သိပ္ပံနှင့်ကျင့်ကြံခြင်း
Vol. 53 Ch. 786
စူးရှသောအလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့သွားသည်နှင့်တစ်ပြိုင်နက် တိုက်ပွဲ၏ရလဒ်ကို အဆုံးသတ်တွင်အားလုံးက မြင်လိုက်ရသည်။
ဝမ်မင်၏ ချပ်ဝတ်တန်ဆာက ကောင်းကင်Eဂြိုဟ်တုကို တိုက်ရိုက် ဆက်သွယ်နိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
စည်းကြောင့် ကောင်းကင်Eဂြိုဟ်တု၏ အမြှောက်က စည်းအတွင်းသို့ တိုက်ရိုက် မရောက်ရှိနိုင်သဖြင့် ဝမ်မင်က အာကာပြင်နံရံကို တမင်တကာ ချိုးဖျက်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်၏ဂြိုဟ်တုမှ အလင်းအမြှောက်က ခရမ်းရောင်စိတ်ဝိညာဉ် ငါးရှဉ့်ကို ဆင့်ခေါ်ခြင်း အစီအရင်ထဲသို့ ပြန်လည်ရောက်ရှိသွားစေသည် အထိ တိုက်ရိုက် ကြောက်လန့်သွားစေခဲ့သည်။
ထို့ပြင် ဝူကျန်းကျွင်း၏ အသံလှိုင်း တိုက်ခိုက်မှုကိုလည်း ချက်ချင်း ဖျက်ဆီးနိုင်ခဲ့သည်။
စည်းအတွင်းရှိ အလင်းရောင်များ ပြန့်ကျဲ သွားသောအခါ ဝမ်မင်၏ ချပ်ဝတ်တန်ဆာက ကျွတ်ကျနေပြီး ဝူကျန်းကျွင်းသည်လည်း မြေပြင်ပေါ်တွင် လဲကျနေသည်ကို လူတိုင်းက တွေ့ရှိလိုက်ရသည်။
ဝူကျန်းကျွင်း ဝတ်ဆင်ထားသည့် တာအိုဝတ်စုံက လုံးဝပျက်စီးသွားခဲ့ပြီး ထပ်မံ အသုံးပြု၍ ရနိုင်မည် မဟုတ်တော့ပေ။
“ဆရာဝူရဲ့ တာအိုဝတ်စုံ စုတ်ပျက်သွားသလို ပေါက်ကွဲမှုကြောင့် ဆရာဝမ်ရဲ့ ချပ်ဝတ်တန်ဆာကလည်း ကျွတ်ကျသွားတယ်”
“ဒါဆို ဒီပြိုင်ပွဲမှာ ဘယ်ဘက်က အနိုင်ရလဲ.. ကျင့်ကြံခြင်းဘက်ကလား.. ဒါမှမဟုတ် သိပ္ပံနဲ့ နည်းပညာဘက်ကလား”
“မင်းသောက်လုံးကန်းနေလား.. ဆရာဝမ်လည်း လဲကျသွားတာ မင်းမတွေ့ဘူးလား”
ကျောင်းသားများကြား၌ ချက်ချင်းဆိုသလို ဆွေးနွေးမှုများထွက်ပေါ်လာသည်။
နိုင်ငံခေါင်းဆောင်က စည်းများကို ဖျက်ပေးလိုက်ပြီ ဖြစ်သည်။
အသင့်စောင့်ဆိုင်းနေသည့် ဆေးအဖွဲ့တစ်ဖွဲ့က ဒဏ်ရာများကိုစစ်ဆေးရန် ဝမ်မင်နှင့် ဝူကျန်းကျွင်းဆီ အပြေးရောက်လာခဲ့သည်။
အများအမြင်တွင် နှစ်ယောက်စလုံးက ဒဏ်ရာအပြင်းအထန် ရသွားခဲ့၏။
တကယ်တမ်းတွင် ထိုအချက်က မမှန်ကန်ပေ။
ဝမ်မင်ကို သယ်ဆောင်သွားသည်အား မြင်လိုက်ရသောအခါတွင် ဝမ်လင်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားခဲ့သည်။
ဤအကောင်က သတိလစ်သွားဟန် ဆောင်နေခဲ့ခြင်းသာဖြစ်၏။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် ထိခိုက်မှု သိပ်မရှိသည့် ဝမ်မင်သည် သက်တန့်မြက် သေတ္တာ၏ သီးသန့်ဧည့်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျိုက်ယန်က ဧည့်ခန်းထဲတွင် သူ့ကို စောင့်ဆိုင်းနေခဲ့သည်။
ဝမ်မင်အခန်းထဲ ဝင်လာသည်ကိုမြင်လျှင် သူမက ချက်ချင်းပင် ဒေါသဖြစ်ကာ ဝမ်မင်၏ ခြေထောက်ကို တက်နင်းလိုက်သည်။
“ရှင်ရူးနေလား.. ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့ အတွက် ကောင်းကင်Eဂြိုဟ်တုကို လှုံဆော်ခဲ့တာလား.. ကောင်းကင်Eဂြိုဟ်တုက နိုင်ငံခေါင်းဆောင်ရဲ့ ခွင့်ပြုချက်မပါဘဲ အသုံးပြုလို့မရဘူးဆိုတာ ရှင်မေ့နေပြီလား.. ဒီတိုင်းဆို ရှင်ထောင်ကျသွားလိမ့်မယ်”
ထိုစကားကိုကြားလျှင် ဝမ်မင်က အရှက်မဲ့စွာ ပြုံးပြလိုက်သည်။
“ကောင်းတာပေါ့.. ထောင်ကျသွားရင်လည်း စုန့်ဟိုင်ထောင်ကိုပဲ ပို့ပေးဖို့ မင်းကိုအလေးအနက် မှာချင်တယ်.. စုန့်ဟိုင်ထောင်မှာ မာကျောက်ကစားဖို့ လူတစ်ယောက် လိုနေတယ်လို့ ငါကြားမိတယ်”
ကျိုက်ယန် “……….”
ထိုခဏမှာပင် ဝမ်မင်၏ အရှက်မရှိသော မျက်နှာကို ကြည့်၍ အရံ အစီအစဉ်တစ်ခု ရှိကောင်းရှိနိုင်သည်ဟု ကျိုက်ယန် သိလိုက်သည်။
ယင်းက အံ့ဩစရာတော့ မဟုတ်ပေ။
သန်မာသောဦးနှောက်ဟူသည့် ဂုဏ်ပုဒ်သည် ထိုမျှလောက်တော့ စွမ်းဆောင်နိုင်မည် မဟုတ်ပါလော။
“တိုက်ပွဲအပြီးမှာ ငါလဲကျသွားတုန်းက မင်းစိတ်တွေပူနေတယ် မဟုတ်လား”
“ငါကဘာလို့စိတ်ပူရမှာလဲ”
“ငါပျောက်သွားတုန်းက မင်းရက်အတော်ကြာ ငိုနေတယ်လို့ ငါကြားခဲ့ရတယ်”
ထိုစကားကိုကြားလျှင် ကျိုက်ယန်၏ မျက်နှာက ချက်ချင်းပင်မည်းမှောင်သွားခဲ့သည်။
“ဒီကောလာဟလကို ဘယ်သူ ဖြန့်လိုက်တာလဲ”
ဝမ်မင်နှင့်ကျိုက်ယန်က ဆံချည်မျှင် တစ်ခုစာလောက်သာ ခြားတော့သည် အထိ တဖြည်းဖြည်း နီးကပ်လာကြသည်။
“အဲဒါက တကယ်ပဲ ကောလာဟလ ဟုတ်လို့လား”
“ရှင်မှမဟုတ်ပါဘူး.. ကျွန်မတို့ တိုက်ခိုက်ရေး တပ်မဟာထဲက ခွေးတစ်ကောင် သေသွားရင်လည်း ကျွန်မက ဒီလိုပဲစိတ်မကောင်း ဖြစ်မိမှာပဲ”
“အိုး.. ငါနားလည်ပြီ”
ဝမ်မင်က ပုခုံးတွန့်လိုက်သည်။
“ဒါဆို ငါအစောပိုင်းမှာ လဲကျတုန်းက မင်းငါ့ကို စိတ်မပူဘူးပေါ့”
“မပူပါဘူး”
ကျိုက်ယန်က ပြတ်ပြတ်သားသားပင် ဖြေလိုက်သည်။
ဝမ်မင်က စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
လောကတွင် ခေါင်းမာသူများသည် အမှန်တကယ်ပင် ကိုင်တွယ်ရခက်သည်။
အထူးသဖြင့် အမှန်တရားကို လုံးဝ ဝန်မခံတတ်သည့် ကျိုက်ယန်လို လူစားမျိုးပင်။
“ကောင်းပြီလေ.. ဒါဆိုလည်း ငါသွားတော့မယ်”
ဝမ်မင်က နီးကပ်နေသည့် ကျိုက်ယန်၏ ခန္ဓာကိုယ်နှင့်ခွာပြီး တံခါးဆီသို့ လျှောက်လိုက်သည်။
“ဘယ်သွားဦးမလို့လဲ”
ကျိုက်ယန်က စိတ်ပူစွာဖြင့် မေးလိုက်သည်။
“အစာစားမလို့လေ.. ပြီးရင် ဆရာဝူရဲ့ ဒဏ်ရာအခြေအနေကိုလည်း သွားကြည့်ရဦးမယ်.. ငါက မင်းလို ကျင့်ကြံသူ မဟုတ်ဘူး.. ပြင်းပြင်းထန်ထန် အလုပ်လုပ်ရင် ဗိုက်ဆာလေ့ရှိတယ်”
ထိုစကားကို ပြောပြီးနောက် ဝမ်မင်က ခြေလှမ်း လှမ်းလိုက်ရာ ကျိုက်ယန်က ချက်ချင်းပင် ဝမ်မင်ကို ဆွဲထားလိုက်သည်။
“ရှင်သွားခွင့်မရှိဘူး”
“???”
ထိုစကားကြောင့် ဝမ်မင်က ထိတ်လန့်သွားသည်။
“မင်းဘာလိုချင်လို့လဲ”
ကျိုက်ယန်က ဝမ်မင်၏ မေးစေ့ကို ပင့်လိုက်သည်။
“ရှင်ဘယ်လိုထင်လဲ”
ထို့နောက် သူမက မျက်လုံးကို ဖြည်းညင်းစွာ မှိတ်၍ နှုတ်ခမ်းချင်း တဖြည်းဖြည်း တိုးကပ်လာခဲ့သည်။
သူမ၏ အပြုအမူကိုကြည့်ကာ ဝမ်မင်က ထိတ်လန့်သွားခဲ့သည်။
“အခုအချိန်က CPR လုပ်ဖို့ အရမ်းနောက်ကျနေပြီ မဟုတ်လား”
CPR=အရေးပေါ်အသက်ကယ်လုပ်ဆောင်ချက်
ကျိုက်ယန် “……….”
ဟွာရှို့မဟာမိတ်၏ ကွပ်ကဲရေး စင်တာတွင် တိုက်ပွဲကို ကြည့်ရှုနေသည့် နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်၁၀ဦးသည် ထိတ်လန့်နေကြသည်။
ဗိုလ်ချုပ်ရီက ဥက္ကဌချီကို မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
“ကောင်းကင်Eဂြိုဟ်တုကို အသုံးပြုဖို့ မင်းခွင့်ပြုထားတာလား”
ကောင်းကင်Eဂြိုဟ်တုသည် နိုင်ငံပိုင် လက်နက်ဖြစ်၍ နိုင်ငံခေါင်းဆောင်၏ ခွင့်ပြုချက်မရှိဘဲ လုံးဝ အသုံးပြု၍မရပေ။
ဥက္ကဌချီက ကောင်းကင်Eဂြိုဟ်တုကို ဝမ်မင် ထိန်းချုပ်နိုင်ကြောင်း သိနေသော်လည်း ထိုမျှ မိုက်မဲမည် မဟုတ်ဟု ယုံကြည်ခဲ့သည်။
“မြန်မြန်စစ်ဆေးကြစမ်း”
ဥက္ကဌချီက နည်းပညာရှင်များကို အော်ဟစ်လိုက်သည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် ရလဒ်က ထွက်ပေါ်လာသည်။
နည်းပညာရှင် တစ်ဦးက ဖန်သားပြင်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“သတင်းပို့ပါတယ် ဥက္ကဌချီ.. ရလဒ်အရ ကောင်းကင်Eဂြိုဟ်တုက ပုံမှန်အတိုင်းပဲ တည်ရှိနေခဲ့တယ်.. အလုပ်လုပ်ထားပုံ မတွေ့ရဘူး.. ကောင်းကင်Eဂြိုဟ်တုက အသင့်အနေအထားမှာ ရှိနေဆဲပဲ”
“ငါတို့ခုနက တွေ့လိုက်တာက ကောင်းကင်Eဂြိုဟ်တုကနေ ပစ်လွှတ်လိုက်တာ မဟုတ်ဘူးလား.. ကောင်းကင်Eဂြိုဟ်တုက အရင်အတိုင်း ရှိနေဆဲဆိုရင် ဒီကောင်က ဘာလို့ ကောင်းကင်Eဂြိုဟ်တုလို့ ထအော်ရတာလဲ”
ဗိုလ်ချုပ်ရီက မေးလိုက်သည်။
“ဗိုလ်ချုပ်ရီ.. ကျွန်တော်တို့ သေချာစစ်ဆေးပြီးပါပြီ.. ကောင်းကင်Eဂြိုဟ်တုကို အသုံးပြုပြီးရင် အလိုအလျောက် စွမ်းအားသွင်းမုဒ်ကို ရောက်ရှိသွားမှာဖြစ်တယ်.. ဒါကြောင့်ဒုတိယအကြိမ် အသုံးပြုမယ်ဆိုရင် နာရီဝက်လောက် စောင့်ဆိုင်းရတယ်.. ပုံမှန်အခြေအနေမှာဆိုရင် ကောင်းကင်Eဂြိုဟ်တုက ဒုတိယပေါက်ကွဲမှုကို မပစ်မီ အိပ်စက်ချင်းမုဒ်ကို အလိုအလျောက် ဝင်ရောက်ပြီး ပိတ်သွားမှာဖြစ်တယ်.. ဒါပေမဲ့ အခုလေးတင် စစ်ဆေးချက်အရ ကောင်းကင်Eဂြိုဟ်တုက အသင့်အနေအထားမှာ ရှိနေဆဲပဲ.. ဒါကြောင့် ဒါက ကောင်းကင်Eဂြိုဟ်တုက ပစ်လွှတ်လိုက်တာမဟုတ်ဘူးဆိုတာ သက်သေပြနေတယ်”
“ကောင်းကင်Eဂြိုဟ်တုက မဟုတ်ဘူးဆိုရင် အဲဒီအမြှောက်ကို တစ္ဆေက ပစ်လိုက်တာလား”
ဗိုလ်ချုပ်ရီက နည်းပညာရှင်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
နည်းပညာရှင်က ဗိုလ်ချုပ်ရီ စိတ်ခံစားချက် များနေသည်ကို ခံစားမိကာ ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဖြစ်နိုင်ပါတယ်.. အဲဒါ သရဲတစ္ဆေက ပစ်တာပဲဖြစ်မှာ.. ဘာလို့လဲဆိုတော့ ကောင်းကင်Eဂြိုဟ်တုက ပထမအကြိမ် ပစ်ခတ်ပြီးရင် ပုံမှန်အားဖြင့် တုန့်ပြန်မှု မရှိတာကြောင့်ပဲ.. ကျွန်တော်တို့ နည်းပညာအဖွဲ့က နည်းပညာရှင် ၂၀ ကျော်က သေချာစစ်ဆေးပြီးပါပြီ.. ဘာအမှားအယွင်းမှ မရှိပါဘူး”
ထိုအချိန်တွင် ဗိုလ်ချုပ်၁၀ပါးထဲမှ ဆေးသူတော်စင် လော့ချိုးဟွိုက်က ခေါင်းခါယမ်းလိုက်သည်။
“ငါ့စိတ်ထင် ကောင်းကင်Eဂြိုဟ်တုကို ဝမ်မင် တကယ် အသုံးမပြုခဲ့ဘူးထင်တယ်.. မင်လေးက နည်းနည်းဆောင့်ကြွားကြွား နိုင်ပေမဲ့ စည်းကမ်း ဖောက်ဖျက်တတ်တဲ့သူမျိုး မဟုတ်ဘူး.. ဒီအလင်းအမြှောက်က ကောင်းကင်Eဂြိုဟ်တုက မဟုတ်တာလည်း ဖြစ်နိုင်တာပဲလေ”
လော့ချိုးဟွိုက်၏ စကားက ဥက္ကဌချီ၏ အာရုံကို တိုက်ရိုက်ပင် ဆွဲဆောင်သွားခဲ့သည်။
သူက ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကမ္ဘာပတ်လမ်းထဲမှာ ဂြိုဟ်တုအသစ်တွေ ရှိမရှိ ထပ်စစ်ကြည့်ကြ”
ထိုစကားကိုကြားလျှင် နည်းပညာရှင်များ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ဝဲပျံသွားခဲ့သည်။
နှစ်မိနစ်ခန့်အကြာတွင် သူတို့က တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ကြသည်။
“တွေ့ပြီ ဥက္ကဌချီ”
“အခြေအနေဘယ်လိုလဲ”
“ကျွန်တော်တို့ စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၃ရက်အတွင်း မီရှို့နိုင်ငံကနေ လွှတ်တင်ထားတဲ့ ကာကွယ်ရေးဂြိုဟ်တုက လွဲပြီး အမည်မသိ ကိုဩဒိနိတ်တွေကနေ လွှတ်တင်ထားတဲ့ အခြားကိုယ်ပိုင် ဂြိုဟ်တုတစ်ခုကို တွေ့ရှိခဲ့တယ်”
သူထင်ထားသည့်အတိုင်းပင်။
ထိုနည်းပညာရှင်၏ စကားဆုံးသည်နှင့် ဥက္ကဌချီက အဖြစ်အပျက်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
“မင်းတို့တွေ သေချာစစ်ဆေးခဲ့ရဲ့လား”
ဗိုလ်ချုပ်ရီက ထပ်မံ မေးမြန်းလိုက်သည်။
နည်းပညာရှင် “ဒီဂြိုဟ်တူအသစ်ကို ဂြိုဟ်တု ၁၀လုံးကနေ ဓာတ်ပုံရိုက်ထားပြီးပြီ.. အဲဒီ ကိုယ်ပိုင်ဂြိုဟ်တုရဲ့ အသွင်အပြင်က ကောင်းကင်Eဂြိုဟ်တုရဲ့ ဒီဇိုင်းနဲ့ တော်တော်လေး ဆင်တူတာကို တွေ့ရှိရတယ်.. ဒါ့ပြင် အဲဒီဂြိုဟ်တုမှာ အသုံးပြုထားတဲ့ သဲလွန်စတွေကိုလည်း တွေ့ရတယ်.. အခုအဲဒီဂြိုဟ်တုက အိပ်စက်ခြင်းမုဒ်မှာ ရှိနေတယ်.. ကြည့်ရတာပါမောက္ခဝမ်မင်က သူပျောက်ဆုံးနေချိန်မှာ စက်ရုပ်ဝတ်စုံတင် မဟုတ်ဘဲ အထူးဂြိုဟ်တု တစ်ခုကိုပါ ဂြိုဟ်ပတ်လမ်းထဲကို လွှတ်တင်ခဲ့ပုံရတယ်”
ဗိုလ်ချုပ် ၁၀ပါး “……….”
အပိုင်း(၇၈၆) ပြီး၏