နှံ့နေသော ကောလာဟလမှာ ဒေါသဓမ္မရာဂျာက သူ့ဘဝ နိဂုံးချုပ်တော့မည်ကို သိ၍ အမွေဆက်ခံရန် တပည့်တစ်ဦးကို ရှာဖွေပြီးနောက် ဆိတ်ငြိမ် အေးချမ်းသောအရပ်၌ သေဆုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤကောလာဟလက မှန်မမှန် ဆိုသည်ကို မည်သူမှ မသိခဲ့ကြပေ။

ဝမ်လင်းက ဤမှော်စွမ်းရည်ကို အဆင့်၆ မှော်စွမ်းရည်ထဲတွင် ကောင်းကင်တာအိုနှင့် အနီးစပ်ဆုံး ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။

၎င်းက ကောင်းကင်တာအိုလောက် အစွမ်း မထက်သော်လည်း အလွန်အမင်း ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။

နောက်တစ်ချက် အနေဖြင့် ဝမ်မင် မည်ကဲ့သို့ တုန့်ပြန်မလဲဆိုသည်ကို သူစောင့်ကြည့်ရပေမည်။

သေချာသော အချက်မှာ ဝမ်မင်က တန်ပြန်တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်နေပြီ ဖြစ်သည်။

ဝူကျန်းကျွင်းက သူ၏တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည်နှင့် ဝမ်မင်က သူ၏ဝိညာဉ်စွမ်းအင်သုံး အမြှောက်ကို ကောင်းကင်ယံကို ချိန်ရွယ်၍ ပစ်လွှတ်လိုက်သည်။

ဤသည်ကိုကြည့်၍ ဝမ်မင်၏ ဝိညာဉ်စွမ်းအင် အမြှောက်က ဝူကျန်းကျွင်းကို ချိန်ရွယ်ထားခြင်း မဟုတ်သလို ဝူကျန်းကျွင်း၏ နည်းစနစ်ကို တန်ပြန်ရန်လည်း ရည်ရွယ်ထားပုံမရပေ။

သုံးသပ်ရသလောက် ဤဝိညာဉ်စွမ်းအင် အမြှောက်က အာကာပြင်တံတိုင်းကို ဖောက်ထွင်းနေပုံရသည်။

ဝမ်မင် ဘာလုပ်နေမှန်း မသိသောကြောင့် အားလုံး၏ အာရုံက ဝမ်မင်ဆီသို့ ရောက်ရှိသွားကြသည်။

သို့ရာတွင် စက်ရုပ်ချပ်ဝတ်တန်ဆာကို အားကိုး၍ အာကာပြင်တံတိုင်းကို ဖောက်ထွင်းနေသည်ကပင် အံ့ဩစရာ ကောင်းနေပြီ ဖြစ်သည်။

“ဆရာဝမ်က အာကာာပြင်တံတိုင်းကို ဖောက်ထွင်းပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.. ကြည့်ရတာ သူက အာကာပြင်တံတိုင်းကို အပေါက်ဖောက်ပြီး ထွက်ပြေးဖို့ ကြိုးစားနေတာများလား”

ဝမ်မင်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသူ အတော်များများက မသိခဲ့ကြပေ။

“ဝူကျန်းကျွင်း.. ငါ့မှာဝိညာဉ်စွမ်းအင် အမြှောက်ပဲ ရှိတယ်လို့ထင်ရင် မင်းသိပ်နုံအသွားပြီ”

အာကာပြင်တံတိုင်းအား ဖောက်ထွင်းပြီးနောက်တွင် ဝမ်မင်က ဝူကျန်းကျွင်းကို ယုံကြည်မှုအပြည့်ဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။

ဝူကျန်းကျွင်းက ဝမ်မင် လုပ်ဆောင်နေသောအရာကို နားမလည်သော်လည်း ဝမ်မင်၏ အမူအရာကို မြင်လိုက်သည်နှင့် သတိကပ်ထားလိုက်ပြီ ဖြစ်သည်။

နောက်ထပ် အခိုက်အတန့်မှာပင် ဝမ်မင်က ဝူကျန်းကျွင်းကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

“ကောင်းကင်Eဂြိုဟ်တု.. ပစ်မှတ်ကို လော့ခ်ချလိုက်”

သူ၏ စကားဆုံးသည်နှင့် အာကာပြင်တံတိုင်း၏ အပေါက်ကနေကဲ့သို့ တောက်ပသည့် အလင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုအချိန်တွင် ဝူကျန်းကျွင်းသာ မဟုတ်ဘဲ ပတ်ဝန်းကျင်မှကျောင်းသားများနှင့် ဆရာများအပြင် ဥက္ကဌချီနှင့် ဟွာရှို့မဟာမိတ်အဖွဲ့ ကွပ်ကဲမှုစင်တာရှိ ဗိုလ်ချုပ်အားလုံး၏ မျက်နှာထက်၌ ဖော်မပြနိုင်သော ထိတ်လန့်သည့် အမူအရာများ ရှိနေကြသည်။

“ကောင်းကင်Eဂြိုဟ်တုလား”

ထိုအခါမှပင် အားလုံးက ဝမ်မင်၏ လှုပ်ရှားမှု ဘာလဲဆိုသည်ကို တွေ့လိုက်ရပြီး မျက်နှာအမူအရာများ သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

“ဝုန်း”

အာကာပြင်တံတိုင်း အပေါက်မှ ထွက်ပေါ်လာသော ငွေရောင်စွမ်းအင်တစ်ခုက ဝူကျန်းကျွင်း၏ အသံလှိုင်းကို တိုက်ရိုက်ထိသွားခဲ့သည်။

အသံလှိုင်း ပျက်စီးသွားမှုနှင့်အတူ ပတ်ဝန်းကျင်တွင် အာကာပြင်အက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် ငွေရောင်စွမ်းအင်မှ စူးရှတောက်ပသော အလင်းရောင်က စည်းအတွင်းရှိ အတွင်းပိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထို့ကြောင့် စည်းအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိနိုင်တော့ပေ။

အပိုင်း(၇၈၅) ပြီး၏

All Chapters